အခန်း (၅၈)
Vol. 5 Ch. 58
“အိုး.. ဘုရားရေ။ ရှနိုင်ငံက နောက်တစ်ကြိမ် ထပ်ပြီး တန်ပြန် တိုက်ခိုက်လိုက်ပြန်ပြီ”
“ဒီတစ်ခါ တန်ပြန်တိုက်ခိုက်မှု က အရမ်းကို ရုတ်တရက်ဆန်ပြီး မမျှော်လင့်ထားတဲ့အတွက် လူတိုင်းကို အငိုက်မိသွားစေခဲ့တာပဲဟ”
“ဒါက ရှင်းပါတယ်။ နိုင်ငံ သုံးနိုင်ငံက ဒုက္ခသည်တွေကို မောင်းထုတ်ခဲ့တဲ့အတွက် လက်စားချေလိုက်တာပဲ”
“တကယ်ကို အရူးဧကရာဇ်ပဲ။ ဘာမှ မလုပ်ဘဲ နေတာကမှ ပိုကောင်းဦးမယ်။ အခုလိုလုပ်တော့ လူတိုင်းကို ရန်သူဖြစ်အောင် လုပ်သလိုပဲလေ။ ရန်ရှာတဲ့ နေရာမှာတော့ သူက အတုမရှိဘူးပဲ”
“နိုင်ငံသုံးနိုင်ငံက အမျက်ဒေါသ ထွက်နေလောက်ပြီ။ ဒီတစ်ခါတော့ ရှနိုင်ငံ တကယ်ပဲ ပျက်စီး လောက်ပြီထင်တယ်”
လူတိုင်း မျှော်လင့်ထားတဲ့အတိုင်းပဲ အန်း၊ ရှန် နဲ့ ဖန် နိုင်ငံတို့ရဲ့ သုံးနိုင်ငံ မဟာမိတ်အဖွဲ့ က အလွန်အမင်း ဒေါသထွက်နေခဲ့ကြတယ်။
မိုနိုင်ငံက တန်ဖိုးမဲ့သွားပြီ ဖြစ်ပေမဲ့၊ မိုနိုင်ငံ တစ်လျှောက်မှာ တပ်စွဲထားတဲ့ စစ်သည်တွေကလည်း သိပ်မများပေမဲ့၊ တစ်နိုင်ငံ စီကနေ သောင်းနဲ့ချီတဲ့ စစ်သားတွေ တပ်စွဲထားတာဖြစ်သည်။ အခုတော့ သူတို့တွေဟာ ဟင်းသီးဟင်းရွက်ကို လှီးသလိုမျိုး အလွယ်တကူ ချေမှုန်း ခံလိုက်ရသည်။ ဘယ်သူက ဒေါသ မထွက်ဘဲ နေမှာလဲ…
ဒါကြောင့် သူတို့တွေက စစ်တပ်တွေ စေလွှတ် ခဲ့ကြသည်။
တစ်နိုင်ငံစီကနေ စစ်သည် ၂၀၀,၀၀၀ စီ စေလွှတ်ခဲ့တာမို့ စစ်သည် စုစုပေါင်း ၆၀၀,၀၀၀ ဟာ မိုနိုင်ငံဆီကို ဘက် သုံးဘက်ကနေ စုဝေးလာခဲ့ကြတယ်။ အဲ့ဒီအထဲက အန်းနဲ့ ရှန်တို့ဟာ ရှနိုင်ငံရဲ့ နယ်စပ်ဘက်ကနေ ညှပ်ဝင်လာပြီး မိုနိုင်ငံကနေ ဆုတ်ခွာမယ့်လမ်းကို ဖြတ်တောက် လိုက်ကြတယ်။
ချိုင်ယွီရှင်း မှာတော့ စစ်သည် ၁၀၀,၀၀၀ ပဲရှိပြီး ဆုတ်ခွာမဲ့ လမ်းကလည်း ဖြတ်တောက်ခံလိုက်ရတာမို့ အခြေအနေက အလွန်ကို အန္တရာယ်များနေခဲ့သည်။
မိုနိုင်ငံ၏ မြို့တစ်မြို့အတွင်းမှာတော့ ချိုင်ယွီရှင်းက စစ်သည် ၁၀၀,၀၀၀ ကို ဦးဆောင်ပြီး မြို့ထဲက နိုင်ငံခြားတပ်တွေကို ချေမှုန်း ခဲ့ပြီးကာစပဲ ရှိသေးသည်။ သူမရဲ့ ခန္ဓာကိုယ်ဟာ သွေးတွေ ရွှဲနစ်နေပြီး လူသတ်ချင်တဲ့ အငွေ့အသက်တွေက ပြင်းထန်နေပြီး အန္တရာယ်ရှိတဲ့ အရှိန်အဝါတွေကလည်း ထွက်ပေါ်နေခဲ့သည်။
"စစ်သူကြီး၊ ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ" စစ်မှူးတစ်ဦးက မေးလိုက်သည်။
အဲ့ဒီအချိန်မှာ သူတို့ဟာ နိုင်ငံသုံးနိုင်ငံရဲ့ စစ်တပ်တွေ ဝိုင်းရံခံထားရပြီဆိုတာကို သိထားကြပြီး ရိက္ခာခြောက်တွေ စားပြီး ဒီနေရာမှာ အနားယူနေကြတာဖြစ်သည်။
"ကောင်းကောင်း အနားယူကြ၊ ဝအောင်စားပြီး နောက်တိုက်ပွဲအတွက် ပြင်ဆင်ထားကြ" ချိုင်ယွီရှင်းက လေးနက်တဲ့ အသံနဲ့ ပြောလိုက်တယ်။
"စစ်သူကြီး၊ ကျွန်တော်တို့ လာခဲ့တဲ့ လမ်းအတိုင်း ပြန်တိုက်ထွက်လိုက်ရမလား" စစ်မှူးက ထပ်မေးလိုက်သည်။
ချိုင်ယွီရှင်းက ခေါင်းခါလိုက်ပြီး- "အဲ့လို လုပ်လို့မရဘူး! ငါထင်တာကတော့ အန်းနိုင်ငံနဲ့ ရှန်နိုင်ငံ တို့က ငါတို့ ဆုတ်ခွာမဲ့လမ်းကို ဖြတ်ထားပြီးလောက်ပြီ။ အဲ့ဒီလမ်းကနေ ပြန်သွားရင် ထောင်ချောက်ထဲ တည့်တည့်ဝင် ရာကျလိမ့်မယ်။ ဒါကြောင့် ငါတို့ တခြားလမ်း ရှာရမယ်"
"စစ်သူကြီး၊ ဘယ်လိုတိုက်ဖို့ပဲ ပြောပြော၊ အဲ့ဒီအတိုင်းပဲ တိုက်ပွဲဝင်ပါ့မယ်"
"စစ်သူကြီး၊ ခင်ဗျားနောက်ကိုပဲ လိုက်ပါ့မယ်"
လူအုပ်ကြီးက တစ်ညီတစ်ညွတ်တည်း ပြန်ဖြေလိုက်ကြသည်။
ဒီကာလအတွင်းမှာ ချိုင်ယွီရှင်းဟာ သူမရဲ့ တပ်သားတွေကို ဦးဆောင်ပြီး စစ်ပွဲထဲကို အမြဲတမ်း ဦးဆောင်ပြီး ဝင်ရောက်ခဲ့တယ်။ ရဲရင့်ပြီး မကြောက်မရွံ့ပဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ထဲတွင် အလွန်ကြီးမားတဲ့ သြဇာအာဏာကို ထူထောင်ထားနိုင်ခဲ့တယ်။
"ကောင်းပြီ! လူတိုင်းပဲ စိတ်အေးအေး ထားကြ၊ မကြာခင်မှာ မင်းတို့အားလုံးကို ငါ ပြန်ခေါ် သွားမယ်" ချိုင်ယွီရှင်းက ကျယ်လောင်စွာနဲ့ ပြောလိုက်တယ်။
သို့သော်လည်း သူမရဲ့ မျက်လုံးတွေထဲမှာ စိုးရိမ်ပူပန်မှု အရိပ်အယောင်လေးတစ်ခု လျှပ်တစ်ပြက် ဖြတ်ပြေးသွားခဲ့သည်။
သူမတွင် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာ ရှိနေတာကြောင့် ထိုးဖောက်ထွက်ပြေးစွမ်း ရှိပေမဲ့ သူမရဲ့ စစ်သည်တွေအတွက်တော့ ခက်ခဲပေလိမ့်မည်။
သို့သော်လည်း စစ်သူကြီး တစ်ယောက်အနေနဲ့၊ ဘာပဲဖြစ်ဖြစ် သူမရဲ့ တပ်သားတွေကို ပြန်ခေါ်လာဖို့ တာဝန်က ရှိနေသည်။
ဝလင်အောင် စားသောက်ပြီးနောက်မှာ သူတို့ဟာ တစ်ဖန် ခရီးဆက်ခဲ့ကြတယ်။ ဘယ်ကို ဦးတည်နေမှန်းတော့ မသိခဲ့ကြပေ။
တစ်ချိန်တည်းမှာပဲ နယ်စပ်မှာ တပ်စွဲထားတဲ့ အန်လုရှန် ကတော့ စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နှက်နေခဲ့သည်။
သူဟာ ချိုင်ယွီရှင်းရဲ့တပ်တွေနဲ့ ပူးပေါင်းပြီး သူတို့တွေ ဘေးကင်းစွာ ပြန်လာစေဖို့ သေချာအောင် လုပ်ပေးရမယ့် တာဝန် ရှိနေသည်။
ဒါပေမဲ့ အန်းနဲ့ ရှန်နိုင်ငံ နှစ်ခုလုံးက စစ်သား ၂၀၀,၀၀၀ စီ ကို နယ်စပ်တစ်လျှောက် ချထားကာ၊ စစ်အင်အားက တူနေတဲ့အတွက် ဘယ်လိုလုပ် ထွက်တိုက်လို့ ရနိုင်ပါ့မလဲ…
သူသာ သူ့တာဝန်ကို မပြီးမြောက်ခဲ့ရင် သူ့ရဲ့ ကောင်းမွန်သောနေ့ရက်တွေက ကုန်ဆုံး သွားတော့မည်ဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် ချိုင်ယွီရှင်းက စစ်သူကြီးချုပ်ရဲ့ သမီး ဖြစ်ရုံသာမက ဧကရာဇ်ရဲ့ ငယ်ချစ် လည်း ဖြစ်နေသည်။ တစ်ခုခု မှားယွင်းသွားခဲ့ပါက သူ့ရဲ့ အောင်မြင်မှုတွေ ဘယ်လောက်ပဲ ကြီးမားပါစေ၊ အရည်အချင်း ဘယ်လောက်ပဲ ထူးချွန်ပါစေ ရာထူးကနေ ထုတ်ပယ် ခံရမှာပင် ဖြစ်သည်။
နောင်တတွေနဲ့ ပြည့်နှက်နေရင်း သူသည် စိတ်ထဲကနေ တွေး လိုက်မိတယ်- 'ဒီတိုက်ပွဲကို မတိုက်ခဲ့သင့်ဘူး။ တကယ်တော့ ဒီ အရူးဧကရာဇ် ကြောင့်ပဲ ငါတို့ ပျက်စီးရတာ'
အဲ့ဒီအချိန်မှာပဲ သူဟာ အံ့အားသင့်စရာ သတင်း တစ်ခုကို ရလိုက်တယ်။ အရှင်မင်းကြီး လင်းပိုင်ဖန် ဟာ စစ်သည် ၂၀၀,၀၀၀ နဲ့ ရောက်ရှိလာတဲ့ သတင်းပင် ဖြစ်သည်။
အန်လုရှန်ခင်ဗျာ တုန်လှုပ် သွားခဲ့သည်။ "အရှင်မင်းကြီးခင်ဗျာ၊ ဘာလာလုပ်တာပါလဲ"
လင်းပိုင်ဖန်က ကောက်ကျစ်တဲ့အပြုံး နဲ့ ပြောလိုက်တယ်- "ငါကိုယ်တော် စစ်တိုက်ဖို့ လာခဲ့တာပဲ"
အန်လုရှန်က ကြောင်အသွားခဲ့သည်။ "စစ်တိုက်မယ်… ဘယ်သူနဲ့လဲ"
"ငါကိုယ်တော်ကို အနိုင်ကျင့်တဲ့ ဘယ်သူနဲ့ မဆို တိုက်မလို့"
လင်းပိုင်ဖန်က ဖြောင့်မတ်စွာ ပြောလိုက်သည်။ "သုံးနိုင်ငံ မဟာမိတ် ဖြစ်တဲ့ အန်း၊ ရှန်နဲ့ ဖန်တို့က ငါ့ရဲ့ စစ်သည်တွေကို အနိုင်ကျင့်ရဲတယ်။ ဒီလို အနိုင်ကျင့်မှုကို ငါကိုယ်တော် ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ။ ဒါကြောင့် တန်ပြန်တိုက်ခိုက် ပြီး သူတို့ကို ငါကိုယ်တော်ရဲ့ အစွမ်းအစ ကို ပြရမယ်"
အန်လုရှန်ခင်ဗျာ ပါးစပ်ထဲကနေ သွေးပင် အန်လုနီးပါး ဖြစ်သွားခဲ့သည်။
မင်းက စပြီး တခြားသူတွေကို အနိုင်ကျင့်ခဲ့တာ ရှင်းနေတာပဲ။ သူတို့ကို လုံးဝ အလဲထိုးပစ်ခဲ့ပြီးတော့ အခုကျမှ ဘက်ပြောင်းပြီး စကားတွေ ပြောရဲတယ်ပေါ့..
အရူးဧကရာဇ် ရဲ့ တွေးခေါ်ပုံက သာမန်လူတွေနဲ့ တကယ်ပဲကို မတူဘူးပဲ…
"ငါကိုယ်တော် ရှန်နိုင်ငံ ကနေ စဖို့ ဆုံးဖြတ်ထားတယ်"
လင်းပိုင်ဖန်က ကြီးကျယ်ခမ်းနားတဲ့ ဟန်ပန် နဲ့ ကြေညာလိုက်တယ်။ "စစ်သူကြီး အန်၊ ငါတို့နိုင်ငံရဲ့ တံခါးကို ဆက်လက် စောင့်ကြပ်နေလိုက်ပါ။ ငါကိုယ်တော် စစ်ချီ တော့မယ်"
အန်လုရှန်က နောက်တစ်ကြိမ် ထိတ်လန့် သွားပြီး- "အရှင်မင်းကြီး၊ စစ်သူကြီးက နိုင်ငံရဲ့ တံခါးကို စောင့်ကြပ်နေချိန်မှာ ဧကရာဇ်က စစ်ချီသွားတာမျိုး ဘယ်တုန်းက ရှိဖူးလို့လဲ။ အရှင်မင်းမြတ်ရဲ့ နဂါးခန္ဓာကိုယ်က က အဖိုးထိုက်တန် လွန်းလှပါတယ်။ လက်ရှိမှာလည်း အရှင့်အနေနဲ့ အမွေဆက်ခံမယ့်သူ မရှိသေး ပါဘူး။ တစ်ခုခု ဖြစ်သွားခဲ့ရင်..."
"စစ်သူကြီး အန်၊ ငါကိုယ်တော်ကို ထပ်ပြီး တားဖို့ မလိုတော့ဘူး။ ငါကိုယ်တော် ဆုံးဖြတ်ပြီးပြီ"
လင်းပိုင်ဖန်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး- "ရှနိုင်ငံသား စစ်သည်တော်တို့ ရှန်နိုင်ငံက ငါတို့ရဲ့ ရှ နိုင်ငံသားတွေကို ရန်စခဲ့တယ်။ ဒါဟာ နတ်ဘုရားတွေနဲ့ လူသားတွေ နှစ်ခုစလုံးကို ပြင်းထန်စွာ စော်ကားလိုက်တာပဲ။ သူတို့ကို ကောင်းကင်နဲ့ မြေကြီးက အပြစ်ပေးလိမ့်မယ်၊ ဗိုလ်မှူးတွေနဲ့ စစ်သည်တို့ ငါကိုယ်တော်ရဲ့ အမိန့်ကို နာခံကြ၊ ငါနဲ့အတူ ရှန်နိုင်ငံထဲကို ဝင်ရောက် ပြီး သမိုင်းမှတ်တမ်းတင်မယ့် အောင်ပွဲကို ရယူကြမယ်"
"တိုက်ကြ”
လင်းပိုင်ဖန်ရဲ့ ကျယ်လောင်တဲ့ တိုက်ပွဲခေါ်သံ အောက်မှာ သူတို့ဟာ ရှန်နိုင်ငံဘက်ကို ထိုးဖောက် ဝင်ရောက်သွားခဲ့ကြတယ်။
အန်လုရှန်ကတော့ ထွက်ခွာသွားတဲ့ ခမ်းနားတဲ့ စစ်တပ်ကြီး ကို လေးလံတဲ့ နှလုံးသားနဲ့ ကြည့်နေခဲ့တယ်။
အဲ့ဒီအချိန်မှာပဲ ရှန်နိုင်ငံ၏ စစ်သည် ၂၀၀,၀၀၀ ဟာ မိုနိုင်ငံဘက်ကို ခေါ်သွားခံရပြီး တချို့ အင်အားစုတွေက အန်လုရှန်ရဲ့ ဖိအားပေးမှု ကို ခံနေရတာမို့ နယ်စပ်ဟာ အနည်းငယ် အားနည်းနေခဲ့သည်။ ရှနိုင်ငံက ကြီးမားတဲ့ စစ်တပ်ကို ဦးဆောင်ပြီး တိုက်ခိုက်လိမ့်မယ်လို့ သူတို့ လုံးဝ မမျှော်လင့် ထားခဲ့ကြပေ။
လင်းပိုင်ဖန် ကိုယ်တိုင်က တိုက်ပွဲကို ဦးဆောင်လိမ့်မယ်ဆိုတာကိုလည်း ပိုလို့တောင်မှ မမျှော်လင့်ထားခဲ့ကြပေ။
လင်းပိုင်ဖန် ဦးဆောင်တဲ့ တပ်သားတွေဟာ အကုန်လုံး ထိပ်တန်းစစ်သည် တွေဖြစ်ကြပြီး အားနည်းတဲ့အချိန်တွင် ဝင်ရောက် တိုက်ခိုက်ခြင်းဖြစ်သောကြောင့် သူတို့ဟာ နယ်မြေတွေကို အလွယ်တကူပဲ သိမ်းပိုက်ခဲ့ကြသည်။
ဒါကြောင့် ရှန်နိုင်ငံရဲ့ နယ်မြေတွေ ဟာ တစ်ခုပြီးတစ်ခု ကျဆုံးသွားခဲ့ရသည်။
ဒီကိစ္စကို သိလိုက်တဲ့သူတွေဟာ အကြီးအကျယ်ကိုပဲ ထိတ်လန့် သွားခဲ့ကြသည်။
"ဒီအချိန်မှာ ရှနိုင်ငံက တကယ်ပဲ ရှန်နိုင်ငံကို စစ်တပ် စေလွှတ်ခဲ့တာလား? သူတို့က ဝေကို ဝိုင်းပြီး ကျောက်ကို ကယ်တဲ့ နည်းလမ်းကို သုံးနေတာလား"
"ပြီးတော့ အရူးဧကရာဇ် ကိုယ်တိုင်ကိုက စစ်ချီခဲ့တာပဲ"
"အခု နိုင်ငံကြီး သုံးနိုင်ငံနဲ့ ရင်ဆိုင်နေရတဲ့ ရှနိုင်ငံက စစ်အင်အားအရ အလွန် အရေးနိမ့်တဲ့ အခြေအနေမှာ ရှိနေတယ်။ အခြေအနေက အလွန် အန္တရာယ်များတယ်။ သူကိုယ်တိုင် စစ်တပ်ကို ဦးဆောင်ပြီး ရန်သူ့နယ်မြေထဲကို သွားလိုက်တာက၊ သူ ဘာတွေ စဉ်းစားနေတာလဲ။ သူ သေလမ်းကို ရှာနေတာလား"
"ဒါဟာ အလွန်အကျွံကို စွန့်စားလွန်း ပြီး အလျှင်စလို လုပ်လွန်းတယ်။ တစ်ခုခု မှားယွင်းသွားခဲ့ရင် ဘယ်လိုလုပ်မလဲ"
"သူ့မှာ အမွေဆက်ခံမယ့်သူလည်း မရှိသေးဘူး။ မတော်တဆ တစ်ခုခု ဖြစ်သွားခဲ့ရင် နိုင်ငံတစ်နိုင်ငံလုံး ပျက်စီး သွားရလိမ့်မယ်"
"ဒီ အရူးဧကရာဇ်က မကြာခင်မှာပဲ သူ့ကိုယ်သူ ပျက်စီးစေလိမ့်မယ်"