အခန်း (၆၈)
Vol. 5 Ch. 68
“ဝန်ကြီးလီ၊ ငါကိုယ်တော်ပေးတဲ့ ပြစ်ဒဏ်က တရားမျှတတယ်လို့ ထင်လား” ဟု လင်းပိုင်ဖန်က မေးမြန်းလိုက်သည်။
“အရှင်မင်းကြီး၊ ဒါဟာ သင့်လျော်တဲ့ ပြစ်ဒဏ်ပါပဲ” ဟု လီလင်းဖူက ချက်ချင်း ပြန်ဖြေလိုက်သည်။
“ဘယ်အချက်က မှန်ကန်တာလဲ” ဟု လင်းပိုင်ဖန်က ထပ်မေးလိုက်သည်။
“အရှင်မင်းကြီး၊ ကျွန်တော်မျိုး အရင်က ပြောဖူးသလိုပါပဲ၊ အရှင်မင်းကြီးဟာ ကောင်းကင်ရဲ့ သားတော်ပါ။ အရှင်မင်းကြီးရဲ့ အမိန့်တော်တွေဟာ သဘာဝရဲ့ နိယာမတွေသာ ဖြစ်ပြီး၊ အရှင်မင်းကြီးရဲ့ ဆန္ဒဟာ ပြည်သူ့ဆန္ဒပဲ ဖြစ်ပါတယ်။ အရှင်မင်းကြီးရဲ့ စကားတွေကို လိုက်နာခြင်းအားဖြင့်သာ ကျွန်တော်မျိုးတို့ဟာ တောက်ပတဲ့ အနာဂတ်ဆီသို့ ဦးတည်နိုင်မှာပါ”
“ပြီးတော့ ထိုလူက စာဖတ်တာ များလွန်းပြီး ရူးသွားပါပြီ၊ ကျမ်းဂန်တွေထဲက အယူဝါဒတွေကိုသာ တတွတ်တွတ် ရွတ်တတ်တယ်။ ပညာရှိတွေရဲ့ စကားကို သုံးပြီး အကြောင်းပြခဲ့ပေမဲ့၊ တကယ်တမ်းကျတော့ အလိမ်အညာတွေ ချည်းပါပဲ။ တောက်ပတဲ့ ဘုရင်တစ်ပါးနဲ့ ပညာရှိတွေက ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ။ သူဟာ အပြစ်ပေးခံရပြီးတာတောင်မှ သူ့အပြစ်ကို မသိ၊ ခေါင်းမာကာ အလျှော့မပေးဘဲ ပန်းပုထုလို့ မရတဲ့ သစ်ဆွေးတစ်ပိုင်းလိုပါပဲ”
“ပြီးတော့ အရှင်မင်းကြီးဟာ စိတ်သဘောထား ကြီးမြတ်လွန်းတဲ့ အတွက် သူ့ကို ရိုက်နှက်ရုံလောက်ပဲ အပြစ်ပေးခဲ့တာဟာ တကယ်တော့ ဥပဒေထက်တောင်မှ ကျော်လွန်နေတဲ့ ကရုဏာပါပဲ”
လင်းပိုင်ဖန်က အားရဝမ်းသာစွာဖြင့် “ကောင်းတယ်၊ ကောင်းတယ်” ဟု တုံ့ပြန်လိုက်သည်။
ထိုစဉ်တွင် နန်းတော်အတွင်းမှ သာယာချိုမြိန်ပြီး စနောက်ပုံရတဲ့ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ “ဟား..ဟား… ကျွန်မထင်တာတော့ ရှင်ကသာ အဓိပ္ပာယ် မရှိတာတွေ ပြောနေတာပဲ၊ အဖြူကို အမည်းပြောင်းနေတာ၊ မိုက်မဲတဲ့ ဧကရာဇ်နဲ့ သစ္စာဖောက် ဝန်ကြီး၊ တကယ်ကို လိုက်ဖက်တဲ့အတွဲပဲ”
ထို့နောက် အနက်ရောင်ဝတ်စုံဖြင့် ချောမောလှပသော မိန်းကလေးငယ်တစ်ဦး လင်းပိုင်ဖန်ရှေ့သို့ ရောက်လာခဲ့သည်။
လီလင်းဖူက ချက်ချင်း လင်းပိုင်ဖန်ရှေ့သို့ ရောက်လာကာ တုန်ရီနေလျှက်- “အရှင်မင်းကြီးကို ကာကွယ်ကြ။ အရှင်မင်းကြီးကို ကာကွယ်ကြ” ဟု အော်ဟစ်လိုက်သည်။
“စိတ်ပူစရာမလိုပါဘူး၊ သူမက ကိုယ့် လူပါပဲ”
လင်းပိုင်ဖန်က လက်ကာပြရင်း- “မောင်မင်းတို့ အားလုံး ထွက်သွားလို့ရပြီ”
“အမိန့်တော်အတိုင်းပါ၊ အရှင်မင်းကြီး” လူအုပ်က ထွက်ခွာသွားခဲ့ကြသည်။
လင်းပိုင်ဖန်က ပြုံးပြီး- “ယောင်ယောင်၊ မတွေ့ရတာ အတော်ကြာပြီနော်” ဟု ပြောလိုက်သည်။
ယောင်ယောင်က လင်းပိုင်ဖန်၏ မျက်နှာချင်းဆိုင် ခုံတွင် ထိုင်လိုက်ပြီး၊ စားပွဲပေါ်မှ ပန်းသီးတစ်လုံးကို ပေါ့ပေါ့ပါးပါး ယူလိုက်ကာ ပျော်ရွှင်စွာနဲ့ ကိုက်စားရင်း- “ဟုတ်တယ်၊ အတော်ကြာသွားပြီ။ ရှင့်ကို တော်တော်သတိရနေတာ” ဟု ပြောလိုက်သည်။
လင်းပိုင်ဖန်က ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်ပြီး- “ငါ့ကို ဘာသတိရတာလဲ။ ငါ့ရဲ့ ခန္ဓာကိုယ် ကိုလား၊ ဒါမှမဟုတ် စောင်ကိုလား”
“ရှင့်ရဲ့ အရှက်မရှိမှုတွေကို သတိရတာ”
ယောင်ယောင်သည် လင်းပိုင်ဖန်ကို မျက်စောင်းထိုးရင်း- “ရှင့်ကို မြင်တိုင်း မဝမ်းသာဘဲ မနေနိုင်ဘူး။ ဒါနဲ့၊ ရှင် ပိုက်ဆံတွေ ထပ်ရပြန်ပြီလို့ ကျွန်မကြားတယ်။ ရှန်တိုင်းပြည်ကို စစ်ချီပြီး သူတို့ရဲ့ ဘဏ္ဍာတိုက်ကို လုယူခဲ့တယ်တဲ့။ ကျွန်မကို နည်းနည်းပါးပါး ဝေစုမပေးသင့်ဘူးလား။ ဘာပဲဖြစ်ဖြစ်၊ ကျွန်မတို့ နှစ်ယောက်လုံးက လက်နက်တွေ ကိုင်စွဲပြီး တိုက်ပွဲဝင်ဖူးခဲ့တဲ့ ရဲဘော်ရဲဘက်တွေပဲလေ”
လင်းပိုင်ဖန်က နာကျင်စွာဖြင့်- “ဒါဆို မင်းက ငါ့ငွေတွေကို သတိရတာပေါ့။ မင်း လောဘ ကြီးလွန်းတယ်။ ငါ့ရဲ့ အဖိုးအထိုက်တန်ဆုံး ခန္ဓာကိုယ်ကိုတောင် မင်းကို ပေးခဲ့ပြီးပြီလေ၊ ဘာများထပ်လိုချင်သေးတာလဲ”
ယောင်ယောင်၏ မျက်နှာသည် တစ်ခဏ အတွင်း နီရဲသွားပြီး အံကြိတ်လိုက်ကာ- “ရှင် အဓိပ္ပာယ်မရှိတာတွေ ထပ်ပြောနေရင် လည်ပင်းကို ညှစ်ပစ်မယ်”
လင်းပိုင်ဖန်က “အား…အား…”
ယောင်ယောင်ခင်ဗျာ ကြောင်အသွားပြီး- “ကျွန်မ ရှင့်ကို မညှစ်ရသေးဘူးလေ၊ ဘာလို့ အော်နေတာလဲ”
“ငါ အစမ်းလေ့ကျင့်နေတာ”
လင်းပိုင်ဖန်က ချောင်းဟန့်လိုက်ကာ- “တကယ်တော့ ငါက သရုပ်ဆောင် တစ်ယောက်ပါ” ဟု ပြောလိုက်သည်။
ယောင်ယောင်က ခပ်တိုးတိုးလေး ရေရွတ်လိုက်သည်-“ဘာတွေမှန်းမသိဘူး၊ ရှုပ်နေတာပဲ”
လင်းပိုင်ဖန်က ဒီတစ်ခါ လေးနက်စွာ မေးလိုက်သည်- “ မင်း ဒီရက်ပိုင်း ဘာတွေ လုပ်နေတာလဲ”
“မကြာသေးခင်က ကျွန်မရဲ့ ပြိုင်ဘက်နဲ့ တွေ့ခဲ့တယ်။ နှစ်ပွဲလောက် ယှဉ်ပြိုင်ခဲ့ပြီးတော့ အနည်းငယ် ရှုံးသွားတယ်… ဟွန့်၊ စိတ်မပျော်နေဘူး၊ ဒါကြောင့် စိတ်ရှင်းဖို့ ဒီကို တကူးတက လာခဲ့တာပဲ” ဟု ယောင်ယောင်က မှုန့်မှိုင်းမှိုင်း မျက်နှာထားဖြင့် ပြောလိုက်သည်။
“ပြိုင်ဘက်? အမျိုးသားလား၊ အမျိုးသမီးလား” ဟု လင်းပိုင်ဖန်က မေးသည်။
“အမျိုးသမီး”
“လှရဲ့လား” ဟု လင်းပိုင်ဖန်က ထပ်မေးလိုက်သည်။
“မဆိုးပါဘူး၊ ကျွန်မထက် နည်းနည်းပဲ နိမ့်တယ်” ဟု ယောင်ယောင်က မောက်မာစွာဖြင့် ပြောလိုက်သည်။
“ယောင်ယောင်၊ မင်းရဲ့ အဓိကပြိုင်ဘက်ကို အနိုင်ယူပြီး မင်းရဲ့ လက်အောက်ခံ ဖြစ်လာအောင် လုပ်ချင်လား” ဟု လင်းပိုင်ဖန်က ထပ်မေးလိုက်သည်။
ယောင်ယောင်က မဆိုင်းမတွပဲ ခေါင်းညှိတ်လိုက်ပြီး- “လုပ်ချင်တာပေါ့၊ အဲဒါကိုပဲ အိပ်မက်မက်နေတာ”
“ဒါဆို သူမကို ဒီကို လှည့်ဖြား ခေါ်ဆောင်လာပြီး ခုတင်ပေါ်မှာ ချည်နှောင်ထားလိုက်။ ငါ သူမကို အိပ်ပျော်နေတုန်းမှာ အနိုင်ယူဖို့ ကူညီပေးမယ်” ဟု လင်းပိုင်ဖန်က လေးနက်စွာဖြင့် ပြောလိုက်သည်။
“ရှင် မိုက်မဲတဲ့ ဧကရာဇ်၊ တစ်နေကုန် ဒါတွေပဲ မစဉ်းစားဘဲ နေလို့မရဘူးလား” ဟု ယောင်ယောင်က ဒေါသတကြီး ပြောလိုက်သည်။
လင်းပိုင်ဖန်က စကားမပြောနိုင် ဖြစ်သွားပြီး- “ငါက မိုက်မဲတဲ့ ဧကရာဇ်ဖြစ်တဲ့ အတွက် အဲ့ဒီအရာတွေကို မစဉ်းစားရင် တခြားဘာတွေ စဉ်းစားရမလဲ”
သူပြောသည့်အရာမှာ အလွန်ကို မှန်နေသောကြောင့် ယောင်ယောင်ခင်ဗျာ ပြန်ပြောစရာ စကားလုံးများ ပျောက်ဆုံးသွားသည်။
“သူမက ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင်ပဲ။ ကျွန်မ သူမကို ဒီကို လှည့်ဖြားပြီး ခေါ်လာရင်တောင် အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ ထားလိုက်ပါတော့၊ အဲဒါတွေ မပြောတော့ဘူး။ ကျွန်မ ရှင့်ကို ပြောပြဖို့ လာတဲ့ နောက်ထပ် ကိစ္စတစ်ခုရှိသေးတယ်”
ယောင်ယောင်၏ အမူအရာသည် တည်ကြည်သွားပြီး- “ အဲ့ဒီ မျိုးနွယ်စုကြီးတွေက ရှင့်ကို ထပ်ပြီး တိုက်ခိုက်ဖို့ ပြင်ဆင်နေကြပြီ! သူတို့ရဲ့ အရင်နည်းလမ်းတွေက ရှင့်ကို ကြီးကြီးမားမား ထိရောက်မှုမရှိတာ မြင်တော့ သူတို့အတွက် အရှက်ရစေတယ်လို့ ခံစားရပြီး နောက်တစ်ကြိမ် တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ရှင့်အနေနဲ့ သတိထားရတော့မယ်”
လင်းပိုင်ဖန်က သက်ပြင်းချရင်း “သူတို့ရဲ့ လူတွေကို သတ်ပြီး ပစ္စည်းအချို့ ယူတာလောက်ပဲ ရှိတာကို၊ သူတို့က နာကြည်းနေတုန်းပဲ။ မျိုးနွယ်စုကြီးတွေဖြစ်ပြီး စိတ်ဓာတ်က သေးသိမ်လိုက်တာ”
“တကယ်တော့ အဲဒီ့ထက် ပိုများနိုင်သေးတယ်”
ယောင်ယောင်က စိတ်ရင်းမှန်ဖြင့်- “ကျွန်မ သံသယရှိတာက သူတို့က ရှင့်နိုင်ငံထဲက သယံဇာတတွေကို လိုချင်နေတာ ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ်၊ ဒီလို စုစုစည်းစည်းရှိပြီး ပေါများလှတဲ့ သယံဇာတတွေကို ကောင်းကောင်း အသုံးချနိုင်ရင် ကြီးမားတဲ့ အကျိုးအမြတ်တွေ ဖန်တီးနိုင်မှာပဲလေ”
လင်းပိုင်ဖန်က ခေါင်းညှိတ်လိုက်ပြီး- “ဖြစ်နိုင်ခြေ အများကြီးရှိတယ်! သူတို့က မင်းတို့နဲ့ ဒီသယံဇာတအတွက် ပြိုင်နေကြတာ၊ မင်းတို့ တကယ်ပဲ လက်ပိုက် ကြည့်နေနိုင်တယ်လား”
ယောင်ယောင်က စိတ်ပျက်လက်ပျက်ဖြင့်- “အရင်တုန်းကဆိုရင် ကျွန်မကိုယ်တိုင် လှုပ်ရှားပြီးတော့ သူတို့အားလုံးကို သတ်ပစ်လို့ရတယ်။ ဒါပေမဲ့ အခု ကျွန်မက ပြိုင်ဘက်ရဲ့ ပစ်မှတ်ထားတာကို ခံနေရတာ၊ ကိုယ့်ကိုယ်ကိုယ် လူလုံးထုတ်ပြဖို့က မလွယ်ဘူး။ ကျွန်မ ကိုင်တွယ်လို့မရတဲ့ ကိစ္စတွေ အများကြီးရှိတယ်၊ ဒါကြောင့် ဒီကိစ္စကို ရှင့်ဘာသာ ကိုင်တွယ်ရလိမ့်မယ်”
“စိတ်ချပါ။ သူတို့ ဘယ်လိုလှည့်ကွက်တွေပဲ သုံးသုံး၊ ငါ ရင်ဆိုင်နိုင်ပါတယ်”
လင်းပိုင်ဖန်က တည်ငြိမ်စွာြဖင့် “ နောင် တစ်ချိန်ချိန်မှာ ငါ သူတို့ရဲ့ အသိုက်ကို သေချာပေါက် တိုက်ခိုက်ပြီး ငါ့ကို စော်ကားရင် ဘယ်လိုအကျိုးဆက်တွေ ရှိလာမလဲဆိုတာ သူတို့ကို သိစေရမယ်”
ပြောစရာ ကိစ္စတွေ ပြီးဆုံးသောအခါ ယောင်ယောင် ထွက်ခွာသွားခဲ့သည်။
သူမ၏ စကားအရ သူမသည် နေရာတစ်ခုတွင် အကြာကြီး နေ၍မရပေ။ မဟုတ်ပါက သူမ၏ ပြိုင်ဘက်က တစ်ခုခု မှားယွင်းနေကြောင်း သိရှိသွားပြီး၊ လင်းပိုင်ဖန်အတွက် ဒုက္ခများပေလိမ့်မည်။
လင်းပိုင်ဖန်ကတော့ စူးစမ်းလိုစိတ်တွေ ဖြစ်လာခဲ့သည်။ ဘယ်သူ့ကိုမှ မကြောက်တက်တဲ့ စုန်းမလေးတစ်ဦးကိုပင် ဤမျှလောက် သတိကြီးကြီး ရှိစေတဲ့ ထိုသူမှာ အတိအကျ ဘယ်သူများပါလိမ့်။