← Chapters

မဟားတရားအဖျက်စွမ်းအား

Vol. 205 Ch. 3068

မဟားတရားအဖျက်စွမ်းအား

Vol. 205 Ch. 3068

ကြေမွနေသော ကြယ်တာရာကောင်းကင်ထဲမှာ လျှို့ဝှက်ဆန်းကြယ်သောမြစ်တစ်စင်းက ထူးဆန်းစွာ ပေါ်ထွက်လာ၏။ ၎င်းသည် တစ်နေရာရာကနေ ရောက်ရှိလာပြီး အိပ်မက်ဆန်ဆန်ပုံစံဖြင့် ဘယ်ဆီဘယ်ဝယ်မသိ နေရာတစ်ခုဆီသို့ စီးဆင်းနေ၏။

လူတိုင်း၏ အကြည့်က လျှို့ဝှက်ဆန်းကြယ်သောမြစ်ပေါ်သို့ ဆင်းသက်ရောက်ရှိသွားသည့်အခါ သူတို့၏ တစ်ဘဝစာ ကုန်ဆုံးသွားသည့်အလား ခံစားလိုက်ရ၏။

ထိုအခိုက်အတန့်မှာ ဆူဇီမိုသည် ဗလာနယ်အခြေအနေကနေ ထွက်ခွာပြီး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သူက လျှို့ဝှက်ဆန်းကြယ်သောမြစ်ပေါ်သို့ တက်လှမ်းပြီး သူ၏ ခြေဖဝါးအောက်မှာ နယ်မြေဖြစ်စဉ်တစ်ခုက ပေါ်ထွက်လာပြီး သူ့ကို ရေလှိုင်းလုံးများနှင့်အတူ ခေါ်ဆောင်သွား၏။

ဝုန်း…

လူတိုင်းက မတုံ့ပြန်နိုင်ခင် ကျယ်လောင်သောပေါက်ကွဲသံက ဆူဇီမို၏ ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာပြီး ပေတစ်သိန်းမြင့်မားသော ပုံရိပ်ယောင်တစ်ခုက ပေါ်ထွက်လာ၏။

ခေါင်းလေးလုံးလက်ရှစ်ဖက်နှင့်အတူ ၎င်းသည် ကောင်းကင်ကိုထိုးဖောက်ပြီး အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာ၏ မျိုးဆက်သွေနယ်မြေနှင့် ဘေးချင်းယှဉ်ရပ်ကာ တဖြည်းဖြည်းပေါင်းစည်းသွား၏။

တိုက်ပွဲဝိညာဉ်သည် မျိုးဆက်သွေးနယ်မြေဖြစ်စဉ်နှင့် ပေါင်းစည်းသွားသောအခါ ကြယ်တာရာကောင်းကင်က တုန်ခါ၍ လေထုက ပြောင်းလဲလာလေသည်။

ဆူဇီမို၏ အော်ရာကလည်း တရိပ်ရိပ်ထိုးတက်လာ၏။

အတိတ်နှင့်ပစ္စပ္ပုန်ကို တိုက်ခိုက်ခြင်း၏ ဓမ္မတာအိုထွက်ပေါ်လာသောအခါ ဆူဇီမို၏ ကိုယ်ကာယနှင့် သွေးချီစွမ်းအားက ကြောက်စရာကောင်းလောက်အောင် ဆယ့်ခြောက်ဆအထိ နောက်တစ်ဖန်မြင့်တက်လာ၏။

အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာ၏ မျိုးဆက်သွေးနယ်မြေတစ်ခုကပင် ပကတိကောင်းကင်လိုဏ်ဂူတစ်ခုနှင့် ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် လုံလောက်လေသည်။

တိုက်ပွဲဝိညာဉ်နှင့် ပေါင်းစည်သွားသောအခါ မျိုးဆက်သွေးနယ်မြေ၏ စွမ်းအားက အဆများစွာမြင့်တက်လာ၏။

ယခု အတိတ်နှင့်ပစ္စုပ္ပန်ကို တိုက်ခိုက်ခြင်းက သူ့ကို အားဖြည်ထောက်ပံ့ပေးထားပြီး သူ၏ ခွန်အားက ဆယ့်ခြောက်ဆတိုးလာ၏။

မည်သည့်ကောင်းကင်လိုဏ်ဂူကမှ ဆူဇီမို၏ တိုက်ခိုက်မှုကို မခုခံနိုင်တော့ဘူးဟု ဆိုလိုလေသည်။

အတိတ်နှင့်ပစ္စုပ္ပန်ကိုတိုက်ခိုက်ခြင်း လျှို့ဝှက်အတတ်သည် ရှည်လျားသောအချိန်မြစ်ကို အသုံးချပြီး သူ၏ ခန္ဓာကိုယ်ကို ဆေးကြောသန့်စင်ကာ ဘဝသက်တမ်းဖြင့် အလဲအထပ်ပြုလုပ်ပြီး အမြုတေစိတ်ဝိညာဉ်နှင့် သွေးချီစွမ်းအားကို မြင့်တက်လာစေ၏။

ဤလျှို့ဝှက်အတတ်မှာ အားနည်းချက်တစ်ခုရှိနေ၏။

ဥပမာအားဖြင့် ဘဝသက်တမ်းကုန်ဆုံးမှုက အရမ်းကိုမြင့်မားပြီး အသက်တစ်ရှိုက်စာမှာ နှစ်တစ်သောင်းဖြစ်လေသည်။

ကောင်းကင်လိုဏ်ဂူဘုရင်များပင်လျှင် အတိတ်နှင့်ပစ္စုပ္ပန်ကို တိုက်ခိုက်ခြင်းကို ထုတ်ဖော်ပြီးနောက် အသက်တစ်ရာရှိုက်စာထက်ပိုပြီး တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

ဤလျှို့ဝှက်အတတ်သည် ကောင်းကင်လိုဏ်ဂူစွမ်းအားကိုလည်း မြင့်တက်မလာစေနိုင်ပေ။

ကောင်းကင်လိုဏ်ဂူတစ်ခုက အသွင်ပြောင်းလဲလာသည်ဆိုလျှင် ၎င်းသည် ကောင်းကင်နှင့်မြေကြီးအမြုတေချီ၏ အားဖြည့်ထောက်ပံ့မှုနှင့် ဓမ္မတာအိုနားလည်ဆင်ခြင်မှုတို့ကို လိုအပ်၏။

ထိုသို့ဆိုလျှင်တောင် အတိတ်နှင့်ပစ္စုန်ပ္ပန်ကို တိုက်ခိုက်ခြင်းသည် ကြောက်စရာကောင်းနေဆဲဖြစ်ပြီး တိုက်ခိုက်ရည်ခွန်အားကို မြှင့်တင်ရာမှာ အန္တိမလျှို့ဝှက်အတတ်တစ်ခုဖြစ်သည်ဟု ဆိုနိုင်၏။

ဖောက်…

ဖျတ်ခနဲဆို ဆူဇီမိုက လူအုပ်ကြားထဲသို့ ဝင်ရောက်လာပြီး ချင်းဖျင်ဓားနှင့်အတူ ရှေ့သို့ခုတ်ပိုင်းချလိုက်၏။

အထွတ်အထိပ်ဘုရင်သုံးဦး၏ ကောင်းကင်လိုဏ်ဂူများက ချက်ချင်းပင်‌ ကြေမွပျက်စီးသွားပြီး လုံးဝမခုခံနိုင်ပေ။

သူတို့၏ ခန္ဓာကိုယ်များက ချင်းဖျင်ဓားဖြင့် နှစ်ပိုင်းလှီးဖြတ်ခံလိုက်ရပြီး သူတို့၏ အမြုတေစိတ်ဝိညာဉ်က ဓားချီကြောင့် နေရာမှာပင် သေဆုံးသွား၏။

အထွတ်အထိပ်ဘုရင်များပင်လျှင် ဆူဇီမိုထံမှ ခုတ်ချက်တစ်ချက်ကို မခုခံနိုင်ကြပေ။

ဆူဇီမိုသည် ချင်းဖျင်ဓားနှင့်အတူ ခုတ်ပိုင်းဖို့အတွက် ခေါင်းလေးလုံးလက်ရှစ်ဖက်အခြေအနေကို အသုံးချပြီး တစ်ချိန်တည်းမှာပင် သူက သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးကို ကိုင်မြှောက်ကာ မြင်မြင်သမျှလူတိုင်းကို ပစ်ရိုက်ချလိုက်၏။

သူသည် အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်ကို ထိန်းချုပ်ပြီး သူမြင်သမျှလူတိုင်းကို လွှဲရိုက်နေ၏။

ဘန်း… ဘန်း… ဘန်း…

အရွယ်အစားအမျိုးမျိုးကောင်းကင်လိုဏ်ဂူများက ဆူဇီမို၏ ဝင်ရောက်တိုက်ခိုက်မှုကို လုံးဝမခုခံနိုင်ကြပေ။

သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးနှင့် အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်တို့မှာ ချင်းဖျင်ဓားကဲ့သို့ ထက်ရှမှုမရှိလျှင်တောင် ဆူဇီမို၏ တိုက်ခိုက်ရည်ခွန်အားသည် အတိတ်နှင့်ပစ္စုပ္ပန်ကို တိုက်ခိုက်ခြင်းလျှို့ဝှက်အတတ်နှင့်အတူ ဆပွားမြင့်တက်လာခဲ့၏။ သူသည် လှုပ်ရှားကွက်တစ်ကွက်နှင့်အတူ အထွတ်အထိပ်ကောင်းကင်လိုဏ်ဂူများကို အနိုင်ယူနိုင်၏။

သူက သူ၏ လက်ရှစ်ဖက်ကို လွှဲယမ်းပြီး သတ်ဖြတ်ခြင်းနည်းလမ်းပေါင်းစုံကို ထုတ်ဖော်နေ၏။

သူ၏ လက်ဖဝါး၊ လက်ညှိုး၊ တံတောင်၊ ဒူး စသည်ဖြင့် သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းက သတ်ဖြတ်ခြင်းအတွက် ထက်ရှသောလက်နက်များဖြစ်နေ၏။

အထွတ်အထိပ်ဘုရင်သုံးဦးသည် ဆူဇီမိုကို အတူတကွသတ်ဖြတ်ဖို့အတွက် တတ်နိုင်သမျှလူများများကို စုးစည်းလို၏။

ကောင်းကင်လိုဏ်ဂူဘုရင်ထောင်ချီက အတူတကွစုစည်းမိနေသည်နှင့်အမျှ သူတို့သည် သူ့ကို ဒဏ်ရာအပြင်းအထန်ရရှိစေမည့်အခွင့်အရေးတစ်ခု သေချာပေါက်ရရှိလာစေမည်။

သို့သော်လည်း ကစဉ့်ကလျားအခြေအနေမှာ သူတို့က လူများကို ကောင်းကောင်းမစုစည်းနိုင်ခင် ဆူဇီမိုက အတင်းအကြမ်းဝင်ရောက်လာပြီး လူအုပ်ကြီးကို ပြိုကွဲသွားစေ၏။

ဆူဇီမို၏ နောက်ဘက်မှာရှိသော လူအုပ်ကြီးက သူ၏ ဝတ်ရုံစကို မထိနိုင်ခင်မှာပင် သူက တခြားတစ်နေရာမှာ ဝင်ရောက်သတ်ဖြတ်နေပြီဖြစ်၏။

ထိုသို့ဖြင့် ကောင်းကင်လိုဏ်ဂူဘုရင်ထောင်ချီက သိသာထင်ရှားသော ဝိုင်းပတ်ပိတ်ဆို့မှုတစ်ခုကို မစုဖွဲ့နိုင်ကြပေ။

မည်သူကမှ ဆူဇီမို၏ သတ်ဖြတ်ကွက်ကို မတားဆီးနိုင်ကြပေ။ တကယ်ဆို သူတို့သည် အချိန်ခဏပင် ဆွဲမထားနိုင်ကြပေ။

တိုက်ပွဲဝိညာဉ်နှင့် သူ၏ နောက်ဘက်မှ မျိုးဆက်သွေးနယ်မြေ၏ အားဖြည့်ထောက်ပံ့မှုနှင့်အတူ ခေါင်းလေးလုံးလက်ရှစ်ဖက်အခြေအနေမှာရှိနေသော ဆူဇီမိုက ရပ်တန့်တားဆီးမရနိုင်သောပုံစံဖြင့် လူအုပ်ကြားထဲသို့ ဝင်ရောက်သတ်ဖြတ်နေ၏။

သူသွားလေရာနေရာတိုင်းမှာ လူများက လဲပြိုကျပြီး သွေးများက ပန်းထွက်လာ၏။ ကောင်းကင်လိုဏ်ဂူများက ကြေမွပျက်စီးသွားပြီး အော်ဟစ်ညည်းတွားသံများက အဆက်မပြတ်ထွက်ပေါ်လာလေသည်။

တစ်ယောက်ယောက်က သူ့ရှေ့မှာ ပိတ်ရပ်နေမည်ဆိုလျှင် သူက ထိုသူများကို သတ်ဖြတ်ပစ်ပေလိမ့်မည်။

တိုက်ပွဲဝင်အလောင်းများ၊ ပကတိကောင်းကင်လိုဏ်ဂူများ၊ ဓမ္မလက်နက်များနှင့် စိတ်ဝိညာဉ်လက်နက်များသည် ချင်းဖျင်ဓား၊ သုံးပါးရတနာကျောက်စိမ်းတောင်ဝှေး၊ အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်နှင့် ကောင်းကင်ဘုံကိုးလွှာသက်ရှိမြေဆီလွှာနှင့်အတူ ဆူဇီမို၏ လက်ရှစ်ဖက်ဖြင့် ပိတ်ဆို့တားဆီးခြင်းကို ခံနေရ၏။

“အဲဒါက အရင်တုန်းက မဟာဧကရာဇ်တိုက်ပွဲရဲ့ တဗူးဂမ္ဘီရကျင့်စဉ် တိုက်ပွဲအမှတ်အသားရုပ်ပုံလွှာပဲ”

အထွတ်အထိပ်ဘုရင်တစ်ဦးက လျှို့ဝှက်အတတ်၏ မူလဇာစ်မြစ်ကို မှတ်မိသိရှိသွားပြီး အော်ပြောလိုက်၏။

တိုက်ပွဲအမှတ်အသားရုပ်ပုံလွှာက ပျောက်ဆုံးသွားခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။

ဒီဘက်မျိုးဆက်မှာ လက်ရှိကောင်းကင်လိုဏ်ဂူဘုရင်များထဲ သူတို့ထဲမှတချို့သည် တဗူးဂမ္ဘီရကျင့်စဉ်ကို ကြားဖူးထားသော်လည်း ၎င်းက ဘယ်လောက်စွမ်းအားကြီးမားလဲမသိရှိကြပေ။

ထိုအခိုက်အတန့်မှသာ တိုက်ပွဲအမှတ်အသားရုပ်ပုံလွှာက ဘယ်လောက်ကြောက်စရာကောင်းသလဲ လူတိုင်းက ခံစားမိလာကြ၏။

မီးပဒေသာနဂါးကြယ်ပေါ်မှာ။

နဂါးများက ထိုသည်ကို တွေ့မြင်သောအခါ သူတို့က ကြက်သေသေ၍ အတန်ကြာသည့်အထိ မတုံ့ပြန်နိုင်ကြပေ။

“လက်စသတ်တော့ အဲဒါက တိုက်ပွဲအမှတ်အသားရုပ်ပုံလွှာပဲ… ဒါကြောင့်ကိုး...”

နဂါးဘုရင်စိတ်ဝိညာဉ်မှာ မချိတင်ကဲအမူအရာတစ်ခုရှိနေ၏။

“ဒဏ္ဍာရီအရဆို တိုက်ပွဲခေတ်တုန်းက မဟာဧကရာဇ်တိုက်ပွဲက အဲဒီလျှို့ဝှက်အတတ်နဲ့ စိုးမိုးခြယ်လှယ်ပြီး ပြိုင်ဘက်ကင်းခဲ့တယ်လို့ဆိုတယ်.. အခု ငါအဲဒါကို အမှန်တကယ်လက်ခံသွားပြီ”

“ဒါပေမဲ့ တိုက်ပွဲအမှတ်အသားရုပ်ပုံလွှာ လျှို့ဝှက်အတတ်ကို အသုံးပြုဖို့အတွက် အစားထိုးမရတဲ့တန်ဖိုးတစ်ခု ပေးဆပ်ရတယ်လို့ ငါကြားဖူးတယ်”

နဂါးဘုရင်လင်းရောင်ခြည်က စိုးရိမ်ပူပန်နေသောအမူအရာဖြင့် ပြောလိုက်၏။

နဂါးဘုရင်စိတ်ဝိညာဉ်က ခေါင်းညိတ်ပြလိုက်၏။

“ဒီလိုမျိုးစွမ်းအားကြီးမားတဲ့ လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်ဖို့ဆိုတာ မဖြစ်နိုင်ဘူး… အသက်တစ်ရှိုက်စာမှာ ဘဝသက်တမ်းနှစ်တစ်သောင်းကို ဆုံးရှုံးရလိမ့်မယ်”

နဂါးဘုရင်လင်းရောင်ခြည်က ပြောလိုက်၏။

“ဒီလိုဆိုရင် အသက်တစ်ရာရှိုက်စာကြာပြီးတာနဲ့ ဆူဇီမိုက ဘဝသက်တမ်းကုန်ဆုံးပြီး ဘယ်သူမှတိုက်ခိုက်စရာမလိုဘဲ သေသွားရမှာပေါ့”

နဂါးဘုရင်စိတ်ဝိညာဉ်က ညင်သာစွာသက်ပြင်းချပြီး ခေါင်းညိတ်ပြလိုက်၏။

တစ်ချိန်တည်းမှာပင်။

ကြယ်တာရာကောင်းကင်ထဲမှာ အထွတ်အထိပ်ဘုရင်တချို့က ထိုအချက်ကို သတိထားမိသွားပြီး ကျယ်လောင်စွာအော်ပြောလိုက်၏။

“တာအိုရောင်းရင်းတို့ ဘာမှကြောက်လန့်မနေနဲ့… သူ့ရဲ့တိုက်ခိုက်မှုကို အရင်ဆုံးရှောင်လွှဲကြ… အဲဒိလျှို့ဝှက်အတတ်က အသက်တစ်ရှိုက်စာမှာ သူ့ရဲ့ဘဝသက်တမ်းနှစ်တစ်သောင်းကို နှုတ်ယူသွားလိမ့်မယ်”

“ငါတို့တွေက အသက်တစ်ရာရှိုက်စာလောက် အချိန်ဆွဲထားနိုင်တာနဲ့ ဒီလူက သေချာပေါက်သေရလိမ့်မယ်”

အစကတော့ တိုက်ပွဲနယ်မြေသည် ကစဉ့်ကလျားအခြေအနေမှာကျရောက်နေပြီး ကောင်းကင်လိုဏ်ဂူထောင်ချီက ဖရိုဖရဲဖြစ်နေ၏။

သို့သော်လည်း ထိုစကားကို ကြားသောအခါ ဘုရင်များက စိတ်အားမာန်ကို ပြန်လည်ရရှိလာပြီး သူတို့၏ ရင်ထဲမှာ မျှော်လင့်ချက်များနှင့် တိုက်ပွဲဝင်စိတ်ဝိညာဉ်က ပြန်လည်ထွန်းညှိလာ၏။

အသက်တစ်ရာရှိုက်စာသည် တစ်ခဏချင်းမှာ ကုန်ဆုံးသွားပေလိမ့်မည်။ သူတို့က ဘာလို့တောင့်မခံနိုင်ရမှာလဲ။

သူတို့က သူနှင့် ထိပ်တိုက်ရင်မဆိုင်နိုင်ဘူးဆိုလျှင်တောင် ပုန်းရှောင်နေလို့ မရဘူးလား”

ထိုသို့အတွေးဖြင့် ဘုရင်များက ခြေဦးတည့်ရာကို လှည့်ထွက်ပြေးလိုက်ကြ၏။

သို့သော်လည်း ဘေးပတ်ဝန်းကျင်ကြယ်တာရာကောင်းကင်က ချိပ်ပိတ်ခံထားရပြီဖြစ်သည်။ တိုက်ပွဲထဲမှာ လေဟာနယ်က ကြေမွပျက်စီးသွား၏။ လူတိုင်းသည် လေဟာနယ်ကိုဆုတ်ဖြဲပြီး မထွက်ခွာနိုင်ရုံသာမက သူတို့သည် ပို့ဆောင်ရေးအဆောင်များကိုပင် အသုံးမပြုနိုင်ဘဲ သူတို့၏ လှုပ်ရှားမှုနည်းစနစ်များနှင့်သာ အဘက်ဘက်ကို ထွက်ပြေးနေရ၏။

သို့သော်လည်း သူတို့၏ လှုပ်ရှားမှုနည်းစနစ်နှင့် အလျင်အဟုန်က ဆူဇီမိုကို လုံးဝမယှဉ်နိုင်ပေ။ ဆူဇီမိုသည် ဆန်းကြယ်တောင်ပံများ၊ မိုးကြိုးလေပြေတောင်ပံများ၊ ကန့်သတ်မဲ့ရွှေအလင်း၊ မဟာဖန်းတောင်ပံများနှင့် အခြားသော လှုပ်ရှားမှုနည်းစနစ်နှင့် လျှို့ဝှက်အတတ်များစွာကို ထုတ်ဖော်လိုက်၏။

သူ၏ ကြောက်စရာကောင်းသောသွေးချီနှင့်အတူ သူက ရှည်လျားသောမြစ်နှင့်အတူ လွင့်မျောပြီး ခြေတစ်လှမ်းမှာ ကီလိုမီတာထောင်ချီကို ဖြတ်ကျော်နိုင်၏။

ကြယ်တာရာကောင်းကင်အောက်မှာ မည်သူကမှ ဆူဇီမို၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကနေ မလွတ်မြောက်နိုင်ကြပေ။

ထိုမျှသာမက ဆူဇီမို၏ တိုက်ခိုက်မှုများက ပို၍ပင် ကြမ်းကြုတ်ခက်ထန်ပြီး အားပါပြင်းထန်လာ၏။

သူ၏ မျက်လုံးများက အနက်တစ်လုံးအဖြူတစ်လုံးဖြစ်သွားပြီး သူက သူ၏ မြင်းမြီးကျာပွတ်နှင့်အတူ လေဟာနယ်ထဲမှာ ထူးဆန်းသော မှော်စာလုံးဆယ့်နှစ်လုံးကိုရေးဆွဲပြီး ကြောက်စရာကောင်းသော ကောင်းကင်ဘုံနတ်ဘုရားဆယ့်နှစ်ပါးကို လျင်မြန်စွာစုဖွဲ့လိုက်၏။

ဆူဇီမိုသည် မတ်တတ်ရပ်ပြီး သူ၏ အနက်ရောင်ဆံပင်က ထူးဆန်းစွာကခုန်ကာ သူ၏ အကြည့်က မိုးကြိုးလျှပ်စီးကဲ့သို့ ဝင်းဝင်းလက်နေ၏။

သူ့မှာ ခေါင်းလေးလုံးလက်ရှစ်ဖက်ရှိပြီး ကောင်းကင်ဘုံနတ်ဘုရားဆယ့်နှစ်ပါးက သူ့ကို ဝန်းရံထားလေသည်။ သူ၏ အော်ရာက သိပ်သည်းပြင်းထန်ကြီးမားလာပြီး ပြိုင်ဘက်ကင်းနေ၏။

သူဖြတ်သန်းသွားရာနေရာတိုင်းမှာ အလောင်းများနှင့် သွေလမ်းကြောင်းများကသာ မြေပြင်ပေါ်မှာ ကျန်ရစ်ခဲ့လေသည်။

မီးပဒေသာနဂါးကြယ်ပေါ်မှနဂါးများက ကြယ်တာရာကောင်းကင်တိုက်ပွဲမြေကို ကြည့်ပြီး တုန်လှုပ်စွာဖြင့် သူတို့၏ စိတ်များထဲမှာ စကားတစ်ခွန်းက ထင်ဟပ်လာ၏။

ရထားလုံးကို တားဆီးဖို့ကြိုးစားနေတဲ့နှံကောင်။

ဧရာမစစ်ရထားတစ်စင်းက ကြယ်တာရာကောင်းကင်ထဲမှာ မောင်းနှင်နေပြီး သွေးရောင်ဘီးရာများကို ကျန်ရစ်ခဲ့စေသည့်အလားပင်။

ကောင်းကင်လိုဏ်ဂူဘုရင်ထောင်ချီသည် လှည်းဘီး၏ ရှေ့မှာရပ်နေသော နှံကောင်များသာဖြစ်နေ၏။ သူတို့က အရမ်းကိုသေးငယ်ပြီး အားနည်းနေလေသည်။

ထိုအခိုက်အတန့်မှသာ ယခင် ဆူဇီမိုပြောခဲ့သည့်စကားအဓိပ္ပါယ်ကို လူတိုင်းက အမှန်တကယ်နားလည်သဘောပေါက်လာကြ၏။

All Chapters