← Chapters

အခန်း (၆၁)

Vol. 5 Ch. 61

အခန်း (၆၁)

Vol. 5 Ch. 61

"သူတို့ တကယ်ကြီး လာတိုက်ခိုက်တာပဲ" ရှန်နိုင်ငံရဲ့ ဧကရာဇ်မျက်နှာ မည်းမှောင်သွားခဲ့သည်။

သူဟာ ရှ နိုင်ငံဧကရာဇ်ကို တစ်ချက်တည်းနဲ့ ထောင်ချောက်ဆင် ဖမ်းဆီးဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပေမဲ့၊ ရန်သူက သူ့ရဲ့ မြို့ကို တိုက်ရိုက်ပင် စစ်တပ်ကြီးဖြင့် ရောက်လာခဲ့သည်။

ရန်သူဟာ သတိမထားမိခင်မှာပင် မြို့တော် တံခါးဝသို့ ရောက်ရှိလာခဲ့သည်မှာ သူ့မျက်နှာကို တည့်တည့် ဖြတ်ရိုက်လိုက်သကဲ့သို့ပင် ဖြစ်နေသည်။

ရှန် နိုင်ငံဧကရာဇ်က သူ့စစ်သူကြီးတွေကို- "ကြည့်စမ်း၊ ရှ နိုင်ငံတပ်တွေက မြို့တော်ကိုတောင် ရောက်နေပြီ။ မင်းတို့က ဘယ်လို စစ်သည်တွေလဲ၊ အခုမှ သတိထားမိတာလား။ ဒီစစ်ပွဲပြီးရင် မင်းတို့ရဲ့ အပြစ်အတွက် ထိထိရောက်ရောက် အရေးယူမယ်"

"မှန်လှပါ၊ အရှင်မင်းကြီး" လူအုပ်ကြီးက ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။

သူသည် အဝေးကို လှမ်းကြည့်လိုက်ရာ လင်းပိုင်ဖန်ကို ချက်ချင်းပဲ မြင်လိုက်ရသည်။

ဘာကြောင့်လဲဆိုတော့ တစ်ဖက်လူက လုံးဝ ထင်ရှားပေါ်လွင်လွန်းနေလို့ပင်၊ နဂါးရုပ်ပုံ ဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ ဘေးတစ်ဖက်စီမှာ လှပတဲ့ မိန်းမလှလေးနှစ်ယောက် ခြံရံထားပြီး ခမ်းနားထည်ဝါသည့် ရထားပေါ်တွင် ထိုင်နေခဲ့သည်။

ဘယ်ဘက်မှာက သံချပ်ကာဝတ်ဆင်ထားပြီး သူရဲကောင်းဆန်တဲ့ အမျိုးသမီး စစ်သူကြီး တစ်ဦး၊ အမျိုးသားများထက် မယုတ်လျော့သည့် အမျိုးသမီးတစ်ဦး။ ညာဘက်မှာကတော့ တိုင်းပြည်များကိုပင် ပျက်စေလောက်သည့် ဆွဲဆောင်မှု ရှိနေသည့် အနီရောင်ဝတ်စုံဖြင့် နူးညံ့သိမ်မွေ့လှသော မိန်းမလှလေးတစ်ဦးဖြစ်သည်။

"စစ်ပွဲထဲကို မိန်းမလှတွေ ခေါ်လာတာက၊ အဲ့ဒီရှ နိုင်ငံက အရူးဧကရာဇ်သာလျှင် ဒီလိုလုပ်လိမ့်မည်"

ရှန်နိုင်ငံဧကရာဇ်က အသံကျယ်ကျယ်ဖြင့်- "ရှ နိုင်ငံရဲ့ အရူးဧကရာဇ်၊ ကောင်းကင်က မင်းကို အခွင့်အရေး ပေးခဲ့ပေမဲ့ မင်းက မယူခဲ့ဘူး၊ ငရဲမှာက တံခါးမရှိဘူး၊ ဒါပေမယ့် မင်းက အတင်းဝင်လာခဲ့တယ်။ မင်းက ငါထင်ထားတာထက်တောင် ပိုပြီး မိုက်မဲနေပုံရတယ်၊ မင်းရဲ့တပ်တွေကို ထောင်ချောက်ထဲကို တည့်တည့်ခေါ်လာတာပဲ ဟား…ဟား…"

"ငါက ထောင်ချောက်ထဲ ဝင်လာသလို ဖြစ်နေပေမဲ့၊ မင်းကို ဓားစာခံအဖြစ် ဖမ်းဆီးနိုင်သရွေ့တော့ ငါ ဘေးကင်းလုံခြုံစွာ ပြန်ထွက်သွားလို့ မရနေဘူးလား" လင်းပိုင်ဖန်က ပြုံးကာ မေးလိုက်သည်။

"ငါ့ကို ဓားစာခံလုပ်မယ်၊ မင်း ငါ့ကို ဓားစာခံလုပ်ဖို့အတွက်ပဲ မြို့တော်ကို လာခဲ့တာလား၊ ဒါ ရယ်စရာကောင်းလိုက်တာ၊ ဟား…ဟား..၊ ငါ ဒီလိုဟာသမျိုး တစ်ခါမှ မကြားဖူးဘူး၊ ရယ်ရလွန်းလို့ သေတော့မယ်" ရှန်နိုင်ငံဧကရာဇ်သည် ဝမ်းဗိုက်ကိုဖိလျက် ပို၍ပင် ကျယ်လောင်စွာ ရယ်မောလေတော့သည်။

ဧကရာဇ်၏ ဦးဆောင်မှုအောက်တွင် နန်းတော်ထဲရှိ အခြားသော မှူးမတ်များကလည်း ရယ်မောလိုက်ကြသည်။

"မဖြစ်နိုင်ဘူးလား" ဟု လင်းပိုင်ဖန်က မေးလိုက်သည်။

"ဟုတ်တာပေါ့၊ မဖြစ်နိုင်စရာတော့ မရှိပါဘူး၊ မင်းမှာသာ အဲဒီလို စွမ်းရည်ရှိရင်ပေါ့"

ရှန်နိုင်ငံဧကရာဇ်သည် ရယ်မောနေခြင်းကို ရပ်လိုက်ပြီး လှောင်ပြုံးဖြင့် ပြောလိုက်သည်- "ဒါပေမဲ့ မင်းက ငါ့ကို ဘယ်လို ဖမ်းမှာလဲ၊ ငါ့ရဲ့ နန်းမြို့တော်ထဲမှာ စစ်သားတစ်သိန်းနဲ့ သိုင်းပညာ ကျွမ်းကျင်သူတွေ အများကြီး ရှိတယ်။ ငါတို့ မြို့ကို ကာကွယ်ထားသရွေ့ မင်းတို့ ထိုးဖောက်နိုင်မှာ မဟုတ်ဘူး"

"ဒါ့အပြင်ကိုမှ ငါ့ရဲ့ စစ်တပ်ကြီးကလည်း လေးဘက်လေးတန်ကနေ ဝိုင်းထားပြီးသား။ အချိန်တန်ရင် အတွင်းအပြင် ပူးပေါင်းပြီး တိုက်ခိုက်လိုက်ရင် မင်းတို့ လွတ်မြောက်ဖို့က လုံးဝမဖြစ်နိုင်ဘူး။ မင်းတို့ကို ဖမ်းမိတာနဲ့ ရှ နိုင်ငံလည်း ပြီးပြီပဲ။ ဟား…ဟား…"

"စကားများလွန်းနေပြီ၊ တိုက်ကြစို့" လင်းပိုင်ဖန်က လက်ကို ဝှေ့ယမ်းပြီး အမိန့်ပေးလိုက်သည်။

စစ်သူကြီး ချိုင်ယူလန်၊ မိန်မစိုးလျှူနဲ့ ချိုင်ယွီရှင်းတို့ သုံးဦးသည် စစ်တပ်ရဲ့ အလယ်ကနေ ချက်ချင်း ပြေးထွက်လာခဲ့ကြသည်။

ပြင်းထန်လှတဲ့ စွမ်းအားအရှိန်အဝါများဖြင့် အဝေးရှိ နန်းမြို့တော်ဆီသို့ ဦးတည်ပြီး အားသွန်ခွန်စိုက် ပြေးသွားလိုက်ကြသည်။

"အရှင်မင်းကြီး သတိထားပါ။ အဲဒီ သုံးယောက်က ချီဖွဲ့တည်ခြင်းအဆင့်တွေပါ" တစ်စုံတစ်ယောက်က ထိတ်လန့်စွာဖြင့် အော်လိုက်သည်။

မြို့ရိုးပေါ်မှာလည်း ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် နှစ်ဦး ပေါ်လာခဲ့ပြီး ရှန်နိုင်ငံဧကရာဇ်ရဲ့ ရှေ့မှာ ရပ်လိုက်ကြသည်။

ရှန်ဧကရာဇ်ရဲ့ မျက်နှာအမူအရာက ပို၍ လေးနက်လာပြီး- "ဒါဆို ဒါက မင်းရဲ့ အားထားရာပေါ့။ ဒါပေမဲ့ ချီဖွဲ့တည်ခြင်းအဆင့် သုံးယောက်နဲ့ ငါ့ကို ဖမ်းဖို့ ဆိုတာက လုံးဝမဖြစ်နိုင်ဘူး"

သူက လက်ဝှေ့ယမ်းလိုက်ရာ သူ့ဘေးမှ ချီဖွဲ့တည်ခြင်းအဆင့် နှစ်ဦးက ပြေးထွက်သွားခဲ့သည်။

"ယူရှင်း၊ မိန်းမစိုးလျှူ နဲ့ အဖေက သူတို့ကို ဟန့်တားထားမယ်။ သမီး မြို့ထဲကို ဖောက်ဝင်ပြီး ရှန်နိုင်ငံဧကရာဇ်ကို သွားဖမ်းလိုက်" စစ်သူကြီး ချိုင်ယူလန်က အော်ပြောလိုက်သည်။

"ဂရုစိုက်ပါ၊ အဖေ" ချိုင်ယွီရှင်းက ခေါင်းညိတ်လိုက်ပြီး မြေပြင်ကို ခြေဖျားဖြင့် ပေါ့ပါးစွာ ထိလိုက်ကာ မြို့ရိုးပေါ်သို့ ခုန်တက်သွားခဲ့သည်။

ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူနှစ်ဦးက ကြားဖြတ်တားဆီးရန် လှုပ်ရှားလိုက်သော်လည်း ချိုင်ယူလန်နှင့် သူ့အဖော်တို့က တိုက်ခိုက်လိုက်သည်။

"မင်းတို့ရဲ့ ပြိုင်ဘက်က ငါတို့ပဲ"

ချီဖွဲ့တည်ခြင်းအဆင့် လေးဦးသည် မြို့ရိုးအောက်တွင် စတင် တိုက်ခိုက်ခဲ့ကြသည်။

မည်သည့် အတားအဆီးမှ မရှိတော့သည့် အတွက် ချိုင်ယွီရှင်းသည် မြို့ရိုးပေါ်သို့ တက်ရောက်သွားပြီး သတ်ဖြတ်ခြင်းကို စတင်ခဲ့သည်။

အနီရောင်ဖဲကြိုးပါ လှံကို ကိုင်ဆောင်ထားကာ တစ်ချက်ဝှေ့ယမ်းလိုက်တိုင်း အစ်အမှန်ချီ စီးကြောင်း သည် ထွက်ပေါ်လာခဲ့ပြီး လူပေါင်းများစွာရဲ့ အသက်ကို ယူသွားခဲ့သည်။

ထို့နောက် သူမသည် ရှန်နိုင်ငံဧကရာဇ်ဆီသို့ လျင်မြန်စွာ ပြေးတက်သွားခဲ့သည်။

" ဧကရာဇ်ကို ကာကွယ်ကြ။ မြန်မြန်၊ ဧကရာဇ်ကို ကာကွယ်ကြ" လူတိုင်း ထိတ်လန့်သွားကြသည်။

သို့သော် ရှန်နိုင်ငံဧကရာဇ်မှာမူ အနည်းငယ်မျှ စိုးရိမ်စိတ်မရှိဘဲ အလွန်ပင် အေးဆေးတည်ငြိမ်နေပြီး- "အားလုံးပဲ၊ မထိတ်လန့်ကြနဲ့၊ ငါကိုယ်တော် ဒါကို ဖြေရှင်းနိုင်တယ်"

မျက်တောင်တစ်ခတ်အတွင်းမှာပင် အနက်ရောင် ဝတ်ရုံဖြင့် အဘိုးကြီးတစ်ဦး ရုတ်တရက် ပေါ်လာခဲ့ပြီး ရှန်နိုင်ငံဧကရာဇ်ရဲ့ ရှေ့မှာ ရပ်လိုက်သည်။

သူသည် အခြားသူများ တိုက်ရိုက်ကြည့်ရှုရန် ခက်ခဲစေမည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်တစ်ခုကို ထုတ်လွှတ်ထားသည်။

ချိုင်ယွီရှင်းက ရပ်တန့်လိုက်ကာ သူမ၏ အကြည့်များက ထက်မြလာခဲ့ပြီး- "ခင်ဗျားလည်း ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင် တစ်ယောက်ပဲ"

အနက်ရောင်ဝတ်ရုံဝတ် အဘိုးကြီးက ခေါင်းအနည်းငယ် ညှိတ်ပြလိုက်ပြီး "မိန်းကလေး၊ ဒီလို ငယ်ရွယ်တဲ့အရွယ်မှာ ချီဖွဲ့တည်ခြင်း အဆင့်အထိ ကျင့်ကြံနိုင်တာ မင်းမှာ အထင်ကြီးစရာ ကောင်းတဲ့ အရည်အချင်း ရှိနေတာပဲ"

ထို့နောက်တွင် တိတ်ဆိတ်သွားခဲ့သည်၊ လေထုထဲတွင် လေးလံလှတဲ့ ငြိမ်သက်ခြင်း တစ်ခုက ဖြစ်ပေါ်လာခဲ့သည်။

ဒါပေမဲ့ အဲ့ဒီအချိန်မှာပဲ ရှန်နိုင်ငံဧကရာဇ်က မောက်မာစွာ ရယ်လိုက်ပြီး- "ဒါက ငါ လျှို့ဝှက်စွာ ဖိတ်ခေါ်ထားတဲ့ ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင်ပဲ။ မင်းက သူ့ကို အတင်းအကျပ် ထွက်ပေါ်လာအောင် လုပ်လိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး။ မင်း ငါ့ကို ဖမ်းချင်ရင် သူ့ကို အရင် အနိုင်ယူလိုက်၊ ဟား…ဟား…ဟား"

ချိုင်ယွီရှင်း၊ စစ်သူကြီးချိုင်ယူလန်နှင့် အခြားသူများ၏ ရင်ထဲတွင် မကောင်းသော ခံစားချက်များ ဝင်လာခဲ့သည်။

ရှန်နိုင်ငံမှာ ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူ တတိယတစ်ယောက် ရှိနေတာက၊ ကိစ္စတွေဟာ မလွယ်ကူတော့ပေ။

ရှန်နိုင်ငံဧကရာဇ်ကို အချိန်မီ မဖမ်းဆီးနိုင်ပဲ သူတို့ရဲ့ တပ်မတော်ကြီး ရောက်လာခဲ့ပါက သူတို့တွေ ရှနိုင်ငံကို ဘယ်တော့မှ ပြန်နိုင်တော့မှာ မဟုတ်ပေ။

"စကားများလွန်းနေပြီ၊ တိုက်ကြတာပေါ့"

ချိုင်ယွီရှင်းသည် သူမ၏ အနီရောင်ဖဲကြိုးပါ လှံကို ကိုင်ဆောင်လျက် တစ်ဖန် ရှေ့သို့ ထပ်မံ တိုက်ခိုက်လိုက်သည်။

ထိုလှံချက်သည် ကြောက်မက်ဖွယ်ကောင်းပြီး ပြင်းထန်သော စွမ်းအားကို သယ်ဆောင်ကာ အနက်ရောင်ဝတ်ရုံဝတ် အဘိုးကြီးဆီသို့ ထိုးသွင်းလိုက်သည်။

အဲ့ဒီအချိန်မှာပဲ လင်းပိုင်ဖန်က သူ၏ မျက်လုံးများကို မှေးစင်းလိုက်ပြီး၊ မြို့ရိုးပေါ်ရှိ အဘိုးကြီးဆီသို့ အကြည့်စူးစိုက်ကြည့်လိုက်ရာ သူ့မျက်လုံးများထဲတွင် ထိတ်လန့်ဖွယ် ကောင်းသော ဓားအရှိန်အဝါများ ပေါက်ဖွားလာခဲ့သည်။

"မြင့်မြတ်သော စိတ်ဝိညာဉ်ဓားသိုင်း၊ ၂၃ ချက်မြောက် တိုက်ခိုက်မှု၊ သွားစမ်း"

ဒါဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ ဓားပညာရပ် တစ်ခုပင်ဖြစ်သည်။

အထူးသဖြင့် နောက်ဆုံးတိုက်ခိုက်မှုကို ငရဲဓားဟု ခေါ်ဆိုနိုင်ပြီး၊ ဓားကို ဆွဲထုတ်လိုက်တဲ့အခါ အရာအားလုံး ရပ်တန့်သွားကာ ကိုင်ဆောင်သူ၏ ခွင့်ပြုချက်အောက်မှာသာ လှုပ်ရှားနိုင်စေသည်။

လင်းပိုင်ဖန် ယခု တိုက်ခိုက်လိုက်သည်မှာ ထိုဓားချက်ပင် ဖြစ်သည်။

သို့သော် သူသည် သူ၏ ခွန်အား အပြည့်အဝကို အသုံးမပြုခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် သူ၏ စွမ်းရည် အစစ်အမှန်ကို မထုတ်ဖော် ချင်သေးသောကြောင့်ပင် ဖြစ်သည်။

ဒီလိုဖုံးကွယ်ထားသည့်တိုင် ထိုအဘိုးကြီးကို ရင်ဆိုင်ဖို့ လုံလောက်သည်ထက်ပင် ပိုနေသည်။

ချက်ချင်းဆိုသလို အနက်ရောင်ဝတ်ရုံဝတ် အဘိုးကြီးသည် သူ့တစ်ကိုယ်လုံးကို ချုပ်ကိုင်ထားသကဲ့သို့ ခံစားလိုက်ရပြီး၊ လှုပ်ရှားနိုင်ခြင်းမရှိတော့ဘဲ၊ ရှေ့သို့သာ ထိတ်လန့်တကြား စိုက်ကြည့်နေသော မျက်လုံးများကသာ ပြူးကျယ်နေခဲ့သည်။ ထို့နောက် ချိုင်ယွီရှင်း၏ အနီရောင် ဖဲကြိုးလှံသည် သူ့လည်ချောင်းကို ထိုးဖောက်လိုက်သည်။

သူ၏ လည်ပင်းမှ သွေးများ ပန်းထွက်လာခဲ့သည်။

တိုက်ပွဲထဲရှိ လူတိုင်း အံ့အား သင့်သွားခဲ့ကြသည်။

လျှို့ဝှက်စွာခေါ်ထားတဲ့ ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင်ကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တာလား…..။

သူက အရမ်းကို အသုံးမကျလွန်းနေဘူးလား..

အနည်းဆုံးတော့ ခပ်ကြာကြာလေးတော့ တိုက်ခိုက်သင့်တယ်လေ…။

အထူးသဖြင့် ရှန်နိုင်ငံဧကရာဇ်သည် အလွန်ပင် အံ့ဩသွားပြီး မျက်လုံးများပင် ပြူးထွက်လုနီးပါး ဖြစ်သွားခဲ့သည်။

သူ ဈေးကြီးပေးပြီး ငှားထားရသည့် ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင်သည် တစ်ချက်ပင် မခံနိုင်ခဲ့ပေ၊ ဒါဟာ အရမ်းကို အားနည်းလွန်းမနေဘူးလား…။

အဲဒီအချိန်တွင် သူ့ကို တစ်ခုခုက လာထိမှန်ခဲ့သည်။

သူ့လက်ဖြင့် ဖမ်းမိလိုက်တဲ့အခါ ၎င်းမှာ ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူ၏ ဦးခေါင်းဖြစ်နေပြီး၊ သွေးများ စီးကျနေကာ သေဆုံးသွားခဲ့တာတောင် မပိတ်ဘဲ ရှိနေသော မျက်လုံးများက သူ့ကို စိုက်ကြည့်နေသည်။

ရှန်နိုင်ငံဧကရာဇ်သည် နောက်ဆုံးမှာတော့ ကြောက်ရွံ့ထိတ်လန့်သွားပြီး၊ သူ့ပတ်ဝန်းကျင်ရှိ သူများကို အော်ဟစ်လိုက်ကာ- "မင်းတို့ ဘာကို ကြည့်နေကြတာလဲ၊ ငါ့ကို ချက်ချင်း ကာကွယ်ကြ"

ပြီးနောက် ဦးခေါင်းကို လွှင့်ပစ်ကာ ထိတ်လန့်တကြား ထွက်ပြေးသွားခဲ့သည်။

"ဧကရာဇ်ကို ကာကွယ်ကြ"

"မြန်မြန်၊ ဧကရာဇ်ကို ကာကွယ်ကြ"

All Chapters