အခန်း (၆၅)
Vol. 5 Ch. 65
ဤတိုက်ပွဲသတင်းသည် တစ်နိုင်ငံလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး လူတိုင်းကို အံ့သြ တုန်လှုပ်စေခဲ့သည်။
‘အိုး ဘုရားရေ၊ အရူးဧကရာဇ်က တကယ်ပဲ ဘေးမသီရန်မခ ပြန်ရောက်လာခဲ့တာလား’
လူတွေက သူ့ကို သေတွင်းထဲကို ချီတက်သွားတယ်လို့ ထင်ခဲ့ကြတာ၊ ဒါပေမဲ့ သူက အောင်ပွဲခံပြီး ပြန်လာခဲ့တယ်၊ သူဟာ မို နယ်မြေက တပ်တွေကို ကယ်ဆယ်ခဲ့ရုံသာမက၊ ရှန်နိုင်ငံရဲ့ မြို့တော်ကိုပါ တိုက်ခိုက်ပြီး ရှန်ဧကရာဇ်နဲ့ အကြီးတန်း အရာရှိ မြောက်များစွာကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့တယ်။ နောက်ဆုံးမှာတော့ နိုင်ငံတော်ရဲ့ ဘဏ္ဍာတိုက်ကိုပါ လှည်းနဲ့တိုက်ပြီး သယ်ထုတ်လာခဲ့သေးတယ်။
ရှန်နိုင်ငံ၏ စစ်သားတွေရဲ့ လက်နက်နဲ့ သံချပ်ကာတွေကိုတောင် မချန်ဘဲ အကုန်လုံး မသွားခဲ့တာ ဖြစ်သည်။
‘ဒီအရူးဧကရာဇ်က ကံကောင်းလွန်းတယ်။ သူလုပ်တဲ့အရာတိုင်းက မိုက်မဲတယ်လို့ ထင်ရပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အမြဲတမ်း ကံဆိုးခြင်းတွေကနေ ကံကောင်းခြင်းကို ပြောင်းလဲပစ်နိုင်တယ်။ ကောင်းကင်ကြီးက တကယ်ကိုပဲ မတရားလိုက်တာ’
‘တကယ်တော့ သူ့လိုလူမျိုးကို အခုချိန်မှာ ဖယ်ရှားပစ်သင့်တာ’
လူတိုင်းက ခေါင်းခါကာ သက်ပြင်းချလိုက်ပြီး လင်းပိုင်ဖန်ကို မနာလိုဖြစ်သလို ရှန်နိုင်ငံရဲ့ စွမ်းဆောင်ရည်မရှိဘဲ၊ ကျရှုံးမှုကိုလည်း မထီမဲ့မြင် ပြုခဲ့ကြသည်။
‘ဘယ်လိုပဲဖြစ်ဖြစ်၊ သူ့ကို တစ်ကမ္ဘာလုံးက အရူးဧကရာဇ်အဖြစ် လူသိများနေတာကိုး’
အရူးဧကရာဇ်ကိုတောင် နိုင်အောင် မတိုက်နိုင်ခဲ့ပေ။ ပြီးတော့ ကိုယ့်တပ်ရဲ့ လက်နက်တွေလည်း လုယက်ခံလိုက်ရပြီး ကိုယ့်စည်းစိမ်ဥစ္စာတွေလည်း အကုန်လုံး ယူသွားခံလိုက်ရသည်၊ ပြီးတော့ ဧကရာဇ်နဲ့ မှူးမတ်တွေကိုပါ ဓားစာခံအဖြစ် အဖမ်းခံလိုက်ရတယ်ဆိုတော့ အဲ့ဒီဧကရာဇ်ရဲ့ နိုင်ငံက ဘာအသုံးဝင်တော့မှာလဲ။
ဒီလို ပြင်းထန်လှတဲ့ ဝေဖန်မှုတွေကြောင့် ရှန်နိုင်ငံရဲ့ ဧကရာဇ်နဲ့ အခြားသူတွေဟာ စကားလုံးတွေနဲ့ အပုပ်ချခံရပြီး တံခါးပိတ်ကာ အောင်းနေခဲ့ရတဲ့အထိ ဖြစ်ခဲ့ကြသည်။
တစ်ချိန်တည်းမှာပဲ၊ အိမ်နီးချင်းနိုင်ငံတွေက ဧကရာဇ်တွေဟာ စတင်ပြီး စဉ်းစားသုံးသပ်လာခဲ့ကြသည်။
ရှန်နိုင်ငံက ဒီအရူးဧကရာဇ်ကိုတောင် မနိုင်ဘူးဆိုတာက လုံးဝကို ကျဆုံးတော့မယ့် လက္ခဏာပင်ဖြစ်သည်။ ဒါဆို သူတို့အနေဖြင့်...
ရှန်နိုင်ငံ၏ ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်ပညာရှင် အားလုံး အသတ်ခံခဲ့ရပြီး၊ သူတို့ရဲ့ စစ်သည် ၄၀၀,၀၀၀ ရဲ့ သံချပ်ကာနဲ့ လက်နက်တွေပါ ယူသွားခံခဲ့ရတယ်လို့ ကြားလိုက်ရပြီး။ သူတို့ရဲ့ စစ်အင်အားက အကြီးအကျယ် လျော့ကျသွားခဲ့ပြီဖြစ်သည်၊ ဒါဟာ ကောင်းကင်ကပေးတဲ့ အခွင့်အရေးပင် ဖြစ်သည်။
ရှနိုင်ငံ၏ အရူးဧကရာဇ်က မုန်းတီးစရာ ကောင်းပေမဲ့ အင်အားကြီးမားလှတဲ့ စစ်အင်အားကို ပိုင်ဆိုင်ထားပြီး အနိုင်ယူဖို့ မလွယ်ပေ။
သို့သော်လည်း၊ ရှန်နိုင်ငံကိုတော့ နည်းနည်းပါးပါး အနိုင်ကျင့်လို့ရသေးသည်။
ဒါကြောင့် တခြား နိုင်ငံတွေကြားမှာ လှုပ်ရှားမှုများ စတင်ဖြစ်ပေါ်လာခဲ့သည်။
ဤအချိန်တွင် လင်းပိုင်ဖန်ကတော့ နန်းတော်သို့ ပြန်ရောက်နှင့်နေပြီး ဖြစ်သည်။
နန်းတော်ရဲ့ ညီလာခံတွင် ပထမဆုံး လုပ်ရမယ့်ကိစ္စက ရာထူး တိုးမြှင့်ထိုက်သူတွေကို ဆုချီးမြှင့်ခြင်းပင် ဖြစ်သည်။
“အနောက်ပိုင်း တပ်ဗိုလ်ချုပ် ချိုင်ယွီရှင်း ဘယ်မှာလဲ”
“ကျွန်တော်မျိုးမ ရှိပါသည်”
ချိုင်ယွီရှင်းသည် အမျိုးသမီး သံချပ်ကာဝတ်စုံကို ဝတ်ဆင်ပြီး ခေါင်းကိုမော့၊ ရင်ကိုကော့၍ သတ္တိရှိရှိ တက်ကြွစွာဖြင့် လျှောက်လာခဲ့သည်။
လင်းပိုင်ဖန်က အသံကျယ်လောင်စွာဖြင့်- “ အနောက်ပိုင်း တပ်ဗိုလ်ချုပ် ချိုင်ယွီရှင်းသည် အထူးတပ်သား ၁၀၀,၀၀၀ ကို ဦးဆောင်ပြီး မိုနိုင်ငံသို့ ဝင်ရောက်ကာ၊ နိုင်ငံသုံးနိုင်ငံရဲ့ တပ်ဖွဲ့တွေကို ချေမှုန်းခဲ့ပြီး ကြီးမားတဲ့ အောင်ပွဲကို ရရှိခဲ့တယ်! တစ်ချိန်တည်းမှာပဲ၊ ငါကိုယ်တော် အခက်အခဲနဲ့ ရင်ဆိုင်ရချိန်မှာ တစ်ဦးတည်းဖြင့် ငါကိုယ်တော်ကို ကယ်ဖို့ ရှန်နိုင်ငံထဲ အနက်ရှိုင်းဆုံးထိ ဝင်ရောက်ခဲ့တယ်၊ ဒါဟာ ထူးခြားတဲ့ သစ္စာရှိမှုနဲ့ ရဲစွမ်းသတ္တိကို ပြသနေတာဖြစ်သည်။ ဒါ့အပြင်ကိုမှ စစ်ဆင်ရေး ကာလအတွင်းမှာလည်း ရှေ့တန်းကနေ ဦးဆောင်ပြီး ရှန်နိုင်ငံရဲ့ ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင်ကို သတ်ဖြတ်ခဲ့သည်၊ ရှန်ဧကရာဇ်ကို ဖမ်းဆီးရာမှာ ကူညီခဲ့ပြီး ဘေးမသီရန်မခ ပြန်လာနိုင်အောင် ကူညီခဲ့တယ်”
“ဒါကြောင့်၊ ဗိုလ်ချုပ်ချိုင်ကို ဒုတိယအဆင့် ဗိုလ်ချုပ်အဖြစ် ရာထူးတိုးမြှင့်ပြီး၊ ဖန်းဝူ ( ဖီးနစ်ကခုန်ခြင်း) ဘွဲ့ကို ပေးအပ်ကာ၊ အထူးတပ်သား ၂၀၀,၀၀၀ ကို ဦးစီးစေပြီး ဖန်းဝူတပ်ဟု အမည်တွင်စေ”
“ဒါ့အပြင်၊ ငွေတေး ၁၀,၀၀၀ ၊ ဖီးနစ်မီးလျှံ လှံနှင့် အလင်းသံချပ်ကာတစ်စုံကို ဆုချီးမြှင့်လိုက်သည်”
“ကျေးဇူးတော် အလွန်ကြီးလှပါသည် အရှင်မင်းကြီး” ချိုင်ယွီရှင်းက ပျော်ရွှင်စွာဖြင့် အမိန့်တော်ကို လက်ခံခဲ့သည်။
သူမသည် လင်းပိုင်ဖန်ကို အဓိပ္ပာယ်ရှိသော အကြည့်ဖြင့် ခိုးကြည့်လိုက်ပြီး- ‘ဆုတွေက ကောင်းတယ်၊ မင်းရဲ့ အစ်မက သူတို့ကို သဘောကျတယ်’
“ဗိုလ်ချုပ် အန်လုရှန် ဘယ်မှာလဲ”
“ကျွန်တော်မျိုး ရှိပါသည်”
အန်လုရှန်သည် ခေါင်းမော့ကာ ယုံကြည်မှု ရှိရှိ လမ်းလျှောက်ဟန်ဖြင့် ထွက်လာခဲ့သည်။
“ငါကိုယ်တော် စစ်ချီနေစဉ်မှာ ဗိုလ်ချုပ်အန်က နိုင်ငံရဲ့တံခါးများကို ကောင်းစွာ စောင့်ရှောက်ခဲ့ပြီး၊ နိုင်ငံ၏ ရန်သူများကို တစ်လှမ်းမျှ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ခြင်း မပြုစေဘဲ ကောင်းစွာ စောင့်ရှောက်နိုင်ခဲ့သည်။ အလွန်ကို ချီးကျူးဂုဏ်ပြုထိုက်ပေသည်! ထို့ကြောင့်၊ ငါကိုယ်တော် ငွေတေး ၁၀,၀၀၀ ကို ဆုချီးမြှင့်လိုက်သည်”
“အရှင်မင်းကြီးရဲ့ ကြီးမားလှတဲ့ ကျေးဇူးတော်အတွက် ကျေးဇူးတင်ပါသည်” အန်လုရှန်က ဝမ်းမြောက်စွာ ပြောလိုက်သည်။
သူသည် ရာထူးတိုးခြင်း၊ ဒါမှမဟုတ် ဘာဘွဲ့မှ မရရှိသော်လည်း ပိုက်ဆံရလိုက်ခြင်းသည်လည်း အတော်ပင် ကောင်းပေသည်။
ဘယ်လိုပဲဖြစ်ဖြစ် သူ့ရာထူးက အတော်လေး မြင့်နေပြီးသားဖြစ်ပြီး ရာထူးထပ်တိုးဖို့က မလွယ်ကူတော့ပေ။ အလွန်ကို ထူးခြားပြီး ထူးချွန်ပြောင်မြောက်တဲ့ စွမ်းဆောင်မှုမရှိဘဲ ရာထူးတက်ဖို့ဆိုတာက မဖြစ်နိုင်ပေ။
ထိုနောက်တွင်၊ လင်းပိုင်ဖန်သည် ဆုချီးမြှင့်ထိုက်သူများကို ဆက်လက်၍ ဆုချီးမြှင့်ခဲ့သည်။
လင်းပိုင်ဖန်က အလွန် ရက်ရောခဲ့ပြီး၊ လူအများအပြားကို ရာထူးတိုးမြှင့် ပေးခဲ့လိုက်သည်။
ပြန်ရောက်လာတဲ့ စစ်သားတိုင်းပင်လျှင် ငွေတစ်တေး၊ နှစ်တေး ဆုချီးမြှင့်ခံခဲ့ရပြီး၊ ဒါဟာ သူတို့တွေရဲ့ နှစ်လစာနဲ့ ညီမျှနေသည်။
စစ်မြေပြင်မှာ ကျဆုံးသွားသူတွေအတွက် သူတို့ရဲ့ မိသားစုဝင်တွေကို ငွေငါးတေး ထောက်ပံ့ပေးခဲ့သည်။
ဆုချီးမြှင့်ပွဲအပြီးမှာ လင်းပိုင်ဖန်ဟာ နည်းနည်း လစ်ဟာနေတဲ့ ညီလာခံကို ကြည့်လိုက်ပြီး စိတ်မသက်မသာ ဖြစ်မိလိုက်တယ်။ ညီလာခံတွင် အရည်အချင်း ရှိသူတွေက အရမ်းနည်းနေသေးသည်။
အရပ်ဘက်နဲ့ စစ်ဘက်အရာရှိအားလုံးထဲတွင် တကယ်ပဲ အရည်အချင်းရှိတယ်လို့ မှတ်ယူနိုင်သူက လက်ချိုးရေလို့ ရသည်။
မူလကတော့ ယာယီဖွဲ့စည်းထားတဲ့ လူအုပ်လေးဖြစ်လို့ ဒီလိုမျိုး ကစားနေတာက ပြဿနာမရှိပေ။
ဒါပေမဲ့ လူဦးရေ တိုးပွားလာပြီး ကိုင်တွယ်ရမယ့် ကိစ္စတွေ များလာတာနဲ့အမျှ အရင် နည်းလမ်း အဟောင်းအတိုင်း လုပ်လို့က မရတော့ပေ။
ဥပမာအားဖြင့် ဟီရှန်းကိုပဲ ကြည့်လိုက်။ သူက အခု ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဝန်ကြီး ဖြစ်နေပြီဖြစ်သည်၊ ဒါပေမဲ့ သူက အလုပ်သမားဝန်ကြီးဌာနရဲ့ အလုပ်တွေကိုပါ ယူလုပ်နေရလို့ ခြေထောက်နဲ့ မြေကြီး မထိလောက်အောင်ပင် အလုပ်များနေခဲ့သည်။
သူသာ သိုင်းပညာရှင် မဟုတ်ပါက အခုလောက်ဆို ပင်ပန်းလွန်းလို့ လဲကျနေလောက်ပြီဖြစ်သည်။
ပြီးတော့ အန်လုရှန်လည်း ရှိသေးတယ်၊ သူဟာ လက်ရှိမှာ စစ်ဗိုလ်ချုပ်နဲ့ စစ်ရေး ဝန်ကြီးဌာနရဲ့ အလုပ်နှစ်ခုလုံးကို လုပ်နေရသည်။
စစ်ရေးကိစ္စတွေက အရမ်းများလွန်းလို့ မကြာခဏ မလိုက်နိုင်သလို ဖြစ်နေရသည်။
ဒါကြောင့် လင်းပိုင်ဖန်ဟာ အရည်အချင်း ရှိသူတွေကို အများအပြား ခေါ်ယူဖို့ အချိန်တန်ပြီလို့ ခံစားလိုက်ရသည်။
“မှူးမတ်များ၊ နိုင်ငံရဲ့ လူဦးရေက တိုးပွားလာပြီး ကိစ္စရပ်တွေကလည်း တစ်နေ့ထက် တစ်နေ့ များပြားလာတာနဲ့အမျှ၊ ငါကိုယ်တော်တို့ အရင်လို ဆက်ပြီး လုပ်ဆောင်လို့က မရတော့ဘူး။ ဒါ့ကြောင့်၊ ငါကိုယ်တော်ဟာ တစ်နိုင်ငံလုံးကနေ ပညာရှိပြီး အရည်အချင်းရှိသူတွေကို ရှာဖွေပြီး ငါကိုယ်တော်ကို အမှုထမ်းစေဖို့ ဆုံးဖြတ်လိုက်တယ်” လင်းပိုင်ဖန်က တိုက်ရိုက်ပင် ကြေညာလိုက်သည်။
ညီလာခံရှိ အရာရှိတွေက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ပျော်ရွှင်မှု အနည်းငယ်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။
ဧကရာဇ်က လူတွေကို ခေါ်ယူတာဟာ ကောင်းတဲ့အရာပင်ဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရဲ့ လူဦးရေက နှစ်ဆ တိုးလာခဲ့ပြီး၊ အစိုးရကိစ္စတွေရဲ့ အလုပ်တွေကလည်း နှစ်ဆထက်မက တိုးလာခဲ့သည်။ သူတို့ရဲ့ လူဦးရေ နည်းနည်းလေးပေါ်မှာပဲ အားကိုးနေတာဟာ နည်းနည်း ဝန်ပိနေသလို ဖြစ်နေသည်။
လူသစ်တွေကို ခေါ်ယူလိုက်တာဟာ သူတို့ရဲ့ ဝန်ထုပ်ဝန်ပိုးကိုလည်း လျှော့ချပေးလိမ့်မည် ဖြစ်သည်။
“အရှင်မင်းကြီး၊ တော်ဝင် စာမေးပွဲကို ကျင်းပသင့်ပါသလား”
လင်းပိုင်ဖန်က ခေါင်းခါလိုက်ပြီး- “တော်ဝင် စာမေးပွဲက အရမ်းနှေးတယ်၊ ပြီးတော့ စာမေးပွဲ အောင်ရုံနဲ့ ငါ လိုအပ်တဲ့ အရည်အချင်းရှိသူတွေကို ရှာတွေ့မယ်လို့ မဆိုလိုဘူး။ ဒါကြောင့်၊ ငါကိုယ်တော်ဟာ ပညာရှိတွေကို တိုက်ရိုက် ခေါ်ယူဖို့ကို ဆုံးဖြတ်လိုက်တယ်။ ကိုယ့်ကိုယ်ကို အရည်အချင်းရှိတယ်လို့ ယုံကြည်သူတိုင်း လာရောက် လျှောက်ထားနိုင်ပြီး၊ ငါကိုယ်တော် ကိုယ်တိုင် သူတို့ကို စစ်ဆေးမယ်”
လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်လိုက်ကြတယ်၊ ဧကရာဇ်က ကိုယ်တိုင် စစ်ဆေးမှုကို လုပ်မှာတဲ့လား။
သူ ဒီလောက်တောင် စွမ်းဆောင်နိုင်တာလား။
ဘယ်လိုပဲဖြစ်ဖြစ် သူ့ခေါင်းက တစ်ခါတလေ ရှုပ်ထွေးနေတတ်တာကိုး…..။
အဲ့ဒီအချိန်မှာ လင်းပိုင်ဖန်က ထပ်ဆောင်း ပြောလိုက်တယ်- “ဒါ့အပြင်၊ ပညာရှင်တွေကို အကြံပြုတဲ့အခါမှာ ဆွေမျိုးတွေကိုလည်း မရှောင်ကြဉ်ကြနဲ့။ မောင်မင်းမှာ သင့်တော်တဲ့ ဆွေမျိုးတွေ ရှိရင်လည်း သူတို့ကို အကြံပြုလို့ ရတယ်။ သူတို့ တကယ်ပဲ အရည်အချင်း ရှိတယ်ဆိုရင်၊ ငါကိုယ်တော်က သဘာဝအတိုင်းပဲ သူတို့ကို အရေးကြီးတဲ့ ရာထူးတွေမှာ ခန့်အပ်ပေးမယ်”