အခန်း (၆၃)
Vol. 5 Ch. 63
ထို့နောက်တစ်ဖန်…
‘ဖြန်း…၊ ဖြန်း….’
မုတ်ဆိတ်မွှေးများ ရှိနေသော နန်းတွင်း အစေခံ၏ မျက်နှာသည် ဘယ်ပြန် ညာပြန် အရိုက်ခံလိုက်ရသည်။
လင်းပိုင်ဖန်က ရိုက်နေရင်း ပြုံးလိုက်ကာ- “ရှန်နိုင်ငံရဲ့ ဧကရာဇ်၊ မင်း ဆက်ပြီး ဟန်မဆောင်တော့ဘူးလား”
‘ဖြန်း..’
“မင်းကများ ငါတို့နဲ့ သူသေကိုယ်သေ တိုက်ခိုက်ချင်သေးတာလား”
‘ဖြန်း…’
“မင်းရဲ့ အခုပုံစံနဲ့ဆိုရင် ငါတို့နဲ့ ဘယ်လိုလုပ်ပြီး သူသေကိုယ်သေ တိုက်ခိုက်နိုင်မှာလဲ”
‘ဖြန်း..’
“ဆက်လုပ်လေ၊ ငါတို့နဲ့ တိုက်ဖို့ ဆက်ကြိုးစားကြည့်လိုက်”
‘ဖြန်း…၊ ဖြန်း…’
နန်းတွင်းအစေခံ၏မျက်နှာ... မဟုတ်ဘူး၊ ရှန်နိုင်ငံရဲ့ ဧကရာဇ်ရဲ့မျက်နှာဟာ လုံးဝ ဖူးရောင်လာသည်အထိ ရိုက်နှက် ခံလိုက်ရသည်။
သို့သော်လည်း သူသည် အတွင်းစိတ်တွင် ကြောက်ရွံ့နေသော်ငြားလည်း ကြောက်မက်ဖွယ် အမူအရာကို ထုတ်ဖော်ကာ- “မင်း မိုက်မဲလှတဲ့ ဧကရာဇ်၊ ငါ့ကို အခွင့်အရေး တစ်ခုလေးတောင် မရစေနဲ့။ မဟုတ်ရင် ဒီအရှက်တရားကို ငါ သေချာပေါက် ပြန် ကလဲ့စားချေမယ်လို့ ကျိန်ဆိုတယ်”
လင်းပိုင်ဖန်က ပြင်းထန်စွာ နောက်တစ်ချက် ထပ်ရိုက်လိုက်သည်။
“မင်းကများ ငါ့ကို ခြိမ်းခြောက် ရဲတယ်ပေါ့”
‘ဖြန်း…’
“မင်းကများ ကလဲ့စားချေဖို့အကြောင်း ပြောရဲသေးတယ်ပေါ့”
‘ဖြန်း…’
“ငါ မင်းကို သတ္တိတွေတောင် ချေးပေးလိုက်အုံးမယ်၊ မင်း လက်စား ပြန်ချေရဲလား မရဲလားဆိုတာ ကြည့်စမ်းမယ်”
‘ဖြန်း…’
နောက်ဆုံးတွင် ရှန်နိုင်ငံ၏ ဧကရာဇ်သည် ထိုညှဉ်းပန်းမှုကို မခံနိုင်တော့ဘဲ သတိလစ်သွားခဲ့သည်။
“ကောင်းပြီ၊ သူ့ကို ငါကိုယ်တော်အတွက် ကြိုးတုပ်ထားလိုက်”
“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး”
ထို့နောက်တွင် လင်းပိုင်ဖန်ကိုယ်တိုင် ဦးဆောင်ပြီး နန်းတော်အတွင်းရှိ ဘုရင့် သားတော်များ၊ မြေးများ၊ မိဖုရားများ၊ ကိုယ်လုပ်တော်များကို ဖမ်းဆီးခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် ရှန်နိုင်ငံ၏ ပိုင်ဆိုင်မှုတွေကို အပိုင်သိမ်းဖို့ မမေ့ဘဲ ဘဏ္ဍာတိုက်မှရော ဧကရာဇ်၏ ကိုယ်ပိုင် ရွှေငွေများကိုပါ နိုင်ငံတော်အတွက် သိမ်းယူခဲ့သည်။
အဲ့ဒီနေ့ပြီးနောက်တွင် လင်းပိုင်ဖန်၏ ဘဏ္ဍာတိုက်သည် လုံးဝကို ပြည့်လျှံ ဝဖြိုးသွားခဲ့လေပြီဖြစ်သည်။
ထိုအချိန်တွင် စစ်သူကြီးချုပ်နှင့် မိန်းမစိုးလျှူတို့ လျှောက်လာခဲ့ကြသည်။
လင်းပိုင်ဖန်က-“ဦးလေးတို့၊ အခြေအနေ ဘယ်လိုရှိလဲ”
ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသော မျက်နှာဖြင့် စစ်သူကြီးချုပ် ချိုင်ယူလန်က- “မြို့တော်ကို အခု ထိန်းချုပ်ထားနိုင်ခဲ့ပြီ။ အတွင်းထဲက မှူးမတ်တွေနဲ့ သြဇာရှိတဲ့ လူတွေအားလုံးကို ဖမ်းဆီးပြီးတော့ သူတို့ အိမ်တွေကိုလည်း ရှာဖွေခဲ့ပြီးပြီ။ ဒီစစ်ပွဲမှာ ကျွန်တော်မျိုးတို့ အပြည့်အဝကို အောင်ပွဲရခဲ့တယ်”
“အမှန်ပါပဲ အရှင်မင်းကြီး ”
ဝန်ကြီးချုပ် ရှောင်ကော်လျှန်ကလည်း အလားတူ ဝမ်းမြောက်နေခဲ့ပြီး- “ဒီစစ်ပွဲက တကယ်ကို ခမ်းနားထည်ဝါစွာနဲ့ကို အောင်ပွဲရခဲ့တာပါ၊ အရှင်မင်းကြီး၊ အရှင်မင်းကြီးဘက်ကကော အခြေအနေ ဘယ်လိုလဲ”
လင်းပိုင်ဖန်က ရယ်မောကာ- “ရှန်နိုင်ငံရဲ့ ဧကရာဇ်နဲ့ မိသားစုဝင်အားလုံးကို ငါကိုယ်တော် ဖမ်းဆီးပြီးခဲ့ပြီ၊ ဘဏ္ဍာတိုက်ကိုလည်း သိမ်းပြီးခဲ့ပြီ။ အကျွန်ုပ်တို့ရဲ့ အင်ပါယာကို အခု ချောချောမွေ့မွေ့နဲ့ အောင်ပွဲခံပြီး ပြန်လို့ရပြီ”
“ကောင်းတယ်” ဟု အဖိုးကြီး နှစ်ဦးက အော်ဟစ် ချီးကျူးလိုက်ကြသည်။
ထို့နောက်တွင် လင်းပိုင်ဖန်သည် သူ၏ တပ်များကို ဦးဆောင်ကာ ဖမ်းဆီးရမိသူများကို အစောင့်အရှောက်တွေဖြင့် ခေါ်ဆောင်ပြီး ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာများကို သယ်ဆောင်ကာ ရှန်ဘုရင့်နိုင်ငံ၏ မြို့တော်မှ ခမ်းနားထည်ဝါစွာ ထွက်ခွာလာခဲ့ကြသည်။
လမ်းတွင် လင်းပိုင်ဖန်က အင်ပါယာ မြေပုံကို ဖွင့်ကြည့်လိုက်သည်။
အင်ပါယာ မြေပုံ (စတင်သူအဆင့်)
နယ်မြေဧရိယာ: စတုရန်းမိုင် ၄၄၀,၀၀၀ (စိုက်ပျိုးနိုင်သောမြေ: စတုရန်းမိုင် ၃၀၀,၀၀၀)
ပြည်တွင်းအရင်းအမြစ်: ငွေတေး ၁၁၂ သန်း (သံသတ္တုတွင်း ၂ ခု၊ ကျောက်မီးသွေးတွင်း ၃ ခု၊ ကြေးနီတွင်း ၁ ခု)
လူဦးရေ: ၅.၀၅ သန်း (လူချမ်းသာ ၂%၊ သာမန်လူ ၄၀%၊ ဆင်းရဲသား ၅၈%)
စစ်အင်အား: ၆၀၀,၀၀၀ ( ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူ ၃ ဦး၊ ခန္ဓာကိုယ် လေ့ကျင့်ခြင်း အဆင့် ၂၇၀)
နိုင်ငံတော်၏ စုစုပေါင်း စွမ်းအား: ၇၈၀ ( နိုင်ငံငယ် အဆင့်)
အရင်ကနှင့် နှိုင်းယှဉ်ပါက သိသာထင်ရှားလှတဲ့ ပြောင်းလဲမှုတွေ ရှိနေခဲ့သည်။
၎င်းတို့အနက် နယ်မြေဧရိယာသည် စတုရန်းမိုင် ၁၂၀,၀၀၀ထိ တိုးလာခဲ့ပြီး ၎င်းမှာ ရှန်နိုင်ငံမှ သိမ်းပိုက်ရရှိသော နယ်မြေဖြစ်သည်။ စိုက်ပျိုးနိုင်သောမြေသည် စတုရန်းမိုင် ၆၀,၀၀၀ထိ တိုးလာခဲ့ပြီး လူဦးရေ များစွာကို ပိုမို ထောက်ပံ့နိုင်တော့မည် ဖြစ်သည်။
ပြည်တွင်းအရင်းအမြစ်တွေလည်း တေး သန်း ၃၀ နီးပါး တိုးလာခဲ့ပြီး စုစုပေါင်း အရင်းအမြစ်တွေသည် သန်း ၁၀၀ကိုတောင် ကျော်လာခဲ့သည်။ ၎င်းသည် ဤခရီးစဉ်မှ အကြီးမားဆုံးသော အမြတ်အစွန်းပင် ဖြစ်သည်။
လူဦးရေကတော့ လူ ၁ သန်းကျော် တိုးလာပြီး ၎င်းကို အရင်ကတည်းက ပေါင်းထည့်ခဲ့ခြင်း ဖြစ်ပြီး အခြေခံအားဖြင့် မိုနိုင်ငံမှ လက်ခံရရှိခဲ့သော ဒုက္ခသည်များပင် ဖြစ်ကြသည်။
ဤအကြောင်းများကြောင့် နိုင်ငံတော်၏ စွမ်းအား သိသိသာသာ မြင့်တက်လာခဲ့ပြီး ၇၈၀ သို့ ရောက်ရှိခဲ့သည်။
“ဒင်! ကစားသမား၏ နိုင်ငံတော်စွမ်းအား ကြီးထွားလာသည်နှင့်အမျှ သင်၏ ခွန်အားလည်း သက်ဆိုင်ရာအလိုက် တိုးလာပါသည်။ သင့်အား ထိပ်တန်း ဓားပညာ ဖြစ်သော ‘ဓားတစ်သောင်း ပြန်လာခြင်း’ ကို ဆုချပါသည်”
ဓားတစ်သောင်း ပြန်လာခြင်း သည် ဓားဂိုဏ်း၏ လျှို့ဝှက်နည်းစနစ်ဖြစ်ပြီး ပြိုင်ဘက်ကင်းလှတဲ့ ဓားသိုင်းပညာဖြစ်သည်။ ဓားတစ်ချက်တည်းဖြင့် ကောင်းကင်တစ်ခုလုံး ဓားချီများဖြင့် ပြည့်နှက်နေကာ အလွန်ပင် ထက်မြက်လှသည်။ ဓား ထောင်ပေါင်း များစွာသည် ၎င်းတို့၏ သခင်ရှေ့မှ အစေခံများ ကဲ့သို့ပင် ဖြစ်နေပြီး များပြားလှတဲ့ ဓားတွေကို အမိန့်ပေးနိုင်ကာ မည်သူမျှ မနာခံဘဲ မနေရဲပေ။
လင်းပိုင်ဖန်သည် မျက်လုံးများကို မှိတ်လိုက်ပြီး ဤဓားသိုင်းပညာကို လျင်မြန်စွာ မှတ်ယူလိုက်သည်။
စွမ်းအားအရ ကြည့်လျှင် ဤ ဓားတစ်သောင်း ပြန်လာခြင်းသည် မြင့်မြတ်သော စိတ်ဝိညာဉ် ဓားသိုင်းပညာ၏ ၂၃ ချက်မြောက် ဓားချက်ထက် မည်သည့်နည်းနှင့်မျှ မနိမ့်ကျပေ။
ဓားသိုင်း နှစ်ခုစလုံးတွင် ကိုယ်ပိုင် အားသာချက်များ ရှိသည်ဟုသာ ပြောနိုင်ပေသည်။
မြင့်မြတ်သော စိတ်ဝိညာဉ် ဓားသိုင်းပညာ၏ ၂၃ ချက်မြောက် ဓားချက်သည် စိတ်ဝိညာဉ် နယ်ပယ်နှင့် သက်ဆိုင်နေသည်။ ဓားကို ထုတ်ဖော်လိုက်သောအခါ အချိန်နှင့် နေရာကို အေးခဲသွားစေပြီး ပြိုင်ဘက်ကို မလှုပ်ရှားနိုင်အောင် ပြုလုပ်ကာ ဓားကိုင်သူ၏ စိတ်သဘောအတိုင်း ဖြစ်စေသည်။
ဓားတစ်သောင်း ပြန်လာခြင်းကတော့ အဓိကအားဖြင့် တိုက်ခိုက်မှုကို အလေးပေးပြီး ဓားကနေ တားမရနိုင်တဲ့ ကောင်းကင်အပြည့် ဓားချီပေါင်းများစွာကို ထုတ်လွှတ်သည်။
ဤ ဓားသိုင်းပညာ နှစ်ခုကို ပေါင်းစပ်လိုက်မည်ဆိုလျှင် ၎င်းတို့၏ စွမ်းအားသည်...
စိတ်ကူးလို့တောင် မရနိုင်ပေ’
“ထိပ်တန်း ဓားသိုင်းနည်း နှစ်ခု ရထားတော့၊ ငါ့ကို ဓားအင်မော်တယ် ဖြစ်လာအောင် ပြုစုပျိုးထောင်နေပုံရတယ်” လင်းပိုင်ဖန်သည် အံ့အားသင့်ပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခဲ့သည်။
“ဒီခရီးစဉ်ကနေ တကယ်ပဲ အကျိုးကျေးဇူးတွေ အများကြီးရခဲ့တာပဲ” ဟု လင်းပိုင်ဖန်က အလွန်ပင် ကျေနပ်နေခဲ့သည်။
သူ၏ဘေးမှ ရှန်နိုင်ငံ၏ ဧကရာဇ်သည်ပင် ပို၍ကြည့်ကောင်းလာသည်ဟု ခံစားရသည်။ “မင်း ရှန်နိုင်ငံရဲ့ စစ်တပ်နဲ့ တွေ့ရင် ဘာပြောရမလဲဆိုတာ သိလား”
ရှန်နိုင်ငံ၏ ဧကရာဇ်က မျက်နှာထား မပြောင်းဘဲ ပြောလိုက်သည်- “သိတယ်၊ သူတို့ကို မင်းတို့ကို ဖြတ်သွားခွင့်ပြုဖို့ ပြောလိုက်မယ်”
လင်းပိုင်ဖန်က ကျေနပ်စွာ ခေါင်းညှိတ်လိုက်ပြီး- “သိရင် ကောင်းပြီ။ မင်း နာခံမှုရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်နေသရွှေ့ ငါ မင်းကို ပြန်လွှတ်ပေးမယ်”
ရှန်နိုင်ငံ၏ ဧကရာဇ်သည် မနေနိုင်ဘဲ မေးလိုက်သည်- “မင်း တကယ်ပဲ ငါ နဲ့ ငါ့ရဲ့ ဇနီး၊ သားသမီးတွေနဲ့ မိသားစုကို ပြန်လွှတ်ပေးမှာလား”
လင်းပိုင်ဖန်က ခေါင်းညှိတ်လိုက်ပြီး- “အမှန်ပဲ၊ မင်းတို့အားလုံးကို အသုံးချပြီးပြီဆိုရင် ထိန်းသိမ်းထားလို့ ဘာအကျိုးရှိတော့မှာလဲ၊ အစားအသောက်တွေပဲ အလဟသ ကုန်လိမ့်မယ်”
“ငါ ပြန်သွားပြီးရင် မင်းကို တိုက်ဖို့ စစ်တပ်ကို ဦးဆောင်လာမှာကို မင်း မကြောက်ဘူးလား”
လင်းပိုင်ဖန်က လှောင်ပြုံးပြုံးလိုက်ကာ-“မင်း တိုက်ကော တိုက်ရဲအုံးမှာလား၊ ငါကိုယ်တိုင် တပ်တွေကို ထပ်ဦးဆောင်ပြီး မင်းရဲ့ နန်းတော်အထိ ထပ်လာတိုက်မှာကို မင်း မကြောက်ဘူးလား”
ရှန်နိုင်ငံ၏ ဧကရာဇ်သည် အရင် အဖြစ်အပျက်များကို သတိရကာ တုန်လှုပ်သွားပြီး တိတ်ဆိတ်သွားခဲ့သည်။
တစ်ရက်ကြာပြီးနောက် နောက်ဆုံးတွင် သူတို့သည် ရှန်နိုင်ငံ၏ တပ်မတော်ကြီးနှင့် ရင်ဆိုင်တွေ့ဆုံခဲ့ကြသည်။
စစ်သည် ၄၀၀,၀၀၀ ပါသော ကြီးမားလှတဲ့ တပ်မတော်ကြီးနှင့် မျက်စိတစ်ဆုံး ရှိနေသော စစ်သည်အများအပြားသည် လင်းပိုင်ဖန်၏ စစ်တပ်ကို အလွှာလိုက် အလွှာလိုက် ဝိုင်းရံထားလိုက်သည်။
သို့သော်လည်း ဤ စစ်သည် ၄၀၀,၀၀၀ သည် ပေါ့ဆစွာဖြင့် မလှုပ်ရှားရဲကြပေ။
အဘယ်ကြောင့်ဆိုသော် သူတို့၏ ဧကရာဇ်နှင့် များပြားလှတဲ့ အရာရှိတွေအားလုံးသည် လင်းပိုင်ဖန်၏ လက်ထဲတွင် ရှိနေသောကြောင့် ဖြစ်သည်။