← Chapters

တဗူးတစ်ပိုင်းနည်းစနစ်

Vol. 205 Ch. 3067

တဗူးတစ်ပိုင်းနည်းစနစ်

Vol. 205 Ch. 3067

ဝေါ…

မရေမတွက်နိုင်သောအကြည့်များ၏ ရှေ့မှောက်မှာ နတ်ဘုရားလက်နက်များ၊ ဓမ္မတာအိုနှင့် လျှို့ဝှက်အတတ်များစွာက ဆင်းသက်ရောက်ရှိလာ၏။

အရွယ်အစားအမျိုးမျိုးကောင်းကင်လိုဏ်ဂူထောင်ချီက ဖိခြေကျဆင်းလာပြီး ကမ္ဘာတုန်လောက်ဖွယ်ရာပေါက်ကွဲသံနှင့်အတူ ကောင်းကင်လိုဏ်ဂူအသေးငါးခုနှင့် ထိတွေ့ရိုက်ခတ်သွား၏။

ကောင်းကင်လိုဏ်ဂူအသေးငါးခုက လောင်ကျွမ်းပြာကျသွားသည့်အလား ပျက်ပြယ်သွားလေသည်။

ဆူဇီမို၏ ခန္ဓာကိုယ်သည်လည်း ဤကဲ့သို့ကြောက်စရာကောင်းသည့် ကြမ်းကြုတ်ခက်ထန်သော တိုက်ခိုက်မှုဖြင့် ဝါးမျိုခြင်းခံလိုက်ရ၏။

လူတိုင်းက ရပ်တန့်လိုက်သည့်အချိန်မှာ ကောင်းကင်က ကြေမွပျက်စီးသွားပြီဖြစ်သည်။ ထိုနေရာမှာ သွေးရောင်တစ်စွန်းတစ်စကိုမပြောနှင့် ဆူဇီမို၏ မည်သည့်အရိပ်အယောင်ကိုမှ မတွေ့မြင်ရတော့ပေ။

“အဲလောက်တောင် ရက်စက်ကြမ်းတမ်းတာလား”

နဂါးဘုရင်လင်းရောင်ခြည်က သက်ပြင်းချလိုက်၏။

“အဲဒါက ချေမှုန်းသုတ်သင်ခံရခြင်းဆိုတဲ့ အဓိပ္ပါယ်ပဲ… သူက လောကကနေ အတင်းအကျပ် ဖျောက်ဖျက်ခံလိုက်ရပြီ”

နောက်ဆုံးတော့ ထူးခြားအံ့မခန်းက တကယ်ကိုဖြစ်မလာတော့ဘူးပဲ”

လုံလီက တစ်စုံတစ်ရာကို ရှာဖွေနေသည့်အလား ကြယ်တာရာကောင်းကင်တိုက်ပွဲနယ်မြေကို ငေးငိုင်စွာဖြင့်ကြည့်နေ၏။

ကြယ်တာရာကောင်းကင်က ကြေမွပျက်စီးသွားပြီး မည်သည့်အရာမှ မကျန်ရှိခဲ့ပေ။

မျောက်နှင့်လုံရန်သည် ဆူဇီမိုက ဤကဲ့သို့ပင် သေဆုံးသွားလိမ့်မည်မဟုတ်ဟု ယုံကြည်ထားကြ၏။ သို့သော်လည်း ထိုအခိုက်အတန့်မှာ သူတို့၏ အမူအရာများက တည်တံ့နေပြီး မအီမသာခံစားနေရဆဲပင်။

“သင့်ရဲ့နှလုံးသားနဲ့စိတ်ကို အာရုံခံနိုင်တယ်… သင့်ရဲ့ နှလုံးနဲ့စိတ်က ဘာကိုမှ ဆုပ်ကိုင်မထားတဲ့အခါ သင့်ရဲ့သေခြင်းရှင်ခြင်းက သင့်ရဲ့နှလုံးသားနဲ့ စိတ်ပေါ်မှာ မှီခိုမနေတော့ဘူး… သင့်ရဲ့ ကိုယ်ကာယနဲ့စိတ်က ထင်ယောင်ထင်မှားခံစားချက်တွေအဖြစ် ဆိတ်သုဉ်းပျောက်ကွယ်သွားလိမ့်မယ်… နတ္ထိတရားက နေရာတိုင်းမှာရှိပြီး အနတ္တကို ထင်ဟပ်လာစေမယ်….”

ထိုစဉ်မှာပင် လျှို့ဝှက်ဆန်းကြယ်၍ ရှေးကျသော ဂါထာမန္တန်ရွတ်ဖတ်သံက ကြယ်တာရာကောင်းကင်ထဲကနေ ထွက်ပေါ်လာ၏။ စကားလုံးတစ်လုံးချင်းစီမှာ အဆုံးမဲ့ လျှို့ဝှက်ဆန်းကြယ်မှုတို့ ပါဝင်နေ၏။

ဂါထာမန္တန်ရွတ်ဖတ်သံက ကြယ်တာရာကောင်းကင်ထဲမှာ ပဲ့တင်ထပ်လာပြီး ထိုအသံသည် ပို၍ ကျယ်လောင်စွာ ပို၍တုန်လှုပ်စရာကောင်းလာ၏။

“အဲဒါဘာအသံလဲ”

“ဘယ်သူလာနောက်နေတာလဲ”

ကြယ်တာရာကောင်းကင်ထဲမှာ ဘုရင်ထောင်ချီက အံ့အားသင့်စွာဖြင့် လှည့်ပတ်ကြည့်ရှုပြီး သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များကို ဖြန့်ကြက်လိုက်သော်လည်း သူတို့သည် သံသယဝင်စရာ မည်သူတစ်ဦးတစ်ယောက်ကိုမှ ရှာမတွေ့ပေ။

ဂါထာမန္တန်ထွက်ပေါ်လာရာအရင်းအမြစ်သည် ကြယ်တာရာကောင်းကင်ထဲမှာ စောစောကဆူဇီမိုသေဆုံးသွားခဲ့သောနေရာဖြစ်၏။

သိုသော်လည်း ထိုနေရာမှာ ဗလာကျင်းနေခြင်းကလွဲလျှင် မည်သည့်အရာမှမရှိပေ။

မီးပဒေသာနဂါးကြယ်မှာ။

လုံလီက ထိုမန္တန်အသံကိုကြားသောအခါ သူမက စိတ်အားမာန်တက်ကြွလာပြီး မျက်ရည်များနှင့်အတူပြုံးကာ စိတ်လှုပ်ရှားတက်ကြွစွာဖြင့် ပြောလိုက်၏။

“အဲဒါ အစ်ကိုဆူပဲ… အဲဒါအစ်ကိုဆူပဲ သူ မသေသေးဘူး”

“ဟမ်”

နဂါးဘုရင်များစွာက တုန်လှုပ်သွားကြ၏။

“အဲဒါမဖြစ်နိုင်ဘူးလေ… ဟုတ်တယ်မလား”

နဂါးဘုရင်စိတ်ဝိညာဉ်က အဲဒါကို မယုံကြည်နိုင်ဘဲ တုံ့ဆိုင်းစွာဖြင့် မေးလိုက်၏။

“တာအိုရောင်းရင်းဆူက စောစောက သတ်ဖြတ်ခြင်းကနေ ရှင်သန်နိုင်ခဲ့တာလား”

“အဲဒါက အနတ္တပဲ”

လုံလီက ပြောလိုက်၏။

“ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာတုန်းက အစ်ကိုဆူက အဲဒါကို တစ်ခါထုတ်ဖော်ဖူးခဲ့တယ်”

“အဲဒါမဖြစ်နိုင်ဘူး”

နဂါးဘုရင်လင်းရောင်ခြည်က မျက်မှောင်ကြုတ်ကာပြောလိုက်၏။

“ကြယ်တာရာကောင်းကင်က ကြေမွပျက်စီးသွားပြီ… သူက အနတ္တကို ထုတ်ဖော်မယ်ဆိုရင်တောင် သူ့အတွက် ပုန်းကွယ်စရာနေရာမရှိတော့ဘူး… သူက ကောင်းကင်လိုဏ်ဂူဘုရင်ထောင်ချီရဲ့ တရကြမ်းပိတ်ဆို့တိုက်ခိုက်မှုကို ဘယ်လိုလုပ်ရှောင်လွှဲနိုင်မှာလဲ”

“အဲဒါက ဟိုလူသားဘုရင်ရဲ့ အသံဖြစ်တဲ့ပုံပဲ”

အုတ်ဂူကမ္ဘာမှ ဘုရင်တစ်ဦးက မယုံကြည်နိုင်စွာဖြင့် မျက်မှောင်ကြုတ်ကာပြောလိုက်၏။

“အဓိပ္ပါယ်မရှိတာ မပြောစမ်းနဲ့”

အခြားသောအထွတ်အထိပ်ဘုရင်က သူ့ကိုဖြတ်ပြောကာ မျက်မှောင်ကြုတ်လိုက်၏။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“စောစောက တိုက်ခိုက်မှုအောက်မှာ ဧကရာဇ်တစ်ပိုင်းတွေတောင်မှ အသက်ရှင်နိုင်မှာမဟုတ်ဘူး”

ထိုစဉ်မှာပင် မူလက ကြေမွပျက်စီးသွားသော ကြယ်တာရာကောင်းကင်ထဲမှာ ပုံရိပ်တစ်ခုက တဖြည်းဖြည်းပေါ်ထွက်လာ၏။

သူက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားလေသည်။ သူ၏ မျက်လုံးများက အနက်ရောင်နှင့်အဖြူရောင်ဖြစ်ပြီး ယင်ယန်ငါးများပေါ်မှာ မတ်တတ်ရပ်နေ၏။ သူ၏ ကျောပေါ်မှာ ကောင်းကင်ကိုထိုးဖောက်ထားသည့် အစိမ်းရောင်ကြာပင်တစ်ပင်ရှိပြီး သူက မျက်လွှာချထားလေသည်။ လက်တစ်ဖက်ထဲမှာ ဓားတစ်လက်နှင့် အခြားသောလက်တစ်ဖက်ထဲမှာ အခြားသောဗုဒ္ဓချိပ်စည်းတစ်ခုကို ကိုင်ဆွဲထားပြီး သူ၏ ဓမ္မဝိသေသသွင်ပြင်က တည်ကြည်ခံ့ညားကာ သုတ္တန်မန္တန်များကို ရွတ်ဆိုနေ၏။

ဟာ…

လူတိုင်းက ထိုသည်ကို တွေ့မြင်သောအခါ ပင့်သက်ကိုရှိုက်လိုက်ကြ၏။

လူသားဘုရင်က တကယ်ပင် သေဆုံးမသွားပေ။

နဂါးဘုရင်စိတ်ဝိညာဉ်နှင့် နဂါးဘုရင်လင်းရောင်ခြည်ကလည်း တုန်လှုပ်သွားကြ၏။

တကယ်တော့ နဂါးဘုရင်စိတ်ဝိညာဉ်နှင့် အခြားသူများပြောသည်မှာ မှန်လေသည်။

အစက အနတ္တသည် တကယ်ပင် ကောင်းကင်လိုဏ်ဂူအဆင့် လျှို့ဝှက်အတတ်တစ်ခုသာဖြစ်ခဲ့ပြီး ၎င်းသည် ကောင်းကင်လိုဏ်ဂူဘုရင်ထောင်ချီ၏ တရကြမ်းပိတ်ဆို့တိုက်ခိုက်မှုကို ရှောင်လွှဲနိုင်စရာအကြောင်းမရှိပေ။

ဘေးပတ်ဝန်းကျင်ကြယ်တာရာကောင်းကင်က ကြေမွပျက်စီးသွားပြီး ဆူဇီမိုရပ်တည်ဖို့အတွက် တစ်နေရာမှမကျန်ရှိအောင် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွား၏။

သို့သော်လည်း ဆူဇီမိုသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ဝင်ရောက်၍ ကောင်းကင်လိုဏ်ဂူအသေးငါးခုကို စုဖွဲ့ပြီးနောက် လေဟာနယ်အပေါ် သူ၏ နားလည်သဘောပေါက်မှုက အလွန်တရာမြင့်မားသော အဆင့်တစ်ခုထိ ရောက်ရှိလာပြီး အဲဒါက ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။

တဗူးဂမ္ဘီရကျင့်စဉ် အာဒိကပ္ပသမဂ္ဂယင်ယန်ထွက်ပြေးခြင်း၏ လျှို့ဝှက်အတတ်မှာလည်း လေဟာနယ်၏ ဓမ္မတာအိုပါဝင်ပတ်သက်နေ၏။

လေဟာနယ်နှင့်သက်ဆိုင်သောလျှို့ဝှက်အတတ်နှစ်ခုသည် တဗူးဂမ္ဘီရကျင့်စဉ်များကနေ ဆင်းသက်လာခဲ့၏။

ဆူဇီမိုသည် လေဟာနယ်ပေါ် သူ၏ နားလည်ဆင်ခြင်မှုပေါ် မှီခိုပြီး ထိုလျှို့ဝှက်အတတ်နှစ်ခုကို တစ်ချိန်တည်းမှာထုတ်ဖော်ကာ ပေါင်းစည်းစေပြီး လျှို့ဝှက်အတတ်တစ်ခုကို ပေါ်ထွက်လာစေ၏။

ထိုလျှို့ဝှက်အတတ်၏ အားဖြည့်စုဆောင်းမှုနှင့်အတူ ဆူဇီမို၏ ခန္ဓာကိုယ်က ထူးခြားသောအခြေအနေတစ်ရပ်သို့ ရောက်ရှိသွားလေသည်။

ဆူဇီမိုက အဲဒါကို ဗလာနယ်ဟု ခေါ်ဆိုထား၏။

သူ၏ ဗလာနယ်အခြေအနေမှာ သူသည် ကောင်းကင်လိုဏ်ဂူထောင်ချီ၏ သတ်ဖြတ်မှုကို ရှောင်လွှဲနိုင်ခဲ့သည်မှာ ထိုလျှို့ဝှက်အတတ်သည် အခြားသောစွမ်းအားအဆင့်တစ်ခုနှင့် ထိတွေ့မိနေပြီဖြစ်သောကြောင့်ပင်။

တဗူးနည်းစနစ်တစ်ခု…

အတိအကျဆိုရလျှင် ဆူဇီမို၏ လက်ရှိကျင့်ကြံမှုနယ်ပယ်နှင့် လေဟာနယ်အပေါ် သူ၏ ထိန်းချုပ်နိုင်မှုကြောင့် ဤလျှို့ဝှက်အတတ်ကို တဗူးတစ်ပိုင်းနည်းစနစ်တစ်ခုဟုသာ ဆိုနိုင်မည်ဖြစ်သည်။

သူ့ကျင့်ကြံမှုနယ်ပယ်၏ ကန့်သတ်မှုကြောင့် သူ့အနေဖြင့် အစစ်အမှန်တဗူးနည်းစနစ်တစ်ခုကို ထုတ်ဖော်ဖို့က မဖြစ်နိုင်ပေ။

ဤတဗူးတစ်ပိုင်းနည်းစနစ်တစ်ခုကပင် သူ၏ အမြုတေစိတ်ဝိညာဉ်ပေါ် အားအင်ကြီးမားစွာကုန်ဆုံးစေပြီး ၎င်းသည် သာမန်အထွတ်အထိပ်ဘုရင်များ ခံနိုင်ရည်ရှိသောတစ်စုံတစ်ရာ မဟုတ်ပေ။

သူသည် အဲဒါကို ခံနိုင်ရည်ရှိသည်မှာ သူ့မှာ ဖန်တီးခြင်းကြာခုံ၏ အားဖြည့်ထောက်ပံ့မှုရှိထားပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို ၎င်းက အဆက်မပြတ်အားဖြည့်ပေးနေသောကြောင့်ဖြစ်သည်။

အမြုတေစိတ်ဝိညာဉ်တစ်ခုတည်းပေါ် မှီခိုရုံမျှနှင့် ဤတဗူးတစ်ပိုင်းနည်းစနစ်ကို ထုတ်ဖော်နိုင်စရာအကြောင်းမရှိပေ။

ဆူဇီမိုသည် ကောင်းကင်လိုဏ်ဂူအသေးငါးခု ကြေမွပျက်စီးခြင်းကနေ ထွက်ပေါ်လာသော သိပ်သည်းပြင်းထန်သည့် စွမ်းအားပေါ်မှာပင် မှီခိုပြီး ဗလာနယ်ထဲသို့ ထွက်ပြေးလွတ်မြောက်ကာ ကောင်းကင်လိုဏ်ဂူဘုရင်ထောင်ချီ၏ တိုက်ခိုက်မှုများအားလုံးကို ရှောင်လွှဲနိုင်ခဲ့၏။

တကယ်တော့ တဗူးတစ်ပိုင်းနည်းစနစ်သည် ဆူဇီမို၏ တိုက်ခိုက်ရည်ခွန်အားကို သိသိသာသာ မြှင့်တင်မပေးနိုင်ပေ။

ဤလျှို့ဝှက်အတတ်သည် ခုခံရေးနှင့်ရှောင်တိမ်းခြင်းနည်းစနစ်သက်သက်သာဖြစ်ပြီး သူ၏ ခွန်အားကို လုံးဝမမြှင့်တင်ပေးနိုင်သောကြောင့်ဖြစ်သည်။

သို့သော်လည်း ဤကဲ့သို့သောအခြေအနေမှာ ဤဗလာနယ်လျှို့ဝှက်အတတ်က အလွန်တရာအသုံးတည့်လာခဲ့၏။

ဆူဇီမိုသည် တိုက်ခိုက်မှုများအားလုံးကို ရှောင်လွှဲနိုင်ခဲ့ရုံသာမက သူသည် သူ၏ မျိုးဆက်သွေးနယ်မြေကို ထိန်းသိမ်းထားဖို့အတွက် ဗလာနယ်လျှို့ဝှက်အတတ်ကိုပင် အသုံးပြုခဲ့လေသည်။

သူ၏ တန်ပြန်တိုက်ခိုက်မှုက ယခုမှစတင်မည်ဖြစ်သည်။

အခြားတစ်ဘက်မှာ ခဏမျှမှင်တက်သွားပြီးနောက် ကောင်းကင်လိုဏ်ဂူဘုရင်ထောင်ချီက တဖြည်းဖြည်း ထိုအချက်အလက်ကို လက်ခံလိုက်ကြ၏။

သူတို့သည် စောစောက ဖြစ်ပျက်ခဲ့သည့်အရာကို မသိရှိကြပေ။

ဆူဇီမို၏ စောစောကထုတ်ဖော်ခဲ့သော လျှို့ဝှက်အတတ်သည် ပိုမိုမြင့်မားသော စွမ်အားအဆင့်တစ်ခုနှင့် ထိတွေ့မိနေနိုင်သည်ကို နဂါးဘုရင်စိတ်ဝိညာဉ်နှင့် နဂါးဘုရင်လင်းရောင်ခြည်ကဲ့သို့ အထွတ်အထိပ်ဘုရင်များကသာလျှင် ခပ်ရေးရေးခန့်မှန်းမိနိုင်ကြသည်။

“သူက စောစောတုန်းက ကံကောင်းပြီး လွတ်မြောက်သွားတယ်ဆိုတော့ရော ဘာဖြစ်သလဲ”

အုတ်ဂူကမ္ဘာမှ အထွတ်အထိပ်ဘုရင်တစ်ဦးက လှောင်ရယ်လိုက်၏။

“အဲဒီလျှို့ဝှက်အတတ်က သူ့ရဲ့စွမ်းအင်အမြောက်အမြားကို ကုန်ဆုံးစေမှာပဲ… သူက အချိန်တိုအတွင်းမှာ အဲဒါကို နောက်တစ်ခါ ထုတ်ဖော်နိုင်မှာမဟုတ်ဘူး”

“သူတို့ပြန်ထွက်လာတယ်ဆိုတော့လည်း ငါတို့သူ့ကိုနောက်တစ်ဖန်ထပ်ပြီး သတ်ဖြတ်ရုံပေါ့”

“ဟုတ်တယ်”

ကောင်းကင်လိုဏ်ဂူဘုရင်များစွာက တစ်ယောက်ပြီးတစ်ယောက် သဘောတူထောက်ခံလိုက်ကြ၏။

ဤလူသားဘုရင်က နောက်တစ်ဖန်ရှောင်လွှဲနိုင်မည်ဆိုလျှင်တောင် သူက အဲဒါကို ဒုတိယအကြိမ်မြောက် သို့မဟုတ် တတိယအကြိမ်မြောက်ထပ်ပြီး ပြုလုပ်နိုင်မှာလား။

လူတိုင်းက ဆူဇီမိုကို မမှိတ်မသုန်စိုက်ကြည့်နေပြီး ဆူဇီမိုသည် ထူးခြားသောအခြေအနေကနေ လုံးလုံးလျားလျားထွက်ပေါ်လာသည်နှင့် အချိန်မရွေးတိုက်ခိုက်ဖို့ကို အဆင့်သင့်ဖြစ်နေကြ၏။

ထိုစဉ်မှာပင် ဆူဇီမိုက ကြယ်တာရာကောင်းကင်ထဲမှာ သူ၏ နတ်ဘုရားစွမ်းအားကို ထုတ်ဖော်လိုက်၏။ သူ၏ ပခုံးပေါ်မှာ ဦးခေါင်းသုံးလုံးထွက်ပေါ်လာပြီး သူ့ခန္ဓာတစ်ဖက်တစ်ချက်စီကနေ လက်ခြောက်ဖက်က ပေါ်ထွက်လာ၏။

အနှိုင်းမဲ့နတ်ဘုရားစွမ်းအား.. ခေါင်းလေးလုံးလက်ရှစ်ဖက်။

သူသည် လက်တစ်ဖက်မှာ ချင်းဖျင်ဓား၊ အခြားလက်တစ်ဖက်မှာ သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးနှင့် အခြားသောလက်တစ်ဖက်မှာ အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်ကို ကိုင်ဆွဲထား၏။

သူ၏ အခြားသောလက်များက လက်သီးအဖြစ်ဆုပ်ထားခြင်း သို့မဟုတ် ဓမ္မပညာရပ်များကို ဆင့်ခေါ်ခြင်းများ ပြုလုပ်လိုက်ကြလေသည်။

“ခေါင်းလေးလုံး လက်ရှစ်ဖက်လား… ဘာဖြစ်လဲ”

ကောင်းကင်လိုဏ်ဂူဘုရင်များစွာက ထိုသည်ကို တွေ့မြင်သောအခါ လက်မခံသည့်ဟန်ဖြင့် လှောင်ပြောင်လိုက်ကြ၏။

ခေါင်းလေးလုံး လက်ရှစ်ဖက်သည် တစ်ယောက်ချင်း သို့မဟုတ် အနီးကပ်တိုက်ခိုက်ရည်မှာ အလွန်တရာစွမ်းအားကြီးမားသော တိုက်ခိုက်ရည်ခွန်အားကို ထုတ်ဖော်နိုင်လေသည်။

ဤကဲ့သို့အခြေအနေအောက်မှာ သူ့တွင် ခေါင်းအလုံးလေးဆယ် သို့မဟုတ် လက်ရှစ်ရာရှိနေသည်ဆိုလျှင်တောင် သုံးစားရလိမ့်မည်မဟုတ်ပေ။

ထိုစဉ်မှာပင် ကောင်းကင်လိုဏ်ဂူဘုရင်များသည် မြစ်ရေများစီးဆင်းနေသောအသံကို ရုတ်တရက်ကြားလိုက်ရသည်။

All Chapters