← Chapters

ငါတကယ်ပဲ အရုပ်ဆိုးနေတာလား၊ ဘာလို့ လာမတွေ့ရတာလဲ

Vol. 9 Ch. 119

ငါတကယ်ပဲ အရုပ်ဆိုးနေတာလား၊ ဘာလို့ လာမတွေ့ရတာလဲ

Vol. 9 Ch. 119

ရှန်ရန်ရန်၏ ရှင်းပြချက်သည် အကျိုးအကြောင်းအသင့်ဆုံး ဖြစ်သည်။

သွေးသခင်သည် တံခါးအတွင်း ထာဝရပိတ်မိပြီး နှလုံးသားနတ်ဆိုးများ၏ ဝါးမျိုခြင်းခံရကာ မဟာနတ်ဆိုးအဖြစ်သို့ ပြောင်းလဲသွားသည်။သို့သော်လည်း သူသည် လူသားဆန်မှုအကြွင်းအကျန်ကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး လောကကြီးကို မထိခိုက်စေရန်အတွက် သူ့ကိုယ်သူ အဆုံးစီရင်ရန် ရွေးချယ်ခဲ့သည် ။

ယခုနေရာတွင်ရှိနေသောလူတိုင်းသည် ဝမ်းနည်းသည့်ကြားမှ စိတ်လှုပ်ရှားကြည်နူးခဲ့ကြသည် ။

သွေးသခင်အပေါ် ၎င်းတို့၏ လေးစားကြည်ညိုမှုသည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့သည် ။

ဗုဒ္ဓပင် မလုပ်နိုင်ခဲ့သောအရာကို သွေးသခင်က လုပ်ဆောင်နိုင်ခဲ့သည် ။

"ဟင့်အင်း...မဖြစ်ရဘူး "

ကျူးရန်သည် သွေးရူးသွေးတန်းဖြင့်အော်ဟစ်ကာ အနန္တအသွင်ကူးပြောင်းတံခါးဆီသို့ အစွမ်းကုန်ပျံသန်းကာ တိုးဝင်ရန်ကြိုးစားသည်။

သို့သော် သူမမည်မျှကြိုးစားပါစေ တံခါးအနီးသို့ပင်မကပ်နိုင်ခဲ့ပါ။

"သွေးပုလဲ...​"

ကျူးရန်သည် ကျောက်တုံးပေါ်သို့ ဒူးထောက်ကျသွားပြီး ရှုံးပွဲချငိုကြွေးတော့သည်။

"သွေးပုလဲ..နင်ဘာလို့ဒီလိုဆုံးဖြတ်ရတာလဲ၊ငါသဘောမတူဘူး...."

သူမသည် မူလက အိုးကိုးလုံးတောင်ပေါ်မှ အလှကြိုက်တတ်သော စာဝါငှက်မလေး တစ်ကောင်သာဖြစ်သည် ။

လူ့လောက၏ခွဲခွာခြင်းကို သူမ မည်သို့ အသားကျနိုင်မည်နည်း ။

သို့သော် သွေးပုလဲကတော့ သူမအား ထာဝရချန်ရစ်ထားခဲ့လေပြီ။

"သွေးပုလဲ. ."

ငှက်မလေးကျူးယန်မှာ လှိုက်ကာလှိုက်ကာ ငိုကြွေးရှာသည်။

သူမက အခြားသူများကိုလည်း အားကိုးသောမျက်ဝန်းများဖြင့်ကြည့်ကာ မေးလေသည်။

"သွေးပုလဲကို.. ကယ်တင်ဖို့ နည်းလမ်းရှိသေးလား"

ကျူးယန်သည် ငိုကြွေးနေရာမှ ရှန်ရန်ရန်ဆီသို့ပြေးသွားကာ တောင်းပန်သည်။

"ကျေးဇူးပြုပြီး ကယ်ပေးပါ "

ကျူးယန်မှာ အရူးမလေးတစ်ယောက်ကဲ့သို့ ရှိလေသည်။

ရှန်ရန်ရန်သည် တစ်စုံတစ်ရာကို တွေးမိပုံရသွားပြီး သူမ၏မျက်လုံးများတွင် ဝမ်းနည်းသောခံစားချက်များ ရုတ်တရက် ပေါ်လာသည် ။

"အခု သွေးသခင်က သူ့အသက်ကို အဆုံးသတ်လိုက်ပြီမို့ သွေးနတ်ဆိုးကလည်း ကွယ်ပျောက်သွားပြီ... ငါ့မှာ သူ့ကို ကယ်တင်နိုင်မယ့် နည်းလမ်းတစ်ခုတော့ ရှိတယ် "

"ဒါပေမဲ့... ပြန်လည်အသက်ဝင်မဲ့သွေးသခင်ဟာ သွေးနတ်ဆိုးတစ်ကောင် ဖြစ်လာနိုင်ပါတယ်"

"သွေးနတ်ဆိုးတဲ့လား"

လူတိုင်း တိတ်ဆိတ်သွားသည် ။

ပိုင်ကျိ၏မျက်နှာသည်လည်း ခံစားချက်မျိုးစုံဖြင့် ရှုပ်ထွေးနေသည်။

နောက်ဆုံးတွင် သူကဖြေးညင်းစွာပြောလိုက်သည်။

"သူ့ကို ပြန်ရှင်လာအောင် လုပ်တာက ကြောက်မက်ဖွယ်ကောင်းတဲ့ သွေးနတ်ဆိုးအဖြစ် ပြောင်းလဲသွားစေမယ်ဆိုရင်၊ အဲဒါဟာ ငါတို့ဆရာသခင်ရဲ့ ဆန္ဒကို ဆန့်ကျင်ရာ မရောက်ဘူးလား "

"တခြားနည်းလမ်းများ မရှိဘူးတော့ဘူးလား"

ရှန်ရန်ရန်က ခေါင်းခါသည်။

"သခင်က သူ့ကိုယ်သူအဆုံးစီရင်ခဲ့ပြီးသားပါ။ ပြန်လည်အသက်ဝင်လာတဲ့ သွေးနတ်ဆိုးဟာ အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းတဲ့ သွေးနတ်ဆိုး မဟုတ်ဘဲ၊ သာမန် နှလုံးသားနတ်ဆိုးတစ်ကောင်ပဲ ဖြစ်မှာ ။"

"ကယ်တင်မယ်"

အဘိုးအိုနန်းကုန်းသာ့ကွေက ခိုင်မာသော လေသံဖြင့် ပြောလိုက်သည် ။

"ကယ်တင်မယ်"

ပုံမှန်အားဖြင့် စကားနည်းသော အရူးတာအိုကလည်း ထပ်ပြောသည် ။

"သခင်က ငါ့ကိုတာအိုလမ်းစဉ်သင်ပေးခဲ့ပြီး ငါ့အသက်ကို ကယ်ခဲ့တယ်။ ပါးစပ်ကကြည်ညိုနေရုံနဲ့ ကျေးဇူးဆပ်တယ်မဆိုနိုင်ဘူး၊ဒီနေ့ ငါသူ့အတွက် တစ်ခုခုလုပ်ရမယ်"

"ပြီးတော့..ကျူးယန်အတွက်ရောပေါ့.."

အရူးတာအိုက တသိမ့်သိမ့်ငိုရှိုက်နေသော ကျူးယန်အား မကြည့်ရက်သလို ပြောလိုက်သည်။

ခိုင်မာသောစကားများကို ကြားလိုက်ရသောအခါ ရှန်ရန်ရန်သည် ဝမ်းနည်းစွာမချိတင်ကဲပြုံးမိ၏။

သူတို့ ကယ်တင်လိုက်သော သခင်သည် သွေးနတ်ဆိုး တစ်ကောင် ဖြစ်လာလိမ့်မည်၊ထိုအခါ သူသည် ယခင်ကအတိုင်း သခင် ဖြစ်နေပါဦးမည်လား။

မည်သို့ပင်ဖြစ်လာပါစေ သူတို့သည် ဆရာသခင်ကို ကယ်တင်ရန်သာ ရွေးချယ်ခဲ့သည် ။

"ဒီနည်းလမ်းကို ကံကြမ္မာကျောက်တုံးပေါ်မှာ မှတ်တမ်းတင်ထားတာပါ။ ကျွန်မ ဒါကို အသုံးပြုရမယ် မထင်ထားခဲ့ဘူး၊ ဒါပေမဲ့ ဒီနေ့တော့... အသုံးပြုရတော့မယ် ။"

ရှန်ရန်ရန်သည် ကံကြမ္မာကျောက်တုံးကို ထုတ်ယူလိုက်သည် ။

ကံကြမ္မာကျောက်တုံးကို နောက်ကျမှ ရရှိခဲ့သော်လည်း သွေးသခင်ကို ကယ်တင်ရန် လက်မလျှော့ခဲ့ဘဲ ကယ်တင်နိုင်သော နည်းလမ်းများကို သူမက ဆက်လက် ရှာဖွေနေခဲ့သည် ။

"အနန္တအသွင်ကူးပြောင်းတံခါးဝထဲမှာ နတ်ဆိုးတစ်သောင်းတံခါးလို့ခေါ်တဲ့ တံခါးတစ်ချပ်ရှိသေးတယ်။နတ်ဆိုးတစ်သောင်းတံခါးနဲ့ အနန္တအသွင်ကူးပြောင်းတံခါးဝတို့ဟာ နေရာတစ်ခုတည်းမှာ မဟုတ်ကြပါဘူး"

"ဒါပေမဲ့ တစ်နည်းနည်းနဲ့ သူတို့ဟာ ဆက်စပ်နေပါတယ် ။ဒါကြောင့် အဲဒီတံခါးကနေတစ်ယောက်ယောက် ဝင်သွားရင် သွေးသခင်ကို တွေ့နိုင်မှာပါ၊ သူ့ နာမည်ကိုအော်ခေါ်ပြီး စစ်မှန်စွမ်းအင်ကို ပို့လွှတ်မယ်ဆိုရင် သူ့ကို နိုးထလာအောင် လုပ်နိုင်ပါတယ် ။"

"ဒါဟာ လွန်ခဲ့တဲ့တစ်လခွဲက ကံကြမ္မာကျောက်တုံးမှာ မှတ်တမ်းတင်ထားတဲ့ နည်းလမ်းပဲ "

အားလုံးငြိမ်သက်သွား၏။

နည်းလမ်းကအလွန်ရိုးရှင်းပါသည်။

နတ်ဆိုးတစ်သောင်းတံခါးကိုဝင်ရောက်ပြီး အော်ခေါ်ကာ စစ်မှန်စွမ်းအင်ကို ပို့လွှတ်ခြင်းဖြင့် သွေးသခင်ကို နိုးထလာအောင် လုပ်ရမည်။

"ပြဿနာမရှိဘူး။"

နန်းကုန်းသာ့ကွေက သဘောတူလိုက်သည် ။

ကျူးယန်သည်လည်း အနန္တအသွင်ကူးပြောင်းတံခါးကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ပြီး သွေးပုလဲ၏ စကားများကို ပြန်သတိရကာ သူမ၏ အကြည့်များက ခိုင်မာလာသည် ။

"သွေးပုလဲ....."

ရှန်ရန်ရန်က ဆက်ပြောသည် ။

"ဒါပေမဲ့... နတ်ဆိုးတစ်သောင်းတံခါးကိုဝင်မယ်ဆိုရင် နတ်ဆိုးတွေရဲ့ကျိန်စာသင့်နိုင်ပြီး မဆုံးနိုင်တဲ့ နာကျင်မှုတွေကို ခံစားရမှာပါ ။

ဒီနာကျင်မှုဟာ နတ်ဆိုးတွေ ကိုက်ဝါးခံရတဲ့ ဝေဒနာနဲ့ မယှဉ်နိုင်ရင်တောင်မှ၊ အဲဒါဟာ သာမန်လူတွေ မခံနိုင်တဲ့ ထူးခြားတဲ့နာကျင်မှု တစ်ခုပါပဲ"

"ပြီးတော့ နတ်ဆိုးတွေရဲ့ ကျိန်စာသင့်ပြီးနောက်မှာ ဝင်ရောက်သူဟာ အလွန်တရာ အရုပ်ဆိုးအကျည်းတန်သွားနိုင်ပြီး ကောင်းကင်နဲ့လူသားတွေရဲ့ မုန်းတီးခြင်းကို ခံရနိုင်ပါတယ်"

"ရှင်တို့ကိုမြင်တဲ့ သက်ရှိသတ္တဝါအားလုံးဟာ ရွံရှာစိတ်ကိုခံစားရပြီး ရှင်တို့ကို သတ်ပစ်ချင်စိတ် ပေါက်လာလိမ့်မယ်"

"အနီးစပ်ဆုံး ချစ်ခင်သူတွေတောင်မှ ရွံရှာစိတ်ကို ခံစားရပြီး သတ်ချင်စိတ် ပေါက်လာလိမ့်မယ်"

" နှလုံးသားနတ်ဆိုးတွေကတောင်မှ အဲဒီလို အရုပ်ဆိုးခြင်းကို မုန်းတီးလိမ့်မယ် "

ရှန်ရန်ရန်သည် ပြောနေရင်းမှ ကျူးယန်ကို ရည်ရွယ်ချက်ရှိရှိ ကြည့်လိုက်သည် ။

လူတိုင်းက ကျူးယန်သည် အလှအပကို မည်မျှနှစ်သက်ကြောင်း သိကြသည် ။

နတ်ဆိုးတစ်သောင်းတံခါးကို ဝင်ရောက်ပြီး ထွက်လာနိုင်လျှင်ပင် အလွန်တရာအရုပ်ဆိုး အကျည်းတန်သွားမည်မဟုတ်ပါလား။

ထိုအရုပ်ဆိုးခြင်းသည် သဘာဝစည်းမျဉ်း ဖြစ်သောကြောင့် ပြောင်းလဲလို့မရနိုင်တော့ပေ။

"နတ်ဆိုးတစ်သောင်းတံခါးထဲကို ဘယ်လို ဝင်ရမလဲ"

ငိုရှိုက်နေသောကျူးယန်သည် ရှန်ရန်ရန်၏နောက်ဆက်တွဲစကားများကို မကြားသည့်အလား မေးလိုက်သည်။

အရူးတာအိုကလည်း ပြုံးလိုက်၏ ။

"ဒါက ခန္ဓာကိုယ်တစ်ခုပါပဲ၊အရေးမပါပါဘူး"

နန်းကုန်းသာ့ကွေသည် သူ၏မျက်နာကို စမ်းကြည့်ပြီး စိတ်မကောင်းသလို ရေရွတ်သည်။

"ငါ့ရဲ့တည်ကြည်ခန့်ညားတဲ့ လေးစားဖွယ်မျက်နှာလေးအတွက် သနားမိတယ် "

ပိုင်ကျိကတော့ တိုတိုပြတ်ပြတ်သာ အသိပေးလိုက်သည်။

"ငါလည်း သွားမယ် "

ယခုရှိနေသော ဆယ့်လေးယောက်ထဲတွင် ရှန်ရန်ရန်မှလွဲ၍ ကျန်အားလုံးသည် နတ်ဆိုးတစ်သောင်းတံခါးကို ဝင်ရောက်ရန်ဆုံးဖြတ်လိုက်ကြသည် ။

ရှန်ရန်ရန်က ခေါင်းယမ်းလိုက်သည်။

"အချစ်.. ရှင်သွားလို့ မရဘူး။ ရှင့်ရဲ့ကျင့်ကြံမှုက ကျွန်မပြီးရင်ဒုတိယပဲ။ရှင်က နတ်ဆိုးတစ်သောင်းတံခါးဖွင့်ဖို့ ကျွန်မကိုကူညီပြီး သူတို့ကို အထဲပို့ပေးရမယ်"

ပိုင်ကျိ၏ မျက်နှာသည် အကြိမ်ပေါင်းများစွာ ပြောင်းလဲသွားပြီး နောက်ဆုံးတွင် စိတ်မပါစွာ ခေါင်းညိတ်လိုက်၏။

"ကောင်းပြီလေ"

ကျူးယန်သည် အနန္တအသွင်ကူးပြောင်းတံခါးကို မျှော်လင့်ချက်ပြင်းပြစွာကြည့်လိုက်သည် ။

သွေးပုလဲ... ငါ အရုပ်ဆိုးသွားရင်တောင် နင်ငါ့ကို မမုန်းဘူးမှတ်လား။

......................

လွန်ခဲ့သော မိနစ်အနည်းငယ်ခန့်က အနန္တအသွင်ကူးပြောင်းတံခါးထဲတွင်ဖြစ်သည်။

ကျိယွမ်သည် လှေကားထစ်များပေါ်တွင် ထိုင်နေသည် ။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် နှလုံးသားနတ်ဆိုးအဖြစ်သို့ လုံးဝနီးပါးပြောင်းလဲသွားခဲ့လေပြီ။

မကောင်းမှု ၇ ပါး၏အရင်းအမြစ်ကို မူလနတ်စွမ်းအားအဖြစ် သန့်စင်ပြီးနောက် သူ၏ ဝိဉာဉ်သည်လည်း နှလုံးသားနတ်ဆိုးအဖြစ်သို့ အပြည့်အဝပြောင်းလဲသွားခဲ့သည် ။

ယခုအချိန်၌ ကျိယွမ်တွင် ပုံမှန်အသိစိတ်ဟူ၍ အလွန့်အလွန်သေးငယ်သော အစအနလေးတစ်ခုသာ ကျန်တော့သည် ။

သို့သော် သူသည်ထိတ်လန့်သွားခြင်းမရှိပါ။

ကျိယွမ်သည် တွေဝေသော အမူအရာဖြင့် တစ်ကိုယ်တည်း ရေရွတ်နေသည် ။

"ငါ့ရဲ့ နောက်ဆုံးဝှက်ဖဲက ဘာလဲ"

"ငါ ဘာလုပ်ဖို့ ဒီတံခါးထဲကို ဝင်ဖို့ရွေးချယ်ခဲ့တာလဲ"

"ငါ ဘာကြောင့် နတ်ဆိုးအနှစ်သာရတွေကို မူလနတ်စွမ်းအင်အဖြစ် သန့်စင်ခဲ့တာလဲ"

"ထူးဆန်းလိုက်တာ ငါ ဘာလို့ တစ်ခုမှ မမှတ်မိရတာလဲ"

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် နှလုံးသားနတ်ဆိုးအဖြစ်သို့ လျှင်မြန်စွာ ပြောင်းလဲနေသော်လည်း ကျိယွမ်သည် အံ့သြဖွယ်ကောင်းလောက်အောင် တည်ငြိမ်နေသည် ။

"သေလိုက်ပါတော့..ကျိယွမ်ကျမ်းကို အလွန်အကျွံကျင့်ကြံမိလို့ ငါ့မှတ်ဉာဏ်က ပိုဆိုးလာပြီ။ ဒီလို အရေးပါတဲ့အချိန်ကြမှ ငါ့ရဲ့ နောက်ဆုံးဝှက်ဖဲကို မေ့နေရတယ်လို့ပဲကွာ"

ကျိယွမ်သည် သူ၏မူလရည်ရွယ်ချက်မှာ

ဟင်းလင်းပြင်နှလုံးသားနတ်ဆိုးဧကရာဇ်နိုးထခြင်းကိုကျင့်ကြံဖို့ မဟုတ်ကြောင်းကိုတော့ ရေးတေးတေးမှတ်မိ၏။

သို့သော်လည်း နောက်ပိုင်းတွင် သူသည် တစ်စုံတစ်ခုကိုတွေးမိပြီး ဤနည်းစနစ်ကို ကျင့်ကြံခဲ့မိပုံရသည် ။

ပြဿနာမှာ သူကဘာကိုမှ ရေရေရာရာမမှတ်မိ​ဖြစ်နေခြင်းပင်။

ဘာ့ကြောင့် ဤထဲသို့ဝင်လာပြီး ဘာတွေလုပ်မိကာ ဘာတွေဖြစ်ကုန်ပြီး ဘာဆက်လုပ်ရမည်ကို သူမသိတော့ပါ။

ယုတ်ဆွအဆုံး သူကိုယ်သူ ဘာကောင်ကြီးဖြစ်နေမှန်းကိုပင် သူကဝါးတားတားဖြစ်နေ၏။

"ငါ့မှတ်ဉာဏ် မကောင်းလို့ ဒီဂိမ်းက ရှုံးနိမ့်သွားတာများ ဖြစ်မလား"

ထိုသို့ရှုံးနိမ့်သွားသည်ဆိုလျှင်တော့ လူတကာ လှောင်ပြောင်စရာကြီး ဖြစ်လာမှာသေချာ၏။

သူ၏အဖြစ်က မှတ်ဉာဏ်မကောင်းသော သူတစ်ဦးက ခက်ခဲသောနည်းစနစ်များကို ကျင့်ကြံရန် ကြိုးစားနေသကဲ့သို့ဖြစ်နေ၏။

"ငါ့ပါရမီက ကောင်းတယ်၊နည်းစနစ်တွေကို မေ့သွားလို့ ကျင့်မရတာပါ"ဟုပြောရမလိုဖြစ်နေသည်။

အများတကာက ဟားတိုက်၍ လှောင်ပြောင်မှသေချာနေလေပြီ။

"မဟုတ်ဘူး၊ ခဏ..."

ရုတ်တရက် ကျိယွမ်သည် တုံ့ဆိုင်းသွားသည် ။

သူ၏ စိတ်ထဲတွင် လျှပ်တစ်ပြက်ဉာဏ်အလင်းတစ်ချက်ပွင့်သွားသည် ။

"ဟားဟား ဟားဟား ငါ့ရဲ့လမ်းကြောင်းက ဘာလဲဆိုတာ ငါ မှတ်မိသွားပြီကွ"

သူကဝမ်းသာအားရ ထအော်လိုက်မိသည်။

သို့သော်သူ၏အပျော်က မျက်တောင်တစ်ခက်စာသာကြာခဲ့၏။

"မဟုတ်ဘူး၊ ငါ ပြန်မေ့သွားပြန်ပြီ "

ကျိယွမ်က မျက်မှောင်ကိုတင်းနေအောင် ကျုံ့လျှက် ထိုအတွေးမျှင်ကို မရမကပြန်ဖော်နေသည်။

"ဟုတ်ပြီ ...သတိရ.."

"သောက်ခွေး...မေ့သွားပြန်ပြီ"

သူကလှေကားပေါ်တွင် ခေါက်တုံ့ခေါက်ပြန်ထလျှောက်ကာ အစပြန်ဖော်၏။

"ရပြီ..ငါရဲ့လမ်းစဥ်က..."

"မေ့ပြန်ပြီ...ဘယ်ကောင်က ဖျက်ဖျက်ပစ်နေတာလဲ၊စာသင်ခန်းထဲက ဝှိုက်ဘုတ်မှတ်နေလား"

အချိန်အတိုင်းအတာ တစ်ခုအကြာတွင် ချီယွမ်၏ မျက်လုံးများက တောက်ပလာသည် ။

"ငါ သိပြီ"

ယခုအခါမှာတော့ သူက လမ်းစဥ်ကို ပြန်မှတ်မိလိုက်ခြင်းမဟုတ်ပါ၊ သူ့တွင် မှတ်မိနိုင်ခြင်းဆိုသော လုပ်ဆောင်မှုမရှိတော့ပါ။

သို့သော် သူ နားလည်သွားသည် ။

'ကျိယွမ်ကျမ်း'၏ အကြီးမားဆုံး ပြဿနာမှာ စိတ်ပိုင်းဆိုင်ရာမတည်ငြိမ်မှုနှင့် မှတ်ဉာဏ် မကောင်းခြင်း ဖြစ်သည် ။

အခြားသူများက သူ့ကို အရူးဟုဘယ်လောက်ထင်ထင် ကျိယွမ်သည် သူ၏ စိတ်သည် ပုံမှန်ဖြစ်ကြောင်း အမြဲတမ်း ယုံကြည်ခဲ့သည် ။

သို့သော် သူ၏အမှန်တကယ် ပြဿနာမှာမှတ်ဉာဏ်မကောင်းခြင်းဖြစ်သည် ။

သူကအလွန်မေ့တတ်၏။

"ဟားဟား ဟားဟားဟား "

"ဟားဟားဟား ဟားဟားဟား"

ကျိယွမ်က အူလှိုက်သည်းလိုက်ကို ထရယ်တော့သည်။

"မေ့လျော့ခြင်းက ငါ့ရဲ့လမ်းကြောင်းပေါ့ဟ၊ ငါ့ရဲ့ အနှစ်သာရ၊ ငါ့ရဲ့ မူလနတ်စွမ်းအင်က မေ့လျော့ခြင်းပေါ့"

သူ့အပေါ် ကျရောက်လာသော နာကျင်မှုများ ၊သည်းမခံနိုင်ဘူးလား... မေ့လိုက်။

သူ့အပေါ် ကျရောက်လာသော ဝမ်းနည်းမှုများ၊ မခံစားနိုင်ဘူးလား...မေ့ပစ်။

နာကျင်မှုကို မေ့လိုက်ရင် နာကျင်မှု မရှိတော့ဘူးပေါ့။

ဝမ်းနည်းမှုကို မေ့လိုက်ရင် ဝမ်းနည်းမှုဆိုတာ မရှိတော့။

ဒါကိုလည်း တကယ့်ကမ္ဘာဆိုတာ မေ့လိုက် ၊ဒါကို ဂိမ်းကမ္ဘာလို့ သဘောထား၊ ဒါဆို ဒီကမ္ဘာရဲ့ ထိုးနှက်မှုတွေဟာ တကယ့်အရာတွေလို ခံစားရတော့မှာ မဟုတ်တော့ဘူး။

ကျိယွမ်သည် သူသတိမထားမိသော်လည်း အချိန်တိုင်း မေ့လျော့ခြင်းကို ကျင့်ကြံနေခဲ့သည် ။

မေ့လျော့ခြင်းသည် လွတ်မြောက်ခြင်းဖြစ်သလို မလွတ်မြောက်ခြင်းလည်း ဖြစ်၏။

အချို့အရာများသည် မေ့ထားလျှင် အကောင်းဆုံး မဟုတ်ပါလား။

"တ​ခြားအရာတွေကို မေ့ပစ်လိုက်၊ ငါ့ကိုယ်ငါ လည်း မေ့ပစ်လိုက်"

ဤသည်မှာ ကျိယွမ်၏မူလစွမ်းအား ပေတည်း။

မဟာမေ့လျော့ခြင်း စိတ်ကျမ်း။

ယခုအချိန်တွင် ကျိယွမ်သည် အရာအားလုံးကို မေ့သွားလေပြီ ။

သူ အနန္တအသွင်ကူးပြောင်းတံခါးထဲသို့ ဝင်ရောက်ခဲ့သည်ကို မေ့သွားသည် ။

သူသည် ဒုစရိုက် ၇ ပါး၏အရင်းအမြစ်များကို မူလစွမ်းအင်အဖြစ် သန့်စင်ခဲ့သည်ကိုလည်း မေ့သွားသည် ။

သူသည် သွေးနတ်ဆိုးဖြစ်လာရန် နှလုံးသားနတ်ဆိုးအားလုံးကို ဝါးမျိုခဲ့သည်ကို မေ့သွားသည် ။

[သင်သည် အနှစ်သာရကို နားလည်သွားပြီဖြစ်သည်၊ မဟာမေ့လျော့ခြင်းစွမ်းရည် +၉၉၉၉၉]

ယခုအခါ၌ သူ၏ ပုံသဏ္ဌာန်သည်လည်း ပြောင်းလဲသွားလေသည် ။

မေ့လျော့လိုက်ခြင်းအားဖြင့် ကျိယွမ်၏ စိတ်ထဲတွင်ရှိနေသော အရာအားလုံးသည် ဘယ်သောအခါကမှ မဖြစ်ပျက်ခဲ့သကဲ့သို့ ပျောက်ပျက်သွားကြလေပြီ။

"တာအိုအရှင်က အကုန်မေ့ကုန်ပြီဟ"

"ဟားဟားဟားဟား ဟား "

●နှလုံးသားနတ်ဆိုးအဖြစ် ပြောင်းလဲသွားသော သူ၏ခန္ဓာကိုယ်သည် ဤအချိန်တွင် ပျောက်ကွယ်သွားသည် ။ တံခါးထဲသို့ သူမဝင်ရောက်မီ အချိန်သို့ ပြန်ရောက်သွားသကဲ့သို့ ဖြစ်သည် ။

ထိုအခိုက် ဘုန်းကြီးအလောင်းကောင်သည် အလန့်တကြားအော်ဟစ်လေသည်။

"မင်း ဘာလုပ်နေတာလဲ ၊ မင်း ဘယ်လိုလုပ်ပြီး... လူအဖြစ် ပြန်ပြောင်းသွားနိုင်တာလဲ ။

ဒါ ဘာနတ်စွမ်းအင်လဲ၊ အချိန်ကို နောက်ပြန်လှည့်တာလား၊ မဖြစ်နိုင်ဘူး၊ ဒီလို မူလနတ်စွမ်းအင်မျိုး မင်းမှာ မဖြစ်ပေါ်နိုင်ဘူး"

ဘုန်းကြီးအ​လောင်းကောင်၏ အသိပညာအရ ဤမြင်ကွင်းကို အချိန်နှင့်ဆိုင်သော မူလစွမ်းအင်ဟုသာ သတ်မှတ်နိုင်သည် ။

အလောင်းကောင်မှာ စဥ်းစားမရနိုင်ဖြစ်နေသည်။

အခုမှ ပဥ္စမအဆင့်ကိုရောက်ခါစ တစ်ယောက်က ဒီလိုမူလစွမ်းအားမျိုးကို ဘယ်လို နားလည်နိုင်မှာလဲ ။

မဖြစ်နိုင်ဘူး။

"အချိန်ကို နောက်ပြန်လှည့်တာလား"

ကျိယွမ်သည် အံ့အားသင့်သွားသည် ။

"ဒါက အချိန်ကို နောက်ပြန်လှည့်တာ မဟုတ်ဘူး"

"ဒါဆို ဘာလဲ"

ဘုန်းကြီးအလောင်းကောင်က မချေမငံ မေးသည် ။

ကျိယွမ် ခေါင်းကုတ်လိုက်၏။

"ဒီမူလစွမ်းအင်က ဘာလဲဆိုတာ ငါ မေ့သွားပြီ ။"

"မင်း...မင်း..."

ဘုန်းကြီးအလောင်းကောင် ဒေါသထွက်သွားသည် ။

"အိုး... ဒါနဲ့..မင်းက ဘယ်သူလဲ၊မမ်မီအလောင်းကြီးက ငါ့ကျောပေါ်ကို ဘယ်လိုလုပ်ပြီးရောက်နေတာလဲ "

ကျိယွမ်သည် သူ့ကျောပေါ်ရှိ ရုပ်အလောင်းကို ကြည့်လိုက်သည် ။

"ဒီမှာ အလောင်းခြောက်တစ်ခု ရှိတာလား၊ မရှိဘူး၊ မရှိသလိုပဲ ။"

"မဟုတ်ဘူး..."

ဘုန်းကြီးအလောင်းကောင်၏ ရွံစရာမျက်နှာတွင် ပထမဆုံးအကြိမ်အဖြစ် ကြောက်ရွံ့မှု ပေါ်လာသည် ။

ကျိယွမ်၏ အတွေးများကြောင့် သူ၏ အလောင်းခန္ဓာကိုယ်သည် ကြည်လင်လာလာပြီး ကမ္ဘာပေါ်မှ တဖြည်းဖြည်းပျောက်ကွယ်လာသည်ကို သူခံစားမိသည်။

သူသည် နှလုံးသားနတ်ဆိုးတစ်ကောင် ဖြစ်သည်၊အခြားသော နှလုံးသားနတ်ဆိုးများနှင့် ပေါင်းစည်းသင့်၏။ပျောက်ကွယ်မသွားသင့်ပါ။

သို့သော်လည်း ယခုအခါတွင် သူသည် အမှန်တကယ် ပျောက်ကွယ်နေသည် ။

"မင်း... မင်း မူလနတ်စွမ်းအင်ကို အောင်မြင်ပြီးသားလေ၊ မင်း ဘယ်လိုလုပ် ဒုတိယတစ်ခုကို ထပ်ပြီး ဖန်တီးနိုင်တာလဲ"

သူ နားမလည်ပါ၊လုံးဝ နားမလည်နိုင်တော့ပါ။

သူသည် ဗုဒ္ဓနယ်မြေမှ လာခဲ့သူဖြစ်သည်၊ထိုနေရာသည် မရေမတွက်နိုင်သောသန်မာသူများရှိသည့် ကြီးမားသောကမ္ဘာတစ်ခု ဖြစ်သည် ။

အဓိပတိဗုဒ္ဓတစ်ပါးကပင် မူလနတ်စွမ်းအင် နှစ်ခုကို မဖန်တီးနိုင်ခဲ့ချေ။

"ဘာ... ငါက မူလနတ်စွမ်းအင် တစ်ခု ရှိပြီးသားလား၊သေစမ်း.. ငါ အဲဒါကို မမှတ်မိတော့ဘူး၊နှမြောစရာပဲ၊ မသိတော့ဘူး၊ ဒါက ငါ့ရဲ့ မူလနတ်စွမ်းအင်ပဲ ။"

'မဟာမေ့လျော့ခြင်းစိတ်ကျမ်း'၏ ပုံသဏ္ဍာန်အကြမ်းထည်သည် ထိုအခိုက်အတန့်၌ စတင်ပုံဖော်လာခဲ့သည်။

"မူလအားဖြင့် ဉာဏ်အလင်းရသော သစ်ပင် သည်လည်းမရှိ၊ တောက်ပသောမှန်ဟူ၍လည်း မရှိ "

"မူလကပင် တစ်စုံတစ်ရာမှ မရှိပါလျှင်၊ ဖုန်မှုန့်သည် အဘယ်မှာ ကျရောက်တွယ်ငြိနိုင်အံ့နည်း။"

ကျိယွမ်သည် နက်နက်နဲနဲ စဉ်းစားနေပုံရသည် ။

"နှလုံးသားနတ်ဆိုးဆိုတာ. မရှိဘူး"

"ငါ... မင်းကို မေ့လိုက်ပြီ"

"မဟုတ်ဘူး၊ မေ့စရာမလိုဘူး ၊ မင်း ဘယ်တုန်းကမှ မရှိခဲ့ဘူးပဲ"

ကျိယွမ်၏အတွေးနှင့်အတူ ဘုန်ကြီးအလောင်းသည် ဖောက်ထွင်းမြင်ရမတတ်ကြည်လင်လာပြီး နောက်ဆုံးတွင် လုံးဝပျောက်ကွယ်သွားသည် ။

အနန္တအသွင်ကူးပြောငတံခါးဝထဲတွင်ရှိနေသော ဘီလီယံပေါင်းများစွာသော ကြောက်မက်ဖွယ် နှလုံးသားနတ်ဆိုးများသည် ကြောက်ရွံ့မှုများပြသလာပြီး ကြိုးစားရုန်းကန်ကြသည်။

သို့သော် ၎င်းတို့၏ပုံသဏ္ဌာန်များလည်း ကြည်လင်လာပြီးနောက်ဆုံးတွင် ပျောက်ကွယ်သွားကြလေသည် ။

တံခါးအတွင်း၌ရှိသော ကျယ်ပြောလှသည့် နတ်ဆိုးနယ်မြေသည် ဟင်းလင်းပြင် ဖြစ်သွားပြီး နှလုံးသားနတ်ဆိုးများ ကင်းမဲ့သွားသည် ။

ကျိယွမ်သည် လှေကားထစ်များပေါ်တွင် ထိုင်နေဆဲရှိ၏။

"မေ့လျော့ခြင်းက ကမ္ဘာပေါ်မှာ ကြောက်မက်ဖွယ်အကောင်းဆုံးအရာပဲ"

သူ၏ မျက်လုံးများတွင် ဝေဝါးမှုများ လျှပ်တစ်ပြက် ပေါ်လာပြီး ဆေးသမားတစ်ယောက်လို တွေဝေစွာငေးကြောင်လာသည်။

အရေးကြီးသော တစ်စုံတစ်ရာသည် တဖြည်းဖြည်း ပျောက်ကွယ်နေသည်ဟု သူ ခံစားလိုက်ရသည် ။

"ဘာဖြစ်နေတာလဲ"

.................................

ဟင်းလင်းပြင်နယ်​မြေ၊အနန္တအသွင်ကူးပြောင်းတံခါးဝအတွင်း၌ လှေကားထစ်များပေါ်တွင် သွေးနီရောင် ဝတ်စုံဝတ်ထားသော အမျိုးသားတစ်ဦးသည် မျက်မှောင်ကြုတ်ကာ ထိုင်လျက်၊ တစ်စုံတစ်ရာကို စဉ်းစားနေသည် ။

မေ့လျော့ခြင်း၊

တခြားသူများအား မေ့လျော့ခြင်း။

ထို့နောက် မိမိကိုယ့်ကိုယ်ကို မေ့လျော့ခြင်း ။

ထိုအရာက မေ့လျော့ခြင်း၏အဆုံးစွန် ဖြစ်သည်။

သူ၏ခန္ဓာကိုယ်သည် တဖြည်းဖြည်းကြည်လင်လာသည် ။

သူသည် သူ့ကိုယ်သူ မေ့လျော့တော့မည့်ပုံစံ ဖြစ်လာ၏။

ကောင်းကင်ကပ်ဘေးသည်လည်း ဤအချိန်တွင် ဖြစ်ပေါ်လာခဲ့သည် ။

သို့သော် ကျိယွမ်သည် အရာအားလုံးကို မေ့လျော့သွားပြီဖြစ်သည်။

သူ ဘယ်သူလဲဆိုသည်ကို မေ့သွားသည် ။

သူ ဘယ်ကလာသည်ကို မေ့သွားသည် ။

သူ ဘယ်ကိုသွားမည်ဆိုတာ မေ့သွားသည် ။

သူသည် တံခါးအနီးတွင် ထိုင်နေသည် ။

လူတိုင်းကို မေ့သွားပုံရသလို လူတိုင်းကလည်း သူ့ကို မေ့သွားတော့မည့်အခိုက်အတန့်ကိုရောက်လာခဲ့လေပြီ။

သူသည် သူ့ကိုယ်သူ မေ့ပျောက်ပစ်တော့မည် ဖြစ်သည် ။

သူ၏ပုံရိပ်သည် ကြည်လင်လာပြီး မှိန်ဖျော့လာနေသည်။

ရုတ်တရက် ငြိမ်သက်နေသော သွေးနီရောင် ဝတ်စုံသည် အနည်းငယ် လှုပ်ရှားသွား၏ ။

"ငါ ဘယ်သူလဲ"

သူ၏ မျက်လုံးများတွင် အသိဝင်သလိုတစ်စွန်းတစ်စ လျှပ်တစ်ပြက် ပေါ်လာသော်လည်း ချက်ချင်း ပြန်လည်ပျောက်ကွယ်သွားသည်။

သို့်သော် ထိုသတိတစ်ချက်ကြောင့် သူ၏ခန္ဓာကိုယ်တိုက်စားမှုကနှေးကွေးသွားပြီး လှေကားထစ်များပေါ်တွင်ထိုင်နေသော ခန့်ညားသည့်ပုံရိပ်မှာ ပြန်လည်ပီပြင်လာသည်။

အချိန်သည် သူ၏ လက်ချောင်းများကြားမှ စီးဆင်းသွားသည် ။ သူသည် ထိုနေရာတွင်ပင်ထိုင်လျှက်ရှိနေပြီး နှစ်ပေါင်းများစွာ နိုးမလာတော့ပါ။

ဟင်းလင်းပြင်ဖြစ်နေသော တံခါးအတွင်းပိုင်းသည် ယခုအခါ လုံးဝတိတ်ဆိတ်နေခဲ့သည် ။

သူမှလွဲ၍ ဘာဆိုဘာမှ မရှိပေ။

သူသည်လည်း မကြာမီအချိန်တစ်ခုအတွင်း ဘာမှမရှိအောင် ပျောက်ကွယ်သွားတော့မည်အလား ထင်ရသည်။

ရုတ်တရက် အလင်းရောင်တစ်ခု ဝင်လာသည်၊ ထို့နောက် အလျင်လိုသော အသံတစ်ခုလည်း ကပ်ပါလာ၏။

"သွေးပုလဲ၊ သွေးပုလဲ"

သွေးနီရောင်ဝတ်စုံသည် မလှုပ်မယှက်၊ မျက်လုံးများ မှိတ်ထားသည် ။

"သွေးပုလဲ၊ ငါ နင့်ကို တကူးတကကိုယ်တိုင်လာတွေ့တာတောင် ငါ့ကို လာမနှုတ်ဆက်သေး.. အဟွတ်..အ့ ။"

မိန်းမပျို၏ မျက်နှာပေါ်တွင် သွေးများစီးကျလာပြီး ကြောက်မက်ဖွယ်ကောင်းသော အရေးအကြောင်းများ ပျံ့နှံ့လာသည် ။

သူမသည် ဟင်းလင်းဖြစ်နေသော နတ်ဆိုးတစ်သောင်းတံခါးတွင်ရပ်နေပြီး သွေးနီရောင်ပုံသဏ္ဌာန်ဆီသို့ လက်လှမ်းနေခဲ့သည် ။

"သွေးပုလဲ"

" သွေးပုလဲ...."

မိန်းမပျိုသည် သူမ၏မျက်နှာပေါ်မှဒဏ်ရာများကို ဂရုမစိုက်ဘဲ ရှေ့သို့တိုးသည်၊။ရုတ်တရက် သူမ၏ရှေ့တွင် အဆုံးမရှိနက်ရှိုင်းသောချောက်ကြီးတစ်ခု ပေါ်လာ၏။

သူမ၏နောက်မှ အလျင်လိုသော အသံတစ်ခုက သူမအားခေါ်လိုက်သည် ။

"ကျူးယန်၊ထပ်မတိုးနဲ့တော့ ။ အစ်မကြီး ရန်ရန်က ဒါဟာ အကန့်အသတ်လို့ပြောတယ်။ ဒီထက် ကျော်ရင် အနန္တအသွင်ကူးပြောင်းတံခါးဝမှာခံစားရတဲ့ ဝေဒနာအတိုင်း နင်ခံစားရလိမ့်မယ်"

ကျူးယန်သည် သတိပေးချက်ကို မကြားသလိုဖြစ်နေပြီး သွေးနီရောင်ပုံရိပ်အနီးသို့သွားကာ သူ့ကို နိုးထစေရန် ကြိုးစားနေသည် ။

သူမ ရှေ့သို့တိုးလိုက်သည်နှင့် ပြင်းထန်သော နာကျင်မှုက ဆီးကြိုနေခဲ့သည်။

သူမက ခါးသီးစွာ ပြုံးလိုက်သည်။

"သွေးပုလဲ၊ ဒါ နင်ခံစားရတဲ့ ဝေဒနာလား၊အခု ငါလည်း နင်နဲ့အတူ မျှဝေခံစားပေးမယ်"

ကျူးယန်သည် သူမ၏မျက်နှာကို ရုတ်တရက် ဖုံးထားလိုက်သည်၊ မြွေတစ်ကောင်လိုတွန့်လိမ်နေသော စာလုံးကသူမ၏ မျက်နှာပေါ်တွင် ပေါ်လာခဲ့သည် ။

"စုန်းမ"

သွေးပုလဲ နိုးလာလျှင် သူမ၏ယခုပုံစံကို မမြင်စေချင်ပါ။

သူမက မျက်နှာကိုဖုံးကာ ရှေ့သို့ဆက်တိုးသည်။

"သွေးပုလဲ၊ နင်ငါ့ကို အချိန်ရဲ့ အဆုံးမှာ ရှာမယ်လို့ ပြောခဲ့တယ်"

"နင်မလာနိုင်ရင် ငါနင့်ကိုရှာမယ်"

ကောင်းကင်ကပ်ဘေးအတွင်း၌ မဟာမေ့လျော့ခြင်းကျမ်းကို ကျင့်ကြံနေသော ကျိယွမ်သည် ဘာကိုမှ မမြင်သလို ကြားလည်းမကြားရပါ။

ဤကဲ့သို့သော မူလစွမ်းအင်မျိုးကို မည်သည့် ကျင့်ကြံသူမျှ မပိုင်ဆိုင်နိုင်ပါ။

ကောင်းကင်ကပ်ဘေးသည် ကျင့်ကြံသူများကို ကမ္ဘာ၏ မူလရင်းမြစ် သို့မဟုတ် ကမ္ဘာ၏ စည်းမျဉ်းဥပဒေသတစ်ခုအဖြစ် ပေါင်းစည်းသွားစေမည် ဖြစ်သည်။

သို့သော် အခြေတည်အဆင့်သို့ ရောက်ရှိပြီးနောက် ကျိယွမ်၏နားများက ရှင်းပြရန်ခက်ခဲသော တီးတိုးသံအချို့ကိုလည်း ကြားနိုင်ခဲ့သည် ။

ထိုတီးတိုးသံများသည် ကောင်းကင်ကပ်ဘေး၏ အကာအရံကို ဖောက်ထွင်းသွားခဲ့လေသည်။

ရုတ်တရက် သွေးနီရောင်ဝတ်စုံက မျက်လုံးများကို ဖွင့်လိုက်သည် ။

"သွေးပုလဲတဲ့လား"

"အဲဒါ ဘယ်သူလဲ"

"ဘယ်သူက ဘယ်သူ့ကို ခေါ်နေတာလဲ"

သူသည် အသံလာရာသို့ ကြည့်လိုက်မိသည်။

သူ၏ မျက်လုံးများသည် အားလုံးကိုဖောက်ထွင်းသွားပြီး ဒဏ်ရာများရနေသော မိန်းမပျိုတစ်ဦးကို တွေ့လေသည် ။

အကြောင်းရင်းကို မသိရသော်လည်း သူ့နှလုံးသားက နာကျင်လာ၏။

【ကျူးယန်၊ သင်၏ ငယ်သူငယ်ချင်း၊ သင်က သူ့ကို အရမ်းအလိုလိုက်တယ် ။】

"ငယ်သူငယ်ချင်းလား"

ကျိယွမ်၏ အသိစိတ်သည် ဝိုးတဝါး ဖြစ်နေဆဲရှိသည် ။

သူက သူ့ကိုယ်သူ ပြန်ကြည့်လိုက်သည် ။

【ကျိယွမ်၊သင်က ကိုယ့်ကိုယ်ကို အရာအားလုံးရဲ့ မူလရင်းမြစ်လို့ မှတ်ယူတယ်။

အခု၊ သင်ကောင်းကင်ကပ်ဘေးကို ခံနေရတယ်။ သင်၏ မူလစွမ်းအင်က အင်မတန် အစွမ်းထက်သောကြောင့် ကောင်းကင်က သင့်ကို မတည်ရှိစေချင်ပါ ။】

"ငါက ကျိယွမ်လား"

သူ၏စိတ်သည် ချက်ချင်း ရှင်းလင်းသွားသည် ။

ကောင်းကင်ကပ်ဘေးသည်လည်း ဤအချိန်တွင် ပျောက်ကွယ်သွားလေသည် ။

မူလစွမ်းအင်ဖြစ်သော မဟာမေ့လျော့ခြင်း စိတ်ကျမ်းသည် ပြည့်စုံသွားလေပြီ။

ရုတ်တရက်ဆိုသလို ထူးခြားသောသင်္ကေတတစ်ခုသည်လည်း ကမ္ဘာပေါ်တွင် ပေါ်ပေါက်လာသည် ။

ကျိယွမ် ကြည့်နေစဥ်မှာပင် ထိုသင်္ကေတ သည် အနန္တအသွင်ကူးပြောင်းတံခါးဆီသို့ လွင့်မျောသွားပြီး တံခါးပေါ်တွင် ထွင်းထုလိုက်သည်။

ယခုအခါမှ ကျိယွမ်သည် တံခါးကို သေသေချာချာကြည့်လိုက်မိလေသည်။

တံခါးကြီးသည် တံဆိပ်ခေါင်းများအပြည့်ရှိသော စာရွက်ကဲ့သို့ ထူးဆန်းသော သင်္ကေတများဖြင့် ဖုံးလွှမ်းနေသည်ကို သတိထားမိ၏။

ယခုအခါ၌ တံခါးပေါ်တွင် ကျိယွမ်ချန်ထားခဲ့သော သင်္ကေတ တစ်ခုထပ်တိုးလာခဲ့သည်။

ကျိယွမ်သည် တံခါးပေါ်မှ သင်္ကေတများကို စိတ်မဝင်စားပါ ။ သူ၏ အကြည့်သည် ချောက်နက်ကြီးဆီသို့ ရောက်ရှိသွားသည်။

ထိုနေရာမှ ပုံသဏ္ဌာန်တစ်ခုကို သူ မြင်လိုက်ရ၏။

သူသည် ထိုပုံရိပ်၏မျက်နှာကိုဖုံးကွယ်ထားသောကြောင့် မမြင်ရချေ။သို့သော် ထိုပုံရိပ်သည် မည်သူဖြစ်သည်ကို သူကောင်းစွာ သိပါသည် ။

"မဟာမေ့လျော့ခြင်းစိတ်ကျမ်းက မေ့လျော့ခြင်းအကြောင်းဖြစ်တယ်"

"ကျူးယန်ကတော့ မမေ့လျော့ခြင်းအကြောင်းဖြစ်တယ်။"

"မမေ့လျော့ချင်ခြင်းသည် မမေ့လျော့ဖို့အတွက်ဖြစ်တယ်"

"မေ့လျော့ခြင်းနဲ့ မမေ့လျော့ခြင်း "

"ဒီကမ္ဘာကို မေ့လိုက် ၊ ကျူးယန်ကိုတော့ မမေ့နဲ့ ။"

ကျိယွမ်သည် အချိန်အနည်းငယ်ကြာ လေးနက်စွာ စဉ်းစားနေသည် ။

"ဉာဏ်အလင်းရမှု ပြီးပြီဆိုတော့. ငါ ထွက်သွားသင့်ပြီလား"

အနန္တအသွင်ကူးပြောင်းတံခါးသည် မကြာမီ ပျောက်ကွယ်သွားလိမ့်မည်ဟု ကျိယွမ်အလိုလို ခံစားမိသည်။

ထိုအခါ သူသည် ပစ္စုပ္ပန်သို့ ပြန်ရောက်သွားလိမ့်မည် ။

ယခုအကြိမ် အနှစ်သာရကိုနားလည်သဘောပေါက်ခြင်းသည် သူ့အား အကျိုးကျေးဇူးများစွာ ပေးခဲ့သည် ။

မူလစွမ်းအား နှစ်ခု ။

ပထမတစ်ခုက ဟင်းလင်းပြင်နယ်မြေ နှလုံးသားနတ်ဆိုးဧကရာဇ်နိုးထခြင်း။

မူလစွမ်းအင်ကို အသက်သွင်းလိုက်သည်နှင့် နှလုံးသားနတ်ဆိုးများ ချက်ချင်းပေါ်လာမည် ။

ဒုတိယတစ်ခုက 'မဟာမေ့လျော့ခြင်း စိတ်ကျမ်း' ။

မေ့လျော့ခြင်းသည် လမ်းစဥ်တစ်ခု ဖြစ်သည် ။

အနှစ်သာရကို နားလည်သဘောပေါက်ပြီးသောကြောင့် ယခင်ကအတိုင်း သူသည် ဤဘုံမှ ထွက်ခွာသင့်လေပြီ။

ယခုအကြိမ်သည် အနှစ်သာရကို နားလည်သဘောပေါက်ခြင်း၏ နောက်ဆုံးအကြိမ် ဖြစ်နိုင်သည် ။

ဆိုလိုသည်မှာ သူသည် ဤနေရာသို့ မည်သည့်အခါမှ ပြန်မလာနိင်တော့ပါ။

ကျူးယန်ကိုလည်း မတွေ့နိုင်တော့သလို၊ သူ့ကို နိုးထစေခဲ့သူများကိုလည်း မတွေ့နိုင်တော့ပါ။

တံခါးပေါက်အတွင်းသို့ ဝင်ရောက်ရန် သူတို့ မည်သည့်အရာကို ပေးဆပ်ခဲ့ရသည်ကို သူမသိသော်လည်း သေချာပေါက်တန်ဖိုးကြီးမားသော ပေးဆပ်ခြင်းမျိုးဖြစ်လိမ့်မည်ကိုတော့ သူသိပါသည်။

"ကျူးယန်"

"ငါတို့ ခွဲခွာနေရတာ... နှစ်ပေါင်း ထောင်ချီ ကြာခဲ့ပြီ ။"

"ပြန်ဆုံကြတဲ့အခါ... ဖုန်မှုန်အဖြစ်နဲ့ ပြာအဖြစ်ပဲ ဖြစ်နေမလား"

ကျိယွမ်ကတော့ ထိုသို့ မဖြစ်စေချင်ပါ။

အချိန်၊ ကံကြမ္မာ... ထိုအရာများအားလုံးကို သူအောင်နိုင်ရမည်။

သူ၏ လက်ထဲ၌ အနက်ရောင် အစက်အပြောက်တစ်ခု ပေါ်လာသည် ။

ထိုအရာမှာ အနန္တအသွင်ကူးပြောင်းတံခါးကိုနားလည်ရာမှရရှိခဲ့သော အဖိုးတန်ဆုံး စွမ်းရည်ဖြစ်သည်။

ပြန်လည်ဝင်စားခြင်းဘဝသံသရာ စွမ်းအား။

ယင်နတ်ဘုရားများသာ ဘဝသစ်တွင် ပြန်ဝင်စားနိုင်သည်ဟု ဆိုသည် ။

အချို့စိတ်ဝိညာဥ်အဆင့်များကလည်း ဘဝသစ် ပြန်ဝင်စားဖို့ အခွင့်အရေး ရှိသည် ။

"နင်က ငါ့ကို နိုးထစေခဲ့တယ်၊ ဘဝသစ်ပြန်ဝင်စားခြင်းစွမ်းအား... ငါ မင်းကို ပေးလိုက်မယ်"

"နောက်ဘဝမှာ ငါတို့ ပြန်ဆုံမယ်လို့ မျှော်လင့်ပါတယ်"

......................

ကျိစယ်တောင်ထိပ်တွင်ဖြစ်သည်။

ငြိမ်သက်စွာ ကျင့်ကြံနေသော ကျန်းလင်းစုသည် မျက်လုံးများကို ဖွင့်လိုက်၏။

"ငါ တစ်ခုခုကို မေ့သွားသလို ခံစားရတယ် ။"

သူမ၏ရင်ဘတ်ကို ထိတ်လန့်စွာဖိထားမိပြီးသူမ၏ မျက်လုံးများတွင် ဝေဝါးမှုများ ရှိနေသည် ။

ထိုအချိန်တွင် ကောင်းကင်ယံ မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာပြီး ကျိစယ်တောင်ထိပ်ဖျားဆီသို့ ဦးတည်လာသည် ။

မိုးခြိမ်းသံသည် ရိုးရှင်းပြီး သာမန်လျှပ်စီးကြောင်းတစ်ခုဟုသာ ထင်ရ၏ ။

​တောင်ထိပ်ဖျားရှိ အဖြူရောင်ကျောက်စိမ်းနန်းတော်ထဲမှ အေးမြသောအဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး လျှပ်စီးကြောင်းနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ရာ မိုးကြိုးမှာ ပျောက်ကွယ်သွားခဲ့သည် ။

"ဒါ ကောင်းကင်မိုးကြိုးလား၊ဘယ်ကိုပစ်တာလဲ"

"ဆရာက ကြားဝင်ပြီး ဖျက်ဆီးခဲ့သလိုပဲ"

"အရမ်း မြန်လွန်းတယ်၊ဆရာရဲ့ စွမ်းအားကို ငါ မမြင်နိုင်လိုက်ဘူး ။"

သူမသည် အနီးနားရှိ သစ်သားအိမ်တစ်လုံးကို ကြည့်လိုက်သည် ။

အတွင်း၌ တိတ်ဆိတ်နေပြီး မည်သည့်အသံသံမှ မရှိပါ။

"အစ်ကိုကြီးက ဂိမ်းတွေ ထပ်ကစားနေပြန်ပြီထင်တယ်"

"သူက အခုလိုသာ နှစ်နဲ့ချီပြီး ဂိမ်းချည်းကစားနေမယ်ဆိုရင် ရှန်ကွမ်းဂိုဏ်းက သူ ရှိနေတာကိုတောင် မေ့သွားလိမ့်မယ်"

ကျန်းလင်းစုသည် ထပ်မစဥ်းစားတော့ဘဲသူမ၏ ကျင့်ကြံမှုကို ပြန်လည်းကြိုးစားနေတော့သည်။

....................

ကမ္ဘာမြေအဆုံးပ်ုင်းတွင်ဖြစ်သည်။

နောက်ဆုံးအနန္တအသွင်ကူးပြောင်းတံခါး ပေါ်လာပြီးနောက် ရာစုနှစ်ပေါင်းများစွာ ကြာသောအခါ။

ယခုအခါ ကမ္ဘာမြေအဆုံးပိုင်းတွင် လူသူ ကင်းမဲ့နေလေပြီ။

လက်ရှိနေထိုင်သူဟူ၍ အနည်းငယ်မျှသာ ရှိတော့သည်။

ပင်လယ်၏နံဘေးကမ်းစပ်တစ်နေရာ၌ သစ်သားအိမ်လေးတစ်လုံးရှိလေသည်။

ပင်လယ်ကိုမျက်နှာမူထားသော်လည်း နွေဦးနှင့်အတူ နွေးထွေးခြင်းမရှိဘဲ ခြောက်ကပ်တိတ်ဆိတ်လျှက် အထီးကျန်၏။

အလှပြင်စားပွဲပေါ်တွင် မှန်အကွဲတစ်ချပ်ရှိ၏။

ထိုမှန်အကွဲထဲတွင် မိန်းမပျိုတစ်ဦး၏ မျက်နှာပုံရိပ်တစ်ခု ထင်ဟပ်နေသည်။

သူမ၏မျက်နှာ ဘယ်ဘက်ခြမ်းကို အနက်ရောင်ပုဝါဖြင့် ဖုံးအုပ်ထားသည် ။

မိန်းမပျို၏ လက်သည် တုန်ယင်နေသောကြောင့် မျက်ခုံးမွှေးဆွဲတံကို တည်ငြိမ်စွာ မကိုင်ထားနိုင်ဖြစ်နေလေသည်။ တုန်ယင်နေသော လက်များကြောင့် ရိုးရှင်းသော မိတ်ကပ်ကိုပင် ကောင်းစွာ မလိမ်းခြယ်နိုင်ရှာပေ။

သူမက မှန်ထဲကို ကြည့်ကာ အလှပြင်ဖို့ အသည်းအသန် ကြိုးစားနေပုံရသည် ။

ရုတ်တရက် ကျောက်တုံးတစ်လုံးသည် ပြတင်းပေါက်ကို ဖောက်ထွင်းပြီး အိမ်အတွင်းသို့ ကျရောက်လာသည် ။

ပင်လယ်ဇင်ယော်တစ်ကောင်သည် မထီမဲ့မြင် ပျံသန်းသွား၏။

ရုတိတရက်မို့ ခဲတံသည် သူမ၏ လက်မှ ပြုတ်ကျသွားပြီး သူမအော်ငိုလိုက်သည် ။

"ငါ လက်ဖျားခြေဖျားတွေ အရမ်းအေးလိုက်တာ၊ မိတ်ကပ်တောင် ကောင်းကောင်း မလိမ်းနိုင်ဘူး"

"ငါ.ငါ့မျက်နှာကလည်း.. အရုပ်ဆိုးလိုက်တာ"

သူမသည် သူမ၏ ဘယ်ဘက်မျက်နှာကို ဖုံးထားသည်၊ ကြည့်ရှုရန် လုံးဝဆန္ဒမရှိပါ ။

အချိန်များစွာကြာပြီးနောက်မှသာ သူမသည် မိတ်ကပ်လိမ်းခြင်းကို ပြီးစီးသွားခဲ့သည် ။

ထို့နောက် သူမသည် အနန္တအသွင်ကူးပြောင်းတံခါး ပျောက်ကွယ်သွားသော နေရာကို ကြည့်နေ၏။

သူမ၏ အသံတွင် မကျေမနပ်ဖြစ်မှုများ ပါဝင်နေသည် ။

"ငါ တကယ်ပဲ အရုပ်ဆိုးနေလို့လား၊ ဘာလို့ လာမတွေ့ရတာလဲ"

--------------------

All Chapters