ဖြေရှင်း၍မရသောလမ်းဆုံး
Vol. 205 Ch. 3066
ဤတိုက်ပွဲသည် ကောင်းကင်ဘုံသို့သွားရာလမ်းမှာ မြင်းမျောက်ဘုရင်များနှင့် သူတိုက်ခိုက်ခဲ့စဉ်ကနှင့် မတူတော့ပေ။
ထိုအချိန်တုန်းက ဆူဇီမိုသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ဝင်ရောက်ခါစဖြစ်ပြီး သူစုဖွဲ့ထားသော ကောင်းကင်လိုဏ်ဂူအသေးများ၏ စွမ်းပကားကို သေသေချာချာ မသိရသေးပေ။
ထို့ကြောင့် သူသည် ကောင်းကင်လိုဏ်ဂူအသေးတစ်ခုချင်းစီ၏ ခွန်အားနှင့် တိုးတက်မှုကို စမ်းသပ်စစ်ဆေးကြည့်ဖို့အတွက် သူတို့ကို တစ်ခုချင်းထုတ်ဖော်ခဲ့၏။
သို့သော် ယနေ့က ကွဲပြားခြားနားသွား၏။
ဆူဇီမိုသည် တစ်ခုခုကို ထိန်ချန်ထားစရာ မလိုအပ်တော့ပေ။
ကြောက်ခမန်းလိလိနည်းလမ်းများဖြင့်သာ သူသည် ဤအခြေအနေကို အလှည့်အပြောင်းဖြစ်စေနိုင်မည်ဖြစ်၏။
ထို့ကြောင့် ဆူဇီမိုတိုက်ခိုက်လိုက်သည့်ခဏမှာပင် ကောင်းကင်လိုဏ်ဂူအသေးငါးခုက တစ်ချိန်တည်းမှာ ပေါ်ထွက်လာပြီး ကြယ်တာရာကောင်းကင်နှင့်လောကကို တုန်ခါသွားစေ၏။
သက်ရှိများစွာက တုန်လှုပ်နေသော အမူအရာများစွာနှင့်အတူ တစ်ချိန်တည်းမှာ အော်ဟစ်လိုက်ကြ၏။
လက်ရှိဘုရင်များကို မပြောနှင့် ဧကရာဇ်ပညာရှင်များပင်လျှင် ဤမြင်ကွင်းကို တွေ့မြင်ပါက ခေါင်းနားပန်းကြီးလာပေလိမ့်မည်။
ဘုရင်ရှစ်ရှန်နှင့် အထွတ်အထိပ်ဘုရင်သုံးဦးက ယခုတင် ပြေးဝင်လာပြီး တုန်လှုပ်သွားကြ၏။
“ဘာမှမကြောက်နဲ့”
ဘုရင်ရှစ်ရှန်က အရင်ဆုံးတုံ့ပြန်ပြီး အော်ပြောလိုက်၏။
“အဲဒါက ကောင်းကင်လိုဏ်ဂူအသေးငါးခုပဲ သူတို့က ဘယ်လောက်ပဲသန်မာသန်မာ သူတို့က မင်းတို့ရဲ့ ပကတိကောင်းကင်လိုဏ်ဂူတွေကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး”
ဝုန်း…
ပကတိကောင်းကင်လိုဏ်ဂူသုံးခုက ကောင်းကင်လိုဏ်ဂူအသေးငါးခုနှင့်အတူ ကျယ်လောင်သောမြည်သံနှင့် ထိတွေ့ရိုက်ခတ်သွား၏။
ဘုရင်ရှစ်ရှန်၏ အသံက ပေါက်ကွဲသံကြားမှာ နောက်တစ်ဖန်နစ်မြုပ်သွား၏။
ကောင်းကင်လိုဏ်ဂူအသေးငါးခုထဲမှ တစ်ခုချင်းစီတွင် သူတို့၏ အခြေခံအုတ်မြစ်အဖြစ် တဗူးဂမ္ဘီရကျင့်စဉ်တစ်ခုစီ ရှိလေသည်။
ပကတိကောင်းကင်လိုဏ်ဂူသုံးခုနှင့် ရင်ဆိုင်ရာမှာ ဆူဇီမို၏ ကောင်းကင်လိုဏ်ဂူအသေးငါးခုက အသာစီးရရှိထားနိုင်ဆဲပင်။ သို့သော်လည်း ပကတိကောင်းကင်လိုဏ်ဂူသုံးခုကို အချိန်တိုအတွင်းမှာ လုံးလုံးလျားလျားဖိနှိမ်ဖို့က မလွယ်ကူပေ။
အနည်းငယ်နှောင့်နှေးကြန့်ကြာသွားမည်ဆိုလျှင် ဘေပတ်ဝန်းကျင်မှာရှိသော ကောင်းကင်လိုဏ်ဂူဘုရင်များက တုံ့ပြန်လာပြီး ရှေ့သို့ဝင်ရောက်လာကြပေလိမ့်မည်။
အရေအတွက်ငါးထောင်ကို မပြောနှင့် အရွယ်အစားအမျိုးမျိုး ကောင်းကင်လိုဏ်ဂူငါးရာ ထုတ်ဖော်ထားမည်ဆိုလျှင်ပင် ဆူဇီမို၏ ကောင်းကင်လိုဏ်ဂူအသေးငါးခုက ဖိအားဒဏ်ကို ခံနိုင်ရည်မရှိဘဲ နေရာမှာတင် လဲပြိုကျသွားရပေလိမ့်မည်။
“သတ်”
ကောင်းကင်လိုဏ်ဂူအသေးငါးခုကို ထုတ်ဖော်ပြီးနောက် ဆူဇီမိုက သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည်ပတ်ပြီး ကောင်းကင်လိုဏ်ဂူများ၏ စွမ်းအားကို သူတို့၏ အကန့်အသတ်ထိ ထုတ်ဖော်လိုက်၏။
ချက်ချင်းပင် မရေမတွက်နိုင်သော ဓမ္မမှော်စာလုံးများက ကောင်းကင်လိုဏ်ဂူအသေးငါးခုထဲကနေ လျှံထွက်လာ၏။
အဲဒီမှာ အလင်းရောင်ခြည်ပေါင်း သောင်းချီရှိနေ၏။
မိုးကြိုးသံနှင့် သိပ်သည်းပြင်းထန်သော မိုးပေါက်များကြားမှာ ဗုဒ္ဓပုံရိပ်များက ပေါ်ထွက်လာ၏။ နဂါးများနှင့် ဆင်များက အတူတကွ မာန်ဖီဟိန်းဟောက်ပြီး ဂါထာမန္တန်ရွတ်ဖတ်သံက ထွက်ပေါ်လာ၏။ သားရဲတစ်အုပ်စုက မာန်ဖီဟိန်းဟောက်လိုက်ကြပြီး ဓားအုတ်ဂူများက ပေါ်ထွက်လာကာ နေနှင့်လက လှည့်ပတ်နေ၏။
ဓမ္မတာအိုမှော်စာလုံးပေါင်းစုံသည် ကောင်းကင်တစ်ခွင်အုပ်မိုးနေသော နယ်မြေဖြစ်စဥ်များအဖြစ် အသွင်ပြောင်းလဲသွား၏။ ယခုတင်ထုတ်ဖော်လိုက်သော မျိုးဆက်သွေးနယ်မြေနှင့်အတူ ချက်ချင်းပင် ဆူဇီမိုထုတ်ဖော်လိုက်သောစွမ်းအားက ၎င်း၏ အထွတ်အထိပ်ကို ရောက်ရှိလာခဲ့သည်။
ဖန်တီးခြင်းကြာပဒုမ္မာက ယိမ်းထိုးကာတောက်ပနေ၏။ ကောင်းကင်လိုဏ်ဂူအသေးငါးခုနှင့်အတူ သူတို့သည် ပကတိကောင်းကင်လိုဏ်ဂူသုံးခုကို ချက်ချင်းပင် အနိုင်ယူလိုက်၏။
မှော်စာလုံးများက ပင်လယ်တစ်စင်းကဲ့သို့ တလိပ်လိပ်ထိုးတက်လာပြီး ဘုရင်ရှစ်ရှန်နှင့် အခြားသုံးယောက်၏ ပုံရိပ်များကို လွှမ်းခြုံသွားလေသည်။
ဖြစ်စဥ်တစ်ခုလုံးက နှေးကွေးသည်ဟု ထင်ရသော်လည်း တစ်ခဏအတွင်း ဖြစ်ပွားခဲ့၏။
ကောင်းကင်လိုဏ်ဂူအသေးငါးခု တစ်ချိန်နည်းမှာ ပေါ်ထွက်လာသောအခါ ဘုရင်များစွာက တုန်လှုပ်နေကြ၏။
သူတို့တုန်လှုပ်နေသည့်အချိန်မှာ ဘုရင်ရှစ်ရှန်နှင့် အခြားသောအထွတ်အထိပ်ဘုရင်သုံးဦးသည် ဆူဇီမို၏ တိုက်ခိုက်မှုဖြင့် နေရာမှာပင် သေဆုံးသွားကြပြီဖြစ်သည်။
“ဘာလဲဟ”
မီးပဒေသာနဂါးကြယ်ပေါ်မှာ နဂါးဘုရင်များစွာက တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်စွာဖြင့်ကြည့်လိုက်ကြ၏။
ဤလူသားဘုရင်သည် မီးပဒေသာနဂါးကြယ်ကနေ ထွက်ခွာသွားပြီးကတည်းက သူ့လက်ထဲမှာသေခဲ့ရသော ကောင်းကင်လိုဏ်ဂူဘုရင်အယောက်လေးငါးဆယ်ရှိနေပြီဖြစ်သည်။
စောစောက ဘုရင်ရှစ်ရှန်နှင့် အခြားသောအထွတ်အထိပ်ဘုရင်သုံးဦးကပင် နေရာမှာတင် သတ်ဖြတ်ခံလိုက်ရ၏။
သို့သော်လည်း ဤလူသားဘုရင်က ကောင်းကင်လိုဏ်ဂူအသေးနယ်ပယ်မှာသာရှိနေသည်။
နဂါးဘုရင်တစ်ဦးက တီးတိုးရေရွတ်လိုက်၏။
“ဒီလူက ဆက်ပြီးကြီးပြင်းလာမယ်ဆိုရင် ဘာတွေဖြစ်လာမလဲဆိုတာ တကယ်ပဲစဥ်းစားကြည့်လို့မရနိုင်ဘူး... ဒီလိုမျိုးပါရမီအလားအလာက လူတိုင်းကိုအကြောက်တရားသွတ်သွင်းပေးနိုင်တယ်”
လုံရန်နှင့်လုံလီက စိတ်အားမာန်တက်ကြွလာပြီး သူတို့၏ ခံစားချက်များက မြင့်တက်လာ၏။
“နဂါးဘုရင်တို့”
လုံရန်က အကြံပြုလိုက်၏။
“ဇီမိုက တစ်ဘက်မှာရှိတဲ့ကောင်းကင်လိုဏ်ဂူဘုရင်တွေကို ဆက်တိုက်သတ်ဖြတ်နေပြီ... သူ့ရဲ့အော်ရာက အထွတ်အထိပ်ကို ရောက်နေပြီ... ကျုပ်တို့က ဒီအခွင့်အရေးကိုချိန်ဆပြီး တစ်ဘက်အဖွဲ့ဆီ တစ်ခါတည်းနဲ့ သတ်ဖြတ်ခြင်းနဲ့ လမ်းဖောက်ရအောင်”
နဂါဘုရင်များက ဆူဇီမိုယခုတင်ထုတ်ဖော်ပြသလိုက်သော တိုက်ခိုက်ရည်ခွန်အားမှာ တုန်လှုပ်နေကြ၏။
သို့သော်လည်း လုံရန်၏ အကြံပြုချက်ကိုကြားသောအခါ နဂါးဘုရင်များက သူတို့၏ စိတ်ကို အလျင်အမြန်ငြိမ်သက်စေလိုက်၏။
နဂါးဘုရင်တစ်ဦးက သူ၏ ခေါင်းကို ညင်သာစွာခါယမ်းလိုက်၏။
“သူ့ရဲ့ကောင်းကင်လိုဏ်ဂူအသေးငါးခုက တကယ်ပဲတုန်လှုပ်စရာကောင်းတယ်... ဒါပေမဲ့ သူတို့တွေက ဘာပဲပြောပြော ကောင်းကင်လိုဏ်ဂူအသေးတွေပဲ... သူတို့ရဲ့ခွန်အားကို ပူးပေါင်းထားမယ်ဆိုရင်တောင် ကန့်သတ်ချက်တစ်ခုရှိနေတယ်”
“အမှန်ပဲ”
နောက်ထပ်နဂါးဘုရင်တစ်ဦးက ထပ်ပြောလိုက်၏။
“ဘုရင်ရှစ်ရှန်တို့အုပ်စုက သေဆုံးသွားမယ်ဆိုရင်တောင် အခြေအနေပေါ် အများကြီးသက်ရောက်မှာ မဟုတ်ဘူး... အခုချိန်မှာ ကောင်းကင်လိုဏ်ဂူဘုရင်အရေအတွက်က လျော့ကျမှုမရှိသလောက်နီးပါးပဲ”
တိုက်ပွဲ၏ ဤအဆင့်ထိ ကြယ်တာရာကောင်းကင်ထဲမှာသေခဲ့ရသော ဘုရင်များ၏ အရေအတွက်က တစ်ရာထက်ပိုမရှိပေ။
ထိုအရေအတွက်သည် ဘုရင်ငါးထောင်ပါသော ဧရာမစစ်တပ်နှင့်ယှဉ်လျှင် တကယ်ပင်လျစ်လျူရှု၍ရသလောက်နီပါးဖြစ်၏။
နဂါးဘုရင်က ဆက်ပြောလိုက်၏။
“ကျန်ရှိနေတဲ့ ကောင်းကင်လိုဏ်ဂူဘုရင်တွေက အတူပူးပေါင်းပြီးတိုက်ခိုက်လာတာနဲ့ ဆူဇီမိုက ကောင်းကင်လိုဏ်ဂူအသေး ဆယ်ခု… အခုတစ်ရာကို စုဖွဲ့ထားမယ်ဆိုရင်တောင် သုံးစားရမှာမဟုတ်ဘူး”
လုံရန်က မကျေမနပ်ဖြစ်သွားသော်လည်း သူက တစ်စုံတစ်ရာမပြောဆိုနိုင်ဘဲ တိတ်တဆိတ်သာနှာမှုတ်လိုက်၏။
သူသည် ပကတိစိတ်ဝိညာဉ်တစ်ဦးသာဖြစ်ပြီး ယခုအချိန်မှာ သူတတ်နိုင်တာဘာမှမရှိပေ။
စောစောက နဂါးဘုရင်ပြောသည့်အတိုင်းပင် ဘုရင်ရှစ်ရှန်၏ သေဆုံးမှုသည် ကြယ်တာရာကောင်းကင်တိုက်ပွဲမြေမှာ အုတ်ဂူကမ္ဘာစစ်တပ်အပေါ် သက်ရောက်မှုများစွာမရှိစေပေ။
လူအုပ်ကြားထဲမှ လှုပ်ခတ်မှုအနည်းငယ်သာရှိလာပြီးနောက် လျင်မြန်စွာငြိမ်သက်သွား၏။
ဤတစ်ခေါက်မှာ မည်သူကမှ အမိန့်မပေးရပေ။
ကောင်းကင်လိုဏ်ဂူဘုရင်များက အလိုအလျောက်နားလည်မှုရှိပြီး တစ်ချိန်တည်းမှာ ဆူဇီမိုကို ဝင်ရောက်တိုက်ခိုက်လာကြ၏။
ကောင်းကင်လိုဏ်ဂူစိတ်ဝိညာဉ်ရတနာထောင်ချီက လေထုကို ဆုတ်ဖြဲပြီး ပိုက်ကွန်တစ်ခုအဖြစ် အုပ်မိုးကျဆင်းလာ၏။
မရေမတွက်နိုင်သောကောင်းကင်လိုဏ်ဂူများနှင့် လျှို့ဝှက်အတတ်များသည် ကြယ်တာရာကောင်းကင်ထဲမှာ ဧရာမဆူနာမီတစ်ခုကို ဖြစ်ပေါ်လာစေသည့်ပုံပင်။
ထိုမျှသာမက အရွယ်အစာအမျိုးမျိုးကောင်းကင်လိုဏ်ဂူထောင်ချီကလည်း ဆင်းသက်လာကြ၏။
ဤမြင်ကွင်းက တကယ့်ကိုရင်သပ်ရှုမောဖွယ်ရာကောင်းလွန်းနေ၏။
ဘုရင်ငါးထောင်ကျော်က တစ်ချိန်တည်းမှာ တိုက်ခိုက်လာကြ၏။
ဒါက မည်ကဲ့သို့သော မြင်ကွင်းမျိုးလဲ။
ဘေးပတ်ဝန်းကျင်ကြယ်တာရာကောင်းကင်က ကြေမွပျက်စီးလုနီးပါးပင်။
ကောင်းကင်လိုဏ်ဂူအသေးငါးခုက ဤကဲ့သို့သောတိုက်ခိုက်မှုအောက်မှာ အရောင်မှေးမှိန်သွားလေသည်။
ဆူဇီမိုကို ကောင်းကင်လိုဏ်ဂူအသေးငါးခုက ဝန်းရံထား၏။ သူက ဘေးပတ်လည်မှာရှိသောစွမ်းအားနှင့် အမှန်တကယ်မထိတွေ့ခင်မှာပင် ကောင်းကင်လိုဏ်ဂူအသေးငါးခုက ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။
ဓမ္မတာအိုမှော်စာလုံးများက မှေးမှိန်သွားပြီး နယ်မြေဖြစ်စဉ်များက ပျက်ပြယ်လာခဲ့၏။
ဆူဇီမိုက လေထဲမှာမတ်တတ်ရပ်နေပြီး ယိမ်းထိုးနေ၏။ သူသည် ဒေါသူပုန်ထနေသောပင်လယ်ထဲမှာ အချိန်မရွေး ဖျက်ဆီးခံရနိုင်သည့် လှေငယ်တစ်စင်းကဲ့သို့ဖြစ်သည်။
ထိုနဂါးဘုရင်ပြောသည်မှာ မှန်လေသည်။
ကောင်းကင်လိုဏ်ဂူအသေးငါးခုသည် တကယ့်ကို ထူးခြားအံ့မခန်းဖြစ်သော်လည်း သူတို့က မည်သို့ပင်ဆိုစေ ကောင်းကင်လိုဏ်ဂူအသေးများသာဖြစ်ပြီး သူတို့၏ ခွန်အားမှာ အကန့်အသတ်ရှိနေဆဲပင်။
ကောင်းကင်လိုဏ်ဂူဘုရင်ထောင်ချီက ပူးပေါင်းတိုက်ခိုက်လာသည်နှင့် ကောင်းကင်လိုဏ်ဂူအသေးငါးခုက လုံးဝခုခံနိုင်ခြင်း မရှိပေ။
“ဘယ်လောက်နှမြောဖို့ကောင်းလဲ”
ထိုသည်ကိုတွေ့မြင်သောအခါ နဂါးဘုရင်စိတ်ဝိညာည်က ညင်သာစွာ သက်ပြင်းချလိုက်၏။
ဤကဲ့သို့သော တိုက်ခိုက်မှုတစ်ရပ်အောက်မှာ ဆူဇီမိုသေဆုံးမှုက မြေကြီးလက်ခတ်မလွဲဖြစ်သည်ကို နဂါးဘုရင်များစွာက ရှင်းရှင်းလင်းလင်းတွေ့မြင်နေရ၏။
ဘုရင်ငါးထောင်ကျော်က တစ်ချိန်တည်းမှာတိုက်ခိုက်လာကြ၏။ နတ်ဘုရားလက်နက်များ၊ ဓမ္မတာအိုလျှို့ဝှက်အတတ်များနှင့် အရွယ်အစားအမျိုးမျိုးကောင်းကင်လိုဏ်ဂူများက ထွက်လမ်းများအားလုံးကို ပိတ်ဆို့ပြီး အသက်ဓာတ်များအားလုံးကို ဖြတ်တောက်ပစ်လိုက်၏။
ဤလူသားသည် ဤကဲ့သို့သောတိုက်ခိုက်မှုမှာ မည်သို့မည်ပုံထွက်ပြေးလွတ်မြောက်နိုင်မလဲ နဂါးဘုရင်များက စဉ်းစားကြည့်၍မရနိုင်ပေ။
တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား လုံလီ၏ လှပသော မျက်လုံးများထဲမှာ မျှော်လင့်ချက်တစ်စွန်းတစ်စပေါ်ထွက်လာပြီး သူမက တီးတိုးရေရွတ်လိုက်၏။
“အဲဒီမှာ အခွင့်အရေးတစ်ခုရှိနေဦးမလား”
“ဘာဖြစ်တယ်”
နဂါးဘုရင်စိတ်ဝိညာဉ်က မေးလိုက်၏။
လုံလီက ပြောလိုက်သည်။
“ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာတုန်းက အစ်ကိုဆူက သူ့ရဲ့အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတွေကို တစ်ချိန်တည်းမှာ ထုတ်ဖော်ပြီး ဗုဒ္ဓကျောင်းတော်တွေရဲ့ လျှို့ဝှက်အတတ်တစ်ခု အနတ္တကို ထုတ်ဖော်ခဲ့တယ်… ဘယ်ဓမ္မပညာရပ်ကမှ သူ့အပေါ်ကို မထိခိုက်စေနိုင်ခဲ့ဘူး… သူက တိုက်ခိုက်မှုတွေအားလုံးကို လေဟာနယ်ထဲမှာပုန်းကွယ်ပြီး ရှောင်လွှဲနိုင်ခဲ့တယ်”
နဂါးဘုရင်များစွာက ထိုစကားကိုကြားသောအခါ ခေါင်းခါယမ်းလိုက်ကြ၏။
နဂါးဘုရင်စိတ်ဝိညာဉ်ကလည်း သက်ပြင်းချကာပြောလိုက်၏။
“အနတ္တက လေဟာနယ်ရဲ့ လေးနက်သိမ်မွေ့မှုအပေါ် အခြေခံထားတဲ့ လျှို့ဝှက်အတတ်တစ်ခုပဲ… အဲဒါက ကောင်းကင်လိုဏ်ဂူနယ်ပယ်မှာပဲရှိတယ်… သူက အနတ္တကိုအသုံချပြီး ပကတိစိတ်ဝိညာဉ်တွေအားလုံးရဲ့ တိုက်ခိုက်မှုတွေကို ရှောင်လွှဲဖို့အတွက် လေဟာနယ်ထဲမှာ ပုန်းကွယ်နိုင်တယ်”
“ဒါပေမဲ့ အခုသူရင်ဆိုင်နေရတာက ကောင်းကင်လိုဏ်ဂူဘုရင်တွေပဲ… သူရှိနေတဲ့လေဟာနယ်က ကောင်းကင်လိုဏ်ဂူဘုရင်ထောင်ချီကြောင့် ကြေမွပျက်စီးသွားပြီ သူက အနတ္တကို ထုတ်ဖော်မယ်ဆိုရင်တောင် သူ့ကို လက်ခံပေးထားနိုင်တဲ့ နေရာလွတ် မကျန်ရှိတော့ဘူး”
“ဒါက ဖြေရှင်းလို့မရတဲ့ လမ်းဆုံးတစ်ခုပဲ။”