← Chapters

အခန်း (၁၅၇-၁၅၉)

Vol. 11 Ch. 157-159

အခန်း (၁၅၇-၁၅၉)

Vol. 11 Ch. 157-159

Chapter 157: ရေခဲနဂါး ဘယ်မှာလဲ

ဆီးနှင်းမြို့၊ မြို့စားမင်းအိမ်တော်။

ကျန်းမို တင်ပျဉ်ခွေထိုင်၍ ကျင့်ကြံနေသည်။

ပိုင်ကျီယွဲ့ သူ့ဘေးတွင် ရပ်နေ၏။

ရုတ်တရက် အလင်းရောင်တစ်ခု ကောင်းကင်တွင် ပေါ်လာပြီး ကျန်းမိုဘေးသို့ ကျရောက်လာသည်။

ထိုလူမှာ နတ်ဆိုးချပ်ဝတ်နှင့် ဆက်သွယ်ရန် တာဝန်ပေးထားသည့် လုံထောင်း ဖြစ်၏။

“ခေါင်းဆောင် ကိစ္စကြီး ဖြစ်ပါပြီ”

လုံထောင်း အလောတကြီး ပြောလေသည်။

ကျန်းမို မျက်မှောင်ကြုတ်ကာ

“ဘာတွေ အရေးကြီးနေတာလဲ… အမူအရာ ပျက်ရလောက်အောင်အထိ”

လုံထောင်းမှ

“မြုတေဖွဲ့စည်းခြင်း (၂၀) က နတ်ရေစင်ဂိုဏ်း အနောက်မြောက်ဘက်ပိုင်းကို ရုတ်တရက် ရောက်လာပါတယ်… ပုံစံကတော့ မိုးမုန်တိုင်းဂိုဏ်း အကြီးအကဲတွေရဲ့ ဝတ်ရုံနဲ့ပါ”

“ဘာ”

ကျန်းမို လန့်ဖျပ်၍ မတ်တပ်ထရပ်ကာ မျက်မှောင်ကြုတ်နေသည်။

သူ ပတ်ဝန်းကျင်ဂိုဏ်းများ၏ အခြေအနေကို နားလည်ပါသည်။

မိုးမုန်တိုင်းဂိုဏ်းမှာ ထိပ်တန်းအဆင့်ထဲ ပါသော်လည်း အနည်းငယ် အားနည်းလေသည်။

သူတို့၏ မြုတေဖွဲ့စည်းခြင်းအဆင့် အားလုံး ပေါင်းလျှင်ပင် (၂၅) ယောက်သာ ရှိ၏။

မည်သို့ ရုတ်တရက် နယ်စပ်ကို ရောက်လာသနည်း။

မိုးမုန်တိုင်းဂိုဏ်းဝတ်ရုံ ဝတ်ထားသော်လည်း မိုးမုန်တိုင်းဂိုဏ်းမှ မဖြစ်နိုင်။

“အဆိပ်နွယ်ဂိုဏ်းက ဖြစ်လိမ့်မယ်”

“ဒါပေမဲ့ အဆိပ်နွယ်ဂိုဏ်းက ချင်းရွှမ်ကို ဘာလို့ ကူညီတာလဲ”

ကျန်းမို မျက်မှောင်ကြုတ်ကာ တွေးနေ၏။

သူ စုံစမ်းမိသလောက် သူတို့ချင်း မိတ်ဖက်ဟူ၍ မကြားဖူးပါ။

မိုးမုန်တိုင်းဂိုဏ်းနှင့် ချင်းရွှမ်သာ ပတ်သက်မှု ရှိသည်။

နှင်းပျံဂိုဏ်းကို တိုက်ခိုက်စဉ်က စည်းလုံးသွားခြင်း ဖြစ်၏။

“အဆိပ်နွယ်ဂိုဏ်းက သတိထား စောင့်ကြည့်နေရင်းနဲ့ ဘာလို့ ရုတ်တရက် ပါလာတာလဲ”

ကျန်းမို ဟိုဘက်လျှောက်လိုက်၊ ဒီဘက်လျှောက်လိုက်ဖြင့် နားမလည်နိုင် ဖြစ်နေ၏။

ချင်းရွှမ်တွင် မည်သို့သော ရတနာရှိ၍ မိုဟန်ရှန် စိတ်ဝင်စားသွားသနည်း။

“ဒီကိစ္စကို လွှတ်ထားလို့ မဖြစ်ဘူး”

“ငါ့အမိန့်ကို ပြန်ပြောလိုက်… မြို့အနီးအနားမှာ မြုတေဖွဲ့စည်းခြင်းအဆင့် (၂၀) အစောင့်ချထားလိုက်လို့… မိုးမုန်တိုင်းဂိုဏ်းကိုလည်း သတိထား”

“လူမလောက်ရင် မြစ်ဖြူဂိုဏ်းက အင်အားထည့်ပေးမယ် ပြောလိုက်”

ကျန်းမိုမှ ဆို၏။

“ဟုတ်ကဲ့ပါ”

လုံထောင်း နှုတ်ဆက်ကာ ပြန်သွားလေသည်။

“ဆရာမ ဒါဆို ချင်းရွှမ်ဂိုဏ်းကို ရှင်းဖို့ လူနည်းနည်းပဲ ရှိတော့တာပေါ့နော်”

ပိုင်ကျီယွဲ့မှ မေး၏။

“နောက်ပြီး မူယုံးယွဲ့က မြုတေဖွဲ့စည်းခြင်းထိပ်ဆုံး ရောက်ပြီလို့ ကြားတယ်… သူနဲ့ တိုက်ခိုက်ရင် သရေလောက် ဖြစ်နိုင်တယ်မလား”

ကျန်းမို ယုံကြည်ချက်အပြည့်ဖြင့်

“ကျီယွဲ့ရယ် ငါ ဘာလို့ဆီးနှင်းမြို့ကို အရင်တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့လဲ သိလား”

ပိုင်ကျီယွဲ့ စဉ်းစားပြီးနောက်

“ကျွန်တော်တွေးမိတာတော့ အနားမှာ နှင်းဂူရှိလို့ထင်တယ်”

“နှင်းပယင်း ထွက်တာက တန်ဖိုးကြီးတာပေါ့… ဒါပေမဲ့ အဲ့လောက်တော့ အရေးမကြီးဘူး”

ကျန်းမို ပြုံး၍

“မဟုတ်သေးဘူး အရေးကြီးတယ် အရမ်းအရေးကြီးတယ်”

“ဒီနေ့ နှင်းဂူက်ို သွားသိမ်းပိုက်ကြမယ်”

“အဲ့ဒါဆို မူယုံးယွဲ့ ဘယ်အဆင့်ရောက်ရောက် စိုးရိမ်စရာမလိုတော့ဘူး”

…

ထိုညတွင် ကျန်းမို တွေးထားသည့်အတိုင်း ချင်းရွှမ်ဂိုဏ်းမှာ နှင်းဂူမှ ထွက်ခွါရန် ဆုံးဖြတ်ကြသည်။

နတ်ရေစင်ဂိုဏ်းသည် လိုဏ်ဂူကို မတိုက်ခိုက်ရဘဲ အနိုင်ရသွား၏။

ကျန်းမိုမှ လုံထောင်းနှင့် အကြီးအကဲများအား ဝင်ပေါက်ကို စောင့်ရန် မှာထားပြီး သူနှင့် ပိုင်ကျီယွဲ့မှာ အထဲတွင် နေ၏။

ထိုနေရာမှာ ပဉ္စမအလွှာဖြစ်ပြီး နှင်းဂူ၏ အနက်ဆုံးအပိုင်းလည်း ဖြစ်သည်။

ကျန်းမို၏ အကာအကွယ်ဖြင့် ပိုင်ကျီယွီမှာ အရမ်းမချမ်းဘဲ ပတ်ဝန်းကျင်ကို ကောင်းကောင်း လေ့လာနိုင်၏။

သူ နားမလည်နိုင်စွာဖြင့်

“ဆရာမ ဒီမှာ တစ်ခုခု ရှိလို့လား”

ကျန်းမို မျက်မှောင်ကြုတ်ကာ

“တစ်ခုခု မှားနေတယ်… ဒီမှာ အအေးဓာတ်စွမ်းအင်က အရမ်း မပြင်းထန်ဘူး ဖြစ်နေတယ်”

ပိုင်ကျီယွဲ့မေးခွန်းကို ချက်ချင်း ပြန်မဖြေဘဲ (၅) လွှာ၏ အလယ်သို့ လျှောက်သွားသည်။

ထိုနေရာတွင် ကြီးမားသော အပေါက်ကြီး ဖြစ်နေ၏။

(၅) လွှာတွင် အအေးဓာတ် ပိုကဲသောကြောင့် မြုတေဖွဲ့စည်းခြင်းအဆင့်သာ ရှာတွေ့နိုင်သည်။

ထို့ကြောင့် ချင်းရွှမ်ကျင့်ကြံသူများ မတွေ့ခဲ့လောက်ဟု ထင်၏။

“ဒီလောက်ကြီးတဲ့ အပေါက်ကြီးလား”

ပိုင်ကျီယွဲ့ မှင်တက်၍ ငုံ့ကြည့်မိသည်။ လုံးဝ ဗလာကျင်း၍ ဘာမှ မရှိပေ။

ကျန်းမို အပေါက်ထဲ ဆင်းသွားကြည့်ရင်း အောက်ခြေအထိ ရောက်သွားသည်။

“ရေခဲနဂါးရော”

“ဒီလောက်ကြီးတဲ့ ရေခဲနဂါးက ဘယ်ရောက်သွားတာလဲ”

ကျန်းမို မျက်လုံးပြူး၍ ဟိုဟိုဒီဒီ လိုက်ရှာသည်။

သို့သော် မြေပြင်ပေါ်၌ ရေခဲနဂါးရှိခဲ့သော အမှတ်အသားသာ ကျန်ခဲ့၏။

လက်ဝါးအရွယ်ခန့် အကြေးခွံရှိနေသည်။

ပတ်ဝန်းကျင်မှ နှင်းများလည်း အရည်ပျော်နေ၏။

“အဆင့် (၆) နတ်ဆိုးသားကောင် ရေခဲနဂါးလား”

ပိုင်ကျီယွဲ့ မျက်လုံးပြူးကာ ချက်ချင်း နားလည်သွားသည်။

ကျန်းမို ယုံကြည်ချက်ရှိနေခဲ့သည်မှာ မဆန်းပေ။

အဆင့် (၆) သားကောင်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အစွမ်းထက်လွန်း၏။

သို့သော် ယခုတော့…

ကျန်းမိုအမူအရာအရ တစ်ခုခု မှားနေမှန်း သိသာသည်။

“ဆရာမ…”

ကျန်းမို သက်ပြင်းချ၍ ခြေထောက်များ ယိုင်သွားသည်။

ပိုင်ကျီယွဲ့ အမြန်လှမ်း၍ ထိန်းပေးလိုက်ရ၏။

“ဒီမှာ ရေခဲနဂါး ရှိရမှာလေ… အခု မတွေ့တော့ဘူး”

ကျန်းမို မြေပြင်ကို စိုက်ကြည့်၍ ပြောသည်။

သူ၏ တစ်ချိန်က စူးရှထက်မြက်သော အကြည့်များမှာ ယခုတော့ ရှုပ်ထွေးဝမ်းနည်းနေ၏။

“ချင်းရွှမ်ဂိုဏ်းက ယူသွားတာများလား”

ပိုင်ကျီယွဲ့ မေးလိုက်သည်။

ကျန်းမို ခေါင်းယမ်း၍

“မဖြစ်နိုင်ဘူး… ရေခဲနဂါး သိမ်းထားတဲ့နေရာက အရမ်း လုံတယ်… အဲ့လို လွယ်လွယ်တွေ့မှာ မဟုတ်ဘူး”

“သူတို့တွေ့သွားရင်တောင် ရေခဲ အရည်ပျော်ဖို့ ဆယ်စုနှစ်နဲ့ချီပြီး ကြိုးစားရမှာ”

ပိုင်ကျီယွဲ့ မျက်မှောင်ကြုတ်နေမိ၏။

“အနည်းဆုံး အကြေးခွံတစ်ခုတော့ ကျန်ပါသေးတယ်”

ကျန်းမို ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“ရေခဲနဂါးအကြေးခွံကလည်း အရမ်း အစွမ်းထက်တာ”

သူ ကျန်ခဲ့သော အကြေးခွံကို ငေးကြည့်ရင်း ပြောသည်။

“ဆရာမ ကျွန်တော်တို့ အု ဘာဆက်လုပ်ကြမလဲ”

ပိုင်ကျီယွဲ့မှ မေး၏။

ကျန်းမိုမှ

“ယင်ရွှယ်ကျဲ အလောင်းရော”

“အခုထိ ဘယ်သူမှ မတွေ့သေးပါဘူး”

“ရှန်မို ဘာကျင့်စဉ်သုံးလဲ သိတယ်မလား”

“ဟုတ်ကဲ့ သိပါတယ်”

ကျန်းမို တည်ငြိမ်စွာဖြင့်

“အလောင်းမှာ အမှတ်အသား သေချာလုပ်နော်… ရှန်မိုမှန်း သိသာအောင်… ပြီးရင် သူများတွေ ရှာတွေ့အောင် ပြင်လိုက်တော့”

“ကျွန်တော် မိုးကြိုးမီးတောက်ဂိုဏ်းကို ခေါ်လိုက်ပါမယ်”

“သူတို့ရဲ့ သစ္စာဖောက် လုရန်ကို ရှင်းပေးထားတော့ အကြွေးကျန်နေတယ်လေ”

“နားလည်ပါပြီ”

ပိုင်ကျီယွဲ့ တရိုတသေ ပြန်ဖြေလိုက်သည်။

…

နောက်တစ်နေ့တွင်။

အလွတ်တန်းကျင့်ကြံသူတစ်ဦး ဆီးနှင်းမြို့ အနီး၌ ယင်ရွှယ်ကျဲအလောင်းကို ရှာတွေ့ပြီး နတ်ရေစင်ဂိုဏ်းထံ အကြောင်းကြားလာသည်။

အလောင်းတွင် မီးလောင်ထားသော ဒဏ်ရာများ ရှိ၏။

ထိုအခါ ယင်ရွှယ်ကျဲအား ရှန်မိုသတ်သည်ဟု နတ်ရေစင်ဂိုဏ်းမှ သတင်းလွှင့်လိုက်သည်။

ထိပ်တန်း (၅) ဂိုဏ်းထဲမှ ခေါင်းဆောင်ငယ်သည် ချင်းရွှယ်နယ်ထဲ သေဆုံး၍ ချင်းရွှမ်ဘက်ကို ဖြေရှင်းချက်ပေးရန် တောင်းလာ၏။

ဂိုဏ်းထဲမှ အကြီးအကဲများပင် ကိုယ်တိုင် ပြန်သတ်သည်ဟု မထင်ထားကြပေ။

ကျန်းမိုနှင့် ယင်ရွှယ်ကျဲတို့မှာ အတော်လေး ရင်းနှီးမှု နက်ရှိုင်းသည်ဟု သိထားလေ၏။

Chapter 158: ရှေးခေတ်စည်းမျဉ်း

“ကျွန်တော်က ယင်ရွှယ်ကျဲကို သတ်တာလား”

သတင်းများကြားပြီးနောက် ရှန်မို မထိန်းနိုင်ဘဲ ရယ်မောမိ၏။

လွန်ခဲ့သော ရက်များက နတ်ရေစင်ဂိုဏ်းမှရသော ရတနာများနှင့် ကျင့်ကြံမှုတိုးတက်စေရန် ကြိုးစားနေခဲ့သည်။

ထိုကဲ့သို့ ဘာမဟုတ်သည့်လူတစ်ယောက်ကို ဘာကြောင့် သတ်ရမည်နည်း။

နတ်ရေစင်ဂိုဏ်းမှ ပြောလာသော အကြောင်းပြချက်မှာ ယုတ္တိမရှိပေ။

ရှန်မို ထိုကိစ္စကို ဂရုမစိုက်ဘဲ ဆက်လက်ကျင့်ကြံလေ၏။ အမြန်ဆုံး အဆင့်တက်ရန်သာ အရေးကြီးသည်။

ချင်းရွှမ်မှ အစပိုင်း ဆုံးရှုံးမှုများမှာ အစောင့်အကြပ်ကြောင့် ဖြစ်သည်။

အမှန်တော့ သူတို့ချင်း အင်အား သိပ်မကွာလှပါ။ ထို့အပြင် အဆိပ်နွယ်ဂိုဏ်းမှလည်း ဖိအားပေးနေ၍ နတ်ရေစင်ဂိုဏ်းအနေဖြင့် လက်လွတ်စပယ် မပြုမူရဲပေ။ မိုးကြိုးမီးတောက်ဂိုဏ်းနှင့်ပေါင်းမှ အနည်းငယ်သာ အသာစီး ရနိုင်သည်။

ဤသို့ဖြင့် နတ်ရေစင်ဂိုဏ်းမှာ ထိပ်တန်း (၅) ဂိုဏ်းတွင် အားအလွန်နည်းကာ နှိမ်နင်းခံရနိုင်သည်။

ကျန်းမိုလည်း ထိုအခြေအနေကို မလိုချင်ဆုံး ဖြစ်သည်။

ရှန်မို စောင့်ကြည့်နေ၏။

ကျန်းမို မကြာမီ နတ်ဆိုးချပ်ဝတ်၏ အကူအညီကို ယူပါလိမ့်မည်။

…

(၃) ရက်အကြာတွင် ကျောက်မဲမြို့မှာ နတ်ရေစင်ဂိုဏ်းလက်အောက်သို့ ကျရောက်သွား၏။

(၄) ရက်မြောက်နေ့တွင် ချင်းရွှမ်မှ ပြန်လည်သိမ်းယူပြီး (၆) ရက်မြောက်နေ့၌ ငါးပျံမြို့အား မိုးကြိုးမီးတောက်ဂိုဏ်း ဝင်စီးသည်။

(၈) ရက်အကြာ၌ ချင်းရွှမ်နှင့် မိုးမုန်တိုင်းဂိုဏ်းတို့ ပူးပေါင်းကာ ငါးပျံမြို့ကို ပြန်ရခဲ့သည်။

(၁၀) ရက်မြောက်နေ့တွင်တော့ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွါးနေပြီး အဖြေမပေါ်သေးပေ။

ရွှမ်ကျန်းဒေသတစ်ခုလုံး ထိုတိုက်ပွဲကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

သို့သော် လဝက်မျှအကြာအထိ တိကျရှင်းလင်းသော ရလဒ် မထွက်လာသေး။

နတ်ရေစင်ဂိုဏ်းမှ အနည်းငယ်မျှသာ ပိုသာ၍ ပွဲမှာ ပို၍ စိတ်ဝင်စားစရာကောင်းလေသည်။

ထို့အပြင် ချင်းရွှမ်ဂိုဏ်း၏ ခုခံအားစနစ်ကြောင့်လည်း ဂိုဏ်းအသီးသီးမှ လေးစားသဘောကျနေ၏။ တစ်ချိန်က ဒုတိယအဆင့်ဂိုဏ်းသာ ဖြစ်ခဲ့ရာမှ ယခု ရွှမ်ကျန်း၏ ထိပ်တန်း (၅) ဂိုဏ်းထဲ ပါဝင်သူကို ယှဉ်နိုင်နေလေပြီ။

…

မြစ်ကြီးမြို့၊ အစိုးရရုံး။

ကျီရှီလုံမှာ လက်နောက်ပစ်လျက် တောင်ဘက်ပိုင်းသို့ ငေးကြည့်နေသည်။

ဘေးတွင် လောင်ရွှမ်ဟန်တစ်ယောက် ငြိမ်သက်စွာ ရပ်၍ တိုက်ပွဲအကြောင်း တင်ပြနေလေ၏။

အစအဆုံး နားထောင်ပြီးနောက် ကျီရှီလုံ ရယ်မော၍

“နတ်ရေစက်ဂိုဏ်း ဪ နတ်ရေစင်ဂိုဏ်း… ဒီလို အရည်အချင်းလောက်နဲ့များ နတ်ဓားဂိုဏ်းလက်အောက်ကထွက်ပြီး ထိပ်တန်း (၅) ဂိုဏ်းရဲ့ ခေါင်းဆောင် ဖြစ်ချင်နေသေးတယ်”

“မင်းနဲ့ ကျန် (၄) ဂိုဏ်းရဲ့ အင်အားက အရမ်းကွာတယ်လေ”

“ဘာပဲဖြစ်ဖြစ် သူ့လက်အောက်က ဂိုဏ်းကြီးတွေလည်း ဖျက်ဆီးခံထားရတော့ ခံနိုင်ရည်ရှိဖို့ မလွယ်ဘူး”

ကျီရှီလုံ ခေါင်းတငြိမ့်ငြိမ့်ဖြင့် တွေးနေ၏။

“ကျန်းမိုတော့ အခုချိန် စိုးရိမ်နေလောက်ပြီ… ထူးထူးခြားခြား အောင်မြင်မှုမျိုး မရှိသေးဘူးလေ”

အပေါ်ယံတော့ အဆိပ်နွယ်ဂိုဏ်းနှင့် မိုးကြိုးမီးတောက်ဂိုဏ်းတို့မှာ နှစ်ဖက်စလုံးကို ကူညီနေပုံပေါ်သော်လည်း အမှန်တွင် ထိုဂိုဏ်းများ အားနည်းသွားမည့်အချိန်ကို စောင့်နေခြင်း ဖြစ်၏။

“နတ်ဓားဂိုဏ်းနဲ့ တက်နေဝန်းဂိုဏ်းလည်း ဒီလိုအတွေး ရှိမှာပဲ”

“အခု ငါတို့ ဝင်ပါဖို့ အချိန်ကောင်းပဲ”

ကျီရှီလုံ ပြုံး၍ ပြောမိ၏။

လောင်ရွှမ်ဟန် တရိုတသေဖြင့်

“အရှင် ဖြစ်စေချင်တာကိုသာ ပြောပါ”

ကျီရှီလုံ တည်ငြိမ်စွာဖြင့်

“ကျန်းမိုကို လက်ဆောင်ပေးလိုက်ပါ… သူ ကျေးဇူးတင်ပါလိမ့်မယ်”

“ဒါပေမဲ့ ငါ သူ့ဆီက ကတိတစ်ခု လိုချင်တယ်”

“ချင်းရွှမ်ဂိုဏ်းကို ရှင်းပြီးရင် အစိုးရရုံးကိုလာပြီး အလုပ်အကျွေး ပြုရမယ်လို့”

လောင်ရွှမ်ဟန် ခေါင်းငြိမ့်ပြ၍

“ဘာပစ္စည်း ပို့ပေးလိုက်ရမလဲအရှင်”

“ရေခဲကြာပွင့် ပို့လိုက်ပါ”

လောင်ရွှမ်ဟန် တစ်ချက် တွန့်သွားပြီး

“အဲ့ဒါက အရှင် ခြေတည်ဝိညာဉ်အဆင့်တက်ဖို့ ချန်ထားတာမလား”

ကျီရှီလုံ ရယ်မော၍

“ရွှမ်ကျန်းမှာ ရှုပ်နေတဲ့ဂိုဏ်းကို ရှင်းလိုက်ရင် ရပြီလေ… ရေခဲကြာပွင့်လောက်ကတော့ ဘာစိုးရိမ်စရာ ရှိလဲ”

လောင်ရွှမ်ဟန် သူ့ကို လေးစားစွာ ကြည့်နေမိ၏။

သူ့တွင် ရည်မှန်းချက်ကြီးစွာ ရှိသည်။

ကျီရှီလုံမှ ဆက်၍

“နောက်ပြီး ထပ်ပြောပေးပါဦး”

“ငါတို့ အစိုးရရုံးအနေနဲ့ ရွှမ်ကျန်း ပျက်စီးတာကို မတွေ့ချင်ဘူးလို့… ဂိုဏ်းတွေချင်း မတည့်ရင်း အရင်ခေတ်လို အသေအကြေ တိုက်ပွဲဝင်ပြီး အောင်နိုင်သူကို ရှာကြ”

“ဒီလိုဆို နှစ်ဖက်စလုံး အကျိုးရှိတယ်”

လောင်ရွှမ်ဟန် မျက်လုံးအရောင်လေး လက်၍

“နားလည်ပါပြီ… ကျွန်တော် အခုပဲ သွားလိုက်ပါမယ်”

…

ဆီးနှင်းမြို့။

လောင်ရွှမ်ဟန် ကျန်းမိုဘေးတွင် ရပ်နေ၏။

“မြို့စားမင်းဆီက စာနဲ့ လက်ဆောင် လာပါတယ်”

ကျန်းမို မျက်မှောင်ကြုတ်ကာ

“ဘာများလဲ”

လောင်ရွှမ်ဟန် သူ့သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းဘူးလေးအား ထုတ်လိုက်၏။

ဘူးမှာ လက်မောင်းအရှည်ခန့်ရှိပြီး အထဲမှ ရေလှိုင်းသံအချို့ ကြားနေရသည်။

ကျန်းမို ဖွင့်ကြည့်လိုက်ပြီး ချက်ချင်း မျက်လုံးပြူးသွားတော့၏။

“ရေခဲကြာပွင့်လား”

“ဟုတ်ပါတယ်… မြို့စားမင်းကို ယုနယ်အရှင်က ပေးခဲ့တာပါ… အခု ခေါင်းဆောင်ကျန်းကို လက်ဆောင်အဖြစ် ပေးပါမယ်”

ကျန်းမို မျက်လုံးအရောင်လက်၍

“ကောင်းတာပေါ့… မြို့စားမင်းကျီကို ကျေးဇူးတင်လိုက်တာ… ပြောတာတွေလည်း သေချာ မှတ်ထားပါ့မယ်”

လောင်ရွှမ်ဟန် နှုတ်ဆက်ကာ ပြန်ထွက်လာသည်။

ထို့နောက် ပိုင်ကျီယွဲ့ ကျန်းမိုအနားကပ်ကာ

“ဆရာမ ရေခဲကြာပွင့်က ဘာကြီးလဲ… အရေးကြီးလို့လား”

“ဒါ ကျင့်ကြံမှုအတွက် အရမ်းကောင်းတာလေ… မြေအဆင့် ရတနာပဲ”

“နောက်ပြီး ရေခဲစွမ်းအင်ပါတော့ ငါ့ခန္ဓာကိုယ်ပုံစံနဲ့ အတော်ပဲ”

“ဒါနဲ့သာဆို လုံးဝ တိုးတက်လာမှာ… မူယုံးယွဲ့တော့ လုံးဝ ယှဉ်နိုင်တော့မှာ မဟုတ်ဘူး”

ပိုင်ကျီယွဲ့ လန့်ဖျပ်၍

“ဂုဏ်ယူပါတယ်… ချင်းရွှမ်ကို အပြီးရှင်းဖို့က နည်းမည်းလောက်ပဲ လိုပါတော့တယ်”

ကျန်းမို ခေါင်းငြိမ့်ပြ၏။

“ကဲ အခုတော့ အသေအကြေတိုက်ခိုက်ရင်း သူတို့ဘက်က ရှန်မို့ကို အပ်လာအောင် လုပ်ရမှာပေါ့”

“ဟုတ်ပါတယ် ဒီနည်းနဲ့ဆို အများအမြင်လည်း မဆိုးတော့ဘူး”

“အင်း… ငါ ရေခဲကြာပွင့်ကို မွမ်းမံလိုက်ဦးမယ်… အပြင်မှာ စောင့်နေနော်”

“ဟုတ်ကဲ့ပါ”

နောက်တစ်နေ့တွင် တိုက်ပွဲ ပိုမိုပြင်းထန်လာပြီး ရှေးခေတ်စည်းမျဉ်းများအတိုင်း အသက်ရှင်ကျန်သူမှာ အောင်နိုင်သူအဖြစ် သတ်မှတ်တော့မည် ဖြစ်သည်။

Chapter 159: တိုက်ပွဲကြီး စတင်ခြင်း

ဂျစ် ဂျစ် ဂျစ်!

ရှန်မို ခြံထဲတွင် ကျင့်ကြံနေစဉ် ရုတ်တရက် ဆက်သွယ်ရေးကျောက်စိမ်းပြားမှ တုန်ခါလာ၏။

ရှန်မို အမြန် ယူကြည့်လိုက်သည်။

“နတ်ဆိုးချပ်ဝတ် ပညာရှင်… ကျွန်မ ကျန်းမိုပါ”

ရှန်မို ရယ်မောလိုက်မိသည်။

နောက်ဆုံးတော့ ထိုင်မစောင့်နိုင်တော့ဘူးပဲ”

“ခေါင်းဆောင်ကျန်း ဘာကိစ္စများ ရှိလို့လဲ”

ရှန်မို ပြန်ဖြေလိုက်၏။

“ငါတို့ နတ်ရေစင်ဂိုဏ်းနဲ့ ချင်းရွှမ်တို့ တိုက်ပွဲဖြစ်နေတာ ကြားပြီးရောပေါ့”

“ဟုတ်ကဲ့ပါ”

“အင်း… အခု အသေအကြေတိုက်ပွဲ ဖြစ်နေပြီ… ရီင်ကျန်တဲ့ဂိုဏ်းက အနိုင်ရမှာ… အဲ့ဒါ နတ်ဆိုးချပ်ဝတ်လည်း ဝင်ပါဖို့ မျှော်လင့်ပါတယ်”

“ရှင့်အင်အားနဲ့ဆိုရင် ချင်းရွှမ်မှာ ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်ဘူး”

ရှန်မိုပြုံး၍

“အသေအကြေတိုက်ပွဲလား… အန္တရာယ်များမယ့်ပုံပဲ”

“ခေါင်းဆောင်ကျန်း ကျွန်တော် ဒီလောက် အန္တရာယ်ရှိတာတော့ အဆင်ပြေပါ့မလားပဲ”

ကျန်းမိုမှ

“ရှင် ဘာလိုချင်တာလဲ”

ရှန်မို ရယ်မောကာ

“ခြေနည်ဝိညာဉ် တည်ဆောက်နိုင်မယ့် ရတနာ”

ကျန်းမို ငြိမ်နေ၏။

ခဏအကြာမှ

“ခြေတည်ဝိညာဉ် တည်ဆောက်နိုင်တဲ့ရတနာတွေ အများကြီးပဲလေ… ဘယ်ဟာကို လိုချင်တာလဲ”

ရှန်မို စာအုပ်ထဲတွင် တွေ့ဖူးသည်များအား ပြော၏။

“သက်ရှည်ပန်းပွင့်၊ မီးချယ်ရီကြာပန်း၊ နှင်းနက်ပန်း…”

“ဒီရတနာတွေက အရမ်းရှားတာလေ… နတ်ရေစင်ဂိုဏ်းမှာတောင် မရှိဘူး”

ကျန်းမို ပြန်ပြောလိုက်သည်။

“ဒါပေမဲ့ မီးချယ်ရီကြာပန်း ဘယ်မှာရှိလဲတော့ သိတယ်”

“မိုးကြိုးမီးတောက်နယ်မြေထဲမှာ မီးတောင်တစ်ခု ရှိတယ်… အဲ့မှာပေါက်တာ”

“ကျွန်မက မိုးကြိုးမီးတောက်ဂိုဏ်းနဲ့ ရင်းနှီးတော့ အဆင်ပြေမှာပါ”

“ကောင်းပြီလေ… ရတနာရရင် ကျွန်တော် ဝင်ပါပေးပါမယ်”

ရှန်မို ရယ်မောကာ ပြော၏။

ကျန်းမို မျက်မှောင်ကြုတ်၍

“ရှင် ရတနာယူပြီး ထွက်မပြေးသွားပါဘူးလို့ ဘယ်လို ယုံရမှာလဲ”

ရှန်မို နှာခေါင်းရှုံ့ကာ

“ခေါင်းဆောင်ကျန်းဘက်က အရင်စရမှာပဲလေ… ကျွန်တော်လိုတာ မပေးနိုင်ရင် ချင်းရွှမ်ဂိုဏ်းကို သွားရုံပဲ… မူယုံးယွဲ့တော့ ပျော်နေတော့မှာ”

ကျန်းမို ငြိမ်သွားပြန်သည်။

“ကောင်းပြီလေ… အလွန်ဆုံး (၂) ရက်အတွင်း ပို့ပေးလိုက်မယ်”

“ဟုတ်ပြီ… သတင်းကောင်း မျှော်နေမယ်နော် ခေါင်းဆောင်ကျန်း”

အဆက်အသွယ် ရပ်လိုက်ပြီးနောက် ရှန်မို အလွန်ပျော်ရွှင်ကျေနပ်နေတော့သည်။

လက်ညှိုးတစ်ချောင်းတောင် လှုပ်စရာမလိုဘဲ ရတနာ ရလာတော့မှာပဲ။

…

နှစ်ရက်အကြာတွင်။

အမှန်ပင် ရှန်မို ရတနာ ရလာ၏။

အလွန်ပူပြင်းသည့် အပူချိန်၊ ပြင်းထန်သည့်ဖိအားဖြင့်သာ ပွင့်နိုင်သော မီးချယ်ရီကြာပန်း ဖြစ်သည်။

မိုးကြိုးမီးတောက်ဂိုဏ်းထဲမှ မီးတောင်တွင် ပေါက်သောကြောင့် အမြဲခူးနိုင်သော်လည်း မြေအဆင့် ရတနာဖြစ်၍ ကြီးထွားချိန် ကြာသည်။

ပေါက်ရောက်ရန် နှစ်တစ်ရာကြာပြီး ဆက်လက် ကြီးထွားရန် နှစ်တစ်ရာ ထပ်ကြာသည်။

ထို့ကြောင့် မိုးကြိုးမီးတောက်ဂိုဏ်းအနေဖြင့် အလွယ်တကူ ရောင်းချလေ့ မရှိချေ။

ကျန်းမိုမှ ဈေးကြီးပေးဝယ်ကာ အခြားတောင်းဆိုမှု အချို့ပါ လိုက်လျောခဲ့ရသည်။

ရှန်မိုမှာတော့ မည်သည့်ဈေးဖြစ်နေပါစေ စိတ်မဝင်စားပေ။

ရတနာရပြီးသည်နှင့် သူ့အခန်းတွင် စတင်ကျင့်ကြံတော့သည်။

ဤသို့ဖြင့် အချိန် (၃) ရက် ကုန်သွား၏။

…

ဆူးတော၊ ကျားခေါင်းတောင်တန်း။

ထိုအချိန်တွင် တောင်တန်းတစ်ဝိုက်၌ လူအများ ရောက်ရှိနေကြသည်။

အချို့မှာ သစ်ကိုင်းပေါ်၌၊ အချို့ တောင်ထိပ်ပေါ်၌ထ အချို့လည်း တိမ်ယံများကြား၌ ရှိလေသည်။

ရွှမ်ကျန်း၏ ဒေသအသီးသီးမှ ရောက်လာသူများဖြစ်ပြီး ထိပ်တန်း (၅) ဂိုဏ်းမှ ကိုယ်စားလှယ်များလည်း ပါဝင်သည်။

ကျောက်ချင်းကန်၊ ဟုန်ချီလုံ၊ ဝမ်ရန်ကျဲတို့ကဲ့သို့ ပါရမီရှင်များလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြ၏။

ယနေ့ စုဝေးရောက်ရှိနေခြင်းမှာ နှစ်တစ်ရာတွင် တစ်ကြိမ်သာ တွေ့နိုင်သော ဂိုဏ်းများကြားမှ တိုက်ပွဲကြီးအား စောင့်ကြည့်ရန် ဖြစ်သည်။

ကျောက်ထင်တို့အဖွဲ့လည်း လူအုပ်ကြား ရောက်နေ၏။

ကျောက်ရူ တစ်နေရာကို လက်ညှိုးထိုးပြ၍

“ဟိုမှာကြည့်ဦး… အနီနဲ့အပြာ ဝတ်ရုံဝတ်ထားတာ မိုးကြိုးမီးတောက်ဂိုဏ်းကမလား”

“တကယ် ဟုတ်နေတာပဲ”

ကျောက်ထင် ခေါင်းငြိမ့်ပြ၏။

လောင်ရှန်နန်မှ

“ဟိုဘက်လည်း ကြည့်ဦး… တက်နေဝန်းဂိုဏ်းနဲ့ နတ်ဓားဂိုဏ်းကလည်း ရောက်နေတယ်… ဟိုတစ်ယောက်က လက်ထောက်ခေါင်းဆောင် ဝူယန်ကန်လေ… သူကိုယ်တိုင်လာမယ်လို့ မထင်ထားဘူး”

“ထိပ်တန်းဂိုဏ်းကြီးတွေကပါ လာတာပဲ”

ကျောက်ထင် သက်ပြင်းချမိ၏။

“အစ်ကို အသေအကြေတိုက်ပွဲဆိုတာ တစ်ဖက်က သေမှ ပြီးဆုံးမှာမလား… ကျွန်မ စိုးရိမ်လိုက်တာ”

ကျောက်ရူ မျက်နှာငယ်ဖြင့် ဆိုသည်။

ကျောက်ထင် ခေါင်းယမ်းလျက်

“မလိုပါဘူး… တစ်ဖက်က အရှုံးပေးလိုက်ရင်လည်း ပွဲပြီးပါတယ်… ဒါပေမဲ့ အဲ့လိုလုပ်ဖို့က စောင့်ကြည့်နေတဲ့ မျက်လုံးတွေ တအားများတော့ အသက်ရှင်သွားရင်တောင် နောက်ပိုင်း ကျင့်ကြံမှုတိုးတက်ဖို့မလွယ်ဘူး”

ကျောက်ရူ ခေါင်းငြိမ့်မိကာ

“ဒီတိုက်ပွဲကြီးမှာ ဘယ်သူပါမယ် ထင်လဲဟင်”

ကျောက်ထင် တစ်ခုခု ပြောရန်ပြင်ပြီးမှ ခေါင်းယမ်းပြလိုက်သည်။

“အဲ့ဒါက ပြောနေစရာတောင် မလိုပါဘူး… တွေးကြည့်ရင် သိသာတာပဲကို”

ရှောင်ဖန်မှ ရုတ်တရက် ဝင်ပြော၏။

လောင်ရှန်နန်၊ ကျောက်ထင်နှင့် ကျောက်ရူတို့ မျက်နှာပျက်ကာ ဦးညွှတ်လျက်

“အကြီးအကဲရှောင်”

ရှောင်ဖန် ပြုံး၍

“ငါတို့ချင်းရွှမ်က လွှတ်မယ့် (၃) ယောက်က အင်အားအကြီးဆုံးတွေပဲ… တွေးကြည့်လို့ ရမှာပါ”

“ခေါင်းဆောင်မူယုံးယွဲ့၊ ခေါင်းဆောင်ငယ်ရှန်နဲ့ အကြီးအကဲ စုန်းချောင်ဖုန်ပေါ့”

လောင်ရှန်နန်တို့ အချင်းချင်း ကြည့်မိ၏။

ခေါင်းဆောင်နှင့် အကြီးအကဲမှာ အင်အားကြီးသည်ဟု ထင်ရှားသော်လည်း ရှန်မိုမှာတော့… အသက်လည်း ငယ်လွန်းသေး၏။ ခံနိုင်ရည်ရှိပါ့မလား။

ရှောင်ဖန်မှ ဆက်၍

“နတ်ရေစင်ဂိုဏ်းဘက်က (၃) ယောက်ကတော့ မသိသေးဘူး… ခေါင်းဆောင်ကျန်းနဲ့ အကြီးအကဲ လုံထောင်းပဲ သေချာတယ်”

ကျောက်ရူ စိတ်ပူသွားပြီး

“နတ်ဆိုးချပ်ဝတ်က သူတို့ဆီမှာ ဧည့်အကြီးအကဲဆို… သူပါလာရင် ဘယ်လိုလုပ်မလဲ”

ရှောင်ဖန် ခေါင်းယမ်း၍

“နတ်ဆိုးချပ်ဝတ်က အလွတ်တန်းကျင့်ကြံသူပါ… ဂိုဏ်းနှစ်ခုကြားက ပြဿနာကို ရှောင်မှာပဲ”

“နောက်ပြီး ကျန်းမို နတ်ဆိုးချပ်ဝတ် ကျေနပ်လောက်အောင် ဆွဲဆောင်နိုင်ပါ့မလားပေါ့”

ကျောက်ထင်တို့လည်း သဘောတူကာ ခေါင်းငြိမ့်ကြသည်။

သူတို့ ရှောင်ဖန့်ကို မကြိုက်သော်လည်း ယခုတစ်ခါတော့ ထောက်ခံမိကြ၏။

ရုတ်တရက် ရှောင်ဖန် မြောက်ဘက်ကောင်းကင်ကို လှမ်းကြည့်ကာ

“နတ်ရေစင်ဂိုဏ်းကလူတွေ ရောက်လာကြပြီ”

လေထဲတွင်။

ကျန်းမို အလင်းတန်းတစ်ခုအဖြစ် ကျားခေါင်းတောင်ထိပ်ပေါ် ဆင်းသက်လာသည်။

သူ့အရှေ့တွင်တော့ မူယုံးယွဲ့ ရပ်နေလေ၏။

“ခေါင်းဆောင် မူယုံးယွဲ့ မတွေ့ရတာ ကြာပြီနော်… ပိုတောင် လှလာသေးတယ်”

ကျန်းမို ပြုံး၍ ပြော၏။

မူယုံးယွဲ့ သူ့ကိုကြည့်ရင်း ကြက်သီးထသွားသည်။

“ခေါင်းဆောင်ကျန်းက ပိုတိုးတက်လာတာပဲကိုး”

“အမြင်ကောင်းသားပဲ”

ကျန်းမို ရယ်မောကာ ပြန်ဖြေသည်။

“ကဲ ခေါင်းဆောင်ကျန်းဘက်က (၃) ယောက်က ဘယ်သူလဲ”

အားလုံး နတ်ရေစင်ဂိုဏ်း၏ ရွေးချယ်မှုကို စိတ်ဝင်စားနေကြသည်။

ကျန်းမို ပြုံးကာ

“အားလုံး အသင့်ပါပဲ… ကဲ တက်လာခဲ့ကြတော့”

ထိုအခါ သူ့ဘေးသို့ အလင်းတန်းနှစ်ခု ကျရောက်လာသည်။

လုံထောင်းနှင့် မြုတေဖွဲ့စည်းခြင်းထိပ်ဆုံး ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ထိုလူမှာ မီးတောက်မျက်နှာဖုံးတစ်ဝက်ကို ဝတ်ဆင်ထား၏။

ရွှမ်ကျန်းနယ်တွင် နတ်ဆိုးချပ်ဝတ်ဟု သိထားသူ ဖြစ်လေသည်။

ကျန်းမို ပြုံးကာ

“ဒါ ကျွန်မတို့ နတ်ရေစင်ဂိုဏ်းက ပါဝင်မယ့် (၃) ယောက်ပါ”

ထိုစကားဆုံးသည်နှင့် အားလုံး ဆူညံပွက်လောရိုက်သွားတော့သည်။

All Chapters