အခန်း (၁၅၄-၁၅၆)
Vol. 11 Ch. 154-156
Chapter 154: နတ်ဆိုးချပ်ဝတ် စိတ်မကွက်စေနဲ့
ဆူးတော။
လိုဏ်ဂူကြီးထဲတွင်။
သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးမှာ ကျောက်ဖျာကြီးပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် ရှိပြီး ဘေးတွင် ရှုံ့တွနေသည့် အလောင်းများစွာ ပြန့်ကျဲနေသည်။
ထိုအလောင်းများမှာ တည်မြဲအဆင့်များ ဖြစ်ပြီး မြုတေဖွဲ့စည်းခြင်းပင် တစ်လောင်း ပါသေးသည်။ အခြေအနေကြည့်ရသည့်အလျောက် ဂိုဏ်းအသီးသီးမှ ဖြစ်ဟန်တူပြီး နတ်ရေစင်ဂိုဏ်း၊ ချင်းရွှမ်ဂိုဏ်းနှင့် မိုးမုန်တိုင်းဂိုဏ်းတို့လည်း ပါဝင်သည်။
ထိုစဉ် အလောင်းများမှ သွေးစွမ်းအင်များ စိမ့်ထွက်ကာ သက်လတ်ပိုင်းလူ၏ နှာခေါင်းထဲ စီးဝင်သွားပြီး သူ့ကျင့်ကြံမှုကို အားပေးလေသည်။
“ကောင်းတယ် ကောင်းတယ်… ငါ ပြန်ပြီး အင်အားကြီးလာပြီ”
“မြုတေဖွဲ့စည်းခြင်း ထိပ်ဆုံးအဆင့်ရောက်ဖို့ ခြေတစ်လှမ်းလောက်ပဲ လိုတော့တယ်”
“ဒီကျင့်စဉ်က တော်တော် မိုက်တာပဲ… စောစောတည်းကသာရရင် အခုချိန် အဆင့်တက်နေလောက်ပြီ”
သူ ပျော်ရွှင်စွာ အော်ဟစ်ရယ်မောမိသည်။
“နောက်ထပ်တော့ လိုသေးတယ်…”
“လူထပ်သတ်ရမယ့်အချိန်ပဲ… မြုတေဖွဲ့စည်းခြင်း နောက်တစ်ယောက်လောက်ရပြီး သွေးစွမ်းအင် စုပ်ယူနိုင်ရင် ငါ အဆင့်တက်ပြီ”
သူ ဖြည်းဖြည်းချင်း မတ်တပ်ထရပ်၍ နောက်ထပ်ပစ်မှတ်အား တွေးနေသည်။
ထိုစဉ် ရုတ်တရက် အန္တရာယ်တစ်ခုခု ရှိသည်ဟု ခံစားမိ၏။
ထိုလူသည် အရှေ့မှ သွေးနီအကာအကွယ်ဖြင့် ခုခံရန် ပြင်လိုက်သည်။
ထို့နောက် ပြင်းထန်သောပေါက်ကွဲသံကြီး ကြားရ၏။
လိုဏ်ဂူဝင်ပေါက်ရှိ အကာအကွယ်မှာ ပျက်စီးနေလေပြီ။
လိုဏ်ဂူကြီး တုန်ခါ၍ အက်ကွဲကြောင်းများ ပေါ်လာသည်။
မျက်စိတစ်မှိတ်အတွင်း ပြင်ပမှ နေရောင်ခြည်များ သူ့မျက်နှာပေါ် ကျရောက်လာ၏။
ထို့နောက် ရေခဲတမျှ အေးစက်သော စွမ်းအင်ဖြင့် လက်သီးမှာ သူ့သွေးနီအကာအကွယ်ပေါ် ကျရောက်လာလေသည်။
ထိုလက်သီးနှင့်ထိသည်နှင့် အရာအားလုံး အေးခဲသွားသည်။
ဂျွတ်!
သွေးနီအကာအကွယ်သည် ရေခဲလက်သီးအင်အားကို ခံနိုင်ရည်မရှိဘဲ နေရာ၌ပင် ကျိုးကြေသွားလေ၏။
လက်သီးမှာတော့ အရှိန်မလျော့သွားဘဲ သက်လတ်ပိုင်းလူ၏ ရင်ဘက်အထိ ထိုးဖောက်လာသည်။
ထိုလူမှာ မျက်လုံးပြူးလျက် မယုံကြည်နိုင် ဖြစ်နေသည်။
“ငါ… မင်း ဘယ်သူလဲ”
နေရောင်ခြည်အောက်တွင် မီးတောက်မျက်နှာဖုံးဖြင့် ကျင့်ကြံသူမှာ ခပ်တည်တည်ပင်
“မိုးမုန်တိုင်းဂိုဏ်း ဒုတိယအကြီးအကဲ လုရန်… မင်းကို ငါ သတ်ဖို့လာတာ”
ဂျစ် ဂျစ်!
လုရန် ခန္ဓာကိုယ်တစ်ခုလုံး ရေခဲကြောင့် ခဲသွား၏။
ရှန်မို စိတ်ဝိညာဉ်စွမ်းအင်များ စုစည်း၍ နောက်တစ်ချက် ထိုးလိုက်သောအခါ လုရန်သည် ရေခဲအပိုင်းအစများအဖြစ် အစိတ်စိတ်အမွှာမွှာ ကွဲသွားတော့သည်။
“ဘာပဲဖြစ်ဖြစ် မြုတေဖွဲ့စည်းခြင်း ထိပ်ဆုံး ရောက်တော့မယ့် ကျင့်ကြံသူပဲကို… အဲ့လောက် လွယ်လွယ် သတ်နိုင်မယ်လို့ မထင်ထားဘူး”
ထို့နောက် လုရန်၏ သိုလှောင်လက်စွပ်ကို သိမ်းကာ ခေါင်းယမ်းမိသည်။
အမှန်တော့ လုရန် အားနည်း၍ မဟုတ်ပေ။ နတ်ရေစင်ဂိုဏ်းမှ အကြီးအကဲပင် သူ့လက်ထဲ သေသွားခဲ့ဖူးသည်။
“အင်း… မဆိုးပါဘူး… တောအုပ်ဓားသိုင်းအပိုင်းကို ရှာမတွေ့တာလည်း မဆန်းပါဘူး… သူ့ပိုင်ဆိုင်မှု ဖြစ်နေတာပဲ”
ရှန်မို သူ့သိုလှောင်လက်စွပ်ကို ရှာဖွေပြီးနောက် မထင်ထားသည့်ပစ္စည်းကို တွေ့ရလေသည်။
နားလည်ရန်လည်း ခက်ခဲ၏။
အစတွင် လောင်ရွှမ်ဟန် နတ်ဆိုးချပ်ဝတ်အား လိုက်ရှာနေခဲ့သည်။
လဝက်ခန့်အကြာ၌ ဆူးတောကိုဖြတ်ရင်း ရုတ်တရက် ဓားစွမ်းအင်ကိုတွေ့ကာ ရတနာရှာရန် ဆက်ရောက်လာသည်။
နောက်ဆုံးတွင် တောအုပ်ဓားသိုင်းအတွက် ရှောင်ဖန်နှင့် တိုက်ခိုက်မည် ဖြစ်သည်။ သို့သော် ရှန်မိုဘက်မှ အရင်ပေါ်လာသောကြောင့် လောင်ရွှမ်ဟန် ကိုယ်တိုင် ဆက်ရှာရန် မလိုတော့ချေ။
ထို့ကြောင့် ထိုအခွင့်အရေးမှာ လောင်ရွှမ်ဟန်နှင့် မဆိုင်တော့ပေ။
ဤသို့ဖြင့် ကံကြမ္မာသည် မိုးကြိုးမီးတောက်ဂိုဏ်း ဒုတိယအကြီးအကဲ လုရန်ထံ ရောက်သွား၏။ နောက်ပိုင်းတွင် သူပင် ရှောင်ဖန်အား သတ်နိုင်သည်။
“အဲ့တော့ ဒါက အလောင်းတွေဆီက သွေးစွမ်းအင် ယူရတဲ့ နတ်ဆိုးကျင့်စဉ်လား”
ရှန်မို ခေါင်းယမ်းမိ၏။
လုံထောင်းပြောသည့် သတင်းတွင်လည်း ထိုအကြီးအကဲမှာ နတ်ဆိုးကျင့်စဉ် မတော်တဆရ၍ ကျင့်ကြံရင်း အတောမသတ်နိုင်တော့ခြင်း ဖြစ်သည်။
“တစ်ယောက်ယောက် ကြည့်နေသလို ခံစားရတယ်… လုံထောင်းဖြစ်မယ်”
ရှန်မိုပြုံး၍ တွေးမိ၏။
သူ လုရန်အား တစ်ချက်တည်းအပြီး သတ်ပစ်နိုင်သည်ကိုတွေ့ကာ အလွန် ကြောက်ဒူးတုန်နေလေပြီ။
“ဆုလာဘ် ယူရမယ့်အချိန်ပဲ”
ရှန်မို အမြန်ပြန်သွားလေ၏။
…
“ဘာ… လုရန်ကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တယ် ဟုတ်လား”
ကျန်းမို ကြားရသော သတင်းကြောင့် လန့်ဖျပ်သွား၏။
သူ့ဘေးတွင် ပိုင်ကျီယွဲ့လည်း မျက်လုံးပြူးနေသည်။
လုရန်၏အင်အားအကြောင်း သူတို့ ကြားဖူးထားပါသည်။
ထိုကဲ့သို့ အကြီးအကဲကို နတ်ဆိုးချပ်ဝတ်မှ တစ်ချက်တည်းဖြင့် သတ်နိုင်သည်လား။
ထိုလူ လုရှင်းယွဲ့ကို သတ်ပြီးနောက် အင်အားပိုကြီးလာပုံ ရ၏။ ကျင့်ကြံမှုအရှိန်မှာလည်း အလွန်ကြောက်စရာပင်။
သူက ကောင်းကင်အဆင့် ခန္ဓာကိုယ်ရှိတာလား။
“သူ့ကို ဧည့်အကြီးအကဲ ခန့်မိတာ တကယ် မှန်သွားတာပဲ”
“ဒီနေ့ကစပြီး နတ်ဆိုးချပ်ဝတ်က နတ်ရေစင်ဂိုဏ်းရဲ့ အထက်ဆုံးဓား ဖြစ်လာလိမ့်မယ်”
လုံထောင်းမှလည်း ဝင်ဖားသည်။
“ခေါင်းဆောင်က အမြော်အမြင် ကြီးလှပါတယ်”
“တခြားတာဝန်တွေ ထပ်ပေးပြီး အခြေအနေ စောင့်ကြည့်ထား… ဒါပေမဲ့ အရမ်းလည်း ဖိအား မပေးလိုက်နဲ့ဦး”
“အကျိုးအမြတ်ကို ကောင်းကောင်းပေးလိုက်… သူ စိတ်ကွက်သွားလို့ မဖြစ်ဘူး”
ကျန်းမိုမှ အမိန့်ပေးလေသည်။
…
နောက်ပိုင်းလများတွင် ရှန်မိုတစ်ယောက် ချင်းရွှမ်ဂိုဏ်းထဲ၌ အခန်းပိတ် ကျင့်ကြံဟန်ဆောင်ကာ နတ်ဆိုးချပ်ဝတ်အဖြစ် နတ်ရေစင်ဂိုဏ်းမှ တာဝန်များကို ထမ်းဆောင်နေသည်။
ဤသို့ဖြင့် ရှားပါးရတနာများလည်း အလွယ်တကူ ရလာ၏။
နောက်ဆုံးတွင် အဆိပ်နွယ်ဂိုဏ်းမှ ပျောက်ဆုံးသည်မှာ ကြာပြီဖြစ်သော နွယ်စိမ်း ရတနာ (၈) သွယ် ကျင့်စဉ်၏ အပိုင်း (၂) နှင့် (၃) ကိုပါ ရလေသည်။ သို့သော် အရေးအသားမှာ လျှို့ဝှက်၍ အထူးဖတ်ရှုနည်းကို မတတ်လျှင် သင်ကြားရန် မလွယ်ပါ။
Chapter 155: နတ်ရေစင်ဂိုဏ်းမှ ဝင်ပါခြင်း
ထိုအချိန်တွင် ရှန်မိုမှာ သူ့ခြံထဲ၌ ကျင့်ကြံနေ၏။
သူ့ဘေးတွင် ကျောက်စိမ်းပုလင်းအလွတ် (၃) ဘူး ရှိလေသည်။
အထဲမှ အထူးအားဖြည့်ဆေးများအားလုံးကိုတော့ သောက်လိုက်ပြီး ဖြစ်၏။
ရှန်မို မျက်လုံးများ မှိတ်လျက်ပင် ခန္ဓာကိုယ်ထဲ စိတ်ဝိညာဉ်စွမ်းအင်များ စီးဝင်စေကာ ပတ်ဝန်းကျင်၌ အရှိန်အဝါများ လှိုင်းထလာသည်။
သူ အဆင့်တက်တော့မည်ဟု ထင်ရ၏။
ရုတ်တရက် အလင်းပွင့်သွားသလို ခံစားရပြီး အချိန်ကြာမြင့်စွာ အနှောင့်အယှက်ပေးနေခဲ့သော အတားအဆီး ပျက်စီးသွားသည်။
ဘုံး!
သူ့ခန္ဓာကိုယ်ထဲမှ ရွှေအမြုတေ ရုတ်တရက် ကျယ်ပြန့်ကာ စိတ်ဝိညာဉ်စွမ်းအင်များ ရေပန်းကဲ့သို့ အရှိန်ဖြင့် ထွက်လာသည်။
သူနှင့် မိုင် (၅၀) ပတ်လည်တွင် ဖုန်များထ၍ မြင်ကွင်းများ ဝေဝါးလာ၏။
ပိုးကောင်လေးများ၊ ငှက်များလည်း ကြောက်စရာ အရှိန်အဝါကို ခံစားမိကာ တုန်လှုပ်သွားကြသည်။
ဂိတ်တွင် စောင့်နေသော ချီစုစည်းခြင်း တပည့် (၂) ဦးမှာ ရင်ထဲ မွန်းကြပ်၍ တစ်ခုခုဖြင့် ဖိနှိပ်ထားသလို ခံစားနေရသည်။
ရှန်မို မျက်လုံးပွင့်လာကာ လေကို တဝကြီး ရှူရှိုက်၍ ပြုံးပျော်နေ၏။
“မြုတေဖွဲ့စည်းခြင်း ပြီးပြည့်စုံအဆင့်”
“ဆေး (၃) ပုလင်း ကုန်ပြီးတော့ နောက်ဆုံးတော့ အဆင့်တက်ပြီပဲ”
သူ ဖြည်းဖြည်းချင်း မတ်တပ်ထရပ်ကာ သိုင်းစဉ်အမျိုးမျိုးကို ဆက်လက်ကျင့်ကြံ၏။
ထို့နောက် အားလုံးပြီးသောအခါ သူ့အင်အားအသစ်ကို ချက်ချင်း ခံစားမိလေသည်။
“လက်ရှိအင်အားက ချင်းရွှမ်မှာ ယှဉ်ရမယ့်လူ မရှိဘူးပဲ”
“မူယုံးယွဲ့တောင် ငါ့ပြိုင်ဘက် မဖြစ်နိုင်တော့ဘူး”
“ရွှမ်ကျန်းဒေသမှာဆိုရင် ထိပ်တန်း (၅) ဂိုဏ်းက ခေါင်းဆောင်တွေနဲ့ပဲ စမ်းကြည့်မှ ရမယ်”
ရှန်မို ပြုံးမိ၏။
သို့သော် ထိုအခြေအနေကြောင့် သူ ဘဝင်မမြင့်ပါ။
စကားထဲ ထည့်ပြောနေရန်ပင် မလိုလှချေ။
သာမာန် တိုးတက်မှုတစ်ခုသာ ဖြစ်၏။
“ငါတွက်တာမှန်ရင် ဂိုဏ်းတစ်ရာစုဝေးပွဲပြီးတာ (၁) နှစ်ရှိပြီထင်တယ်”
“ရွှမ်ကျန်းရဲ့ ထိပ်တန်း (၅) ဂိုဏ်းကလွဲရင် ဂိုဏ်းငယ်တွေကတော့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြပြီ”
“လွန်ခဲ့တဲ့တစ်နှစ်က ပထမအဆင့်ဂိုဏ်းက (၁၂) ဂိုဏ်း ရှိခဲ့ပေမဲ့ အခုတော့ (၇) ဂိုဏ်းပဲ ကျန်တော့တယ်”
“ဒုတိယအဆင့်ဂိုဏ်းက ပိုများလာတယ်”
“ဒါပေမဲ့ ဂိုဏ်းကြီး (၅) ဂိုဏ်း လုံးဝ ဝင်မပါသေးဘူး… ဒါ ကျီရှီလုံ တွေ့ချင်တာတော့ မဟုတ်ဘူးပေါ့”
ရှန်မို တစ်ယောက်တည်း တွေးတောနေမိသည်။
“ချင်းရွှမ်ကတော့ အများကြီးတိုးတက်လာတယ်… ဂိုဏ်းကြီး (၅) ဂိုဏ်းပြီးရင် အင်အားအကြီးဆုံးပဲ”
“ကျီရှီလုံက အခြေအနေကို ပိုကျယ်ပြန့်ပြီး ဂိုဏ်းကြီး (၅) ခုကိုပါ ဝင်ပါစေချင်တာ… ကျန်းမိုကတော့ ချင်းရွှမ် အင်အားကြီးလာတာကို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး”
“တိုက်ပွဲကြီးတော့ နီးလာပြီ”
“ကျန်းမို နတ်ဆိုးချပ်ဝတ်ကို တစ်ခုခုခိုင်းဖို့ ပြင်နေလောက်ပြီ”
ရှန်မို ပြုံးကာ တွေးနေ၏။
…
လဝက်ခန့်အကြာတွင်။
ချင်းရွှမ်ဂိုဏ်းထဲ၌ အရေးပေါ် အချက်ပေးသံ ထွက်လာသည်။
ရှန်မိုသည် ဆေးသောက်၍ ကျင့်ကြံရန် ပြင်နေစဉ် ထိုအသံကြောင့် လန့်သွား၏။
“အကြီးအကဲ အစည်းအဝေးလား”
သူ ချက်ချင်း အစည်းအဝေးခန်းဆီ ထွက်လာသည်။
မှတ်မိသလောက် ဂိုဏ်းထဲတွင် အစည်းအဝေး မပြုလုပ်သည်မှာ (၆) လကျော် ရှိလေပြီ။
ပြင်ပရန်သူဂိုဏ်းများစွာလည်း ဖိနှိပ်ရှင်းလင်းထားပြီးဖြစ်၍ ပြဿနာ ကြီးကြီးမားမား မရှိခဲ့ချေ။
ယခု ဘာကိစ္စ ရှိလို့လဲ။
ရှန်မို အခန်းထဲ ရောက်သောအခါ မူယုံးယွဲ့ဘေးတွင် ဝင်ထိုင်လိုက်သည်။
မကြာမီ အခြားအကြီးအကဲများလည်း အားလုံး စုံသွား၏။
“မရောက်လာတဲ့သူတွေကို ထားလိုက်တော့… အခု အစည်းအဝေး စမယ်”
မူယုံးယွဲ့ အမူအရာမှာ တင်းမာနေသည်။
သူ လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် တံခါးများ ပိတ်သွား၏။
ဝေ့ရှောင်းထီမှ
“ခေါင်းဆောင် ဘာများဖြစ်လို့လဲ”
မူယုံးယွဲ့ မျက်မှောင်ကြုတ်ကာ
“နှင်းဂူကျသွားပြီ… စောင့်ကြပ်နေတဲ့ အကြီးအကဲတွေကိုလည်း နတ်ရေစင်ဂိုဏ်းက ဖမ်းသွားတယ်… တပည့်တွေ၊ အလုပ်သမားတွေဆို ဒဏ်ရာရတာရော၊ သေဆုံးတာတွေရောပဲ”
“ဘယ်လို”
အကြီးအကဲများ ဒေါသလည်းထွက် လန့်လည်းလန့်သွား၏။
ဂိုဏ်းကြီး (၅) ဂိုဏ်းထဲမှ နတ်ရေစင်ဂိုဏ်းမှာ ပေါ်တင် ပါဝင်လာလေပြီ။
“သူတို့က ဘာမှမပြောမဆိုနဲ့ တိုက်ရိုက် တိုက်ခိုက်လာတာလား”
ရှန်မို ပြန်မေးလိုက်၏။
မူယုံးယွဲ့ သက်ပြင်းချကာ
“ပြောတာတော့ သူတို့ဆီက ယင်ရွှယ်ကျဲက နှင်းဂူကို လာရင်း ပျောက်သွားတယ်တဲ့”
“ငါတို့ဘက်က ဖမ်းထားတာ ဒါမှမဟုတ် သတ်လိုက်တာ ဖြစ်မယ်ဆိုပြီး ပြောတာပဲ”
အကြီးအကဲများ ပိုဒေါသထွက်ကုန်သည်။
ဝေ့ရှောင်းထီမှ
“အလကား လျှောက်ပြောနေတာပဲ… ယင်ရွှယ်ကျဲတဲ့ ကြားတောင် မကြားဖူးဘူး”
“အရင်က နှင်းပျံဂိုဏ်းလည်း ဒီနည်းလမ်းမျိုး သုံးဖူးတယ်လေ… အဲ့လိုနဲ့ ငါးပျံဂိုဏ်းကို ဝင်တိုက်တာပေါ့”
စုန်းချောင်ဖုန် ဝင်ရှင်းပြသည်။
မူယုံးယွဲ့မှ
“ငါတို့ချင်းရွှမ် အများကြီး တိုးတက်လာတော့ နတ်ရေစင်ဂိုဏ်းကို ခြိမ်းခြောက်သလို ဖြစ်နေမှာပေါ့… သူတို့ ထိုင်မကြည့်နိုင်တော့ဘူးလေ”
“အမိန့်အတိုင်း ဆောင်ရွက်ပါ… ကျောက်မဲမြို့နဲ့ ငါးပျံမြို့က လူတွေခေါ်ပြီး နတ်ရေစင်ဂိုဏ်း နှင်းဂူဆီ ရောက်လာမှာကို စောင့်ကြပ်ပါ”
သူ လျှိုယွမ်ဖုန်တို့ဘက် လှမ်းကြည့်၍
“လက်ထောက်ခေါင်းဆောင်လျှိုနဲ့ အကြီးအကဲစုန်းတို့ အဲ့အဖွဲ့ကို ဦးဆောင်ပေးပါ”
“ဟုတ်ကဲ့ပါ”
စုန်းချောင်ဖုန်မှ တက်ကြွစွာဖြင့် ချက်ချင်း ပြန်ဖြေသော်လည်း လျှိုယွမ်ဖုန် ခဏတွေဝေနေပြီးမှ ခေါင်းငြိမ့်ပြ၏။
“ဒီနေ့ကစပြီး ချင်းရွှမ်ဂိုဏ်းဟာ စစ်ပွဲအတွက် အမြဲ အသင့်ပြင်ထားရမယ်”
“နတ်ရေစင်ဂိုဏ်း ကျူးကျော်မှုကို ခုခံမှုအတွက် ကြိုတွေးရမယ်”
“နားလည်ပါပြီ”
အကြီးအကဲများ တစ်ပြိုင်တည်း ပြန်ဖြေ၏။
အချို့မှာ ဒေါသကြောင့် မျက်နှာကြီးနီလျက် အချို့လည်း မှုန်မှိုင်းနေကြသည်။
“ခေါင်းဆောင် အခြေအနေက အရမ်းဆိုးလို့လား”
ရှန်မိုမှ မေးလိုက်၏။
မူယုံးယွဲ့ ပြုံး၍
“အခုပြောတာက ဟိုတစ်နေ့က ဖြစ်ခဲ့တဲ့အကြောင်းပါ”
ရှန်မို မျက်မှောင်ကြုတ်၍
“ဒီနေ့ကရော”
“ကျန်းမိုပြောတာတော့ ချင်းရွှမ်က ယင်ရွှယ်ကျဲကို ရှာပေးရမယ်တဲ့”
“ရှာမတွေ့ရင် မင်းကို အပ်ရမယ်တဲ့”
ရှန်မို တည်ငြိမ်စွာပင် တွေးနေသည်။
မူယုံးယွဲ့ သူ့လက်လေးကို လှမ်းကိုင်၍
“မိုရယ် မစိုးရိမ်ပါနဲ့… ဂိုဏ်းပျက်စီးသွားရင်တောင်၊ ငါ သေသွားရင်တောင် မင်းကို လုံးဝ မပေးဘူး”
“ကောင်းကင်ကြီး ပြိုကျရင်တောင် ကာကွယ်ပေးမှာမို့လို့ ဘာမှ စိတ်မပူနဲ့”
ရှန်မို ရင်ထဲ နွေးထွေးသွားသည်။
“သွားနားတော့လေ… မင်းအင်အားက မလုံလောက်သေးဘူး… ချင်းရွှမ်ကို ငါ ဆက်ထိန်းသိမ်းရဦးမယ်”
မူယုံးယွဲ့မှ ဆို၏။
“ဟုတ်ကဲ့ပါ”
ရှန်မို ဦးညွှတ်ကာ ထွက်သွားလေတော့သည်။
Chapter 156: မိုဟန်ရှန်နဲ့တွေ့ဖို့ ဘယ်အချိန်ရလဲ
ရှန်မို ထွက်သွားပြီးနောက် ရင်ထဲတွင် တဒိတ်ဒိတ် ခုန်နေ၏။
ထိုအခြေအနေကို ပြန်ဖျက်ရန် မခက်လှပါ။
သူကိုယ်တိုင်ပင် ပြုလုပ်ခဲ့သောကြောင့် ဖြစ်သည်။
ရှန်မို ဝါးတောခြံထဲ ရောက်လာပြီး ဆက်သွယ်ရေး ကျောက်စိမ်းပြားအား ထုတ်လိုက်သည်။
“ခေါင်းဆောင်လျှို ကျွန်တော် အရေးတကြီး ဆွေးနွေးစရာ ရှိပါတယ်”
ထိုစဉ် လျှိုမုန့်ဟူအသံ ချက်ချင်းထွက်လာ၏။
“ရှန်မိုရယ် ငါ မကူညီချင်လို့ မဟုတ်ပါဘူး… ဒါပေမဲ့ ငါ့အခြေအနေကလည်း ချည်ပြီးတုပ်ပြီး ဖြစ်နေတယ်”
“မိုးမုန်တိုင်းဂိုဏ်းကို ငါတစ်ယောက်တည်း အုပ်ချုပ်လို့မရတာ သိတယ်မလား… ငါ ကူညီချင်လည်း တခြားအကြီးအကဲတွေက သဘောတူမှာ မဟုတ်ဘူး”
ရှန်မို ပြုံးမိ၏။
မိုးမုန်တိုင်းဂိုဏ်းမှာ ယခုအခြေအနေထဲ ဝင်ပါချင်မည် မဟုတ်မှန်း တွေးထားပါသည်။
သူ ဆက်၍
“မဟုတ်ပါဘူး… မိုးမုန်တိုင်းဂိုဏ်းကို ချင်းရွှမ်ဂိုဏ်းဆီ ကူညီဖို့ ပြောမှာ မဟုတ်ပါဘူး”
“ကျွန်တော် အဆိပ်နွယ် ရတနာ (၈) ပါး စာအုပ် တွေ့ပြီလို့ ပြောမလို့ပါ”
“ခေါင်းဆောင်မိုဟန်ရှန်အနေနဲ့ ကျွန်တော်နဲ့ တွေ့ဖို့ စိတ်ဝင်စားမယ် ထင်တယ်”
“ဘာ… ဘယ်လို”
သူ မျက်လုံးပြူးကာ အလွန်လန့်သွား၏။
“ကျွန်တော် ထပ်ပြောရဦးမှာလား”
“ရှန်မို… ဒီလိုကိစ္စက လက်လွတ်စပယ် မပြောရဘူးနော်… အဲ့စာအုပ်ကို တကယ် ရှာတွေ့တာလား”
“ကျွန်တော် ပြောပြီးပြီလေ… အဲ့အတိုင်းသာ မိုဟန်ရှန်ကို ပြန်ပြောလိုက်”
ထို့နောက် စာအုပ်ထဲမှ စာပိုဒ်အချို့အား ရွတ်ပြလိုက်၏။ အဓိပ္ပာယ်ကို နားမလည်သော်လည်း ရွတ်ဖတ်နိုင်ပါသေးသည်။
လျှိုမုန့်ဟူ စိတ်ရှုပ်ထွေးသွားပြီး
“နေဦး အဆက်အသွယ် မဖြတ်လိုက်နဲ့… အခုပဲ ခေါင်းဆောင်မိုကို သွားတွေ့မယ်”
ထို့နောက် တစ်ဖက်မှ ခြေသံအချို့ ကြားရလေသည်။ ရှန်မိုလည်း ပြုံး၍ သတင်းကောင်းကို စောင့်နေ၏။
မကြာမီ လျှိုမုန့်ဟူ၏ လေးနက်သောအသံ ထွက်လာသည်။
“ခေါင်းဆောင်ငယ်ရှန် ခေါင်းဆောင်မိုက လူချင်း တွေ့ချင်ပါတယ်တဲ့ ဘယ်အချိန် အဆင်ပြေမလဲ”
ရှန်မို ရယ်မော၍
“မနက်ဖြန်ည၊ ကျောက်စိမ်းနက်တောင်”
ရှန်မို ချက်ချင်း ပြန်ဖြေလိုက်သည်။
“ကောင်းပါပြီ ခေါင်းဆောင်မိုကို အခုပဲ ပြောလိုက်ပါမယ်”
နောက်တစ်နေ့ည၊ ကျောက်စိမ်းနက်တောင်။
ရှန်မို ခပ်စောစော ကြိုရောက်နေ၏။
သူ့ခြေထောက်အောက် မီတာပေါင်းများစွာအနက်တွင် ကျောက်စပါးအုံးမြွေကြီး ရှိလေသည်။
သူ တစ်ချက် အချက်ပေးရုံဖြင့ ချက်ချင်းထွက်လာမည်ဖြစ်၍ ထိုနေရာမှာ သူ့အတွကိ လုံခြုံ၏။
အဆိပ်နွယ်ဂိုဏ်းမှ ရတနာ (၈) သွယ်ကျင့်စဉ်မှာလည်း အလွန်တန်ဖိုးကြီးသောကြောင့် မိုဟန်ရှန် မည်သို့ စိတ်ဖောက်မည်အား မခန့်မှန်းနိုင်ချေ။
ပူးပေါင်းမည်လား… လုယူမည်လား။
ခဏအကြာတွင် လူ (၂) ယောက် ရောက်လာကြသည်။
တစ်ဦးမှာ အရပ်မြင့်မြင့်နှင့် မိုဟန်ရှန်ဖြစ်ပြီး တစ်ဦးမှာတော့ ချောမောလှပသည့် သမီးဖြစ်သူ မိုယုဟုန်ပင်။
“နှစ်ယောက်လုံး လာတာလား”
ရှန်မိုပြုံး၍ နှုတ်ဆက်၏။
မိုဟန်ရှန်မှာ အရှိန်အဝါများ တောက်ပ၍
“ရှန်မို မင်းမှာ ရတနာ (၈) သွယ်ကျင့်စဉ်ရှိတာ တကယ်လား”
ရှန်မို တည်ငြိမ်စွာဖြင့်
“ခေါင်းဆောင်မို မိတ်ဆွေတစ်ယောက်ကို ဒီလိုပဲ ဆက်ဆံတာလား”
မိုဟန်ရှန် အံ့ဩသွား၏။
ဒီကောင်လေးက မြုတေဖွဲ့စည်းခြင်းထိပ်ဆုံးအဆင့်ကို မကြောက်ဘူးလား။
“အဖေရယ် ထားလိုက်ပါ… သူ့ကို အဲ့နည်းနဲ့ ခြိမ်းခြောက်လို့ မရဘူး… ရှန်မိုက ကြောက်မှာ မဟုတ်ဘူး”
မိုယုဟုန် ရယ်မော၍ ဝင်ပြောလိုက်၏။
မိုဟန်ရှန် ခေါင်းကုတ်ကာ အရှိန်အဝါများ လျှော့ချလိုက်ပြီး
“မင်းမှာ ဒီလိုကျင့်စဉ်ရှိတာ မယုံနိုင်သေးလို့ပါ”
“ပူးပေါင်းမယ်ဆိုရင်တော့ အစစ်ဟုတ်မဟုတ် အတည်ပြုမှ ဖြစ်မယ်”
သူ လေးနက်စွာပြော၏။
“ဒါပေါ့”
ရှန်မို ခေါင်းငြိမ့်ပြသည်။
ထို့နောက် လက်ယမ်းလိုက်သောအခါ စာရွက် (၃) ရွက် ထွက်လာသည်။
မိုဟန်ရှန် အမြန်လှမ်းယူ၍ ရင်နာစွာဖြင့်
“မင်း ဒီစာရွက် (၃) ရွက်ကို ဖြဲထားတာလား”
ရှန်မို ပုခုံးလေးတွန့်ပြ၍
“ကျွန်တော်တွေ့တည်းက အဲ့အတိုင်းပဲလေ”
မိုဟန်ရှန် ဆက်မပြောဘဲ စာရွက်များအား စစ်ဆေးကြည့်နေသည်။
မိုယုဟုန်မှ
“အဖေ တကယ်အစစ်လား”
မိုဟန်ရှန် ခဏငြိမ်နေပြီးမှ ခပ်တိုးတိုးဖြင့်
“လျှို့ဝှက်နည်းနဲ့ ဖတ်ကြည့်တာတော့ အမှန်ပဲ… ဒီလိုစာကြောင်းတွေကို အဆိပ်နွယ်ဂိုဏ်းဘိုးဘေးတွေပဲ တည်ဆောက်နိုင်တာ”
ထို့နောက် သားအဖနှစ်ဦး ရှန်မို့ကို ကြည့်လိုက်သည်။
မိုဟန်ရှန်မှ
“ချင်းရွှမ်ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို နားလည်ပါတယ်… မင်း ဘာလိုချင်လဲလည်း သိတယ်”
“ဒါပေမဲ့ အရေးကြီးကိစ္စတစ်ခုကို ဒီစာရွက်လေး (၃) ရွက်တည်းနဲ့ မရင်းနိုင်ဘူး”
ရှန်မိုမှ
“စာအုပ်ရဲ့ ဒုတိယပိုင်းမှာ စာမျက်နှာ (၃၈) ခု ရှိတယ်… အခု လိုချင်ရင် (၁၀) ရွက် ပေးဖတ်လို့ရတယ်”
“ကျန်တဲ့အပိုင်းတွေကတော့ အားလုံးပြီးမှပဲ ပေးမယ်”
သူ တစ်အုပ်လုံး ချက်ချင်းပေးရလောက်အောင်အထိ မအပါ။
မိုဟန်ရှန် မျက်လုံးပြူးကာ
“မင်း ဒုတိယပိုင်းလည်း တကယ် ရထားတာလား”
“တကယ်ပေါ့”
“ခေါင်းဆောင်မို အဆိပ်နွယ်ဂိုဏ်းရဲ့သမိုင်းကို မချိုးဖျက်ချင်ဘူးလား”
“ခေါင်းဆောင်သာ ဒီကျင့်စဉ်ရသွားရင် သမိုင်းထဲက နာမည်မှာ ခေါင်းဆောင်မိုလည်း ပါလာမှာနော်”
မိုဟန်ရှန် အလွန်စိတ်လှုပ်ရှားနေမိသည်။
သူ ခဏစဉ်းစားပြီးနောက်
“ကောင်းပြီလေ… ငါတို့ဘက်က ဘာကူညီပေးရမလဲ”
ရှန်မို ပြုံး၍
“လောလောဆယ်တော့ နယ်စပ်မှာပဲ တပ်တွေ ချထားပါ”
“အဆိပ်နွယ်ဂိုဏ်းဝင်ပါတာကို ပြလိုက်ရင် မခန့်မှန်းနိုင်တာတွေ ဖြစ်လိမ့်မယ်”
မိုဟန်ရှန် သေချာစဉ်းစား၍ သဘောတူလိုက်သည်။
“အဆင်ပြေပြီနော်… ငါ ဂိုဏ်းပြန်ရောက်တာနဲ့ စီစဉ်လိုက်မယ်”
ရှန်မို နှုတ်ဆက်၍ ထွက်သွားလေသည်။
“ယုဟုန် အစတည်းက သူ့ဆီက လုလိုက်ရင် ရနေပြီကို… ဘာလို့ တားလိုက်တာလဲ”
မိုယုဟုန် ခေါင်းယမ်းကာ
“မပြောတတ်ဘူး… ဒီအတိုင်း ခံစားမိနေတာ”
“ရှန်မို ဒီကို တစ်ယောက်တည်း လာရဲတယ်ဆိုတာ အားကိုးတစ်ခုခုတော့ ရှိရမယ်”
“ဒီတောင်မှာ ဝှက်ဖဲတစ်ခုခု ရှိတာမျိုးပေါ့”
“နောက်ပြီး ဒီအခွင့်အရေးမှာ နတ်ရေစင်ဂိုဏ်း အားနည်းအောင် အတူလုပ်ရမယ်”
မိုယုဟုန် မျက်လုံးအရောင်လေးတောက်၍ ပြော၏။
“ထိပ်တန်း (၅) ဂိုဏ်းက ချင်းရွှမ်ကို သားကောင် လုပ်ပြီး ပြိုင်နေကြတာ… အရင်ကျရှုံးတဲ့ဂိုဏ်း မဖြစ်ဖို့ အရေးကြီးတယ်”
“ရှန်မို့မှာ ခိုင်မာတဲ့အနာဂတ်ရှိတယ်လို့ ယုံတယ်… သူနဲ့ ပေါင်းထားတာက အကျိုးရှိမှာပါ”
မိုဟန်ရှန် ခေါင်းကုတ်ရင်း
“ဟုတ်ပါပြီ… ဦးနှောက်အပိုင်းမှာတော့ နင့်ကို ယှဉ်လို့မရပါဘူး”
“ပြန်ရအောင်… စီစဉ်စရာတွေ မြန်မြန် စီစဉ်ရမယ်”