← Chapters

ငါ လှလှပပ စောင့်နေမယ်

Vol. 9 Ch. 116

ငါ လှလှပပ စောင့်နေမယ်

Vol. 9 Ch. 116

"ဟွန့်၊ ငါတို့ ခရမ်းရောင်ကောင်းကင်မဟာမိတ်ထဲမှာ ပုန်းအောင်းနေတဲ့ အကြွင်းအကျန်တွေ၊ တကယ်ကို ရွံစရာကောင်းတယ်"

သူမ၏ လက်ဝါးရိုက်ချက်ကြောင့် ပြင်းထန်စွာဒဏ်ရာရသွားသော်လည်း သစ္စာဖောက်ကို ဖမ်းဆီးနိုင်ခြင်းမရှိခဲ့ပါ။

"ဒီအနီရောင်အလင်းက သွေးသခင် ရဲ့ လက်ချက်လား မသိဘူး"

အဓိပတိတစ်ဦးက မျက်လုံးများတွင် လေးနက်သော အမူအရာဖြင့် ပြောကြားလိုက်သည်။

သွေးနန်းတော်အဖွဲ့ဝင်သည် ဒဏ်ရာရရှိသွားသော်လည်း ချက်ချင်းလွတ်မြောက်သွားနိုင်သည်မှာ ထိုသွေးနီတစ်စက်ကြောင့်ပင်။

"ငါ အရင်က အဲဒီသွေးတစ်စက်ကိုရဖူးတယ်၊ကံကြမ္မာကျောက်တုံးက အဲဒီသွေးစက်ဟာ မဟာနတ်ဆိုးရဲ့သွေးစက်ဖြစ်တယ်လို့ ဖော်ပြခဲ့တယ်"

ခရမ်းရောင်ကောင်းကင်ဆန်းကြယ်သခင်မက သတ်ဖြတ်လိုစိတ်များပြည့်နေသောမျက်ဝန်းဖြင့် အဝေးသို့ကြည့်ကာ ပြောလိုက်သည်။

ကံကြမ္မာကျောက်တုံးဟူသော အသံကိုကြားသောအခါ အဓိပတိများ၏မျက်လုံးများကအနည်းငယ်လှုပ်ရှားသွားပြီး သူတို့၏စိတ်ထဲတွင် လောဘစိတ်များထွက်ပေါ်လာသည်။

ကံကြမ္မာကျောက်တုံးသည် ကမ္ဘာ့အထွတ်အထိပ်ရတနာတစ်ခုဖြစ်ပြီး ခရမ်းရောင်ကောင်းကင်ဆန်းကြယ်သခင်မ၏ အောင်မြင်မှုများသည် ထိုအရာနှင့်ဆက်စပ်နေ၏။

ကံကြမ္မာကျောက်တုံးကိုပိုင်ဆိုင်ထားသောကြောင့် လျူဖုန်းနယ်မြေတွင် သူမ၏တိုက်ခိုက်ရေးစွမ်းအားသည် အမြင့်ဆုံးဖြစ်နေခြင်းပင်။

ထို့ပြင် ကံကြမ္မာကျောက်တုံးက သူမ၏သြဇာအာဏာကိုအတည်ပြုရန် ကိရိယာတစ်ခု လည်း ဖြစ်လာသည်ဟုဆိုနိုင်သည်။

သွေးသခင်သည် မဟာနတ်ဆိုး ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အရေးမကြီးပါ။

အရေးကြီးသည်မှာ ကံကြမ္မာကျောက်တုံးက သွေးသခင်ကို မဟာနတ်ဆိုးအဖြစ်ဖော်ပြသည်ဟု ကြေညာလိုက်ခြင်းပင်ဖြစ်သည်။

ထို့သက်သေပြချက်ကြောင့် သွေးသခင်သည် ကောင်းကင်အောက်မှလူအားလုံး၏ ဘုံရန်သူ မဟာနတ်ဆိုး ဖြစ်သွားတော့သည်။

..........................

ကမ္ဘာမြေ၏အဆုံးတွင်ရှိသော သွေးနန်းတော်အတွင်း၌ ဖြစ်သည်။

နေမထွက်သေးသော်လည်း မှိန်ပျပျ အလင်းရောင်တစ်ခုရှိနေပြီဖြစ်သောကြောင့် မကြာမီနံနက်ခင်းသို့ ရောက်ရှိလာတော့မည့်အချိန်ပင်။

ကမ္ဘာမြေအဆုံးပိုင်းတွင် မိုးသောက်ယံအချိန်သည် အခြားဒေသများထက် စောလျှင်စွာရောက်လာသည်။

ပန်းကုံးများဖြင့်အလှဆင်ထားသော အခန်းတစ်ခန်းအတွင်း၌ ဆီးနှင်းကဲ့သို့ဖြူစင်သော ပါးပြင်များရှိပြီး လှပသောအနက်ရောင်ဆံနွယ်နက်များကို ပိုင်ဆိုင်ထားသည့် မိန်းမပျိုလေးတစ်ဦးသည် မှန်ထဲ၌ကြည့်ကာ ကွေးညွတ်သောမျက်ခုံးလေးများကို ဂရုတစိုက် ဆေးခြယ်နေသည်။

အချိန်အနည်းငယ်အတွင်း အနည်းငယ်ဖြူဖျော့နေသောမျက်နှာသည် လှပသောအသွင်အပြင်သို့ ပြောင်းလဲသွားသည်။

လိပ်ပြာပုံများဖြင့် ပန်းထိုးထားသော ပိုးထည်ဝတ်စုံကိုဝတ်ဆင်ထားသော သူမ၏ခန္ဓာကိုယ်လေးကလည်း ကျော့ရှင်းကာ လှပနေ၏။

နံနက်တိုင်းခင်းတိုင်းတွင် ကျူးယန်သည် စောစောထပြီး သူမ၏မျက်ခုံးများကို အသေးစိတ် ဂရုတစိုက်ဆေးခြယ်လေ့ရှိသည်။

နှစ်ပေါင်းသုံးရာကြာပြီးနောက်တွင်ပင် အိုးကိုးလုံးတောင်မှာရှိစဥ်ကအတိုင်း သူမသည် လှပမှုကိုနှစ်သက်မြတ်နိုးဆဲဖြစ်ပြီး သူမ၏ရုပ်ဆင်းသွင်ပြင်ကို အထူးဂရုစိုက်ဆဲ ဖြစ်သည်။

"အစ်မကျူးယန်၊ အရူးတာအို ရုတ်တရက်ပြန်ရောက်လာပြီလို့ ကြားတယ်"

ကြည်လင်ပြတ်သားပြီးအရေးတကြီးနိုင်သောလေသံဖြင့် မိန်းကလေးတစ်ဦးက အခန်းအပြင်ဘက်မှ ခေါ်လိုက်သည်။

"ဒါပေမဲ့ ဒဏ်ရာပြင်းပြင်းထန်ထန်ရလာပြီး ရောက်ကတည်းက စကားတစ်ခွန်းမှမပြောနိုင်ဘဲ သတိမေ့နေတယ်။ သွားကြည့်ချင်လား"

"မကြည့်ဘူး"

သို့သော် ကျူးယန်၏တောက်ပသောမျက်ဝန်းများတွင် စိုးရိမ်စိတ်များယှက်သိုင်းသွားသည်။

"ဘာဖြစ်လာတာတဲ့လဲ"

"အစ်မရန်ရန်​က အရူးတာအိုဟာ ခရမ်းရောင်ကောင်းကင်မဟာမိတ်မှာ သူလျိုလုပ်နေတာလို့ပြောပါတယ်၊ သူ ရုတ်တရက်ကြီး အသက်လုပြီး ပြန်လာတာဟာ အရေးကြီးတဲ့ သတင်းတစ်ခုခုရှိမလားမသိဘူး၊ ခရမ်းရောင်ကောင်းကင်မဟာမိတ်က မကြာခင်မှာပဲ ကျွန်မတို့သွေးနန်းတော်ကို ရောက်လာတော့မယ်လို့ ထင်တယ်"

မိန်းကလေး၏အသံတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်။

"အစ်မကျူးယန်၊ ခန်းမထဲက အရူးတာအိုကို သွားကြည့်ကြမလား"

"ငါမသွား....."

ကျူးယန်၏အသံကတစ်ဝက်တစ်ပြတ်နှင့်ရပ်တန့်သွားသည်။

"ဟင်..အစ်မကျူးယန်..ဘာလို့"

မိန်းကလေးမှာ ရုတ်တရက် အံ့သြသွားသည်။

ကျူးယန်သည် ကြာပန်းကဲ့သို့နုညံ့သော သူမ၏ခြေထောက်လေးများပေါ်သည်အထိစကတ်ကိုပင့်တင်ကာ ဖိနပ်မပါဘဲ အခန်းထဲမှ အလန့်တကြား ပြေးထွက်သွားသည်ကို သူမ တွေ့လိုက်ရသည်မဟုတ်ပါလား။

မိန်းမပျိုလေး ရှုပ်ထွေးသွားသည်။

အစ်မကျူးယန်က ဘာလို့ဒီလောက်အလျင်လိုနေရတာလဲ။

သွေးနန်းတော် အပြင်ဘက်တွင်ရှိသော ပင်လယ်သည်အဆက်မပြတ် ဆူပွက်နေသည်။

သွေးရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် အဝေးမှရောက်လာသော ပုံရိပ်ကိုမြင်သောခါ အနည်းငယ်ပြုံးပြီး ထိုနေရာသို့ ပျံသန်းသွားသည်။

"သွေးပုလဲ "

မိန်းမပျို၏မျက်နှာသည် ​ပြောမပြနိုင်သော စိတ်လှုပ်ရှားမှုများဖြင့်ပြည့်နှက်နေပြီး သူမ၏ မျက်လုံးများက မျက်ရည်များဖြင့် ဝေ့ဝါးလာသည်။

သူမက စကတ်ကို မ'တင်ရင်း အစွမ်းကုန်ပြေးလွှားပြီး သွေးရောင်ဝတ်ရုံဝတ်ထားသောအမျိုးသား၏ ရင်ခွင်ထဲသို့ ပြေးဝင်လိုက်သည်။

သူမသည် သူမ၏ ပုံရိပ်ကိုပင် ဂရုမစိုက်တော့ပါ။

သူမ၏ လှပသောခြေတံရှည်များဖြင့် ကျိယွမ်၏ခါးကို တင်းတင်းကြပ်ကြပ်ညှပ်လျှက် ကိုအာလာဝက်ဝံလေးတစ်ကောင်ကဲ့သို့ သွေးရောင်ဝတ်ရုံကို တွယ်ကပ်ပစ်လိုက်သည်။

"ငါ သိတယ်၊ ငါ့ကိုလာတွေ့ဖို့ နင်ပြန်လာမယ်ဆိုတာ ငါသိတယ်"

သူမအသံသည် တုန်ယင်နေပြီး ရှိုက်သံများနှင့်အတူ မျက်ရည်များကျဆင်းလာသည်။

"တောင်းပန်ပါတယ်၊ ငါနောက်ကျသွားတယ်"

ကျိယွမ်က သူမ၏ပေါင်ကိုလက်တစ်ဖက်ဖြင့်ထိန်းကိုင်ပေးထားပြီး ကျန်လက်တစ်ဖက်ဖြင့် သူမ၏ ကျောကိုပွတ်သပ်ကာ နှစ်သိမ့်ပေးလိုက်သည်။

ထို့အပြင် မပြောင်းလဲသော သူမ၏အလှကို မြင်ရသောကြောင့် သူပျော်ရွှင်စွာ ပြုံးလိုက်သည်။

ယောက်ျားတစ်ယောက်၏ အတ္တဟူသည်မှာ ထိုသို့ပင်တည်း။

ကျိယွမ်၏ရင်ခွင်ထဲတွင် အတင်းတွယ်ကပ်နေသော ကျူးယန်မှာ မျက်ရည်များတိတ်သွားသော်လည်း သူ့ကိုဆက်လက် တွယ်ကပ်နေပြီး လွှတ်ပေးရန်ဆန္ဒရှိပုံမရချေ။

သူမ၏မျက်နှာသည် မက်မွန်ပန်းကဲ့သို့ နီရဲလာပြီး ကျိယွမ်အားစေ့စေ့စပ်စပ်ကြည့်နေ​သည်။

"နင်က ပိုပြီးတောင် ချောလာသေးတယ်. ကံကောင်းလို့ ဒီမနက် အလှပြင်ထားလို့ပေါ့၊ မဟုတ်ရင် နင့်ထက်မလှဘဲ ဖြစ်နေတော့မှာ"

ကျိယွမ်က သူမ၏နှာခေါင်းလှလှလေးကို ချစ်စနိုးဖျစ်ညှစ်လိုက်သည်။

"နင်ကတော့ အရင်အတိုင်းအလှကြိုက်နေတုန်းပဲ"

ကျိယွမ်က ရယ်မောနေရာမှ တစ်ခုခုကိုသတိရသလို ပြောသည်။

"နင်မမြင်လို့ ..လမ်းတစ်လျှောက်လုံးမှာ လူတွေက ငါ့ကို အရမ်းကြောက်နေကြတာ"

"ဟွန့်၊ အဲဒီလူတွေက မျက်စိကန်းနေလို့ပေါ့"

သူမက ဂုဏ်ယူနေသောအသံဖြင့် ဝင့်ကြွားစွာပြောလိုက်သည်။

"တောင်တန်း ဆယ့်ရှစ်ခုထဲမှာ ငါကအလှဆုံး အမျိုးသမီး၊ ပြီးတော့ နင်သွေးပုလဲက တောင်တန်းဆယ့်ရှစ်ခုထဲမှာ အခန့်ညားဆုံး အမျိုးသားပဲ"

ကျိယွမ်သည် သူမ၏အသံကို နားထောင်ရင်း တဟားဟားအော်ရယ်ကာ သူမအား တင်းကြပ်စွာတိုးဖက်လိုက်သည်။

သူမကို ပွေ့ဖက်ထားရင်းမှ ကျိယွမ်သည် တဝုန်းဝုန်းဆူပွတ်နေသော ပင်လယ်ပြင်ကို ကြည့်လိုက်သည်။

ယခူအချိန်၌ ပင်လယ်ထဲတွင် ခမ်းနားသော တံခါးပေါက်ကြီးတစ်ခု ရှိနေသည်။

ကျူးယန်သည် ထိုတံခါးပေါက်ကြီးကြည့်ကာ အနည်းငယ်မှင်သက်သွားပုံရသည်။

ထိုအခိုက် ကျိယွမ်က ကျူးယန်၏ ခြေထောက်လေးကိုရုတ်တရက် ကိုင်ကြည့်ကာ ဖုန်များကို သုတ်ပေးလိုက်သည်။

"ညစ်ပတ်နေပြီ၊ ဆေးမှရမယ်"

နွေးထွေးသောခံစားမှုက ကျူးယန်ကိုရှက်သွားစေသည်။

သူမသည် ကျိယွမ်ကို ကြည့်ပြီး "ငါ အရေးတကြီး ပြေးလာတာနဲ့၊ ဖိနပ်ကို မစီးခဲ့ရဘူး... ငါရဲ့ ခြေထောက်ကို မထိနဲ့၊ ယားတတ်တယ်" ဟု ပြောလိုက်သည်။

ကျိယွမ်သည် သူမကို ပင်လယ်ထဲရှိ ကျောက်တုံးကြီးတစ်တုံးပေါ်တွင် တင်ပေးလိုက်ပြီး သူတို့နှစ်ဦးသည် ဘေးချင်းကပ်လျက် ခမ်းနားသောတံခါးပေါက်ကြီးကို မျက်နှာမူကာ ထိုင်နေကြသည်။

[သင်သည် အနှစ်သာရကို နားလည်သဘောပေါက်ပြီ၊ ဗီဇပြောင်းလဲခြင်းစွမ်းရည် +၁၀၀၀]

[သင်သည် အနှစ်သာရကို နားလည်သဘောပေါက်ပြီ၊ ရေထိန်းချုပ်နိုင်စွမ်း +၁၀]

ကျိယွမ်သည် သူအိုးကိုလုံးတောင်သို့ ပထမဆုံးအကြိမ်ရောက်ခဲ့သောအချိန်ကိုပြန်လည်သတိရမိသည်။

ထို့စဥ်က ယခုလိုပင် စာဝါငှက်လေးသည် သူ၏ဘေးတွင်ထိုင်နေပြီး အနန္တအသွင်ကူးပြောင်းတံခါးကို နားလည်သဘောပေါက်ခဲ့သည်။

သို့သော်ယခုအချိန်မှာတော့ ထိုငှက်မလေးက ကျူးယန်ဟူသောမိန်းမပျိုလေးဖြစ်နေခဲ့လေပြီ။

ကျိယွမ်က ကျူးယန်အား သဘောကျသလိုကြည့်နေသောကြောင့် သူမက မလုံမလဲဖြစ်သွားသည်။

"သွေးပုလဲ၊ နင် ငါ့ကို လိမ်နေတယ်လို့ ထင်တယ်"

ကျူးယန်မကျေမနပ် ပြောလိုက်သည်။

"ဘာကို လိမ်နေတာလဲ"

"နင် လိမ်တာလေ ၊ ဒီတံခါးကြီးကို နားလည်သဘောပေါက်ရင် ငါပိုပိုလှလာမယ်လို့ ပြောတာ၊ အဲဒါ မမှန်ဘူး ၊ ငါ နှစ်ပေါင်းများစွာ နားလည်သဘောပေါက်ခဲ့ပေမဲ့ ဘာမှ အကျိုးသက်ရောက်မှု မရှိဘူး"

"ပြီးတော့... ပြီးတော့ လူတိုင်းက ဒီတံခါးကြီးဟာ မကောင်းတဲ့တံခါး၊ မဟာနတ်ဆိုးရဲ့ နှလုံးသားနတ်ဆိုးပါဝင်နေတဲ့ တံခါးလို့ ပြောကြတယ်"

သူမက စိုးရိမ်လွန်းသအကြည့်ဖြင့် ကျိယွမ်အားကြည့်ကာ သတိပေးလိုက်သည်။

"အဲဒါကို အဆက်မပြတ် နားလည်သဘောပေါက်နေရင် မဟာနတ်ဆိုးရဲ့ နှလုံးသားနတ်ဆိုး ဝင်ပူးနိုင်တယ်"

ကျိယွမ်က သူ၏မျက်လုံးများကို မှေးစင်းကာ တံခါးကြီးကို ကြည့်လိုက်သည်။

[အနန္တအသွင်းကူးပြောင်းတံခါး၊ မသိသော တံခါး၊ တံခါးအားလုံး၏ တံခါး၊ ၎င်းသည် မည်သည့်တံခါးမဆို ဖြစ်နိုင်သည်]

ရှန်ရန်ရန်နှင့် ပိုင်ကျိတို့၏ စုံစမ်းစစ်ဆေးမှုများအရ အနန္တအသွင်ကူးပြောင်းတံခါးသည် လျူဖုန်းနယ်မြေ၏ အဆုံးမဲ့သော စိတ်နှလုံးနတ်ဆိုးများက ဖန်တီးထားသော ပုံတူပွားတစ်ခုဖြစ်သည်ဟု ဆိုသည်။

သို့သော် ကျိယွမ်၏ မျက်လုံးများက မြင်သောအချက်အလက်များတွင် ပုံတူပွားခြင်းနှင့်သက်ဆိုင်သော အချက်အလက်တစ်ကြိမ်မှ မပါဝင်ခဲ့ပါ။

ကျိယွမ်က ကျူးယန်၏ခေါင်းကို ညင်သာစွာ ပွတ်သပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"ဒါတွေအားလုံး ကောလာဟလတွေချည်းပဲ၊ ငါတို့ ကိုယ်တိုင် မမြင်ရဘဲ ဘယ်ဟာက မှန်ကန်တယ် ဘယ်ဟာက မှားတယ်ဆိုတာ ဘယ်လို သိနိုင်မလဲ။ ဗုဒ္ဓ၊ မဟာနတ်ဆိုးနဲ့ မိစ္ဆာမတို့ရဲ့ ဒဏ္ဍာရီတွေတောင် အမှန်ဟုတ်ချင်မှ ဟုတ်မှာ ။ တချို့သူတွေက ပုံကြီးချဲ့ပြီး ပြောခဲ့တာ ဖြစ်နိုင်တာပဲလေ"

"ဒါမှမဟုတ် အဲဒါတွေဟာ သူတို့ ပြောနေတာနဲ့ လုံးဝ ကွဲပြားတာလည်း ဖြစ်နိုင်တာပဲ"

ကျိယွမ်သည် ကောလဟာလများကို သုံးပုံတစ်ပုံကိုသာ အမြဲယုံကြည်တတ်သည်။ သူ အယုံကြည်ဆုံးမှာ သူ၏ ကိုယ်ပိုင် မျက်လုံးများပင် ဖြစ်လေ၏။

"ကျူးယန်၊ တခြား ဘယ်သူ့ကိုမှ မယုံနဲ့။ ကိုကိုယ့်ကိုယ်ကိုယ်သာ ယုံကြည်ပါ၊ နားလည်လား"

ပင်လယ်လေသည် ပင်လယ်မျက်နှာပြင်ကို လှုပ်ခတ်သွားပြီး လှိုင်းများဖြစ်ပေါ်လာကာ ကမ်းခြေသို့ဦးတည်ကြ၏။

ကျူးယန်သည် ခေါင်းကိုစောင်းကာ ကျိယွမ်ကို ကြည့်လိုက်သည်။

"နင့်ကိုတော့ သည်းခံအောင့်အီးပြီး ယုံကြည်ပေးလိုက်မယ်"

ကျိယွမ်က သူမအားထွေးပွေ့ကာ နွေးထွေးစွာ ပြုံးလိုက်သည်။

"ကောင်းပြီ၊ ငါတို့ သွေးနန်းတော်ကို ပြန်သင့်ပြီ။ ဖြေရှင်းရမဲ့ ကိစ္စတွေ ရှိသေးတယ်"

ထိုအခါမှ ကျူးယန်သည် တစ်စုံတစ်ရာကို သတိရပြီး အလျင်အမြန် ပြောလိုက်သည်။

"အို မဟုတ်သေးဘူး၊ ငါမေ့သွားတာ။ အရူးတာအိုက အရေးကြီးတဲ့ သတင်းတစ်ခုခု ယူလာပုံပဲ၊ ဒါပေမဲ့ ဒဏ်ရာပြင်းပြင်းထန်ထန် ရပြီး သတိမေ့နေတယ်"

ကျူးယန်က အရူးတာအိုသည် နန်းတော်အတွက် ခရမ်းရောင်ကောင်းကင်မဟာမိတ်တွင် သူလျိုလုပ်နေခဲ့ရကြောင့် ကျိယွမ်အားပြောပြလိုက်သည်။

ကျိယွမ်က ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

"အဲဒါဆို သွားကြည့်ရအောင်"

ကျိယွမ်အနှစ်သာရကိုဟောပြောခဲ့စဉ်က လူနှစ်ဆယ့်ခုနစ်ဦးသည် သူ့နောက်ကို လိုက်ပါခဲ့ကြသည်။

ထိုသူများထဲတွင် အရူးတာအိုသည် ခေါင်းဆောင်ဖြစ်လေ၏။

သွေးနန်းတော်အတွင်း၌ ဖြစ်သည်။

အရူးတာအိုသည် အိပ်ယာပေါ်တွင် လဲလျောင်းနေပြီး ဒဏ်ရာမှသွေးများကြောင့် အိပ်ယာခင်းများပင် သွေးစွန်းနေသည်။ သူ၏ မျက်နှာသည် စက္ကူကဲ့သို့ ဖြူဖျော့နေပြီး ပြင်းထန်စွာ ဒဏ်ရာရကာ သတိမေ့မြောနေသည်။

ရှန်ရန်ရန်၏ချစ်စဖွယ်ကောင်းသောမျက်နှာတွင် လေးနက်သောအမူအရာရှိနေ၏။

"ခရမ်းရောင်ကောင်းကင်ဆန်းကြယ်သခင်မရဲ့ စွမ်းအားက ပိုပြီးအားကောင်းလာပြီ၊ တစ်ချက်တည်းနဲ့ အစ်ကိုကြီးကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေတယ်"

လက်ရင်းတပည့်နှစ်ဆယ့်ခုနစ်ဦးထဲတွင် အရူးတာအိုသည် သူတို့၏ခေါင်းဆောင် ဖြစ်သည်။ သူတို့အားလုံးသည် အရူးတာအိုကို အလွန် လေးစားကြသည်။သူသည် ခေါင်းဆောင်ပီသစွာ အနစ်နာခံတတ်သူလည်းဖြစ်၏။

ဘေးတွင်ရပ်နေသော ပိုင်ကျိက စိုးရိမ်တကြီး ပြောလိုက်သည်။

"ကံကြမ္မာကျောက်တုံးကြောင့် ခရမ်းရောင်ကောင်းကင်ဆန်းကြယ်သခင်မရဲ့ စွမ်းအားက ပိုပြီး ကြောက်စရာကောင်းလာတယ်။ ငါတို့ သွေးနန်းတော်ကတော့ ဒီအကျပ်အတည်းကနေ လွတ်မြောက်နိုင်ပါ့မလား"

"အချစ်က ဘာလို့ စိုးရိမ်နေရတာလဲ၊ လက်တွေ့တိုက်ခိုက်မှပဲ ငါတို့ သိရမယ်"

လှပသော်လည်း အရှုံးမပေးတတ်သော ရှန်ရန်ရန်က ပြောလိုက်သည်။

သူမနှင့်ပိုင်ကျိတို့သည် ကျိယွမ်နှင့်မတွေ့မီကပင် လက်ထပ်ခဲ့ကြခြင်းဖြစ်​သော်လည်း သူတို့၏ စိတ်နေသဘောထားများက များစွာ ကွဲပြားကြသည်။

"ဟင်း"

ပိုင်ကျိက သက်ပြင်းချလိုက်သည်။

"ဒီကမ္ဘာကြီးက အရမ်းကိုကြမ်းတမ်းလွန်းတယ်လို့ပဲ ငါထင်တယ်"

"ခရမ်းရောင်ကောင်းကင်ဆန်းကြယ်သခင်မလို ကမ္ဘာကြီးကို လိမ်လည်လှည့်ဖြားနေတဲ့သူကတောင် ခေါင်းဆောင် ဖြစ်လာနိုင်တယ်တဲ့"

"ငါတို့ဆရာသခင်ကို မဟာနတ်ဆိုးလို့ စွပ်စွဲပြီး အညစ်အကြေးတွေနဲ့ပစ်ပေါက်နေတာ တကယ်ကို ယုတ်မာလွန်းတယ်"

"သူက ကံကြမ္မာကျောက်တုံးကို ပိုင်ထားတယ်လေ ၊ အားလုံးက ယုံမှာပဲ"

ရှန်ရန်ရန်က တစ်စုံတစ်ရာကို သတိရပြီး ပြောလိုက်သည်။

"တိုက်ပွဲကြီးစဖြစ်လာရင် ငါတို့ ဆရာသခင်ရဲ့ဇနီးကို ကြိုပြီး ထွက်ခွာခိုင်းရမယ်"

"ဆရာသခင့် ဇနီး၊ ဘယ်က ဆရာ့ဇနီးလဲ"

ထူးဆန်းသောအသံတစ်ခုက လေထဲမှ ပဲ့တင်ကာ ခန်းမထဲတွင် ဟိန်းထွက်လာသည်။

သွေးနီရောင်ဝတ်ရုံဝတ်ထားပြီး သူမတူအောင်ချောမောသည့်အမျိုးသားတစ်ဦးသည် အဝါရောင်တောက်တောက် ဝတ်စုံဝတ် မိန်းမလှလေးတစ်ဦး၏ လက်ကိုကိုင်ပြီး ပေါ်လာသည်။

မိန်းမပျို၏မျက်နှာသည် နီမြန်းနေပြီး လူတိုင်းကိုကြည့်ကာ ကျိယွမ်ကို ခိုးကြည့်လိုက်သည်။

"အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့"

ခန်းမထဲမှ အသံကိုကြားလိုက်ရသောလူတိုင်းသည် မိန်းမပျို၏ဘေးတွင်ရှိသော သွေးရောင်ဝတ်ရုံဝတ်ပုံရိပ်ကို မြင်သောအခါ စိတ်လှုပ်ရှားခြင်းများနှင့်အတူ မယုံကြည်နိုင်သော အမူအရာများဖြင့် ကြောင်ငေးသွားကြသည်။

"သွေးသခင်"

"ဆရာသခင်"

"ဆရာ"

ပုံရိပ်ဆယ်ခုကျော်သည် အလွန်အမင်း စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး ရှေ့သို့ တိုးလာကြသည်။

သူတို့သည် ရာစုနှစ်သုံးခုကြာ ပျောက်ဆုံးနေခဲ့သော ဆရာကိုယခုလို ပြန်လည်မြင်တွေ့ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

ငါတို့ရဲ့ဆရာသခင် အစစ်ပဲ။

ကျိယွမ်၏ မျက်လုံးများတွင်လည်း အပြုံးမှိန်မီန်တစ်ခု ရှိနေသည်။

မိမိအပေါ် စိတ်ရင်းမှန်ဖြင့်ခင်တွယ်ကြသော သူငယ်ချင်းဟောင်းများနှင့် ပြန်လည် ဆုံဆည်းရခြင်းကြောင့် သူကိုယ်တိုင်လည်း ပျော်ရွှင်မှုကို ခံစားရသည်။

သူသည် အိပ်ယာပေါ်တွင်လဲလျောင်းနေသော အရူးတာအိုကိုကြည့်ပြီး ညင်သာစွာ မေးလိုက်သည်။

"ခရမ်းရောင်ကောင်းကင်ဆန်းကြယ်သခင်မ

ကြောင့် ဒဏ်ရာရလာတာလား"

ရှန်ရန်ရန်သည် စိတ်လှုပ်ရှားနေသော်လည်း ရိုသေစွာဖြေသည်။

"ဟုတ်ပါတယ်"

"စိတ်မကောင်းစရာပဲ။ ငါ လာတုန်းက သူတို့ရဲ့စစ်သည်တွေနဲ့ပဲ တွေ့ခဲ့တယ်၊ကျိထျန်ရွှမ်းနွီဆိုတဲ့ ခရမ်းရောင်ကောင်းကင်ဆန်းကြယ်သခင်မနဲ့ မတွေ့ခဲ့ရဘူး။ မဟုတ်ရင်... ငါ ဓားတစ်ချက်တည်းနဲ့ အဲဒီလူပြက်မကို ရှင်းပစ်လိုက်မှာ"

ကျိယွမ်က ညည်းတွားလိုက်သည်။

သူပျောက်ကွယ်သွားသည်မှာ ရာစုနှစ်သုံးခုသာ ရှိသေးသည်။

ထိုမိန်းမက သူမရှိတုန်းပေါ်လာပြီး သူ့ကိုရွှံ့တွေနှင့် ပစ်ပေါက်ပြီး စွပ်စွဲဖို့ရူးသွပ်ရဲသည်။

သို့သော်သူမ​၏လုပ်ကွက်က ကျိယွမ်ကို အများကြီး အကျိုးရှိစေသည်ဟု ခံစားရသည်။

ဂိမ်းကိုရှင်းလင်းပြီးနောက် အလင်းနန်းတော်နှင့် ရင်ဆိုင်ရသောအခါ၌ ၄င်း၏ဂုဏ်

သိက္ခာကျဆင်းစေရန် ယခုအကွက်မျိုးကိုသုံးရမည်။

"ဆရာသခင် အခုအိုးကိုးလုံးတောင်က လာတာလား"

ရှန်ရန်ရန်က မေးလိုက်သည်။

"ဟုတ်တယ်၊မနားတမ်းလာတာ ၊ လူနည်းနည်းပါးပါးသတ်ဖို့ ခဏတဖြုတ်နားတာပဲရှိတယ်"

ကျိယွမ်၏ အရှိန်အဟုန်သည် အမှန်ပင် လျင်မြန်၏။ သွေးသခင် ပြန်လည်ရှင်သန်လာသည့် သတင်းသည် ကမ္ဘာမြေအဆုံးသို့ မရောက်မီကပင် ကျိယွမ် ကြိုတင်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

"ဆရာ၊ ခရမ်းရောင်ကောင်းကင်​ဆန်းကြယ်သခင်မရဲ့တိုက်ခိုက်မှုက ပြင်းထန်တယ်၊နန်းတော်ကနေ ထွက်ခွာပြီး ထိပ်တိုက်ရင်ဆိုင်တာမျိုးကို ရှောင်ရှားသင့်တယ်လို့ ကျွန်မအကြံပြုချင်တယ်"

"ခရမ်းရောင်ကောင်းကင်မဟာမိတ်မှာ အဓိပတိတစ်ရာကျော်ရှိပြီး သူတို့ခေါင်းဆောင်ရဲ့စွမ်းအားကလည်း ခန့်မှန်းလို့မရပါဘူး။ကျွန်မတို့နန်းတော်မှာက အဓိပတိရှစ်ယောက်ပဲရှိတယ်၊အခုဆိုရင် တစ်ယောက်ကပြင်းပြင်းထန်ထန် ဒဏ်ရာရထားပြီ၊ခရမ်းရောင်ကောင်းကင်မဟာမိတ်ကို မယှဥ်နိုင်ပါဘူး"

ရှန်ရန်ရန်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

သွေးသခင်သာ ပြန်မလာခဲ့လျှင် သူမသည် ဆုတ်ခွာရန် အမိန့်ပေးခဲ့ပြီးနေလောက်လေပြီ။

သို့သော် ယခုသွေးသခင် ပြန်ရောက်လာပြီဖြစ်၍ သူမသည် ဆရာ၏သဘောထားကို မေးမြန်းရမည် ဖြစ်သည်။

ကျူးယန်သည်လည်း ချီယွမ်၏လက်ကို ဆွဲကာ တိုးတိုးလေးပြောလိုက်သည်။

"သွေးပုလဲ၊ ရန်သူက အရမ်း အားကြီးတယ်။ ငါတို့ ထွက်ပြေးရအောင်"

သူမသည် ဂုဏ်သိက္ခာကို ဂရုမစိုက်ပါ၊ သူမနှင့်ကျိယွမ်အသက်ရှင်သန်ရေးကိုသာ ဂရုစိုက်သည်။

ကျိယွမ်သည် လူတိုင်းကို ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

"သူတို့က ငါတို့ကို စော်ကားနေတာ။ ငါတို့က ဘာလို့ ထွက်ပြေးရမှာလဲ"

သူ၏ မျက်နှာတွင် ယုံကြည်မှုအပြည့် ရှိနေသည်။

"အားလုံးကို ငါ့တာဝန်ထားလိုက်"

သူတို့သည် မြောက်နှင့်တောင်သဘောတူညီချက်အချိန်ကာလမှ အဓိပတိများဖြစ်လျှင်တော့ သူသတိကြီးကြီးထားရမည်မှာ အမှန်ပင်။

သို့သော် ဤကမ္ဘာ၏ အဓိပတိအဆင့်များသည် နာမည်သာရှိပြီး စစ်မှန်သောမူလစွမ်းအားများမရှိသောကြောင့် အဓိပတိတစ်ဝက်များနှင့်ပို၍ တူနေသည်။

ထို့ကြောင့် သူတို့အားလုံးသည် ကျိယွမ်နှင့် တန်းတူဟုသာယူဆနိုင်၏။

ငါနဲ့အဆင့်တူလား။အဆင့်တူတွေဆိုရင်တော့ ငါ့ကိုအနိုင်ယူဖို့ စိတ်ကူးယဥ်မနေနဲ့တော့။

သူသည်သာမန်ကျင့်ကြံသူမဟုတ်ပါ။ကောင်းကင်ဘုံတာအိုအုတ်မြစ်ပိုင်ရှင်ဖြစ်သည်။

အဆင့်တူများကို သူလိုအဆင့်အတန်းက ထည့်ပင်မတွတ်ပါ။

လူတစ်စုလုံးကို ဓားတစ်ချက်တည်းဖြင့်လွယ်ကူစွာ ရှင်းပစ်နိုင်သည်။

တစ်ခုတည်းသော အာရုံနောက်စရာဟူ၍ ခရမ်းရောင်ကောင်းကင်ဆန်းကြာ်သခင်မဆိုသော သတ္တဝါတစ်ကောင်သာ ရှိသည်မဟုတ်ပါလား။

ကျန်သောသူများက အချင်းချင်းကြည့်လိုက်ကြသည်။

ထို့နောက် ရှန်ရန်ရန်က ပြုံးပြီးခေါင်းညိတ်လိုက်သည်။

"ဆရာ ရောက်နေပြီဆိုတော့ အားလုံး အဆင်ပြေသွားမှာပါ"

ပိုင်ကျိသည် စိုးရိမ်နေဆဲဖြစ်သော်လည်း စကားထပ်မဆိုခဲ့ပါ။

သူတို့အတွက် သူတို့၏ဆရာသခင်သည် ကံကြမ္မာကျောက်တုံးထက် ပို၍ မြင့်မြတ်သည်။

ကျိယွမ်သည် အရူးတာအိုကို ကြည့်ပြီး လေဟာနယ်ထဲသို့ ပေါ့ပေါပါးပါးလက်ဝှေ့ယမ်းလိုက်သည်။

သွေးနီရောင်အစင်းကြောင်းသည် လေဟာနယ်ထဲတွင်ပျံ့နှံ့သွားပြီး နောက်ဆုံးတွင် သွေးတစ်စက်အဖြစ် ပုံပေါ်လာသည်။

သူသည် ထိုသွေးစက်ကို အရူးတာအို၏ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။

"နောက်နာရီဝက်အတွင်း သူသတိပြန်ရလာလိမ့်မယ်"

ထိုကုသနည်းသည် လူသားနတ်ဆိုးလမ်းစဉ် မှ ဆင်းသက်လာခြင်း ဖြစ်သည်။

လက်ရှိတွင် လူသားနတ်ဆိုးလမ်းစဥ်ကို ကျိယွမ်ထက်ပို၍ကျွမ်းကျင်သူဟူ၍ အတိတ်မှာရော အနာဂတ်မှာပါ မရှိနိုင်ပါ။ထို့ကြောင့် ဒဏ်ရာကုသခြင်းသည် စကားထဲပင်ထည့်ပြောစရာမရှိချေ။

"အားလုံး အဆင်ပြေသွားပြီဆိုတော့ ငါ သွားတော့မယ်။ ခရမ်းရောင်ကောင်းကင်မဟာမိတ် တိုက်ခိုက်လာတဲ့အခါ ငါဖြေရှင်းလိုက်မယ်"

ကျိယွမ်သည် ထိုသို့ပြောပြီးနောက် ကျူးယန်နှင့်အတူ ထွက်ခွာသွားသည်။

ဤကမ္ဘာတွင် သူနှင့်အနီးစပ်ဆုံးဆက်နွယ်သူသည် ကျူးယန်သာဖြစ်သည်။

သူသည် အနန္တအသွင်ကူးပြောင်းတံခါးကို

ပို၍နက်နဲစွာနားလည်သဘောပေါက်ချင်သည်။

ခရမ်းရောင်ကောင်းကင်မဟာမိတ်ကို ချေမှုန်းပြီးနောက်တွင် သူသည် ထိုတံခါးထဲသို့ဝင်ရောက်ရန်နည်းလမ်းရှာ၍ ကြိုးစားမည်ဟုဆုံးဖြတ်ထားသည်။

လောလောဆယ်တွင် အနန္တအသွင်ကူးပြောင်းတံခါးသည် လုံးဝမပွင့်သေးသဖြင့် ကျိယွမ်သည် ၎င်းထဲသို့ ဝင်ရောက်ရန် ယုံကြည်မှု မရှိသေးပါ။

ကျိယွမ်ထွက်သွားသည်ကို ကြည့်ရင်း ကျန်နေခဲ့သူများမှာ အိမ်မက်များလားဟုပင် ခံစားရသည်။

သွေးသခင်သည်လျင်မြန်စွာ ရောက်လာပြီး လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။

ခဏတာ တိတ်ဆိတ်ပြီးနောက် အဓိပတိအဆင့်တစ်ဦးက ပြောလိုက်သည်။

"ဆရာ့သခင်ရဲ့ ခွန်အားကို ဘယ်သူ ခန့်မှန်း

နိုင်မလဲ"

ထိုမေးခွန်းက မသင့်တော်မှန်းသိသော်လည်း ပုံမှန်ဆိုလျှင် သူက လုံးဝမေးမည်မဟုတ်ပေ။

သို့သော် ယခုအချိန်၌ ခရမ်းရောင်ကောင်းကင်မဟာမိတ်၏ ခြိမ်းခြောက်မှုက အလွန်အနီးကပ်နေလေပြီ။

သူတို့သည် တွန့်ဆုတ်နေ၍ မရဘဲ အားလုံး၏ဘေးကင်းရေးကို ထည့်သွင်း စဉ်းစားရမည်။

"မပြောနိုင်ဘူး"

အခြား အဓိပတိအဆင့်များက ခေါင်းခါလိုက်ကြသည်။

သွေးသခင်သည် မွေးရာပါမြင့်မြတ်သူဖြစ်သောကြောင့် သူတို့အတွက် အလွန် နက်နဲဆန်းကြယ်သည်။

ရှန်ရန်ရန်က တွေးဆကာပြောလိုက်သည်။

"ယောဘုံယျပြောရရင် ငါ့ထက်တော့ ပိုအားကောင်းတယ်၊ ဒါပေမဲ့ ခရမ်းရောင်ကောင်းကင်ဆန်းကြယ်သခင်မနဲ့ဆိုရင်တော့ မသေချာဘူး၊ အထူးသဖြင့်... သူမမှာ ကံကြမ္မာကျောက်တုံးရှိနေတော့ ပြောရခက်တယ်"

ကံကြမ္မာကျောက်တုံးဟူသော အသံကိုကြားလိုက်ရသောအခါ လူတိုင်း၏ စိတ်နှလုံးများအပေါ်၌ လေးလံစွာခံစားလိုက်ရသည်။

ထိုအမြင့်ဆုံးရတနာတွင် နက်နဲသော ဂုဏ်သတ္တိများစွာ ရှိလေသည်။

၎င်းကို ပိုင်ဆိုင်သူတိုင်းသည် ကမ္ဘာကို အုပ်စိုးနိုင်သည်ဟု ကောလာဟလများလည်း ရှိ၏။ ဗုဒ္ဓသည် ၎င်း၏အကူအညီဖြင့် ကမ္ဘာကို နှိမ်နင်းနိုင်ခဲ့သည်ဟုပင် ဆိုကြသည်။

"ဆရာက ယုံကြည်မှု ရှိတယ်ဆိုရင် ငါတို့ သူ့ကို ယုံကြည်သင့်တယ်"

သွေးသခင်ကိုအမြဲမြတ်နိုးကိုးကွယ်သော ပိုင်ကျိက မျက်စိစုံမှိတ်ယုံကြည်မှုဖြင့် ပြောလိုက်သည်။

ရှန်ရန်ရန်သည် သူမယောက်ျား၏ အကျင့်စရိုက်ကို သိသည်။

သူမ ပြုံးလိုက်ပြီး အဆင်ပြေဆုံးဖြစ်မည်ကို ပြောလိုက်သည်။

"ငါတို့ တိုက်ပွဲအတွက်ရော၊ ဆုတ်ခွာဖို့အတွက်ပါ နှစ်ခုလုံး ပြင်ဆင်ထားသင့်တယ်၊ လိုအပ်လာရင် ဆရာနဲ့အတူ တိုက်ခိုက်ဖို့ရော၊ပိုပြီးလိုအပ်လာရင် နောက်ဆုတ်ဖို့ကိုပါ ပြင်ဆင်ထားရမယ်"

..........................

ကမ္ဘာမြေအဆုံးပိုင်တွင် ပင်လယ်ကြီးသည် ထုံးစံအတိုင်းဆူပွက်နေသည်။

ကျိယွမ်သည် ကျောက်တုံးကြီးတစ်တုံးပေါ်တွင်ထိုင်လျက် အနန္တအသွင်ကူးပြောင်းတံခါးကို တိတ်ဆိတ်စွာ နားလည်သဘောပေါက်နေသည်။

ကျူးယန်သည် မေးထောက်ကာ ကျိယွမ်ကို ကြည့်နေသည်။

သူမသည် မျက်တောင်တစ်ချက် မှိတ်လိုက်ပါက ကျိယွမ် ထပ်မံပျောက်ကွယ်သွားမည်ကို စိုးရိမ်နေသောကြောင့် မျက်တောင်များကိုပင် ခဏခဏ မှိတ်မပစ်ရဲချေ။

"သွေးပုလဲ... ဒီတစ်ခါ နင်ဘယ်လောက်ကြာကြာ နေမှာလဲ"

အချိန်အတော်ကြာကြည့်နေပြီးနောက် ကျူးယန်သည် သတ္တိကိုစုစည်းပြီး မေးလိုက်သည်။

"မသိဘူး"

ကျိယွမ်က ထိုမျှသာ ပြန်ဖြေသည်။

ဂိမ်းမှရသော အနှစ်သာရကို နားလည်သဘောပေါက်ရန် အခွင့်အရေးသည် သူ့ကို လျူဖုန်းနယ်မြေ၏ အတိတ်သို့ ဆွဲခေါ်သွားခဲ့သည်။

သူ၏ ဘေးတွင် တိတ်ဆိတ်စွာထိုင်နေသောမိန်းကလေးသည် အတိတ်ကပုံရိပ်တစ်ခု မျှသာဖြစ်သည်။နောက်ဆုံးတွင် သူသည် ပစ္စုပ္ပန်သို့ ပြန်သွားရမည်ဖြစ်ပြီး အတိတ်တွင် ကြာရှည်စွာနေ၍ မရနိုင်ပါ။

ထိုအကြောင်းကို တွေးမိသောအခါ ကျိယွမ် စိတ်ရှုပ်ထွေးသွားသည်။

ယခုအဖြစ်အပျက်ကြောင့်ပင် သူရရှိထားသော မူလဒြပ်စင်များကိုကျွမ်းကျင်ပြီး အချိန်မြစ်ကို ကျွမ်းကျင်ပိုင်နိုင်ရန်ကြိုးစားမည်ဟူသော သူ၏ဆုံးဖြတ်ချက်ကို ပို၍ခိုင်မာစေခဲ့သည်။

ကံမကောင်းသည်မှာ အနန္တအသွင်ကူးပြောင်းတံခါးကို နားလည်သဘောပေါက်ခြင်းက သူ့ကိုအချိန်နှင့်သော်လည်ကောင်း တည်နေရာနှင့်သော်လည်ကောင်း သက်ဆိုင်သည့်စွမ်းရည်များကို မပေးခဲ့ခြင်းပင်။

"အဲဒါဆို နင်က နောက်တစ်ခါ ဘယ်တော့ မှပေါ်လာမှာလဲ၊ ဒီတံခါးကြီး ပေါ်လာတဲ့အချိန်မှလား"

ကျူးယန်သည် မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည်။

သူမနှင့် သွေးပုလဲတို့၏ ပြန်လည်ဆုံဆည်းမှုများသည် အမြဲတမ်း တိုတောင်းလေ့ရှိသည်။

သို့သော် ကောင်းသောအရာများသည် စောင့်ဆိုင်းတတ်သူများထံသို့ ရောက်လာတတ်သည်ကို တွေးမိသောအခါ သူမ၏စိတ်ထဲတွင် ချိုမြိန်သော ခံစားမှု ဖြစ်ပေါ်လာသည်။

"မသိသေးဘူး"

ကျိယွမ် တိတ်ဆိတ်သွားသည်။

ထို့အတူ ကျူးယန်လည်း တိတ်ဆိတ်သွားသည်။

နှစ်ဦးသား အတွေးကိုယ်စီဖြင့် ငြိမ်သက်နေပြီးနောက် အချိန်အနည်းငယ်ကြာမှ ကျိယွမ်က ကျူးယန်အား ညင်သာစွာ ပြောလိုက်သည်။

"ကျူးယန်... တစ်နေ့ကျရင်၊အချိန်ရဲ့အဆုံးမှာ နင့်ကို ငါတွေ့အောင်ရှာမယ်"

သူရှာဖွေရန် လိုအပ်သော အခြားလူများလည်း အများကြီး ရှိသေးသည်။

ကျင်းလီလည်း သေချာပေါက်ပါဝင်လေသည်။

"ဟွန့်၊ ငါ လှလှပပစောင့်နေမယ်"

ကျူးယန်က ပျော်ရွှင်စွာ ပြောလိုက်သည်။

"နင်လည်း မအိုမင်းအောင်နေပါ။ ဆံပင်ဖြူနဲ့ ရောက်လာရင် ငါကနင့်ကို မသိချင်ယောင် ဆောင်လိုက်မှာ"

သူမသည် အနားသို့ ပိုမိုတိုးကပ်လာပြီး ကျိယွမ်၏ လက်မောင်းကို တင်းကျပ်စွာဖက်ထားလိုက်ပြီး ပြန်လည်ဆုံဆည်းခွင့်ရသောအခိုက်အတန့်လေးကို တန်ဖိုးထားကာ ငြိမ်သက်နေ၏။

ကျိယွမ်၏ စိတ်နှလုံးသည်လည်း ရှုပ်ထွေးနေရာမှ တည်ငြိမ်သွားပြီး တံခါးကို ဂရုတစိုက်ကာ ဆက်လက်နားလည်သဘောပေါက်နေသည်။

ခရမ်းရောင်ကောင်းကင်ဆန်းကြယ်သခင်မကို အနိုင်ယူပြီးမှသာ ထိုအထဲသို့ဝင်ရောက်ရန် နည်းလမ်ကိုစဥ်းစားရမည်ဖြစ်သည်။

.................

သွေးသခင်ပြန်လာခြင်းနှင့်အတူ သွေးနန်းတော်အတွင်း၌ လှုပ်လှုပ်ရှားရှားဖြစ်နေ၏။

မကြာမီတွင် ပို၍ဆိုးရွားသော ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်လာသည်။

သွေးနန်းတော်သို့ နောက်မှဝင်ရောက်လာသော ခွန်အားကြီးသူအများပြားက ထွက်ပြေးသွားကြသည်။

သို့သော်ထိုသူများက ရိုးရိုးထွက်သွားခြင်းမဟုတ်ပါ။

"ကံကြမ္မာကျောက်တုံးက သွေးသခင်ဟာ မဟာနတ်ဆိုးဖြစ်တယ်လို့ ကြေညာထားတယ်"

"မဟာနတ်ဆိုးက နှလုံးသားနတ်ဆိုးအားလုံးရဲ့ အရင်းအမြစ်ဖြစ်လို့ ကောင်းကင်အောက်မှာရှိတဲ့ လူအားလုံးက နှိမ်နင်းရမယ်"

စသည်ဖြင့် ဝါဒများဖြန့်ခဲ့ကြလေ၏။

ထို့ကြောင့် သွေးနန်းတော်အတွင်း၌ များစွာသောဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်စေပြီး လူများမှာ စိုးရိမ်ပူပန်လာကြသည်။

ထို့ကြောင့် များစွာသောအဖွဲ့ဝင်များသည်လည်း ထွက်ပြေးရန် ကြိုးစားကြတော့သည်။

ရှန်ရန်ရန်သည် ထိုကိစ္စ၏အရေးပါမှုကို မြင်ကာ ပုန်ကန်သူအချို့ကို ရက်စက်စွာ နှိမ်နင်းတော့သည်။

သူမ၏ရက်စက်မှုကိုမြင်သောအခါ ထွက်ပြေးသူများ အနည်းငယ် လျော့ကျသွားခဲ့သည်။

သို့သော် သွေးနန်းတော်တစ်ခုလုံးသည် မုန်တိုင်းထဲမှလှေငယ်တစ်စင်းအလားအန္တရာယ်များဖြင့် ပြည့်နှက်ဆဲပင်ရှိသည်။

တစ်ခုသောဝမ်းသာစရာမှာ အိုးကိုးလုံးတောင်ပေါ်တွင် ကျိယွမ်၏ဟောပြောပွဲကိုတက်ရောက်ခဲ့ဖူးသော အကြီးအကဲတစ်ချို့သည် သွေးနန်းတော်သို့ အမြန်ဆုံးရောက်လာပြီး ​သွေးသခင်ကို ယုံကြည်စွာထောက်ခံခဲ့သည်။

သို့သော် ထိုမျှလောက်သောအားဖြည့်မှုသည် ကမ္ဘာတစ်ခုလုံးမှ အင်အားကြီးသူများစုပေါင်းထားသော မဟာမိတ်အဖွဲ့ကြီးနှင့်ယှဥ်လျှင် သမုဒ္ဒရာနှင့်လှေငယ်အလား ကွာခြားနေဆဲပင်ရှိသည်။

ဤသို့ဖြင့် ရက်တစ်ချို့သည် လျှင်မြန်စွာကုန်ဆုံးသွားခဲ့သည်။

ကမ္ဘာမြေအဆုံးပိုင်းမှ သွေးနန်းတော်နယ်မြေ၏ အပြင်သို့ လူစိမ်းများဆိုက်ရောက်လာသည်။

အဓိက အင်ပါယာသုံးခု၊ အဓိက ဂိုဏ်းကြီး ခုနစ်ခု၊ မိသားစုဆယ့်နှစ်စုနှင့်ခရမ်းရောင်ကောင်းကင်မဟာမိတ်တို့မှ အဓိပတိများသည် ဆက်တိုက်ဆိုသလိုရောက်ရှိ စုရုံးနေကြသည်။

ယခုအချိန်တွင် ကောင်းကင်အောက်ရှိ သူရဲကောင်းများသည် မဟာနတ်ဆိုးကြီးကို နှိမ်နင်းကြတော့မည်။

သူတို့အားလုံးက မဟာမိတ်သခင်မ၏ အမိန့်ကို စောင့်ဆိုင်းနေကြပြီး သမိုင်းဝင်မည့်တိုက်ပွဲကြီးကို အောင်ပွဲဖြင့်အဆုံးသတ်ရန် စိတ်အားတက်ကြွနေကြသည်။

ပင်လယ်ပြင်၏ ကျောက်တုံးတစ်တုံးပေါ်တွင်ထိုင်နေသော ကျိယွမ်သည် ​ညင်သာစွာမတ်တပ်ရပ်လိုက်သည်။

နောက်ဆုံးမှာတော့ ကောင်းကင်ပေါ်ရှိ အနန္တအသွင်ကူးပြောင်းတံခါးသည် ပွင့်လာခဲ့လေပြီ။

ကျိယွမ်၏မျက်လုံးများက အလွန်တောက်ပနေပြီး အနန္တအသွင်ကူးပြောင်းတခါးကို စူးစမ်းနေသည်။

အဆုံးမရှိသောကြောက်မက်ဖွယ်အရှိန်အဝါများသည် ထိုအရာမှ ပြင်းထန်စွာ ပျံ့နှံ့လာသည်။

ကျိယွမ်၏ မျက်လုံးများတွင် ဆာလောင်သောလောဘအရိပ်အယောင်များ ထင်ဟပ်လာ၏။

တံခါးထဲသို့ ဝင်ရောက်နိုင်လျင် အဆုံးမဲ့အကျိုးကျေးဇူးများကို ရရှိစေမည်ဟု သူ ခန့်မှန်းထားသည်။

ဖြစ်နိုင်လျှင် သူသည် သူ၏ကိုယ်ပိုင်မူလစွမ်းအားကိုပင် နားလည်သဘောပေါက်ရန်အခွင့်အရေးရှိနိုင်၏။

ထိုအချိန်၌ အနန္တအသွင်ကူးပြောင်းတံခါးထဲမှ အော်ဟစ်သံကြီးတစ်ခု ပဲ့တင်ထပ်ကာ ထွက်ပေါ်လာသည်။

ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါကြီးတစ်ကောင်သည် အတွင်းမှထွက်လာရန် ပြင်းထန်စွာကြိုးစားနေသည့်အလား ရှိလေ၏။

ကျိယွမ်၏ မျက်ခုံးများကတွန့်ချိုးသွားသည်။

လောဘအစား စူးစမ်းလိုစိတ်ကအစားထိုးလာ၏။

"မဟာနတ်ဆိုးရဲ့... နှလုံးသားနတ်ဆိုးက ဒီတံခါးကြီးထဲမှာလား"

ထိုအချိန်တွင် ကျယ်လောင်သော တိုင်ပွဲစည်တီးသံကြီးတစ်ခု မြည်ဟည်းလာ၏။

ထို့နောက် ကမ္ဘာတစ်ခုလုံးသည် များစွာသောသတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်သွားတော့သည်။

တံခါးပေါက်အား စူးစမ်းနေသော ကျိ

ယွမ်၏မျက်လုံးများအေးစက်သွားသည်။

တိုက်ပွဲစပြီ။

------------

All Chapters