← Chapters

စိတ်ကြီး၀င်သောစပါးအုံးမြွေ

Vol. 51 Ch. 753

စိတ်ကြီး၀င်သောစပါးအုံးမြွေ

Vol. 51 Ch. 753

ကျိုးဟောင်မှာသူ မအိုမင်းလာခင်အထိလေ့လာချက်နေလေသည်။

စပါးအုံးမြွေကြီးမှာနာကျက်မှုကြောင့်ရုန်းကန်နေသော်လည်း မြေပေါ်သို့မလဲကျသေးပေ။

ဂါးး.....

မြွေကြီးမှာသူ့ရှေ့ရှိလူတစုအား‌ကြည့်ရင်းဟိန်းဟောက်နေလေသည်။ ထိုလူများမှာသူ၏အစာများဖြစ်ပြီး မြင်နေရပြီး စားခွင့်မရခြင်းကသူ့အားဒေါသထွက်စေလေသည်။

အောက်တွင်ရှိနေသောလူသားများမှာလည်း မြွေကြီးမချဉ်းကပ်နိုင်သည်ကိုတဖြေးဖြေးသဘောပေါက်လာကြလေသည်။ ထိုမြွေကြီးမှာဘယ်လောက်ပင်ဒေါသထွက်နေပါစေ ထိုလူအားများသတ်ဖို့မလွယ်ကူပေ။

ဂျော့ခ်ျကလည်းသူ့ရှေ့ရှိအဖြစ်အပျက်များကိုနှစ်ထောင်းအားရဖြစ်နေသောအမူအရာဖြင့်ကြည့်နေလေသည်။

ကျိုးဟောင်ကတော့အေးဆေးသောအမူအရာဖြင့်သာနေနေလေသည်။ ဖား၏ပြောကြားချက်အရဒီမြွေကြီးမှာ စွမ်းအားကြီးမားသောတည်ရှိမှုမဟုတ်ဘဲ ဖွံ့ဖြိုးဆဲအဆင့်သာရှိသေးလေသည်။ တကယ်လို့ဒီမြွေကြီးသာ၎င်း၏အထွတ်အထိပ်အဆင့်သို့ရောက်သွားပါက မြို့မှာတောင့်ခံနိုင်မည်မဟုတ်ပေ။

၎င်းမှာစပါးအုံးမြွေအဆင့်သာရှိသေးသော်လည်း နဂါးမျိုးနွယ်တို့၏အသွင်အပြင်လက္ခဏာများပိုင်ဆိုင်ထားနေလေပြီ။ ၎င်းအနေဖြင့်အဆင့်တက်လာဖို့အချိန်အတိုင်းအတာတခုသာလိုအပ်လေသည်။

လက်ရှိတွင်ဒီနည်းပညာမြင့်လက်နက်များကို၎င်းမယှဉ်နိုင်ချေ။ ဒါ့ကြောင့်လူသားများအနေဖြင့်တိုးတက်ဖို့လိုအပ်ပြီး ဒီလိုသားရဲများ၏အနိုင်ကျင့်ခြင်းမှရှောင်ရှားနိုင်မည်ဖြစ်လေသည်။

"ဒီစပါးအုံးမြွေကြီးရဲ့အသားကအရမ်းလတ်ဆတ်မယ်လို့ငါထင်တယ်"

"ငါတော့အဲ့လိုမထင်ဘူး သူ့ကိုယ်ကထွက်နေတဲ့အနံ့အသက်ကမနှစ်မျို့စရာပဲ"

"မင်းလောင်းမလား ငါတော့ ဒီရက်စက်တဲ့မြွေကြီးချက်ချင်းပြန်လှည့်ပြေးသွားမည့်ဘက်ကနေလောင်းမယ်"

ထိုမြို့သားများမှာ အလောင်းအစားများပြုလုပ်ရင်း အောင်ပွဲပြန်ခံလာကြလေသည်။သူတို့အနေဖြင့်ဒီလိုသ‌န္ဓေပြောင်းသားရဲမျိုးမမြင်ဖူးကြပေ။

သာမန်မြွေတကောင်မှာ ဆင့်ကဲပြောင်းလဲလာပြီး ၎င်း၏ခေါင်းတွင်ဦးချို၂ပါ ထွက်နေလေသည်။ အမြင်အာရုံကောင်းသောလူများသည် ထိုမြွေကြီးတွင်ခြေထောက်၄ချောင်းပါသည်ကိုပါတွေ့ခဲ့ကြပြီး ဒီလိုသတ္တဝါမျိုးကိုသူတို့တခါမှမမြင်ဖူးကြပေ။

"အဲ့သတ္တဝါကြီးကိုဖမ်းပြီးသုတေသနလုပ်ချင်လိုက်တာ"

အသက်၁၂ သို့မဟုတ် ၁၃နှစ်သာရှိသေးသောကောင်မလေးသည် ကောင်းကင်ထက်တွင်လူးလွန့်နေသောမြွေကြီးအားကြည့်ပြီးပြောလာလေသည်။

သူမ၏အတွေးမှာတခြားသူများနှင့်မတူပေ။ သူမသည်ထိုမြွေကြီးအားမကြောက်သည့်အပြင်ဖမ်းပြီးလေ့လာချင်သေးလေသည်။

ဒါကြောင့်လည်း ဒီဂြိုလ်ပေါ်ရှိလူတိုင်းက ရှားပါးသောပစ္စည်း ၁ခုသို့မဟုတ် ၂ခုအထိတီထွင်နိုင်ကြခြင်းဖြစ်လေသည်။

ဒီဂြိုလ်ပေါ်ရှိအရွယ်ရောက်ပြီးသူများမှာလုပ်နိုင်စွမ်းကြီးမားရုံသာမက ကလေးငယ်များသည်လည်းအထင်ကြီးဖွယ်ကောင်းလှပေသည်။

"ဒီစပါးအုံးမြွေကြီးမှာထူးခြားဆန်းကြယ်တဲ့သွေးမျိုး ရှိမယ်ထင်တယ်။ အဲ့တာကြောင့်ယခုလိုကြီးမားပြီးကြမ်းကြုတ်လာတာပဲ။ ဒီလိုမဖြစ်ခင်က ဒီစပါးအုံးမြွေက မီတာအနည်းငယ်သာရှိတဲ့သာမန်မြွေလေးပဲ"

ဖားကသေချာစီစစ်ပြီးနောက်ပြောပြလာလေသည်။

ဒီမုန့်ခါလာတောင်၀န်းကျင်တွင်အလွန်ရှားပါးသောပစ္စည်းများရှိပုံရပြီး ထိုပစ္စည်းများကြောင့် ဒီလိုသန္ဓေပြောင်းသားရဲများဖြစ်ပေါ်လာခြင်းဖြစ်လေသည်။

ဥပမာဆိုရလျှင်အရင်တုန်းကဒီအင်းစက်များနှင့်စပါးအုံးမြွေတို့မှာ လူသားတို့အတွက်အန္တရာယ်မဟုတ်ခဲ့ပေ။ ၎င်းတို့အနေဖြင့်ဆင့်ကဲပြောင်းလဲလာပြီးနောက်မှယခုလိုကြမ်းကြုတ်ရက်စက်လာခြင်းဖြစ်လေသည်။

"ဒါကတကယ်တော့ကြောက်မက်ဖွယ်ရာပဲ။ တခြားဂြိုလ်ပေါ်မှာဆိုရင်ဒီမြွေကြီးကြောင့်သေကြေပျက်စီးမှုအတော်များမှာပဲ"

ကျိုးဟောင်မှာသက်ပြင်းချရင်းပြောလိုက်လေသည်။

"မင်းကအရမ်းနမော်နမဲ့နိုင်တာပဲ။ ဒီနေရာကမင်းဂြိုလ်များမှတ်နေလား ။ဒီနေရာရဲ့လူနေမှုအဆင့်အတန်းကမင်းတို့ဂြိုလ်ထက်အဆများစွာရှေ့ရောက်နေပြီ။ ဒါ့ကြောင့်မို့မင်းထင်ထားသလိုတွေဖြစ်မှာမဟုတ်ဘူး"

"ပြီးတော့ ဒီကသားရဲတွေက သန္ဓေပြောင်းလဲဖို့အတွက်လိုအပ်ချက်တွေရှိသေးတယ်။အချိန်၊မြေအနေအထားတွေလိုအပ်တယ်။ ဒီနေရာတခုလုံးဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့်ပဲ ဒီလိုသန္ဓေပြောင်းသားရဲတွေပေါ်ပေါက်လာရတာ"

ဖားကဆက်တိုက်ပြောလာလေသည်။

ဒါ့အပြင် ဒီသားရဲများမှာဂြိုလ်တိုင်းတွင်သန္ဓေပြောင်းပြီးအဆင့်တက်ဖို့မဖြစ်နိုင်ပေ။ သူတို့နေထိုင်ရာပတ်၀န်းကျင်အနေဖြင့်လုံလောက်သည့်သန္ဓေပြောင်းခြင်းမျိုးဖြစ်ပေါ်နေဖို့လိုအပ်လေသည်။ဒီဂြိုလ်၏ တိုးတက်ပြောင်းလဲမှုက ယခုလိုသန္ဓေပြောင်းခြင်းမျိုးများဖြစ်ပေါစေလေသည်။

ကျိုးဟောင်လည်းခုမှစိတ်အေးသွားရလေသည်။ ကမ္ဘာဂြိုလ်မှာဟွေ့မင်ဂြိုလ်ကဲ့သို့လူနေမှုတိုးတက်မလာသေးခင်ယခုလိုသားရဲကြီးမျိုးဖြင့်ရင်ဆိုင်ရမည်ကိုတွေးပူနေမိလေသည်။

ဖားကရှင်းပြလိုက်တော့မှကျိုးဟောင်စိတ်ထဲရှင်းသွားလေသည်။ ဒီဂြိုလ်ပေါ်တွင်အရာအားလုံးမှာယှဉ်တွဲနေပေသည်။

သားရဲတွေသန္ဓေပြောင်းလာရသည့်အချက်မှာလည်း ၎င်းတို့နေထိုင်ရာပတ်၀န်းကျင်ပြောင်းလဲလာခြင်းကြောင့်ဖြစ်ပြီးထိုပြောင်းလဲမှုနှင့်လိုက်လျောညီထွေအောင်နေထိုင်ခြင်းကြောင့်ဖြစ်ပေသည်။

ဘုန်း....

ထိုအချိန်တွင်မြို့၏တနေရာမှာ နျူးကလီးယားဗုံးတလုံးက မြွေကြီး၏ဦးခေါင်ဆီသို့ချိန်ရွယ်ပစ်လွှတ်လိုက်လေသည်။

စပါးအုံးမြွေကြီးလည်းမျက်လုံးပြူးကာ သူ့ဆီလာနေသောအရာအားကြည့်လိုက်လေသည်။ ထို့နောက် ၎င်း၏နီရဲနေသောပါးစပ်ကြီးကိုဖွင့်ကာထိုဗုံးအားတချက်ထဲမျိုချလိုက်လေသည်။

ကျိုးဟောင်မှာထိုမြင်ကွင်းကိုကြည့်ပြီးကျောထဲစိမ့်သွားလေသည်။ ထိုလက်နက်မှာအလွန်အဖျက်စွမ်းအားကြီးပြီး ဂြိုလ်တခုလုံးအားပျက်စီးသွားစေနိုင်လေသည်။

ဝုန်းးးး....

ပေါက်ကွဲသံမှာသိပ်မကျယ်လောင်ပေ။ ကျိုးဟောင်မှာအနီးအနားတွင်ရှိနေသော်လည်း သူ့အနေဖြင့်နားအူခြင်းကိုမခံစားရပေ။

ဒီဂြိုလ်ရှိနည်းပညာများမှာစွမ်းအင်အတက်အကျများကိုထိန်းချုပ်နိုင်ယုံသာမက အသံလှိုင်းများကိုထိန်းချုပ်နိုင်ပေသည်။ တကယ့်ကိုပြောင်မြောက်လှသည့်နည်းပညာဖြစ်ပေသည်။

ထွက်ပေါ်လာသောအသံအနေအထားအရ ကျိုးဟောင်မှသိပ်အားမပြင်းဘူးလို့တွေးမိလေသည်။ ဒီဗုံးကစပါးအုံးမြွေကြီးမပြောနှင့် သန္ဓေပြောင်းအင်းစက်များကိုတောင်သေစေနိုင်မည်မဟုတ်လို့ကျိုးဟောင်ထင်နေလေသည်။

သို့သော်လည်း ကျိုးဟောင်မှာမှင်တက်သွားရလေသည်။ စပါးအုံးမြွေကြီး၏၀မ်းဗိုက်နားတွင်နျူးကလီးယားဗုံးကြောင့်အလွန်ကြီးမားသောအပေါက်ကြီးတခုဖြစ်ပေါ်နေလေသည်။

မြွေကြီး၏အရေခွံမှာအလွန်ထူပြီး သာမန်လက်နက်များကထိခိုက်အောင်မလုပ်နိုင်ချေ။ သို့သော်လည်း ဒီအားပျော့ပုံရသောဗုံးတစ်လုံးက၎င်းအားဒဏ်ရာအပြင်းအထန်ရအောင်လုပ်နိုင်ခဲ့လေသည်။၎င်း၏အရှိန်အဝါမှာလည်း အရင်ကထက်တဖြေးဖြေးယုတ်လျော့လာလေသည်။

၎င်း၏သွေးဆာနေသောအကြည့်များမှာလည်းပျောက်ကွယ်သွားပြီး ဒဏ်ရာအပြင်းအထန်ရထားသောကြောင့် ၎င်း၏ခမ်းနားကြီးကျယ်သောဟိတ်ဟန်မှာလည်းယုတ်လျော့သွားခဲ့လေသည်။

....................................................................................

All Chapters