← Chapters

ငါ့မှာ သွေးသောက်ညီအစ်ကို မရှိဘူး

Vol. 9 Ch. 112

ငါ့မှာ သွေးသောက်ညီအစ်ကို မရှိဘူး

Vol. 9 Ch. 112

ညအချိန်ရောက်လာသည်။

နင်းထောင်မှာ ထုံးစံအတိုင်း နူးညံ့သိမ်မွေ့သောခန္ဓာကိုယ်လေးကိုကွေးကာ အိပ်နေသည်။

သူမ၏ ဖြူဖျော့လွန်းသောလက်များကတော့ သံကြိုးကို တင်းတင်းဆုပ်ကိုင်ထားလျှက်ပင်။

"ယောက်ျား"

ရုတ်တရက် သူမသည် လန့်နိုးလာပြီး မျက်လုံးဖွင့်လိုက်၏။

မလှမ်းမကမ်းရှိ သွေးလုံးကြီးကို ကြည့်လိုက်သောအခါ သူမ၏မျက်လုံးများတွင် စိတ်ပျက်အားငယ်မှု အရိပ်အယောင်လေး လျင်မြန်စွာဖြတ်ပြေးသွားသည် ။

သူ ထွက်သွားပြီပဲ။

ယခုတော့ သူမတစ်ယောက်တည်းသာကျန်ခဲ့လေပြီ။

ရုတ်တရက် လေဟာနယ်က လှိုင်းအနည်းငယ်ထသွားပြီး ခေါင်းအစခြေအဆုံး ဖုံးလွှမ်းထားသော လူရိပ်တစ်ခုထွက်ပေါ်လာသည်။

"နင်းထောင် ၊ နင် ဘာလို့ သွေးနတ်ဆိုးနဲ့ ပေါင်းသင်းနေတာလဲ"

အသံပိုင်ရှင်သည် နင်းထောင်ကဲ့သို့ မြောက်ပိုင်းမှ ဝမ်းတွင်းစုန်း ၁၃ ယောက်ထဲမှ တစ်ဦးဖြစ်သော ဟေးဝူဖြစ်သည်။

"သူက သွေးနတ်ဆိုး မဟုတ်ပါဘူး"

နင်းထောင်က ​လေးနက်စွာပြောလိုက်သည်။

"မြောက်ပိုင်းက အဓိပတိအားလုံးက သူ့ကို သွေးနတ်ဆိုးလို့ ကြေညာထားတယ်၊ ဒါကြောင့် သူကသွေးနတ်ဆိုးပဲ"

ဟေးဝူက သွေးရောင်အသားတုံးကြီးကိုကြည့်ကာ လက်ရှိအခြေအနေကို လက်ရှိပြဿနာကို ထောက်ပြသည်။

မည်သို့ပင်ဖြစ်ပါစေ စုန်းအဖွဲ့ဝင်၁၃ ဦးသည် အခြားသော အဓိပတိများကဲ့သို့ သွေးနတ်ဆိုးကပ်ဘေးကို ဂရုမစိုက်ကြပါ။

သွေးနတ်ဆိုးက ကမ္ဘာကြီးကို ဖျက်ဆီးမည်ဆိုသောကိစ္စက အနာဂတ်တွင် နှစ်ပေါင်းများစွာကြာမှ ဖြစ်လာမည့်အရာ ဖြစ်သည်။

လောလောဆယ် သူတို့၏ လက်ငင်းအကျပ်အတည်းက ပို၍နီးစပ်နေသည် မဟုတ်ပါလား။

ဟေးဝူသည် နင်းထောင်ကို ကြည့်လိုက်သည်။

"နင့်ရဲ့ လက်ရှိအခြေအနေနဲ့ကတော့ ဒီအတိုင်းဆက်သွားရင် ရာစုနှစ်မတိုင်ခင် ပြိုလဲသွားနိုင်တယ်။အနန္တအသွင်ကူးပြောင်းတံခါးက ပြန်ပေါ်လာတော့မှာ၊နင်ဘယ်လို ခံနိုင်ရည်ရှိတော့မှာလဲ၊ နင့်ရဲ့ အဓိပတိခွန်အားကို ထိန်းသိမ်းပြီး ရက်ပေါင်းတစ်ရာ မတိုက်နိုင်ရင် နင်သေမှာ သေချာတယ်"

နင်းထောင် ငြိမ်ကျသွားသည်။

သူမက ခဏတာ တိတ်ဆိတ်သွားပြီးမှ အကြောင်းအရာကို ပြောင်းလိုက်သည်။

"ထျန်းရှင်နန်းတော်က သွေးနတ်ဆိုးအကြောင်း ကောလာဟလ ဖြန့်နေသူက ဘယ်သူလဲ၊ ငါ့ရဲ့ ရန်သူတွေထဲက ဘယ်သူလုပ်နေလဲဆိုတာ နင် စုံစမ်းလို့ရပြီလား"

ထျန်းရှင်နန်းတော်မှ သွေးနတ်ဆိုးသတင်းသည် မြောက်ပိုင်းတစ်ခွင် ပျံ့နှံ့သွားသဖြင့် နင်းထောင်မှာ အဓိပတိများ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။ ၎င်း၏နောက်ကွယ်တွင် ကြိုးကိုင်သူတစ်ဦး ရှိကိုရှိရမည်ဟု သူမယုံကြည်၏။

"ခရမ်းရောင်တာအိုလို့ သံသယရှိတယ်"

"သူလား"

နင်းထောင်က မဲ့ပြုံးပြုံးလိုက်ပြီး သူမ၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ လျှပ်တစ်ပြက် ဖြတ်ပြေးသွားသည်။

"ငါ့မှာ သူ့နဲ့ ရန်ငြိုးမရှိပါဘူး၊ ဘာလို့ ငါ့ကို စွပ်စွဲရတာလဲ"

"ငါတို့ ဝမ်းတွင်းပါစုန်း ၁၃ ယောက်က ဘယ်သူနဲ့ ရန်ငြိုးရှိဖို့ လိုသေးလို့လဲ။ ငါတို့အားလုံးကို ကောင်းကင်နဲ့လူသားတွေက မုန်းနေကြတာပဲလေ"

ဟေးဝူက ကိုယ့်ကိုယ်ကိုလှောင်သလို လှောင်ပြုံးလိုက်သည်။

မွေးဖွားလာချိန်ကတည်းကပင် မျက်နှာပေါ်တွင် "စုန်း"ဟူသော စာလုံး ထွင်းထုထားသောကြောင့် သူတို့ကို လူတိုင်းက မုန်းတီးခဲ့ကြသည် ။

ငါ့တို့ကို စွပ်စွဲဖို့ ဘယ်သူက အကြောင်းပြချက် လိုအပ်လို့လဲ။ငါတို့ပျက်ဆီးမှာကို မြင်ချင်နေတဲ့ သူတွေချည်းပဲလေ။

သူတို့အတွက် ဝမ်းတွင်းပါစုန်းဖြစ်နေခြင်းကပင် အပြစ်ရှိနေပြီ မဟုတ်ပါလား။

............

ဝူကွေမြို့တွင်ဖြစ်သည်။

ကျိယွမ်သည်နတ်ဆိုးများကို သတ်ဖြတ်ပြီးနောက် မြို့သို့ပြန်ရောက်လာခဲ့သည်။

သူ၏မျက်လုံးများက ယခုအချိန်ထိ သတ်ဖြတ်လိုစိတ်များဖုံးလွှမ်းနေပြီး နတ်ဆိုးအနှစ်သာရကြောင့် ပို၍ပင်ပြင်းထန်နေသည်။

"သွေးလုံးကြီးကို သွေးနတ်ဆိုးလို့ ပြောမယ့်အစား ငါ့ကို သွေးနတ်ဆိုးလို့ ပြောတာက ပိုမှန်လိမ့်ဦးမယ်"

ကျိယွမ်က သူ့ကိုယ်သူ ဆင်ခြင်သုံးသပ်မိ၏။

သူ၏ ဝိဉာဉ်ထဲတွင်ရှိသော နတ်ဆိုးအနှစ်သာရသည် ဆန်စေ့အရွယ်မှ လက်သီးဆုပ်အရွယ်အထိ ကြီးထွားလာခဲ့သည်။

ကျိယွမ်ကသာ ထိုအရာကို အပြည့်အဝ မထိန်းချုပ်နိုင်တော့လျှင် သူသည် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးတစ်ကောင် ဖြစ်လာမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

"ဒါပေမဲ့ ငါက ကစားသမား တစ်ယောက်ပဲ၊ ဘယ်လိုလုပ်ပြီး သွေးနတ်ဆိုးဖြစ်နိုင်မလဲ"

ကျိယွမ်သည် အဓိပ္ပါယ်မရှိသောအတွေးများကို မောင်းထုတ်လိုက်ပြီး မြို့ထဲသို့ဝင်ရန်ပြင်လိုက်သည်။

"အစ်ကိုကြီး၊ ပြန်ရောက်ပြီလား"

ထိုအချိန်တွင် ပေါ့ပေါ့ပါးပါး အသံတစ်ခုက ကျိယွမ်ကို နှုတ်ဆက်လာသည်။

အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ချန်းဟွမ်သည် မြို့ရိုးပေါ်မှ ခုန်ဆင်းလာပြီး တောက်ပသော အပြုံးတစ်ခုက သူ့မျက်နှာတွင် ရှိနေသည်။

ချန်းဟွမ်ကို ကျိယွမ်က စိတ်ပျက်လက်ပျက်ဖြင့်ကြည့်မိသည်။

"ငါ့မှာ သွေးသောက်ညီအစ်ကိုဆိုတာ မရှိဘူးနော်၊ငါ အဲဒီလို ကလေးကုလားအလုပ်တွေ မလုပ်ဘူး"

အဖြူရောင်ဝတ်ရုံဝတ်ထားသော ချန်းဟွမ်သည် လွန်ခဲ့သောငါးနှစ်က ဝူကွေမြို့သို့ ဆိုင်းမဆင့်ဗုံမဆင့် ရောက်ရှိလာခဲ့သည်။

ချန်းဟွမ်၏ အဆင့်အတန်းမှာ မနိမ့်လှပေ။သူသည်အဖြူရောင်ဧကရာဇ်၏ တပည့်သုံးထောင်ထဲမှ တစ်ဦးပင်။

ယွမ်ချီထံမှ ကျိယွမ်၏ လုပ်ရပ်များကို ကြားရသလို ၊ သူကိုယ်တိုင် တိုက်ပွဲတစ်ချို့ကို အကြိမ်အနည်းငယ် မြင်တွေ့ပြီးနောက် ချန်းဟွမ်သည် ကျိယွမ်နှင့် သွေးသောက်ညီအစ်ကိုဖွဲ့ရန် အတင်းအကျပ် တောင်းဆိုခဲ့သည်။

သူကဲ့သို့သော မြင့်မြတ်သည့်ကစားသမားတစ်ဦးသည် NPC ​တစ်ကောင်နှင့် သွေးသောက်ညီအစ်ကိုအဖြစ် မည်သို့မိတ်ဖွဲ့နိုင်မည်နည်း။

အခြားပလေယာများကြားလျင် ရယ်စရာဖြစ်သွားပေလိမ့်မည်။

"အစ်ကိုကြီး ကြည့်ပါဦး၊ ကျွန်တော်က မြေကမ္ဘာဒဏ္ဍာရီရဲ့ အထွတ်အထိပ်မှာ ရှိနေပြီလေ။ တစ်နေ့မှာ အဓိပတိအဆင့်ကို ချိုးဖြတ်နိုင်တော့မှာ"

"အဓိပတိအဆင့်ညီလေးတစ်ယောက် ရှိတာက အစ်ကိုကြီးကို နာမည်ကောင်းတော်တော်ရစေမှာကို"

ချန်းဟွမ်သည် ပေါ့ပေါ့ပါးပါးနေတတ်ပြီးသူ့ကိုယ်သူယုံကြည်မှုရှိသူဖြစ်သည်။

"ငါ... နာမည်ကောင်း မလိုချင်ဘူး"

ကျိယွမ်က အပြတ်ပြောပြီးနောက် ချန်းဟွမ်နှင့်ပတ်သက်ပြီး စိတ်ရှုပ်မခံတော့ဘဲ မြို့ရိုးဆီသို့ လျှပ်တစ်ပြက် ရောက်သွားသည်။

ချန်းဟွမ်ကလည်း နေမခဲ့ပါ။

ကျိယွမ်နှင့်အတူ မြို့ရိုးပေါ်သို့လိုက်လာပြီး ကျယ်ပြောလှသော သဲကန္တာရကို ကြည့်လိုက်သည်။

"အစ်ကိုကြီးက ဝူကွေမြို့ကို နှစ်ပေါင်းခုနစ်ဆယ်အထိ တစ်ယောက်တည်းစောင့်ရှောက်ခဲ့တာ၊ ကျွန်တော် အစ်ကိုကြီးကို တကယ်လေးစားတယ်"

"ဒါပေမဲ့ ကျွန်တော် အဓိပတိအဆင့်ကို ချိုးဖြတ်နိုင်ရင် အစ်ကိုကြီးကစပြီး သွေးသောက်ညီအစ်ကိုဖြစ်ဖို့ တောင်းဆိုလာမယ်ဆိုရင်တောင် ကျွန်တော်က အစ်ကိုကြီးကို ဂရုစိုက်နေဦးမယ်လို့ ထင်လား"

"မင်း အဲဒီစကားကို ငါးနှစ်လုံးလုံး ပြောခဲ့တာ၊ ဘာလို့အခုထိ အဓီပတိအဆင့်ကို မချိုးဖြတ်နိုင်သေးတာလဲ"

ကျိယွမ်သည် ချန်းဟွမ်ကို အနှောက်အယှက်ဖြစ်သလို ကြည့်လိုက်၏။

"မြေကမ္ဘာဒဏ္ဍာရီရဲ့ အထွတ်အထိပ်မှာ နှစ်တစ်ရာလောက် ပိတ်မိနေတာ ဖြစ်နိုင်ပါ့မလား"

ချန်းဟွမ်သည် လွန်ခဲ့သော နှစ်တစ်ရာကတည်းက မြေကမ္ဘာဒဏ္ဍာရီ အထွတ်အထိပ်အဆင့်သို့ ရောက်နေခဲ့သူဖြစ်သည်။

ချန်းဟွမ်က ထိုကိစ္စကို စိုးရိမ်ပုံမရချေ။

"အစ်ကိုကြီး၊ အဓိပတိတစ်ပါးဖြစ်ဖို့က မလွယ်ဘူး၊ဒါကို အောင်မြင်ဖို့ဆိုရင် လူသားနတ်ဆိုးစွမ်းအားရဲ့အနှစ်သာရကို နားလည်သဘောပေါက်ရမယ်၊ပြီးရင် အဲဒီစွမ်းအားထဲမှာကိုယ့်ရဲ့လမ်းစဥ်ကို ရှာဖွေပြီး မူလစွမ်းအင်ကို နိုးထစေရမှာ"

"အဆင့်နှစ်ဆင့်စလုံးသည် ကောင်းကင်ကို တက်ရသလို ခက်တယ်"

ကန်းလန်လန်းနယ်မြေ တွင် ခရမ်းရောင်နန်း​တော်အဆင့်ဖြစ်လာရန်ဆိုလျှင် ဝိညာဉ်စွမ်းအင်၏ အနှစ်သာရကို နားလည်သဘောပေါက်ရမည် ဖြစ်သည်။

လျူဖုန်းနယ်မြေတွင်မူ လူသားနတ်ဆိုး စွမ်းအား၏အနှစ်သာရကို နားလည်ရမည်ဖြစ်သည်။

"အဲဒီလောက် ခက်လို့လား"

ကျိယွမ်က ချန်းဟွမ်ကို ရှင်းဟွာအဖွဲ့မှ ဧကရာဇ်လေးပါးလောက်ပင် အရည်အချင်း မရှိဟု ခံစားမိသည် ။

ရေခဲတောင်သခင်မနှင့်မီးလျှံဧကရာဇ်ကိုအသာထား၊ ဆိုးသွမ်းအင်မော်တယ်ပင် ယခုချန်းဟွမ်ထက် အရည်အချင်းပိုရှိနိုင်သေးသည်။

ကံမကောင်းသည်မှာ ဆိုးသွမ်းအင်မော်တယ်သည် ဂိမ်းကမ္ဘာထဲသို့မဝင်နိုင်ပေ။ မဟုတ်ပါက ကျိယွမ်သည် ချန်းဟွမ်ကို စစ်မှန်သော အရည်အချင်းရှိသူကို ပြသရန် သူ့ကို ခေါ်လာခဲ့မည် ဖြစ်သည်။

"အမှန်ပဲ ၊ ခက်တယ်"

ချန်းဟွမ်၏ မျက်နှာက တင်းမာသွားသည်။

အဆင့်နှစ်ဆင့်စလုံးက အမှန်တကယ် ခက်ခဲလှသည် ။

အထူးသဖြင့် ပထမအဆင့်ဖြစ်သော လူသားနတ်ဆိုးချီစွမ်းအင်၏ အနှစ်သာရကို နားလည်သဘောပေါက်ခြင်းပင် ဖြစ်သည်။

ထိုအရာကို နားလည်သဘောပေါက်သည်နှင့် ပါရမီမည်မျှညံ့သော၊ရည်မှန်းချက်မရှိသော ကျင့်ကြံသူဖြစ်ပါစေ အဓိပတိတစ်ပါးဖြစ်လာနိုင်လေပြီ။

ချန်းဟွမ်သည် ရည်မှန်းချက်မရှိသောအမျိုးအစားတွင် ပါဝင်သည်။

သူသည် အောင်မြင်မှုမရဘဲ နှစ်တစ်ရာကို အလဟဿ ဖြုန်းတီးခဲ့လေသည်။

"ငါ့ထင်တာတော့ လူသားနတ်ဆိုးချီစွမ်းအင်ရဲ့အနှစ်သာရက သာမန်ပါပဲ၊ ခက်ခဲတဲ့အပိုင်းက မူလစွမ်းအင် ဖြစ်မယ်"

ကျိယွမ်က သူ၏အမြင်ကို သုံးသပ်ပြလိုက်သည်။

အနန္တအသွင်ကူးပြောင်းတံခါးကို စောင့်ကြည့်ရင်း လူသားနတ်ဆိုးလမ်းစဥ်အပေါ် သူ၏နားလည်မှုသည် ကြောက်မက်ဖွယ်ရာအဆင့်သို့ ရောက်ရှိခဲ့သည်။

လူသားနတ်ဆိုးချီစွမ်းအား၏အနှစ်သာရဆိုတာ ဘာလဲ။

ကျိယွမ်သည် အဖြူရောင်ဧကရာဇ်နှင့်အကြွင်းမဲ့သခင်တို့ထက်ပင် ပို၍နားလည်သည်ဟု သူ့ကိုယ်သူခံစားရသည်။

မူလစွမ်းအားက ပို၍ရှုပ်ထွေးလှ၏။

တိကျွဲ့တွင် အဘိုးကြီး ၃၀၀၀ နီးပါးကိုရင်ဆိုင်ခဲ့ရသော ကျိယွမ်သည် အမျိုးမျိုးသော မူလစွမ်းအားများကို မြင်တွေ့ခဲ့ရသည်။

မူလစွမ်းအားတစ်ခုစီတိုင်းသည် အနှစ်သာရအပေါ် မူတည်၍ ကိုယ်ပိုင်ဂုဏ်သတ္တိများ ရှိကြသည်။

မူလစွမ်းအားအချို့က အားနည်းသော်လည်း အချို့က အလွန်အမင်းအားကောင်းကြသည် ။တစ်ဦးနှင့်တစ်ဦး မတူကြပေ။

ကျိယွမ်က အဆင့် ၁၂၀ သို့ရောက်လျှင် သူ၏ မူလစွမ်းအားကို အားမနည်းစေချင်ပါ။

ထို့ကြောင့် သူသည် မူလစွမ်းအားဆီသို့ သူ၏လမ်းစဥ်ကို ဂရုတစိုက် စဉ်းစားမည် ဖြစ်သည်။

ဂိမ်းကမ္ဘာမှ ကျင့်ကြံမှုအဆင့်များ၏ တစ်စိတ်တစ်ပိုင်းကသာ သူ၏ပြင်ပမှခန္ဓာကိုယ်အစစ်အမှန်သို့ အကျိုးသက်ရောက်သော်လည်း စွမ်းရည်များကမူ အပြင်လောကအထိ ရှိနေဆဲ ဖြစ်သည်။

အပြင်လောကတွင် သူအသုံးပြုနိုင်သောကောင်းကင်ပိုင်းဖြတ် ဓားချက်၊

သေခြင်း၏အလင်းရောင်၊

လွှမ်းမိုးနိုင်သော စွမ်းအား

စသည့်စွမ်းရည်များမှာ စိတ်ဝိညာဥ်အဆင့်များသာ အသုံးပြုနိုင်သော နတ်စွမ်းအင်များဖြစ်သည်။

အခြေတည်အဆင့်သာရှိသော ကျိယွမ်သည် စိတ်ဝိညာဥ်အဆင့်များကို လျှင်မြန်စွာသတ်ပစ်နိုင်ခြင်းမှာ ထိုစွမ်းရည်များကို သုံးနိုင်သောကြောင့်ပင် မဟုတ်ပါလား။

ယခုဂိမ်းကမ္ဘာတွင်လည်း သူသည် အဆင့် ၁၂၀ ကိုရောက်လျှင် မူလစွမ်းအင်ကို ရရှိတော့မည်ဖြစ်သည်။

ထိုသို့ရရှိပါက အခြေတည်အဆင့်သာရှိသေးသော်လည်း ခရမ်းရောင်နန်းတော်အဆင့်နှင့် ညီမျှသော မူလစွမ်းအင်ကို သူရရှိနိုင်လေပြီ။

မူလစွမ်းအားမရှိပါက ကျိယွမ်သည် အလင်းနန်းတော်မှ ခရမ်းရောင်နန်းတော်အဆင့်များ၏ တိုက်ခိုက်မှုများကို ရင်ဆိုင်နိုင်ရမည်ဖြစ်သည်။

ထို့ကြောင့် အစွမ်းထက်သော မူလစွမ်းအားတစ်ခုကို ကျိယွမ်မဖြစ်မနေ လိုအပ်နေသည်။

ယခုအခြေအနေတွင် သူသည်အဓိပတိများ၏ တိုက်ခိုက်မှုများကို ရှောင်ရှားနိုင်သော်လည်း ၎င်းတို့ကို ထိခိုက်အောင် မလုပ်နိုင်သေးပါ။

ထို့ကြောင့် နင်းထောင်၏ အန္တရာယ်များကို သူက နှုတ်ဖြင့်သာလမ်းညွှန်ပေးနိုင်ပြီး ကိုယ်ထိလက်ရောက်မကူညီနိုင် ဖြစ်နေဆဲပင်။

ကျိယွမ်မှာ သူ၏အနာဂတ်လမ်းကြောင်းကို မမြင်နိုင်သေးသောကြောင့် သူ၏မူလစွမ်းအားကို နိုးထနိုင်ခြင်းမရှိသေးပေ။

"ဒါကတော့ အစ်ကိုကြီးက ကြွားပြောနေတာ သေချာတယ်။ လူသားနတ်ဆိုးချီစွမ်းအားက လွယ်ကူတယ် ..ဟုတ်လား။ အဲဒီလောက် လွယ်နေရင် အဓိပတိအဆင့်တွေ နေရာတိုင်းမှာ ရှိနေမှာပေါ့"

ချန်းဟွမ်က မယုံကြည်နိုင်သလို ကျိယွမ်ကို ကြည့်လိုက်သည် ။

ကျိယွမ်သည် ချန်းဟွမ်၏အကြည့်ကို လျစ်လျူရှုကာ မိုးကုတ်စက်ဝိုင်းကို မျက်မှောင်ကြုတ်ပြီး ကြည့်နေသည်။

ချန်းဟွမ်လည်း တစ်စုံတစ်ခုကို သတိထားမိပြီး သူ၏ မျက်နှာပေါ်မှအပြုံး ပျောက်ကွယ်သွားကာ ကျိယွမ်၏ဦးတည်ရာကို လိုက်ကြည့်၏။

ကောင်းကင်တစ်လျှောက် အလင်းတန်းတစ်ခု လျှပ်တစ်ပြက် ဖြတ်ပြေးသွားပြီး ကြောက်မက်ဖွယ်ရာ စွမ်းအင်တစ်မျိုးကို ထုတ်လွှတ်ကာ ကောင်းကင်ကို ဖိနှိပ်နေသည်။

အလင်းတန်းသည် ဝူကွေမြို့မှ ရှစ်မိုင်အကွာတွင် ရပ်တန့်သွားပြီး အလင်းရောင်မှေးမှိန်သွားသောအခါ မိုးပြာရောင်ဂါဝန်ရှည်ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ပေါ်လာသည်။

ဓားကဲ့သို့သောမျက်ခုံးများကိုပိုင်ဆိုင်ထားပြီး သူမအကြည့်များသည် ပြတ်သားသော ဓားစိတ်ဆန္ဒကို ထုတ်လွှတ်နေသည်။

သဲဝါများထဲတွင် ရပ်နေသော သူမသည် ကျိယွမ်အတွက် ဓားအိမ်မှထုတ်ထားသော ဓားတစ်ချောင်းကဲ့သို့ပင်။

[ဟွမ်မုန်လင်၊ အဆင့် ၁၁၉။]

"ဝူကွေမြို့ ကာကွယ်သူ၊ ငါ့ရဲ့ အမိန့်ကို နားထောင်"

ဟွမ်မုန်လင်သည် သူမ၏ လက်ကို ဆန့်ထုတ်လိုက်ပြီး ရွှေရောင်အမိန့်ပြန်တမ်းတစ်ခုကို ပြသလိုက်သည်။

အမျိုးသမီးအား စပ်စုနေသော ကျိယွမ် ၏ မျက်တောင်များ ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားသည်။

ငါ့အတွက်လား။

ဒါပေမယ့်... ငါက ကစားသမားတစ်ယောက်လေ၊ ဘာလို့ နာခံရမှာလဲ။ ဘယ်သူ့ကို နာခံရမှာလဲ။ဒီဂိမ်းထဲက NPC တွေက ဟုတ်တော့ဟုတ်နေကုန်ပြီ။

သူက တုတ်တုတ်မျှပင် မလှုပ်ပါ။

လေထုကချက်ချင်း တင်းမာသွားသည်။

ထိုအချိန်တွင် ချန်းဟွမ်၏ အော်သံထွက်လာ၏။

"စီနီယာအစ်မကြီး၊ ဘာလို့ ယူကျိုးကို ရောက်နေတာလဲ။ ဘာတွေဖြစ်နေတာလဲ"

ဟွမ်မုန်လင်၏ မျက်နှာအမူအရာက အေးစက်နေဆဲပင်။

"မြောက်နဲ့တောင် သဘောတူညီချက်ကအခြေအနေ ပြောင်းလဲသွားပြီ၊ ယူကျိုးက စစ်ဘက်အရာရှိအားလုံးကို သူတို့ရဲ့ မြို့တွေကိုစွန့်ပြီး မဟာဝမ်းနည်းခြင်းမြို့တော်ဆီကို သွားဖို့ မဟာအဓိပတိငါးပါးက အမိန့်ပေးလိုက်တယ်"

ဟွမ်မုန်လင်၏ အသံက ထပ်မံပဲ့တင်ထပ်လာသည်။

"ရက်ပေါင်းတစ်ရာအတွင်း မြောက်ပိုင်းက နတ်ဆိုးထိန်းချုပ်သူတွေကို ခုခံဖို့ မဟာဝမ်းနည်းခြင်းမြို့တော်ကို အားလုံးရောက်ရမယ်"

ချန်းဟွမ်၏ မျက်နှာအမူအရာက လေးနက် သွားသည်။

ယူကျိုးရဲ့ အခြေအနေက အဲဒီလောက် တင်းမာနေပြီလား။

မဟာအဓိပတိများက မြို့များကို စွန့်ခွာပြီး မဟာဝမ်းနည်းခြင်းမြို့တော်ကို ဆုတ်ခွာဖို့ အမိန့်ထုတ်ခဲ့သည်။

"စီနီယာအစ်မ၊ အတွင်းသတင်းများ ရှိသေးလား"

ချန်းဟွမ်က မျက်နှာချိုသွေးကာ စပ်စုလိုက်သည်။

ဟွမ်မုန်လင်၏ မျက်နှာအမူအရာက မပြောင်းလဲပါ။

"မြို့ပေါင်းတစ်ထောင် တိုက်ပွဲနယ်မြေမှာ မြောက်ပိုင်းကနေ အဓိပတိအသစ် သုံးပါး ရောက်လာတယ်၊သူတို့ထဲက တစ်ပါးက မဟာအဓိပတိ ဖြစ်တယ်"

"ဘာ"

ချန်းဟွမ်၏ မျက်နှာ သိသိသာသာပြောင်းလဲသွားသည်။

"မဟာအဓိပတိလား"

မဟာအဓိပတိအဆင့်သည် အဓိပတိများထဲတွင်အမြင့်ဆုံးအဆင့်များဖြစ်သည်။အဖြူရောင်ဧကရာဇ်နှင့်အကြွင်းမဲ့သခင်မှလွဲလျှင် မဟာအဓိပတိများသည် လျူဖုန်းနယ်မြေတွင် အဆင့်မြင့်ဆုံးဖြစ်သည်။

မဟာအဓိပတိက မြို့ပေါင်းတစ်ထောင်တိုက်ပွဲနယ်မြေကို ဘာလို့ရုတ်တရက်ရောက်လာရတာလဲ"

ချန်းဟွမ် အံ့အားသင့်သွားသည်။

မြို့ပေါင်းတစ်ထောင်တိုက်ပွဲနယ်မြေသည် မြို့ပေါင်း ၁၀၈,၀၀၀ ထဲတွင် ထူးခြားမှုမရှိသောနေရာလေးတစ်ခုပေ။ အဓိပတိအဆင့် အနည်းငယ်ရှိနေခြင်းသည်ပင် တော်တော်လေး အဓိပ္ပာယ်ရှိနေပြီ ဖြစ်သည်။

သို့သော်လည်း ယခုအခါ မဟာအဓိပတိတစ်ပါး ရောက်ရှိလာခြင်းမှာ သိသိသာသာထူးဆန်းသောကိစ္စဖြစ်သည်။

"ငါမသိဘူး"

ဟွမ်မုန်လင်က အေးစက်စွာ ပြောလိုက်သည်။

"ဝူကွေမြို့ကနေ ချက်ချင်းထွက်ပြီး မဟာဝမ်းနည်းခြင်းမြို့တော်ဆီ သွားပါ"

ချန်းဟွမ်သည် စိုးရိမ်တကြီးဖြင့် ကျိယွမ်ကို ကြည့်လိုက်သည်။

"အစ်ကိုကြီး၊ သွားကြရအောင်။ မယာအဓိပတိတစ်ပါး ဆင်းသက်လာရင် ကျွန်တော်တို့ရဲ့ လက်လေးခြေလေးတွေက မခုခံနိုင်ဘူး"

ကျိယွမ်ကတော့ မတုန်မလှုပ်သာ။

"ငါ မသွားဘူး"

သူသည် ဝူကွေမြို့ကို နှစ်ပေါင်းများစွာ စောင့်ရှောက်ခဲ့ပြီး ၎င်းကို စွန့်ပစ်မည်မဟုတ်ပါ။

ချန်းဟွမ်က လောလောဆယ် တိုက်တွန်းသည်။

"အခြေအနေက အရေးပေါ်နေပြီဆိုတာအစ်ကိုကြီးလည်း သိနေပြီကို၊ မဟာအဓိပတိတစ်ပါး ရောက်လာတာနဲ့ မြို့ပေါင်းတစ်ထောင်က ဆုတ်ခွာသွားရင် အစ်ကိုကြီးတစ်ယောက်တည်း ဒီမှာကျန်ခဲ့ရင် ထင်ထင်ရှားရှားကြီး ဖြစ်နေလိမ့်မယ်"

"မင်း ငါ့ကို စည်းရုံးမနေနဲ့ ၊အချိန်ကုန်တာပဲရှိမယ်"

ကျိယွမ်က အပြတ်ငြင်းဆိုလိုက်သည်။

ချန်းဟွမ် ပြောသည်မှာ သဘာဝကျမှန်း သူသိပါသည်။ ယခုအခြေအနေမျိုး၌ သာမန်လူတိုင်းသည် ဝူကွေမြို့ကိုစွန့်ခွာပြီး မဟာဝမ်းနည်းခြင်းမြို့တော်တွင် သူတို့၏ ခွန်အားကို စုစည်းထားသင့်၏။

ခြားနားသည်က ကျိယွမ်သည် သာမန်လူတစ်ဦးဖြစ်သော်လည်း သူသည် ဂိမ်းကစားနေခြင်းဖြစ်သောကြောင့် ထွက်ခွာမည်မဟုတ်ပါ။

ချန်းဟွမ်က ကျိယွမ်၏ ငြင်းဆိုမှုကြောင့် စိုးရိမ်သွားသည်။

အဝေးမှ ဟွမ်မုန်လင်က အနည်းငယ်အံ့သြသွားသော်လည်း ကျိယွမ်ကိုလျစ်လျူရှုလိုက်သည်။

သူမက ချန်းဟွမ်အား တိုက်တွန်းလိုက်သည်။

"ဂျုနီယာမောင်လေး ၊သူ မသွားရင် သူ့ကို လွှတ်ထားလိုက်ပါ။ငါ တခြားမြို့တွေကို သွားအကြောင်းကြားရဦးမယ်၊ နင် ငါနဲ့အတူ လိုက်ခဲ့"

ချန်းဟွမ်၏ မျက်နှာပေါ်တွင် ဝေခွဲမရဖြစ်နေသော အမူအယာဖြစ်ပေါ်လာသည်။

ကျိယွမ်ကတော့ အမြန်ဆုံးသဘောတူလိုက်သည်။

"လိုက်သွား"

ချန်းဟွမ်သည် စကားများသူတစ်ဦးဖြစ်ပြီး အမြဲတမ်း သူ့အနားတွင်ကပ်ကာ သူ၏ ငြိမ်းချမ်းမှုကို နှောင့်ယှက်နေသည်။

"မသွားဘူး"

ချန်းဟွမ်က ဆုံးဖြတ်လိုက်ပြီး ဟွမ်မုန်လင်ကို အော်​လိုက်သည်။

"စီနီယာအစ်မကြီး အရင်သွားပါ၊ ကျွန်တော် ခဏလောက် ထပ်စောင့်ဦးကြည့်ဦးမယ်"

ဟွမ်မုန်လင်က ချန်းဟွမ်ကို စိတ်ပူနေပုံရသည်။

"မြို့ပေါင်းတစ်ထောင်လုံးက မဟာဝမ်းနည်းခြင်းမြို့တော်ကို ဆုတ်ခွာသွားရင် နင်တို့က အထီးကျန်ပြီး အထောက်အပံ့မဲ့ ဖြစ်နေလိမ့်မယ်၊နင်တို့နှစ်ယောက်လုံး အဓိပတိအဆင့်ကို ချိုးဖြတ်နိုင်ရင်တောင် အသက်မရှင်နိုင်ဘူး၊သေမှာပဲ"

သူမ၏ စကားများက ကျိယွမ်အတွက် ဖြစ်သည်။

သူမသည် ကျိယွမ်၏ခွန်အားကို မသိသော်လည်း ချန်းဟွမ်နှင့် အဆင့်တူလောက်ရှိသည်ဟု ခန့်မှန်းမိသည်။

မြေကမ္ဘာဒဏ္ဍာရီအထွတ်အထိပ်ကျင့်ကြံသူများသည် အန္တရာယ်ကြားမှ ထိုးဖောက်ရန် ကြိုးစားလေ့ရှိကြသည်။

ကျိယွမ်သည် သေရေးရှင်ရေးတိုက်ပွဲအခြေအနေကြားတွင် သူ၏မူလစွမ်းအင်ကို နိုးထစေပြီး အဓိပတိအဆင့်ကိုချိုးဖြတ်ရန် ဝူကွေမြို့တွင် တမင်နေခဲ့ခြင်းဖြစ်လိမ့်မည်ဟု သူမယူဆ၏။

သို့သော်လည်း အောင်မြင်မှုနှုန်းက သုညနီးပါး ဖြစ်သည်။

အကယ်၍ ထိုသူအောင်မြင်ပြီး အဓိပတိဖြစ်လာလျှင်ပင် အသက်မရှင်နိုင်ပါ။မဟာအဓိပတိကြီးတစ်ပါးရောက်လာပြီဖြစ်သောကြောင့် သာမန်အဓိပတိတစ်ယောက်မှာ သေရုံသာရှိလေသည်။

ဟွမ်မုန်လင်က ပြောစရာမကျန်တော့သဖြင့် ​အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ သဲကန္တာရထဲသို့ ပျောက်ကွယ်သွားသည်။

ကျိယွမ်သည် အလင်းတန်းကို ကြည့်ကာ မေးလိုက်သည်။

"သူက အဖြူရောင်ကရာဇ်ရဲ့ တပည့်တစ်ယောက်လား"

"ဟုတ်ပါတယ်၊ ကျွန်တော့်ရဲ့ စီနီယာအစ်မကြီးပါ"

ချန်းဟွမ်သည် ဟွမ်မုန်လင်ကို လေးစားပုံရှိသည်။

"သူက ကျွန်တော့်နဲ့ မတူပါဘူး။ ကျွန်တော်က ဧကရာဇ်ရဲ့နန်းတော်မှာ နှစ်တစ်ထောင်ကြာနေခဲ့ပေမဲ့ ဆရာ့ကို မတွေ့ဖူးဘူး။

စီနီအစ်မကတော့ ဆရာနဲ့တွေ့ဖူးပါတယ်။

သူရဲ့ မူလအနှစ်သာရကို နားလည်သဘောပေါက်မှုက တော်တော်နက်နဲတယ်၊ မကြာခင် အဓိပတိတစ်ဦးဖြစ်တော့မှာ"

"တကယ်လား"

ကျိယွမ်က ချန်းဟွမ်ကို ထူးဆန်းသလိုကြည့်၏။

"မင်းရဲ့ စီနီယာအစ်မက အနှစ်သာရကို ကောင်းကောင်းနားလည်သဘောပေါက်တယ်ဆိုရင် သူမကို အဲဒါကဘာလဲဆိုတာ ပြောပြခိုင်းပြီး မင်းလည်းအဓိပတိဖြစ်အောင် လုပ်လို့ရတယ်လေ၊ဘာလို့မလုပ်ရတာလဲ"

ချန်းဟွမ်သည် ကျိယွမ်ကို ပထမဆုံးအကြိမ်အဖြစ် အထင်သေးသလိုကြည့်လိုက်သည်။

"သူက ပြောပြချင်ရင်တောင် အနှစ်သာရဆိုတာရှင်းပြလို့မရဘူး၊ကိုယ်တိုင် နားလည်သဘောပေါက်မှရတာ။တစ်ခါတစ်လေ အစ်ကိုကြီးရဲ့စိတ်ကျန်းမာရေးကို ကျွန်တော်သံသယဝင်မိတယ်၊ ဒီလို အခြေခံလေးတွေကိုတောင် ဘာလို့မသိရတာလဲ"

"နာလည်မှုကိုပြောပြပေးလို့ မရဘူးလား"

ကျိယွမ်က အံ့သြသွားသည်။

"ဘာလို့လဲ"

အိုးကိုးလုံးတောင်တွင် သူသည် မူလအနှစ်သာရအခြေခံမူအချို့ကို ရှင်းပြခဲ့ဖူးသည်။

ထိုအခါက ခွန်အားကောင်းသောကျင့်ကြံသူအချို့မှာ မူလအနှစ်သာရကို အနည်းငယ်နားလည်သဘောပေါက်ခဲ့ကြသည်မဟုတ်ပါလား။

ထိုစဥ်က ကျိယွမ်သည် နတ်ဆိုးထိန်းချုပ်ရေးနည်းစနစ်ကိုသာ အဓိကဟောပြောခဲ့ပြီး မူလအနှစ်သာရအကြောင်းကို အနည်းငယ်သာ ဟောခဲ့၏။အကယ်၍ သူသည် လူသားနတ်ဆိုးချီစွမ်းအား၏ မူလအနှစ်သာရကိုသာ အပြည့်အဝရှင်းပြခဲ့ပါက ထိုနေရာတွင်ရှိသူများသည် ကောင်းစွာနားလည်သဘောပေါက်ခဲ့ကြမည် ဖြစ်သည်။

"မူလအနှစ်သာရအသိအမြင်ကို ပြောပြလို့ရရင် လူတိုင်းကဓိပတိတွေ ဖြစ်ကုန်မှာပေါ့၊ဘယ်လိုလုပ်ပြီး အဲဒီလောက်လွယ်မှာလဲ"

ချန်းဟွမ်က ကျိယွမ်အား ရှုးသိုးသိုးနှင့်ကြည့်လိုက်၏။သာမန်ကျင့်ကြံသူများပင်သိသော အခြေခံလောက်လေးကိုပင် ကျိယွမ်က သိပုံမရချေ။

ဒီလိုဗဟုသုတနဲ့ ဘယ်လိုလုပ်ပြီး မြေကမ္ဘာဒဏ္ဍာရီဖြစ်လာပါလိမ့်။

ကျိယွမ်က တိတ်ဆိတ်သွားပြီး သေသေချာချာစဉ်းစားနေသည်။

.........................

ဤသို့ဖြင့် ရက်ပေါင်းနှစ်ဆယ်ခန့် ကုန်လွန်သွားခဲ့သည်။

ချန်းဟွမ်သည် မြို့ရိုးပေါ်မှ ကျိယွမ်ထံ အလောတကြီး ရောက်လာသည်။

"ယူကျိုးမှာရှိတဲ့ မြို့တွေအားလုံး ရွှေ့ပြောင်းသွားပြီ၊ အစ်ကိုကြီးက မထွက်သေးဘူးလား"

ယခုအချိန်မှာတော့ ချန်းဟွမ်က အမှန်တကယ် စိုးရိမ်နေခြင်းဖြစ်သည်။

ကျိယွမ်သည် လိပ်တစ်ကောင်ကဲ့သို့ ဝူကွေမြို့တွင် မလှုပ်မယှက်ငြိမ်သက်နေ၏။

"အရေးတကြီးလုပ်စရာမလိုပါဘူး၊ဒါနဲ့ မြို့ပေါင်းတစ်ထောင်ကို ဘယ်မဟာအဓိပတိရောက်လာတာတာ်ဆိုတာ မင်းသိလား"

ကျိယွမ်သည် ဝူထုံဆိုသော နတ်ဆိုးထိန်းချုပ်သူကို သတိရမိသည်။

ထိုအခါက ဝူထုံသည် အဓိပတိတစ်ပါး၏ မူလစွမ်းအင်တိုက်ခိုက်မှုတစ်ခုကို သယ်ဆောင်လာခဲ့သည်။

ထိုအဖြစ်အပျက်က နည်းနည်းထူးဆန်းနေသည်ဟု သူထင်မိသည်။

ယခုရောက်ရှိလာသော မဟာအဓိပတိနှင့် ဝူထုံတို့ ဆက်စပ်မှုရှိမရှိတော့ သူမသိပါ။

"ခရမ်းရောင်တာအို မဟာအဓိပတိပါ"

ချန်းဟွမ်က အလွန်လေးနက်ဟန်ဖြင့် ဆက်ပြောသည်။

"သူက အဓိပတိတွေထဲမှာတော့ အဆင့်မြင့်ဆုံးပဲ မဟာအဓိပတိပဲ"

"ခရမ်းရောင်တာအိုလား"

ကျိယွမ်သည် ခရမ်းရောင်အရည်လေးကို သတိရလိုက်သည်။

ဝူထုံနဲ့ပေါင်းပြီး ငါ့ကို ကြံစည်နေတဲ့သူများလား။ တော်တော်လေး ဖြစ်နိုင်တယ်။

သူ့ဘာသာ ဘာကောင်ကြီးပဲဖြစ်ဖြစ် ဒီကောင်က ရန်သူဆိုတာသေချာပြီ။

ကျိယွမ်သည် မှတ်စုစာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်သည်။

"ဘာလုပ်နေတာလဲ"

ချန်းဟွမ်က နားမလည်သလိုကြည့်လေသည်။

"သူ့ကို ငါ့မှတ်စုစာအုပ်ထဲမှာ ရေးထည့်နေတာလေ"

ရန်သူတွေကို မှတ်ထားရမည်။

တစ်ခါတစ်ရံ သူ၏မှတ်ဉာဏ်ကအနည်းငယ်ချို့ယွင်းတတ်သော်လည်း ရန်သူများကိုတော့ မမေ့သင့်ပေ။

အစပိုင်းတွင် အူတူတူဖြစ်နေသော ချန်းဟွမ် မှာ ကျိယွမ်၏လုပ်ရပ်ကို သဘောပေါက်သွားပြီး ထရယ်တော့သည်။

"ဟားဟားဟား ..ဟားဟား"

"ဒီမှတ်စုစာအုပ်ကို အစ်ကိုကြီးရဲ့သားမြေးတွေဖတ်ပြီး ခရမ်းရောင်တာအိုကို အစ်ကိုကြီးအတွက် လက်စားချေပေးလို့ရအောင် စီစဉ်နေတာလား"

ကျိယွမ်အနေနှင့် ဤဘဝတွင်တော့ ခရမ်းရောင်တာအိုကို သတ်နိုင်မည်မဟုတ်ချေ။ထို့ကြောင့် သားမြေးများကို လက်ဆင့်ကမ်းရန် စိတ်ကူးနေပုံပင်။

ကြည့်လိုက်ရင် ပြတ်သားသလိုလိုနဲ့ စိတ်ကူးတော့ယဥ်တတ်သားပဲ၊ဆွေစဥ်မျိုးဆက် ရန်ကြွေးကို မှတ်တမ်းတင်ထားဦးမတဲ့။

ချန်းဟွမ်မှာ ထပ်မရယ်တော့သော်လည်း အနည်းငယ်တော့ ပြုံးစိစိဖြစ်နေသေးသည်။

"ငါ အဆင့် ၁၂၀ ရောက်ရင် သူ့ကိုသတ်တာ ခွေးသတ်သလို လွယ်လွယ်လေးပဲကို"

ကျိယွမ်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

သူ၏လက်ရှိစွမ်းအားကိုပင် သတို့သမီးလေးနှင့်ပေါင်းစည်းလိုက်လျှင် အဆင့် ၁၂၀ ကို ကျော်လွန်နေလေပြီ။

သို့သော် မူလစွမ်းအားမရှိဘဲနှင့်တော့ ရုပ်ခွန်အားသပ်သပ်ဖြင့် အဓိပတိများကို မသတ်နိုင်သေးသဖြင့် သူက အဆင့် ၁၂၀ ထိတတ်ရန် လိုအပ်နေခြင်းပင်။

"သူက မဟာအဓိပတိလေ၊ နှစ်ထောင်ပေါင်းများစွာကြာပြီးရင်တောင် အစ်ကိုကြီးကသူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး"

ချန်းဟွမ်က လက်တွေ့ကျကျ သုံးသပ်ပြသည်။

ကျိယွမ်က ထိုစကားအားကြားသောအခါ မငြင်းဘဲဝန်ခံလေသည်။

"မင်း ပြောတာ မှန်တယ်၊ ငါ ခရမ်းရောင်တာအိုကို အခုတော့မသတ်နိုင်သေးဘူး"

ချန်းဟွမ်က သဘောကျသလို ခေါင်းညိတ်၏။

"ဟုတ်ပါတယ်ဆို ၊မင်းကသူ့ကို သတ်ဖို့အိပ်မက်မက်ရဲတယ်နော် ။ လောလောဆယ်တော့ ပြေးကြတာပေါ့၊ ငါတို့ အဓိပတိဖြစ်လာမှ လက်စားပြန်ချေလည်း နောက်မကျသေးပါဘူး"

ချန်းဟွမ်က အခွင့်သာခိုက် တိုက်တွန်းလိုက်သည်။

ပြောသာပြောရသည် နောက်ထပ်နှစ်တစ်ထောင်ကြာလျှင်ပင် သူတို့ အဓိပတိဖြစ်လာရန်က မရေမရာသေးပါ။

မြောက််နှင့်တောင်သဘောတူညီချက်ပြီးဆုံးပြီးသည်နောက်တွင်ပင် အဓိပတိဖြစ်လာမည်ဟု တပ်အပ်မပြောနိုင်သေးချေ။

ကြီးမားသောလောကကြီးတွင် သူတို့သည် သဲမှုန်လေးတစ်မှုန်စီမျှသာ ဖြစ်သည်။

အဓိပတိဖြစ်နေလျှင်ပင် ပိုကြီးသေ သဲမှုန်တစ်မှုန်သာ ဖြစ်သည်။လောကကြီးနှင့် စာလျှင် ဘာမှမဟုတ်သေးပါ။

ကျိယွမ်က ခေါင်းခါသည်။

"ပြေးဖို့လား၊ မပြေးဘူး။ အခု ငါခရမ်းရောင်တာအိုကို လိုက်ရှာဖို့ အသေးစိတ်အစီအစဉ်တစ်ခု လိုအပ်တယ်"

ချန်းဟွမ်က ကျိယွမ်ကို မမြင်ဖူးသူလိုကြည့်၏။

"အစ်ကိုကြီး..မင်းက တကယ်အိပ်မက်မက်ရဲသေးတယ်နော်၊ သူက မဟာအဓိပတိ လေ၊မြေကမ္ဘာဒဏ္ဍာရီနဲ့အဓိပတိကြားက ကွားခြားချက်တောင် ကြီးမားနေတာ မဟာအဓိပတိဆိုရင်တော့ ပြောမနေနဲ့တော့၊ငါတို့က သူတို့ကို ဘယ်လိုမှထိခိုက်အောင် မလုပ်နိုင်ဘူး"

ကျိယွမ်က လက်မခံပါ။

"ငါ့ရဲ့ အစီအစဉ်ကို အရင်နားထောင်လိုက်၊ မင်းငါ့ရဲ့ ဉာဏ်ပညာကို အထင်ကြီးသွားလိမ့်မယ်"

ကျိယွမ်သည် သူ၏အစီအစဉ်အတွက် ချန်းဟွမ်ကို လိုအပ်သောကြောင့် ရှင်းပြလိုက်သည်။

"ပြောကြည့်လေ"

ချန်းဟွမ်က နားအေးပြီးရော ခေါင်းညိတ်လိုက်သည်။

"အသေးစိတ်အစီအစဉ်တစ်ခုဆိုတာက နက်နက်နဲနဲ စဉ်းစားဖို့လိုတယ်။ ငါ မင်းကို ဒီအတိုင်းပြောရင် ချို့ယွင်းချက်တွေရှိလာနိုင်တယ်၊ ငါရေးချလိုက်မယ်"

ကျိယွမ်သည် အရေးကြီးသောအရာများကို ချရေးသားခြင်းကို ပိုနှစ်သက်သည်။

သူသည် အစီအစဥ်တစ်ခုကို လျင်မြန်စွာ ရေး​လိုက်သည်။သို့သော် တစ်ခါတစ်ရံ ခေတ္တရပ်ကာ တွေး၏။တစ်ချို့နေရာများတွင် ရေးပြီးမှပြန်ဖျက်ပြီး ပြင်ရေးပြန်သည်။

သူသည် အလွန်လေးနက်စွာရေးနေခြင်းပင်။

ချန်းဟွမ်က စောင့်ကြည့်နေသည်၊။

ကျိယွမ် ဤမျှလောက် စိတ်အားထက်သန်စွာလုပ်ဆောင်သည်ကို သူပထမဆုံးအကြိမ် မြင်းဖူးခြင်းဖြစ်သည်။

ဒီလောက်အလေးအနက်ထားနေတယ်ဆိုတော့ သာမန်အစီအစဉ်မဖြစ်နိုင်ဘူး။အဓိပတိတွေအများကြီးရဲ့အကူအညီနဲ့ တန်ပြန်မဲ့ အကြံအစည်မျိုးဖြစ်နေမလား။

"ပြီးပြီ"

ကျိယွမ်သည် မှတ်စုစာအုပ်ကို ဂုဏ်ယူစွာကိုင်ထားပြီး သူ၏အစီအစဥ်ကို ပီတိဖြစ်နေသည်။

၂၁ ရာစုမှာတုန်းကသာ ယခုလိုအစီအစဉ်တစ်ခုကို ရေးသားပါက သူ့ကို ချွေးထွက်စေမှာသေချာ၏။

ယခုကမ္ဘာမှာတော့ သူကကျင့်ကြံသူဖြစ်နေသောကြောင့် ချွေးမထွက်ပါ။သို့သော်လည်း သူက အလွန်ပင်ပန်းဟန်ပေါ်နေရန် ချွေးထွက်စေရန်ပြုပြင်ကာ ဟန်ဆောင်လိူက်သည်။

"ငါ ကြည့်ပါရစေ"

ချန်းဟွမ်သည် မှတ်စုစာအုပ်ကို စိတ်အားထက်သန်စွာ ယူလိုက်သည်။

သူအဆင့်နဲ့ ​ ချွေးထွက်အောင်တောင် ရေးရတယ်ဆိုတော့ တော်တော်ရှုပ်ထွေးတဲ့အစီအစဥ်ထင်တယ်၊ဘယ်လောက်တောင်များ ခက်ခဲလဲ မသိဘူး။

သူသည် ကျိယွမ်၏ ကြီးကျယ်ခမ်းနားသော အစီအစဉ်ကြီးကို သေချာဖတ်ရှုလေ၏။

ချန်းဟွမ်၏ မျက်ခုံးများတွန့်သွားသည်။

ခဏကြာပြီးနောက်မှာတာ့ သူ စကားမပြောနိုင်တော့ပေ။

"ဒီလောက်ပဲလား"

ချန်းဟွမ် ဒေါသပင်ထွက်သွားသည်။

"ဒါက အဓိပ္ပာယ်လုံးဝမရှိဘူး၊မဖြစ်နိင်တာတွေ စိတ်ကူးယဥ်ကြီး ရေးထားတယ်၊ငါ့ရဲ့ မြစ်ကမွေးတဲ့ မြေးမလေးကတောင် ဒီထက်ကောင်းတဲ့အစီအစဥ်ကိုရေးနိုင်ဦးမယ်"

"ဒါက ဘာတွေလဲ"

[၁ရက် မှ ၁၀ ရက် - ချန်းဟွမ်ကို မူလအနှစ်သာရသင်ကြားပေးခြင်း၊ အဓိပတိအဆင့်ကို ချိုးဖြတ်ရန် ကူညီခြင်း၊

၁၁ရက် မှ ၂၀ရက် - တစ်ယောက်တည်းဖြစ်နေသော အဓိပတိများကို ရှာဖွေခြင်း၊ ချန်းဟွမ်ကို မူလစွမ်းအင်ဖြင့် ၄င်းတို့အား သတ်ခိုင်းခြင်း၊ သူတို့သေခါနီးမှသာ ငါကကူညီပြီးသတ်ပေးမည်။

၂၁ရက် မှ ရက်၁၀၀ - အဓိပတိများကိုဆက်လက်သတ်ဖြတ်ခြင်း၊ အတွေ့အကြုံရမှတ်များ ရယူခြင်း၊ မူလအနှစ်သာရကို နားလည်ခြင်း၊ အဓိပတိအဆင့်ကို ချိုးဖြတ်ခြင်း နှင့် ခရမ်းရောင်တာအိုကို သတ်ဖြတ်ခြင်း။]

ချန်းဟွမ်က ကျိယွမ်အား စိတ်ပျက်သလိုကြည့်ကာ ဝေဖန်သည်။

"ပြန်လည်းဖတ်ကြည့်ပါဦး ၊ဖြစ်နိုင်၏ မဖြစ်နိူင်၏ ကို"

ကျိယွမ်သည် ချန်းဟွမ် ဝေဖန်ချက်ကို ကြားသောအခါ ခေါင်းညိတ်ပြလေသည်။

"ငါ နားလည်ပြီ၊ ငါက အခက်အခဲကို ကြယ်ပွင့်နဲ့ အမှတ်အသား မလုပ်မိခဲ့ဘူးပဲ၊ အခု ငါ လုပ်လိုက်မယ်"

ချန်းဟွမ်က ဆက်လက်​ဝေဖန်ပြန်သည်။

"အစ်ကိုကြီး.မင်းရဲ့ အစီအစဉ်က လုံးဝလက်တွေ့မကျဘူး။ အဆင့်တစ်ကိုပဲ ကြည့်၊ ငါ့ကို မူလအနှစ်သာရ သင်ကြားပေးတာတဲ့"

"ဘယ်လိုလုပ် ဖြစ်နိုင်တော့မှာလဲ၊အဆင့် ၁ မှာတင် ကျရှုံးနေပြီ"

-------------

All Chapters