← Chapters

အရေးတကြီးမြို့

Vol. 51 Ch. 752

အရေးတကြီးမြို့

Vol. 51 Ch. 752

ထိုလူများဘာတွေးနေသလဲခန့်မှန်းမရဖြစ်နေလေသည်။ ဒီလိုသေရေးရှင်ရေးအခြေအနေတွင်ထွက်ပြေးရမည့်အစားလက်များဆန့်တန်းကာအောင်ပွဲခံနေပေလေသည်။

သူတို့၏အသက်များမှာ အဖိုးမတန်သည့်အလားပြုမူနေလေသည်။ ကျိုးဟောင်လည်းနှုတ်ခမ်းတွန့်ပြီးပြုံးလိုက်မိသည်။

ကျိုးဟောင်လည်းသူ့စိတ်ကိုပြန်လည်ထိန်းချုပ်လိုက်ပြီး ဒီလူများ၏အတွေးမှာသူနှင့်မတူကြောင်းမှတ်ယူလိုက်လေသည်။ထိုလူများကိုသေရမည်ကိုတကယ်မကြောက်ကြပေ။

ဂါးးး...

စပါးအုံးမြွေကြီးမှာ မြေကြီးထဲမှာနဂါး‌တစ်ကောင်အလားထွက်ပေါ်လာလေသည်။ ၎င်းမှာမီတာ ၁ထောင်ကျော်ရှည်လျားပြီး ကြီးမားတုတ်ခိုင်လေသည်။ ၎င်းမှာ စပါးအုံးမြွေဆိုသောအဆင့်ထက်ပင်ကျော်လွန်နေလေသည်။

၎င်းမှာမြေကြီးထဲမှတွားသွားထွက်လာပြီးသည်နှင့်တပြိုင်နက် ၎င်း၏သွေးဆာနေသောပါးစပ်ကြီးဖြင့်အောက်ရှိလူများအားကိုက်ဖြတ်စားသောက်လေသည်။

၎င်း၏ပါးစပ်ဆီမှအနံ့ပြင်းသောတံတွေးများစီးကျနေပြီး လူအများအားပျို့အန်စေလေသည်။ ဘယ်နေရာမှာပင်ဖြစ်ပါစေ မြွေများသည်တကယ့်ကိုသွေးအေးရက်စက်သောသတ္တဝါများဖြစ်ကြလေသည်။

စောနကအောင်ပွဲခံနေကြသောလူများမှာလည်းဒီမြွေကြီးကြောင့်ထိတ်လန့်တုန်လှုပ်သွားကြလေသည်။

သွေးနီရောင်ပါးစပ်ကြီးဖြင့်လူတိုင်း၏ခေါင်းကိုလိုက်ကိုက်နေသောမြွေကြီးကိုကြည့်ရင်းသူတို့၏ခန္ဓာကိုယ်များတုန်ရီလာကြလေသည်။ သူတို့အနေဖြင့်ယခုလိုအဖြစ်အပျက်မျိုးတခါမှမတွေ့ကြုံဖူးကြပေ။

မြွေကြီးကပါးစပ်ကြီးကိုဖြဲကာ ၎င်း၏အနီးအနားရှိလူများအားလိုက်ကိုက်နေရင်းရုတ်တရက်ရပ်တန့်သွားခဲ့လေသည်။

သို့သော်မြွေကြီးပါးစပ်ဟလိုက်ချိန်တိုင်း ၎င်း၏အနံပြင်းသောတံတွေးများကမြေပြင်သို့ပေါ်သို့ကျ‌လာလေသည်။ ကျိုးဟောင်မှာထိုအရာများကိုကြည့်ရင်းပျို့တက်လာလေသည်။

အင်းစက်များ၏အရွယ်အစားမှာသူတွေးထားသည်ထက်ကျော်လွန်နေခဲ့ပြီး ယခုလိုသားရဲကြီးတစ်ကောင်ထပ်ပေါ်လာလိမ့်မည်လို့ကျိုးဟောင်မတွေးထားခဲ့ပေ။

"မမြင်နိုင်တဲ့သီးသန့်ခါးပတ်ပုံသဏ္ဌာန်အကာအကွယ်ကချဉ်းကပ်လာတဲ့အန္တရာယ်တွေကိုကာကွယ်ပေးထားတယ်"

မြွေကြီးဘာကြောင့်ရပ်တန့်သွားသလဲဆိုသည်ကိုကျိုးဟောင်တယောက်နားမလည်သောကြောင့် ဖားကရှင်းပြလာလေသည်။

ဖားရှင်းပြသောအရာမှာ ကာကွယ်ရေးစနစ်တခုဖြစ်ပြီး အလွန်ကြီးမားသောအန္တရာယ်နှင့်ရင်ဆိုင်ရချိန်တွင်အသက်၀င်လာခဲ့လေသည်။

ကျိုးဟောင်လည်းတစုံတခုကမြွေကြီးအားရပ်တန့်လိုက်ကြောင်းကိုခံစားမိလေသည်။ သူတို့၏မမြင်နိုင်သောသီးသန့်ခါးပတ်သဏ္ဌာန်အကာအကွယ်က သူတို့အားကောင်းစွာကာကွယ်ပေးနေလေသည်။

ဒီရက်စက်ကြမ်းကြုတ်သောမြွေကြီး၏အဖျက်စွမ်းအားမှာရူးသွပ်ဖွယ်ပြင်းထန်ပေသည်။၎င်းတွားသွားထားသောနေရာများအားလုံးမှာ ပျက်စီးကုန်သော်လည်း ယခုအချိန်တွင် ထိုအပျက်အစီးများမှာ အကောင်းပတိပြန်ဖြစ်နေလေသည်။

ဒီဂြိုလ်၏နည်းပညာမှာ စိတ်ကူးကြည့်၍မရအောင်တိုးတက်နေလေသည်။ ၎င်းတို့၏ခေတ်မှီနည်းပညာများကပျက်စီးသွားသောအဆောက်အအုံများ၏မူလအခြေအနေတိုင်းရောက်အောင်ချက်ချင်းပြန်လည်ပြုလုပ်ပေးနိုင်လေသည်။

ဂါး...ဂါး...

မြွေကြီးမှာအဆက်မပြတ်ဟိန်းဟောက်နေပြီး ၎င်း၏ကြီးမားသောအမြှီးကြီးအားလေထဲတွင်ဝှေ့ယမ်းနေလေသည်။၎င်းမှာ တခုခုအားဖျက်စီးချင်ပုံရလေသည်။

ဘုန်း....

လေထုထဲတွင်ဘာမှမရှိသော်လည်း မြွေကြီး၏အမြှီးမှာတခုခုနှင့်တိုက်မိသည့်အသံထွက်လာလေသည်။ ထို့နောက်ချက်ချင်းပင် ၎င်း၏အမြှီးကြီးမှာ ချွန်ထက်သောတခုခုနှင့်ပိုင်းဖြတ်ခြင်းခံလိုက်ရကာသွေးများပန်းထွက်လာလေသည်။ လေထုတခွင်လည်းသွေးညှီနံ့များပျံ့နှံ့သွားလေသည်။

ဒီစပါးအုံးကြီး၏သွေးမှာ အနီရောင်ရင့်ရင့်ဖြစ်မနေဘဲ ရွှေရောင်ဖျော့ဖျော့ဖြစ်နေလေသည်။ ၎င်းမှာသိပ်မကြာခင်တွင်မြွေတို့၏ဘုရင်ဖြစ်လာတော့မည်မှာသေချာပေသည်။

မြွေကြီးမှာအလွန်ဒေါသထွက်နေလေသည်။ အစောပိုင်းက ၎င်းသည်အင်းစက်များ၏အရေးပေါ်အကူအညီတောင်းခံခြင်းကိုလက်ခံရရှိခဲ့ပြီး အကူအညီပေးရန်လာခဲ့လေသည်။

သို့သော်၎င်းရောက်ရှိချိန်တွင်အင်းစက်များတကောင်မှမကျန်ရှိတော့ပေ။ ဒါ့ကြောင့်ဒေါသတကြီးလူများအားကိုက်ဖြတ်နေခြင်းဖြစ်လေသည်။

ဒီသန္ဓေပြောင်းသားရဲများမှာ တကောင်နှင့်တကောင်စိတ်ဖြင့်ဆက်သွယ်ကြခြင်းဖြစ်လေသည်။ ၎င်းတို့မှာအမျိုးမျိုးသောအသံမက်ဆေ့များလည်းပေးနိုင်ကြလေသည်။

မြွေကြီးမှာနာကျင်မှုကြောင့်အော်ဟစ်နေလေသည်။ ၎င်းအနေဖြင့်လေထဲတွင်ယခုလိုချွန်ထက်သည့်လက်နက်တခုရှိနေပြီး ၎င်း၏အဖိုးတန်အမြှီးအားဖြတ်လိမ့်မည်လို့မထင်ထားခဲ့ပေ။

၎င်းမှာပိုပြီးစိတ်လှုပ်ရှားလာလေလေ သွေးများမှာပိုပြီးစီးကျလာလေဖြစ်လေသည်။ ၎င်းဆီမှထွက်လာသောသွေးများက သွေးကန်ငယ်လေးတခုဖြစ်သွားလေသည်။ ထိုသွေးညှီနံ့ကလူတိုင်းအားနှာခေါင်းရှုံ့သွားစေလေသည်။

စပါးအုံးမြွေကြီးမှာ ၎င်း၏နီရဲနေသောမျက်လုံးများဖြင့် အရှေ့တွင်ရှိနေသောလူများအားကြည့်နေလေသည်။

ရုတ်တရက် ၎င်းပါးစပ်စီမှမီးအစလေးများတောက်လာခဲ့ပြီး ရှေ့တွင်ရှိနေသောမြို့ဆီသို့မီးတောက်များမှုတ်ထုတ်လိုက်လေသည်။ ၎င်းမှာ ရှေ့သို့ဆက်မတိုးနိုင်ရင်တောင်မှာ ဒီလူသားများအားအလွတ်မပေးလိုပဲခံစားစေချင်နေသေးလေသည်။

အလွန်ပူပြင်းသောမီးတောက်များကြောင့် မြို့မှာတဖြေးဖြေးပုံပျက်သွားလေသည်။

"နောက်ဆုံးပေါ်အအေးပေးပစ္စည်းများ၏အကူအညီအားတောင်းခံပါသည်"

နောက်ထပ်စာသားတခုမှာမြို့၏ကြီးမားသောဖန်သားပြင်ပေါ်တွင်ပေါ်လာခဲ့လေသည်။

မြို့အားမည်သည့်အရာနှင့်မဆိုတိုက်ခိုက်ခံရပါက ချက်ချင်းပြန်လည်တုံ့ပြန်လေသည်။ အလွန်ပူပြင်းသောအပူချိန်မှာလက်ရှိတွင်အန္တရာယ်မရှိတော့ပေ။ သို့သော်မီးတောက်နှင့်အတူပါလာသောအဆိပ်ငွေ့များကလူများအား‌ထင်ယောင်ထင်မှားဖြစ်စေလေသည်။

"အဆိပ်ငွေ့များကိုအာရုံခံမိပါတယ် ထိရောက်သောအဆိပ်ဖြေဆေးကိုတောင်းခံပါတယ်"

ဖန်သားပြင်တွင်နောက်ထပ်စာသားတခုပေါ်ထွက်လာခဲ့လေသည်။

ချက်ချင်းပင် အဆိပ်ဖြေသည့်စနစ်များအသက်၀င်လာခဲ့ပြီး အထဲတွင်ရှိနေသောလူများမှာသေရမည်ကိုစိုးရိမ်နေစရာမလိုတော့ပေ။

မကြာမီပင် မြွေကြီး၏မီးတောက်များနှင့်အဆိပ်ငွေ့များမှာလေထုထဲတွင်ပျောက်ကွယ်သွားခဲ့ပြီးတခါမှမရှိခဲ့ဖူးသည့်အလားဖြစ်သွားလေသည်။ ဒီလိုစွမ်းအားကြီးမားသည့်သန့်ရှင်းရေးစနစ်မှာ မယုံနိုင်အောင်အစွမ်းထက်လှပေသည်။ဒီစနစ်မှာကျိုးဟောင်၏ ရှေးဟောင်းခန္ဓာကိုယ်ကအဆိပ်ကိုခုခံနိုင်သည့်ပုံသဏ္ဌာန်နှင့်ဆင်တူပေသည်။

ကျိုးဟောင်မှာကြည့်နေရင်းမျက်လုံးများအရောင်တက်လာလေသည်။ ဒီဂြိုလ်ကနည်းပညာများမှာ သူမျှော်လင့်ထားပြီးလိုချင်နေသောအရာများဖြစ်လေသည်။

ကျိုးဟောင်မှာစွမ်းအားကြီးသောခွန်အားအားရယူပြီးနောက် သူ့အားအထောက်အပံ့ပေးမည့်သိပ္ပံပညာရပ်များအားလိုချင်ခဲ့လေသည်။

သူတယောက်ထဲသန်မာနေရုံဖြင့်မလုံလောက်ပေ။ သူ့အနေဖြင့် ကမ္ဘာဂြိုလ်ရှိအားနည်းသောလူသားများအားဖေးမကူရင်း သန်မာလာအောင်လုပ်ခြင်းက ဂြိုလ်အားအလျင်အမြန်တိုးတက်လာစေနိုင်လေသည်။

"လေထုကိုအထူးသန့်စင်တဲ့နည်းပညာကတကယ့်ကိုကောင်းမွန်တာပဲ။ ငါအခွင့်အရေးရရင်ဒီကသိပ္ပံပညာရှင်တွေနဲ့စကားပြောကြည့်ချင်သေးတယ်"

ဂျော့ခ်ျတယောက်လည်းဘေးမှာရပ်ရင်းပြောလာလေသည်။

ကျိုးဟောင်လည်းဂျော့ခ်ျနှင့်အတွေးအတူတူပင်ဖြစ်လေသည်။ သူ့အနေဖြင့်အခွင့်အရေးရပါက ဒီကလူနေထိုင်မှုစနစ်အားကမ္ဘာဂြိုလ်သို့ပြန်လည်သယ်ယူသွားချင်လေသည်။

ကျိုးဟောင်အနေဖြင့်ကမ္ဘာဂြိုလ်ကထွက်မလာခဲ့ပါက ဒီလိုလူနေထိုင်မှုစနစ်များအားမြင်တွေ့ခွင့်ရမည်မဟုတ်ချေ။ ကမ္ဘာဂြိုလ်မှာတိုးတက်ဖွံ့ဖြိုးမှုရပ်တန့်နေခဲ့‌လေသည်။

ကျိုးဟောင်မှာ စကြ၀ဠာထဲရှိဂြိုလ်တိုင်းသို့သွားကာဒီလိုအဆင့်အတန်းမြင့်မားသည့်လူနေထိုင်မှုများကိုလိုက်လေ့လာသင့်သည်လို့ခံစားလာရလေသည်။

....................................................................................

All Chapters