← Chapters

မင်းက မဟာအဓိပတ်မဟုတ်ဘူး

Vol. 9 Ch. 120

မင်းက မဟာအဓိပတ်မဟုတ်ဘူး

Vol. 9 Ch. 120

ရှင်းယွမ်နတ်ဆိုးဂူတွင်ဖြစ်သည်။

ချန်းဟွမ်၏ စိုးရိမ်ပူပန်မှုသည် ဂိတ်ဆုံးအထိ မြင့်သွားခဲ့သည်။

အဓိပတိများက သူတို့ကိုဝိုင်းရံထားလေပြီ။ထိုအထဲတွင် မဟာအဓိပတိကြီးတစ်ပါးလည်း ပါဝင်နေသေးသည်။

“ကျွန်တော်တို့တော့ အဆုံးသတ်ပြီ၊ ထွက်ပြေးလို့မရတော့ဘူး”

ချန်းဟွမ်သည် ကျိယွမ်ကို ကြည့်လိုက်သောအခါ ကျိယွမ်၏မျက်လုံးများတွင် တွေဝေငေးငိုင်နေသလိုအကြည့်ကို ခံစားလိုက်ရသည်။

(အနှစ်သာရနားလည်သဘောပေါက်ခြင်းသည် အနန္တအသွင်ကူးပြောင်းတံခါးလောကတွင် နှစ်ပေါင်းမည်မျှကြာသည်ဖြစ်စေ အပြင်လောကတွင် လျပ်တပြတ်သာကြာပါသည်)

“သူတို့ ထွက်မပြေးနိုင်ပါဘူး၊ ငါအခု အဓိပတိ ဖြစ်သွားပြီ”

ကျိယွမ်၏မျက်လုံးများက သက်တမ်းပေါင်းများစွာကို ဖြတ်သန်းဖူးသည့်နှယ် လောကဓံအလီလီကို ရောင်ပြန်ဟပ်နေသည်။

ဉာဏ်အလင်းရခြင်း ပြီးဆုံးသွားပြီဖြစ်သောကြောင့် သူသည်ဂိမ်း၏လက်တွေ့ဘဝဆီသို့ ပြန်ရောက်လာပြီ ဖြစ်သည်။

“အစ်ကိုကြီးက… အဓိပတိဖြစ်သွားပြီလား"

ချန်းဟွမ် အံ့ဩသွားသလို ဝမ်းလည်းသာသွားသည်။

ကျိယွမ်ကို သေချာကြည့်လိုက်သောအခါ သူသည် ပိုမိုနက်နဲလာသည်ဟု ခံစားရလေသည်။

လွန်ခဲ့သည့် စက္ကန့်ပိုင်းလေးတွင် သူသည် မြေကမ္ဘာဏ္ဍာရီအဆင့်သာ ရှိသေးသည်၊

မည်သို့သောနည်းလမ်းဖြင့် ယခုလိုလျှပ်တပြတ်အတွင်း အဓိပတိဖြစ်သွားလေသနည်း။

ချန်းဟွမ်နားမလည်နိုင်ပါ။

သူက အနှစ်သာရကို နားလည်ခဲ့တာလား။

သူ့ရဲ့ မူလစွမ်းအင်ကိုရော နိုးထနိုင်သွားပြီလား။

“အခု၊ ငါ့အစီအစဉ်ရဲ့တတိယအဆင့်ကို ပြီးမြောက်ဖို့ အချိန်တန်ပြီ၊ ကျူးကျော်သူတွေကို သတ်ဖို့ပဲ"

ကျိယွမ်သည် သူ၏ စေ့စပ်သေချာသော အစီအစဉ်ကို အကောင်အထည်ဖော်ရန် ပြင်ဆင်နေသည်။

“အစ်ကိုကြီးက အဓိပတိအဆင့်ကို အခုမှစရောက်တာ၊ မဖြစ်နိုင်ဘူး။သူတို့မှာ မဟာအဓိပတိ တစ်ယောက်ရှိတယ်၊ သူ့ရဲ့ မူလစွမ်းအားက ထုဆစ်ထားတဲ့အဆင့်ကို ရောက်နေပြီ”

ထုဆစ်ခြင်းကို ပြောလိုက်သည့်အခါ ချန်းဟွမ်၏ မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ သိသာစွာ ပေါ်လာသည်။

"ထုဆစ်ထားတဲ့ မူလစွမ်းအားရဲ့ အားနည်းချက်ကိုတွေ့ရင်တောင် အနိုင်ယူနိုင်မှာ မဟုတ်ဘူး”

ချန်းဟွမ် ပြောသည်ကို ကျိယွမ်လည်း သိပါသည်။

နင်းထောင်နှင့်အတူ ထွက်ပြေးနေစဉ် လူသားနတ်ဆိုးလမ်းစဥ်ကို ကျွမ်းကျင်အောင်လေ့လာပြီးနောက် အဓိပတိများအကြောင်းကို သူပိုမိုသိရှိလာခဲ့သည်။

အဓိပတိအဆင့်သို့ စတင်ဝင်ရောက်သူ၏ မူလစွမ်းအားသည် အကြမ်းထည်အဆင့်တွင် ရှိသည်။

အကြမ်းထည်အဆင့်တွင် မူလစွမ်းအားကို ထိန်းချုပ်နိုင်စွမ်းမှာ တည်ငြိမ်မှုလုံးဝမရှိသေးသည့်အပြင့် စွမ်းအားကုန်းဆုံးနှုန်းကလည်း အလွန်များသည်။

အလယ်အလတ်အဆင့် အဓိပတိများ၏ မူလစွမ်းအားသည် အနုစိတ်အဆင့်တွင် ရှိသည်။

သူတို့သည် မူလစွမ်းအားကို အသေးစိတ် ထိန်းချုပ်နိုင်ပြီး တစ်စုံတစ်ရာမျှ အလဟဿမဖြစ်စေပါ။

နောက်ဆုံးအဆင့် မဟာအဓိပတိများကတော့ ဒဏ္ဍာရီလာထုဆစ်ခြင်း အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

၎င်းတို့၏ မူလစွမ်းအားသည် သူတို့၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်တွင် တံဆိပ်ရိုက်ထားသလို ထွင်းထုထားပြီးသားဖြစ်သည်။

ထူးထူးခြားခြားလှုပ်ရှားစရာမလိုဘဲ မူလစွမ်းအားသည် သူ့အလိုလို ပုံပေါ်လာသည်။

မဟာအဓိပတိအဆင့်နှင့် အစောပိုင်းအဓိပတိတို့၏ကြားတွင် ကွာဟချက်မှာ အလွန်ကြီးမားသည်။

အစောပိုင်းအဓိပတိများသည် တိုက်ပွဲကြာလေလေ မူလစွမ်းအားကုန်ဆုံးမှူများလေလေဖြစ်၏။

“အင်း..ထုဆစ်ခြင်းအဆင့်ကတော့ တကယ်ကို အစွမ်းထက်တယ်"

ကျိယွမ် သွားဖြဲပြသည်။

“ဒါပေမဲ့… ငါလူမသတ်ရတာ နှစ်ပေါင်းများစွာ ရှိနေပြီ၊ အခုငါ တော်တော်ဆာလောင်နေပြီ”

အနန္တအသွင်ကူးပြောင်းတံခါးထဲတွင် ကျိယွမ်သည် နှစ်ပေါင်းမရေမတွက်နိုင်အောင် ထိုင်နေခဲ့သည်။

သူသည် အချိန်ကာလကို မေ့လျော့ခဲ့ပြီး၊ သူ့ကိုယ်သူပါ မေ့လျော့ခဲ့သည်။

ထို့ကြောင့် သူနောက်ဆုံးအကြိမ် လူသတ်ခဲ့သည်မှာ ကြာမြင့်လွန်း၍ မေ့တောင်မေ့နေလေပြီ။

“အစ်ကိုကြီး၊ သတိများမေ့နေတာလား။ ငါတို့ ခုနကပဲ အဓိပတိတစ်ယောက်နဲ့ ဒဏ္ဍာရီအဆင့်တွေကို သတ်ခဲ့တာလေ”

ချန်းဟွမ်သည် အရေးကြီးဆုံးအချိန်ရောက်မှ သူ၏အစ်ကိုကြီးမှာ အားကိုးမရဖြစ်နေသည်ဟု ခံစားရသည်။

သူသည် တစ်ခါတစ်ရံ နက်နဲသော်လည်း တစ်ခါတစ်ရံတွင် တော်တော်လေး ပေါကြောင်ကြောင်ဖြစ်နေ၏။

ယခုအချိန်မျိုးမှာတော့ သူသည် ကျိယွမ်ကို ပေါကြောကြောင်ထဖြစ်သွားမှာကို သေမလောက်စိုးရိမ်နေ၏။

ထိုအခိုက်မှာပင် ထိတ်လန့်ဖွယ်ရာ ဩဇာအရှိန်အဝါတစ်ခု ဆင်းသက်လာသည်။

အဓိပတိခြောက်ပါးသည် ကောင်းကင်ယံတွင်ရပ်လျက် ကျိယွမ်နှင့် ချန်းဟွမ်ကို ဝိုင်းရံထားကြသည်။

ခရမ်းရောင်တာအို၏ မျက်လုံးများက စူးရှနက်ရှိုင်းနေ၏။

“မင်းတို့ နှစ်ယောက်က အဓိပတိယုပိုင်ကို ဘယ်လိုသတ်လိုက်တာလဲ။”

ခရမ်းရောင်တာအိုက ကျိယွမ်ကို စိုက်ကြည့်ရင်း မေးလိုက်သည်။

သူသည် ချန်းဟွမ်ကို လုံးဝလျစ်လျူရှုထားလေသည်။

ကျန်သောသူများမှာလည်း ချန်းဟွမ်နှင့် ကျိယွမ်ကို အံ့အားသင့်စွာကြည့်နေကြသည်။

ယုပိုင်၏ ခွန်အားမှာသာမန်မဟုတ်ပေ။အဓိပတိနှစ်ဦးပေါင်း၍တိုက်လျှင်ပင် သူ့ကို မြန်မြန်မသတ်နိုင်ပါ။

သို့သော် ဤနှစ်ဦးက လုပ်ခဲ့သည်။ သူတို့တွင် လျှို့ဝှက်ချက်တစ်ခုခုများ ရှိနေသလား။

ခြောက်ဦးစလုံး အတွေးကိုယ်စီဖြင့် ရှိနေကြသည်။

ချီယွမ်၏ အကြည့်သည် ခရမ်းရောင်တာအိုထံသို့ ရောက်ရှိသွားပြီး၊ ဓားကဲ့သို့ ထက်မြက်နေသည်။

သူက စဉ်းစားသလိုလုပ်ပြီးမှ မေးလိုက်၏။

"နေစမ်းပါဦး...ငါ့ကို ချောင်းမြောင်းတိုက်ခိုက်ဖို့ ဝူထုံးကို မင်းလွှတ်လိုက်တာလား”

“မင်းကို ဘယ်ကောင်က မြှောက်ပေးလို့… ငါ့ကို ချောင်းမြောင်းတိုက်ခိုက်ရဲရတာလဲ..ပြောစမ်း”

"သေချာပေါက် မင်းမှာအကြံအစည်ရှိရမယ်"

တိုက်ပွဲမစမီ အရှိန်အဝါ မလျော့စေရ။

ရွာခွေးများပင် တိုက်ခိုက်ခါနီးတွင် ဟောင်တတ်ကြသည် မဟုတ်လား။

ထိုခရမ်းရောင်တာအိုသည် မဆီမဆိုင်ဖြင့် သူ့ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့သည်၊

သေချာပေါက် ဇာတ်လမ်းတစ်ခုခုရှိရမယ်။

ကျန်သောသူများမှာလည်း ကျိယွမ်၏ စကားကို ကြားသောအခါ ခရမ်းရောင်တာအိုကို ကြည့်မိကြသည်။

ခရမ်းရောင်တာအိုက သူ့အဆင့်အတန်းနဲ့ ဝူကွေမြို့ကာကွယ်သူကို တ်တ်တဆိတ်တိုက်ခိုက်ခဲ့တာလား။

ဘာကြောင့်လဲ။

သူက မြို့ပေါင်းတစ်ထောင်တိုက်ပွဲနယ်မြေကို အကြောင်းတစ်ခုခုနဲ့များ ရောက်လာတာလား။

အဓိပတိများမှာ အနည်းငယ်တော့ အတွေးဝင်မိသွားကြသည်။

ခရမ်းရောင်တာအိုက မည်သည့်ဖြေရှင်းချက်မှမပေးဘဲ သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။

“ဝူကွေမြို့စောင့်ကို အရှင်ဖမ်း၊ ကျန်တဲ့တစ်ယောက်ကို သတ်”

ချန်းဟွမ် ဒေါသထွက်သွားသည်။

"ငါက အဖြူရောင်ဧကရာဇ်ရဲ့ တပည့်ကွ၊ဘာလို့ ငါ့ကိုပါ အရှင်မဖမ်းရတာလဲ"

အဓိငါးပါးသည် ချန်းဟွမ်ကို လျှပ်တပြတ်တိုက်ခိုက်လိုက်ကြသည်။

ကြောက်မက်ဖွယ် မူလစွမ်းအားငါးခုက သူ့အပေါ်သို့ ပြင်းထန်စွာ ကျရောက်လာသည်။

ထိမှန်ပါက ချန်းဟွမ်သည် ချက်ချင်းလဲမသေလျှင်ပင် မကြာမီသေသွားမည့်ပြင်းထန်ဒဏ်ရာရလိမ့်မည် ဖြစ်သည်။

“အစ်ကိုကြီး၊ ကယ်ပါဦး"

ချန်းဟွမ်သည် အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ရှောင်တိမ်းလိုက်သည်။

သို့သော် နတ်စွမ်းအင်ငါးခုက သူ့နောက်သိူ့ ဆက်တိုက်ကပ်လိုက်လာသည်။

ကျိယွမ်၏အသံသည် ချန်းဟွမ်၏ နားထဲသို့ ရောက်ရှိလာသည်။

စစ်မှန်အဓိပတိဖြစ်လာသောကျိယွမ်သည် မူလစွမ်းအားငါးခု၏ အားနည်းချက်များကို ချက်ချင်းမြင်တွေ့သွားသည်။

ချန်းဟွမ်သည် အသံအတိုင်း လှုပ်ရှားလိုက်တော့သည်။

“အစ်ကိုကြီးက ကျွန်တော့်အတွက် မွေးသဖခင် ကျေးဇူးရှင်အဖေလိုပါပဲ...ဒါပေမဲ့...အီး..."

ချန်းဟွမ်သည် နတ်ဘုရားတစ်ပါးသဖွယ် နတ်စွမ်းအင် ငါးခုကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း လက်တစ်ဖက်ကိုတော့ ဆုံးရှုံးသွားလေသည်။

သူက ပြတ်တောက်သွားသောလက်ကိုကြည့်ကာ ရှုံ့မဲ့နေ၏။

အဓိပတိခြောက်ဦးမှာ ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။

သူဘယ်လိုလုပ်လိုက်တာလဲ။

မဟုတ်ဘူး ၊ ဟိုကောင်ပြောပြလိုက်တာ။

ချန်းဟွမ်မှာ သေချာပေါက်တိုက်ခိုက်ခံရမည့်အခြေအနေမဟုတ်ပါလား။

သူတို့သည် ကျိယွမ်ကို အံ့ဩခြင်းနှင့်အတူ သိချင်စိတ်​များဖြင့် ကြည့်လိုက်ကြသည်။တစ်ချိန်တည်းမှာပင် ကြောက်ရွံ့ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကိုလည်း ခံစားရသည်။

ထိုအချိန်မှာပင် ကျိယွမ်၏အသံ ထွက်ပေါ်လာသည်။

“အခု… ငါ့အလှည့်ပဲ"

ဤကမ္ဘာလောကသည် ဂိမ်းဖြစ်သော်လည်း လက်တွေ့ကျသည်ဟု သူခံစားရသည်။ ၎င်းသည် အလှည့်ကျစနစ်မဟုတ်ဘဲ ​အပြင်လောကကဲ့သို့ ဦးသူကချသည့်စနစ်ဖြစ်သည်။

ကျိယွမ် ချက်ချင်းမတိုက်ခိုက်ခဲ့သည်မှာ ရန်သူများ၏ မူလစွမ်းအားများကို မြင်နိုင်ရန် စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။

ကျင့်ကြံသူများ၏ မူလစွမ်းအင်သည် သူတို့၏ လမ်းစဥ်ဖြစ်ပြီး သူတို့၏စစ်မှန်သော ကိုယ်ပိုင်သရုပ်ကို ဖော်ပြသည်။

နှလုံးသားမှ တိုက်ခိုက်ခြင်းသည် နှလုံးသားနတ်ဆိုးများကိုဖန်တီးရန် အခွင့်အလမ်း အများဆုံးဖြစ်သည်။

ကျိယွမ်၏ အသံကိုကြားသောအခါ အဓိပတိငါးဦးသည် ရှင်းပြ၍မရသော ကြောက်ရွံ့မှုကို ခံစားမိကြသည်။

ခရမ်းရောင်တာအိုကတော့ မျက်လုံးများကိုကာ ကောင်းကင်ယံတွင်ရပ်လျက် မကြောက်မရွံ့ ရှိနေသည်။

ဝူကွေမြို့စောင့်သည် အခြားအဓိပတိများကို သတ်ကောင်းသတ်နိုင်သော်လည်း သူ့ကိုတော့ မသတ်နိုင်ဟု ကြိုတင်သိပြီးသား မဟုတ်ပါလား။

ဝူကွေမြို့၏ လျှို့ဝှက်ချက်များနှင့် ရတနာများသည် သူ့အတွက် ဖြစ်လာပေတော့မည်။

ကျိယွမ် ရှေ့သို့ တိုးလာသည်၊ သူ၏ ဝတ်ရုံ မှာ လေထုထဲတွင်တဖျပ်ဖျပ်လွင့်နေ၏။

ထို့နောက် ရုတ်တရက် သွေးနီရောင်သို့ ပြောင်းလဲသွားသည်။

သူ၏မျက်လုံးများသည် အဆုံးမဲ့ချောက်နက်ကြီးကဲ့သို့ နက်ရှိုင်းလာသည်။

ဟင်းလင်းပြင်နလုံးသားနတ်ဆိုးဧကရာဇ် နိုးထခြင်း။

ကျိယွမ်သည် သူ၏ မူလစွမ်းအင်ကို အသုံးပြုလိုက်သည်။

သူ၏အကြည့်က အမျိုးသမီးအဓိပတိတစ်ဦးပေါ်သို့ ကျရောက်သွားသည်။

ကာမဆန္ဒများရဲ့ ကြာပန်းနီမီးလျှံ။

အမျိုးသမီးအဓိပတိ၏ ခန္ဓာကိုယ်၌ အနီရောက်မီးတောက်များဖြစ်ပေါ်လာပြီး သူမ၏အဝတ်အစားများကို လောင်ကျွမ်းနေသည်။

“မဖြစ်နိုင်ဘူး”

သူမ၏ ဘယ်ဘက်မျက်လုံးက ကြောက်ရွံ့မှုများဖြစ်ပေါ်လာကာ ညာဘက်မျက်လုံးက တပ်မက်မှုအခိုးအငွေ့များဖြင့် ဆာလောင်လာ၏။

နတ်ဆိုးအရှိန်အဝါတစ်ခုသည် သူမအပေါ် ပျံ့နှံ့သွားပြီး သူမသည် ပေါက်ကွဲတော့မည့်အလား ဖြစ်လာ၏။

ကျိယွမ်၏ အကြည့်သည် အဖြူရောင်ဝတ်ထားသော အမျိုးသားတစ်ဦးထံသို့ ကျရောက်သည်။

မာနတရားရဲ့ ကောင်းကင်မျက်လုံး

ကျိယွမ်က တိုးတိုးလေး ပြောသည်။

“ငါ ဟန်ဆောင်တဲ့သူတွေကို မုန်းတယ်၊ ငါတစ်ယောက်တည်းသာ ဟန်ဆောင်ပိုင်ခွင့်ရှိတယ်"

အဖြူရောင်ဝတ်အမျိုးသားအပေါ်တွင် နတ်ဆိုးတစ်ကောင် တွားသွားနေသည်။

ထိုနတ်ဆိုးက မထီမဲ့မြင်အကြည့်ဖြင့် သူ၏လည်ပင်းကို တွယ်ကပ်ထားသည်။

အဖြူရောင်ဝတ်အဓိပတိသည် ထိတ်လန့်သွားပြီး သူ၏လည်ပင်းကို အလန့်တကြားကုတ်ခြစ်ပစ်သည်။

“ဒါ..ဒါက ဘာကြီးလဲ”

သူသည် သူ၏မူလစွမ်းအားဖြင့် သူ့ကိုယ်သူ ရိုက်နှက်လိုက်ပြီး သွေးတပွက်ပွက်အန်သွားသည်။

အဓိပတိငါးဦးစလုံး၏ စိတ်နှလုံးများမှာ တိုက်ခိုက်ခံရပြီး ဖောက်ပြန်ကုန်သည်။

အဓိပတိတစ်ပါးသည်လည်း ဝူးဝူးဝါးဝါးများအော်ဟစ်ကာ ပါးစပ်ပြဲပြဲနတ်ဆိုးတစ်ကောင် ပေါက်ဖွားလာ၏။သူက အလွန်ဆာလောင်နေဟန်ဖြင့် သူ၏အသားက်ုသူပြန်ဖဲ့ကာ စားသောက်တော့သည်။

နောက်ထပ်တစ်ဦးမှာလည်း ကာမမီးများလောင်မြိုက်ကာ ဝတ်လစ်စလစ်ဖြစ်သွားသည်။

ပုံမှန်မဟုတ်သောမြင်ကွင်းသည် ထူးဆန်းသလို ထိတ်လန့်ဖွယ်လည်းကောင်းလှသည်။

ချန်းဟွမ်ကိုယ်တိုင်ပင် ထိတ်လန့်ကြောက်ရွံ့လာပြီး ကျိယွမ်ကို ကြည့်လိုက်သည်။

သူအော်ဟစ်ကာ မေးချင်နေသည်။

မင်းက ဘာကြီးလဲ။

သို့သော်လည်း သူမမေးရဲပါ။

မြင်ကွင်းက အလွန်ကြောက်စရာ ကောင်းနေ၏။

ဝူကွေမြို့ကာကွယ်သူဖြစ်သော သူ၏ အစ်ကိုကြီးသည် နတ်ဆိုးတစ်ကောင်ကဲ့သို့ ပြူမူနေ၏။

သူ၏မူလစွမ်းအင်များဖြင့် နတ်ဆိုးများကို ဆင့်ခေါ်သည်။

မည်သူက နတ်ဆိုးများကို မကြောက်ဘဲ နေနိုင်မည်နည်း။

ငါ့ အစ်ကိုကြီး…။

ချန်းဟွမ် အလွန်အမင်း ကြောက်လန့်နေသည်။

ကျိယွမ်သည် အဓိပတိငါးပါးကို ကြည့်ပြီး ဆိုးယုတ်စွာ ပြုံးသည်။

“မင်းတို့ အသက်ရှင်နေတာ ကြာပြီ၊ အစားအသောက်တွေ အများကြီး အလဟဿ ဖြစ်စေခဲ့တယ်။ခုတော့ သေဖို့ အချိန်တန်ပြီ"

သူစကား​ပြောနေစဉ်မှာပင် အဓိပတိငါးဦး၏ အော်ရာများ ပျောက်ကွယ်သွားသည်။

သူတို့၏ နှလုံးသားနတ်ဆိုးများ ပေါက်ကွဲကာ သူတို့ကို သတ်ပစ်လိုက်ခြင်းပင်။

သို့သော်သူတို့သည် သဘာဝအတိုင်း မသေဆုံးခဲ့ကြသောကြောင့် နတ်ဆိုးများတော့ ဖြစ်ပေါ်မလာခဲ့ချေ။

အင်အားကြီးလှပါသည်ဆိုသော အဓိပတိငါးပါးသည် သနားစရာကောင်းစွာ သေဆုံးသွားကြသည်။

ခရမ်းရောင်တာအိုက တည်ငြိမ်စွာ ပြုံးလိုက်သည်

“မင်းရဲ့ မူလစွမ်းအားက စိတ်ဝင်စားစရာပဲ"

“စိတ်ကူးတစ်ခုကနေ နှလုံးသားနတ်ဆိုးတွေကို ဖြစ်ပေါ်စေတယ်၊ မင်းရဲ့ မူလစွမ်းအင်ကအဆင့်တူမှာ မရှုံးနိမ့်နိုင်ဘူး"

စိတ်နှလုံးနတ်ဆိုးနှိုးထခြင်းသည် နတ်ဆိုးအနှစ်သာရဟုခေါ်သော မကောင်းမှုအရင်းအမြစ်များမှ ပေါက်ဖွားလာသည်။

ထို့ကြောင် ယခုကဲ့သို့သော မူလစွမ်းအင်သည် နှလုံးသားနတ်ဆိုးများကို လွယ်ကူစွာ ဖြစ်ပေါ်စေနိုင်သည်။

လျူဖုန်းနယ်မြေတွင် ကျင့်ကြံသူများသည် နှလုံးနတ်ဆိုးနည်းစနစ်ဖြင့် နှလုံးသားနတ်ဆိုးများကို နှိမ်နင်းကြသော်လည်း

နှလုံးသားနတ်ဆိုးများသည် သူတို့ခန္ဓာကိုယ်ထဲ၌ အမြဲတမ်း ရှိနေဆဲသာဖြစ်သည်။

သဘာဝအတိုင်းသေဆုံးမည်ဆိုပါက ထိုနတ်ဆိုးများ ပေါ်လာမည်ဖြစ်သည်။

ဝူကွေ့မြို့စောင့်၏ မူလစွမ်းအင်သည် လျူဖုန်းနယ်မြေကျင့်ကြံသူများအတွက် တမင်သက်သက်ကျင့်ကြံထားသလားဟုပင် ထင်ရ၏။

ထို့ကြောင့် အဆင့်တူဆိုလျှင် မည်သည့်အဓိပတိတစ်ဦးမျှ ကျိယွမ်၏မူလစွမ်းအင်ကို တွန်းလှန်နိုင်မည်မဟုတ်ပေ။

ကန်းလန်နယ်မြေတွင်တော့ ယခုလိုအလွယ်တကူ အနိုင်ယူ၍မရသော်လည်း နှလုံးသားနတ်ဆိုးများကို နှိုးဆွပြီး ပြိုင်ဘက်များကို အားနည်းစေနိုင်သည်။

ခရမ်းရောင်တာအိုက ခေါင်းညိတ်လိုက်သည်။

“မင်းက ဝူကွေမြို့ရဲ့ လျှို့ဝှက်ချက်တွေကိုတော်တော်များများ ကျွမ်းကျင်နေပုံပဲ”

ခရမ်းရောင်တာအိုမှာ ကြိတ်၍ပျော်ရွှင်နေသည်။

ကံကြမ္မာကျောက်တုံးက မိစ္ဆာမ၏မြှုပ်နှံရာနေရာကို ဝူကွေမြို့ဟုဖော်ပြထားသည်။

ထိုနေရာတွင် နတ်ဆိုးအနှစ်သာရများသေချာပေါက် ရှိလိမ့်မည်။

ယခု သူမြင်နေရသော မြို့စောင့်၏မူလစွမ်းအင်သည် ကျောက်တုံး၏ဖော်ပြချက်နှင့် လုံးဝကိုက်ညီနေသည်။

သူသာ နတ်ဆိုးများအားလုံး၏အရင်းအမြစ်ကို ကျွမ်းကျင်ပြီး နှလုံးသားနတ်ဆိုးများကို နားလည်နိုင်မည်ဆိုလျှင်.....။

ခရမ်းရောင်တာအို၏ မျက်လုံးများ ဖိတ်ဖိတ်လက်သွား၏။

ဘယ်သူက ငါ့ကို စိန်ခေါ်နိုင်ဦးမှာလဲ။

သူသည် ဝူထုံကို စေလွှတ်ပြီး ဝူကွေမြို့ကို ကြံစည်ခဲ့သည်။

ထို့အပြင် ကံကြမ္မာကျောက်တုံးက ထျန်းရှင်နန်းတော်တွင်ရှိသော မဟာဗုဒ္ဓ၏ မြှုပ်နှံရာနေရာကို ထုတ်ဖော်ပြသလာသည်။

ထို့ကြောင့် သူသည် တျန်းရှင်နန်းတော်တွင် သွေးနတ်ဆိုးရှိသည့်အကြောင်း ကောလာဟလများဖြန့်ခဲ့ပြီး ထိုကိစ္စက မတော်တဆ မှန်ကန်သွားခဲ့သည်။

ခရမ်းရောင်တာအိုသည် လောဘတတ်နေသောမျက်လုံးများဖြင့် ကျိယွမ်ကိုကြည့်ကာ ကမ်းလှမ်းလိုက်သည်။

“မင်းသာ ငါ့ကိုသစ္စာခံပြီး ဝူကွေမြို့ရဲ့ လျှို့ဝှက်ချက်အားလုံးကို ဖော်ထုတ်မယ်ဆိုရင် ငါမင်းကို မသတ်တဲ့အပြင် ငါ့တပည့်အဖြစ် လက်ခံပြီး ငါ့ကို အလုပ်အကျွေးပြုခွင့် ပေးမယ်”

ခရမ်းရောင်တာအို၏ လေသံကပိုင်နိုင်လှ၏။

ကျိယွမ်က ခရမ်းရောင်တာအိုကို နားမလည်သလိုကြည့်သည်။

သူသည်လုံးဝရှုပ်ထွေးနေပုံရပြီး ထိတ်လန့်သွားသလိုရှိသည်။

“မင်းက ငါ့မိန်းမမဟုတ်ဘဲ ဘာလို့ ငါ့ဆရာ ဖြစ်ချင်တာလဲ”

ဆရာမ၏ကျောပြင်ကိုသာမြင်ဖူးသော်လည်း ကျိယွမ်၏မျက်လုံးများက သူ၏ဆရာသည် သူ့ဇနီးဖြစ်လာမည်ဟု ကောက်ချက်ချထားသည်။

ယခုတောက် ခရမ်းရောင်တာအိုဟူသောအမျိုးသားတစ်ဦးသည် သူ၏ ဆရာဖြစ်ချင်နေ၏။

"သူက လိင်တူချစ်သူလား"

ကျိယွမ်သည် ခရမ်းရောင်တာအိုကို ကြောက်လန့်စွာ ကြည့်သည်။

"လိင်တူချစ်သူတစ်ယောက်က ငါ့အနားကိုကပ်ဖို့ ကြိုးစားနေပြီ၊ဒါ..ဒါဆိုအဓိပ္ပါယ်က.."

ကျိယွမ်သည် ထိတ်လန့်စွာဖြင့် သူကိုယ်သူကာကွယ်ရန် နောက်သို့ဆုတ်လိုက်သည်။

ရုပ်ချောလွန်းတာလည်း မကောင်းဘူးပဲ၊အခန့်မသင့်ရင် ဘဝပျက်သွားနိုင်တယ်။ငါ့ဘဝလေးက မလုံခြုံတော့ဘူး။

ခရမ်းရောင်တာအိုမှာ ကျိယွမ်၏စကားများနှင့် ထူးဆန်းသောအမူအယာကြောင့် အံ့အားသင့်သွား၏။

ချန်းဟွမ်လည်း ထို့အတူခံစားရသည်။

ဒါ ဘယ်လိုအယူအဆလဲ။

တပည့်ဖြစ်လာဖို့အကြောင်း ပြောနေတာလေ၊ ဇနီးတွေ လိင်တူချစ်သူတွေနဲ့ ဘာဆိုင်လို့လဲ။

သူ့အစ်ကိုကြီး၏ ​လေးနက်သောအခြေအနေက အချိန်ပြည့်သွားပုံရလေ၏။

ချန်းဟွမ်က ကျိယွမ်အား တိုးတိုးလေး ပြောသည်။

“အစ်ကိုကြီး၊ သူ့ကို လက်ခံလိုက်ပါလား"

ချန်းဟွမ်သည် အဓိပတိအဆင့်သို့ရောက်သည်မှာ တစ်ပတ်ပင်မပြည့်သေးပါ၊သူက ညီအစ်ကိုမောင်နှမများကို ဂုဏ်ယူစွာပင် မကြွားဝါရသေးချေ။ယခုလိုကြီးတော့ မသေချင်သေးပါ။

ကျိယွမ်က အေးစက်စွာ ပြောလိုက်သည်။

“သူ့တပည့်လုပ်ဖို့နေနေသာသာ...သူက ငါ့ခွေးဖြစ်ဖို့ ဒူးထောက်ရင်တောင် ငါလက်မခံဘူး ၊သူက အရမ်းညစ်ပတ်တယ်”

ချန်းဟွမ် မျက်လုံးပြူးသွားသည်။

အစ်ကိုကြီး၊ ခင်ဗျားက အရမ်းရဲရင့်တာပဲ။

အသေခံပြီးတော့ကို ရဲရင့်တာ။

ခရမ်းရောင်တာအို၏အပြုံးက ပျောက်ကွယ်သွားသည်။

“မင်းက ငါ့တပည့်မဖြစ်ချင်တဲ့အပြင် စော်ကားသေးတယ်"

“ဘာပဲပြောပြော မင်းက ဒီနယ်​မြေရဲ့ စစ်မှန်တဲ့အုပ်စိုးရှင်ဖြစ်ဖို့ အခွင့်အရေးကို ဆုံးရှုံးသွားပြီ”

ကံကြမ္မာကျောက်တုံးရှိနေသောကြောင့် သူသည် အဖြူရောင်ဧကရာဇ်နှင့်အကြွင်းမဲ့သခင်ကိုပင် ကျော်လွန်ပြီး ကြီးမြတ်မှုအတွက် ကံကြမ္မာပါပြီးသားဖြစ်သည်။

“ငါ တကယ်သိချင်တယ်၊ မင်းက ဘာလို့ ဒီလောက် မောက်မာနေရတာလဲဆိုတာကိုလေ"

ကျိယွမ် သူ့ကို ကြည့်သည်။

“မင်းလို မောက်မာတဲ့တစ်ယောက်ကိုတောင် ငါပြန်သတိရသွားပြီ"

ထိုသူသည် ခရမ်းရောင်ကောင်းကင်ဆန်းကြယ်သခင်မဖြစ်သည်။

ခရမ်းရောင်တာအိုသည်လည်း သူမကဲ့သို့ ခံစားချက်ကို သူ့အားပေးသည်။

“ငါ့မှာ မောက်မာဖို့ လုံလောက်တဲ့စွမ်းအားရှိတယ်။"

ခရမ်းရောင်တာအိုက ကျိယွမ်းအား ​နှိမ့်ချစွာကြည့်လိုက်သည်။

“မင်းရဲ့ မူလစွမ်းအင်က အစွမ်းထက်ပေမဲ့ စောစောပိုင်းအဆင့် အဓိပတိတွေကိုပဲ သတ်နိုင်တယ်”

“ငါက မဟာအဓိပတိ၊ ငါ့ရဲ့ မူလစွမ်းအားက ငါ့ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်မှာ ထုဆစ်ပုံဖော်ထားပြီးသားဖြစ်ပြီး အပြစ်အနာအဆာ မရှိဘူး”

“မင်းရဲ့ မူလစွမ်းအင်လောက်က ငါ့ကို ဘယ်လို ထိခိုက်စေနိုင်မှာလဲ”

ကျိယွမ်က ကြောက်ရွံ့သွားပုံမရပါ။

“ဟုတ်လား.မင်းအရင်က မောက်မာ

တဲ့သူကတော့ ငါ့ဓားနဲ့ သေခဲ့ရတာပဲ၊မင်းလည်း… မကြာခင် သေတော့မှာပါ"

ကျိယွမ်၏ မျက်လုံးများက ပြင်းထန်လေးနက်လာသည်။

မဟာအဓိပတိများမှာ အမှန်တကယ်ပင်အစွမ်းထက်ပါသည်။

ယခုအချိန်၌ ကျိယွမ်သည် အဓိပတိငါးပါးကို သတ်ခဲ့သောကြောင့် အတွေ့အကြုံရမှတ်များအဆမတန်ရရှိပြီး အဆင့် ၁၂၄ သို့ တက်သွားသည်။

ခရမ်းရောင်တာအို အဆင့် ၁၈၉ ရှိသည်။

အဆင့် ၆၀ ကျော် ကွာခြား၏။

ကျိယွမ်သည် သူ့ထက်ပိုမြင့်သောအဆင့်ကို စိန်ခေါ်ဖူးသော်လည်း ဤမျှ မြင့်မားသည်အထိ တစ်ခါမှ စိန်မခေါ်ဖူးပေ။

ဒါပေမဲ့ ဂိမ်းတစ်ခုတွင် တစ်ယောက်တည်း ဖြင့် ဘော့စ်များကို တိုက်ခိုက်ခြင်းသည် စွန့်စားမှုရှိသလို ပျော်စရာလည်းကောင်းသည်။

ဓားကျိုးကို ကိုင်ဆောင်ထားသော ကျိယွမ်၏ပုံသဏ္ဍာန်သည် ရုတ်တရက်ကြီးထွားလာသည်။

“တစ်ခုတည်းအဖြစ်ပေါင်းစည်းခြင်း"

သွေးနီရောင် သံချပ်ကာကို ဝတ်ဆင်လိုက်သောအခါ ချီယွမ်၏အဆင့်သည် ငါးဆင့် တက်လာသည်။

သို့သော်လည်း ခရမ်းရောင်တာအိုနှင့်ကွာခြားချက်ကတော့ ကြီးမားဆဲပင်။

“စိတ်ဝင်စားစရာပဲ… ဒါပေမဲ့ မကြာခင်မှာ ဒီအရာအားလုံးဟာ ငါ့ဟာဖြစ်လာတော့မှာပဲ”

ခရမ်းရောင်တာအိုက ကျိယွမ်ကို ပုရွက်ဆိတ်တစ်ကောင်လို ကြည့်နေသည်။

ကျိယွမ်က မီတာများစွာ ကြီးထွားလာသော်လည်း သူ့အတွက် ပုရွက်ဆိတ်ငယ်လေးက ပုရွက်ဆိတ်ကြီး ဖြစ်လာသည်နှင့်သာ တူသည်။

“ငါ့ဓားကို ခံလိုက်စမ်း"

ပြင်းထန်သောဓားစွမ်းအင်သည် ပျံ့နှံ့သွားပြီး အဆုံးမဲ့သောနှလုံးသားနတ်ဆိုးများကို သယ်ဆောင်လာသည်။

အစောပိုင်းအဆင့်နတ်ဘုရားများသာသူ၏ဓားချက်ကိုခံလိုက်ရပါက ကယောင်ခြောက်ခြားဖြစ်ကာ နတ်ဆိုးဖောက်ပြန်ပြီး သေဆုံးသွားမည်ဖြစ်သည်။

သို့သော် သူ၏ ပြိုင်ဘက်မှာ မဟာအဓိပတိဖြစ်နေ၏။

ခရမ်းရောင်တာအိုသည် ငြိမ်သက်စွာ ရပ်နေ​ဆဲပင်ရှိပြီး သူ၏မူလစွမ်းအားက အသက်ဝင်လာသည်။

ကျိယွမ်၏ ပြင်းထန်သောဓားကို သူက ပေါ့ပါးစွာ တားဆီးလိုက်သည်။

ခရမ်းရောင်တာအို ကျိယွမ်အား တိုက်တွန်းလိုက်သည်။

“ထပ်လုပ်စမ်းပါဦး ၊ မင်း သေသွားရင် ဒီလိုဓားတွေကို ငါ မြင်ရတော့မှာ မဟုတ်ဘူး"

သူသည် ကျိယွမ်၏ ဓားမှတစ်ဆင့် နတ်ဆိုးအနှစ်သာရနှင့် ဝူကွေမြို၏လျှို့ဝှက်ချက်များကို နားလည်ချင်သည်။

ချန်းဟွမ်ကတော့ ခြေတုန်လက်တုန်ဖြင့် တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။

ကျိယွမ်၏ တိုက်ခိုက်မှုများက အချည်းနှီး ဖြစ်နေ၏။

ချန်းဟွမ် မျှော်လင့်ထားသည့်အတိုင်းပင်။

အစ်ကိုကြီး၏ မူလစွမ်းအင်က ဆိုးရွားစွာသေစေနိုင်သည်။သူသာ မဟာအဓိပတိအဆင့်ထိ ကြီးထွားလာမည်ဆိုပါက ဆရာဧကရာဇ်နှင့်အကြွင်းမဲ့သခင်တို့မှလွဲလျှင် ပြိုက်ဘက်ကင်းဖြစ်လာမှ ​သေချာ၏။

ယခုတော့ သေရတော့မည်။ မိမိကပါ အဆစ်ပါဝင်​ရတော့မည်မဟုတ်ပါလား။

ကျိယွမ်ကတော့ တည်ငြိမ်နေဆဲသာရှိသည်။

သူကတစ်စုံတစ်ခုအား သဘောပေါက်သွားသလို ခေါင်းညိတ်လိုက်၏။

“ငါသိပြီ...ခရမ်းရောင်တာအို၊ တကယ်တော့… မင်းက မဟာအဓိပတိ မဟုတ်ဘူး"

စကားဆုံးသည်နှင့် သူ၏ဓားချက်က ခရမ်းရောင်တာအိုပေါ်သို့ ကျဆင်းသွားသည်။

သို့သော် ခရမ်းရောင်တာအိုက ပေါ့ပါးစွာ ကာကွယ်လိုက်ပြန်သည်။

"မင်းက မဟာအဓိပတိမဟုတ်မှတော့ ငါကဘာကို ကြောက်နေရမှာလဲ၊ဓားကိုကြည့်.."

ကျိယွမ်သည် ဆက်လက် တိုက်ခိုက်နေသည်။ထို့အတူ ပါးစပ်မှလည်း တတွတ်ပြောနေ၏။

တိုက်ခိုက်ခြင်းနှင့် စကားပြောခြင်း။

ကျိယွမ်သည် ယခင် ထိုအရာကို မုန်းခဲ့သည်။

သို့သော် ယခုမူ သူ၏မူလစွမ်းအား အကောင်းဆုံး အကျိုးသက်ရောက်မှုအတွက် သူ စကားပြောရပေလိမ့်မည်။

ခရမ်းရောင်တာအို ဟက်ဟက်ပက်ပက်ပြုံးလိုက်၏။

“မင်းကတော်တော် ရယ်စရာ ကောင်းတယ်"

သူ့အား မဟာအဓိပတိ မဟုတ်ဘူးဟု တစ်ယောက်ယောက်က ပြောဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။

သို့သော် အရေးမကြီးပါ။

"မဟာအဓိပတိတစ်ပါးဟာ မူလစွမ်းအားကို ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်မှာတင် မဟုတ်ဘဲ နှလုံးသားနတ်ဆိုးတွေမှာပါ ထုဆစ်ပုံဖော်ထားတယ်"

“နှလုံးသားနတ်ဆိုးတွေကလည်း မင်းရဲ့ တစ်စိတ်တစ်ပိုင်းပဲလေ၊သူတို့ပေါ်မှာ မူလစွမ်းအားကို မထုဆစ်ထားဘဲနဲ့ မင်းက ဘယ်လိုလုပ်ပြီး မဟာအဓိပတိ ဖြစ်နိုင်မှာလဲ"

ပျိယွမ်က အဓိပ္ပာယ်မရှိသည်များကို ပြောနေသည်။

“အမှိုက်ပဲ"

ခရမ်းရောင်တာအို၏ မူလစွမ်းအားက ကျိယွမ်ဆီ ပျံသန်းသွား၏ ။သို့သော် ကျိယွမ်က လွယ်ကူစွာ ရှောင်တိမ်းသည်။

သူသည် ခြေလက်များကိုမနားသလို ပါးစပ်ကိုလည်း အနားမပေးပါ။

“မင်း မဟာအဓိပတိအဆင့်ကို ရောက်တုန်းက…"

" နတ်ဆိုးချုပ်နှောင်ခြင်းလို့ ခေါ်တဲ့ခပ်တိုးတိုးအသံတစ်ခုကို ကြားခဲ့ရလား"

ခရမ်းရောင်တာအို၏မျက်နှာက အနည်းငယ်ပြောင်းလဲသွားသည်။

“မင်း ဘယ်လိုသိတာလဲ"

သူသည် ဝူကွေမြို့သည် မိစ္ဆာမ၏ မြှုပ်နှံရာနေရာဖြစ်သည်ကို တွေးမိ၏။

ထို့ကြောင့်များ ဝူကွေမြို့ စောင့်က ဤအရာများကို သိရှိနေခြင်းလား။

ကျိယွမ်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးသည်။

‘နတ်ဆိုးထိန်းချုပ်ရေးနည်းစနစ်’ သည်မည်သူထံမှဆင်းသက်လာသနည်း။

အနန္တအသွင်ကူးပြောင်းတံခါးကို သူနားလည်ခြင်းမှရရှိလာပြီး ဆင့်ပွားပေးခဲ့ခြင်းမဟုတ်ပါလား။

နည်းစနစ်ကို သူသင်ကြားပေးခဲ့စဉ်က ထောင်ချောက်များ ထည့်သွင်းရန်တတ်နိုင်သော်လည်း မလိုအပ်သောကြောင့် သူမထည့်သွင်းခဲ့ပေ။

ခရမ်းရောင်တာအို၏ လက်ရှိနည်းစနစ်သည်

နတ်ဆိုးထိန်းချုပ်ရေးနည်းစနစ် မှ ဆင်းသက်လာခြင်းဖြစ်သောကြောင့် ၎င်း၏ အကျိုးသက်ရောက်မှုများကို သူကအဘယ့်ကြောင့် မသိဘဲနေမည်နည်း။

“အဲဒါဆိုရင်တော့ မင်းရဲ့ နည်းစနစ်က အားနည်းချက် ရှိပြီပဲ”

ကျိယွမ်သည် အကြီးစားလူလိမ်တစ်ယောက်ဖြစ်လာပြီး ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။

"မင်း အဓိပတိအဆင့်ကို ရောက်တုန်းက မင်းရဲ့ မူလဒန်တျန်ထဲမှာ လူသားနတ်ဆိုးစွမ်းအားကို သုံးကြိမ် လည်ပတ်ခဲ့တယ်၊ နောက်ဆုံးတစ်ကြိမ် လှည့်ပတ်တုန်းက မင်းရဲ့ စိတ်ထဲမှာ တံခါးတစ်ခုကို တွေ့ခဲ့တယ်မဟုတ်လား”

ခရမ်းရောင်တာအို၏ မျက်နှာသည် ပိုမိုစိတ်လှုပ်ရှားလာပြီးနောက် ဝမ်းသာသော အမူအယာ ပေါ်လာသည်။

“ငါထင်ထားတာထက်ပိုပြီး မင်းက ဝူကွေမြို့ကနေ ရှာတွေ့ခဲ့တာပဲ"

ကျိယွမ်က ဆက်ပြောသည်။

“ဒါကြောင့်၊ မင်းက မဟာအဓိပတိမဟုတ်ဘူး ၊ မင်းရဲ့ မူလစွမ်းအားတွေက အပြည့်အဝ မထုဆစ်ရသေးဘူး၊နေရာတိုင်းမှာ ပုံမပေါ်သေးဘူး ၊အားနည်းချက်တွေ အများကြီး ရှိတယ်"

“မင်းက အဓိပတိအလယ်အလတ်အဆင့်ရဲ့ အမြင့်ဆုံးမှာပဲရှိသေးတယ်၊စစ်မှန်တဲ့ မဟာအဓိပတိမဟုတ်ဘူး"

“အဖြူရောင်ဧကရာဇ်နဲ့ အကြွင်းမဲ့သခင်တို့ကသာ အပြစ်အနာအဆာမရှိတဲ့ မဟာအဓိပတိတွေ ဖြစ်တယ်”

ကျိယွမ်က ဆက်တိုက်လိမ်ပြောနေသည်။မဟုတ်တမ်းတရားများကို အဟုတ်လိုလို အတည်ပေါက်နှင့် လှိမ့်၏။

“မင်း ပြောတာ စိတ်ဝင်စားစရာပဲ၊ ငါ့ကိုတောင် ယုံကြည်လာလုနီးပါးဖြစ်စေတယ်၊… ဒါပေမဲ့ အရေးကြီးလို့လား"

" ငါက အပြစ်အနာအဆာရှိတယ်ဆိုပေမဲ့ မင်းက ငါ့ကို အနိုင်ယူနိုင်လို့လား”

ခရမ်းရောင်တာအိုမှာ အနည်းငယ်တော့ ယုံကြည်မိသွားသည်။တဖက်သားပြောသောအချက်များက အဓိပ္ပါယ်မရှိသော်လည်း အခြားသူများမသိဘဲ သူသာသိသော လျှို့ဝှက်ချက်များ ပါနေ၏။

“စစ်မှန်တဲ့မဟာအဓိပတိဖြစ်ဖို့ဆိုရင်.."

ကျိယွမ်က မပြောချင်သလိုတွန့်ဆုတ်သွားသော်လည်း မထူးတော့ပါဟူသော မျက်နှာထားဖြင့် ဖွင့်ပြောလိုက်သည်။

"စစ်မှန်တဲ့မဟာအဓိပတိဖြစ်ဖို့ဆိုရင် ..မင်းက… အတုအယောင် မဟာအဓိပတိဆိုတာကို မေ့ပစ်ရမယ်၊ မဟုတ်ရင် စစ်မှန်တဲ့မဟာအဓိပတိအဆင့်ကို မင်းဘယ်တော့မှ ရောက်မှာ မဟုတ်ဘူး"

ခရမ်းရောင်တာအို အနည်းငယ်တုန့်ဆိုင်းသွားသည်။သူက မရည်ရွယ်သော်လည်း တွေးဆမိသွားသည်။

ဒါဆို ငါကအခုလက်ရှိအဆင့်ကိုမေ့ပစ်ရမှာလား။

ဘယ်လိုမေ့ရမှာလဲ။

သူသည် သူ့ကိုယ်သူ မဟာအဓိပတိ ဖြစ်သည်ကို ခနတာ မေ့လျော့သွားသည်။

ကျိယွမ်၏ မျက်လုံးများက ရုတ်တရက်ထက်မြက်လာသည်။

အချိန်ကျပြီ။

မဟာမေ့လျော့ခြင်းစိတ်ကျမ်း။

ပြီးတော့...ဟင်းလင်းပြင်နှလုံးသားနတ်ဆိုးဧကရာဇ်နိုးထခြင်း။

ကျိယွမ်ဖုံးကွယ်ထားသော ဒုတိယမြောက်မူလစွမ်းအား မဟာမေ့လျော့ခြင်းစိတ်ကျမ်းက အသက်ဝင်လာသည်။

ခရမ်းရောင်တာအိုသည် တွေဝေစွာ ရပ်နေသည်။ သူ၏ မျက်လုံးများက မှေးမှိန်နေ၏။

“ငါက မဟာအဓိပတိမဟုတ်ဘူးလား"

"အဲဒါဆို ဘာလဲ"

သူသည် မဟာအဓိပတိတစ်ပါးဖြစ်သည်ကို မေ့လျော့သွားသည်။

သူ၏ပြင်းထန်သောအော်ရာမှာ တစ်ခဏတာ ကျဆင်းသွားသည်။

သူ၏အပြစ်အနာအဆာမရှိသော မူလစွမ်းအားတွင် အားနည်းချက်တစ်ခု ထွက်ပေါ်လာသည်။

ထို့ကြောင့် နှလုံးသားနတ်ဆိုးဧကရာဇ်နိုးထခြင်းက အလုပ်ဖြစ်သွားပြီး နှလုံးသားနတ်ဆိုးများကို ခရမ်းရောင်တာအို၏ နှလုံးသားကို ပြည့်သွားစေသည်။

သူ့ထံ၌ သေဆုံးသွားသော အဓိပတိငါးဦးကဲ့သို့ နတ်ဆိုးများ ထွက်ပေါ်လာသည်။

ထိုအခိုက် သူ၏မျက်လုံးများ ပြန်လည်ကြည်လင်လာပြီး ကြောက်ရွံ့မှုနှင့်အတူ ဒေါသထွက်သွားတော့သည်။

“မင်း..လူလိမ်၊ငါက မဟာအဓိပတိပဲ"

--------------------

All Chapters