← Chapters

ခရမ်းရောင်ကောင်းကင်မဟာမိတ်အဖွဲ့

Vol. 9 Ch. 114

ခရမ်းရောင်ကောင်းကင်မဟာမိတ်အဖွဲ့

Vol. 9 Ch. 114

လျိုချွမ်းနတ်ဆိုးလိုဏ်ဂူထဲတွင်

အလွန်ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်အချို့ ပေါ်လာကြပြီး တစ်ဦးစီတွင် ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေသည်။

သူတို့၏အော်ရာများကလည်း ပတ်ဝန်းကျင်နှင့် တစ်သားတည်း ပေါင်းစပ်နေကြသည်ဟု ပင် ထင်ရသည်။

"အဓိပတိအဆင့်လား"

ခရမ်းရောင်တာအိုသည် ယုပိုင်၏ အလောင်းကိုကြည့်ရင်း သူ၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နေသည်။

"ပြီးတော့ မြေကမ္ဘာဒဏ္ဍာရီကျင့်ကြံသူတစ်ယောက်ပါသေးတယ်ပေါ့လေ၊ ဒီလိုမျိုး သေးနုပ်တဲ့သူကတောင် ငါတို့ရဲ့အခြေစိုက်စခန်းကို လာပြီး ပြဿနာရှာရဲတယ်၊ သေခြင်းတရားကို ရှာဖွေနေတာပဲ"

ရောက်ရှိနေကြသော အဓိပတိအဆင့် များ၏ မျက်နှာများမှာ ဒေါသကြောင့် ခက်ထန်လာကြသည်။

တစ်စုံတစ်ယောက်က သူတို့၏ အခြေစိုက်စခန်းထဲသို့ တိတ်တဆိတ် ဝင်ရောက်လာပြီး သူတို့ထဲမှ အဓိပတိတစ်ဦးကို လုပ်ကြံသွားခဲ့သည်။

ယခုဖြစ်ရပ်က အနန္တရာယ်အငွေ့အသက်နှင့်အတူ အရှက်တရားကိုပါသယ်ဆောင်လာသည်။

အထူးသဖြင့် မကြာသေးမီက ရောက်ရှိလာသော အဓိပတိခရမ်းရောင်တာအိုအတွက် ဖြစ်သည်။

သူတစ်ယောက်လုံးရောက်လာမှ အခြေစိုက်စခန်းတစ်ခုလုံး မျိုးဖြုတ်ခံလိုက်ရသည်။

"အဓိပတိအဆင့်ရှိတဲ့ ယုပိုင်ကိုတောင် သတ်နိုင်တယ်ဆိုတော့ တောင်ပိုင်းဘက်ကအဓိပတိတွေက အစွမ်းနည်းနည်းရှိတဲ့ပုံပဲ"

ယုပိုင်၏အလောင်းကိုစိုက်ကြည့်နေသော ခရမ်းရောင်တာအို၏ မျက်လုံးများက လေးနက်နေပြီး သေသေချာချာသုံးသပ်နေပုံရသည်။

"အဓိပတိယုပိုင်ကို သတ်ပြီးပြီဆိုတော့ သူတို့က မဟာဝမ်းနည်းခြင်းမြို့တော်ကို အမြန်ဆုံး ထွက်ပြေးသွားမှာသေချာတယ်"

"မကြာခင်မှာ ငါတို့ရဲ့နတ်ဆိုးတပ်ကြီးက မဟာဝမ်းနည်းခြင်းမြို့တော်ကို ချီတက်တော့မှာပါ၊ မင်းတို့တောင်ပိုင်းက ကျင့်ကြံသူတွေ ပြန်ပြီးပေးဆပ်ဖို့သာ ပြင်ထားကြ"

အဓိပတိတစ်ဦးက လေးနက်စွာကြုံးဝါးလိုက်သည်။

ထိုစဥ် အခြားအဓိပတိတစ်ဦးက ရုတ်တရက် အော်ဟစ်လိုက်သည်။

"ရှင်းယွမ်နတ်ဆိုးလိုဏ်ဂူမှာ တစ်ခုခုဖြစ်နေပြီ၊အဓိပတိတစ်ယောက်က တိုကိခိုက်နေတယ်"

ရှင်းယွမ်နတ်ဆိုးလိုဏ်ဂူသည် လျိုချွမ်း နတ်ဆိုးလိုဏ်ဂူနှင့် အနီးဆုံးတွင်ရှိသောနေရာဖြစ်သည်။

အားလုံးသော အဓိပတိများ အံ့သြသွားကြသည်။

"သူက ထွက်မသွားဘူးဘဲ နောက်ထပ် နတ်ဆိုးလိုဏ်ဂူတစ်ခုကိုတောင် တိုက်ခိုက်ရဲသေးတယ်ပေါ့"

"အဆင်အခြင်မဲ့လိုက်တာ၊ သူက ငါတို့ကို အလေးမထားတာပဲ"

အဓိပတိများအားလုံး ဒေါသထွက်ကုန်ကြသည်။

မိမိတို့ထဲမှ အဓိပတိတစ်ဦးကို ချောင်းမြောင်းသတ်ဖြတ်ပြီးနောက် သူက ထွက်မပြေးဘဲ ဆက်လက်ဖျက်ဆီးနေခြင်း ဖြစ်သည်။

ထိုလုပ်ရပ်က သူတို့အပေါ် လုံးဝအလေးမထားကြောင်း ပြသနေခြင်းမဟုတ်ပါလား။

ခရမ်းရောင်တာအို၏ မျက်လုံးများတွင်လည်း သတ်ဖြတ်လိုစိတ်များ လျှပ်တစ်ပြက် ပေါ်လာသည်။

သူ၏ဝတ်ရုံထဲမှ ကျောက်ပြားတစ်ချပ်ကို ပုတ်လိုက်ပြီး အန္တရာယ်မရှိကြောင်း အတည်ပြုပြီးနောက် အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။

"ဒီလူယုတ်မာကို သတ်ဖို့ ရှင်းယွမ်နတ်ဆိုးလိုဏ်ဂူကို လိုက်ခဲ့ကြ"

အားလုံးက အလင်းတန်းများအဖြစ်ပြောင်းလဲကာ ပျောက်ကွယ်သွားကြသည်။

ထိုအချိန်တွင် ရှင်းယွမ်နတ်ဆိုးလိုဏ်ဂူမှာတော့ ကျိယွမ်သည် ဓားကျိုးတစ်လက်ဖြင့်သောင်းကျန်းနေသည်။

နတ်ဆိုးပေါင်းများစွာတို့သည် သူ၏ ဓားအောက်၌ သေဆုံးသွားကြသည်။

သူ၏အစွမ်းထက်သော တိုက်ခိုက်မှုအောက်တွင် မည်သည့်နတ်ဆိုးမျှ ဓားချက်တစ်ချက်ထက်ပို မခံနိုင်ကြပေ။

အမှန်ပြောရလျှင် တစ်ချက်ကိုပင် မခံနိုင်ဟုဆိုရမည်။

သူသည် နတ်ဆိုးများကို မနေမနားရက်ရက်စက်စက်ခုတ်ထစ်နေသည်။

ချန်းဟွမ်က ထိတ်လန့်စွာကြည့်နေသည်။

"ဒီဟာက... ရူးသွပ်မှုပဲ"

ကျိယွမ်သည် သန်မာသည်၊ မြေကမ္ဘာဒဏ္ဍာရီအဆင့်ကျင့်ကြံသူများထဲတွင် ထင်ရှားသူဖြစ်ကြောင်း သူသိသည်။

သို့သော်လည်း ဤမျှလောက်ကြီးအထိ အစွမ်းထက်လိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။

နတ်ဆိုးများကို သတ်ဖြတ်ရာတွင် ကျိယွမ်သည် မူလစွမ်းအင်ကို မသုံးဘဲနှင့်ပင် သူ့ထက် ပိုမြန်နေသည်။

သို့သော် အဓိပတိများက သာမန်အခြေအနေများတွင် မူလစွမ်းအားကိုအသုံးမပြုခြင်းကြောင့်လည်း ချန်းဟွမ်က ကျိယွမ်ထက်နှေးနေခြင်းလည်းဖြစ်နိုင်၏။

ထိုအချိန်တွင် ကျိယွမ်က ချန်းဟွမ်ကို အော်ငေါက်လိုက်သည်။

"မင်းက ဘာတွေ စဥ်းစားနေတာလဲ၊မြန်မြန်လေးလုပ် "

ချန်းဟွမ် အံ့အားသင့်သွားပြီးနောက် တစ်စုံတစ်ရာကို သဘောပေါက်သွားသည်။

"အစ်ကိုကြီး၊ ငါတို့ ပြေးသင့်တယ်နော်"

မကြာသေးမီကမှ အဓိပတိတစ်ဦးကို သူတို့သတ်ခဲ့သည်။ပုံမှန်ဆိုလျှင် ပြေးရမည့်အချိန်ပင်။

ထိုအခါတုန်းကတော့ သူကသွေးပူနေဆဲမို့ ကောင်းကင်ကိုပင်ဒူးနှင့်တိုက်ပစ်မည်ဟု မြောက်ကြွမြောက်ကြွဖြစ်ကာ သွေးဆူနေခဲ့သည်။

ယခုအခါမှ သူကတွေး၍ ပူ​မိလာ၏။

ဤနေရာတွင် ဆက်လက်သတ်ဖြတ်နေပါက မြောက်ပိုင်းမှအဓိပတိများ၏ ဝိုင်းရံခြင်းကို ခံရတော့မည်ကို သဘောပေါက်လိုက်သည်။

ကျိယွမ်ကတော့ ထိုသို့တွေးပုံမရပေ။သူ၏ ဓားကို ဝှေ့ယမ်းလိုက်ရာ ဓားရောင်ဖြတ်သန်းသွားသည့်နေရာတိုင်း၌ နတ်ဆိုးများ သေဆုံးသွားကြသည်။

သူ၏ မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီး လောဘတကြီး မနားတမ်းသတ်ဖြတ်နေ၏။

သူ၏အတွေ့အကြုံဘားတန်းက တဟုန်ထိုး တက်နေပြီး အဆင့် (၁၂၀) သို့ ရောက်ရှိရန် အလွန်မှကို နီးကပ်နေလေပြီ။

"အစီအစဉ်က ငါတို့သတ်မှတ်ထားတာထက် စောပြီးနေတယ်၊ ငါတို့ တတိယအဆင့်ကို ရောက်နေပြီ။ အခုမှတော့ ဆုတ်လို့ မရတော့ဘူး။ သံဆိုတာ ပူတုန်းထုရတယ်တဲ့ တတိယအဆင့်ကို အမြန်ဆုံးအပြီးသတ်ရမယ်။ ငါ အဓိပတိအဆင့်ကိုရောက်တာနဲ့ ခရမ်းရောင် တာအိုဆိုတဲ့ အဲဒီအဖိုးကြီး ခွေးသူတောင်းစားကို သတ်ပစ်မယ်"

ကျိယွမ်က ပြင်းထန်စွာ ကြိမ်းဝါးလိုက်သည်။

နတ်ဆိုးများကို ပိုသတ်လေလေ၊ သူ ရရှိသော နတ်ဆိုးအနှစ်သာများက ပိုများလေလေဖြစ်ပြီး သူဖိနှိပ်ထားသော အဆိုးမြင်စိတ်များ ပိုများလေလေ ဖြစ်သည်။သူကကြမ်းတမ်းလာသလို ပို၍ရိုင်းစိုင်းလာသည်။

"အစ်ကိုကြီး၊ ငါတို့ ပြေးသင့်ပြီ။ငါတို့အဓိပတိတွေ ဖြစ်လာရင်တောင်၊ ငါတို့.... ငါတို့က..."

ချန်းဟွမ်သည် တကယ်ကို စိုးရိမ်ပူပန်နေခြင်းဖြစ်သည်။

ခရမ်းရောင်တာအိုသည် မဟာအဓိပတိကြီးတစ်ပါးဖြစ်၏။သာမန်အဓိပတိလေးများက ရင်ဆိုင်နိုင်သော ခွန်အားပိုင်ရှင် မဟုတ်ပါ။

ခရမ်းရောင်တာအိုက ဘာမှမလုပ်ဘဲ သူ့ဘာသာရပ်နေလျှင်ပင် ချန်းဟွမ်အနေဖြင့် မည်မျှကြိုးစားပါစေ သတ်နိုင်မည်မဟုတ်ပေ။

သူ၏ အစ်ကိုကြီးသည် နက်နဲဆန်းကြယ်သူဖြစ်သော်လည်း အလွန်ငယ်ရွယ်နေသေးသည်။

နောက်ထပ် နှစ်ပေါင်းတစ်ထောင်ခန့်အချိန်ရပါက သူ၏အစ်ကိုကြီးသည် ခရမ်းရောင် တာအိုကို အလွယ်တကူ ကိုင်တွယ်နိုင်မည်ကို သူယုံကြည်ပါသည်။

သိူ့သော်ယခုတော့ မဟုတ်သေးပါ။

"ပြေးမှာလား၊ ငါတို့ မပြေးနိုင်တော့ဘူး။ သူတို့ ရောက်နေကြပြီ"

ကျိယွမ်သည် မထူးဆန်းသလိုပြောကာ နတ်ဆိုးများကို ပို၍အရှိန်မြှင့်ကာ သတ်လေသည်။

သတ်..

သတ်...

သတ်...

သူသည် အရာအားလုံးကိုမေ့ကာ သတ်ဖြတ်ခြင်းကိုသာ အာရုံအပြည့်ထားနေ၏။

ချန်းဟွမ်သည် အလွန်အစွမ်းထက်သော စွမ်းအင်များစွာ ချဉ်းကပ်လာနေသည်ကို ခံစားမိသည်။

၎င်းတို့ထဲမှ တစ်ဦး၏ စွမ်းအင်သည် မှိန်ဖျော့၍ မှန်းဆမရအောင်နက်နဲနေသည်။

မဟာအဓိပတိ။

သေချာပေါက်ထိုသူသည် ခရမ်းရောင်တာအိုပင်ဖြစ်ရမည်။

သွားပြီ။

ထွက်ပြေးလို့တောင် မရတော့ဘူး။

ချန်းဟွမ်၏ မျက်နှာအမူအယာက ခါးသီးသွားပြီး ကံကြမ္မာဆိုးကို ခံစားလိုက်ရသည်။

သူ၏ မြစ်ကြီး မြစ်လတ် မြစ်ငယ်၏သမီးလေး မကြာမီ မွေးတော့မည် ဖြစ်ပြီး သူ မမြင်ရသေးပေ။

သူ၏ မယားငယ် ဒါဇင်ပေါင်းများစွာသည်လည်း သူ့ကိုလွမ်းဆွတ်နေကြ​ပေတော့မည်။

သူသာ ယခုနေရာတွင် သေဆုံးပါက အရောင်အသွေးစုံလင်သော လောကကြီးကိူလည်း သူမခံစားနိုင်တော့ပါ။

"အစ်ကိုကြီး၊ ငါတို့ သေတော့မယ်။ ငါ မင်းကို နောက်ဆုံးတောင်းဆိုမှု တစ်ခုတောင်းလို့ ရမလား"

ချန်းဟွမ်က အားလျော့စွာ ပြောလိုက်သည်။

"ဘာလဲ"

ကျိယွမ်၏ အသံက ဘောက်ဆက်ဆက်နိုင်နေ၏။

သူသည် မနားတမ်း သတ်ဖြတ်နေရခြင်းကြောင့် ချန်းဟွမ်ကို လှည့်ပင်မကြည့်ခဲ့ပါ။

ချန်းဟွမ်၏ မျက်နှာတွင် ဝမ်းနည်းသော အမူအရာ လွှမ်းမိုးသွားသည်။

သူက စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။

"ကျွန်တော့် တစ်သက်လုံး တစ်ကောင်ကြွက်ဘဝနေခဲ့ရတာ။ မသေခင်မှာ ကျွန်တော့်ရဲ့ မွေးစားဖခင်အဖြစ် အစ်ကိုကြီးကို အသိအမှတ်ပြုခွင့် ရမလား"

"ထွက်သွား"

ကျိယွမ်က ဒေါသထွက်ကာအော်လိုက်သည်။

သူ၏ ဓားကျိုးသည် နဂါးတစ်ကောင်နှယ် ရှေ့သို့တိုးသွားပြီး နတ်ဆိုးရာပေါင်းများစွာကို သတ်ပစ်လိုက်သည်။

အဓိပတိများ၏အရှိန်အဝါများက လျင်မြန်စွာ ချဉ်းကပ်လာနေသည်။

ချန်းဟွမ်၏ မျက်နှာက ဇီးရွက်လောက်သာကျန်တော့သည်။

"အစ်ကိုကြီး..."

ကျိယွမ်မကြားပါ သို့မဟုတ် လျစ်လျူရှုနေ၏။

သူက အရှိန်ကို အစွမ်းကုန်မြှင့်ကာ မုန်တိုင်းတိုက်သည်နှယ် ဒလမန်းကြမ်းသတ်ဖြတ်သည်။

အချိန်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသော သတိပေးချက်တစ်ခု ကျိယွမ်၏ နားထဲတွင် မြည်လာသည်။

[သင်သည် အဆင့် (၁၂၀) သို့ ရောက်ရှိသွားပြီဖြစ်၍ မူလအနှစ်သာရကို နားလည်သဘောပေါက်ရန် အခွင့်အရေးတစ်ခု ရရှိသည်။ ယခု အသုံးပြုမည်လား]

လျုဖုန်းနယ်မြေတွင် ရာစုနှစ်နီးပါး နတ်ဆိုးများကို သတ်ဖြတ်ခဲ့သည့်အပြင် အဓိပတိတစ်ဦးကိုပါ သတ်လိုက်နိုင်ခဲ့သဖြင့် ကျိယွမ်၏ အတွေ့အကြုံဘားတန်းသည် နောက်ဆုံးတွင် အဆင့် (၁၂၀) သို့ ရောက်ရှိသွားခဲ့သည်။

အဆင့် (၁၂၀) သည် နယ်နိမိတ်မျဉ်းတစ်ခု ဖြစ်သည်။

ထိုအဆင့်သို့ ရောက်ရှိခြင်းသည် အဓိပတိတစ်ပါးဖြစ်လာခြင်းကို ဆိုလိုသည်။

ယခုအချိန်တွင် ကျိယွမ်အား အဓိပတိတစ်ဝက်အဖြစ်သတ်မှတ်နိုင်သည်။

သူ၌ ကိုယ်ပိုင်မူလစွမ်းအား မရှိသေးသောကြောင့် စစ်မှန်အဓိပတိတော့ မဖြစ်သေးပါ။

"နားလည်သဘောပေါက်ခြင်းကို အသုံးပြုမယ်"။

အဆင့်တက်ခြင်းမှတစ်ဆင့် မူလစွမ်းအားကို ရရှိမည့် အခွင့်အရေးကို သူ လက်လွတ်ခံမည် မဟုတ်ပေ။

ယခုတစ်ကြိမ်တွင် သူသည် အစွမ်းအထက်ဆုံး မူလစွမ်းအင်ကို ဖန်တီးမည် ဖြစ်သည်။

သူ၏စကားဆုံးသည်နှင့် မြင်ကွင်းများ အားလုံး ရပ်တန့်သွားသည်။

ကျိယွမ် မျက်လုံးများ ပြန်ဖွင့်လိုက်သောအခါ တစ်ချိန်က ရင်းနှီးခဲ့သောအိုးကိုးလုံးတောင်ပေါ်သို့ သူ ပြန်ရောက်နေလေပြီ။

သို့သော်လည်း... ယနေ့၏အိုးကိုးလုံးတောင်သည် သူ မှတ်မိသည်နှင့် အလွန်ကွာခြားနေသည်။

နေရာတိုင်း၌ ပေါင်းပင်များနှင့်ဆူးပင်များပြည့်နေပြီး လူသူမရှိ၊ ခြောက်သွေ့ဆိတ်ငြိမ်နေသည်။

တစ်ချိန်က စည်ကားခဲ့သောအိုးကိုးလုံးတောင်သည် ယခုအခါ စွန့်ပစ်ထားသော တောနက်ကြီးတစ်ခုအလားပင်။

လူသွားလူလာကင်းမဲ့နေပြီး လမ်းကြောင်းများပင်မရှိတော့ပါ၊အားလုံးက ခြုံနွယ်ပိတ်ပေါင်းများဖြင့် လွှမ်းခြုံနေ၏။

"ဘယ်နှစ်နှစ်များ ကုန်လွန်သွားခဲ့ပြီလဲ"

ကျိယွမ်သည် ပတ်ဝန်းကျင်ကို ကြည့်ရင်း ဝမ်းနည်းစိတ်တစ်ခု ခံစားလိုက်ရသည်။

အထီးကျန်သော ခံစားချက်တစ်ခုက သူ၏ နှလုံးသားကို ဖုံးလွှမ်းသွားသည်။

သူသည် မိုးကောင်းကင်ကို မော့ကြည့်လိုက်သည်။

အတန်ကြာကြည့်နေပြီးနောက် သူ၏မျက်ဝန်းများက ခိုင်မာလာသည်။

"ငါက ရှေးဟောင်းကမ္ဘာရဲ့ သူတော်စင်အင်မော်တယ်တစ်ပါးဖြစ်ကိုဖြစ်ရမယ်၊ ပြီးတော့ အချိန်မြစ်ကို ကစားနိုင်ရမယ်"

အထီးကျန်မှုကိုမေ့ဖျောက်ပြီးနောက် ကျိယွမ်သည် အိုးကိုးလုံးတောင်ကို သူ၏နတ်ဘုရားအာရုံဖြင့် လှည့်ပတ်စစ်ဆေးလိုက်သည်။

ကံမကောင်းစွာဖြင့် ရင်းနှီးသော မည်သည့်အရာကိုမျှ သူမတွေ့ရပေ။

"စာဝါငှက်မလေးကျူးယန်၊အနန္တအသွင်ကူးပြောင်းတံခါး"

"ဒီတစ်ကြိမ်တော့ အိုးကိုးလုံးတောင်မှာ ငါနေလို့မရတော့ဘူး ထင်တယ်၊ ငါကိုယ်တိုင် လောကကို လှည့်လည်ရတော့မှာပဲ"

သူသည် အနန္တအသွင်ကူးပြောင်းတံခါးတွင်သာ မူလအနှစ်သာရကို နားလည်သဘောပေါက်နိုင်မည် ဖြစ်သည်။

ယခု အဆင့် (၁၂၀) တွင် သူ၏ ခွန်အားသည် တံခါးအတွင်းသို့ ဝင်ရန် လုံလောက်သင့်သည်ဟု ကျိယွမ်ယုံကြည်နေသည်။

တံခါးနှင့်နီးလေလေ သူ ပိုမိုမြန်ဆန်စွာ နားလည်သဘောပေါက်နိုင်လေဖြစ်ပြီး အကျိုးကျေးဇူးများ ပိုမိုရရှိလေ ဖြစ်သည်။

သွေးနီရောင်ဝတ်ရုံကို လွှမ်းခြုံထားသော ကျိယွမ်သည် အထီးကျန်ကာခြောက်သွေ့နေသော အိုးကိုးလုံးတောင်ကို ကြည့်ရင်း သတိရလွမ်းဆွတ်မှုကို ခံစားလိုက်ရသည်။

"တချို့အချိန်တွေကြတော့လည်း ၊အနားမှာ ပွစိပွစိပြောနေသူမရှိရင် တော်တော်လေးပျင်းစရာ ကောင်းသား"

သူသည် အိုးကိုးလုံးတောင်ပေါ်မှ တောင်အောက်သို့ ထွက်ခွာလာခဲ့သည်။

သူကပတ်ဝန်းကျင်ကိုလေ့လာရန် သူ၏ အရှိန်ကိုလျော့ထားသဖြင့် သာမန်ကျင့်ကြံသူတစ်ဦးနှင့်တူနေသည်။

တစ်နေရာသို့ရောက်သောအခါ ခရမ်းရောင် ဝတ်ရုံဝတ်ထားသော လူသားကျင့်ကြံသူ အချို့ ပေါ်လာကြပြီး သူ့ကို စိတ်လှုပ်ရှားစွာ ကြည့်ကြသည်။

"သွေးသခင်ရဲ့အကြွင်းအကျန်တစ်ယောက်ပဲ၊ သူ့ကို ဖမ်းကြ"

ခရမ်းရောင်ဝတ်ထားသော ကျင့်ကြံသူ (၅) ဦးသည် ကျိယွမ်ထံသို့ အပြေးအလွှား ချဉ်းကပ်လာသည်။

သူတို့သည် ခန့်မှန်းခြေအားဖြင့် တပ်မှုးအဆင့်သာ ရှိကြသည်။

ကျိယွမ်၏ မျက်နှာအမူအယာက အေးစက်သွားသည်။

"မင်းတို့ ငါ့ကို ဘယ်လို ခေါ်လိုက်တာလဲ"

ထိုအဖွဲ့ထဲမှ ခေါင်းဆောင်၏မျက်လုံးများ က တင်းမာသွားပြီး အခြားသူများကို ပြောလိုက်သည်။

"သူက သွေးသခင်ရဲ့အကြွင်းအကျန် ဟုတ်ပုံမရဘူး"

ထိုသူကသာ သွေးသခင်၏အကြွင်းအကျန်ဖြစ်ပါက သူတို့ကို မြင်သည်နှင့် ထွက်ပြေးရမည် မဟုတ်ပါလား။

" ဟုတ်ဟုတ် မဟုတ်ဟုတ် ဒီနေရာမှာ ရှိနေရင် သွေးသခင်ရဲ့အကြွင်းအကျန်ပဲ။ သူ့ကို ဖမ်းရင်လည်း ဆုလာဘ်ရလိမ့်မယ်"

မျက်နှာတွင်မှဲ့ကြီးတစ်လုံးရှိသော ခရမ်းရောင်ဝတ်ရုံဝတ် ကျင့်ကြံသူတစ်ဦးက ပြောလိုက်သည်။

ကျန်သောငါးဦးစလုံးကလည်း သဘောတူသလိုခေါင်းညိတ်လိုက်ကြပြီး သူတို့၏ မျက်နှာများက ကြမ်းတမ်းသွားသည်။

သူတို့က ကျိယွမ်ကို ကြည့်လိုက်ကြသည်။

"ညီလေး ၊ ငါတို့ကို အပြစ်မတင်ပါနဲ့၊ မင်းရဲ့ ကံမကောင်းတာကိုသာ အပြစ်တင်ပါ"

သူတို့သည် ကျိယွမ်ကို ဖမ်းဆီးရန် ရည်ရွယ်လျှက် ဘက်ပေါင်းစုံမှ စတင်တိုက်ခိုက်သည်။

ထိုအချိန်တွင် လှံရှည်တစ်ချောင်းက ရုတ်တရက် ပျံသန်းလာပြီး အနက်ရောင်ဝတ်စုံဝတ်ထားသော လူငယ်တစ်ဦး ပေါ်လာသည်။

သူ၏လှံပျံက ခရမ်းရောင်ဝတ်ရုံဝတ် ကျင့်ကြံသူတစ်ဦး၏ ရင်ဘတ်ကို ထုတ်ချင်းခတ်ထိုးဖောက်ပစ်၏။

တစ်ဆက်တည်းမှာပင် ပျံသန်းနေသော ဓားငယ်များစွာကလည်း အခြားသူများ၏နဖူးများကို ထိမှန်သွားသည်။

ခရမ်းရောင်ဝတ်ရုံဝတ် ကျင့်ကြံသူ (၅) ဦးစလုံးသည် ခုခံရန်အချိန်ပင်မရလိုက်ဘဲ လျင်မြန်စွာ ဖယ်ရှားခံလိုက်ရသည်။

"ဟွန့်၊ ခရမ်းရောင်ကောင်းကင်မဟာမိတ်အဖွဲ့ဝင်အားလုံး သေသင့်တယ်"

ဆံပင်ကို မြင်းမြီးပုံစံစည်းထားသော စကတ်တို ဝတ်ဆင်ထားသည့် မိန်းကလေးက သူရဲကောင်းစိတ်ဓာတ် အပြည့်ဖြင့် ပြောလိုက်သည်။

သူမက ဓားပျံများကို ပစ်လွှတ်၍ ခရမ်းရောင်ဝတ်စုံများကို သက်လိုက်သူ ဖြစ်သည်။

လှံကိုင်ထားသော အနက်ရောင်ဝတ် လူငယ်သည် သူမ၏ဘေးတွင် ရပ်ကာ ချီယွမ်ကို ပြောလိုက်သည်

"အစ်ကို.. ဒီလူတွေကို ကျွန်တော့် ညီမလေးနဲ့ ကျွန်တော်သတ်လိုက်ပြီ၊ခရမ်းရောင်ကောင်းကင်မဟာမိတ်အဖွဲ့က လူတွေ ထပ်မရောက်ခင် အစ်ကို မြန်မြန် ထွက်သွားသင့်တယ်"

"ကယ်တင်ပေးတာ ကျေးဇူးတင်ပါတယ်"

သို့သော်သူက ထွက်မသွားသေးဘဲ မေးလိုက်၏။

"ကျွန်တော် မေးပါရစေ၊ သွေးသခင်ရဲ့အကြွင်းအကျန်ဆိုတာ ဘာလဲ၊ ပြီးတော့ ခရမ်းရောင်ကောင်းကင် မဟာမိတ်အဖွဲ့ ဆိုတာကရော ဘယ်လိုမျိုးလဲ"

"ခရမ်းရောင်ကောင်းကင် မဟာမိတ်အဖွဲ့ကို အစ်ကိုက မသိဘူးလား"

စကတ်တိုဝတ်ထားသောမိန်းကလေး ပိုင်လော့က ကျိယွမ်ကို စိတ်ဝင်တစား ကြည့်လိုက်သည်။

"ကျွန်တော်က တောင်ပေါ်မှာပဲ ကျင့်ကြံနေတာမို့ လောကီအရေးတွေကို မသိဘူး"

ကျိယွမ်က အဆင်ပြေအောင် ပြန်ဖြေသည်။

အနက်ရောင်ဝတ်လူငယ်က ကျိယွမ်အား သတိထားပြီး အကဲခတ်လာ၏။

သူတို့သည် သွေးနီရောင်ဝတ်ရုံဝတ်ထားသူအား အဆင့်နိမ့်ကျင့်ကြံသူဟု ထင်ခဲ့သော​ကြောင့်ကူညီခဲ့ခြင်း ဖြစ်သည်။

ယခုမူ သူသည် မြင်ရသလောက် မရိုးရှင်း​နေပေ။

အနက်ရောင်ဝတ်စုံဝတ်ထားသော ဟေးယွီ က ပြောလိုက်သည်။

"ဒါက နည်းနည်းရှည်တယ်။ ငါတို့နဲ့အတူ သွားရင်း စကားပြောကြရအောင်လား"

ယခုနေရာမှာ ဆက်နေလျင် ခရမ်းရောင်ကောင်းကင်မဟာမိတ်အဖွဲ့မှ လူများကိုဖိတ်ခေါ်သလို ဖြစ်နေနိုင်သည်။

"ကောင်းပြီ"

ကျိယွမ်က ခေါင်းညိတ်လိုက်သည်။

ထိုနောက် သူတို့သုံးဦးသည် အိုးကိုးလုံးတောင်မှ လျင်မြန်စွာထွက်ခွာသွားကြသည်။

လမ်းတွင်အနက်ရောင်ဝတ်လူငယ်က သူ့ကိုယ်သူမိတ်ဆက်၏။

"ကျွန်တော့်နာမည်က ဟေးယွီပါ ၊ တောင်ပံနက်လို့လည်း ခေါ်ကြပါတယ်"

သူက ဆက်ပြောပြသည်။

"ခရမ်းရောင်ကောင်းကင် မဟာမိတ်အဖွဲ့ကို တည်ထောင်ခဲ့တာက နှစ်ပေါင်းရာချီနေပါပြီ။ခေါင်းဆောင်က ခရမ်းရောင်ကောင်းကင်ဆန်းကြယ်သခင်မဖြစ်ပြီး အနာဂတ်ကနေ လာခဲ့တာလို့ ပြောကြတယ်"

"အနာဂတ်ကလား"

ကျိယွမ် လုံးဝအံ့အားသင့်သွားသည်။

သူကလည်းအနာဂတ်ကနေ လာခဲ့သူမဟုတ်ပါလား။

ခရမ်းရောင်ကောင်းကင်ဆန်းကြယ်သခင်မဆိုသူကသည် အနာဂတ်မှလာခဲ့သူဖြစ်ပါက သူ့အတွက် ခြိမ်းခြောက်မှုဖြစ်လာနိုင်သည်။

သို့သော် ခေတ္တတွေးပြီးနောက် ကျိယွမ်ခေါင်းယမ်းလိုက်သည်။

ငါက ပလေယာလေ၊သူက NPC ပဲ။ပလေယာက NPC ကို ကြောက်စရာမှမလိုတာ။

"လွန်ခဲ့တဲ့နှစ်ပေါင်းသုံးရာလောက်က သွေးသခင်က ရုတ်တရက်ပျောက်ကွယ်သွားခဲ့တယ်။ သူ့ရဲ့နောက်လိုက်တွေက သွေးနန်းတော်ကို တည်ထောင်ခဲ့ပြီး သွေးသခင်ရဲ့ လမ်းညွှတ်မှုတွေကို ဆက်လက်ထိန်းသိမ်းပြီး နတ်ဆိုချုပ်နှောင်ရေးစွမ်းရည်ကို တစ်ကမ္ဘာလုံးကို ဖြန့်ဝေခဲ့ကြတာပေါ့"

"ဒါက ကြီးမားတဲ့ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်သင့်တယ် မဟုတ်လား၊ ဒါပေမဲ့ အဲဒီနောက်မှာ ခရမ်းရောင်ကောင်းကင်ဆန်းကြယ်သခင်မပေါ်လာပြီး သွေးသခင်က နှလုံးသားနတ်ဆိုးအားလုံးရဲ့ မူလအမြစ် ဖြစ်တယ်လို့ ကြေညာခဲ့တယ်လေ"

ဟေးယွီသည် သူ၏လှံကို တင်းကျပ်စွာဆုပ်ကိုင်လိုက်သည်။

စကတ်တိုဝတ်ထားသောမိန်းကလေး ပိုင်လော့က ဒေါသတကြီး ​ဝင်ပြောသည်။

"အဲဒီ စုတ်တီးစုတ်ပြတ် ခရမ်းရောင်ကောင်းကင်ဆန်းကြယ်သခင်မဆိုတာက သွေးသခင်ရဲ့နာမည်ကို ညစ်ညမ်းအောင် လုပ်ပြီး သူရဲ့ရည်မှန်းချက်ကို ပြည်စုံအောင်လုပ်နေတာ"

"သူက သွေးသခင်ဟာ မဟာမိစ္ဆာ ပြန်လည်ဝင်စားခြင်း ဖြစ်တာကြောင့် နတ်ဆိုးအားလုံးရဲ့မူလအရင်းအမြစ် ဖြစ်တယ်လိူ့ လူတွေကို အယုံသွင်းတယ်"

​"ပိုပြီး မရှက်မရှိပြောတာက သူမကလောကကြီးအတွက်​ဖွင့်ပြောပေးရတာဖြစ်ပြီး သွေးသခင်ကတော့ သူ့ရဲ့ အပြစ်ရှိစိတ်ကြောင့် နတ်ဆိုးချုပ်နှောင်ရေးနည်းစနစ်ဖန်တီးခဲ့တာတဲ့"

"အဲဒီလိုတဲ့လား.."

ကျိယွမ်က ယခုကိစ္စသည် ဒုက္ခရောက်နေသူများကိုကူညီပေးခဲ့သူတစ်ဦးကို ထိုသို့အကူအညီပေးသည့်အတွက် အပြစ်ရှိသည်ဟု စွပ်စွဲခြင်းမျိုးနှင့် တူသည်ဟု တွေးမိသည်။

"သွေးသခင်က မဟာနတ်ဆိုးဖြစ်နေတဲ့အတွက် သွေးနန်းတော်ကိုလည်း နတ်ဆိုးနန်းတော်လို့ စွပ်စွဲကြတယ်"

"ခရမ်းရောင်ကောင်းကင် မဟာမိတ်အဖွဲ့က သွေးနန်းတော်ကို ပစ်မှတ်ထားပြီးတိုက်ခိုက်ကြတာပဲ"

"ပြီးတော့ အဲဒီ အဖွားကြီးခရမ်းကောင်းကင် ဆန်းကြယ်သခင်မက နတ်ဆိုးချုပ်နှောင်ရေးနည်းစနစ်ကို သူ့အတွက် ယူသွားပြီး အခြားဂိုဏ်းတွေကိုပါ ဖြန့်ဝေပေးပစ်တယ်"

ပိုင်လော့က ပြောရင်းမှ အလွန်ဒေါသထွက်နေသည်။

ကျိယွမ် အခြေအနေကို နားလည်သွားလေပြီ။

ခရမ်းရောင်ကောင်းကင်မဟာမိတ်အဖွဲ့သည် နတ်ဆိုးချုပ်နှောင်ရေးနည်းစနစ်ကိုလိုချင်ခဲ့သည်။သ်ု့သော် သွေးနန်းတော်က ဂုဏ်သိက္ခာကြီးမားနေသောကြောင့် နာမည်အရင်ဖျက်ပြီးမှ အပိုင်စီးခဲ့ကြခြင်းပင်။

ထို့ကြောင့် သူတို့က ကျိယွမ်ကို မဟာနတ်ဆိုးအဖြစ် အများယုံအောင် ဘရိန်းဝက်ရှ်ခဲ့ကြခြင်း ဖြစ်သည်။

"မင်းတို့ နှစ်ယောက်က သွေးနန်းတော်ကလား"

"ဟုတ်ပါတယ်"

ဟေးယွီက ချီတုံချတုံဖြစ်သော်လည်း ခေါင်းညိတ်လိုက်သည်။

"သွေးနန်းတော်အခြေအနေက အခု ဘယ်လိုဖြစ်နေပြီလဲ"

ကျိယွမ်သည် စာဝါငှက်လေးကျူးယန်ကို စိုးရိမ်နေပြီး သူမ လုံခြုံပါစေဟု မျှော်လင့်မိသည်။

"သွေးနန်းတော်က အခြေအနေ မကောင်းဘူး၊ ဒေသတစ်ခုတည်းမှာပဲ ကန့်သတ်ခံထားရတယ်"

ပိုင်လော့က ​လက်ရှိအခြေအနေကို ​ရှင်းပြသည်။

"သွေးနန်းတော်မှာ စာဝါငှက်လေးတစ်ကောင်ရှိလား၊ သူမရော ဘယ်လိုနေလဲ"

ကျိယွမ်က စိုးရိမ်တကြီး မေးလိုက်သည်။

ဟေးယွီက ကျိယွမ်အား အလွန်သတိထားဟန်ဖြင့် ကြည့်လိုက်သည်။

"အကြီးအကဲကျူးယန်အကြောင်းကို အစ်ကို ဘယ်လိုသိတာလဲ၊ အစ်ကိုကရော သွေးသခင်ရဲ့ နောက်လိုက်လား"

ပိုင်လော့၏ မျက်လုံးများ ပြူးကျယ်လာသည်။

"မဟုတ်ဘူး ၊အစ်ကိုက သွေးသခင်ရဲ့ တပည့်လား"

ကျိယွမ် စိတ်သက်သာရာရသွားပြီး သက်ပြင်းချသည်။

သူတို့၏ တုံ့ပြန်မှုကို ကြည့်ခြင်းအားဖြင့် စာဝါငှက်မလေး ရှိနေသေးပြီး လုံခြုံမည်ဟု ယူဆရသည်။

ဒါဆို အားလုံး အဆင်ပြေပြီ။

"ငါကသွေးသခင်ရော ဖြစ်မနေနိုင်ဘူးလား"

ထိုစကားကြောင့် ဟေးယွီကြောင်တောင်တောင်ဖြစ်သွားသည်။

ပိုင်လော့က လျင်မြန်စွာ ဝင်ထောက်သည်။

"ဒါက နောက်စရာ မဟုတ်ဘူး၊သွေးသခင်ကို မစော်ကားပါနဲ့"

"အိုး"

ကျိယွမ်သည် သူတို့၏တုံ့ပြန်မှုကြောင့် အံ့အားသင့်သွားသည်။

ပိုင်လော့က ရှင်းပြသည်။

"ခရမ်းရောင်ကောင်းကင်ဆန်းကြယ်သခင်မက ကံကြမ္မာကျောက်တုံးလို့ခေါ်တဲ့ ကမ္ဘာရတနာတစ်ခုကို ပိုင်ဆိုင်ထားလို့ အဖြစ်အပျက်အားလုံးကို ထိန်းချုပ်ထားတယ်"

"ကံကြမ္မာ ကျောက်တုံးတဲ့လား"

ကျိယွမ် တစ်ခါမှ မကြားဖူးခဲ့ပါ။

"ဗုဒ္ဓမွေးဖွားချိန်မှာ ပန်းတွေပွင့်ပြီး ဇူလိုင်လမှတောင် နှင်းတွေကျလာတယ်တဲ့။"

"ကံကြမ္မာကျောက်တုံးဆိုတဲ့ရတနာတစ်ခုကလည်း ဗုဒ္ဓနဲ့အတူမွေးဖွားလာခဲ့တယ်"

"ဒီကျောက်တုံးဟာ ကမ္ဘာ့ရတနာဖြစ်ပြီး အနာဂတ်နဲ့ အတိတ်ကို မြင်နိုင်တယ်လို့ ဆိုကြတယ်"

"ကံကြမ္မာကျောက်တုံးကနေတစ်ဆင့် ခရမ်းရောင်ကောင်းကင်ဆန်းကြယ်သခင်မက သွေးသခင်ဟာ ကမ္ဘာလောကမှာ မရှိတော့တဲ့အကြောင်း သိခဲ့တာ"

"ဒီအချက်က သူ့ကို သွေးနန်းတော်ကို ပစ်မှတ်ထားဖို့ သတ္တိရလာစေတာပဲ"

"ကံကြမ္မာကျောက်တုံးရဲ့ဟောပြောချက်အရ သွေးသခင်ဟာ မဟာနတ်ဆိုး ဖြစ်တယ်လို့ ခရမ်းရောင်ကောင်းကင် မဟာမိတ်အဖွဲ့က​ ​အတိအလင်းကြေငြာခဲ့တယ်"

ပိုင်လော့က ဒေါသထွက်နေသည်။

ဟေးယွီက ဖြည့်စွတ်ပေး၏။

"နတ်ဆိုးချုပ်နှောင်နည်းစနစ်ကို ဖန်တီးတာက သွေးသခင်ရဲ့စွမ်းအင်တွေကို ကုန်ခန်းစေခဲ့တယ်။ သူ သေဆုံးသွားတာက... အကျိုးအကြောင်းအရ ဖြစ်နိုင်ပါတယ်"

"ကံကြမ္မာကျောက်တုံးက သွေးသခင် သေဆုံးသွားပြီလို့ ကြေညာလိုက်တဲ့အခါ သွေးနန်းတော်က ဝမ်းနည်းစွာနဲ့ ခမ်းနားတဲ့ ဈာပနတစ်ခုကို ကျင်းပခဲ့ကြတယ်"

"ငါ မသေသေးဘူးလေ၊ ငါ့အတွက်အသုဘပွဲကျင်းပတာကတော့ တော်တော်ဆိုးတာပေါ့"

ကျိယွမ်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

"စာဝါငှက် အခုဘယ်မှာလဲ"

"စာဝါငှက်အကြီးအကဲက ဈာပနပွဲကို မတက်ခဲ့ဘူး။ သူမက ဝမ်းနည်းပူဆွေးလွန်းလို့ သွေးသခင်သေဆုံးသွားပြီဆိုတာကို လက်မခံနိုင်ခဲ့တာဖြစ်ပုံရပါတယ်"

"အခု စာဝါငှက်အကြီးအကဲနဲ့ အခြားအကြီးအကဲတွေဟာ ကမ္ဘာမြေအဆုံးပိုင်းမှာ ရှိပါတယ်"

ကမ္ဘာမြေအဆုံးပိုင်းသည် အိုးကိုးလုံးတောင်မှ အလှမ်းဝေးလွန်းလှသည်။

လျူဖုန်းနယ်မြေ၏ အစွန်ဆုံးနယ်နိမိတ်တွင် ရှိနေခြင်းဖြစ်သည်။

"ဒီနှစ်တွေတစ်လျှောက်လုံး ခရမ်းရောင်ကောင်းကင်မဟာမိတ်အဖွဲ့က သွေးနန်းတော်က ကျင့်ကြံသူတွေကို မနားတမ်းလိုက်လံဖမ်းဆီးနေပြီး အကြီးအကဲ ရှန်ရန်ရန်ရဲ့ ထူးခြားတဲ့ခွန်အားကြောင့်သာ မဟုတ်ရင် သွေးနန်းတော်ဖျက်ဆီးခံရမှာ ကျိန်းသေပဲ"

"အခြေအနေဆိုးတွေကြောင့် သွေးနန်းတော်ဟာ ကမ္ဘာမြေအစွန်းပိုင်းကို မဖြစ်မနေဆုတ်ခွာခဲ့ရတယ်"

ပိုင်လော့က ပြောရင်းပြောရင်းမှ ဒေါသထွက်လွန်း၍ အသားများပင်နီရဲလာသည်။

သူမက မဟာမိတ်အဖွဲ့ကို စိစိညက်ညက်ချေပစ်ချင်လောက်အောင် မုန်းတီးနေမှန်း သိသာ၏။

ဟေးယွီက အရေးအကြီးဆုံးကိစ္စကို ထပ်ပေါင်းသည်။

"လွန်ခဲ့တဲ့သုံးလက ခရမ်းရောင်ကောင်းကင် မဟာမိတ်အဖွဲ့ဟာ အဓိကဂိုဏ်းကြီး (၇) ခုနဲ့အတူ သွေးနန်းတော်ကိုသုတ်သင်ဖို့ စစ်တပ်တစ်ခုကို ကမ္ဘာမြေအဆုံးပိုင်းဆီ စေလွှတ်လိုက်ပြီ"

ကျိယွမ်၏ မျက်နှာကမှုန်မှိုင်းသွားလေသည်။သူက စိတ်မကောင်း ဖြစ်သွား၏။

"ငါ ကြည့်လို့ရတဲ့ မြေပုံတွေဘာတွေ ရှိလား"

"ကျွန်မမှာ ရှိတယ်"

ပိုင်လော့က တွန့်ကြေနေသော မြေပုံတစ်ခုကို ထုတ်ပေးလိုက်သည်။

ကျိယွမ်က လျှင်မြန်စွာ ဖွင့်ကြည့်လိုက်သည်။

မြေပုံသည် ရိုးရှင်းသော်လည်း အသုံးဝင်၏။

အိုးကိုးလုံးတောင်သည် လျူဖုန်းနယ်မြေမြောက်ဘက်အစွန်းတွင် တည်ရှိသည်။

ခရမ်းရောင်ကောင်းကင်မဟာမိတ်အဖွဲ့သည် လျူဖုန်းနယ်မြေ၏ အလယ်ဗဟိုချက်တွင် ရှိနေသည်။

ကမ္ဘမြေအစွန်းပိုင်းကတော့ တောင်ဘက်ဆုံးတွင် ရှိလေသည်။

အိုးကိုးလုံးတောင်မှ ကမ္ဘာမြေအစွန်းပိုင်းသို့ ခရီးသွားခြင်းသည် လျူဖုန်းနယ်မြေကြီးတစ်ခုလုံးကို ဖြတ်ကျော်ရမည်ဟု ဆိုလိုသည်။

တည့်တည့်သွားပါက ခရမ်းရောင်ကောင်းကင်မဟာမိတ်အဖွဲ့ကို အရင်ဆုံးဖြတ်ကျော်ရမည် ဖြစ်သည်။

"မင်းတို့ နှစ်ယောက်လုံးကို ကျေးဇူးတင်သည်"

အခြေအနေကို နားလည်သွားသောအခါ ကျိယွမ်သည် ထွက်ခွာရန် အချိန်တန်ပြီဟု ဆုံးဖြတ်လိုက်သည်။

"မင်းတို့နှစ်ယောက်ကို လက်ဆောင်သေးသေးလေးတစ်ခု ပေးခဲ့မယ်"

ကျိယွမ်သည် သွေးနီရောင်အရည်တစ်စက်ကို ဖန်တီးလိုက်ပြီး နှစ်ပိုင်းခွဲကာ သူတို့ကို ပေးလိုက်သည်။

ထို့နောက် သူ၏ပုံရိပ်သည် ပျောက်ကွယ်သွားလေသည်။

ဟေးယွီနှင့်ပိုင်လော့တို့မှာ ထိတ်လန့်တကြားဖြင့် တစ်ယောက်ကိုတစ်ယောက်အပြန်အလှန် ကြည့်လိုက်မိကြသည်။

"သူက အရှင်သခင်အဆင့် ဖြစ်ရမယ်"

"သူက တိုင်းပြည်အစောင့်အဆင့်တစ်ယောက်လည်း ဖြစ်နိုင်မလား"

သူတို့နှစ်ယောက်မှာလည်း မရေမရာမေးခွန်းများဖြင့် အိုးကိုးလုံးတောင်မှ ထွက်ခွာခဲ့ကြသည်။

နာရီဝက်ခန့်ကြာပြီးနောက်မှာတော့ သူတို့သည် ရွာငယ်လေးတစ်ရွာသို့ ပြန်ရောက်လာ၏။

ဒေါသတကြီးဆူငေါက်သံတစ်ခုက သူတို့ကို ကြိုဆိုလိုက်သည်။

"မင်းတို့ နှစ်ယောက် ထပ်ထွက်သွားပြန်ပြီလား"

အဖိုးအိုတစ်ဦးပေါ်လာပြီး သူ၏ပုံစံက ဒေါသအပြည့်ဖြင့် ရှိနေသည်။

အဘိုးအိုကို မြင်သောအခါ ဟေးယွီနှင့်ပိုင်လော့တို့ ကြောက်ရွံ့သွားကြသည်။

အဖိုးအိုသည် သူတို့၏ ဆရာ ဖြစ်လေသည်။

"ဆရာ၊ ကျွန်တော်တို့ ပြဿနာ မရှာပါဘူး၊ ကောင်းမှုလုပ်ခဲ့တာပါ! ဒီနေ့ ခရမ်းရောင်ကောင်းကင် မဟာမိတ်အဖွဲ့ဆီကနေ သွေးနန်းတော်ကလူတစ်ယောက်ကိုတောင်ကယ်တင်ခဲ့တယ်"

ပိုင်လော့က လျှာကလေးတစ်လစ်ထုတ်ပြီး ကြွားလိုက်သည်။

အနည်းငယ်ရင့်ကျတ်ပုံရသောဟေးယွီကတော့ တိတ်ဆိတ်နေသည်။

သူမ၏စကားကို ကြားသောအခါ အဖိုးအို အနည်းငယ် စိတ်အေးသွားသည်။

"ငါ နင်တို့ကို အကြိမ်ကြိမ် ပြောခဲ့တယ်၊ အပြင်မထွက်ကြနဲ့လို့၊ ခရမ်းရောင်ကောင်းကင်မဟာမိတ်အဖွဲ့က ငါဒီမှာ ရှိနေတာကို သိသွားရင် မင်းတို့ ငါ့ကို ဘယ်တော့မှ ပြန်တွေ့ရမှာ မဟုတ်ဘူး"

"ဆရာ၊ ကျွန်တော်တို့ သိပါတယ်"

"ဆရာက ခရမ်းရောင်ကောင်းကင် မဟာမိတ်အဖွဲ့ရဲ့ အလိုရှိစာရင်းမှာ အရေးပါတဲ့ပုဂ္ဂိုလ်ဖြစ်တယ်၊ သူတို့က ဆရာ့ကို တန်ဖိုးထားတာပဲ မဟုတ်လား"

ပိုင်လော့က အဘိုးအိုအနီးသို့ကပ်သွားကာ ချစ်စဖွယ်ချော့မော့လိုက်သည်။

အဘိုးအိုက ပခုံးတွန့်လိုက်သည်။

"ခရမ်းရောင်ကောင်းကင်မဟာမိတ်အဖွဲ့က ဘာမှ အသိဉာဏ်မရှိဘူး။ ငါက အိုးကိုးလုံးတောင်မှာ သွေးသခင်ရဲ့တရားတော်တွေကို နားထောင်ဖို့ ထိပ်ဆုံး တစ်ရာထဲမှာ ပါခဲ့တာ၊ ဒါပေမဲ့ သူတို့က ငါ့ကို အလိုရှိစာရင်းမှာ အဆင့် ၄၂၆ မှာပဲထားတယ် ရယ်စရာကောင်းလိုက်တာ"

ပိုင်လော့က အနည်းငယ်မဲ့ကာ ပြုံးလိုက်သည်။

သူတို့၏ဆရာသည် အရာရာတွင် ကောင်းသော်လည်း အကြွားသန်ခြင်းကတော့ သူ၏အားနည်းချက်ပင်။

တစ်ခါတစ်ရံတွင် သူ၏ဂုဏ်ကျက်သရေရှိသောအတိတ်ကို ပြန်ပြောပြလေ့ရှိပြီး သွေးသခင်၏အဆုံးအမများကို နားထောင်ရာတွင် ထိပ်ဆုံးတစ်ရာထဲတွင် ပါဝင်ခဲ့သည်ဟု ဆိုလေ့ရှိသည်။

နောက်ပိုင်းတွင် သူက စိတ်ဖောက်ပြန်သလို ဖြစ်လာပြီး ထိုကိစ္စကို မည်သူ့ကိုမှ မပြောရန် ​အကြိမ်ကြိမ်တားမြစ်ပြန်သည်။ မဟုတ်ပါက မဟာမိတ်အဖွဲ့သည် သူ့ကို လာခေါ်လိမ့်မည်ဟု ဆို၏။

ပိုင်လော့က စနောက်လိုက်သည်။

"ဆရာ၊ ဒီနေ့ ကျွန်တော်တို့ အိုးကိုးလုံးတောင်ခြေမှာ အကြီးအကဲတစ်ဦးနဲ့ တွေ့ခဲ့တယ်"

"သူက ဆရာနဲ့အတူ သွေးသခင်ရဲ့ဟော​ပြောချက်တွေကို နားထောင်ခဲ့ဖူးသူ ဖြစ်ကောင်းဖြစ်နိုင်တယ်"

"ကြည့်ရတာတော့ သူကထူးခြားပုံပဲ၊ဧကန္တ ဆရာ့ထက် အဆင့်ပိုမြင့်တဲ့သူ ဖြစ်နိုင်တယ်"

"ဘာကွ..အဓိပ္ပါယ်မရှိတာ"

ခန့်မှန်းထားသည့်အတိုင်း အဘိုးအိုက ဒေါသတကြီး ဖြစ်သွားသည်။

"မဖြစ်နိုင်ဘူး၊ငါ့ထက် အဆင့်မြင့်တဲ့သူတွေက ကမ္ဘာမြေအဆုံးပိုင်းကို သွားကုန်ပြီ၊ သွေးသခင်နဲ့ ငါ့ထက် ပိုနီးစပ်နိုင်တဲ့သူ ဘယ်သူမှ မရှိနိုင်ဘူး! ဒီလူက လူလိမ် ဖြစ်ရမယ်"

"သူ ဘယ်လို ပုံပန်းသဏ္ဍာန်လဲ ပြော၊ ငါ သူ့ကို ဖော်ထုတ်မယ်"

----------------

All Chapters