ရာဇဝတ်သားအားချက်ချင်းဖမ်းဆီးကာ လော့ရှင်းသို့ပြန်ခြင်း
Vol. 51 Ch. 764
ဤလူများမည်မျှသနားရန်တောင်းဆိုနေပါစေ ချာလီမှာစိတ်ပျော့သူမဟုတ်ပေ။ အကယ်၍သူ့စိတ်ထဲတွင်အနည်းငယ်အပြစ်ရှိစိတ်အားခံစားရလျှင်ပင် မိသားစုကြီးတွင်ကြီးပြင်းလာခဲသော လူတစ်ယောက်အနေဖြင့် သေချာပေါက်အနာဂတ်တွင်ဖြစ်လာနိုင်သည့်အန္တရာယ်များအား ချန်ထားခဲ့မည်မဟုတ်ပေ။ ဤဖြစ်ရပ်ပြီးနောက်၎င်းတို့၏မျက်လုံးထဲမှ ရူးသွပ်သောလက်စားချေလိုမှုအား သူမြင်နေရပေသည်။
"ကောင်းပြီလေ ဒါဆိုရင်မင်းတို့ပြန်သွားလို့ရတယ်"
ချာလီမှာ ဘာမှမတတ်နိုင်သောပုံစံမျိုးဖြစ်နေခဲ့သည်။
သူတို့မှာချက်ချင်းပင်အလွန်ပျော်ရွှင်သွားခဲ့သည်။ မည်သို့ပင်ဖြစ်စေ ချာလီသည်အခုချိန်ထိအတွေ့အကြုံနည်းနေသေးပေသည်။ သူတို့အနည်းငယ်တောင်းပန်လိုက်ရုံဖြင့် ချာလီသည်သူတို့အားလွှတ်ပေးရန်တွေဝေမနေပေ။ ဤကိစ္စပြီး၍ပြန်ရောက်ပါက သူတို့သည်သေချာပေါက်ချာလီအားအသေဆိုးနှင့်သေအောင်လုပ်မည်ဖြစ်သည်။ သူတို့၏မျက်လုံးများမှာ အေးစက်မှုများဖြင့်ပြည့်နေခဲ့သည်။
သူတို့အတွက်ယခုလိုလုပ်ခြင်းသည်သဘာဝပဲဟု သူတို့စိတ်ထဲတွင်ခံစားနေရပေသည်။ သူတို့အားလုံးမှာစိတ်အားထက်သန်စွာဖြင့်ထရပ်ပြီး နောက်သို့ပြန်လှည့်သွားခဲ့သည်။ သူတို့မသိခဲ့သည်မှာ ချာလီမှာသူတီထွင်ထားတာမကြာသေးသော ဖျက်အားပြင်း အာထရာဆောင်းလှိုင်းကိရိယာအား သူတို့ကိုယ်ပေါ်တွင်တပ်ဆင်ထားပြီးပြီဟူသောအချက်ပင်ဖြစ်သည်။ ဤသည်မှာလူများအားသဲလွန်စတစ်ခုတောင်မကျန်ဘဲသတ်ပစ်နိုင်သည့် ခေတ်မှီနည်းပညာတစ်ခုဖြစ်သည်။
ထိုပစ္စည်းအားဤဂြိုဟ်ပေါ်တွင်တီထွင်ထားခြင်းဖြစ်ပြီး ကျယ်ကျယ်ပြန့်ပြန့်အသုံးမပြုသေးပေ။ သူ့ရှေ့ရှိလူများမှာ မရဏလမ်းပေါ်သို့ခရီးရောက်သထက်ရောက်နေကြောင်းမသိပေ။
"၃ ၂ ၁ ပြည့်ပြီ..."
ကျိုးဟောင်မှာထွက်သွားသောအဖွဲ့အားကြည့်ကာစိတ်ထဲမှရေတွက်နေခဲ့သည်။ အခြားသူများမှာချာလီလုပ်ခဲ့သည့်အရာအားမမြင်ခဲ့လောက်သော်လည်း ကျိုးဟောင်မှာတော့ရှင်းရှင်းလင်းလင်းမြင်ခဲ့ပေသည်။ မိသားစုကြီးတစ်ခုတွင်မွေးဖွားခဲ့သောလူတစ်ယောက်ကသာ ယခုလိုအရာမျိုးအားလုပ်နိုင်ပေသည်။
လူအများရှေ့တွင် ၎င်းတို့သည်ရိုးသားသောလူကြီး လူကောင်းပုံရှိသော်လည်း နောက်ကွယ်တွင်မူ လူများအားအရိုးပင်မထွေးဘဲဝါးစားသောမိစ္ဆာများသာဖြစ်ကြသည်။ ထိုအဖွဲ့မှာရေကန်အားမဖြတ်ရသေးမီမှာပင် ရေကန်ထဲသို့ပြုက်ကျသွားခဲ့သည်။ အားလုံးမှာချာလီရှိရာဘက်သို့ကြည့်နေရင်း မျက်လုံးများမှာပြူးကျယ်နေခဲ့သည်မှာ နာကြည်းချက်တို့ဖြင့် သေဆုံးသွားခဲ့ရပုံပင်။ ယခုလိုမြင်ကွင်းအားမြင်ရခြင်းသည် မည်သူ့အတွက်မဆိုပထမဆုံးအကြိမ်မဟုတ်ပေ။
ဤသည်မှာ မတော်တဆသေဆုံးမှုတစ်ခုသာဖြစ်သည်။ ချာလီမှာသူ့ကိုယ်ပေါ်ရှိ အတိုးတက်ဆုံးကင်မရာအားသုံးကာ သူတို့၏သေဆုံးမှုအား မိဘများအားပြန်လည်အစီရင်ခံပြီး သူတို့၏သားသမီးများမှာရေမြွေ၏ပါးစပ်ထဲတွင် သေဆုံးသွားကြောင်းအသိပေးရန် ဤလူများ၏သေဆုံးမှုများအားမှတ်တမ်းတင်နေခဲ့သည်။
အခြားမိသားစုဝင်များ ယုံကြည်စေရန်လုပ်ဆောင်နေသည့် ဤအမွေဆက်ခံသူ၏စေ့စပ်ပုံအား ကျိုးဟောင်မှာမလေးစားဘဲမနေနိုင်ပေ။ သူသည်အားလုံးအားအကြောင်းအရင်းနှင့်သက်သေတို့ဖြင့်ယုံကြည်အောင်လုပ်မည်ဖြစ်သည်။ မဟုတ်ပါက အကယ်၍ရုတ်တရက်သူတို့အားလုံးသေသွားခဲ့ပြီး အသက်ရှင်ကျန်ခဲ့သူမှာ သူတစ်ယောက်တည်းဆိုပါက သူ့မိသားစုအားရှင်းပြရန်ပင်ခက်မည်ဖြစ်ပေရာ အခြားလူများကိုဆိုပါကပြောနေစရာပင်မလိုပေ။ ဖား၏သဲလွန်စဖြင့် တော့စလိထန်၏တည်ရှိမှုမှာထပ်မံထွက်ပေါ်လာခဲ့ပြီး ထိုနေရာမှာသူတို့နှင့်သိပ်မဝေးပေ။
ဤသူခိုးနတ်ဘုရားမှာ ခိုအောင်းရန်ဤကဲ့သို့သောနေရာမျိုးအားရှာထားသည်အထိရဲတင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အကယ်၍ထိုမိသားစုကြီးများမှာ ဤနေရာအားရှာနိုင်လျှင်ပင် ၎င်းတို့သည်လုပ်နိုင်စွမ်းမရှိပေ။ အကယ်၍သူသာ ဤသန္ဓေပြောင်းသားရဲရိုင်းများအားဖြေရှင်းရပါက သေချာပေါက်သေမည်ဖြစ်သည်။
ဤကဲ့သို့သောနေရာမျိုးတွင် ဤလူမှာဘယ်လိုကြောင့်အလွယ်တကူရှင်သန်နေနိုင်သလဲဆိုသည်အားမသိရပေ။ ကံကောင်းစွာဖြင့် ထိုလူသည်တောင်ဧရိယာ၏အနက်ပိုင်းသို့ဝင်မသွားခဲ့ပေ။ ဖြစ်နိုင်သည်မှာအထဲတွင်ပို၍စွမ်းအားကြီးသောတည်ရှိမှုတစ်ခုရှိနေမည်ကို ကြောက်၍ဖြစ်နိုင်သည်။ မူလကအဖွဲ့နှစ်ဖွဲ့ရှိခဲ့သည်။
ချာလီ့အဖွဲ့မှ ၄ယောက်သေဆုံးသွားပြီးနောက် ချာလီမှာအလိုလိုပင်ကျိုးဟောင်တို့နှစ်ယောက်အဖွဲ့ထဲသို့ရောက်လာခဲ့ပေသည်။ နောက်ဆုံးတွင်သူတို့အားလုံး၏ပန်းတိုင်မှာအတူတူဖြစ်ကြောင်းသိလိုက်ရသည်။ သို့သော်ချာလီတို့မှာ သူတို့မိသားစု၏အမွေပစ္စည်းများကိုလိုချင်ခြင်းဖြစ်ပြီး ကျိုးဟောင်မှာဤလူအားတာဝန်အဆောက်အဦးသို့ပြန်ခေါ်သွားလိုခြင်းဖြစ်သည်။
ချာလီမှာဤခရီးစဥ်အတွင်းအများကြီးမြင်တွေ့ခဲ့ရပြီး အလွန်လျင်မြန်စွာရင့်ကျက်လာခဲ့ပေသည်။ သူ့စွမ်းအားမှာနောက်တစ်ဆင့်သို့ရောက်ရန် သိပ်မကြာတော့သလိုခံစားနေရပေသည်။
"ထော့စလိထန်ကရှေ့နားမှာပဲ မြိန်ရေရှက်ရေစားနေတယ်"
ဖားတစ်ကောင်ပင် ယခုလိုကြီးမားသောတောကြီးတွင် လမ်းပျောက်မည့်အန္တရာယ်မျိုးမရှိပေ။ သူ၏တိကျသောလမ်းညွှန်မှုဖြင့် မကြာမီမှာပင်မီးပုံဘေးတွင်ထိုင်ကာအသားကင်စားနေသည့်ပိန်ပိန်ပါးပါးနှင့်အမျိုးသားတစ်ယောက်အားတွေ့လိုက်ရသည်။ ထိုအမျိုးသားသည်အရသာခံစားနိုင်စွမ်းရှိပုံမပေါ်ဘဲ မီးသွေးကဲ့သို့မဲနက်နေသောအသားကင်အားစားနေပေသည်။
ယခုလိုမြိန်ရေရှက်ရေစားနိုင်သည်အထိ ထိုလူ၏အရသာခံနိုင်စွမ်းမှာမည်မျှကောင်းကြောင်း သူမသိပေ။
"မင်္ဂလာပါ မင်းကငါ့ကိုမင်းနဲ့ပူးပေါင်းဖို့ဖိတ်ချင်တာလား"
သူတို့ ၃ယောက်မှာတစ်နေရာစီတွင်ရပ်ကာ သူထွက်ပြေးလို့ရသည့်လမ်းကြောင်းအားလုံးအားပိတ်ဆို့ထားခဲ့သည်။ ထို့အပြင် သူတို့ထပ်တွေ့သည့်အချိန်မှာပင် ချာလီမှာထော့စလိထန်အား သူ့လက်ထဲရှိအာထရာဆောင်းလှိုင်းကိရိယာဖြင့်ခြေရာခံနိုင်ရန်လုပ်ထားပြီးပြီဖြစ်ပေရာ သူဘယ်လောက်ဝေးဝေးပြေးသည်ဖြစ်စေ လျင်မြန်စွာပင်ခြေရာခံနိုင်မည်ဖြစ်သည်။
ဤသည်မှာ သူအကြာကြီးစဥ်းစားခဲ့ရသောခေတ်မှီနည်းပညာဖြစ်သည်။ ဤသူခိုးနတ်ဘုရားနှင့်မတွေ့ပါက မည်သူမျှသူ့အားဘာမှမလုပ်နိုင်ပေ။ အကယ်၍ယခုအချိန်တွင် သူ့ထံ၌ထွက်ပြေးနိုင်သည့်စွမ်းရည်ရှိလျှင်ပင် သူဘယ်နေရာပြေးပြေးရှာတွေ့မည်သာဖြစ်သည်။
ထော့စလိထန်မှာ ရုတ်တရက်ပေါ်လာခဲ့သောကျိုးဟောင်တို့အဖွဲ့အားကြည့်နေခဲ့သည်။ သူချာလီအားသိသလို ဂျော့ချ်ကိုလည်းအနည်းငယ်သဘောကျပေသည်။ သို့သော်အလွန်လျှို့ဝှက်ဆန်းကြယ်ကာ သူ့အတွက်ခြိမ်းခြောက်မှုကြီးမားသည့် ကျိုးဟောင်ကိုတော့သဘောမကျပေ။
ဘယ်အချိန်က နောက်ထပ်အသက်ငယ်ငယ်ပါရမီရှင်တစ်ယောက်ပေါ်လာခဲ့သည်ကို သူမသိခဲ့သော်ငြား တစ်ဖက်လူသည်တကယ်ပင်ဤနေရာထိလိုက်လာနိုင်ပေသည်။
"ကောင်းပြီ ထမင်းအတူတူစားကြတာပေါ့ ငါစိုးရိမ်တာမင်းတို့တွေမစားရဲမှာကိုပဲ"
ထော့စလိထန်မှာ မုန်တိုင်းအမျိုးအစားအားလုံးကိုမြင်ဖူးပေရာ ဤလူငယ်လေးများအားဂရုစိုက်မနေပေ။ သူလွတ်မြောက်ရန်အချိန်သာအရေးကြီးပေသည်။ သူသည်ရုတ်တရက်ဤလူငယ်လေးများနှင့် ကစားရန်အကြံရသွားခဲ့သည်။
စကြဝဠာတွင်းရှိစွမ်းအားအကြီးဆုံးလူများပင်သူ့အားမဖမ်းနိုင်ပေ။ လူငယ်သုံးယောက်မှာသူ့ရှေ့တွင်မတ်တပ်ရဲဝံ့ပေသည်။ သူတို့သည်မတူညီသောနေရာများတွင်ထိုင်နေခဲ့သည်။ သူအနည်းငယ်လှုပ်ရှားလိုက်သည်နှင့် ချက်ချင်း အနိုင်ယူခံရမည်ဖြစ်သည်။ သူသည်ပတ်ဝန်းကျင်အားလှည့်ကြည့်လိုက်ပြီး ထွက်ပြေးမည့်လမ်းကြောင်းအားဆုံးဖြတ်လိုက်ပြီးနောက် အလွန်တူးနေပြီဖြစ်သောလက်ထဲမှအသားအားဆက်စားနေခဲ့သည်။
"အသားချည်းပဲမစားနဲ့ အရက်လည်းသောက်ကြဦး"
ကျိုးဟောင်မှာ ဘယ်ကရောက်လာမှန်းမသိသူ့ဘေးတွင်ပေါ်လာခဲ့ပြီး သူ့လက်အားအလွယ်တကူဆုပ်ကိုင်လိုက်ရာ အလွန်ထိတ်လန့်သွားခဲ့သည်။ သူ့ဘေးတွင်ဘယ်အချိန်ကလူတစ်ယောက်ပေါ်လာခဲ့ပါသနည်း။ ဤသည်မှာအကြီးမားဆုံးသောတားမြစ်ချက်ဖြစ်သည်။
သူ့လက်မှာအခြားလူ၏လက်ထဲသို့ရောက်သွားခဲ့ပြီး တစ်ဖက်လူအားလက်ကမ်းပေးလိုက်သလိုပင်။ အကယ်၍သူယခုချိန်တွင်လွတ်မြောက်ချင်လျှင်ပင် နည်းလမ်းမရှိပေ။ အချစ်အမုန်းကိစ္စများအားသတိမမူမိသော်လည်း သူထွက်ပြေးရန်အတွက်မူလွယ်ကူပေလိမ့်မည်။
"ခင်ဗျားချာလီမိသားစုရဲ့ ရတနာတွေကိုငါတို့အတွက်သိမ်းထားပေးတာ အချိန်တစ်ခုရှိပြီ အခုသူတို့ကိုကျောက်မျိုးနွယ်စီတစ်ခုချင်းပြန်ပေးရမဲ့အချိန်ကျပြီ "
သူကျိုးဟောင်လက်ထဲရောက်သွားသည့်အချိန်တွင်ချာလီမှာ ထိန်းချုပ်မနေတော့ပေ။ ချက်ချင်းပင်ဤနေရာသို့လာရသည့်ရည်ရွယ်ချက်အား ဖော်ပြလိုက်သည်။ တစ်ဖက်တွင် ဤအဖွဲ့မှာသူ့အသက်အားမလိုချင်ဘဲ သူတို့မိသားစုပိုင်ဆိုင်သည့်ရတနာများကိုသာပြန်လိုချင်ကြောင်းကိုလည်းပြနေပေသည်။ ထော့စလိထန်မှာလည်း အခြေအနေပေါ်လိုက်ပြီးပြုမူတတ်ပေရာချာလီမိသားစု၏ရတနာများအားအလျင်အမြန်ပင်ထုတ်ကာ ဂျော့ချ်အားပြန်ပေးလိုက်သည်။
"ဒါဆို ဘာလို့ဒီလိုလုပ်တာလဲ ငါအရင်ကမင်းကိုတစ်ခါမှမမြင်ဖူးပါဘူး"
သူသည် သူ့လက်အားဖမ်းချုပ်ထားသည့်ကျိုးဟောင်အား တွေဝေနေပုံဖြင့်ကြည့်ကာမေးလိုက်သည်။ သူ့စိတ်ထဲတွင်တစ်ခုခုဖြင့်ချုပ်နှောင်ခံထားရသလိုခံစားရပြီး အကယ်၍သူလွတ်မြောက်ချင်လျှင်ပင် လွတ်အောင်မရုန်းနိုင်ပေ။
"ကျွန်တော့်မှာရွေးချယ်စရာမရှိဘူး ကျွန်တော်လော့ရှင်းတာဝန်အဆောက်အဦးကနေ တာဝန်ကိုလက်ခံခဲ့တာ ခင်ဗျားကအလိုရှိစာရင်းထဲပါနေပြီဆိုတာသိလား"
ကျိုးဟောင်မှာ မတတ်နိုင်သည့်ပုံဖြင့်ပြောလိုက်သော်လည်း ညှာတာခြင်းမရှိပေ။ အကြိမ်အနည်းငယ်မျှကြိုးစားပြီးနောက် သူကျိုးဟောင်ဆီလက်မှမလွတ်မြောက်နိုင်ကြောင်းသေချာသွားခဲ့သည်။ အခြားသူများ၏ကိစ္စများအား ဖြေရှင်းပြီးနောက် ကျိုးဟောင်မှာလုံနတ်ဘုရားစစ်သင်္ဘောအားယူကာ သူတာဝန်အားပြီးဆုံးခဲ့ကြောင်းသက်သေပြရန် သူ့အားတာဝန်အဆောက်အဦးဆီသို့ခေါ်လာခဲ့သည်။
....................................................................................