← Chapters

နှစ်ငါးသန်း

Vol. 205 Ch. 3069

နှစ်ငါးသန်း

Vol. 205 Ch. 3069

တိုက်ပွဲက ဖြစ်ပွားနေပြီး အသက်လေးငါးဆယ်ရှိုက်စာက တစ်ခဏချင်းမှာ ကုန်ဆုံးသွား၏။

ကြယ်တာရာကောင်းကင်တိုက်ပွဲနယ်မြေက အလောင်းများ၊ သွေးစီးကြောင်းများဖြင့် ပြည့်နှက်နေ၏။

အသက်လေးငါးဆယ်ရှိုက်စာမှာ သေဆုံးသွားသော ကောင်းကင်လိုဏ်ဂူဘုရင်အရေအတွက်က ရာဂဏန်းထိ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ဆူဇီမို၏ လက်ထဲမှာ အသက်တစ်ရှိုက်စာတွင် ပျမ်းမျှအားဖြင့် ကောင်းကင်လိုဏ်ဂူဘုရင် ဆယ်ဦးခန့် သေဆုံးနေသည်ဟု ဆိုလိုလေသည်။

သူ၏ ခေါင်းလေးလုံး လက်ရှစ်ဖက်အခြေအနေမှာ ဆူဇီမိုသည် သူ၏ သတ်ဖြတ်ခြင်းနည်းစနစ်ကို ၎င်း၏ အကန့်အသတ်များထိ ထုတ်ဖော်ထားသည်။

တင်းခြောက်ပါးနှင့်ကျားခြောက်ပါး နတ်ဘုရားဆယ့်နှစ်ပါးနှင့်အတူ သူသည် လူအုပ်ကြားထဲပစ်ဝင်ပြီး ပြိုင်ဘက်ကင်းနေ၏။

အတိတ်နှင့်ပစ္စုပ္ပန်ကို တိုက်ခိုက်ခြင်း၏ မြှင့်တင်ပေးမှုနှင့်အတူ ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်စွမ်းအားကလည်း ဆပွားတိုးလာ၏။

တင်းခြောက်ပါးနှင့်ကျားခြောက်ပါးနတ်ဘုရားများသည် အနီးကပ်တိုက်ခိုက်ရည်မှာ အထွတ်အထိပ်ဘုရင်များကို ကျော်လွန်သွားပြီဟု ဆိုနိုင်လေသည်။

တင်းခြောက်ပါးနှင့်ကျားခြောက်ပါးနတ်ဘုရားများက ဆူဇီမို၏ နောက်ကနေ လိုက်ပါလာပြီး ဆူဇီမိုက ရှေ့ကနေ အထွတ်အထိပ်အုပ်စု၏ ဘေးပတ်လည်ရှိ ကောင်းကင်လိုဏ်ဂူများကို ချိုးဖျက်ပစ်နေ၏။

သူတို့၏ ဓားများလှံများနှင့်အတူ သူတို့က သူတို့၏ ကောင်းကင်လိုဏ်ဂူများ၏ ကာကွယ်မှုဆုံးရှုံးသွားသော ဘုရင်များကို ဟင်းရွက်ကန်စွန်းများအလား ခုတ်ပိုင်းသတ်ဖြတ်ပစ်နေ၏။

အစကတော့ ကောင်းကင်လိုဏ်ဂူဘုရင်များ စုဝေးနေစဉ် ဆူဇီမိုသည် တင်းခြောက်ပါးနှင့်ကျားခြောက်ပါးနတ်ဘုရားများ၏ အကူအညီနှင့်အတူ သူ၏ ခေါင်းလေးလုံးလက်ရှစ်ဖက်ကို လွှဲယမ်းနေ၏။ ထိုသို့ဖြင့် သူသည် အသက်တစ်ရှိုက်စာမှာ ဘုရင်သုံးလေးဆယ်ကိုပင် သတ်ဖြတ်နိုင်လေသည်။

သို့သော်လည်း နောက်ပိုင်းမှာ ထိုဘုရင်များက ခြေဦးတည့်ရာလှည့်ထွက်ပြေးပြီး လူစုကွဲသွားသောကြောင့် သူသတ်ဖြတ်နိုင်သောအရေအတွက်ကလည်း သိသိသာသာလျော့ကျလာ၏။

“သွားကြမယ်”

နဂါးဘုရင်စိတ်ဝိညာဉ်က ဆုံးဖြတ်ချက်ချလိုက်ပုံရပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“အားလုံးပဲ… ငါ့နောက်က လိုက်ခဲ့ကြ… သတ်ဖြတ်ခြင်းနဲ့ လမ်းဖောက်ကြမယ်.. ငါတို့တွေ ဒီအခွင့်အလမ်းကိုချိန်ဆပြီး အခြေအနေကို အပြောင်းအလဲဖြစ်အောင်လုပ်ရမယ်”

နဂါးဘုရင်နှစ်ဆယ်လောက်က တုံ့ပြန်ပြီး ရှေ့သို့ချက်ချင်းပင်ထွက်လာကြ၏။

“နေကြဦး”

နဂါးဘုရင်တစ်ဦးက ရှေ့သို့ထွက်ပြီး လူတိုင်းကို တားဆီးကာ မျက်မှောင်ကြုတ်၍ပြောလိုက်၏။

“အားလုံးပဲ.. စိတ်လိုက်မာန်ပါမလုပ်ကြနဲ့… အခုနေ ငါတို့ ဝင်ပြီးတိုက်ခိုက်ပေးမယ်ဆိုရင်တောင်မှ အကျိုးထူးတော့မှာမဟုတ်လောက်ဘူး”

“အားလုံးပဲ စဉ်းစားကြည့်ကြ … ဆူဇီမိုက လက်ရှိအခြေအနေမှာ တကယ်ပဲ ပြိုင်ဘက်ကင်းနေတယ်.. ဒါပေမဲ့ သူက အလွန်ဆုံးအသက်တစ်ရာရှိုက်စာပဲ တောင့်ခံနိုင်မှာ… အခုချိန်မှာ အသက်လေးငါးဆယ်ရှိုက်စာက ကုန်ဆုံးသွားပြီ”

“ဒီနှုန်းထားအရဆို သူက အသက်တစ်ရာရှိုက်စာမှာ ကောင်းကင်လိုဏ်ဂူဘုရင်တစ်ထောင်ကျော်ကျော်ကိုပဲ သတ်ဖြတ်နိုင်လိမ့်မယ်”

“အားလုံးပဲ… အပြင်ဘက်မှာ ကောင်းကင်လိုဏ်ဂူဘုရင် စုစုပေါင်း ငါးထောင်ရှိတယ်ဆိုတာကို မမေ့လိုက်နဲ့… သူက သူတို့အားလုံးကို သတ်ဖြတ်နိုင်မှာမဟုတ်ဘူး”

ရှေ့သို့ထွက်လာသောနဂါးဘုရင်များက ထိုစကားကို ကြားသောအခါ ရင်တစ်ချက်ထိတ်သွားကြ၏။

စောစောက စိတ်အားထက်သန်နေသော နဂါးဘုရင်များကလည်း တဖြည်းဖြည်းငြိမ်သက်သွားကြ၏။

ကိစ္စက ထိုသို့ပင်ဖြစ်လေသည်။

လူသားဘုရင်က ကောင်းကင်လိုဏ်ဂူဘုရင်တစ်ထောင်ကျော်ကျော်ကို သတ်ဖြတ်နိုင်မည်ဆိုလျှင်တောင် တစ်ဘက်မှာ အရေအတွက်က လေးထောင်ကျော်ကျော်ကျန်ရှိနေဦးမည်ဖြစ်သည်။

မီးပဒေသာနဂါးကြယ်ပေါ်မှာ နဂါးဘုရင်လေးငါးဆယ်နှင့်ယှဉ်လျှင် အရေအတွက်နှင့် ခွန်အားကွာဟချက်က အရမ်းကို ကြီးမားနေဆဲဖြစ်သည်။

နဂါးဘုရင်စိတ်ဝိညာဉ်နှင့် နဂါးဘုရင်လင်းရောင်ခြည်ကလည်း အကြည့်ချင်းဖလှယ်ပြီး တွေဝေတုံ့ဆိုင်းသွားကြ၏။

ကြယ်တာရာကောင်းကင်တိုက်ပွဲမြေမှာ။

အသက်တစ်ရာရှိုက်စာက နှေးကွေးသည်ဟု ထင်ရသော်လည်း တကယ်တော့ အလွန်တရာမြန်ဆန်လေသည်။

တစ်ခဏချင်းမှာပင် အသက်တစ်ရာရှိုက်စာက ကုန်ဆုံးတော့မည့်ဆဲဆဲဖြစ်ပြီး သေဆုံးသွားသော ကောင်းကင်လိုဏ်ဂူများ၏ အရေအတွက်ကလည်း အရေအတွက်တစ်ထောင်ထိ ရောက်ရှိလာ၏။

ဘုရင်ငါးထောင်စစ်တပ်၏ ငါးပုံတစ်ပုံသည် လူသားဘုရင်တစ်ဦး၏ သတ်ဖြတ်ခြင်းခံရလိမ့်မည်ဟု သည့်ယခင်က ဘယ်သူက တွေးမိခဲ့ပါ့မလဲ။

သူတို့သည် မီးပဒေသာနဂါးကြယ်ကို အောင်အောင်မြင်မြင်သိမ်းပိုက်နိုင်မည်ဆိုလျှင်တောင် သူတို့၏ ဆုံးရှုံးမှုက အရမ်းကိုကြီးမားသွားပြီဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် လူသားဘုရင်သည် သူ၏ ဘဝသက်တမ်းကုန်ဆုံးကာ သေဆုံးတော့မည်ဖြစ်သည်။

ထွက်ပြေးနေသော ကောင်းကင်လိုဏ်ဂူဘုရင်တချို့က စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြ၏။

သူတို့၏ စိတ်နှလုံးကို အုပ်မိုးထားသည့် မရဏအရိပ်က တဖြည်းဖြည်းပျက်ပြယ်လာနေသည်။

ကောင်းကင်လိုဏ်ဂူဘုရင်များစွာက သူတို့၏ လှုပ်ရှားမှုကို ရပ်တန့်ပြီး လှည့်ကြည့်လိုက်ကြ၏။

“ဟမ်… ဟုတ်တော့မဟုတ်သေးဘူး”

“လူသားဘုရင်က ကြမ်းကြုတ်ခက်ထန်နေတုန်းပဲ… သူ့မှာ အိုစာလာတဲ့ ဘာလက္ခဏာမှမရှိဘူး”

စောစောတုန်းက လူတိုင်းသည် ထွက်ပြေးဖို့ကိုသာ အာရုံစိုက်ထားပြီး လှည့်မကြည့်ရဲခဲ့ကြပေ။

ထိုအခိုက်အတန့်မှာ သူတို့သည် ဆူဇီမိုကို လှည့်ကြည့်လိုက်စဉ် လူသားဘုရင်က အနက်ရောင်ဆံပင်၊ အစိမ်းရောင်ဝတ်ရုံနှင့်အတူ ပုံမှန်အသားအရေအတိုင်းရှိနေသေးသည်ကို သူတို့က အံ့အားသင့်စွာဖြင့် နားလည်သိရှိလိုက်ရ၏။ သူ၏ အော်ရာက သန်မာနေပြီး သူ၏ အသက်ဓာတ်အားက ပေါကြွယ်ဝနေဆဲဖြစ်၏။

ဟာ…

ကောင်းကင်လိုဏ်ဂူဘုရင်များက ယခုတင် ရပ်တန့်လိုက်စဉ်… ဆူဇီမိုက အနားသို့ ချဉ်းကပ်လာခဲ့ပြီဖြစ်သည်။ တင်းခြောက်ပါးနှင့် ကျားခြောက်ပါး နတ်ဘုရားဆယ့်နှစ်ပါးနှင့်အတူ သူသည် ကောင်းကင်လိုဏ်ဂူဘုရင်အုပ်စုကို သတ်ဖြတ်နေ၏။

ဘုရင်များက ထိုသည်ကို တွေ့မြင်သောအခါ သူတို့က တုန်လှုပ်စွာဖြင့် ပင့်သက်ကိုရှိုက်လိုက်ကြ၏။

ဤလူသား၏ ဘဝသက်တမ်းက ကုန်ခန်းတော့မည့်လက္ခဏာများ လုံးဝမပြသဘူးလား။

သူက သူ၏ အရွယ်ကောင်းမှာ သိသိသာသာရှိနေသေး၏။ လူတိုင်းကို စိတ်လျှော့ထားပြီး တိုက်ခိုက်မှုကို အရင်ဆုံးရှောင်တိမ်းထားဖို့ ယခင်က အော်ဟစ်သတိပေးထားသည့် အထွတ်အထိပ်ဘုရင်ကလည်း ဒွိဟဖြစ်သွား၏။

သို့သော်လည်း မည်သို့ပင်ဆိုစေ သူတို့ဘက်မှာ ဘုရင်အရေအတွက်လေးထောင်ကျော် ကျန်ရှိနေဆဲဖြစ်၏။ သူတို့က ဤကဲ့သို့ပင် နောက်သို့ဆုတ်ခွာသွားစရာအကြောင်းမရှိပေ။

“အားလုံးပဲ ငါပြောတာကို နားထောင်ကြ… ဒီလူ့ရဲ့ ဘဝသက်တမ်းက တကယ်ပဲအလျင်အမြန်လျော့ကျနေပြီ… သူက အရှိန်ကုန်တော့မယ့် မြားတစ်စင်းပဲလို့ ငါထင်တယ်”

အထွတ်အထိပ်ဘုရင်က အသံကိုမြှင့်ကာ ပြောလိုက်၏။

“ငါတို့မှာ ဘုရင်အရေအတွက်လေးထောင်ကျော်ရှိနေတုန်းပဲ… ငါတို့က သူနဲ့ ဖြည်းဖြည်းချင်းအချိန်ဆွဲထားနိုင်တာနဲ့ သူက သေချာပေါက် တောင့်ခံနိုင်မှာမဟုတ်ဘူး”

သူ့စကားပြောလို့ပြီးဆုံးသွားချင်းမှာပင် ရွှေရောင်အလင်းတစ်ခုက တလိပ်လိပ်ထိုးတက်လာ၏။

လူတိုင်း၏ ရှေ့မှောက်မှာပင် ဆူဇီမိုက အေစက်၍နှလုံးသားကင်းမဲ့သော ကောင်းကင်ဘုံနတ်ဘုရားဆယ့်နှစ်ပါးနှင့်အတူ ဆင်းသက်ရောက်ရှိလာပြီး ထိုအထွတ်အထိပ်ဘုရင်ကို ချက်ချင်းပင်သတ်ဖြတ်ပစ်လိုက်၏။

ထိုဘုရင်က သေဆုံးသွားသော်လည်း သူ၏ စကားများက သက်ရောက်မှုတချို့ ကျန်ရှိခဲ့ဆဲပင်။ ကောင်းကင်လိုဏ်ဂူဘုရင်များစွာသည် ဤနေရာကနေ ထွက်ပြေးဖို့ကို စိတ်ပိုင်းမဖြတ်နိုင်ကြပေ။ သူတို့သည် ဆက်လက်၍ အချိန်ဆွဲထားပြီး စောင့်ကြည့်ချင်နေကြသေးသည်။

တိုက်ပွဲ၏ ဤနေရာအရောက်မှာ ဆူဇီမိုကလည်း လုံးဝမရပ်တန့်နိုင်တော့ပေ။

သူရပ်လိုက်မည်ဆိုလျှင် သူက သေရပေလိမ့်မည်။

တကယ်တော့ နဂါးဘုရင်ပြောသည်မှာ မှန်လေသည်။

သူသည် ကောင်းကင်လိုဏ်ဂူဘုရင်ငါးထောင်ကျော်ကျော်ကို သတ်ဖြတ်နိုင်စရာအကြောင်းမရှိပေ။ သို့သော်လည်း တိုက်ပွဲ၏ အစကနေ ယခုအချိန်ထိ ဆူဇီမို၏ ပစ်မှတ်များသည် အမြဲတမ်း အထွတ်အထိပ်ဘုရင်များ ဖြစ်ခဲ့လေသည်။

ကောင်းကင်လိုဏ်ဂူဘုရင်ငါးထောင်ကျော်ကျော်ကြားမှာ အထွတ်အထိပ်ဘုရင်လေးရာခန့်သာရှိသည်ကို သူက သတိထားမိနေခဲ့ပြီးသားဖြစ်၏။

သူသည် အတိတ်နှင့်ပစ္စုပ္ပန်ကို တိုက်ခိုက်ခြင်းအတောအတွင်း ထိုအထွတ်အထိပ်ဘုရင်လေးရာကျော်ကို သတ်ဖြတ်နိုင်သည်နှင့်အမျှ ကြောက်စရာဘာမှမရှိတော့ပေ။

ဒါ့အပြင် သူသည် အတိတ်နှင့်ပစ္စုပ္ပန်ကိုတိုက်ခိုက်ခြင်းနှင့် တိုက်ပွဲအမှတ်အသားရုပ်ပုံလွှာကို အသက်တစ်ရာရှိုက်စာထက် များစွာကျော်အောင် ထုတ်ဖော်နိုင်လေသည်။

သာမန်ကောင်းကင်လိုဏ်ဂူဘုရင်များမှာ ဘဝသက်တမ်းနှစ်တစ်သန်းသာရှိကြ၏။ ဆူဇီမိုသည် ဘုရင်တစ်ပါးဖြစ်လာပြီး ကောင်းကင်လိုဏ်ဂူအသေးငါးခုကို စုဖွဲ့ခဲ့စဉ်က သူ၏ ဘဝသက်တမ်းသည် တစ်မူထူးခြားစွာ မြင့်တက်လာပြီး ကြောက်ခမန်းလိလိ နှစ်ငါးသန်းထိ ရောက်ရှိသွားသည်ကို သူက အာရုံခံမိခဲ့ပြီးသာဖြစ်သည်။

ထိုအချက်သည် အတိတ်နှင့်ပစ္စုပ္ပန်ကို တိုက်ခိုက်ခြင်းကို ထုတ်ဖော်ဖို့အတွက် သူ၏အကြီးမားဆုံးမှီခိုအားထားရာဖြစ်၏။

သူ့မှာ အခြေခံအုတ်မြစ်အဖြစ် ဘဝသက်တမ်းနှစ်ငါးသန်းရှိနေခြင်းကြောင့်မဟုတ်လျှင် သူက ယခုအချိန်ထိ တိုက်ခိုက်နေနိုင်လိမ့်မည် မဟုတ်ပေ။

အသက်တစ်ရာရှိုက်စာအပြီးမှာ သူ၏ ဘဝသက်တမ်းက နှစ်တစ်သန်းလျော့ကျသွားခဲ့၏။

သို့သော်လည်း ဘဝသက်တမ်းနှစ်ငါးသန်းရှိထားသော ဆူဇီမိုအတွက် သူက သူ၏ အရွယ်ကောင်းမှာ ရှိနေဆဲဖြစ်၏။ ထို့ကြောင့်ပင် သူ့မှာ အိုစာလာသည့် မည်သည့်လက္ခဏာမှ မပြသခြင်းဖြစ်၏။

တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲဖြစ်၏။ အတိအကျဆိုရလျှင် ၎င်းသည် တစ်ဖက်သတ်အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းသာဖြစ်သည်။

ကောင်းကင်လိုဏ်ဂူဘုရင်များသည် ဆူဇီမို၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို မခုခံနိုင်ကြပေ။

နောက်ထပ်အသက်ငါးဆယ်ရှိုက်စာ ကုန်ဆုံးသွား၏။

တကယ်တော့ အချိန်က အရမ်းကို တိုတောင်းလေသည်။

သို့သော်လည်း အချိန်မရွေးသေဆုံးသွားနိုင်သော ဘုရင်များအတွက် အသက်တစ်ရှိုက်စာချင်းစီက အရမ်းကိုရှည်ကြာနေသည်ဟု ခံစားရလေသည်။

အစကတော့ သူတို့က တောင့်ခံထားနိုင်ကြဆဲဖြစ်၏။

သို့သော်လည်း အသက်တစ်ရာရှိုက်စာအပြီးမှာ ဆူဇီမို၏ ဘဝသက်တမ်းက ကုန်ဆုံးသွားပြီး သူတို့က တိုက်ခိုက်ခြင်းမရှိဘဲ အနိုင်ရလိမ့်မည်ဟု တွေးထင်ခဲ့ကြ၏။

သို့သော်လည်း အသက်တစ်ရာရှိုက်စာကုန်ဆုံးသွားပြီးနောက် ဆူဇီမို၏ တိုက်ခိုက်ရည်ခွန်အားက တူညီစွာ ကျန်ရှိနေဆဲပင်။

သူတို့သည် အကြီးမားဆုံးမျှော်လင့်ချက်နှင့်အတူ ဆက်လက်၍ စောင့်ဆိုင်းနေကြသည်။

သို့သော်လည်း နောက်ထပ် အသက်ငါးဆယ်ရှိုက်စာ ကုန်ဆုံးသွားပြီးနောက် ဆူဇီမိုသည် အိုမင်းလာမည့် မည်သည့်လက္ခဏာမှမပြသေးဘဲ သူ၏ တိုက်ခိုက်ရည်ခွန်အားက ၎င်း၏ အထွတ်အထိပ်မှာရှိနေဆဲပင်။

ပို၍ပင် စိုးရိမ်စရာကောင်းသည်မှာ သေဆုံးသွားသော ကောင်းကင်လိုဏ်ဂူဘုရင်တစ်ထောင်ကျော်ထဲ သုံးရာနီးပါးသည် အထွတ်အထိပ်ဘုရင်များဖြစ်သည်ကို ဘုရင်တချို့က သတိထားမိနေခဲ့ပြီဖြစ်သည်။ ကျန်ရှိနေသော အထွတ်အထိပ်ဘုရင်များက သေဆုံးသွားမည်ဆိုလျှင် အတိတ်နှင့်ပစ္စုပ္ပန်ကို တိုက်ခိုက်ခြင်းအတတ် မရှိလျှင်တောင် ဤလူကို ဘယ်သူက တားဆီးနိုင်တော့မှာလဲ။

ကောင်းကင်လိုဏ်ဂူဘုရင်များသည် တဖြည်းဖြည်းတောင့်မခံနိုင်တော့ဘဲ နောက်သို့ဆုတ်ခွာချင်လာကြပြီဖြစ်သည်။

All Chapters