← Chapters

အခန်း (၁၆၀-၁၆၂)

Vol. 11 Ch. 160-162

အခန်း (၁၆၀-၁၆၂)

Vol. 11 Ch. 160-162

Chapter 160: ရှန်မို ထွက်ပြေးသွားတာလား

ကျင့်ကြံသူများမှာ နတ်ဆိုးချပ်ဝတ်ကို တွေ့သည်နှင့် လန့်ဖျပ်ကုန်သည်။

“နတ်ဆိုးချပ်ဝတ်က ဧည့်အကြီးအကဲအဆင့်ပဲကို… ကျန်းမို ဘယ်လိုရတနာတွေပေးလိုက်လို့ ဝင်ပါလာတာလဲ”

“နတ်ဆိုးချပ်ဝတ်အရည်အချင်းနဲ့ ဒီလိုပွဲမှာပါဖို့ မလွယ်ဘူး… နောက်ဆုံးတော့ အကျိုးအမြတ်နောက် လိုက်တာပါပဲ”

“သူက အရမ်းအင်အားကြီးတာနော်… မူယုံးယွဲ့တောင် မယှဉ်နိုင်လောက်ဘူး”

“ကြားထားသလောက်တော့ သူ့အင်အားက အနည်းဆုံး မြုတေဖွဲ့စည်းခြင်းထိပ်ဆုံး ရှိတယ်… ကြောက်စရာပဲ”

ကျင့်ကြံသူများမှာ နတ်ဆိုးချပ်ဝတ်အား လှမ်းကြည့်ရင်း အချင်းချင်း ဝေဖန်ပြောဆိုနေကြသည်။

အချို့မှာ ရွှမ်ကျန်းမြောက်ပိုင်းမှလာသောကြောင့် နတ်ဆိုးချပ်ဝတ်အကြောင်း သေချာ မသိကြသေး။ ယခု ကြားမှ အလွန်မှင်တက်နေ၏။

ဒီလိုလူက အသေအကြေတိုက်ပွဲမှာ ဝင်ပါမယ်တဲ့… ချင်းရွှမ်ဂိုဏ်းအတွက် အခွင့်အရေး ဘယ်ရှိတော့မလဲ။

မူယုံးယွဲ့ မျက်နှာပျက်သွားသည်အား ကျန်းမို လှမ်းတွေ့ပြီး ကျေနပ်သွားသည်။

“ချင်းရွှမ်ဘက်က ပါမယ့်သူတွေကရော… မရောက်သေးဘူးလား… နောက်ဆုံးအချိန်မှ ထွက်ပြေးကုန်တာလား”

သူ မူယုံးယွဲ့အနောက်ကိုကြည့်လိုက်သောအခါ စုန်းချောင်ဖုန်တစ်ဦးသာ တွေ့ရ၍ ပြောခြင်းဖြစ်၏။

မူယုံးယွဲ့ သက်ပြင်းချကာ

“ရှန်က ခဏနေ လာပါလိမ့်မယ်… မလောနဲ့လေ”

ထိုစဉ် လူတစ်ယောင် အလောတကြီး သူ့အနားရောက်လာသည်။

အကြီးအကဲလီ ဖြစ်၏။

အကြီးအကဲလီ မျက်နှာပျက်လျက် ခပ်တိုးတိုး ကပ်ပြော၏။

“ခေါင်းဆောင်ငယ် ပျောက်နေပါတယ်… ခြံထဲရော၊ တောင်တန်းတစ်ခုလုံးရော ရှာပေမဲ့ မတွေ့တော့ဘူး”

မူယုံးယွဲ့ တုန်လှုပ်သွားပြီး

“ဘာ”

သူ အကြီးအကဲလီကို ခပ်လှမ်းလှမ်းသို့ ဆွဲခေါ်သွား၏။

ကျန်းမိုမှာ ထိုမြင်ကွင်းကို ကျေနပ်စွာ ကြည့်နေလေသည်။

“ဘယ်လိုဖြစ်တာလဲ… ရှန်က ဘယ်ရောက်သွားတာလဲ”

သူ ထပ်မေးမိ၏။

အကြီးအကဲလီ ခေါင်းယမ်းကာ

“သူ ပျောက်သွားပါတယ်… ဧကန္တ…”

သူ စကားကို ဆက်မပြောရဲပေ။

မူယုံးယွဲ့ အလိုလို ရေရွတ်မိ၏။

“သူ ထွက်သွားပြီ…”

အကြီးအကဲလီမှ အမြန်ဝင်ထိန်း၍ ပြော၏။

“မဟုတ်တာ… ခေါင်းဆောင်ငယ်က အဲ့လိုလူ မဟုတ်ပါဘူး… သူ တစ်ခုခု ကြုံနေတာဖြစ်မယ်… တစ်နေရာရာမှာ ကျင့်ကြံရင်း အချိန်ကို သတိမထားမိတာမျိုးပေါ့”

မူယုံးယွဲ့ သက်ပြင်းချ၍

“ဟုတ်တယ်နော်”

“ကျင့်ကြံသူတွေဆိုတာ တစ်ခါတစ်လေ ကျင့်ကြံမှုကို အာရုံစိုက်ရင်း အချိန်တွေ မေ့နေတတ်တယ်… သူ့အမှား မဟုတ်ပါဘူးလေ”

အကြီးအကဲလီမှ

“ခေါင်းဆောင်ငယ်နေရာမှာ ဘယ်သူ့ကို ထည့်မလဲဟင်”

မူယုံးယွဲ့ ခဏစဉ်းစား၍

“စောင့်ကြည့်သေးတာပေါ့… သူ့အလှည့်ကျတဲ့အထိ မရောက်လာမှ ဝေ့ရှောင်းထီကို ခေါ်လိုက်မယ်… အစတည်းက သူဝင်ပါမယ် ပြောသေးတယ်… ကျွန်မက ငြင်းထားတာ”

“နားလည်ပါပြီ”

ထို့နောက် သူ ရုတ်တရက် ရယ်မော၍

“အမှန်တော့ ကျွန်မ စိတ်အေးသွားတယ် သိလား”

အကြီးအကဲလီ နားမလည်နိုင်စွာဖြင့်

“ဘာလို့လဲ”

“ရှန် ဒီပွဲမှာ မပါရင် အသက်ရှင်နေမှာတော့ သေချာတယ်လေ”

“သူ့ဆရာမအနေနဲ့ သူသေတာကို ဘယ်လိုလုပ် ထိုင်ကြည့်နိုင်မှာလဲ”

“တကယ်ပါပဲ…”

အကြီးအကဲလီလည်း စိတ်မကောင်း ဖြစ်သွား၏။

ကျင့်ကြံသူများမှာ ချင်းရွှမ်ဘက်မှ ပါဝင်သူများကို ကြည့်၍ အံ့ဩနေပြန်သည်။

“ဘာဖြစ်တာလဲ… ချင်းရွှမ်က ခေါင်းဆောင်ငယ် ရှန်မိုရော”

“ရှန်မိုက အင်အားကြီးတယ်လို့ ကြားထားတာ… သွေးမြစ်ဂိုဏ်းက ဖုန်လဲ့ရှန်ကိုတောင် သတ်ဖူးတယ်လေ”

“တကယ် နားမလည်တော့ဘူး… ချင်းရွှမ်က သူ့အခွင့်အရေးသူ လျှော့ချနေတာပဲ”

တစ်ဖက်တွင် ချင်းရွှမ်အကြီးအကဲများလည်း မျက်မှောင်ကြုတ်မိ၏။

ရှောင်ဖန်ပင် အံ့ဩသွားပြီး

“ရှန်မိုရော… သူတိုက်ခိုက်တာပဲ ဖြစ်သင့်တာလေ”

ကျောက်ထင်တို့လည်း အချင်းချင်း ကြည့်မိသည်။

“သူ ထွက်ပြေးသွားတာလား… အကြီးအကဲလီ ခုနက လာတယ်လေ… တစ်ခုခု ဖြစ်နေပြီထင်တယ်”

ထိုအသံကြောင့် လှည့်ကြည့်လိုက်ရာ လျှိုယွန်းရွှမ် ဖြစ်လေ၏။

လောင်ရှန်နန် သူ့ကို စိုက်ကြည့်၍

“ဘာတွေပြောနေတာလဲ… ရှန်မို့ကို သိက္ခာလိုက်ချမနေနဲ့”

ကျောက်ရူလည်း မျက်လုံးလေးပြူးလျက်

“ရှင့်ကို ဘယ်သူက အဲ့လို ပြောခွင့်ပေးထားလို့လဲ”

လျှိုယွန်းရွှမ် နှာခေါင်းရှုံ့ကာ ငြိမ်သွားသည်။

အခြားအကြီးအကဲများလည်း စိတ်ထဲတွင် ရှုပ်ထွေးနေကြသည်။

အကြီးအကဲလီ လာရောက်၍ ခပ်တိုးတိုး ကျိတ်ပြောသွားသည်ကို အားလုံး တွေ့ထား၏။

တစ်ခုခု ပြဿနာရှိ၍သာ ရုတ်တရက် ပြိုင်ပွဲဝင် ပြောင်းလဲခြင်း ဖြစ်မည်။ မဟုတ်လျှင် ယခုလို ထူးဆန်းမှုများ ဖြစ်လာမည် မဟုတ်ပါ။

ချင်းရွှမ်တစ်ဂိုဏ်းလုံး စိုးရိမ်စိတ်များ မြင့်တက်လာ၏။

ထို့နောက် တီးတိုးဝေဖန်ပြောဆိုသံများမှတစ်ဆင့် ရှန်မို ထွက်ပြေးသွားသည်ဟူသော သတင်းမှာ အားလုံးသို့ ပျံ့နှံ့သွားလေသည်။

ကျန်းမိုနှင့် လုံထောင်းတို့ပင် ပြန်ကြားရ၏။

ကျန်းမို နှာခေါင်းရှုံ့လျက်

“မူယုံးယွဲ့ ရှင့်တပည့်ကတော့ အဲ့လောက်လည်း ထူးထူးခြားခြား မဟုတ်ဘူး ထင်ပါတယ်”

“ဒီလို ခက်ခဲနေတဲ့အချိန်မှာ ဂိုဏ်းကိုပစ်ပြီး ကိုယ်လွတ်ရုန်းထွက်ပြေးသွားတယ်ဆိုတော့”

လုံထောင်းလည်း ရယ်မော၍

“ဂိုဏ်းက သွေးကွဲပြီး ခေါင်းဆောင်ငယ်ဆိုတာလည်း ထွက်ပြေးသွားပြီတဲ့… ဒီလိုဂိုဏ်းမျိုး ရှိသင့်သေးရဲ့လား”

“ဒီလောက်နဲ့ပဲ ချင်းရွှမ်ကို နတ်ရေစင်ဂိုဏ်းဆီ ပူးပေါင်းပါမယ်လို့ အညံ့ခံလိုက်ပါလား ခေါင်းဆောင် မူယုံးယွဲ့ရယ်”

မူယုံးယွဲ့မှာ တည်ငြိမ်လျက်ပင်

“ရှန်က ထွက်ပြေးတာ မဟုတ်ဘူး… သူက အဲ့လိုလူ မဟုတ်ဘူး”

“သူ ရောက်မလာတဲ့အကြောင်းကို မသိဘူး… သိလည်း မသိချင်ဘူး”

“သူ့ဆရာမအနေနဲ့ ကိုယ့်ရှေ့မှာသေတာကို မမြင်ချင်ဘူး”

ကျန်းမို ရုတ်တရက် ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားကာ တပည့်ဖြစ်သူ ယင်ရွှယ်ကျဲအား သတိရသွား၏။

သူနှင့် ယင်ရွှယ်ကျဲလည်း ဆရာတပည့်ဆက်ဆံရေး ဖြစ်သည်။

ထို့နောက် မျက်နှာပျက်၍

“ကဲ မဟုတ်တာတွေ ပြောမနေနဲ့တော့ စလိုက်ကြမယ်”

ထို့နောက် မဲစနှိုက်ရန် ဝါးချောင်းများအား လှုပ်ခါ၍ တစ်ချောင်းရွေးလိုက်သည်။

လုံထောင်း ဖြစ်၏။

“ပထမပွဲမှာ နတ်ရေစင်ဂိုဏ်းက ပါဝင်မယ့်သူကတော့ လုံထောင်း ဖြစ်ပါတယ်”

ကျန်းမို တည်ငြိမ်စွာ ပြော၏။

မူယုံးယွဲ့ဘက်မှလည်း ဝါးချောင်းတစ်ချောင်း ဆွဲယူလိုက်ရာ စုန်းချောင်ဖုန်နာမည် ပါလာသည်။

ထိုကဲ့သို့ မဲနှိုက်ခြင်းဖြင့် ကံကြမ္မာအပေါ်တွင်သာ ပို၍ မူတည်တော့သည်။

ဝှစ် ဝှစ်!

အားလုံး ဖယ်ပေးလိုက်ကြပြီး ကျားခေါင်းတောင်ထိပ်တွင် စုန်းချောင်ဖုန်နှင့် လုံထောင်းသာ ကျန်ခဲ့လေသည်။

Chapter 161: ငါ ဘယ်လောက် အင်အားကြီးလဲ မသိသေးပါဘူး

မူယုံးယွဲ့ မသွားခင် စုန်းချောင်ဖုန်အနားကပ်၍ ခပ်တိုးတိုးပြော၏။

“အကြီးအကဲစုန်း မနိုင်တော့ရင် ဒီအတိုင်း အရှုံးပေးလိုက်ပါ… ရှင့်ကို ဒီပွဲအတွက် သေတာမျိုး မဖြစ်စေချင်ဘူး”

အသေအကြေတိုက်ပွဲဟု ဆိုသော်လည်း မဖြစ်မနေ တစ်ဦးသေမှ ပွဲရပ်မည်မျိုး မဟုတ်ချေ။ တစ်ဖက်မှ အညံ့ခံလာလျှင် ပွဲပြီးပါသည်။

သို့သော် လူအများအရှေ့တွင် အရှုံးပေးရန်မှာ ရှက်စရာကောင်းလွန်း၏။

ထို့ကြောင့် ငကြောက်အဖြစ် ရှင်သန်ရမည့်အစား အသေခံလိုက်တတ်ကြသည်။

“ခေါင်းဆောင် ကျွန်တော် သေချာပေါက် နိုင်မှာပါ”

စုန်းချောင်ဖုန် ယုံကြည်ချက်အပြည့်ဖြင့် ပြော၏။

မူယုံးယွဲ့ ပြုံးကာ

“ကောင်းပါပြီ ရှင့်ကို ယုံပါတယ်”

ထိုအချိန်တွင် စုန်းချောင်ဖုန် လက်ဖဝါးတွင် ချွေးစေးများ ထွက်လျက်ရှိ၏။

လုံထောင်းမှာတော့ လက်နောက်ပစ်၍ ယုံကြည်ချက်ရှိနေသည်။

“စုန်းချောင်ဖုန် မင်းကို မြင်ဖူးနေတဲ့ရင်းနှီးမှုနဲ့ ပြောလိုက်မယ်… အခု အညံ့ခံရင် မင်းကို မသတ်တော့ဘူး”

စုန်းချောင်ဖုန် နှာခေါင်းရှုံ့ကာ

“တိုက်ပွဲကဖြင့် မစသေးဘူး… ဘာလို့ အညံ့ခံရမှာလဲ”

ထို့နောက် သူ ဓားကို ဆွဲထုတ်လိုက်သည်။

ရွှမ်!

ဓားချက်မှာ ရေစိတ်ဝိညာဉ်စွမ်းအင် စီးဆင်း၍ အလင်းရှည်ကြီး ထွက်လာသည်။

ထို့နောက် လုံထောင်းအား ပြင်းထန်စွာ ခုတ်ချလိုက်၏။

လုံထောင်းမှာ ရယ်မော၍

“အားနည်းလိုက်တာကွာ”

သူလည်း ဓားကိုထုတ်ကာ အပြာရောင်အလင်းတန်းတစ်ခု ထွက်လာသည်။

ဓားအလင်းနှစ်ခု ထိခိုက်မိကာ ရေစက်ပေါက်များ ဖြာကျလာ၏။

ချွင်!

စုန်းချောင်ဖုန် (၁၀) ပေကျော်ခန့် လွင့်သွား၏။

လုံထောင်းမှာတော့ ခြေလှမ်းအနည်းငယ်သာ နောက်ဆုတ်သွားသည်။

တစ်ချက်တိုက်ခိုက်ရုံဖြင့် ရလဒ်မှာ ထင်ရှားနေလေပြီ။

စုန်းချောင်ဖုန် မြေပြင်ပေါ်ကျပြီးသည်နှင့် အရှိန်ထိန်း၍ နောက်တစ်ချက် ထပ်တိုက်ခိုက်ပြန်သည်။

လုံထောင်းလည်း ယခင်နည်းအတိုင်း ပြန်တိုက်၏။

ဘုံး ဘုံး ဘုံး!

(၁၀) စက္ကန့်မျှအချိန်အတွင်း ကျားခေါင်းတောင်ထိပ်ပေါ်တွင် မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်သော အသံကြီးများ ထွက်လာသည်။

လုံထောင်းမှာ စိတ်ဝိညာဉ်စွမ်းအင်များစွာ သုံးထားရ၍ စိတ်မရှည်တော့ချေ။

စုန်းချောင်ဖုန်မှာ မသေနိုင်သော ပိုးဟပ်ကဲ့သို့ ဖြစ်နေသည်။ ခဏ ခဏ လဲကျသော်လည်း ပြန်ပြန် ထလာသည်။

သွေးအလိမ်းလိမ်းနှင့် ဒဏ်ရာများစွာ ရထားသော်လည်း လုံးဝ အရှုံးမပေးပေ။

“ဒီတစ်ခါ အပြီးပဲ သေပေတော့”

လုံထောင်း စိတ်မရှည်တော့ဘဲ အားကုန်သုံးကာ တိုက်ခိုက်လေသည်။

“ငါ့မှာ ပေါက်ကွဲချီအားဆေး ရှိသေးတယ်”

စုန်းချောင်ဖုန် နှုတ်ခမ်းထောင့်မှ သွေးများစီးကျရင်း ဆေးထပ်သောက်လိုက်သည်။

ထိုဆေးမှာ သွေးမြစ်ဂိုဏ်းကျဆုံးပြီးနောက် ရွှမ်ကျန်းဒေသထဲ ပျံ့နှံ့သွားပြီး စုန်းချောင်ဖုန် ဝယ်စုထားခြင်း ဖြစ်သည်။

ယနေ့လိုနေ့အတွက် ကွက်တိဖြစ်နေသည်။

ဆေးသောက်ပြီးသည်နှင့် စွမ်းအင်များ စိမ့်ဝင်ကာ အရိုးနှင့် ကြွက်သားများထဲအထိ စီးဆင်းသွားသည်။

အသေအကြေတိုက်ပွဲများ၌ စည်းမျဉ်း သပ်သပ်မရှိပေ။ ဆေးသောက်သုံးခြင်းမှာလည်း မျှတ၏။

စုန်းချောင်ဖုန် ရယ်မောကာ

“လုံထောင်း ငါ့ကို အားနည်းတယ် ထင်သေးလား”

“ငါ ဘယ်လောက် အင်အားကြီးလဲ ပြရသေးတာပေါ့… ငါ ဒီဘက်မှာ ပါရမီပါတယ်ထင်တယ်”

သူ သွေးများကို ထွေး၍ အားအင်အပြည့်ဖြင့် ဖန်တီးရာ လုံထောင်းထက် အင်အားကြီးသော အလင်းရောင်များ ထွက်လာသည်။

ထိုအလင်းရောင်မှ သွေးနီဝက်ဝံခေါင်းပုံ ပေါ်လာပြီး တစ်လောကလုံးအား ဆုတ်ဖြဲပစ်တော့မည့်အသွင် ဖြစ်လေသည်။

သွေးမြစ်ဂိုဏ်းမှရသည့် သွေးသားကောင်ပြောင်းလဲခြင်း ကျင့်စဉ် ဖြစ်လေသည်။

မူယုံးယွဲ့တို့လည်း ထိုမြင်ကွင်းကို အသက်ရှူမှားစွာ ငေးကြည့်နေသည်။

သွေးမြစ်ဂိုဏ်းကျဆုံးပြီးမှ ထိုကျင့်စဉ် ရသော်လည်း သူ ပါရမီအတော်ရှိပုံပေါ်သည်။

“သူပြောတာ မမှားဘူး… တကယ် တော်တာပဲ”

မူယုံးယွဲ့ ရေရွတ်၏။

အခြားအကြီးအကဲများလည်း ကြည်နူးစွာ ကြည့်နေသည်။

လုံထောင်းမှာတော့ ထိုမြင်ကွင်းအား တုန်လှုပ်စွာ ကြည့်နေရ၏။

“တကယ်ပါပဲ… အယုတ်တမာကောင်”

သူ ဆဲဆိုရင်း ခုခံရေးကျင့်စဉ် အမြန် ထုတ်သုံးရန် ပြင်ရသည်။

ထို့နောက် သူ့ရှေ့တွင် အပြာရောင်ဒိုင်းကြီးတစ်ခု ပေါ်လာ၏။

“ငါ စုန်းချောင်ဖုန်ဟာ အရင်က မှားခဲ့တာတွေကို ပြန်ပြင်ဆင်တဲ့အနေနဲ့ ချင်းရွှမ်ဂိုဏ်းအပေါ် အကြွင်းမဲ့ သစ္စာရှိသွားမယ်”

“ခေါင်းဆောင် ကျွန်တော့်သားလေးကို ဂရုစိုက်ပေးပါ”

စုန်းချောင်ဖုန် လှမ်းအော်ပြီးနောက် လုံထောင်းထံ တွေဝေမှုမရှိ ပြေးသွားသည်။

“အတူ သေကြတာပေါ့”

သူ အေးစက်စွာ ရယ်မောနေ၏။

“ဂါး ဂါး ဂါး”

သွေးနီဝက်ဝံခေါင်းများ အဆက်မပြတ် ပေါ်လာပြီး တိုက်ခိုက်သည်။

ကြည့်နေသူများလည်း စိတ်လှုပ်ရှားလာ၏။

ဘယ်သူ နိုင်မှာလဲ… ဘယ်သူ ရှုံးမှာလဲ။

ဘယ်သူ ရှင်မှာလဲ… ဘယ်သူ သေမှာလဲ။

အခြေအနေမှာ ခန့်မှန်းမရအောင် ဖြစ်လာသည်။

စုန်းချောင်ဖုန်သည် သွေးများအန်ထွက်၍ အရိုးပေါ်အရေတင်သာ ကျန်တော့၏။

သို့သော် လုံးဝ လဲမကျသွားပေ။

“လုံထောင်း ထလေ”

ကျန်းမို လဲကျနေသော လုံထောင်းအား ဒေါသတကြီး လှမ်းအော်၏။

လုံထောင်း ပြန်မဖြေပေ။

“ခေါင်းဆောင်ကျန်း ကျွန်မတို့ချင်းရွှမ်ဂိုဏ်းက နိုင်သွားပါပြီ”

မူယုံးယွဲ့ လှမ်းပြောသည်။

“လုံထောင်း”

ကျန်းမို ပို၍ ဒေါသထွက်လာ၏။

“အဟမ်း အဟမ်း ခေါင်းဆောင်ကျန်းကသာ အရှုံးကို လက်မခံနိုင်တဲ့သူ ဖြစ်နေပြီ”

အသံတစ်ခု ထွက်လာ၍ လှမ်းကြည့်ရာ အဆိပ်နွယ်ဂိုဏ်းခေါင်းဆောင် မိုဟန်ရှန် ဖြစ်၏။

“အားလုံး တွေ့တဲ့အတိုင်းပဲ စုန်းချောင်ဖုန် မတ်မတ်ရပ်နေချိန်မှာ လုံထောင်း လဲကျနေပြီလေ”

“ဟုတ်တယ် ဟုတ်တယ်… ပထမပွဲမှာ ချင်းရွှမ် နိုင်သွားပြီ”

ပွဲကြည့်ပရိသတ်များပါ ဝင်အော်၏။

“ဟုတ်ပြီ ဟုတ်ပြီ ပထမပွဲမှာ နတ်ရေစင်ဂိုဏ်း ရှုံးတယ်”

ကျန်းမို အံကြိတ်ကာ ပြောလေသည်။

မူယုံးယွဲ့တို့လည်း ထိုအခါမှ စုန်းချောင်ဖုန်အား ပြေးတွဲကြသည်။

“ကျ ကျွန်တော် မသေသေးဘူးနော်”

စုန်းချောင်ဖုန် အားဖျော့စွာဖြင့် ရေရွတ်သည်။

မူယုံးယွဲ့ မျက်ရည်များဝဲ၍

“မသေပါဘူးရှင်… ကဲ အကြီးအကဲစုန်းကို မြန်မြန် ကုသဖို့ လုပ်ပေးလိုက်ကြ”

တပည့်များ အပြေးရောက်လာပြီး ခေါ်သွားကြသည်။

အကြီးအကဲလီနှင့် ဝေ့ရှောင်းထီ ခပ်တိုးတိုး ကပ်မေး၏။

“ခေါင်းဆောင် အကြီးအကဲစုန်းက ဘယ်လိုအထိ ဖြစ်မှာလဲ”

မူယုံးယွဲ့ သက်ပြင်းချကာ

“သူ့ရွှေအမြုတေ ပျက်စီးသွားပြီ… ကျင့်ကြံမှု အခြေခံလည်း ပျက်စီးသွားတယ်… လက်ရှိအဆင့်က ချီစုစည်းခြင်းအဆင့်ကိုတောင် မယှဉ်နိုင်တော့ဘူး”

“ဒီဘဝမှာ အင်မော်တယ်လမ်းကို ဆက်လျှောက်ဖို့ မဖြစ်နိုင်တော့ဘူး ထင်တယ်”

ဝေ့ရှောင်းထီနှင့် အကြီးအကဲလီတို့ စိတ်မကောင်းစွာဖြင့် နှုတ်ဆက်ကာ အကြီးအကဲစုန်းနောက် လိုက်သွားကြတော့သည်။

“ဒုတိယပြိုင်ပွဲ စမယ်”

ကျန်းမိုမှ ခပ်မာမာ ပြော၏။

“ကောင်းပြီလေ”

မူယုံးယွဲ့ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

Chapter 162: နတ်ဆိုးချပ်ဝတ်က ရှန်မိုပဲ

ကျန်းမို လက်ယမ်း၍ ဝါးချောင်းတစ်ခုကို ထုတ်လိုက်သည်။

ကျန်းမို။

သူ ယုံကြည်ချက်အပြည့်ဖြင့် ပြုံး၍

“နတ်ရေစင်ဂိုဏ်းဘက်က ဒုတိယပြိုင်ပွဲကို ယှဉ်ပြိုင်မယ့်သူကတော့ ကျွန်မကိုယ်တိုင်ပါပဲ”

ကျင့်ကြံသူများ လန့်ဖျပ်ကာ အချင်းချင်း ဝေဖန် တီးတိုးပြောဆိုကြသည်။

ရွှမ်ကျန်းဒေသတွင် အင်အားအခြေအနေကို တစ်ယောက်ချင်း အနိမ့်အမြင့် မစီနိုင်သော်လည်း ထိပ်တန်း (၅) ဂိုဏ်းခေါင်းဆောင်များမှာတော့ အမြင့်ဆုံးဖြစ်ကြောင်း လက်ခံရပေမည်။

မူယုံးယွဲ့မှာတော့ ခန္ဓာကိုယ်တည်ဆောက်ပုံ အင်အားကိုသာ အားကိုးရမည် ဖြစ်သည်။

သူ ရှားပါး ကောင်းကင်အဆင့်ရတနာများသုံး၍ အဆင့်နိမ့် ကောင်းကင်အဆင့် ခန္ဓာကိုယ်ဖြစ်နေပြီဟု ကောလာဟလများ ထွက်လေ၏။

မည်သို့ပင်ဖြစ်စေ ကျန်းမိုကို ယှဉ်နိုင်ရန်တော့ မလွယ်ချေ။

“ချင်းရွှမ်က ဘယ်သူပဲဖြစ်ဖြစ် ကျန်းမိုနဲ့တော့ မနိုင်လောက်ဘူး”

“ပထမပွဲမှာ နတ်ရေစင်ဂိုဏ်းက ရှုံးထားတော့ ကျန်းမို ဒေါသထွက်ပြီး အင်အား ပိုသုံးမှာပဲ… ဒီပွဲမှာ တစ်ယောက်ယောက် သေသွားနိုင်တယ်”

“စောင့်ကြည့်ရမှာပေါ့ ဘယ်သူ ဖြစ်မလဲဆိုတာ”

မူယုံးယွဲ့ သက်ပြင်းများချကာ ဝါးတုတ်များ ထည့်ထားသည့်ခွက်ကို လှုပ်၍ တစ်ခု ရွေးထုတ်လိုက်၏။

“ငါ သွားရပါစေ… ရှန့်ကို မပို့လိုက်ပါနဲ့”

သူ တိတ်တိတ်လေး ဆုတောင်းမိသည်။

ဤသို့ဖြင့် နာမည်တစ်ခု ထွက်လာ၏။

ရှန်မို။

“ဟားဟားဟား ရှန်မို… ဒါကို စောင့်နေတာ… ရှန်မို့ကို ခေါ်ခဲ့တော့”

ကျန်းမို အားရပါးရ ရယ်မောကာ ပြောလိုက်သည်။

ရှန်မို့ကို အလွယ်တကူ ချေမှုန်းပစ်မည်ဟု တွေးထား၏။

“ရှန်က အခုထိ မရောက်လာသေးဘူး…”

မူယုံးယွဲ့ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ရင်းနှီးနေသော ထိုအရပ်ရှည်ရှည် လူငယ်လေးကို မတွေ့ရချေ။

ဝေ့ရှောင်းထီ သူ့အနားရောက်လာပြီး

“ခေါင်းဆောင် ဒီတိုက်ပွဲမှာ ကျွန်တော် ခေါင်းဆောင်ငယ်နေရာ ဝင်လိုက်ပါမယ်”

မူယုံးယွဲ့ ခေါင်းငြိမ့်ပြ၍

“ကျေးဇူးပါပဲ အကြီးအကဲဝေ့ရယ်”

မူယုံးယွဲ့ နှုတ်ဆက်ကာ ကျားခေါင်းတောင်ထိပ်မှ ဆင်းရန် ပြင်လိုက်သည်။

ထိုစဉ် မထင်မှတ်စွာဖြင့် တစ်ချိန်လုံး ငြိမ်နေခဲ့သည့် နတ်ဆိုးချပ်ဝတ်မှ ကျန်းမိုအရှေ့ ရောက်လာ၏။

အားလုံး မှင်တက်၍ ကြည့်နေကြသည်။

“နတ်ဆိုးချပ်ဝတ် ဘာလုပ်နေတာလဲ…”

ကျန်းမို မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်သည်။

“နတ်ဆိုးချပ်ဝတ် ပြန်ဆင်းခဲ့… ခင်ဗျားအလှည့်မရောက်သေးဘူးလေ… တတိယပွဲမှ မူယုံးယွဲ့နဲ့ တိုက်ခိုက်ရမှာ”

အောက်မှ ကျင့်ကြံသူတစ်ဦးက လှမ်းအော်၏။

နတ်ဆိုးချပ်ဝတ်မှာ ကျန်းမိုကို စိုက်ကြည့်၍

“ခေါင်းဆောင်ကျန်း ကျွန်တော် နတ်ရေစင်ဂိုဏ်းအတွက် တိုက်ခိုက်ပေးမှာ မဟုတ်ဘူး”

သူ ခဏငြိမ်နေပြီးမှ ပုံမှန်အသံသို့ ပြောင်းကာ

“ကျွန်တော် ချင်းရွှမ်အတွက် တိုက်ခိုက်မှာ”

ထိုသို့ပြော၍ မီးတောက်မျက်နှာဖုံးအား ဖယ်ရှားလိုက်ရာ မျက်နှာအမှန် ပေါ်လာတော့သည်။

ဒါ ချင်းရွှမ်ရဲ့ ခေါင်းဆောင်ငယ် ရှန်မိုပဲ။

အားလုံး အုတ်အော်သောင်းနင်း ဖြစ်ကုန်သည်။

“ချီးပဲ”

နတ်ရေစင်ဂိုဏ်းသားများ မကျေမနပ် ဆဲဆိုကြ၏။

လောင်ရှန်နန် မျက်လုံးပြူး၍

“နတ်ဆိုးချပ်ဝတ်က ရှန်မိုလား”

ကျောက်ထင်တို့ မောင်နှမလည်း စွံ့အနေလေသည်။

“ဘုရားသခင်…”

ကျီရှီလုံ၏ စေခိုင်းမှုကြောင့် ခပ်လှမ်းလှမ်းမှ စောင့်ကြည့်နေသော လောင်ရွှမ်ဟန်မှာ မျက်လုံးပြူးကာ မှင်တက်နေသည်။

“နတ်ဆိုးချပ်ဝတ်က ရှန်မိုလား”

လျှိုသားအဖတို့ အံ့ဩမှုကို မထိန်းနိုင်သလို ရှောင်ဖန်လည်း မျက်နှာဖြူဖျော့သွားသည်။

နတ်ဆိုးချပ်ဝတ်နှင့် ရှန်မိုမှာ သူ့နေရာနှင့်သူ နာမည်ကြီးသူများဖြစ်ပြီး ယခုမူ တစ်ယောက်တည်း ဖြစ်နေလေ၏။

ကြောက်စရာပဲ။

သူ ရွှေအမြုတေဖွဲ့စည်းနိုင်လျှင် ရှန်မို့ကို ယှဉ်နိုင်မည် ထင်ထားသော်လည်း ယခုတော့ ကွာခြားမှု ကြီးလွန်းနေ၏။

“မယုံနိုင်စရာပဲ”

ကျောက်ချင်းကန် စိတ်လှုပ်ရှားစွာ ရေရွတ်မိသည်။

ဟုန်ချီလုံ ရယ်မော၍

“ဟားဟား အရင်တည်းကတော့ တွေးမိသားပဲ… ဒါပေမဲ့ အခြေအနေက ထူးဆန်းလွန်းတော့ မထင်ရဲတာ”

“တကယ်ကြီး ဖြစ်လာမယ်လို့ ဘယ်ထင်မှာလဲ”

ဝမ်ရန်ကျဲ အံကြိတ်ကာ

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… ဘယ်လိုလုပ်”

သူ့မျက်လုံးများ တုန်လှုပ်၍ အလွန် ကြောက်ရွံ့နေသည်။

မိုယုဟုန်မှာ မျက်လုံးအရောင်လေး လက်၍

“အဖေ သမီး အစတည်းက မပြောဘူးလား… ဒီလူက သာမာန်အရည်အချင်း မဟုတ်ပါဘူးဆို… သမီးတို့ ဆုံးဖြတ်တာ မှန်သွားတယ်”

မိုဟန်ရှန်လည်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြုံးရွှင်နေ၏။

သို့သော် ခဏစဉ်းစား၍

“ဒါပေမဲ့ သူ ကျန်းမိုကို ယှဉ်နိုင်ပါ့မလား”

“အမူအရာကတော့ ယုံကြည်ချက်အပြည့် ရှိနေပုံပဲ”

မိုယုဟုန်မှ

“သမီးကတော့ သူ့ကိုယုံတယ်”

မူယုံးယွဲ့လည်း ထိုအခြေအနေကိုကြည့်ကာ မျက်ရည်များ ဝဲနေ၏။

“ရှန် ငါ သိတယ် မင်း နောက်ဆုံးအချိန်မှ ထွက်မပြေးဘူးလို့ သိသားပဲ”

သူ ဝမ်းသာအားရ လှမ်းအော်သည်။ ပြောရင်း မျက်ရည်များလည်း တလိမ့်လိမ့် စီးဆင်းလာ၏။

ရှန်မို သူ့ကို လှည့်ကြည့်၍ ပြုံးကာ

“ကျွန်တော် ထွက်ပြေးရင် ဆရာမကို စိတ်ပျက်အောင် လုပ်မိမှာမလား… ကျွန်တော် အဲ့လို ကျေးဇူးမသိတဲ့ တပည့် မဟုတ်ပါဘူး”

ထိုစဉ် အေးစက်စက်အသံတစ်ခု ထွက်လာသည်။

“အဲ့စကားတွေကို ဒီကနေ အသက်ရှင်လျက် ပြန်နိုင်မှ ဆက်ပြောတော့”

ကျန်းမို နှာခေါင်းရှုံ့ကာ ပြော၏။

“ရှန်မို မင်း နတ်ဆိုးချပ်ဝတ်အနေနဲ့ ငါ့ကိုလှည့်စားပြီး တန်ဖိုးကြီးရတနာတွေပါ ယူသွားမယ်လို့ မထင်ထားခဲ့ဘူး”

ကျန်းမို အံကြိတ်၍ မကျေမနပ်ဆိုလေသည်။

နတ်ရေစင်ဂိုဏ်း၌ မရှိသော ရတနာများပင် ရှာဖွေ၍ ပေးခဲ့ရသေး၏။

သူ့ကိုသူလည်း လှည့်စားခံလိုက်ရ၍ ဒေါသထွက်နေသည်။

“ခေါင်းဆောင်ကျန်းက စိတ်ကြီးပဲ… အဲ့တုန်းကတော့ ကျွန်တော်လည်း ဒီအတိုင်း သရုပ်ဆောင်ကြည့်လိုက်တာလေ… တကယ် အရမ်းယုံပြီး ရတနာတွေပေးမယ်လို့ ကျွန်တော်လည်း မထင်ခဲ့ပါဘူး”

ရှန်မို ခပ်ပြုံးပြုံး ပြော၏။

သူ့စကားကြောင့် ကျန်းမို ပိုရှက်သွားရသည်။

သူ့ပြောပုံမှာ အနာကို ဆားသိပ်နေသလိုပင်။

ပိုဆိုးသည်မှာ လူအများရှေ့တွင် အပြောခံရ၍ ဖြစ်သည်။

“တန်ဖိုးကြီး ရတနာတွေကို ပေးတယ်လား”

“ဟုတ်ပါ့… အံ့ဩစရာပဲ”

“ကျစ် ကျစ်… ကျန်းမိုတော့ အခု နောင်တရနေလောက်ပြီ”

“ထိပ်တန်း (၅) ဂိုဏ်းထဲပါတဲ့ ခေါင်းဆောင်က ဒီလို အမှားလုပ်မယ်လို့ ဘယ်သူက ထင်မှာလဲ”

“ဆိုးလိုက်တာ… ရှန်မို ရန်စတာ များသွားပြီ… အရမ်းတိုက်ခိုက်ခံရမယ် ထင်တယ်”

“ဟုတ်တယ်… သူ လုရန်ကိုပဲ အမြင့်ဆုံး သတ်ဖူးတာ… ကျန်းမိုကျတော့ ပိုအဆင့်မြင့်တယ်လေ… သူ ယှဉ်နိုင်ပါ့မလား”

ကျင့်ကြံသူများ ဝေဖန်ပြောဆိုနေကြလေသည်။

All Chapters