← Chapters

အခန်း (၆၂)

Vol. 5 Ch. 62

အခန်း (၆၂)

Vol. 5 Ch. 62

ချိုင်ယွီရှင်းသည် သူမ တစ်ချက်တည်းဖြင့် အနက်ရောင်ဝတ်စုံဝတ် အကြီးအကဲကို သတ်ပစ်နိုင်ခဲ့ခြင်းကြောင့် အလွန်အမင်း အံ့အားသင့်သွားခဲ့သော်လည်း လက်ရှိ တာဝန်ကိုမူ မမေ့ခဲ့ပေ။ ရှန်တိုင်းပြည် ဧကရာဇ် ထွက်ပြေးနေသည်ကို မြင်သောအခါ သူမသည် "မင်းဘယ်ကို ထွက်ပြေးနေတယ်လို့ထင်လဲ" ဟု အော်ဟစ်လိုက်ပြီး နောက်မှ လိုက်ပါသွားခဲ့သည်။

လမ်းတစ်လျှောက်တွင် သူမကို တားဆီးရန် ကြိုးပမ်းသူများစွာ ရှိသော်လည်း သူတို့ အားလုံးကို သူမက ပိုးကောင်များပမာ သတ်ပစ်လိုက်ရာ မြေပေါ်တွင် အလောင်းများ ပုံနေခဲ့သည်။

ထိုအချိန်တွင် လင်းပိုင်ဖန်၏ အကြည့်သည် မိန်းမစိုးလျှူ၊ စစ်သူကြီးတို့နှင့် တိုက်ခိုက်နေကြသော ရှန်တိုင်းပြည်မှ ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင် နှစ်ဦးထံ ရောက်ရှိသွားသည်။

မြင့်မြတ်သော စိတ်ဝိညာဉ်ဓား သိုင်းပညာ၏ ၂၃ ကြိမ်မြောက် ဓားချက်သည် တစ်ဖန် ပေါ်ထွက်လာခဲ့ပြန်သည်။

ထိုတိုတောင်းသော အခိုက်အတန့်လေး အတွင်းမှာပင် ထိုနှစ်ဦး၏ ခန္ဓာကိုယ်များသည် လှုပ်ရှား၍ မရနိုင်တော့ဘဲ ရပ်တန့်သွားခဲ့ကြသည်။

ထိုတစ်စက္ကန့်မျှသော ကာလလေးမှာပင် သေခြင်း ရှင်ခြင်း ကို ဆုံးဖြတ်ပြီးသွားပြီ ဖြစ်သည်။

ထို ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူ နှစ်ဦးသည် သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။

စစ်သူကြီးနှင့် မိန်းမစိုးလျှူတို့ နှစ်ဦးစလုံးသည် အံ့အားသင့်သွားကာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

ထို့နောက် အရေးကြီးသည့် ကိစ္စများ ရှိနေသည်ကို သဘောပေါက်သဖြင့် မြို့တော်၏ ခံတပ်များဆီသို့ လျင်မြန်စွာ ဦးတည် ပြေးဝင်ကာ သတ်ဖြတ်မှုကြီးကို စတင်လိုက်ကြသည်။

သူတို့ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် သွေးစီးကြောင်းများ ဖြစ်ပေါ်ကာ အလောင်းများ ပြန့်ကျဲ ကျန်ရစ်ခဲ့သည်။

ရှန်တိုင်းပြည်၏ စစ်သည်တော်များသည် ထိုသို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် အလွန်တရာ ထိတ်လန့်ကာ ရှုပ်ထွေးစွာဖြင့် ထွက်ပြေးကုန်ကြသည်။

"အသက်လုပြီး ပြေးကြတော့"

"မပြေးနိုင်ရင် သေပြီသာမှတ်"

လက်ဖက်ရည်ခွက် တစ်ခွက်ခန့် သောက်ချိန်အတွင်းမှာပင် မြို့တော်တံခါး ပွင့်သွားတဲ့ အသံကို မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာဖြင့် ကြားလိုက်ရသည်။

လင်းပိုင်ဖန်က လက်ကို ဝှေ့ယမ်းလိုက်ကာ- "ဝင်ပြီး မြို့တော်ကို သိမ်းပိုက်ကြ" ဟု အမိန့်ပေးလိုက်သည်။

"အမိန့်တော်အတိုင်းပါ၊ အရှင်မင်းကြီး"

စစ်တပ်သည် မြို့တော်အတွင်းသို့ အတင်းအကြပ် ဝင်ရောက်သွားကာ လမ်းမတိုင်းနှင့် မြို့တစ်ခုလုံးကို ထိန်းချုပ်လိုက်ကြသည်။

လင်းပိုင်ဖန်ကတော့ သူ၏ အထူး တပ်ဖွဲ့များကို ဦးဆောင်လျက် တိုက်ရိုက်ပင် နန်းတော်ဆီသို့ ချီတက်သွားခဲ့သည်။

နန်းတော်ပတော့ ယခုအခါ ရှုပ်ထွေးနေပြီး မိန်းမစိုးများနှင့် နန်းတွင်းသူတို့သည် ဘယ်ကိုသွားရမှန်းမသိဘဲ ထိတ်လန့်တကြား ပြေးလွှားနေကြသည်။

လင်းပိုင်ဖန်နှင့် သူ၏လူများ ချဉ်းကပ်လာသည်ကို မြင်သောအခါ သူတို့သည် အလျင်အမြန် ဒူးထောက်လိုက်ကြသည်။

"ကျွန်ုပ်တို့က နန်းတော်ထဲက မိန်းမစိုးတွေပါ၊ ကျွန်ုပ်တို့ကို မသတ်ပါနဲ့"

"ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ"

"ကျွန်ုပ်တို့ နွားတွေ၊ မြင်းတွေလို အလုပ်လုပ်ပေးပါ့မယ်"

လင်းပိုင်ဖန်၏ အကြည့်တွေက အေးစက်နေပြီး အခြားအမိန့်တစ်ခုကို ထပ်မံ ထုတ်ပြန်လိုက်သည်- "နန်းတော်တံခါး အားလုံးကို ပိတ်လိုက်။ ဘယ်သူမှ အဝင်အထွက် မလုပ်ရဘူး။ ပြီးရင် နန်းတော်ထဲက ဘုရင့် သားတွေ၊ မြေးတွေ၊ မိဖုရားတွေ၊ ကိုယ်လုပ်တော်တွေ အားလုံးကို ဖမ်းဆီးကြ။ တစ်ယောက်မှ လွတ်မသွားစေနဲ့"

"အမိန့်တော်အတိုင်းပါ၊ အရှင်မင်းကြီး" စစ်သည်များက ပြန်ဖြေကာ အရပ်ရပ်သို့ ထွက်သွားကြသည်။

ထိုအချိန်တွင် ချိုင်ယွီရှင်းက သွေးစွန်းနေသော အနီရောင်ဖဲကြိုးတပ် လှံရှည်ကို ကိုင်ဆောင်လျက် လင်းပိုင်ဖန်ထံ ချဉ်းကပ်လာခဲ့သည်။

လင်းပိုင်ဖန်က- "အခြေအနေ ဘယ်လိုရှိလဲ" ဟု မေးမြန်းလိုက်သည်။

ချိုင်ယွီရှင်းက အနည်းငယ် နောင်တရသည့် ဟန်ဖြင့် ခေါင်းခါလိုက်ပြီး- "သူ ထွက်ပြေးသွားနိုင်ခဲ့တယ်" ဟု ပြောလိုက်သည်။

"အရေးမကြီးပါဘူး၊ သူက ငါကိုယ်တော်ရဲ့ လက်ငါးချောင်းတောင် ကနေ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး" လင်းပိုင်ဖန်က လက်ချောင်းများကို ဆန့်ထုတ်ရင်း အနည်းငယ် ပြုံးလိုက်သည်။

"ကျွန်မ ဟိုဘက်ကို ထပ်ပြီး သွားစစ်ဆေးလိုက်ဦးမယ်" ချိုင်ယွီရှင်းသည် အခြားနန်းဆောင်တစ်ခုဆီသို့ အလျင်စလို သွားလိုက်သည်။

ထိုအခိုက်အတန့်တွင် လင်းပိုင်ဖန်သည် ထောင့်တစ်နေရာတွင် ခိုးကြောင်ခိုးဝှက် လှုပ်ရှားနေသော နန်းတွင်းသူတစ်ဦးကို မြင်လိုက်ရာ- "မင်း၊ အဲဒီမှာ ရပ်လိုက်" ဟု အမိန့်ပေးလိုက်သည်။

ထိုနန်းတွင်းသူသည် ချက်ချင်းပင် မလှုပ်မယှက်ပဲ ရပ်တန့်သွားပြီး သူမ၏ မျက်နှာကို လက်ဖြင့် ဖုံးအုပ်ကာ တုန်ယင်စွာဖြင့် ဖြည်းဖြည်းချင်း လှည့်လာပြီး "ဒီက အစေခံက နိမ့်ကျတဲ့ နန်းတွင်း အစေခံသာဖြစ်ပါသည်၊ အရှင်မင်းမြတ် ဘာများ လိုအပ်ပါသလဲ" ဟု ပြောလိုက်သည်။

"အများကြီးတော့ မဟုတ်ဘူး၊ မင်းက နည်းနည်း သံသယဖြစ်စရာ ကောင်းနေလို့။ ဒီကို လာပြီး ငါကိုယ်တော်ကို တစ်ချက်လောက် ကြည့်ခိုင်းစမ်း" လင်းပိုင်ဖန်က လက်ယပ်ခေါ်လိုက်သည်။

ထိုသူသည် ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ တဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်- "ဟုတ်ကဲ့ပါ၊ အရှင်မင်းမြတ်"

"ခေါင်းမော့လိုက်၊ ငါကိုယ်တော် မင်းကို တစ်ချက်ကြည့်မယ်" လင်းပိုင်ဖန်က အမိန့်ပေးလိုက်သည်။

သူမသည် မျက်နှာကို လက်များဖြင့် ဖုံးအုပ်ကာ ရှက်ရွံ့သလို၊ ကြောက်ရွံ့သလိုဖြင့် ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်သည်။

"လက်တွေကို ဖယ်လိုက်၊ မင်းရဲ့ မျက်နှာကို ငါကိုယ်တော် မြင်ချင်တယ်" လင်းပိုင်ဖန်က ထပ်မံ အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့ပါ၊ အရှင်မင်းမြတ်"

နောက်ဆုံးတွင် သူမသည် လက်များကို ဖယ်လိုက်ရာ မိတ်ကပ်များ ထူထဲစွာ လိမ်းကျံထားပြီး မုတ်ဆိတ်မွေးများ ဖုံးလွှမ်းနေသော မျက်နှာတစ်ခု ပေါ်လာသည် "ချီးထဲမှ…."

လင်းပိုင်ဖန်ခင်ဗျာ လန့်ဖြန့်သွားပြီး- "F**k အရမ်း ရုပ်ဆိုးတာပဲ"

သူသည် လက်မြှောက်ကာ မျက်နှာကို ဖြတ်ရိုက်ချလိုက်သည်။

'ဖြန်း…'

မုတ်ဆိတ်မွေးများ ရှိနေသော နန်းတွင်း အစေခံသည် သူမ၏ မျက်နှာကို လက်ဖြင့်အုပ်လျက်- "အရှင်မင်းကြး၊ ဘာလို့ ကျွန်မကို ရိုက်ရတာလဲ" ဟု ပြောလိုက်သည်။

လင်းပိုင်ဖန်ပ ကြောက်လန့်တကြားဖြင့် "ဘာလို့လဲဆိုတော့ မင်းက ငါကိုယ်တော်ရဲ့ ၁၀ နှစ်တာ စုဆောင်းထားတဲ့ ကုသိုလ်တွေကို ပြေးအောင် လုပ်လိုက်လို့ပဲ၊ မင်းကို မဆုံးမရင် ရာဇဝတ်မှု မြောက်လိမ့်မယ်" ဟု ပြောလိုက်သည်။

နန်းတွင်းအစေခံ - “.....”

"မင်း နာမည် ဘယ်လိုခေါ်လဲ" လင်းပိုင်ဖန်က ထပ်မံမေးမြန်းလိုက်သည်။

နန်းတွင်း အစေခံက ခေါင်းငုံ့ကာ "အရှင်မင်းကြီးကို တင်ပြပါတယ်၊ ဒီက အစေခံရဲ့ နာမည်က ရူဟွာပါ"

လင်းပိုင်ဖန်က နောက်တစ်ချက် ထပ်ရိုက်လိုက်သည်။

'ဖြန်း…'

နန်းတွင်း အစေခံသည် အခြားတစ်ဖက်ကို ဖုံးအုပ်လိုက်ပြီး စိတ်ဆိုးစွာကြည့်ကာ- "အရှင်မင်းကြီး၊ ဘာလို့ ကျွန်မကို ထပ်ရိုက်ရတာလဲ" ဟု မေးလိုက်သည်။

"မင်းက အရမ်းရုပ်ဆိုးနေတာတောင် ကိုယ့်နေရာကိုယ် မသိဘူး၊ မင်းကို သတိဝင်သွားအောင် ရိုက်လိုက်တာ"

နန်းတွင်း အစေခံ - “.....”

လင်းပိုင်ဖန်က ဆက်လက်မေးမြန်းလိုက်သည်- "မင်းမှာ ဘာလို့ မုတ်ဆိတ်မွေးတွေ ရှိနေရတာလဲ"

"အရှင်မင်းကြီး၊ ဒါက မွေးရာပါပါ၊ ဒီက အစေခံက ဘာမှ မတတ်နိုင်ပါဘူး"

လင်းပိုင်ဖန်က နောက်ထပ် အားပြင်းစွာ တစ်ချက် တပ်ရိုက်လိုက်သည်။

'ဖြန်း…'

နန်းတွင်း အစေခံသည် နာကျင်မှုကြောင့် မျက်ရည်များ ထွက်လာခဲ့သည်- "အရှင်မင်းကြီး၊ ဘာလို့ ထပ်ရိုက်ရပြန်တာလဲ"

လင်းပိုင်ဖန်က "ဘာလို့လဲဆိုတော့ မင်းက မင်းရဲ့ မိခင်ကိုသာမက မင်းရဲ့ ဖခင်ကိုပါ စော်ကားလိုက်လို့ပဲ။ ဘယ်လိုလုပ်ပြီး သူတို့နှစ်ဦးက ဒီလိုမျိုး မျိုးမစစ် တစ်ယောက်ကို မွေးနိုင်မှာလဲ"

နန်းတွင်း အစေခံ - “.....”

လင်းပိုင်ဖန်က ထပ်မေးလိုက်သည်- "မင်းကို ဘယ်လိုလုပ် ဒီနန်းတော်ထဲ ရွေးချယ်ခဲ့တာလဲ"

"ဒီ..."

'ဖြန်း…'

မုတ်ဆိတ်မွေးတွေ ရှိနေသော နန်းတွင်း အစေခံသည် ကြောင်အသွားပြီး- "အရှင်မင်းကြီး၊ ကျွန်မ ဘာမှ မပြောရ သေးဘူးလေ၊ ဘာလို့ ထပ်ရိုက်တာလဲ"

လင်းပိုင်ဖန်က "မင်းရဲ့ ရုပ်ရည်နဲ့ နန်းတော်ထဲ ဝင်ခွင့်ရတာဟာ ဧကရာဇ်ရဲ့ အမြင်ကို အကြီးအကျယ်ကို စော်ကားလိုက်တာပဲ။ ရှန်တိုင်းပြည်ရဲ့ ဧကရာဇ်က အသုံးမကျပေမယ့် သူကလည်း ယောကျာ်း တစ်ယောက်ပဲလေ။ မင်းလိုမျိုး တစ်ယောက်ကို နန်းတော်ထဲမှာ လျှောက်သွားခွင့် ဘယ်လိုလုပ် ပေးထားနိုင်မှာလဲ" ဟု ပြောလိုက်သည်။

နန်းတွင်းအစေခံ - “.....”

ထို့နောက်တွင် လင်းပိုင်ဖန်သည် မေးခွန်းတစ်ခု မေးပြီးတိုင်း တစ်ချက် ရိုက်ခဲ့သည်။

နန်းတွင်းအစေခံခင်ဗျာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။

သူမ၏ ဘဝတစ်လျှောက်တွင် ထိုကဲ့သို့ မရှုမလှဖြင့် အရှက်မရခဲ့ဖူးပေ။

ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ တစ်ဖက်လူတွင် အကာအကွယ် စစ်တပ်များ မရှိသည်ကို သတိထားမိရာ ဒီဧကရာဇ်ကို လုပ်ကြံရန်နှင့် အခွင့်အရေး ကောင်းတစ်ခု ပေါ်လာသည်ဟု ယူဆလိုက်သည်။

ထို့ကြောင့် သူမ၏ စိတ်ထဲတွင် ဆိုးယုတ်သော အတွေးများ ပေါ်လာခဲ့ပြီး သည်းခြေအထိ ဒေါသများ ပြည့်လျှံလာကာ လက်သည်းများ ဆန့်ထုတ်လျက် လင်းပိုင်ဖန်ကို ကုတ်ရန် ရွယ်လိုက်ပြီယ ယောက်ျားအသံဖြင့်- "မင်း မိုက်မဲလှတဲ့ ဧကရာဇ်၊ ငါ မင်းကို သတ်မယ်" ဟု အော်ဟစ်လိုက်သည်။

လင်းပိုင်ဖန်ကတော့ နောက်ထပ် ပြင်းထန်လှတဲ့ ရိုက်ချက်ဖြင့် တုံ့ပြန်လိုက်သည်။

'ဖြန်း…'

နန်းတွင်း အစေခံ - “.....”

ထို့နောက်တွင် ထပ်မံ၍......

'ဖြန်း…၊ ဖြန်း.....'

မုတ်ဆိတ်မွေးများ ရှိနေသော နန်းတွင်း အစေခံ၏ မျက်နှာသည် ဘယ်တစ်ပြန် ညာတစ်ပြန် အရိုက်ခံလိုက်ရသည်။

လင်းပိုင်ဖန်က ရိုက်နေရင်းမှပင် ပြုံးလိုက်ကာ- "ရှန်နိုင်ငံရဲ့ ဧကရာဇ်၊ မင်း ဆက်ပြီး ဟန်မဆောင်တော့ဘူးလား" ဟု ပြောလိုက်သည်။

All Chapters