← Chapters

အခန်း (၆၀)

Vol. 5 Ch. 60

အခန်း (၆၀)

Vol. 5 Ch. 60

ချိုင်ယွီရှင်းက လင်းပိုင်ဖန်ကို ကူရာမဲ့စွာ ကြည့်လိုက်သည်။ ဒီကောင်လေးသည် ဟန်ဆောင်နေခြင်းသာ ဖြစ်ကြောင်းကို သူမ ရှင်းရှင်းလင်းလင်း သိနေသည်။

သို့သော် သူသည် သူမကို ကယ်တင်ရန် ဒီအထိ လာခဲ့သည်ကို ထောက်ထား၍ လွှတ်ထားလိုက်ရန် ဆုံးဖြတ်လိုက်သည်။

မလှမ်းမကမ်းတွင် လူကြီးနှစ်ဦးက တီးတိုးပြောဆိုရင်း တိတ်တိတ်လေး ပြုံးရယ်နေခဲ့ကြသည်။

“ အဖိုးကြီးချိုင်၊ ခင်ဗျားသမီးနဲ့ အရှင်မင်းကြီးတို့ ပွေ့ဖက်နေတာကို ကြည့်ပါဦး။ ငါ အမြဲပြောနေကြပဲမလား၊ သူတို့နှစ်ယောက်က ငယ်ချစ်ဦးတွေဖြစ်ပြီး ကောင်းကင်ဘုံက ဖန်တီးပေးထားတဲ့ စုံတွဲပါလို့။ သူတို့မင်္ဂလာအရက်ကို မကြာခင် သောက်ရတော့မယ်လို့ ငါထင်တယ်”

“ဟား…ဟား…ဟား၊ အဲဒီလိုပဲ မျှော်လင့်ပါတယ်”

ဒီလူကြီးနှစ်ဦးကတော့ ဝန်ကြီးချုပ်နဲ့ မဟာ စစ်သူကြီးတို့ပဲ ဖြစ်သည်။

လင်းပိုင်ဖန်က ရှန်နိုင်ငံကို စစ်တပ်ကို ဦးဆောင်ပြီး တိုက်ခိုက်နေကြောင်း ကြားလိုက်ရတဲ့အခါ၊ သူတို့ ညီအစ်ကို၏ မျိုးစက်ကို ထိန်းသိမ်းရန် ဆုံးဖြတ်ချက် ချခဲ့ပြီး နောက်ကွယ်ကနေ လိုက်ပါလာကြခြင်း ဖြစ်သည်။

သူတို့သည် တိုးတိုးပြောနေသော်လည်း သူတို့၏ စကားကို ချိုင်ယွီရှင်းက ကြားလိုက်ရသည်။

သူမ၏ မျက်နှာသည် ရှက်ရွံ့မှုတို့ဖြင့် နီရဲနေပြီး၊ မြေကြီးကို တူးကာ အထဲသို့ ဝင်သွားချင်စိတ်ပင် ပေါက်နေခဲ့သည်။

လင်းပိုင်ဖန်၏ တစ်မျိုးတစ်မည် ကျေနပ်နေသော မျက်လုံးများကို ကြည့်ကာ၊ သူမသည် သူ့ကို ဆွဲဆိတ်လိုက်သည်။

လင်းပိုင်ဖန်- “အား…နာတယ်”

ခဏအကြာတွင် သူတို့နှစ်ဦးလုံး ပြန်ရောက်လာကြသည်။

ချိုင်ယွီရှင်းသည် တိတ်တိတ်လေး ရယ်မောနေကြသော လူကြီးများကို ကြည့်ရင်း သူမ၏ မျက်နှာတွင် ပုံမှန်မဟုတ်သော အမူအရာ ရှိနေသေးပေမယ့်လည်း သူမက စကားလမ်းကြောင်း ပြောင်းလိုက်ပြီး ပြောလိုက်သည်။

"အဖေ၊ ဦးလေး ဧကရာဇ်က တပ်တွေကို ဦးဆောင်ပြီး ရှန်နိုင်ငံကို တိုက်ခိုက်နေတယ်၊ အဲဒါ ဘယ်လောက် အန္တရာယ်များလိုက်လဲ။ ဘာလို့ မတားခဲ့ကြတာလဲ"

စစ်သူကြီးချုပ် ချိုင်ယူလန်က လက်များကို ဖြန့်လိုက်ကာ ခါးသီးသော အပြုံးဖြင့် ပြောလိုက်သည်။ "အဖေတို့ တားခဲ့တာပဲ၊ ဒါပေမဲ့ အလကားပဲ"

ဝန်ကြီးချုပ် ရှောင်ကော်လျှန်ကလည်း ခါးသက်သော အပြုံးဖြင့် ပြုံးပြလိုက်သည်။ "ဧကရာဇ်မှာ အခု ကိုယ်ပိုင်အတွေးအခေါ်တွေ ရှိနေပြီ၊ ဦးလေးတို့ ဘာပြောပြော နားမထောင်တော့ဘူး၊ သူ့ဆန္ဒအတိုင်း လုပ်ခွင့်ပြုရုံပဲ ရှိတော့တယ်"

"သမီးရဲ့ စကားက ပိုအရေးပါတာမို့၊ သမီးပဲ သူ့ကို စည်းရုံးကြည့်လိုက်ပါ" ဟု စစ်သူကြီးချုပ်က ပြောလိုက်သည်။

ချိုင်ယွီရှင်းက နောက်လှည့်လိုက်ကာ ပြောလိုက်သည်။ "အရှင်မင်းကြီး၊ ကျွန်မ အခု လုံခြုံနေပြီပဲ၊ ကျွန်မတို့ ပြန်လို့ရပြီမလား"

လင်းပိုင်ဖန်က ချက်ချင်း ခေါင်းခါလိုက်ပြီး- "မရသေးဘူး၊ ပြန်လို့မရဘူး"

ချိုင်ယွီရှင်းက အနည်းငယ် ဒေါသထွက်လာပြီး- "ဘာလို့ ပြန်လို့မရတာလဲ။ အရှင် ဆက်ပြီး အရှင့်ရဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်နေရင် ကျွန်မတို့အားလုံးကိုပါ ဆွဲချ သွားလိမ့်မယ် ဒီမှာ ကျွန်မတို့ရဲ့ စစ်တပ်ကြီး ကျဆုံးသွားတာကို အရှင် တကယ်ပဲ ကြည့်ရက်နိုင်လို့လား"

"ငါ ဆိုလိုတာက၊ အခု ပြန်တိုက်ပြီး ထွက်ရင်တောင် နောက်ကျသွားပြီ။ သူတို့က ကြီးမားတဲ့ ထောင်ချောက်တစ်ခုကို ဆင်ပြီး၊ ငါတို့ ခုန်ချလာမယ့် အချိန်ကို စောင့်နေလောက်ပြီ။ ငါတို့ ဖောက်ထွက် နိုင်ရင်တောင်မှ အကျအဆုံး အလွန်များလိမ့်မယ်"

ချိုင်ယွီရှင်းက သက်ပြင်းချလိုက်သည်။ "အကျအဆုံး အလွန်များပေမယ့်လည်း၊ ကျွန်တို့မှာ ရင်ဆိုင်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိဘူးလေ"

"ဒါဆို ဆန့်ကျင်ဘက် ချဉ်းကပ်နည်းကို ဘာလို့ မသုံးရမှာလဲ"

"ဘယ်လို ဆန့်ကျင်ဘက် နည်းလမ်းလဲ"

လင်းပိုင်ဖန်၏ စကားများသည် အံ့အားသင့်စရာ ကောင်းလှသည်။ "ရှန်နိုင်ငံရဲ့ မြို့တော်ကို တိုက်ရိုက် တိုက်ခိုက်ပြီး ရှန်နိုင်ငံ ဧကရာဇ်ကို ဓားစာခံအဖြစ် ဖမ်းဆီးမယ်"

"ဘာ!!" လူတိုင်း ထိတ်လန့်သွားခဲ့ကြသည်။

ရှန်နိုင်ငံ ဧကရာဇ်ကို ဓားစာခံအဖြစ် ဖမ်းဆီးမယ်ဆိုတာ ဘယ်လောက်တောင်မှ ရဲတင်းလိုက်တဲ့ အကြံလဲ…

လင်းပိုင်ဖန်က ရှင်းပြလိုက်သည်။ "ကြည့်လိုက်၊ ငါတို့မှာ ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင် သုံးဦး ရှိတယ်၊ ဦးလေးချိုင်၊ မင်းရယ်၊ ပြီးတော့ မိန်းမစိုးလျှူ။ ဒါပေမဲ့ ရှန်နိုင်ငံမှာတော့ ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင် နှစ်ဦးပဲ ရှိတယ်! ၃ ဆ ၂ ဆိုတော့ ငါတို့မှာ ကြီးကြီးမားမား အားသာချက်က ရှိနေတယ်"

"ဒီအားသာချက်နဲ့ ရှန်နိုင်ငံရဲ့ မြို့တော်ကို အလုံးအရင်းနဲ့ တိုက်ခိုက်ပြီး အဲဒီ သူခိုးအိုကြီးကို ဓားစာခံအဖြစ် ဖမ်းဆီးနိုင်တယ်။ အောင်မြင်တာနဲ့၊ ငါတို့ ချောချောမွေ့မွေ့ ပြန်နိုင်ရုံမကဘဲ စိတ်ကူးလို့မရတဲ့ အကျိုးကျေးဇူးတွေပါ ရိတ်သိမ်းနိုင်လိမ့်မယ်။ ဘာလို့ မလုပ်ရမှာလဲ"

လူတိုင်း သေချာ စဉ်းစားကြည့်လိုက်တော့ ဒီနည်းလမ်းဟာ တကယ်ပဲ အလုပ်ဖြစ်နိုင်တယ်ဆိုတာ သိလာကြသည်။

လင်းပိုင်ဖန်က ပြုံးပြပြီး ပြောလိုက်သည်။ "နောက်ထပ် မတွန့်ဆုတ်နဲ့တော့။ ငါတို့ လာရာလမ်းအတိုင်း နောက်ပြန်ဆုတ်ရင် အကျအဆုံး များလိမ့်မယ်။ ဒါပေမဲ့ ငါတို့ တံတားကို မီးရှို့ပြီး ရှန်နိုင်ငံရဲ့ မြို့တော်ကို တိုက်ခိုက်လိုက်ရင်၊ တကယ်တမ်း ငါတို့ရဲ့ ဆုံးရှုံးမှုတွေကို လျှော့ချပြီး အသက်ရှင်ဖို့ အခွင့်အရေးကို ဖမ်းဆုပ်နိုင်လိမ့်မယ်"

"ကောင်းပြီ! လုပ်ကြစို့!"

သူတို့ သုံးဦးစလုံးသည် သိုင်းပညာရှင်များ ဖြစ်ကြပြီး သဘာဝအားဖြင့် အဆုံးဖြတ်ချက် ပြတ်သားသူများ ဖြစ်ကြသည်။

"အချိန်ဆွဲဖို့အတွက်၊ လမ်းတစ်လျှောက်က မြို့တွေနဲ့ နယ်မြေတွေကို သိမ်းပိုက်ဖို့ လိုလိမ့်မယ်၊ အဲဒါ ခင်ဗျားတို့ရဲ့ တာဝန်ပဲ။ ငါတို့ ပိုမြန်လေ၊ အောင်ပွဲရဖို့ အခွင့်အလမ်း ပိုများလေပဲ"

"ကောင်းပါပြီ၊ ပြဿနာမရှိဘူး၊ ကျွန်တော်မျိုးတို့ လက်ထဲ ထားလိုက်ပါ"

ဒါနဲ့ပဲ၊ ရှ နိုင်ငံရဲ့ မဟာတပ်ကြီးဟာ တစ်ဖန် ခရီးဆက်ခဲ့ကြတယ်။

သူတို့သည် လာရာလမ်းကြောင်းအတိုင်း ပြန်မသွားဘဲ ရှန်နိုင်ငံ၏ မြို့တော်ကို ဓားဦးတည်ကာ၊ ဆက်လက် သိမ်းပိုက်၍ ရှေ့သို့ ချီတက်ခဲ့ကြသည်။

ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူ သုံးဦး၏ ကြားဝင်မှုကြောင့် သူတို့၏ ချီတက်မှုသည် ထူးထူးခြားခြား လျင်မြန်နေခဲ့သည်။

မြို့တံခါးတစ်ခုပြီးတစ်ခု ဖျက်ဆီးခံရပြီး၊ မြို့များသည် လျင်မြန်စွာနဲ့ လက်ပြောင်းသွားခဲ့ကာ လင်းပိုင်ဖန်၏ ထိန်းချုပ်မှုအောက်ရှိ နယ်မြေကို လျင်မြန်စွာနဲ့ ချဲ့ထွင်နိုင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် လင်းပိုင်ဖန်သည် အင်ပါယာ မြေပုံ၏ စွမ်းရည်ကို အသုံးပြု၍ ရှန်နိုင်ငံ၏ ကင်းထောက်များကို ရှာဖွေပြီး အားလုံးကို သတ်ပစ်ခဲ့သည်။

ရလဒ်အနေဖြင့် သူတို့၏ လှုပ်ရှားမှုများကို သိရှိရန် များစွာ ခက်ခဲလာလေသည်။

အဲ့ဒီအချိန်တွင် ရှန်နိုင်ငံ၏ ဧကရာဇ်ကတော့ အလွန်ကို စိုးရိမ်နေခဲ့သည်။

သူသည် ရှ နိုင်ငံရဲ့ တပ်ဖွဲ့များကို ရှန်နိုင်ငံ အတွင်း ထောင်ဖမ်းပြီး၊ ထို အရူးဧကရာဇ်ကို ဖမ်းဆီးကာ လုံးဝ ချေမှုန်းပစ်ရန် အတင်းအကျပ် အမိန့်ပေး၍ နိုင်ငံတော်၏ စစ်တပ်ကို စည်းရုံးလှုံ့ဆော်ခဲ့ပြီးပြီ ဖြစ်သည်။

သို့သော် အချိန်က အတော်ကြာသွားခဲ့ပြီ ဖြစ်သော်လည်း ဘာသတင်းကိုမှ ဘာလို့ မကြားသေးရတာလဲ…

"လက်အောက်က တစ်ယောက်ကို လက်ရှိ စစ်ပွဲအခြေအနေကို ငါကိုယ်တော်ကို သတင်းပို့ခိုင်းလိုက်"

တစ်ရက်ကြာပြီးနောက် သတင်းစကားက သူ့ထံ ရောက်လာခဲ့သည်။

"အရှင်မင်းကြီးကို သတင်းပို့ပါတယ်၊ ဗိုလ်ချုပ် ကျောက်ထံမှ စကားအရ၊ ကျွန်တော်တို့ တပ်ဖွဲ့တွေဟာ ရှ နိုင်ငံ တပ်ဖွဲ့တွေနဲ့ မတွေ့သေးပါဘူး"

"မတွေ့သေးဘူးလား"

ရှန်နိုင်ငံ ဧကရာဇ်က အံ့သြစွာနဲ့ တွေးလိုက်မိသည်။ ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒီလောက် ကြီးမားတဲ့ စစ်တပ်ကြီးက ဘယ်နေရာကို ပျောက်သွားမှာလဲ..

ထိုအချိန်တွင် အပြင်ဘက်မှ စိုးရိမ်တကြီး အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"အရှင်မင်းကြီး၊ မကောင်းတော့ဘူး ရှနိုင်ငံရဲ့ စစ်တပ်က မြို့တော်ကို ရောက်နေပါပြီ"

ရှန်နိုင်ငံ ဧကရာဇ်သည် ထိတ်လန့်တကြားဖြင့် မျက်နှာဖြူဖျော့သွားခဲ့သည်။ "ဘာ..၊ သူတို့က မြို့တော်ကို ရောက်နေပြီ၊ မောင်မင်း နောက်နေတာလား၊ သူတို့ မြို့တော်ကို ဘယ်လိုများ ရောက်လာနိုင်မှာလဲ၊ သူတို့ ဘယ်လိုတောင် ရဲတင်းလိုက်သလဲ"

"ကျွန်တော်မျိုး အရှင်မင်းကြီးကို မလိမ်ဝံ့ရဲပါဘူး၊ သူတို့တပ်တွေက ကျွန်တော်မျိုးတို့ကို ဝိုင်းထားပြီးပါပြီ"

ရှန်နိုင်ငံ ဧကရာဇ်သည် မြို့ရိုးပေါ်သို့ တက်သွားရာ၊ ရှ နိုင်ငံ၏ စစ်တပ်သည် တံခါးဝတွင် ရောက်နေသည်ကို တကယ်ပင် မြင်တွေ့လိုက်ရသည်။

စစ်သည် နှစ်သိန်း၊ အလွန်ကြီးမားပြီး အားကောင်းလှကာ၊ စစ်အလံများ တလူလူ လွှင့်နေပြီး၊ မြင်တွေ့လိုက်ရသည်မှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းပင်ဖြစ်သည်။

All Chapters