အခုလိုနှာဘူးမျိုးကို တစ်ခါမှမမြင်ဖူးဘူး
Vol. 51 Ch. 765
ကျိုးဟောင်၏လက်ထဲရှိ လုံနတ်ဘုရားစစ်သင်္ဘောအားမြင်လိုက်ချိန်တွင် ထော့စလိထန်၏မျက်လုံးများမှာအရောင်တောက်သွားခဲ့သည်။ သူသည်ယခုလိုခမ်းနားသည့်အရာမျိုးအားယခင်ကတစ်ခါမှမမြင်ဖူးခဲ့ပေ။ သူသည်ဤဂြိုဟ်များပေါ်ရှိ ရှိသမျှအရာအားလုံးအားခိုးခဲ့သော်လည်း ကျိုးဟောင်လက်ထဲရှိယခုလိုတိုက်လေယာဥ်မျိုးကိုတော့တစ်ခါမှမမြင်ဖူးပေ။ ဤယာဥ်အကြောင်းစဥ်းစားလိုက်သည်နှင့် သူ့အားအလွန်စိတ်လှုပ်ရှားစေပေသည်။
စိတ်ထဲတွင်လည်းသူထွက်ပြေးချိန်၌ ဤနတ်ဘုရားစစ်သင်္ဘောကိုပါယူသွားရန်ပင် စီစဥ်နေပေသည်။ သူ့မျက်လုံးများမှာဂနာမငြိမ်ပေရာ တစ်ချက်ကြည့်ရုံဖြင့်တစ်ခုခုကြံစည်နေမှန်းသိသာပေသည်။
"ကျိုးဟောင် ကျေးဇူးပဲ ဒါကမင်းအတွက်ငါ့ရဲ့ဆုလာဘ်ပါ"
ချာလီမှာမိသားစုကြီး၏အမွေဆက်ခံသူဖြစ်ပေရာ ကပ်စေးမနဲပေ။ သူသည်ကျိုးဟောင်အား သူအဆင့်မြှင့်ထားသောစွမ်းအားကြီးလက်နက်အချို့ပင်ပေးခဲ့ပေသည်။ ထိုလက်နက်များထဲတွင် ဖျက်အားပြင်းအာထရာဆောင်းလှိုင်းကိရိယာအပြင် အလောင်းအားလုံးအားဖြတ်တောက်နိုင်သည့် အာထရာဆောင်းလှိုင်းကိရိယာလည်းပါပေသည်။ ကျိုးဟောင်မှာလည်းစိတ်ထဲတွင် အခြားတစ်ခုဆိုပါက လိုချင်မည်မဟုတ်ဟု ခံစားနေရပေသည်။
သို့သော် တစ်ဖက်လူပေးသည့်အရာမှာ အလွန်ဆွဲဆောင်နိုင်စွမ်းရှိပေသည်။ အစောပိုင်းကသူလိုချင်နေခဲ့သောပစ္စည်းသည် တကယ်ပင် သူ့ဆီကိုယ်တိုင်ရောက်လာခဲ့ပေသည်။ ဤသည်မှာအိပ်ငိုက်နေချိန်တွင်ခေါင်းအုံးတွေ့လိုက်သလိုပင်။ ကိစ္စကောင်းတစ်ခုပင်ဖြစ်သည်။ ကျိုးဟောင်မှာပြုံးလိုက်ကာသူ့ကံမှာအမြဲတမ်းကောင်းနေသလိုပင်ခံစားလိုက်ရသည်။
"ကျေးဇူးအများကြီးတင်ပါတယ် တောင်တွေကမပြောင်းလဲသလိုမြစ်တွေကလည်းအမြဲစီးဆင်းနေတယ် ငါတို့လည်းတစ်နေ့တော့ထပ်တွေ့ကြဦးမှာပါ"
ကျိုးဟောင်မှာဤကိစ္စအားအမြန်အဆုံးသတ်ကာ အခြားနေရာသို့သွားကြည့်ချင်နေပြီဖြစ်သည်။
ဤဂြိုဟ်များပေါ်ရှိ ကြီးမားသောမျိုးနွယ်စုများမှာသူ့အားပြန်ဖို့မေ့ရန်ပင်လုပ်နိုင်ပေသည်။ ထို့ကြောင့် ကျိုးဟောင်မှာဖြည်းဖြည်းချင်းတိုးတက်လာပြီး ဤနည်းပညာမြင့်ပစ္စည်းများအား ကမ္ဘာဂြိုဟ်သို့ပြန်ပို့ရန်သာတတ်နိုင်ပေသည်။ ထိုအခါမှသာ သူတို့သည်ကမ္ဘာဂြိုဟ်တစ်ခုလုံးအားကယ်တင်နိုင်လောက်မည်ဖြစ်သည်။
သူတို့မှာနှုတ်ဆက်စကားအနည်းငယ်ပြောပြီးနောက် ကျိုးဟောင်နှင့်ဂျော့ချ်မှာ လော့ရှင်းသို့အတူတူပြန်လာခဲ့ကြသည်။ ပြန်လာသည့်လမ်းတွင်လည်း မုန်တိုင်းကြောင့်ခရီးမှာကြန့်ကြာသွားခဲ့သည်။
"ငါရတနာကို မင်းဆီပြန်ပေးပြီးပြီလေ မင်းငါ့ကိုလေကောင်းလေသန့်လေးထွက်ရှုခွင့်ပေးဖို့စဥ်းစားချင်ရဲ့လား"
"ပြီးတော့ ငါအာကာသထဲမှာပျံသန်းနေရတာ ထွက်ပြေးလို့မရပါဘူး"
ထော့စလိထန်မှာဂျော့ချ်အားကြည့်ကာပြောစရာစကားမရှိဖြစ်သွားခဲ့သည်။ သူသည်ယခုလိုဦးနှောက်မရှိသည့်လူအားယခင်ကတစ်ခါမှမမြင်ဖူးပေ။ သူသည်ကျိုးဟောင်ခိုင်းသမျှလုပ်မည်ဖြစ်သည်။ ဤလူ့ထံတွင်ကိုယ်ပိုင်အတွေးပင်ရှိပါရဲ့လား။ ဂျော့ချ်မှာသူပြောသည့်စကားအားဂရုမစိုက်ပေ။ သူသည်ဤသူခိုး၏စွမ်းရည်များအကြောင်း များစွာကြားဖူးထားပေသည်။
ဤလူသည်ငါးကန်ထဲရောက်နေလျှင်ပင် အခွင့်အရေးရပါက ထွက်ပြေးနိုင်စွမ်းရှိပေသည်။ သူ့အားယခင်ကတစ်ခါဖမ်းမိဖူးသော်လည်း မုန်တိုင်းထဲသို့ရောက်သွားခဲ့ပြီး အမည်မသိသည့်စွမ်းရည်အချို့အားအသုံးချကာလွတ်မြောက်သွားခဲ့သည်။ ထို့ကြောင့် သူသည်ယခုတစ်ကြိမ်တွင် သေချာပေါက်ပေါ့ပေါ့တန်တန်နေမည်မဟုတ်ပေ။ သူသည်ဒီတိုင်းယာဥ်၏အခန်းထဲတွင်နေပြီး တော်ဝင်မိသားစု၏ဆုံးဖြတ်ချက်အားစောင့်နေပေသည်။
ဤလူမှအခြားလူများအားအန္တရာယ်ပေးခွင့်မပြုနိုင်ပေ။
"မင်းငါပြောတာကိုမကြားတာလား"
"မသိတဲ့လူတွေဆိုသူ့ကိုသေနေတယ်လို့တောင်ထင်ကြမှာ စကားတစ်လုံးတောင်မပြောဘူး"
သူသည်အာကာသထဲတွင် ၁၀ရက်ကျော်ပျံသန်းခဲ့ရသော်ငြား မည်သူမျှသူ့အားစကားလာမပြောပေ။ ကျိုးဟောင်မှာကိစ္စတစ်ခုနှင့်အလုပ်ရှုပ်နေပြီး ပေါ်မလာခဲ့ပေ။ တစ်ဖက်တွင် ဂျော့ချ်မှာလူသေလိုပင် စကားတစ်ခွန်းမှမပြောပေရာ သူ့အားမွန်းကျပ်စေပေသည်။
ယခင်က ထိုတောင်ဧရိယာ၏တောနက်ထဲတွင် မည်သူမျှသည်းခံကာမနေနိုင်ပေ။ မည်သို့ပင်ဖြစ်စေ သူ့ဘေးတွင်နေသူမှာလူတစ်ယောက်မှမရှိဘဲ ထိုသန္ဓေပြောင်းသားရဲများသာရှိပေသည်။ သို့သော် အနည်းဆုံးတော့ ၎င်းတို့မှာ လွတ်လွတ်လပ်လပ်သွားလာနိုင်ပြီး ရတနာများအားမခိုးနိုင်ပေသည်။
အခြားလူများ၏ပစ္စည်းများအားခိုးရခြင်းသည် သူ့ဘဝ၏ပျော်ရွှင်မှုပင်ဖြစ်သည်။ သူသည်ဤရတနာများနှင့်ပတ်သက်ပြီးအလိုဆန္ဒလည်းများများစားစားမရှိပေ။ မဟုတ်ပါက ဤပစ္စည်းများမှာ သူ့လက်ထဲတွင်ယခုလိုအကြာကြီးရှိနေမည်မဟုတ်ပေ။
"သူကခင်ဗျားကိုဂရုစိုက်မှာမဟုတ်ဘူး တကယ်လို့ခင်ဗျားထွက်လာချင်ရင်ကိစ္စမရှိဘူး ဒါပေမဲ့ခင်ဗျားထွက်ပြေးတဲ့သိုင်းကိုတော့ ကျွန်တော်တို့ကိုသင်ပေးရမယ်"
ကျိုးဟောင်ဘယ်အချိန်ကရောက်နေမှန်းသူမသိပေ။ သူ့မျက်နှာပေါ်ရှိအပြုံးမှာခိုးကြောင်ခိုးဝှက်နိုင်ပြီး တစ်ချက်ကြည့်ရုံဖြင့် လူဆိုးမှန်းသိသာပေသည်။ ချက်ချင်းပင် တို့စ်လစ်တင်၏မျက်နှာပေါ်တွင်ထူးဆန်းသောအမူအရာတစ်ခုပေါ်လာခဲ့ပြီး ပြောလိုက်သည်။
"ငါ့ဖင်ကြီးကိုယုံ မင်းကမကောင်းတဲ့အဘိုးကြီးပဲ"
အကယ်၍ကျိုးဟောင်ကြောင့်မဟုတ်ပါက သူသည်အခြားလူများ၏လက်ထဲသို့အလွယ်တကူရောက်သွားမည်မဟုတ်ပေ။
မည်သူမှသူ့အားနှစ်ပေါင်းများစွာကြာသည့်တိုင်မချုပ်နှောင်ထားနိုင်ခဲ့သလို မည်သူမှလည်းသူ့နား အေးဆေးချဥ်းကပ်လာပြီး သူ့လက်အားဖမ်းဆုပ်မထားခဲ့ဖူးပေ။ သူသည်ဤအကြောင်းအားတွေးတိုင်း စိုးရိမ်စိတ်ဝင်မိသည်။
ကျိုးဟောင်၏နောက်ခံအားမသိသော်လည်း သူ့အားခြိမ်းခြောက်နိုင်သည့်ခံစားချက်မျိုးအပြည့်အဝပေးနိုင်ပေသည်။ ထိုခံစားချက်မှာ သူ့ထံတွင်အဆုံးမရှိသောစွမ်းအင်များရှိနေပြီး သူ၏စွမ်းအားမှာလည်း မျှော်လင့်ချက်မရှိသလိုခံစားရစေပေသည်။
"ဒါဘယ်လိုဖြစ်နိုင်မှာလဲ ဒါကငါ့ရဲ့ကိုယ့်ကိုယ်ကိုယ်ကာကွယ်တဲ့သိုင်းပညာကို"
ထော့စလိထန်မှာသူ၏ထွက်ပြေးသောစွမ်းရည်အားထုတ်ပြောရင်းဂုဏ်ယူနေခဲ့သည်။ သူသာထွက်ပြေးချင်ပါက မည်သူမှသူ့အားမိအောင်ဖမ်းနိုင်မည်မဟုတ်ပေ။ အကယ်၍သူသည်ဖျက်အားပြင်းသောမုန်တိုင်းဖြင့်တွေ့လျှင်ပင် သူ့ထံတွင်လွတ်မြောက်နိုင်သည့်နည်းလမ်းရှိပေသည်။
ယခုအချိန်တွင်သူသည် ကျိုးဟောင်တို့နှစ်ယောက်သူ့အားဂရုမစိုက်နိုင်ဘဲ ထွက်ပြေးလို့ရမည့်အခွင့်အရေးရရန် စကြဝဠာမုန်တိုင်းတစ်ခုနှင့်ကြုံရန်မျှော်လင့်နေပေသည်။
ယခုတစ်ကြိမ်တွင် ကောင်းကင်ဘုံသည်သူ့ဘက်တွင်မရှိသည့်ပုံပင်။ ခရီးစဥ်မှာတည်ငြိမ်ကာအေးဆေးနေခဲ့ကာ ခရီးတစ်ဝက်လောက်ရောက်ပြီးနောက်တွင်ပင် မည်သည့်မတော်တဆမှုနှင့်မျှမကြုံခဲ့ရပေ။
"ဒါဆိုအထဲမှာပဲနေလိုက်ပေါ့ ခင်ဗျားကဘဝကိုဘယ်လိုကောင်းကောင်းနေရမလဲဆိုတာမသိဘူးပဲ"
ကျိုးဟောင်မှာစားစရာယူလာပြီး ဂျော့ချ်နှင့်မျှစားနေခဲ့သည်။
သူတို့နှစ်ယောက်မှာအပြင်ဘက်တွင်မြိန်ရေရှက်ရေဖြင့်စားသောက်နေခဲ့ကြပြီး အထဲတွင်ထိုင်နေသော ထော့စလိထန်အား မျှော်လင့်ချက်မဲ့နေသည့်အတိုင်းပစ်ထားပေသည်။ သူသည်ယခုလိုနှိပ်စက်တတ်သည့်လူအားယခင်ကတစ်ခါမှမမြင်ဖူးပေ။
ကျိုးဟောင်မှာတကယ်ပင်လူယုတ်မာတစ်ယောက်ဖြစ်ပေသည်။ တို့စ်လစ်တင်မှာဒေါသထွက်လွန်း၍ သေတော့မလိုပင်ခံစားလိုက်ရသည်။
"မင်းကငါ့တပည့်မှမဟုတ်တာ ဘာလို့ငါကမင်းကိုသင်ပေးရမှာလဲ ဒီလိုအဆုံးမရှိတဲ့စွမ်းရည်မျိုးက တပည့်တွေကိုပဲသင်ပေးလို့ရတာ"
ထော့စလိထန်မှာအကြောင်းပြချက်ကောင်းတစ်ခုအားရှာတွေ့သွားခဲ့သည်။ သူသည်ဦးနှောက်မရှိသောလူတစ်ယောက်မဟုတ်ပေ။ အကယ်၍ကျိုးဟောင်သာသူ့တပည့်ဖြစ်လာာပါက အားလုံးအဆင်ပြေသွားမည်ဖြစ်ပြီး သူသွားချင်သည့်နေရာအားလွတ်လွတ်လပ်လပ်သွားနိုင်မည်ဖြစ်သည်။ အကယ်၍သူ့ထံတွင်စွမ်းအားကြီးသောတပည့်ရှိပါက သူ့အတွက်သေချာပေါက်အကျိုးအမြတ်များစွာရမည်ဖြစ်သည်။
"ခင်ဗျားကကျွန်တော့်ဆရာလုပ်ဖို့ အရည်အချင်းမပြည့်သေးဘူး တကယ်လို့ခင်ဗျားကျွန်တော့်ကိုသင်ပေးမယ်ဆိုရင်တောင် ကျွန်တော်ကဒါကိုသင်ဖို့ကိုစဥ်းစားရဦးမှာ"
ကျိုးဟောင်မှာအထက်စီးဆန်ဆန်ပြောလိုက်ပေရာ ထော့စလိထန်မှာပြောစရာစကားပင်မရှိဖြစ်သွားခဲ့ရသည်။
ဘေးတွင်နားထောင်နေသောဂျော့ချ်ပင် စိတ်ဝင်စားသွားခဲ့သည်။ သူသာဤသိုင်းကိုသင်ယူနိုင်ပါက လောကကြီးတွင်ဘာမဆိုလုပ်နိုင်မည်ဖြစ်သည်။ ကံမကောင်းသည်မှာ တစ်ဖက်မှလူမှာ သူ့အားသဘောမကျပေ။ သူ့မျက်လုံးများတွင်အထင်သေးသည့်အရိပ်အယောင်များဖြင့်ပြည့်နေသည်မှာ အရည်အချင်းမရှိသည့်လူတစ်ယောက်အား ကြည့်နေသလိုပင်။
သို့သော် ဤကိစ္စအားစဥ်းစားကြည့်လိုက်ချိန်တွင် ဤကိစ္စသည်ပုံမှန်သာဖြစ်သည်။ ထော့စလိထန်အားဖမ်းရန်လာခဲ့သော သူတို့လိုလူများစွာသည် ထော့စလိထန်အားဘာမှမလုပ်နိုင်ခဲ့ဘဲ ယခုမှသာကျိုးဟောင်၏လက်ထဲတွင်အဖမ်းခံရခြင်းဖြစ်သည်။
ကျိုးဟောင်၏စကားများအားကြားသောအခါ ထော့စလိထန်၏မျက်လုံးများမှာ မယုံကြည်နိုင်ဟန်ဖြင့် ပြူးကျယ်နေခဲ့သည်။ သူ့အားဘယ်တုန်းကမှ မည်သူကမှယခုလိုမပြောရဲခဲ့သော်ငြား ကျိုးဟောင်မှာတကယ်ပင်သူ့ဆရာလုပ်ရန်အရည်အချင်းမရှိဟုပင်ပြောရဲခဲ့ပေသည်။ သူသည်ဤစကားများအားပြောရဲသည်အထိမိမိကိုယ်ကိုမည်မျှဂုဏ်ယူနေပါသနည်း။
"ကောင်စုတ်လေး မြန်မြန် ငါ့ကိုအပြင်ထွက်ခွင့်ပေး တကယ်လို့ငါစိတ်ကောင်းဝင်နေရင် မင်းကိုသင်ပေးလို့ရတယ်"
ထော့စလိထန်မှာ ကျိုးဟောင်အားအထက်စီးဆန်ဆန်ကြည့်ကာပြောနေသည်မှာ မယုံကြည်နိုင်လောက်အောင်ထူးခြားသည့် သိုင်းအားသင်ပေးမည့်ပုံအတိုင်းပင်။
သို့သော်ကျိုးဟောင်မှာသူ့အားမျက်နှာသာမပေးပေ။ အကယ်၍ သူထွက်သွားလိုပါက ထော့စလိထန်လိုမျိုးသဲလွန်စမကျန်ဘဲ သွားနိုင်လာနိုင်ပေသည်။ ဤလူများပင်သူ့အားဖမ်းမမိနိုင်ပေ။ အကယ်၍သူ့အားဖမ်းချင်ပါကလည်း လွယ်ကူမည်ဖြစ်သည်။ ယခု ထော့စလိထန်သည်သူ့လက်ထဲရောက်နေပြီဖြစ်ပေရာ အသက်ရှင်ရန်တောင်းဆိုပါက မသေနိုင်ပေ။
အကယ်၍သူသာသေရန်တောင်းဆိုပါက သေချာပေါက်နောက်တစ်စက္ကန့်အတွင်းအသက်ရှင်နိုင်တော့မည်မဟုတ်ပေ။ ဤအခြေအနေတွင် ဘာများဒေါသထွက်စရာရှိပါသနည်း။ ဖားသာရှိနေပါက လောကကြီးတစ်ခွင်လျှောက်သွားနိုင်ပေသည်။
"ကျွတ် ခင်ဗျားကျုပ်ကိုသင်ပေးဖို့လိုလို့လား ကျွန်တော်ခင်ဗျားရဲ့ ဆိုးဝါးတဲ့စွမ်းရည်ကို ကျွန်တော်ဖမ်းမိခဲ့သေးတာပဲကို"
ကျိုးဟောင်မှာသူနှင့်စကားပြောပြီးအချိန်ထပ်မဖြုန်းချင်တော့ပေ။ အခြားလူများ၏လက်ထဲတွင်
ထော့စလိထန်သည် အလွန်စွမ်းအားကြီးကာ ကောင်းကောင်းပြေးနိုင်ခဲ့ပေသည်။
....................................................................................