← Chapters

မူလစွမ်းအား

Vol. 9 Ch. 118

မူလစွမ်းအား

Vol. 9 Ch. 118

အမှန်တကယ်တွင် ခြောက်သွေ့နေသောရုပ်အလောင်းသည် ရုပ်ဝတ္ထုတစ်ခုမဟုတ်ပါ။ ထိုရုပ်အလောင်းဝတ်ဆင်ထားသော သင်္ကန်းပင်လျှင် ၎င်း၏ ဝိညာဉ်မှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ကျိယွမ်၏ရှေ့တွင်ရှိနေသော ဘုန်းကြီးအလောင်းကောင်သည် အမှန်တကယ်တွင် နှလုံးသားနတ်ဆိုးများစုဝေးထားခြင်းပင်။

ဘုန်ကြီးအလောင်းကောင်က နတ်ဆိုးတစ်သောင်းတံခါးဟုခေါ်သော အနန္တအသွင်ကူးပြောင်းတံခါးမှ နှလုံးသားနတ်ဆိုးပေါင်း မြောက်မြားစွာကိုစုစည်းပြီး ကျိယွမ်ကိုတိုက်ခိုက်သည်။နှလုံးသားနတ်ဆိုးများက ကျိယွမ်အနီးသို့ ဝိုင်းအုံလာပြီး ကိုက်ဖြတ်ဝါးစားရန် ကြိုးစားကြတော့သည်။

"မင်းနဲ့ငါက တူညီတယ်၊ ကမ္ဘာပေါ်က အကြီးမားဆုံးသော မကောင်းမှုတွေကို သိုမှီးထားတယ်"

"လောဘ၊ မာန၊ ကာမဂုဏ်... မကောင်းမှုအရင်းအမြစ်တွေအားလုံး ငါတို့မှာရှိတယ်၊ ငါတို့အားလုံး ဒီပျော်ရွှင်မှုထဲမှာ အတူတူ နစ်မြုပ်ကြမယ်"

ကျိယွမ်၏ ခန္ဓာကိုယ်မှ သွေးစွမ်းအင်များ ပြင်းထန်စွာတိုးထွက်လာပြီး သူ၏သွေးနီရောင်ဝတ်ရုံသည် လေမတိုက်ဘဲ လွင့်ပျံလာသည်။

သူ၏ လက်ထဲတွင်ဓားကျိုးတစ်ချောင်းသိပ်သည်းဖြစ်ပေါ်လာပြီး ဓားသွားမှ အမျိုးမျိုးသော မကောင်းဆိုးဝါးအော်ရာများ ထွက်ပေါ်နေ၏။

နတ်ဆိုးများစွာကို သတ်ဖြတ်ပြီးနောက် ကျိယွမ်၏ နတ်ဆိုးအနှစ်သာရသည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

"နစ်မြုပ်ရမယ် ဟုတ်လား.."

ကျိယွမ်၏မကောင်းမှုအော်ရာသည် တံခါးထဲမှ နတ်ဆိုးထောင်ပေါင်းများစွာထက်ပင် ပိုမို ကြောက်မက်ဖွယ်ကောင်းနေသဖြင့် သူသည် နတ်ဆိုးအရှင်သခင် တစ်ပါးကဲ့သို့ ထင်ရှားနေ၏။

"မင်းတို့အားလုံးဟာ ငါ့အတွက် အတွေ့အကြုံရမှတ် သက်သက်ပဲ၊ ငါ့ကို ဆွဲချနိုင်မယ်လို့ ထင်နေကြတာလား"

သူ၏ လက်ထဲရှိသွေးနီရောင်ဓားသည် နတ်ဆိုးအနှစ်သာရဟုခေါ်သော မကောင်းမှုအရင်းအမြစ်များမှနေ၍ စုစည်းထားခြင်းဖြစ်သည်။

၎င်း၏ မကောင်းဆိုးဝါးအော်ရာသည် ဤ နှလုံးသားနတ်ဆိုးများ ထက်မညံ့ပါ။

"ငါ့ရဲ့ အထောက်အပံ့လေးတွေ လာကြစမ်း"

ကျိယွမ်၏ ဓားကတစ်ချက်လှုပ်ရှားလိုက်သည်နှင့် သူ့ကိုကိုက်ခဲနေသော နှလုံးသားနတ်ဆိုးများသည် အပိုင်းအစများ အဖြစ် ပြောင်းလဲသွားသည်။

သူသည် အနန္တအသွင်ကူးပြောင်းတံခါးကိုလေ့လာပြီး ဗီဇပြောင်းလဲခြင်းစွမ်းရည်များကို ရရှိနေသည်။

ထို့အပြင်နှလုံးသားနတ်ဆိုးများကို သတ်ဖြတ်ခြင်းက သူ၏နတ်ဆိုးအနှစ်သာရကိုလည်း တိုးပွားစေခဲ့သည်။

သူသည် ခြေတစ်လှမ်းချင်းရှေ့ဆက်နေပြီး မြင်မြင်သမျှ နှလုံးသားနတ်ဆိုးများကို ဓားဖြင့်ခုတ်သတ်ကာ မကောင်းမှုအရင်းအမြစ်ဟုခေါ်သော နတ်ဆိုးအနှစ်သာရများအဖြစ် ပြောင်းလဲပစ်သည်။

"ကန်းလန်နယ်မြေရဲ့ နည်းစနစ်အားလုံးမှာချို့ယွင်းချက်တွေ ပါဝင်နေပြီး ကျင့်ကြံသူတွေကို အထောက်အပံ့ဖြစ်စေတာ မဆန်းဘူးပဲ"

"အထောက်အပံ့တွေဆီက အနှစ်သာရကိုထုတ်ယူရတာက အရမ်းပျော်စရာကောင်းတာကိုး"

ကျိယွမ်သည် ဓားကျိုးတစ်လက်ဖြင့် နှလုံးသားနတ်ဆိုးများကို ဆက်တိုက် သတ်ဖြတ်နေသည်။

သူ၏ နတ်ဆိုးအနှစ်သာရသည်လည်း လျင်မြန်စွာ ကြီးထွားလာသည်။

[သင်သည် အနှစ်သာရကို နားလည်သွားပြီဖြစ်သည်၊ ဗီဇပြောင်းလဲခြင်းစွမ်းရည် +၉၉၉၉]

[သင်သည် အနှစ်သာရကို နားလည်သွားပြီဖြစ်သည်၊ ဆွဲဆောင်မှု +၁]

[သင်သည် အနှစ်သာရကို နားလည်သွားပြီဖြစ်သည်၊ ပျင်းရိခြင်းစွမ်းရည် +၁]

ကျိယွမ်သည် လှေကားများကို ဆက်တိုက်တက်သွားပြီး ဘုန်းကြီးအလောင်းကောင်သည် သူ၏ကျောဘက်တွင် တွယ်ကပ်ကာ သူ၏နားထဲသို့ တီးတိုးပြောဆိုနေ၏။

"တစ်လှမ်းရှေ့တိုးရင် အဆုံးမဲ့ချောက်နက်ကြီးကိုရောက်မယ်၊ ကြမ်းတမ်းတဲ့နတ်ဆိုးတွေရဲ့ကမ္ဘာပဲ"

"တစ်လှမ်းနောက်ဆုတ်ရင် အဆုံးမဲ့နတ်ဆိုးနယ်မြေကိုရောက်မယ်၊ ပျော်ရွှင်ခြင်းဘုံ ပဲ"

"နတ်ဆိုးတစ်သောင်းတံခါးထဲကို နစ်မြုပ်လိုက်ပါ၊ ငါနဲ့ တစ်သားတည်း ဖြစ်သွားလိမ့်မယ်"။

ကျိယွမ် လှေကားတစ်ထစ်ပေါ်သို့ ခြေချလိုက်သည်နှင့် အောက်ခြေမရှိသောချောက်နက်ကြီးထဲမှ ဖြူဖျော့သောလက်များက မရေတွက်နိုင်အောင်ထွက်ပေါ်လာပြီး သူ၏ ခြေကျင်းဝတ်များကို ဖမ်းဆွဲကြတော့သည်။

သူ၏နောက်ကျောပေါ်မှ ဘုန်းကြီးအလောင်းကောင်ကလည်း သူ၏ နားနားတွင် တီးတိုးပြောဆိုနေခဲ့သည်။

ကြည့်လိုက်သမျှနေရာတိုင်းတွင် အဆုံးမဲ့သော နတ်ဆိုးမျာ ရှိသည်။

များပြားလွန်းသောနတ်ဆိုးများကို မြင်သောအခါ ကျိယွမ်သည် ရုတ်တရက် စာကြောင်းတစ်ကြောင်းကို သတိရလိုက်သည်။

"ငါက နေတစ်စင်းပဲ"

စကားသံနှင့်အတူ၊ သူ၏ ခန္ဓာကိုယ်မှ တောက်ပသော အလင်းရောင် ရုတ်တရက် ထွက်ပေါ်လာ၏။

ကျိယွမ်သည် နေမင်းကြီး၏အလင်းရောင်ကိုအသုံးပြု၍ ဤနေရာမှ နတ်ဆိုးများကို သန့်စင်ပစ်ရန်ရည်ရွယ်လိုက်ခြင်းပင်။

တောက်ပသောအလင်းရောင်သည် နေရာလပ်မကျန်အောင် ပျံ့နှံ့သွားခဲ့သည်။

ကျိယွမ်သည် အနန္တအသွင်ကူးပြောင်းတံခါးကို ရှင်းလင်းပြီး နှလုံးသားနတ်ဆိုးများကို သတ်နိုင်တော့မည်။

သူ၏နှုတ်ခမ်းများက လှောင်ပြုံးတစ်ခုဖြင့် ကွေးညွှတ်သွား၏။

ငါ့ကိုများ ဝိုင်းတိုက်တယ်တဲ့လား၊အကုန်လုံးမျိုးပြုတ်ပြီသာမှတ်။

သို့သော်...ဘဝဆိုသည်မှာ မျှော်လင့်တိုင်းလည်း ဖြစ်မလာတတ်ပေ။

နှလုံးသားနတ်ဆိုးများသည် သူ၏ တောက်ပသောအလင်းရောင် ကို မြင်သောအခါ မကြောက်ရွံ့ကြသည့်အပြင် ပိုးဖလံများက မီးအလင်းဆီသို့တိုးဝင်သကဲ့သို့ ရူးသွပ်ခြင်းအပြည့်ဖြင့် အငမ်းမရပြေးဝင်လာကြသည်။

"ဟေ့၊ ငါ မင်းတို့ရဲ့အဖေမဟုတ်ဘူး ဘာလို့ထွက်မပြေးဘဲ ဝိုင်းလာကြတာလဲ"

သို့သော်ကံတရားက သူ့ဘက်တွင်ရှိနေပုံရ၏။

တောက်ပသောအလင်းရောင်ကို မကြောက်လန့်သော်လည်း နှလုံးသားနတ်ဆိုးများမှာ

အလင်းရောင်ကို ကြာရှည်စွာ မခံနိုင်ကြပါ။

၄င်းတို့သည် တဖြည်းဖြည်း​ပျက်စီးသွားပြီး ကျိယွမ်အတွက် နတ်ဆိုးအနှစ်သာရများ ဖြစ်ကုန်ကြသည်။

သို့သော်ကျိယွမ်က မကျေနပ်ပါ။

"ငါက ကောင်းကင်ယံကတောက်ပနေတဲ့ နေမင်းကြီးလိုပဲ။ ဘာလို့ နှလုံးသားနတ်ဆိုးတွေက ငါ့ကိုမကြောက်ရတာလဲ"

"ငါ့ရဲ့အလင်းရောင်က သွေးနီရောင် ဖြစ်နေလို့ပဲလား"

"သြော်...မင်းတို့က အရောင်ခွဲခြားနေတာလား"

ကျိယွမ်သည် ဒေါသထွက်သွားသည်။

ဒါက အသားအရောင်ကို ကဲ့ရဲ့ပြီး လူမျိုးရေးခွဲခြားတာနဲ့အတူတူပဲကွ။

နှလုံးသားနတ်ဆိုးများတွင် မျက်လုံးများမရှိကြသော်လည်း အရောင်ခွဲခြားဆက်ဆံ နေကြ၏။

အဲဒီမှာ လူမျိုးရေးခွဲခြားချင်ဦးကွ။

ခွဲဦးကွ...။

အဆုံးမဲ့သောအလင်းရောင်သည် ပို၍ပြင်းထန်လာပြီး နှလုံးသားနတ်ဆိုးများကို တစ်ရိပ်ရိပ်ဝါးမျိုတော့သည်။

ကျိယွမ်သည် နတ်ဆိုးအရှင်သခင်တစ်ပါးကဲ့သို့ အဆုံးမဲ့သောလှေကားထစ်များကို ဖြည်းညှင်းစွာ တက်နေသည်။

နားလည်သဘောပေါက်မှုများနှင့် နတ်ဆိုးအနှစ်သာရဟုခေါ်သော မကောင်းမှုအရင်းအမြစ်မြောက်မြားစွာသည် သူ၏ ခန္ဓာကိုယ်ထဲတွင် ပြည့်နှက်လာ၏။

ယခုအခါ သူအလိုရှိလျှင် သူ၏မူလနတ်စွမ်းအားကိုပင် တိုက်ရိုက်ဖွဲ့စည်းနိုင်နေလေပြီ။

လောဘတရားသည် သောင်းကျဲ့၏ပါးစပ်အဖြစ်ဖွဲ့တည်လာ၏။

မာန်မာနတရားသည် ကောင်းကင်ဘုံ မျက်လုံးဖြစ်တည်လာ၏။

ကာမဆန္ဒတို့သည်လည်း ကြာပန်းနီမီးလျှံအဖြစ် အလျှံညီးညီးတောက်လောင်လျှက်..

ထိုမကောင်းမှုဒုစရိုက်အပြစ်ခုနှစ်ပါးသည် မူလစွမ်းရည်ခုနစ်မျိုးအဖြစ် ဖြစ်ပေါ်လာပြီးနောက် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားသည်။

ထိုမူလစွမ်းအား ပေါ်ပေါက်လာသည်နှင့် လူတိုင်း၏စိတ်ကိုဖမ်းစားပြီး အဆုံးမဲ့သောနတ်ဆိုးဘုံ ၊မကောင်းမှုဒူစရိုက်အပြစ်များထဲသို့ ဆွဲချသွားမည်ဖြစ်သည်။

....................

ရှန်ကွမ်းဂိုဏ်းတွင်ဖြစ်သည်။

ရောင်ခြည်ငါးပါးတောင်ထိပ်၏ ဂူနန်းဆောင်တစ်ခုရှေ့တွင်ဖြစ်သည်။

ကန်းဖူလူသည် ဂူအပြင်၌ရပ်လျှက် ရေလွှာခန်းဆီး၏နောက်မှ ထွက်ပေါ်လာသောအသံကို လေးစားစွာနားထောင်နေသည်။

ဂူနန်းဆောင်အတွင်းတွင် ရောင်ခြည်ငါးပါးတောင်ထိပ်သခင်ဖြစ်သော ကန်းဖူလူ၏ဆရာ ထိုင်ကွမ်းရှိလေသည်။

ယခုအခါ၌ တောင်ထိပ်သခင်ထိုင်ကွမ်းသည် ကန်းဖူလူအား ​အမြုတေဖွဲ့စည်းရန်အတွက် အဓိကသော့ချက်ကို သင်ကြားပေးနေခြင်းဖြစ်လေ၏။

"အမြုတေဖွဲ့စည်းဖို့ ပထဆုံးအနေနဲ့ အတွင်းနတ်ဆိုးလို့ခေါ်တဲ့ နှလုံးသားနတ်ဆိုးဘေးဒုက္ခကို ကျော်လွှားရတယ်၊အဲဒီနောက် ကောင်းကင်ဘေးဒုက္ခကို ကျော်လွှားရမယ်၊ပြီးရင် ရတနာပစ္စည်းကို အမြုတေအဖြစ်သုံးပြီး ဝိညာဉ်စွမ်းအင်ကို ခိုင်မာစေကာ အမြုတေကို ဖြစ်ပေါ်စေရမယ်"

"ယခုခေတ်မှာတော့ ကမ္ဘာကြီး ပြောင်းလဲနေပြီဖြစ်လို့ ကောင်းကင်ဘေးဒုက္ခတွေ မပေါ်ပေါက်တော့ဘူး။ အမြုတေအောင်မြင်ဖို့အတွက် နှလုံးသားနတ်ဆိုးဘေးဒုက္ခကိုပဲ ကျော်လွှားဖို့ လိုအပ်တယ်"

"နှလုံးသားနတ်ဆိုး ဘေးဒုက္ခက ခက်ခဲတယ်ဆိုပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး"

"စွဲလမ်းမှုတရားတွေ များပြားလေလေ၊ နှလုံးသားက ပိုမိုခိုင်မြဲလေလေသဘောရှိတာကြောင့် နှလုံးသားနတ်ဆိုးဘေးဒုက္ခဟာလည်း ပိုပြီးအားကောင်းလာတတ်တယ်"

"ဆန့်ကျင်ဘက်အားဖြင့် သဘာဝတရားအတိုင်း ရိုးသားဖြူစင်လေလေ၊ နှလုံးသားနတ်ဆိုးက အားနည်းလေးလေးဖြစ်ပြီး အခက်အခဲနည်းပါးပြီး ကျော်လွှားဖို့ ပိုပြီးလွယ်ကူစေတယ်"

"ပြောရရင် ကျိစယ်တောင်ထိပ်က ဥပါဒါန်သွေးမျိုးဆက်ကျိယွမ်လိုပေါ့၊ အရာတစ်ခုတည်းကိုစွဲလမ်းနေပြီး တခြားအာရုံပျံ့လွင့်မှုတွေမရှိခြင်းက ကျော်လွှားဖို့ ပိုမိုလွယ်ကူစေတယ်"

"မှတ်ထားရမှာက နှလုံးသားနတ်ဆိုးရဲ့လှည့်ဖြားခြင်းကို မခံရအောင် သတ်ဖြတ်ပစ် ရမယ်"

"တပည့် နားလည်ပါပြီ"

ကန်းဖူလူသည် ဂူနန်းဆောင်ရှေ့တွင် ရပ်လျက် ဆရာဖြစ်သူ၏ စကားများကို ဆင်ခြင်သုံးသပ် နေခဲ့သည်။

.............................

နတ်ဆိုးတစ်သောင်းတံခါးဟုခေါ်သော အနန္တအသွင်ကူးပြောင်းတံခါးတွင် နှလုံးသားနတ်ဆိုးများက အဆုံးမရှိပေါများလှ၏။

ကျိယွမ်သည် သိပ်သည်းသောအနီရောင်အလင်းကို ထုတ်လွှတ်နေပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင်တော့ အဆုံးမဲ့သောနှလုံးသားနတ်ဆိုးများ ထပ်ထပ်ကြမ်းတွယ်ကပ်နေသည်။

သူသည် နှလုံးသားနတ်ဆိုးတောင်ကြီး ကို ထမ်းပိုးထားသော လူတစ်ယောက်ကဲ့သို့ နတ်ဆိုးများကို သယ်ဆောင်လျှက် အပေါ်ဆုံးတံခါးဆီသို့ တက်နေ၏။

အချိန်တိုင်းတွက် နှလုံးသားနတ်ဆိုး ထောင်ပေါင်းများစွာသည် တောင်ပေါ်မှ ပြုတ်ကျကာ ပြာအဖြစ်သို့ ပြောင်းလဲသွားကြသည်။

သို့သော် နှလုံးသားနတ်ဆိုးများစွာက ကျိယွမ်၏ကျောပေါ်သို့ ဆက်လက်တွယ်တက်နေခဲ့ကြပြီး သူသည် ၄င်းတို့အတွက် အရသာအရှိဆုံးသော အစားအစာတစ်ခုအလား ကိုက်ဖြတ်ဝါးစားရန် ကြိုးစားနေကြသည်။

"အခုဆို ငါက ဧရာမနှလုံးသားနတ်ဆိုးစုပေါင်းကောင်ကြီးတစ်ကောင်လို ဖြစ်နေပြီ"

ကျိယွမ်သည် သူ့ကိုယ်သူပြန်ကြည့်ကာ ရယ်မောလိုက်သည်။

ပြင်းထန်သောအပြစ်ခုနစ်ပါးက သူ့အား ခံစားချက်များမြောက်မြားစွာကို ဖြစ်ပေါ်စေခဲ့ပြီး သူ၏မျက်လုံးများတွင် အနီရောင်များ လင်းလက်နေခဲ့သည်။

အဆုံးမဲ့သောနှလုံးသားနတ်ဆိုးများကို ထမ်းပိုးလျက် သူသည်လှေကားကိုမနားတမ်းတက်နေဆဲပင် ရှိ၏။

လှေကားထစ်များကလည်း မဆုံးတော့သည့်အလားပင်။

နှလုံးသားနတ်ဆိုးများသည် ကျိယွမ်ကိုအငမ်းမရကိုက်ခဲနေကြသော်လည်း အမှန်တကယ်တွင် ၄င်းတို့ကသာ ကျိယွမ်အတွက် အဟာရများဖြစ်သွားပြီး နတ်ဆိုးအဆီအနှစ်များဖြစ်သွားကြသည်။

နှလုံးသားနတ်ဆိုးများ၏ အရာမထင်သောတိုက်ခိုက်မှုများက်ုကြည့်ကာ ကျိယွမ်သည် ရုတ်တရက်ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"နှလုံးသားနတ်ဆိုးအားလုံးဟာ ငါ့ရဲ့ အသက်သွေးကြော ဖြစ်ရမယ်။ ငါက မင်းတို့ကို အသက်ရှင်စေချင်ရင် မင်းတို့ အသက်ရှင်ရမယ်။ ငါက မင်းတို့ကို သေစေချင်ရင် မင်းတို့ သေရမယ်"

[သင်သည် အနှစ်သာရကို နားလည်သဘောပေါက်သွားပြီဖြစ်သည်၊ ပြန်လည်ဝင်စားခြင်းသံသရာ စွမ်းအား +၁]။

ထိုသတိပေးချက်က ကျိယွမ်ကို မျက်လုံးပြူးသွားစေသည်။

သူသည် အနန္တအသွင်ကူးပြောင်းတံခါးတွင် အနှစ်သာရကို ကြာမြင့်စွာ နားလည်သဘောပေါက်နေခဲ့သော်လည်း ဤမျှ အဆင့်မြင့်သော စွမ်းရည်မျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်သည်။

ကျိယွမ်၏ မျက်ခုံးများကျုံ့သွားသည်။

အရင်တုန်းက ဒီလိုစွမ်းအားမျိုးမရဘူး၊ဘယ်လိုဖြစ်တာလဲ ၊ စကားကြီးစကားကျယ်တွေ ထအော်ခါမှ ရလာတယ်ဆိုတော့...။

ထိုသို့ စဉ်းစားမိသောအခါ သူသည် နောက်ထပ်အော်ဟစ်လိုက်သည်။

"ငါဟာ ဟင်းလင်းပြင်ကို ထိန်းချုပ်ထားတယ်၊ အရာခပ်သိမ်းကိုအလိုလိုသိနေပြီး အရာခပ်သိမ်းကို စွမ်းဆောင် နိုင်တယ်၊ အရာအားလုံးရဲ့ မူလအစ ဖြစ်တယ်"

"ငါ မျက်လုံးပိတ်လိုက်တာနဲ့ ခေတ်တစ်ခုမှာ အရာအားလုံး ပျက်စီးသွားတယ်၊ စကြဝဠာတောင် ပြိုကွဲသွားတယ်။ ငါ မျက်လုံးဖွင့်လိုက်တာနဲ့ ခေတ်တစ်ခုမှာ အရာအားလုံး ပြန်လည်ရှင်သန်တယ်၊ စကြဝဠာ ပြန်လည်မွေးဖွားလာတယ်"

"အချိန် ဟာ ငါ့ရဲ့ ဆံပင်တစ်မျှင်ပဲ။ အာကာသဟာ ငါ့ဆံပင်လေးတွေကြားက နေရာလပ်လေးတစ်ခုပဲ။ ကောင်းကင်ဘုံ လမ်းစဉ်ဆိုတာ ငါ တစ်ရေးအိပ်နေရင်း ကျင့်ကြံနေတာလောက်ပဲရှိတယ်၊ ရုပ်တရားနဲ့ ဝိညာဉ်တွေဟာ ငါ့ရဲ့ စိတ်ကူးလေးတွေပဲ"

ကျိယွမ်သည် သူ့ကိုယ်သူ ခမ်းနားကြီးကျယ်စွာဖော်ပြရန် ကြားဖူးနားဝဝေါဟာရများ များကို ပါးစပ်ထဲရှိရာ အသုံးပြုခဲ့သည်။

အော်ဟစ်ပြီးနောက် သူသည် စိတ်လှုပ်ရှားနေသည်။

အားကောင်းသောစွမ်းရည်များကို ထပ်မံ နားလည်သိမြင်နိုင်လျှင် ယခုကြိုးစားမှုသည် ကြီးမားသော အကျိုးကျေးဇူး ဖြစ်လာတော့မည်မဟုတ်ပါလား။

[သင်သည် အနှစ်သာရကို သိမြင်သွားပြီဖြစ်သည်၊ ကြွားဝါခြင်းစွမ်းရည် +၁]။

"အမ်..."

"…ဒါပဲလား"

ကျိယွမ်သည် အသံကုန်အော်မိသည်ကိုပင်နောင်တရမိသွားသည်။

သူရရှိခဲ့သည်မှာ အသုံးမဝင်သော ကြွားဝါခြင်းစွမ်းရည် တစ်ခုသာ။

ကြွားတာကတော့ စွမ်းရည်လိုမလားဟ၊လူတိုင်းကြွားတတ်တာကို။

ထိုအခိုက် ဘုန်းကြီးအလောင်းကောင်၏ အသံက သူ၏နားထဲတွင် ဆက်လက် ပဲ့တင် နေခဲ့သည်။

"အခုပဲ နောက်ပြန်လှည့်လိုက်ပါ။ ရှေဆက်သွားရင် ထာဝရအပြစ်ပေးခြင်းနေရာထဲကို ကျရောက်သွားပြီး နတ်ဆိုးတစ်သောင်းတံခါးထဲမှာ လုံးဝနစ်မြုပ် သွားလိမ့်မယ်"

ထိုအသံကြောင့် ကျိယွမ်၏မျက်လုံးများကဝေခွဲမရသလို တွန့်ဆုတ်မှုတစ်ခု လင်းလက်သွားခဲ့သည်။

"အဆုံးမဲ့မရှိတဲ့နှလုံးသားနတ်ဆိုး အားလုံးဟာ ငါ့ရဲ့အသက်သွေးကြောပဲ။ ဘာကို ကြောက်နေရမှာလဲ"

"ဘယ်လိုသတ္တဝါကမှ ကမ္ဘာတစ်ခုလုံးရဲ့ မကောင်းမှုစွမ်းအားကို မခံနိုင်ဘူး"

"သာဝကတွေနဲ့ ဗုဒ္ဓတောင် မခံနိုင်ဘူး"

ထိုအခိုက် ဘုန်းကြီးအလောင်းကောင်က ဟိန်းဟောက်လိုက်သောအခါ အဆုံးမဲ့သော နှလုံးသားနတ်ဆိုးများသည် လှေကားများမှအဆုံးမရှိတက်လာကြတော့သည်။

ကျိယွမ်၏မျက်လုံးများလည်း လုံးဝအနီရောင်သို့ ပြောင်းလဲသွားသည်။

သူ၏အရေပြားပင်လျှင် အနီရောင်ဖြစ်လာခဲ့သည်။

သူသည် လှေကားအထက်မှတံခါးကို မော့ကြည့်လိုက်သည်။

ငါ့ရဲ့လမ်းစဉ်က နတ်​ဆိုးအနှစ်သာရလို့ခေါ်တဲ့ မကောင်းမှုအရင်းအမြစ်တွေလား။

ဒါမှမဟုတ် ငါ့ရဲ့မူလစွမ်းအားကိုနတ်ဆိုးအနှစ်သာရထဲကို ပေါင်းစည်းရမှာလား။

မူလစွမ်းအင်သည် ထူးခြား၏ ၊ရွေးချယ်ပြီးသည်နှင့် နောက်ပြန်လှည့်၍ မရတော့ပါ။

သူသည် ယခုလမ်းစဉ်ကို လိုက်သင့်သလော။

အဆုံးမဲ့သောနှလုံးသားနတ်ဆိုးများက အဆက်မပြတ်ဖိအားပေးနေပြီး များသထက်များလာသော နတ်ဆိုးအနှစ်သာရများကြောင့် ကျိယွမ်သည် ကြီးမားသောဖိအားကို ခံစားနေရသည်။

တဖြည်းဖြည်းနှင့် သူပင်လျှင် ခံနိုင်ရည်မရှိဖြစ်လာနိုင်သဖြင့် ၄င်းတို့ကို ထုတ်လွှတ်ရန် လိုအပ်နေသည်။

ယခုအခြေအနေက နတ်ဘုရားရောင်ပြန်ဟပ်ခြင်းများထက် ထောင်ပေါင်းများစွာ ပိုမိုကြောက်မက်ဖွယ် ကောင်းနေသည်။

သူသည် သူ၏အနှစ်သာရကို ဆင်ခြင်သုံးသပ်ရင်း နောက်ထပ်ခြေတစ်လှမ်းတိုးလိုက်သည်။

သို့သော် သူသည်ဆေးကြောင်နေသူတစ်ယောက်လို ငေးကြောင်ကြောင်ဖြစ်နေပြီး အရာအားလုံးကို မေ့လျော့သွား၏။

သူကအတိတ်မေ့သလိုလို အနာဂတ်ပျောက်သူလိုလိုဖြစ်နေပြီး စဥ်းစားဆင်ခြင်းနိုငိစွမ်းများ တစ်စတစ်စပျောက်ကွယ်လာသည်။

ရုတ်တရက် ကျိယွမ် နားလည်သွားပြီး ပြုံးလိုက်သည်။

"နှလုံးသားနတ်ဆိုးတွေ ၊ မင်းတို့က ငါ့ကိုဒီလောက်ကိုးကွယ်ချင်နေကြမှတော့ ၊ ငါက ကရုဏာထားပြီး မင်းတို့ကို ငါ့ရဲ့မူလစွမ်းအားရဲ့အစိတ်အပိုင်း ဖြစ်စေမယ်"

ကျိယွမ်သည် ဆုံးဖြတ်ချက်ပြတ်သားစွာ ချ လိုက်ပြီး မဆုတ်မနစ်ရှေ့သို့ ဆက်သွားခဲ့သည်။

ထိုအခါ သူ၏နောက်တွင်ကျန်နေခဲ့သော လှေကားများက စတင်ပျက်စီးလာကြသည်။

ဘုန်းကြီးအလောင်းကောင်၏ မသတီစရာမျက်နှာကြီးက နတ်ဆိုးဆန်စွာပြုံးသွားသည်။

"နောက်ပြန်လှည့်စရာလမ်းမရှိတော့ဘူး၊ ဟား..ဟား..ဟား... မင်းဟာ ငါနဲ့အတူနတ်ဆိုးတစ်သောင်းတံခါးထဲမှာ ထာဝရနစ်မြုပ် သွားပြီး နှလုံးသားနတ်ဆိုး ဖြစ်လာတော့မယ်"

ကျိယွမ်က ဘုန်းကြီးအလောင်းကောင်၏

အသံကို ​အရေးမလုပ်ပါ။

သူ၏ခန္ဓာကိုယ်မှအရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် နှလုံးသားနတ်ဆိုးများ၏ ခုနစ်ပုံတစ်ပုံ ပျောက်ကွယ်သွားခဲ့သည်။

"မာနတရားရဲ့ ကောင်းကင်ဘုံမျက်လုံး"

တစ်ခဏအတွင်းမှာပင် သူသည် မာနတရားမူလစွမ်းအားကို စုစည်းလိုက်သည်။

ကျိယွမ်၏ စိတ်ထဲတွင် သူ၏ညီမလေးကျန်းလင်းစု၏ အချိုးအစားပြေပြစ်သော ပုံသဏ္ဌာန်၊သူ၏ဆရာမဖြစ်သော တောင်ထွတ်သခင်မ၏ အေးစက်ပြီး အထီးကျန်သော ပုံရိပ်၊ အနက်ရောင်ပိုးထည် ဖြင့် ပတ်ထားသောနင်းထောင်၏ ဆွဲဆောင်မှုရှိသော ခြေတံရှည်များနှင့် ကျူးယန်၏ သေးသွယ်ပြီး ချစ်စဖွယ်ခန္ဓာကိုယ်ပုံများ လင်းလက်သွားခဲ့သည်။

သူသည် နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်ပြီး သူ၏ခန္ဓာကိုယ်ပေါ်မှ နှလုံးသားနတ်ဆိုးများကို ထပ်မံ လျှော့ချလိုက်သည်။

"ကာမဆန္ဒတွေရဲ့ ကြာပန်းနီမီးလျှံ"

ကျိယွမ်သည် ခြေတစ်လှမ်းချင်းစီ ရှေ့သို့ ရွေ့လျားသွားတိုင်း သူ၏စိတ်ထဲတွင် ပုံရိပ်များမြောက်မြားစွာ လင်းလက်သွားခဲ့သည်။

သူ၏ ခန္ဓာကိုယ်ပေါ်ရှိ နတ်ဆိုးများသည် လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ဘုန်းကြီးအလောင်းကောင်၏ အသံထွက်ပေါ်လာသည်။

"နှလုံးသားနတ်ဆိုးတွေကို မူလစွမ်းအားအဖြစ် ပြောင်းလဲလိုက်တာနဲ့ သူတို့ပျောက်ကွယ်သွားမယ်လို့ မင်းထင်နေတာလား"

"မှားတယ်၊ လုံးဝ မှား တယ်။ သူတို့ဟာ မင်းနဲ့ ပိုပြီးတော့ နီးကပ်လာမှာပဲ"

"သူတို့ဟာ မင်း ဖြစ်လာပြီး မင်းကလည်း သူတို့ ဖြစ်လာမှာ"

"ငါလည်း သူတို့နဲ့အတူတူ လျှောက်ခဲ့ဖူးတယ်၊ ဟားဟား... ဒါဟာ ငါ့လိုနတ်ဆိုး ဖြစ်လာဖို့ လမ်းစဥ်ပဲ"

ကျိယွမ်သည် ဂရုမစိုက်ခဲ့ပါ။

သူသည် သူ၏မူလစွမ်းအားများကို ဆက်လက် စုစည်းနေသည်။

သွေးနီရောင်ကြာပန်းများသည် သူ၏ ခြေထောက်အောက်တွင် တစ်ခုပြီးတစ်ခုပွင့်လန်းလာခဲ့သည်။

သူ၏ ခန္ဓကိုယ်မှ သွေးနီရောင်အလင်းများ သည်လည်း သွေးနတ်ဆိုးတစ်ပါး၏ အရှိန်အဝါကဲ့သို့ နေရာအနှံ့သို့ ပျံ့နှံ့နေသည်။

"လောဘတရား....သောင်းကျဲရဲ့ပါးစပ်"

"မနာလိုခြင်း......အဆုံးမဲ့သွေးပင်လယ်"

"ပျင်းရိခြင်း .....အလုပ်မဲ့အိပ်မက်"

"လောဘတရား-.....ဝိညာဉ်ဝါးမျိုသူ"

"ဒေါသတရား.......ကောင်းကင်ဘုံကိုးပါး မိုးကြိုး"

ပြင်းထန်သော ဒုစရိုက်ခုနစ်ပါးသည် မူလနတ်စွမ်းအင်ခုနစ်ပါးအဖြစ် စုစည်းသွားကြသည်။

ထိုအတူ ကျိယွမ်၏ခန္ဓာကိုယ်ပေါ်မှ နှလုံးသားနတ်ဆိုးများအားလုံး ပျောက်ကွယ်သွားခဲ့သည်။

ဘုန်းကြီးအလောင်းကောင်၏ မျက်လုံးများတွင် မကောင်းဆိုးဝါးဆန်သောအပြုံး ပေါ်လာ၏။

"ဟားဟားဟား၊ မင်းလည်း နှလုံးသားနတ် ဆိုး ဖြစ်သွားပြီ"

၎င်းသည်လည်း ဟိန်းဟောက်လိုက်ပြီးနောက် မူလစွမ်းအားများ၏ အစိတ်အပိုင်း ဖြစ်သွားခဲ့သည်။

အဆုံးမဲ့သော နှလုံးသားနတ်ဆိုးများသည် ကျိယွမ်၏ ခန္ဓာကိုယ်ထံတွင် ပြည့်နှက်လာပြန်သည်။

သို့သော် ကျိယွမ်၏မျက်နှာသည် လူသေအလား အမူအရာကင်းမဲ့နေပြီး မူလနတ်စွမ်းအားခုနစ်ပါးသည် တစ်ခုတည်းအဖြစ် ပေါင်းစပ် သွားခဲ့သည်။

"ဟင်းလင်းပြင်ဘုံ နှလုံးသားနတ်ဆိုးဧကရာဇ်နိုးထခြင်း မူလစွမ်းအား"

အဆုံးမဲ့သော နှလုံးသားနတ်ဆိုးများ သည် ကျိယွမ်၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသည်။

သူ၏ခန္ဓာကိုယ်သည် ပုံသဏ္ဌာန်ပြောင်းလဲ စပြုလာသည်။

ဘုန်းကြီးအလောင်းကောင်၏အသံက ကျိယွမ်၏ စိတ်ထဲတွင် ပဲ့တင်နေခဲ့သည်။

" မူလနှလုံးသားနတ်ဆိုးကို သတ်လိုက်တဲ့အချိန်ကစပြီး မင်းဟာ နောက်ပြန်မလှည့်နိုင်တဲ့ လမ်းပေါ် ရောက်သွားခဲ့ပြီ"

"မာန်မာနက မင်းရဲ့စိတ်ကိုကြမ်းတမ်းစေတယ်။ လောဘက မင်းကို ဆင်ခြင်တုံတရားမဲ့ စေမယ်။ ကာမကြောင့် မင်းက မိန်းမအားလုံးကို စိတ်ပါဝင်စားစေတယ်"

"ဟားဟား၊ အစပိုင်းမှာတော့ မင်းဟာ ကိုယ့်ကိုယ်ကို ဖိနှိပ်ထားခဲ့တယ်၊ မင်းရဲ့ ဆန္ဒတွေကို အတင်းအကျပ် ထိန်းချုပ်ထားခဲ့တယ်"

"ဒါပေမဲ့ နတ်ဆိုးတစ်သောင်းတံခါး ထဲဝင်ရောက်ပြီးတာနဲ့ စိတ်ဆန္ဒအကုန်လုံးဟာ ကောင်းကင်ကရေစီးကြောင်းလို စီးဆင်းလာလိမ့်မယ်"

"မင်းရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်က နှလုံးသားနတ်ဆိုးတွေ ဖြစ်လာနေပြီး။ အမြင့်ဆုံးသောနတ်ဘုရားတောင်မှ မင်းကိုချောက်နက်ကြီး ထဲက ဆွဲထုတ်နိုင်မှာ မဟုတ်ဘူး"

"မင်းဟာ ငါတို့ထဲက တစ်ယောက် ဖြစ်လာလိမ့်မယ်"

ထိုပဲ့တင်သံနှင့်အတူ ကျိယွမ်သည်သူ၏ ခြေထောက်များသည် လှေကားပေါ်တွင် ရိုက်သွင်းခံထားသကဲ့သို့ ခံစားလိုက်ရသည်။

ဘုန်းကြီးအလောင်းကောင်၏ စကားများမှာမှန်ကန်ပုံရ၏။

နတ်ဆိုးများကိုသတ်ဖြတ်ပြီး နတ်ဆိုးအရင်းအမြစ်ကို ထုတ်ယူပြီးနောက် ကျိယွမ်၏စိတ်သည် သိမ်မွေ့စွာပြောင်းလဲ နေခဲ့သည်။

သူ တစ်ခါမှ မစဉ်းစားဖူးသောအရာများ၏ ပုံရိပ်များသည် သူ၏ စိတ်ထဲတွင် မဖိတ်ခေါ်ဘဲ ပေါ်လာတတ်သည်။

ထို့ကြောင့် သူသည် သူ့ကိုယ်သူ တစ်ကိုယ်တည်းနေခဲ့၏။အခြားသူများနှင့် မဆက်ဆံဘဲ ခေါင်းခါခဲ့သည်။အကြောင်းရင်းမှာ မြို့ကိုစောင့်ကြပ်ရန်ဟုထင်ကြသော်လည်း သူ၏အခြားရည်ရွယ်ချက်မှာ နှလုံးသားနတ်ဆိုးများ ကြီးထွားလာခြင်းကို တားဆီးရန် ဖြစ်သည်။

သူသည် မနား​မနေသတ်ခဲ့သည်။

ထကြွလာသောစိတ်ဆန္ဒများကို ဖျက်ဆီးရန် သတ်ဖြတ်ခြင်းဖြင့် အာရုံလွှဲခဲ့လေသည်။

အနှစ်သာရကမ္ဘာထဲသို့ ပြန်ဝင်လာချိန်မှာပင် သူသည် ဆက်လက်သတ်ဖြတ်ခဲ့သည်။

ကျူးယန်ကို ပြန်တွေ့သောအခါ သူမကစွဲမက်ဖွယ်ရှိလှသည်ဟု သူခံစားခဲ့ရသည်။

ထိုစွဲမက်ခြင်းသည် သူ၏နှလုံးသားမှလာခြင်းလား၊ သို့မဟုတ် နှလုံးသားနတ်ဆိုးကြောင့်လားမသိပါ။

"နှလုံးသားနတ်ဆိုးဖြစ်လာပြီး ငါတို့နဲ့ ပေါင်းစည်းလိုက်ပါ"

ဘုန်းကြီးအလောင်း၏အသံက သူ၏စိတ်ထဲတွင်ပျံ့နှံ့နေသည်။

"မင်းမှာ ပြန်လမ်းမရှိဘူး"

"မရှိဘူးလား"

ကျိယွမ်သည် လှေကားထစ်များပေါ်တွင် မလှုပ်မယှက် ထိုင်လိုက်သည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံး သွေးနီရောင်ဖြစ်နေပြီး အစိတ်အပိုင်းအားလုံး၏တစ်လက်မချင်းစီတိုင်းသည် နှလုံးသားနတ်ဆိုးအဖြစ် အဆက်မပြတ် ပြောင်းလဲနေ၏။

နတ်ဆိုးတစ်သောင်းတံခါး၏ လှေကားပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော ဧရာမနတ်ဆိုးကြီးတစ်ကောင် တဖြည်းဖြည်းဖြစ်ပေါ်လာသည့်ဟုပင် ထင်ရသည်။

ကျိယွမ်လှေကားပေါ်၌ ထိုင်ကာ အကြောင်းအရာများကို ပြန်လည်သုံးသပ်နေသည်။

သို့သော် မည်မျှပင်ကြိုးစားနေပါစေ သူမည်သည့်အကြောင်းအရာအား စဉ်းစားနေသည်ကို ပြန်လည်သတိရနိုင်ခြင်းမရှိပါ။

..................

ကမ္ဘာမြေအဆုံးပိုင်းတွင်ဖြစ်သည်။

သွေးနန်းတော်အနီးမှပင်လယ်သည် သွေးနီရောင် ဖြစ်နေခဲ့သည်။

ကျူးယန်သည် အနန္တအသွင်ကူးပြောင်းတံခါးကို တွေဝေစွာငေးမောကြည့်နေ၏။

"သွေးပုလဲ... နင် ဘယ်တော့မှ ထွက်လာမှာလဲ"

သွေးပုလဲသည် လွန်ခဲ့သောဆယ့်တစ်နှစ် က အနန္တအသွင်ကူးပြောင်းတံခါးထဲသို့ ဝင်သွားခဲ့သည်။

ဆယ့်တစ်နှစ်လုံးလုံး သူမသည်တံခါးအနီးမှတစ်ဖဝါးမှမခွာဘဲ စောင့်ဆိုင်းနေခဲ့သည်။

လွန်ခဲ့သောငါးနှစ်ခန့်က အနန္တအသွင်ကူးပြောင်းတံခါးသည် ထူးဆန်းစွာ ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်ရှိ ပင်လယ်ရေအားလုံးကို အနီရောင်အဖြစ်ပြောင်းလဲစေခဲ့သည်။

ယခုအခါ ထိုအနီရောင်သည် ကျူးယန်၏ ခြေထောက်များဆီသို့တိုင် ပျံ့နှံ့လာခဲ့သည်။

ရှန်းရန်ရန်သည် ကျူးယန်၏ဘေးနားတွင် ပေါ်လာပြီး သူမ၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ထင်ဟပ်နေသည်။

"သူ တစ်နေ့နေ့တော့ ထွက်လာမှာပါ"

သူတို့သည် တံခါးအတွင်း၌ မည်သည့်အရာများဖြစ်ပျက်နေသည်ကို မသိကြပါ။

သို့သော် ရှန်ရန်ရန်သည် အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးကြီးတစ်ကောင် ကျက်စားနေသည်ကို ခံစားမိခဲ့သည်။

တစ်ချိန်တွင် ထိုနတ်ဆိုးကြီး၏ပြည့်ဝ​သောပုံသဏ္ဌာန်ဖြစ်ပေါ်လာသည်နှင့် ကမ္ဘာကြီးကို မပြုပြင်နိုင်သော ဘေးအန္တရာယ်ထဲသို့ ကျရောက်စေလိမ့်မည်။

ထိုနတ်ဆိုးသည် သွေးသခင်ဖြစ်နိုင်ဖွယ် ရှိသည်ဟု သူမထင်နေမိသည်။

"ညီမရန်ရန် ငါ့ကိုနှစ်သိမ့်ဖို့ မလိုပါဘူး"

ကျူးယန်၏မျက်နှာသည် တောက်ပနေဆဲဖြစ်ပြီး သူမ၏မိတ်ကပ်မှာလည်း လှပ နေသည်။

"အနန္တအသွင်ကူးပြောင်းတံခါးထဲဝင်သွားသူမှန်သမျှ နတ်ဆိုးဖြစ်လာလိမ့်မယ်"

ရှန်ရန်ရန် သက်ပြင်းချလိုက်သည်။

တံခါးထဲသို့ ဝင်သွားခြင်းသည် သွေးသခင်၏ကံကြမ္မာကို ဆုံးဖြတ်ပြီးသားဖြစ်သွားစေသည်။

သူသည် ကမ္ဘာကြီးကိုကယ်တင်ရန် တံခါးပေါက်ကို ပိတ်ဆို့ ပြီး သူ၏ခန္ဓာကိုယ်ဖြင့် နတ်ဆိုးများကိုကျွေးမွေးခဲ့သည်။

ထို့နောက် သူကိုယ်တိုင်နတ်ဆိုး ဖြစ်သွားသည်။

"သူထွက်လာတဲ့အထိ ငါဒီမှာ စောင့်နေမယ်"

ကျူးယန်က တောက်ပစွာ ပြုံးလိုက်သည်။သူပြန်လာသောအချိန်အထိ သူမကလှလှပပစောင့်နေမည်။

"အိုးကိုးလုံးတောင်မှာလိုပဲ၊ သူ ထွက်လာတဲ့အခါ ငါ့ကိုအရင်ဆုံး မြင်စေချင်တယ်"

ရှန်းရန်ရန်သည် မည်သည့်စကားကိုမှ ထပ်မဆိုခဲ့ပါ။

ယခုအချိန်၌ သွေးနန်းတော်သည် ကမ္ဘာမြေအဆုံးပိုင်းမှ ဆုတ်ခွာနေပြီ ဖြစ်သည်။

နန်းတော်မှလူများသည် ထိုနေရာမှ ရွှေ့ပြောင်းနေကြလေပြီ။

"သူ နတ်ဆိုးဖြစ်သွားရင်လည်း ချောမောနေမယ်လို့ ငါမျှော်လင့်ပါတယ်

ကျူးယန်က ထိုသို့ပင် စဉ်းစားနေမိသည်။

ထိုအခိုက် ပိုင်ကျိသည် ပင်ပန်းနွမ်းနယ်နေ သောမျက်နှာနှင့် ပေါ်လာ၏။

"ကံကြမ္မာကျောက်တုံးကို ငါတို့ရှာတွေ့ခဲ့ပြီ"

သူသည် သူ၏လက်ကိုဆန့်ထုတ်ပြီး ကံကြမ္မာကျောက်တုံးကို ပြလိုက်သည်။

ထိုအရာကို မြင်သော်လည်း ရှန်ရန်ရန် စိတ်လှုပ်ရှားဟန်မရှိခဲ့ပါ။

"အရမ်း နောက်ကျသွားပြီ"

ယခုအချိန်တွင် သွေးသခင်သည် နတ်ဆိုးဖြစ်သွားသည်မှာ ထင်ရှားနေလေပြီ၊ ကံကြမ္မာ​ကျောက်တုံးပင်လျှင် သူ့ကို ကယ်တင်နိုင်တော့မည် မဟုတ်ပါ။

သူဝင်သွားခဲ့သောအချိန်က ရှာတွေ့ခဲ့လျှင် အခွင့်အရေးရှိနိုင်သေးသည်။

ယခုအချိန်မှာတော့ ကံကြမ္မာကျောက်တုံးသည် နတ်ဆိုးကိုသတ်ဖြတ်ရန် နည်းလမ်းကိုသာ ပြသနိုင်ပေလိမ့်မည်။

ပိုင်ကျိသည် ကျောက်တုံးကိုကိုင်ထားရင်းမှ တိတ်ဆိတ် နေခဲ့သည်။သူ၏ မျက်လုံးများတွင် အပြစ်ရှိသလိုခံစားချက်များဖြင့် ပြည့်နှက်နေ၏။

ရှန်ရန်ရန်က တံခါးပေါက်ဆီသို့ကြည့်ကာ ပြောလိုက်သည်။

"ကျူးယန် သိပ်မကြာခင်မှာ ငါတို့ ဒီနေရာကနေ ထွက်ခွာကြတော့မှာ"

"အင်း"

ကျူးယန်က မထူးဆန်းသလို ခေါင်းညိတ်၏။သူမ၏အသံသည် ခိုင်မာ နေခဲ့သည်။

"ငါ့ကို ထွက်သွားဖို့ ဒါမှမဟုတ် သတိမေ့အောင်လုပ်ပြီး ခေါ်သွားဖို့ မကြိုးစားနဲ့။ နားလည်လား"

ရှန်ရန်ရန်သည် မတတ်သာသလို ခံစားရပြီး နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ"

ရှန်ရန်ရန်နှင့်ပိုင်ကျိတို့ ထွက်ခွာသွားကြသောအခါ ပင်လယ်ဘေးတွင် ကျူးယန်တည်ဦးတည်းသာကျန်ခဲ့သည်။

သူမသည် သွေးပုလဲနှင့်အတူထိုင်ခဲ့သော ကျောက်တုံးပေါ်တွင်ထိုင်နေပြီး အနန္တအသွင်ကူးပြောင်းတံခါးကို မျက်ရည်ဝဲသော အကြည့်များဖြင့် ဆက်လက်စောင့်ကြည့်နေရှာ၏။

"သွေးပုလဲ ငါနင့်ကိုစောင့်နေတယ်"

.......................

ရက်တချို့ကုန်လွန်သွားပြီးနောက် သွေးနန်းတော်နှင့် ပတ်ဝန်းကျင်ရှိမြို့များသည် ဗလာကျင်းလုနီးပါး ဖြစ်နေသည်။

ကမ္ဘာမြေအဆုံးပိုင်းသည် အေးစက်လာပြီး သွေးနီရောင်နှင်းခဲများ မြေပြင်ပေါ်တွင် ဖြစ်ပေါ်လာသည်။

ပင်လယ်ရေသည်ပင် သွေးနီရောင်ရေခဲပြင် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ယခုအချိန်တွင် သွေးနန်းတော်တွင် လူတစ်ဒါဇင်ခန့်သာ ကျန်ရှိတော့သည်။

ပိုင်လော့တို့၏ဆရာဖြစ်သော အဘိုးအိုသည် အဝေးမှခရီးနှင်ခဲ့သော်လည်း သွေးသခင်ကို မတွေ့လိုက်ရပါ။

သူသည် အနန္တအသွင်ကူးပြောင်းတံခါးကို မော့ကြည့်လိုက်ပြီး သူ၏မျက်လုံးများသည် ဆုံးရှုံးသောခံစားချက်များဖြင့် ပြည့်နှက်နေသည်။

"ဆရာသခင်က ငါ့နာမည်ကို တစ်ခါမှမပြောခဲ့ဘူးလား။ငါက အရမ်းဆိုးနေလို့လား"

အရူးတာအိုက ခေါင်းယမ်းလိုက်သည်။

"နန်းကုန်းသာ့ကွေ ၊သခင်က ကမ္ဘာကြီးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်နေခဲ့ရတာ၊ မင်းကို သတိရဖို့ အချိန်မရှိဘူး"

အဘိုးအိုနန်းကုန်းသာ့ကွေမှာ စိတ်ဓာတ်ကျ သွားခဲ့သည်။

သူတို့သည် ထိုနေရာတွင် ဆက်လက်ရပ်နေပြီး ကျူးယန်ကို မလှမ်းမကမ်းမှ ကြည့်နေကြသည်။

ထို့အတူ စိတ်မကောင်းဖြစ်နေကြ၏။

မနက်ဖြန်ဆိုလျှင် သူတို့သည် ဤနေရာမှ ထာဝရ ထွက်ခွာကြတော့မည် ဖြစ်သည်။

ကျူးယန်တစ်ဦးတည်းသာ ကျန်ရှိနေခဲ့ပေတော့မည်။

"ဟင်း...ဆရာသခင်က ကမ္ဘာကြီးကို ဂရုစိုက်တယ်၊ ဒါတောင် ကျိထျန်ရွှမ်းနွီက သူ့ကို အသရေဖျက်ခဲ့တယ်"

"နောက်ဆုံးအချိန်မှာတောင် ကမ္ဘာကြီးကိုကယ်တင်ဖို့ ဆရာသခင်ကသူ့ကိုယ်သူ စတေးခဲ့တာ"

ပိုင်ကျိ၏ မျက်လုံးများတွင် လေးစားချစ်ခင်မှုများ ပြည့်နှက်နေသည်။

လူတိုင်းသည် သူတို့ဆရာသခင်၏ စွန့်လွှတ်အနစ်နာခံမှုကိုတွေးကာ ခံစားချက်အမျိုးမျိုး ဖြစ်ပေါ်လာကြသည်။

သူတို့အားလုံးသည် အနန္တအသွင်ကူးပြောင်းတံခါးကို ကြည့်နေမိကြသည်။

နောက်ဆုံးအနေဖြင့် ဆရာသခင်၏အရိပ်ကို တစ်ချက်ကလေးများ မြင်တွေ့ရမလားဟုမျှော်လင့်နေကြသည်။

ထိုအခိုက် ရုတ်တရက်ပြောင်းလဲမှု တစ်ခု ဖြစ်ပေါ်လာ၏။

"ဘာဖြစ်နေတာလဲ"

လူတိုင်း ထိတ်လန့် သွားကြသည်။

အဆုံးမဲ့သွေးပင်လယ်သည် ရုတ်တရက်ကြီးပျောက်ကွယ်သွားပြီး ပင်လယ်ရေအဖြစ်သို့ ပြန်ပြောင်းသွားသည်။

မြေပြင်ပေါ်ရှိ သွေးနီရောင်နှင်းခဲများလည်း ပျောက်ကွယ်သွားခဲ့သည်။

ကျူးယန်သည် သူမ၏အေးခဲနေသော လက်များတွင် နွေးထွေးသောခံစားမှု တစ်ခုကို ခံစားလိုက်ရသော်လည်း သူမ၏မျက်နှာတွင် ထိတ်လန့်ကြောက်ရွံ့မှုကို ပြသနေသည်။

"သွေးပုလဲ... သူ့ရဲ့အရှိန်အဝါ... ပျောက်ကွယ်သွားပြီ"

လူတစ်ဒါဇင်ခန့်သည် ကျူးယန်ဆီသို့ ပျံသန်းသွားကြပြီး တံခါးပေါက်ကို ရှုပ်ထွေးပြီးကြောက်ရွံ့သော အမူအရာများ ဖြင့် ကြည့်နေကြသည်။

သွေးနီရောင်နှင်းခဲများနှင့်အတူ သွေးပင်လယ်ပါ ပျောက်ကွယ်သွားပြီး ကမ္ဘာကြီးသည် ရှင်းလင်းသွားသကဲ့သို့ ထင်ရသည်။

အနန္တအသွင်ကူးပြောင်းတံခါးမှ ကြောက်မက်ဖွယ်နတ်ဆိုးအရှိန်အဝါသည်လည်းလျင်မြန်စွာ မှေးမှိန်သွားလေ​၏။

နတ်ဆိုးသည် ထာဝရပျောက်ကွယ်သွားလေပြီလား။

ရှန်ရန်ရန်၏ မျက်နှာသည် ဝမ်းနည်းပူဆွေးမှု သို့ ပြောင်းလဲသွားသည်။

"သွေးသခင်.. သူကအမြင့်ဆုံးနှလုံးသားနတ် ဆိုးအဖြစ် ပြောင်းလဲသွားခဲ့ပေမယ့် လူသားဆန်မှုအကြွင်းအကျန်ကို ပြန်လည်နိုးထနိုင်ခဲ့ပြီး သူ့ကိုသူအဆုံးသတ်ပစ်လိုက်ပြီ"

ဗုဒ္ဓသည်လည်း ဤတံခါးပေါက်ထဲသို့ ဝင်ရောက်ကာ နှလုံးသားနတ်ဆိုးဖြစ်သွားခဲ့သည်။သို့သော် ဗုဒ္ဓသည် သူ၏ လူသားဆန်မှုကို နိုးထနိုင်ခြင်းမရှိဘဲ ပျက်စီးသွားခဲ့သည်။

သွေးသခင်က ထိုအရာကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ သည်။

သူတို့သည် မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။

"ဆရာသခင်...."

--------------------

All Chapters