ဒီလိုတိုက်နေရင် သတ်လို့ရမှာမဟုတ်ဘူး၊ ငါကိုင်တွယ်လိုက်မယ်
Vol. 9 Ch. 123
အဖြူရောင်ဧကရာဇ်နန်းတော်တွင်ဖြစ်သည်။
ဝတ်ရုံဖြူဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် စားပွဲပေါ်သို့ အဖြူရောင်ကျားတစ်လုံးကို ချလိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။
"မွေးရာပါသူတော်စင်..."
" သွေးသခင်လို့ ဘွဲ့ခံတယ်..."
တရားဟောခြင်း"
"အဓိပတိအဆင့်"
"အစ်ကိုကြီး၊ ဒီကိစ္စက အရေးကြီးတယ်။ ဆရာကို အစီရင်ခံသင့်လား"
စစ်တုရင်ခုံဘေးတွင်ရှိနေသော ကလေးမျက်နှာနှင့်မိန်းကလေးက စိုးရိမ်တကြီး မေးမြန်းလိုက်သည်။သူမသည် အဖြူရောင်ဧကရာဇ်နန်းတော်၏ ဒုတိယတပည့်ဖြစ်သည်။
ယွန်ဟီက ခေါင်းယမ်းလိုက်၏။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က အကြွင်းမဲ့သခင်နဲ့ ပြင်းထန်တဲ့တိုက်ပွဲဖြစ်ပွားခဲ့လို့ ဆရာလည်း ဒဏ်ရာရခဲ့တယ်။ ကုသဖို့အတွက်တံခါးပိတ်ကျင့်ကြံနေတာမို့ အချိန်တစ်ခုလောက်အထိ ဘယ်သူနဲ့မှ တွေ့မှာ မဟုတ်ဘူး"
ကလေးမျက်နှာရှိသော မိန်းကလေး၏ မျက်လုံးများတွင် စိုးရိမ်မှုများ ပြည့်နှက်သွားသည်။
"ဆရာ ဒဏ်ရာရတယ်လား"
"ဟင်း.."
ယွန်ဟီက သက်ပြင်းချကာ ခေါင်းညိတ်ပြလိုက်သည်၊သူ၏ မျက်လုံးများတွင်လည်း စိုးရိမ်မှုများနှင့်အတူ ပူပင်သောကများ ဖြတ်သန်းသွားခဲ့သည်။
"အကြွင်းမဲ့သခင်က အပြင်းအထန် ဖိအားပေးနေတယ်။ တောင်မြောက် ပဋိပက္ခ... တကယ်ကို ခက်ခဲပါတယ်"
တောင်နှင့်မြောက်ပဋိပက္ခကြီး ပြီးဆုံးသွားချိန်တွင် တောင်ဘက်ကသာ ရှုံးနိမ့်ခဲ့လျှင် လျူဖုန်းနယ်မြေသည် စိတ်ကူးမယဉ်နိုင်လောက်အောင် ဖြစ်လာမည်ဖြစ်ပြီး သာမန်လူများရှင်သန်ရန် နေရာမရှိတော့ဘဲ နတ်ဆိုးများချည်း လွှမ်းမိုးနေတော့မည် ဖြစ်သည်။
"တကယ်လို့ အကြွင်းမဲ့သခင်မှာ ကံကြမ္မာကျောက်တုံးသာမရှိခဲ့ရင် ဆရာက သူ့ကို ကြောက်နေစရာ မလိုဘူး"
ကလေးမျက်နှာနှင့်မိန်းကလေးက ဒေါသတကြီး ပြောလိုက်သည်။
အဖြူရောင်ဧကရာဇ်နှင့်အကြွင်းမဲ့သခင်တို့အကြားမှ ဟန်ချက်ညီမှုသည် ကံကြမ္မာကျောက်တုံးရောက်ရှိလာခြင်းနှင့်အတူ ယိမ်းယိုင်သွားပါသည်။
ကလေးမျက်နှာနှင့်မိန်းကလေးက အကြွင်းမဲ့သခင်သည် ကံကြမ္မာကျောက်တုံးကို ရရှိပြီးမှသာ မြောက်ဘက်သည် တောင်ဘက်ကို လုံးဝလွှမ်းမိုးနိုင်လာကြောင်းကို သတိထားမိခဲ့သည်။ ယခင်က တောင်ဘက်သည် အားနည်းချက်ရှိသော်လည်း ဤမျှလောက် အရေးနိမ့်ခြင်း မရှိခဲ့ပါ။
"ကံကြမ္မာကျောက်တုံး.."
ထိုစကားကို ကြားသောအခါ ယွန်ဟီ လန့်ဖျပ်သွား၏။
"သွေးသခင်မှာလည်း... ကံကြမ္မာကျောက်တုံးရှိနေနိုင်တယ်လို့ နင်ထင်လား"
ကံကြမ္မာကျောက်တုံးသည် တစ်ခုတည်းရှိသော အရာမဟုတ်ပါ။အပိုင်းအစများအဖြင့် ကွဲနေကြသည်ဟု ကြားဖူး၏။
ကလေးမျက်နှာနှင့်မိန်းကလေးသည် ရုတ်တရက် သဘောပေါက်သွားသလို အလင်းပွင့်သွားသည်။
"ဟုတ်လိမ့်မယ်၊ ကံကြမ္မာကျောက်တုံးနဲ့ဆိုရင် သူ့လုပ်ရပ်တွေက ဖြစ်နိုင်တယ်... ဒါပေမဲ့ ဆရာက ကံကြမ္မာကျောက်တုံးဟာ မကောင်းတဲ့ အရာဝတ္ထုလို့ ပြောခဲ့ဖူးတယ်။ တကယ်လို့ သွေးသခင်မှာ အဲဒါရှိပြီးတော့ အဓိပတိတွေ အများအပြားကို ဖန်တီးခဲ့မယ်ဆိုရင် တောင်ဘက်အတွက် ပိုပြီး ခက်ခဲစေမှာ မဟုတ်ဘူးလား"
သူမသည် ကံကြမ္မာကျောက်တုံးပိုင်ရှင်မှန်သမျှအား ဆန့်ကျင်ဘက်အဖြစ် မှတ်ယူထားသည်။
ကံကြမ္မာကျောက်တုံးသည် အဓိပတိများကို အစုလိုက်အပြုံလိုက်ထုတ်လုပ်နိုင်စွမ်း မရှိသော်လည်း အနည်းဆုံး ဒါဇင်ပေါင်းများစွာ၊ တစ်ရာလောက်အထိ ဖန်တီးနိုင်သည်မှာ သေချာသည်။
တောင်ဘက်သည် နဂိုကပင်အားနည်းချက်ရှိနေသည့်အထဲ မြောက်ဘက်ကသာ အဓိပတိ တစ်ရာခန့်ကို ထပ်မံရရှိသွားခဲ့လျှင် တောင်ပိုင်းသည် အဆများစွာဆိုးရွားသွားလိမ့်မည်။
၎င်းသည် နောက်ဆုံးတိုက်ပွဲအတွက် သတ်မှတ်ထားချိန်ကိုပင် ရှေ့သို့တွန်းပို့နိုင်ပြီး သူတို့ဆရာ၏ ပြင်ဆင်မှုများ လုံလောက်မည် မဟုတ်တော့ပါ။
"မဖြစ်ဘူး၊ ငါ ဝူကွေမြို့ကို ချက်ချင်းသွားပြီး သွေးသခင်ကို တွေ့ရမယ်"
ယွန်ဟီက မျက်လုံးများတွင် ခံစားချက်များ ရှုပ်ထွေးသွားပြီး ဆုံးဖြတ်လိုက်သည်။
"ဆရာ တံခါးပိတ် ကျင့်ကြံရာက ထွက်လာရင် သွေးသခင်နဲ့ ကံကြမ္မာကျောက်တုံးအကြောင်း သူ့ကိုအကြောင်းကြားလိုက်ပါ"
"ကောင်းပါပြီ"
ကလေးမျက်နှာနှင့်မိန်းကလေးက ယွန်ဟီကို ကြည့်ပြီး မှာကြား၏။
"အစ်ကိုကြီး သတိထားပါ။ အန္တရာယ်ရှိရင်နန်းတော်ကို ချက်ချင်းပြန်လာပါ"
သူမသည် ယခုကိစ္စသည် သူမ၏အစ်ကိုကြီးအား ပိတ်မိစေရန် ထောင်ချောက်ဖြစ်နေမည်ကို စိုးရိမ်နေမိသည်။
"ငါ နားလည်ပါတယ်"
ယွန်ဟီက အေးဆေးတည်ငြိမ်စွာ ပြုံးလိုက်ပါသည်။
သူသည် အဖြူရောင်ဧကရာဇ်နှင့်အတူဆုံး ဖြစ်ပြီး ကမ္ဘာကြီးကိုကယ်တင်ရန် စိတ်အားထက်သန်ကာ သေခြင်းကို မကြောက်သူ ဖြစ်လေသည်။
------------------------
ခြောက်နှစ်ကြာပြီးနောက်...
ဝူကွေမြို့တွင်ဖြစ်သည်။
ယွမ်ချီသည် ယခုအခါ အိုမင်းမစွမ်း ဖြစ်နေပြီး ဝူကွေမြို့သို့ ပထမဆုံးရောက်လာစဉ်က အားအင်အပြည့် ရှိခဲ့သော်လည်း ယခုမူကား သူ့ဘဝ၏ အဆုံးပိုင်းသို့ နီးကပ်လာနေပြီ ဖြစ်သည်။
စည်ကားသော ဝူကွေမြို့တွင် သူသည်ဂိတ်စောင့်တစ်ဦး ဖြစ်လာခဲ့၏။
စည်ကားလှုပ်ရှားနေမှုများကို ကြည့်ရင်း ယွမ်ချီ၏ မျက်လုံးများတွင် အပြုံးများ ပြည့်နှက်နေသည်။
"ဆရာ... နောက်ဆုံးတော့ မြို့ကို တစ်ယောက်တည်း စောင့်စရာ မလိုတော့ဘူး"
"အဟွတ်..အဟွတ်.."
သူက တစ်ဦးတည်းစကားပြောရင်းချောင်းဆိုးလိုက်သည်။
ခြောက်နှစ်အတွင်း မြို့သည်များစွာ ပြောင်းလဲသွားခဲ့၏။
အကြီးမားဆုံးသော ပြောင်းလဲမှုမှာ လူဦးရေ တိုးလာခြင်းပင်။
ဝူကွေ့မြို့၏ လူဦးရေသည် ယခုအခါ နှစ်သိန်းခန့် ရှိနေလေပြီ။
အဓိပတိများ၏ အရေအတွက်သည်လည်း အံ့မခန်းဖွယ်ရာသုံးရာ သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။
ထိုအရေအတွက်ကိုသာ ထုတ်ဖော်ပြောလိုက်ပါက ကမ္ဘာကြီးကို တုန်လှုပ်စေမှာ သေချာ၏။
ငါးနှစ်ဆိုသောအချိန်အတွင်း သွေးနန်းတော်သည် အံ့မခန်းနှုန်းဖြင့် ကြီးထွားလာခဲ့ပါသည်။
တောင်နှင့်မြောက် တိုက်ပွဲများကြောင့် မြို့ပေါင်းတစ်သောင်းရှစ်ထောင်စီအား အုပ်စုခွဲကာ တစ်သီးတခြားခံတပ်များအဖြစ်သို့ ပြောင်းလဲခဲ့သောကြောင့် လူအများအပြားသည် ဤတိုးတက်မှုကို မသိခဲ့ကြပါချေ။
သို့သော်လည်း သတင်းကြားသော မြေကမ္ဘာဒဏ္ဍာရီအဆင့်ကျင့်ကြံသူများစွာသည် ဝူကွေမြို့သို့ မိုင်ထောင်ချီ ခရီးနှင်လာခဲ့ကြသည်။
ကံမကောင်းစွာဖြင့် လမ်းခရီးတွင် အကြောင်းအမျိုးမျိုးကြောင့် အများအပြား သေဆုံးခဲ့ရသည်။
ယခုအချိန်တွင် များစွာသောဒဏ္ဍာရီအဆင့်များသည် မြို့သို့ ရောက်ရှိနေကြလေပြီ ။
တစ်လခွဲအကြာတွင် ဒဏ္ဍာရီလာ တရားဟောပွဲကို ကျင်းပမည်ဟု သွေးနန်းတော်က ထုတ်ပြန်ခဲ့လေ၏။
ဤတစ်ကြိမ်တွင် အထွတ်အထိပ် ဒဏ္ဍာရီအဆင့် တစ်ထောင်ရှိမည့်ဖြစ်သည်။
"မှောင်နေပြီ၊ တံခါးပိတ်ဖို့ အချိန်ရောက်ပြီပဲ"
အိုမင်းမစွမ်း ဖြစ်နေသော ယွမ်ချီသည် တောင်နှင့်မြောက်ပဋိပက္ခ ပြီးဆုံးသည်ကို မြင်ရသောအချိန်အထိ အသက်ရှင်နိုင်မည်ဟု မထင်တော့ပါ။
သို့သော် သွေးသခင် ရှိနေသရွေ့ တစ်နေ့နေ့တွင် ပဋိပက္ခပြီးဆုံးလိမ့်မည်ဟု သူယုံကြည်သည်။
ထို့အပြင် အနိုင်ရသူမှာလည်း... သွေးသခင် သာ ဖြစ်လိမ့်မည်ဟု သူထပ်မံယုံကြည်၏။
ဝူကွေ့မြို့အပြင်ဘက်တွင် အသစ်တည်ဆောက်ထားသော မြေအောက်နန်းတော်တစ်ခုရှိ၏။
နန်းတော်ထဲတွင် ကျိယွမ် သဘောကျစွာပြုံးနေလေသည်။
"လက်အောက်ခံတွေ ရှိတာ အရမ်းကောင်းတာပဲ"
သူသည် ခမ်းနားသောကုလားထိုင်ပေါ်တွင် ထိုင်နေပြီး သူ၏ဓားကျိုးကို အလိုက်သင့်ဆန့်တန်းထားသည်။
သူ၏ရှေ့တွင် လေဆိပ်များတွင်တွေ့ရလေ့ရှိသော ကွန်ဗေယာဘဲ့က်(ရွေ့လျားစက်ခါးပတ်ပြား)ကဲ့သို့သော ရွေ့လျားနေသော ခါးပတ်ပြားတစ်ခုရှိနေပြီး နတ်ဆိုးများသည် ခါးပတ်ပြားပေါ်၌ စီတန်းလျှက် ပါလာကြသည်။
သူက ဓါးကိုင်ထားပြီး အသင့်ထိုင်နေကာ ရှေ့ရောက်မှ ခုတ်သတ်ရုံပင်။
သူက ပင်ပင်ပန်းပန်လှုပ်ရှားရန်ပင် မလိုခဲ့ပါချေ။
နေ့စဥ်နေ့တိုင်း နတ်ဆိုးအမြောက်အမြားကို သူ၏လက်အောက်ခံအဓိပတိများက ဖမ်းဆီးပြီး ခုတ်ဖြတ်ရန် သူ့ထံသို့ ခေါ်ဆောင်လာခဲ့ကြသည်။
ဆုလာဘ်အနေဖြင့် ဒဏ္ဍာရီအဆင့်နတ်ဆိုးတစ်ရာကိုဖမ်းဆီးခြင်းက သူ၏တရားဟောခြင်းကို နောက်ထပ်တစ်ကြိမ် နားထောင်ခွင့် ရရှိစေသောကြောင့် ဖြစ်သည်။
အဓိပတိများသည် မမောမပန်း အလုပ်လုပ်ကြပြီး နေ့ရောညပါ နတ်ဆိုးများကို ဖမ်းဆီးပေးကြတော့သည်။
ကျိယွမ်က နတိဆိုးသတ်စက်ကို ဝူကွေ့မြို့အပြင်ဘက်တွင် ပြုလုပ်ရသည့် အကြောင်းရင်းမှာ နတ်ဆိုးများ မြို့ထဲသို့ ဝင်ရောက်လာလာပါက ကျိယွမ်က မြို့ကို မစောင့်ရှောက်နိုင်သည့်သဘော ဖြစ်သွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။
ဒါကြောင့် သူသည် မြို့ပြင်ဘက်တွင် နတ်ဆိုးသတ်စက်ကို တည်ဆောက်ခဲ့ပြီး နေ့တိုင်း နတ်ဆိုးများကို သက်သက်သာသာ သတ်ဖြတ်နေခဲ့သည်။
နတ်ဆိုးတစ်ကောင်ကို ခုတ်သတ်ပြီးနောက် ကျိယွမ်ခေတ္တရပ်ကာ တွေးမိ၏။
"ငါက စက်ရုံထောင်ထားတဲ့သူလို ဖြစ်နေတာလား"
များပြားသော အတွေ့အကြုံရမှတ်များ စီးဝင်လာသည်နှင့်အမျှ ကျိယွမ်သည် စက်ရုံတစ်ခုတွင် အလုပ်လုပ်နေသကဲ့သို့ ခံစားခဲ့ရသည်။
နတ်ဆိုးများမှာ ထုတ်ကုန်များ ဖြစ်သည်။
တစ်ခုတည်းသော ကွာခြားချက်မှာ အခြားစက်ရုံများတွင် လုပ်သားများက မတ်တပ်ရပ်နေခြင်း သို့မဟုတ် သာမန်ထိုင်ခုံများပေါ်တွင် ထိုင်နေရသော်လည်း သူကမူ ခမ်းနားသော ပလ္လင်ပေါ်တွင် ထိုင်နေခြင်း ဖြစ်သည်။
"ငါ့စက်ရုံက... လျူဖုန်းနယ်မြေအတွက် အလုပ်လုပ်ပေးနေသလို ဖြစ်နေပြီ"
ကျိယွမ်သည် အနည်းငယ်မကျေမနပ်ခံစားရပြီး ကောင်းကင်ကို မော့ကြည့်လိုက်ပါသည်။
"တကယ်လို့ ငါ့စက်ရုံအတွက် အကျိုးအမြတ်တစ်ခုခု ပြန်မပေးဘူးဆိုရင် ငါ မင်းကို ငါ့ရဲ့အမြုတေအဖြစ် ပြောင်းလဲပစ်မှာ သေချာတယ်"
သူက ထို့သို့ပြောပြီးနောက် ခြေထောက်ကို ဟန်ပါပါချိတ်ပြီး သူ၏ဓားကို ဆန့်တန်းလိုက်ရာ ခါးပတ်ပြားပေါ်တွင် ပါလာသောနတ်ဆိုးများ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားခဲ့သည်။
ယခုအချိန်တွင် သူ၏နတ်ဆိုးအနှစ်သာရသည်လည်း အရူးအမူးကြီးထွားလာသည်။
ထိုသို့ကြီးထွားလာသည်နှင့်အမျှ ဟင်းလင်းပြင်နှလုံးသားနတ်ဆိုးဧကရာဇ်စွမ်းရည်များကို အဆုံးမရှိ သိုလှောင်ထားသည့်အတိုင်းဖြစ်နေ၏။
ကျိယွမ်သည် ဤစွမ်းရည်ကို ဘယ်တော့မှ ကုန်အောင်သုံးနိုင်မည် မဟုတ်ဟုပင် ခံစားနေရသည်။
မဟာမေ့လျော့ခြင်းစိတ်ကျမ်းကတော့ စုဆောင်းရန်မလွယ်ပါ။
ထို့ကြောင့် အဆင့်တူများကို တိုက်ခိုက်ရာတွင် ကျိယွမ်သည် ၎င်းကို အသုံးပြုရန် တွန့်ဆုတ်နေခဲ့၏။
စွမ်းအားကုန်သွားရင် စုရတာအရမ်းခက်တယ်။
ကျိယွမ်က စိတ်ပျက်သလို ခေါင်းခါပြီး သူရှေ့သိူ့ရောက်လာသော အလှည့်ကျနတ်ဆိုးတစ်ကောင်အား ခုတ်ဖြတ်လိုက်သည်။
ထိုအချိန်မှာပင် အပြင်ဘက်မှ ခေါင်းလောင်းသံ မြည်လာသည်။
"ဝင်ခဲ့"
ထို့နောက် တံခါးပွင့်သွားပြီး အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသော ချန်းဟွမ် ဝင်လာလေသည်။
ငါးနှစ်ကြာပြီးနောက် ချန်းဟွမ်၏စွမ်းအားသည်လည်း ပို၍ထိတ်လန့်စရာ ကောင်းလာခဲ့သည်။
"အစ်ကိုကြီး ၊ မြို့ပေါင်းတစ်ထောင်တိုက်ပွဲနယ်မြေကို အဓိပတိတစ်ဖွဲ့ရောက်လာပါတယ်၊လူအင်အားအတော်လေးများပြီး သူတို့က တစ်ခုခုကို အကြီးအကျယ် ကြံစည်နေပုံရတယ်"
ချန်းဟွမ်သည် သွေးနန်းတော်၏ အကြီးအကဲ စီမံခန့်ခွဲသူ ဖြစ်လာခဲ့ပြီး ကိစ္စများစွာကို စီမံခန့်ခွဲနေရသည်။
"အင်း...လူဘယ်လောက်များလဲ"
ကျိယွမ်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"အလယ်အလတ်အဆင့် အဓိပတိတွေလည်းပါလာပြီး အယောက်နှစ်ဆယ်ကျော် ရှိတယ်"
အလယ်အလတ်အဆင့်အဓိပတိများပါနေသောကြောင့် အနီးထိသွားကာ စုံးစမ်းမရသဖြင့် အသေးစိတ်ကိုတော့ မသိခဲ့ရပေ။
ပျင်းရိနေသော ကျိယွမ်၏ မျက်လုံးများ လင်းလက်သွားသည်။
"မဟာအဓိပတိတော့ မပါဘူးမှတ်လား"
အလယ်အလတ်အဆင့် အမြင့်မြတ်ဆုံးများသည် အခြားသူများအတွက် အန္တရာယ်ရှိသော်လည်း ကျိယွမ်အတွက်မူ ဘာမျှမဟုတ်ပါချေ။
သူတို့တွင် လုံးဝအပြစ်အနာအဆာကင်းသော နတ်ဘုရားစွမ်းရည်များ မရှိသရွေ့ သူ၏ နတ်ဆိုးဧကရာဇ်နိုးထခြင်းစွမ်းရည်ဖြင့် လွယ်ကူစွာကိုင်တွယ်ဖြေရှင်းနိုင်ပသည်။
သို့သော် အလယ်အလတ်အဆင့်အဓိပတိများကို လျော့တွက်၍တော့ မရပါ။၄င်းတို့သာ စုပေါင်းတိုက်ခိုက်ပါက မဟာအဓိပတိတစ်ပါးကိုပင် လွယ်ကူစွာသတ်နိုင်ကြသည်။
မဟာအဓိပတိများသည် တစ်ဦးချင်း တိုက်ပွဲတွင် အစွမ်းထက်ကြသည်။
သို့သော် မူလစွမ်းအားဒါဇင်ပေါင်းများစွာကို တစ်ပြိုင်နက် ရင်ဆိုင်ရပါက သူတို့ပင်လျှင် ရုန်းကန်ရမည် ဖြစ်သည်။
ကျိယွမ်အတွက်မူ ပြဿနာမဟုတ်ပါချေ။
သူသည် မဟာအဓိပတိများကိုသာ ကြောက်ရွံ့ပြီး သူတို့ကို ကိုင်တွယ်ခြင်းသည် လှည့်ကွက်များလိုအပ်သောကြောင့် ခက်ခဲလှသည်။
ထိုအပြင် လှည့်ကွက်များသည်လည်း အမြဲတမ်း အလုပ်မလုပ်နိုင်သဖြင့် အခန့်မသင့်လျှင် သူမသေဘဲ ကိုယ်သေသွားနိုင်သည် မဟုတ်ပါလား။
"မဟာအဓိပတိ မပါပါဘူး"
ချန်းဟွမ်က ထပ်မံဆိုလာ၏။
"ကျွန်တော် အဓိပတိတစ်ရာကို ခေါ်ပြီး သူတို့ကို ဝိုင်းရံလိုက်ရမလား"
သူသည် အလွန်စိတ်အားထက်သန်နေသည်။
ယခုအချိန်မှာတော့ သူ့အတွက် အဓိပတိများသည် မုန်လာဥများကဲ့သို့ ဖြစ်နေသည်မှာ ကြာလေပြီ။
ချန်းဟွမ်က ထပ်ပြောလိုက်သည်။
"သိိုးရူးတာအိုကတော့ သူတို့ဟာ တစ်ခုခုကို အကြီးအကျယ် ကြံစည်နေပုံရပြီး ဝူကွေ့မြို့ကို ဖျက်ဆီးဖို့ စီစဉ်နေတယ်လို့ ပြောတယ်"
ပထမတွင် နတ်ဆိုးများက သိုးရူးတာအိုကို သူလျှိုအဖြစ် မြို့ပေါင်းတစ်ထောင်သို့ စေလွှတ်ခဲ့ခြင်းဖြစ်သည်။
သို့သော် ထိုအဓိပတိသည် အတော်လေး ရယ်စရာကောင်းပြီး မြို့ပေါင်းတစ်ထောင်သို့ရောက်ရှိလာသည်နှင့် ချက်ချင်းပင် ဝူကွေမြို့သို့ လက်နက်ချခဲ့သည်။
ယခု သူသည် သွေးနန်းတော်အတွက် မြောက်ပိုင်းတွင်ရောက်နေသော သူလျိုတစ်ဦး ဖြစ်လေသည်။
နတ်ဆိုးများ၏ အသိုက်အမြုံများစွာကို သူ့ကြောင့် ဖော်ထုတ်နိုင်ခဲ့ပြီး သွေးနန်းတော်မှ နတ်ဆိုးများစွာကို ဖမ်းဆီးနိုင်ခဲ့သည်။
"ဝူကွေမြို့က အမြဲတမ်း ယဉ်ကျေးသိမ်မွေ့တယ်။ ငါ့မြို့ကို ဖျက်ဆီးဖို့ သတ္တိရှိတာဟာ သေဖို့ကြိုးစားနောတာပဲ"
ကျိယွမ်၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ လင်းလက်သွား၏။
"မင်းချည်း သွားဖို့မလိုဘူး၊ ငါ ကိုယ်တိုင် သွားပြီး သူတို့ကို ဖျက်ဆီးမယ်။စိတ်ချရတဲ့အဓိပတိတစ်ရာကိုရွေးပြီး ငါနဲ့ လိုက်ခဲ့"
ချီယွမ်သည် သစ္စာဖောက်မည်ကို မကြောက်ပါ။
သို့သော် သူသည် သူ့အတွက် အမှန်တကယ် အလုပ်လုပ်နိုင်သော အဓိပတိများ လိုအပ်ပါသည်။
ထိုအဓိပတိတစ်ရာကို ခေါ်သွားခြင်းဖြင့် သူ၏ ခွန်အားကို ပြသရာရောက်ပြီး သူတို့၏ သစ္စာရှိမှုကို တိုးမြှင့်ပေးနိုင်လိမ့်မည်။
လူ့သဘောသဘာဝကို ယုံကြည်၍ မရနိုင်သော်လည်း လူအများစုသည် ဂုဏ်ကျက်သရေကို လေးစားသည်ထက် အင်အားကိုသာ ပို၍ကြောက်ရွံ့ကြသည်။
ကျိယွမ်သည် သူ၏ခွန်အားကို ပြသရန် လိုအပ်သည်။သို့မှသာ သစ္စာမဖောက်ခင် နှစ်ခါပြန်စဥ်းစားမိကြလိမ့်မည်။
"ကောင်းပါပြီ"
ချန်းဟွမ်က ခေါင်းညိတ်ပြီး ထွက်ခွာသွား၏။
--------------------
မြို့ပေါင်းတစ်ထောင်၏တစ်နေရာတွင်ဖြစ်သည်။
အဓိပတိနှစ်ဆယ့်သုံးဦးသည် ခမ်းနားသော ခန်းမဆောင်တစ်ခုတွင် စုဝေးနေကြသည်။
သိုးရူးအဓိပတိသည် ထောင့်တစ်နေရာတွင် မထင်မရှား ရပ်နေ၏။
၄င်းတို့ထဲမှ အလယ်အလတ်အဆင့် အဓိပတိငါးဦးကတော့ ပိုမြင့်သောထိုင်ခုံများတွင် ထိုင်လျှင်ရှိသည်။
အပြာရောင်တာအို၏မျက်နှာသည် အေးစက်နေပြီး ပြတ်သားစွာ စကားဆို၏။
"သုံးရက်အတွင်း မဟာအဓိပတိတစ်ဦး ဒီနေရာကို ဖြတ်သန်းသွားလိမ့်မယ်။သူမရဲ့ ကိုယ်ပိုင်လက္ခဏာကို မင်းတို့ သိစရာ မလိုဘူး။"
"ငါတို့ ဒီနေရာမှာ စုဝေးရတာက သူ့ကို ထောင်ချောက်ဆင်ဖို့ပဲ"
"မဟာအဓိပတိလား၊ အဲဒါဆို တော်တော်မလွယ်ဘူး"
အဓိပတိတစ်ဦးက ထငိမြင်ချက်ပေးသည်။
အဓိပတိများစွာပေါင်း၍ မဟူအဓိပတိတစ်ဦးကို ထောင်ချောက်ဆင်နိုင်သော်လည်း သတ်ဖြတ်ရန် အလွန်ခက်ခဲလှ၏။
ထို့အပြင် ၄င်း၏တန်ပြန်တိုက်ခိုက်မှုက လူအများအပြားကို သေဆုံးစေနိုင်သေးသည်။
"စိတ်မပူပါနဲ့၊ သူက ဒဏ်ရာပြင်းထန်နေပြီ။ပြီးတော့ မဟာအဓိပတိနှစ်ဦး ဖန်တီးထားတဲ့ ရတနာတစ်ခုငါ့မှာ ရှိတယ်၊ အဲဒါက ကာကွယ်ရေးအတွက် ငါတို့ကို စုစည်းပေးလိမ့်မယ်"
အပြာရောင်တာအိုက စကားဆုံးသည်နှင့် လက်တစ်ဖက်ကိုလှုပ်ရှားလိုက်သည်။
အလံ နှစ်ဆယ့်သုံးခုသည် အဓိပတိတစ်ဦးစီ၏ လက်ထဲသို့ ကျရောက်သွားသည်။
သူတို့ အားလုံး အံ့အားသင့်သွားကြ၏။
အစီအရင်သည် သူတို့ထင်ထားသည်ထက် ပို၍ အစွမ်းထက်နေသောကြောင့်ဖြစ်လေသည်။
"ဒီရတနာနဲ့ဆိုရင် ငါတို့ ကောင်းကောင်း အိပ်လို့ရပြီ"
အဓိပတိတစ်ဦးက အလံကိုသေချာကြည့်ကာ ပြုံးလိုက်သည်။
မဟာအဓိပတိနှစ်ဦးပြုလုပ်ထားသောရတနာကို အဓိပတိအယောက်နှစ်ဆယ်ကျော်က အသုံးပြုပါက ဒဏ်ရာရာနေသော မဟာအဓိပတိတစ်ဦးကို သေချာပေါက်ရင်ဆိုင်နိုင်မည်မဟုတ်ပါလား။
"ဒီအချိန်အတွင်း ဒီမှာပဲနေပြီး အလံတွေကို သန့်စင်ပါ။ အပြင်မထွက်ပါကြနဲ့"
အပြာရောင်တာအိုက တင်းမာစွာ ပြောလိုက်သည်။
"သတင်းပေါက်ကြားမှု မရှိအောင်လို့ပဲ၊နားလည်ကြလား"
အဓိပတိတစ်ဦးက အရေးမကြီးတော့သလိူ ရယ်မောသည်။
"သတင်း ပေါက်ကြားသွားရင်တောင် သူ့ကို ဘယ်သူက ကယ်နိုင်မှာလဲ"
"သတိထားတာမမှားဘူး၊ သုံးနှစ်လောက်ကဝူကွေ့မြို့ဆိုတဲ့နေရာက သွေးနန်းတော်အကြောင်း ကြားဖူးတယ်။ သွေးသခင်က လူတွေကို အဓိပတိဆုံး ဖြစ်အောင် ကူညီပေးနိုင်တယ်လို့ ပြောကြတယ်။ အဲဒီမှာ အဓိပတိ နည်းနည်းပါးပါး ရှိတယ်"
စိတ်ပူတတ်ပုံရသော အဓိပတိတစ်ဦးက သတိပေးလိုက်သည်။
သို့သော် လျူဖုန်းနယ်မြေက ကျယ်ပြောလှပြီး သတင်းများသည်လည်း မှားယွင်းနိုင်သလို တစ်ခုခုဖြစ်လျှင် အမှန်သိရန်လည်း ကြန့်ကြာနိုင်သည်။
"လူတွေကို အဓိပတိဖြစ်အောင် ကူညီပေးတာတဲ့လား၊ အဓိပ္ပါယ်မရှိတဲ့စကားပဲ"
"ငါတို့ အဓိပတိတစ်ပါး ဖြစ်လာဖို့ နှစ်ရာပေါင်းများစွာ ရုန်းကန်ခဲ့ရတာ။တစ်ယောက်ယောက်က တခြားသူတွေကို အမြင့်မြတ်ဆုံး ဖြစ်အောင် ကူညီပေးနိုင်တယ်ဆိုရင် ဒါက အရမ်း လွယ်ကူလွန်းနေမှာပေါ့"
အဓိပတိတစ်ဦးက လှောင်ပြောင်လေသည်။
အဓိပတိဖြစ်လာသူတိုင်းသည် စစ်မှန်သော ပါရမီရှင်များချည်း ဖြစ်ကြသည်။
သူတို့ပင်လျှင် အဓိပတိ ဖြစ်လာရန် မရေမတွက်နိုင်သော ဒုက္ခများကို ကျော်ဖြတ်ခဲ့ကြရသည်။
"သိုးရူးအဓိပတိက ဒီမှာကြာပြီ၊ သူ အသိဆုံးပဲ။ ဝူကွေမြို့က တကယ်ပဲ အံ့သြစရာ ကောင်းလား"
အပြာရောင်တာအိုသည် ထောင့်တစ်နေရာရှိသိုးရူးအဓိပတိကို ကြည့်လိုက်သည်။
သိုးရူးအဓိပတိက ပြောရန်ပင်မလိုပါဟုသောမျက်နှာထားဖြင့် ရှုံ့မဲ့သွားသည်။
"ကောလာဟလတွေပဲ။ လူတွေကို အဓိပတိဖြစ်အောင် ကူညီပေးတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ၊ အဓိပ္ပာယ်မရှိတာတွေ၊ဝူကွေ့မြို့မှာ အဓိပတိခြောက်ယောက်ရှိတယ်၊အကုန်လုံးက အစောပိုင်းအဆင့်တွေ၊စကားထဲတောင် ထည့်ပြောစရာမလိုတာ"
"ခေါင်ဆောင်လုပ်တဲ့သူက အဖြူရောင်ဧကရာဇ်ရဲ့တပည့်ဖြစ်နေလို့ အဓိပတိတွေကလေးစားပြီး ရောက်လာကြတာပဲ ဘာမှမဟုတ်ဘူး"
အခန်းထဲရှိအဓိပတိများက ထင်သားပဲဆိုသောအမူအယာများဖြင့် ခေါင်းညိတ်လိုက်ကြသည်။
"မဟာအဓိပတိကို သတ်ပြီးရင် ဝူကွေမြို့ကို ရှင်းပစ်ပြီး ဂုဏ်ကျက်သရေတချို့ ရယူပေးမယ်"
အပြာရောင်တာအိုက အေးစက်စွာပြောလိုက်၏။
ယခုနေရာသို့ ရောက်လက်စနှင့် အကျိုးကျေးဇူးတချို့ ရယူသင့်သည်။
"ကျေးဇူးတင်ပါတယ် "
"သိုးရူးအဓိပတိက ပျော်ရွှင်စွာ ကျေးဇူးတင်စကားပြောလိုက်သည်။
ထိုအချိန်တွင်အဓိပတိတစ်ဦးက သတိရသွားသလို မေး၏။
"ငါမှတ်မိသလောက် ဒီနေရာမှာ မဟာအဓိပတိခရမ်းရောင်တာအိုဦးဆောင်ပြီး အခြားအဓိပတိတွေ တပ်စွဲထားဖူးတယ်။ သူတို့ ဘယ်မှာလဲ"
သိုးရူးအဓိပတိက ခေါင်းညိတ်လိုက်သည်။
"ခရမ်းရောင်တာအိုက ဒီကိုအရေးကြီးက်စ္စတစ်ခုအတွက် ရောက်လာတာတဲ့၊ဒါပေမဲ့ ခဏပဲနေပြီး အဓိပတိတွေနဲ့ ပြန်ထွက်သွားတာပဲ ၊ဘာကြောင့်ဆိုတာတော့ အခုထိစုံစမ်းလို့မရခဲ့ဘူး၊ငါလည်း သိချင်နေတာ"
အခြားသူများက ထပ်မမေးတော့ပါ။
သူတို့အားလုံးသည် ဝေးလံသောနေရာများမှ ဖြစ်ကြပြီး ဤနေရာနှင့် မရင်းနှီးကြပါ။
"တော်ပြီး အလံတွေကို အမြန်ဆုံးသန့်စင်ကြတော့၊မဟာအဓိပတိကို သတ်ပြီးရင် ဝူကွေ မြို့ကို ရှင်းပစ်ရဦးမယ်"
..........................
ကိုးရက်ဆိုသောအချိန်သည် လျင်မြန်စွာကုန်လွန်သွားခဲ့သည်။
နက်ရှိုင်းသောချောက်ကြီးတစ်ခုထဲတွင် အနက်ရောင် ၀တ်စုံဝတ်ဆင်ထားသော နင်းတောင်ရှိနေလေသည်။
မိုးရွာပြီးစ သစ်တော်ပန်းပွင့်လေးများကဲ့သို့ ဖြူဖွေးသောအသားအရေကြောင့် ချစ်စဖွယ်ဖြစ်နေသော်လည်း သူမသည်မျက်နှာထားကတော့ အေးစက်နေ၏။
သူမသည် နေကိုမမြင်ဖူးသော ပျိုးပင်ငယ်လေးအလားသို့ အမြဲတမ်းဖြူဖျော့နေခဲ့ပသည်။
နင်းထောင်က သူမကို လိုက်လံဖမ်းဆီးနေသော အလယ်အလတ်အဆင့်အဓိပတိငါးဦးကိုကြည့်လိုက်၏။
သူမ၏ မျက်နှာသည် တည်ငြိမ်နေလေသည်။
"နင်တို့ တကယ်ကို ဇွဲကောင်းကြတယ်နော်"
"သွေးနတ်ဆိုးကို ထားခဲ့လိုက်၊ဒါဆိုရင် နင်သွားလို့ရပြီ"
အလယ်အလတ်အဆင့် အဓိပတိတစ်ဦးက မာထန်စွာ သတိပေးလိုက်သည်။
မဟာအဓိပတိတစ်ဦးကို ယခုလိုလိုက်လံဖမ်းဆီးရခြင်းသည် ကောင်းမွန်သည်ဟု သူခံစားရသည်။
ပုံမှန်အားဖြင့်ဆိုလျှင် မဟာအဓိပတိတစ်ဦးအနီးတွင် အသက်ပြင်းပြင်းရှူရန်ပင် သူတို့ မရဲခဲ့ကြပါ။
"ဟွန့်"
နင်းထောင်၏ မျက်ဝန်းများက စူးရဲသွားသည်။
သွေးရောင်အသားတုံးကို ထားခဲ့ရန် လုံးဝမဖြစ်နိုင်ပါ။
သူမသာ ထားခဲ့မည်ဆိုလျှင် လွန်ခဲ့သော အချိန်များစွာကပင် ထားခဲ့ပြီး ဖြစ်ပါလိမ့်မည်။
၎င်းသည် သူမ၏ယောက်ျားနှင့်သူမကြားမှ ဆက်စပ်မှု ဖြစ်သည်။
သူမကသံကြိုးကို တင်းတင်းဆုပ်ကိုင်လျက်အသားတုံးအား ကြည့်လိုက်မိသည်။
သူမ၏စူးရှသောမျက်လုံးများတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်လာ၏။
သူမသည် နှစ်ပေါင်းတစ်ထောင်နီးပါး လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
လက်ရှိ အခြေအနေကတော့ သူမ မထင်ထားသော အနေအထားဖြစ်နေ၏။
အလယ်အလတ်အဆင့်အဓိပတိငါးဦးသည် သူမကို သတ်မှတ်ထားသော နေရာတစ်ခုသို့ မောင်းထုတ်နေကြသည်။
ထိုနေရာသည် နင်းထောင် မသွားလိုသော နေရာပင်။
သူမသည် လမ်းကြောင်းပြောင်းရန် ကြိုးစားခဲ့သော်လည်း အကြိမ်တိုင်း ပိတ်ဆို့ခံခဲ့ရပြီး ဤလမ်းအတိုင်း လိုက်ရန် အတင်းအကျပ်ဖိအားပေးခံခဲ့ရသည်။
သူမသည် ထောင်ချောက်တစ်ခုထဲသို့ ဦးတည်နေကြောင်း သိခဲ့သော်လည်း ရွေးချယ်စရာ မရှိခဲ့ပါချေ။
ယခုအချိန်တွင် သူမ၏ခင်ပွန်းရောက်လာပြီး ယခင်လိုကူညီခဲ့လျှင်ပင် များများစားစား လုပ်နိုင်မည် မဟုတ်ပါ။
သူမသည် မခန့်မှန်းနိုင်အောင် ဆိုးရွားသော အခြေအနေသို့ ရောက်နေလေပြီ။
နာရီဝက်ခန့်အကြာထိ ပြေးလွှားပြီးနောက် နင်းထောင်လုံးဝရပ်တန့်သွားသည်။
သဲကန္တာရတစ်ခုထဲသို့ သူမ ရောက်လာခဲ့ခြင်းပင်။
"တကယ်ကို ကောင်းမွန်တဲ့ အစီအစဉ်ပဲ"
နင်းထောင်က ခံစားချက်ကင်းမဲ့စွာရေရွတ်လိုက်သည်။
သူမနောက်သို့ အဆက်မပြတ်လိုက်ပါလာသော အလယ်အလတ်အဆင့်အဓ်ပတိငါးဦးက ပိုင်နိုင်စွာပြုံးလိုက်ကြသည်။
"စုန်းမိစ္ဆာမ ၊နင် လမ်းဆုံးပြီ"
တပြိုင်နက်တည်းမှာပင် သူမ၏ပတ်ပတ်လည်၌ ပုံရိပ်နှစ်ဆယ့်သုံးခု ပေါ်လာသည်။
အားလုံးက အဓိပတိအဆင့်များဖြစ်ကြပြီး အလယ်အလတ်အဆင့်ငါးဦးလည်း ပါဝင်သည်။
အလယ်အလတ်အဆင့် အဓိပတိဆယ်ဦးနှင့်အစောပိုင်းများအားလုံး၏စုပေါင်းအားကို မဟာအဓိပတိရတနာတစ်ခုပါ ထည့်တွက်လျှင် ဒဏ်ရာရာနေသော မဟာအဓိပတိတစ်ပါးကိုသတ်ပစ်ရန်မှာ လုံလောက်သည်ထက်ပင် ပိုနေလေပြီ။
အပြာရောင်တာအိုက နင်းထောင်ကို စက်ဆုပ်ရွံရှာသောအကြည့်ဖြင့်ကြည့်ပြီး သွေးရောင်အသားတုံးကြီးကို အကဲခတ်သလ်ုတစ်ချက်ကြည့်၏။
"စုန်းမိစ္ဆာမ၊ ဒါက နင့်ရဲ့သင်္ချိုင်းပဲ"
အခြားသောအဓိပတိများက နင်းထောင်ကို ရွံရှာစွာ ကြည့်နေကြသည်။
စုန်းမိစ္ဆာများကို သူတို့အပါအဝင် လူတိုင်းက မုန်းတီးကြသည် မဟုတ်ပါလား။
နင်းထောင်က ဂရုမစိုက်သလို ပြုံးလိုက်ပြီး သွေးအသားတုံးကြီးကို နူးညံ့စွာကြည့်လိုက်သည်။
"ငါ့ယောက်ျားက သွေးနတ်ဆိုးမဟုတ်ဘူး၊ ငါကလည်း စုန်းမိစ္ဆာမ မဟုတ်ဘူး။
ဒါပေမဲ့ အရေးမကြီးတော့ပါဘူး"
သူမသည် သံကြိုးကိုတင်းတင်းဆုပ်ကိုင်ထားပြီး အသာတုံးကို မခွဲခွာလိုသောအကြည့်ဖြင့် ကြည့်နေမိသည်။
သို့သော်လည်း ယခုအခြေအနေတွင် နင်းထောင်သည် သူမ၏ကံကြမ္မာကို လက်ခံရုံသာရှိတော့သည် မဟုတ်ပါလား။
သူမသည် အဆုံးမရှိသောလိုက်လံဖမ်းဆီးခြင်းများကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့သည်။
ကမ္ဘာမြေအဆုံးပိုင်းဆီသို့သွားရန် စထွက်လာစဥ်ကပင် ထိုနေရာသို့ သူမရောက်မည်မဟုတ်ဟု အလိုလိုခံစားခဲ့ရသည်။
သူမ၏ခွန်အားသည် အကန့်အသတ်ဖြင့်သာရှိသလို သူမက ရွေးချယ်ခံရသူ မဟုတ်ဘဲ၊ ကမ္ဘာကြီး၏ အကြောင်းမဲ့သောမုန်းတီးခြင်းကို ခံခဲ့ရသူပင်။
"စကားများတာ ရပ်၊ သတ်"
အပြာရောင်တာအိုက အမိန့်ပေးလိုက်သည်နှင့် အဓိပတိ ၂၃ ယောက်သည် တစ်ပြိုက်နက်တည်း တိုက်ခိုက်တော့သည်။
သူမ၏နောက်မှ လိုက်ပါလာသော အဓိပတိငါးဦးလည်း ကျောဘက်မှ ပြင်းထန်စွာတိုက်ခိုက်ကြသည်။
အစွမ်းထက်သော မူလစွမ်းအားများက နင်းထောင်အပေါ်သို့ မညှာမတာကျရောက်သွား၏။
သူမ၏ မျက်နှာသည် ရုတ်ချည်းဆိုသလို သွေးဆုတ်ဖြူဖျော့သွားသော်လည်း မကြောက်ရွံ့ခဲ့ပါချေ။
သူမသည် မိုးသက်မုန်တိုင်းထဲမှ အနက်ရောင်လိပ်ပြာငယ်လေးတစ်ကောင်ကဲ့သို့ မူလစွမ်းရည်အားလုံးကို ရှောင်တိမ်းနေသည်။
အချိန်တိုအတွင်း အစွမ်းထက်သောမူလစွမ်းများ အားလုံးကို သူမ ရှောင်တိမ်းနိုင်ခဲ့သည်။
"အထင်ကြီးစရာပဲ၊ ဒဏ်ရာရနေရင်တောင် မဟာအဓိပတိဆိုတဲ့အတိုင်း အားကောင်းတုန်းပဲ"
"အားလုံးပဲ၊ အတူတူ တိုက်ခိုက်၊ သူ့ကို မောပန်းသွားအောင် လုပ်ရမယ်"
အပြာရောင်တာအိုသည် မဟာအဓိပတိများကို သတ်ရန်ခက်ခဲကြောင်း ကောင်းစွာသိလေသည်။
သို့သော် ဒဏ်ရာရနေသော မဟာအဓိပတိတစ်ပါးကိုတော့ မောပန်းသွားအောင်လုပ်နိုင်၏။
သူမ၏ မူလစွမ်းအားများကုန်ဆုံးသွားသည်နှင့် အပြစ်အနာအဆာကင်းသော စွမ်းရည်များတွင် အားနည်းချက်များ ရှိလာမည် ဖြစ်သည်။
ထို့အခါ သူမသည်အစွမ်းထက်သော အလယ်အလတ်အဆင့်အဓိပတိတစ်ဦးလောက်သာ သန်မာတော့မည်ဖြစ်ပြီး အလွယ်တကူ သတ်နိုင်လိမ့်မည်။
သိုးရူးအဓိပတိသည်လည်း လူအုပ်ထဲတွင်ရောနှောနေပြီး ဟေးလားဝါးလားလုပ်နေ၏။
သူက အမှန်တကယ်အားမထုတ်သော်လည်း သူ၏ မာန်သွင်းသံများက အခြားသူများထက်ပင် ကျယ်လောင်နေ၏။သူက သူ့ကိုယ်သူအန္တရာယ်ဖြစ်လောက်မည့် အနေအထားထိ ကပ်မသွားမိစေရန် သတိအပြည့်ထားသည်။
နင်းထောင်သည် ပြင်းထန်သော တိုက်ခိုက်မှုများကို အသည်းအသန်ရှောင်တိမ်းနေရသော်လည်း သံကြိုးကို တင်းတင်းဆုပ်ကိုင်ထားဆဲပင်ရှိ၏။
သူမက သွေးတုံးကိုပါ ကာကွယ်နေရသဖြင့် အချိန်နှင့်အမျှ ပို၍ပင်ပန်းကာ ပို၍ခက်ခဲလာခဲ့သည်။
"အားလုံးပဲ၊ မဆိုင်းမတွ တိုက်ခိုက်ကြ၊ သူ့ကို အမြန်သတ်ပစ်"
အပြာရောင်တာအိုက အော်ဟစ်ပြီး တိုက်ပွဲကိုအရှိန်မြှင့်စေ၏။
အဓိပတိများကလည်း ထပ်မံ၍ အားကုန်တိုက်ခိုက်ပြန်သည်။
သို့သော် နင်းထောင်သည် ပြင်းထန်သောဒဏ်များကြားမှ ရှောင်တိမ်းနိုင်နေဆဲ ဖြစ်သည်။
အဓိပတိများက သူမသည် နောက်ဆုံးအနေဖြင့် ရုန်းကန်နေသော သားရဲတစ်ကောင်ဖြစ်ကြောင်း သိသောကြောင့် တည်ငြိမ်စွာဖြင့် အလှည့်ကျ အမှည့်ချွေချွေနေကြသည်။
နင်းထောင်၏ ခွန်အားများမှာလည်း တဖြည်းဖြည်း ယုတ်လျော့လာနေသည်။
ထိုအခိုက် လှောင်ပြောင်သံတစ်သံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"မင်းတို့ ဒီလိုတိုက်နေလို့ကတော့ သူ့ကို သတ်နိုင်မှာ မဟုတ်ဘူး၊ ဖယ်စမ်း ငါကိုင်တွယ်မယ်"
မျက်နှာဖုံးစွပ်ထားသော အနီရောင်ဝတ်စုံဝတ်အမျိုးသားတစ်ဦး ပေါ်လာပြီး ထိတ်လန့်ဖွယ်ရာအော်ရာကို ပြင်းထန်စွာထုတ်လွှတ်နေသည်။
အပြာရောင်တာအို၏ မျက်နှာထားက ပြောင်းလဲသွားသည်။
"သွေးသခင်လား"
သူက အနည်းငယ်တော့ အံ့အားသင့်သွားသော်လည်း ထိုမျှသာဖြစ်သည်။
"ဝူကွေမြို့က သွေးသခင်လား။ ငါတို့ မင်းနဲ့ တောင် မရှင်းရသေးဘူး၊ မင်းက ဝင်ပါရဲတယ်ပေါ့"
"မင်းကိုမင်း မသေနိုင်ဘူးလို့များထင်နေလား"
အပြာရောင်တာအိုက အော်လိုက်သည်။
"မင်း တစ်ယောက်တည်းလာတာမဟုတ်ဘူးမလား။ မင်းရဲ့ အဓိပတိတွေ ဘယ်မှာလဲ။ သူတို့ကိုကိုပါ ခေါ်လိုက်၊ ဒီနေ့မဟာအဓိပတိကို သတ်ပြီး ဝူကွေမြို့ကိုပါ သိမ်းပိုက်ပြမယ်"
နင်းထောင်ကို အပြတ်အသတ်ဖိနှိပ်ထားနိုင်သောကြောင့် အပြာရောင်တာအိုသည် ယုံကြည်မှု အပြည့်ရှိနေသည်။
နင်းထောင်သည် ရုတ်တရက်ရောက်လာသော အနီရောင်ဝတ်အမျိုးသားကို တစ်ချက်ကြည့်လိုက်မိစဥ် သူမ၏ မျက်နှာဖုံးအောက်မှ ဘယ်ဘက်မျက်လုံးသည် တုန်ခါသွားခဲ့သည်။ သို့သော်လည်း ဖုံးအုပ်မထားသော ညာဘက်မျက်လုံးကတော့ မပြောင်းလဲခဲ့ပါချေ။
အခြားသော အဓိပတိများကလည်း ကျိယွမ်ကို သတိဖြင့်ကြည့်နေသော်လည်း အများစုမှာ စိတ်အေးလက်အေးပင်။
သိုးရူးအဓိပတိက ဝူကွေမြို့တွင် အဓိပတိများရှိသော်လည်း အစောပိုင်းအဆင့် အနည်းငယ်မျှသာဖြစ်သည်ဟု သတင်းအတိအကျပေးထားပြီး မဟုတ်ပါလား။
သူတိူ့က စိတ်ပူနေစရာအကြောင်းမရှိပါ။
"မင်းတို့ တကယ်ပဲ ခေါ်ထုတ်စေချင်တာလား။တော်ကြာ မင်းတို့ ထိတ်လန့်သွားမှာကို ငါကြောက်တယ်"
ကျိယွမ်က တိုးတိုးလေး ပြောလိုက်သည်။
သူသည် တိုက်ပွဲကိုလေ့လာခဲ့ပြီး သူတို့၏ စွမ်းရည်များကို ကြည့်ပြီးလေပြီ။
သို့မှသာ သူ၏နှလုံးသားနတ်ဆိုးဧကရာဇ်နိုးထမှုကို ထိရောက်စွာသုံးနိုင်မည်ဖြစ်သည်။
မဟုတ်လျှင် အလယ်အလတ်အဆင့်အဓိပတိ ဆယ်ဦးသည် အမှန်တကယ်ပင် ခက်ခဲနိုင်သည်။
"ဟွန့်..လုပ်စမ်းပါဦး.."
"ဟုတ်တယ် ..ငါတို့ဘယ်လိုများ လန့်သွားမလဲဆိုတာ"
အပြာရောင်တာအိုနှင့်အခြားသူများက လှောင်ပြောင်လိုက်ကြသည်။
အဓိပတိ သုံး လေးယောက်ကို သူတိူ့က လန့်စရာလား။
တကယ့်လူရွှင်တော်ပဲ။
ကျိယွမ်က ခပ်ပါးပါးလေး ပြုံးလိုက်သည်။
"မင်းတို့ မြင်ချင်တယ်ဆိုတော့လည်း
ပြပေးရမှာပေါ့"
"ထွက်လာကြစမ်း.. ငါ့ရဲ့ တိုက်ခိုက်ရေးသမားတွေ"
သူ၏ စကားနှင့်အတူ ကောင်းကင်ယံသည် ရုတ်တရက် တုန်ခါသွားသည်။
ထို့နောက် အနီရောင်ဝတ်စုံဝတ်ပုံရိပ်ပေါင်းများစွာက လျှပ်တပြတ်ပေါ်ထွက်လာ၏။
အားလုံးသည် အေးစက်ပြီးတင်းမာသောမျက်နှာထားများနှင့် အဓိပတိအဆင့်အော်ရာများကို ထုတ်လွှတ်နေကြလေသည်။
အပြာရောင်တာအိုမှာ ရုတ်တရက်ခြေဖျားလက်ဖျားများ အေးစက်သွား၏။
နင်းထောင်အား တိုက်ခိုက်နေသော အဓိပတိများမှာ လက်ရှိအခြေအနေအား မေ့ကာ များပြားလှသော အဓိပတိအုပ်စုကြီးကို ကြောင်ငေးစွာ ကြည့်မိကုန်၏။
"အကုန်လုံးက အဓိပတိတွေ"
"ဒီလောက်တောင် များတာလား"
တချို့မှာ အသက်ရှူမှားသွားကြသည်။
သိုးရူးက အဓိပတိအနည်းငယ်သာရှိသည်ဟု ပြောခဲ့သည် မဟုတ်ပါလား။
အဓိပတိတစ်ရာလောက်က နည်းနည်းလေးလား။
ပြောတော့ အစောပိုင်းအဆင့်တွေပါဆို ခုတော့အလယ်အလတ်အဆင့်တွေလည်း မနည်းမနောပါနေတာလား။
သူတို့၏အကြည့်များက သိုးရူးအဓိပတိပေါ်သို့ ကျရောက်သွားသည်။
သိုးရူးက မချိသွားဖြဲလေးလုပ်ပြ၏။
သူပေးသော အချက်အလက်သည် ဆိုးဆိုးရွားရွား မှားယွင်းနေလေသည်။
ဒီကောင် ဂဏန်းသင်္ချာမှ တတ်ရဲ့လား၊ဘယ်လိုကောင်ကို သူလျှိုလုပ်ခိုင်းထားတာလဲ။
ကျိယွမ်က ခေါင်းခါလိုက်ပြီး သူတို့နားမလည်သောစကားကို ပြောလေသည်။
"ငါ သူတို့ကို မခေါ်ထုတ်သင့်ဘူး၊ အခုလိုမင်းတို့ အသက်ရှူမှားတာတွေက ကမ္ဘာကြီး ကို ပိုပြီးပူနွေးလာစေတာကို မေ့သွားတယ်"
စကားပြောရင် ကျိယွမ်သည် ရှေ့သို့ တိုးသွားခဲ့သည်။
သူကကြောင်တောင်တောင်ကြည့်နေသူများကို ထပ်ပြောလိုက်သည်။
"ဒီလိုတိုက်နေလို့ကတော့ သူ့ကိုသတ်နိုင်မှာ မဟုတ်ဘူး၊ဒီတော့ ငါ ကိုင်တွယ်လိုက်မယ်၊သဘောတူကြလား"
သူက ပွင့်လင်းစွာစိန်ခေါ်လိုက်ခြင်းပင်ဖြစ်သည်။
နောက်တွင်ရပ်နေကြသော ဝမ်ကိုင်း အပါအဝင် အဓိပတိများအားလုံး အံ့သြသွားကြသည်။
သွေးသခင်က. အဓိပတိသုံးဆယ်နီးပါးကို တစ်ယောက်တည်း တိုက်ခိုက်မှာလား။
သူ ဘယ်လောက်တောင် သတ္တိရှိလိုက်သလဲ။
သို့သော်လည်း သူတို့၏တာဝန်မှာ စောင့်ကြည့်ရန် ဖြစ်သည်။
ထို့ကြောင့် သူတို့သည် ရပ်ကြည့်နေရုံသာတတ်နိုင်ပြီး မလှုပ်ဝံ့ကြပါ။
စကားဆုံးသည်နှင့် ကျိယွမ်သည် အဖြေကိုမစောင့်တော့ပါ။
သူက ရှေ့သို့ဆက်လက်တိုးသွားနေပြီး သူ၏ အနီရောင်ဝတ်စုံသည် ပို၍နီရဲတောက်ပလာသည်။
ထို့နောက်ရုတ်တရက်ကြီး မီတာများစွာမြင့်မားသော အနီရောင်သံချပ်ကာဝတ်ဧရာမကြီးအဖြစ် ကြီးထွားသွားတော့သည်။
သူက ကြီးမားသော ဓားကျိုးကြီးကို မြှောက်ကာ မှတ်ချက်ချလိုက်သည်။
"ဒီလိုသတ်ရတယ်ကွ"
------------------------