← Chapters

ကျိယွမ်၏ သွေးနန်းတော် ထူထောင်ရန် အကြံအစည်

Vol. 9 Ch. 121

ကျိယွမ်၏ သွေးနန်းတော် ထူထောင်ရန် အကြံအစည်

Vol. 9 Ch. 121

သို့သော် သူအသိနောက်ကျသွားခဲ့ပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နှလုံးသားနတ်ဆိုးသည် သူ၏စိတ်နှလုံးထဲသို့ ရောက်ရှိသွားပြီဖြစ်လေသည်။

သူ၏ကျင့်ကြံမှုသည် မဟာအဓိပတိအဆင့်သို့ ပြန်ရောက်သွားပြီး သူ၏မူလစွမ်းအား သည်လည်း ပြန်လည်၍အပြစ်အနာအဆာကင်းမဲ့သွားပြီဖြစ်သည်။

သို့သော်လည်း နှလုံးသားနတ်ဆိုးကတော့ တောမီးကဲ့သို့ ပျံ့နှံ့နေခဲ့ပြီး ငြှိမ်းသတ်ရန် မဖြစ်နိုင်တော့ပါ။

ခရမ်းရောင်တာအို၏ မျက်နှာသည် ကြောက်ရွံ့ခြင်းနှင့်အတူ ဒေါသတရားကြောင့် မာထန်သွားကာ ကျိယွမ်ကိုဟိန်းဟောက်လိုက်သည်။

"မင်း ဘာလုပ်လိုက်တာလဲ"

မည်သို့ဖြစ်သွားသည်ကို သူလုံးဝနားမလည်နိုင်ခဲ့ပါ။

ယခုတော့ နှလုံးနတ်ဆိုးသည် သူ၏ ခန္ဓာကိုယ်ကို အတွင်းမှစကာဖျက်ဆီးနေပြီး သူ၏မူလစွမ်းအားဖြင့် ခုခံနေသော်လည်း မလုံလောက်တော့ပါ။

"ငါ ဘာလုပ်လိုက်တာလဲ။ ငါလည်း မမှတ်မိတော့ဘူး..ဟီး ဟီး"

ကျိယွမ်သည် ခရမ်းရောင်တာအိုကို သွားဖြီးပြလိုက်၏။

မလှမ်းမကမ်းတွင် စောင့်ကြည့်နေသော ချန်းဟွမ်သည် ကျိယွမ်သည် ပို၍နားလည်ရခက်ခဲလာပြီး အထိန်းအကွပ်မဲ့သူတစ်ဦးဖြစ်လာသည်ဟု ခံစားရသည်။

ထို့အပြင် ကျိယွမ်သည် စကားအနည်းငယ်ကိုအသုံးပြု၍ ခရမ်းရောင်တာအို ကို ကြောက်လန့်စေခဲ့ပြီးနောက် ထိုသူ၏ နှလုံးသားနတ်ဆိုးအား အချုပ်အနှောင်အားချိုးဖောက်ပြီး ထွက်ပေါ်လာစေခဲ့သည်။

ချန်းဟွမ်သည် အကြောင်းရင်းကို နားမလည်ခဲ့သော်လည်း ထိုစွမ်းရည်က အလွန်ကြောက်မက်ဖွယ်ကောင်းသည်ကိုတော့ သဘောပေါက်ပါသည်။

သူကယောင်ယမ်းပြီး သူ၏နားရွက်များကို စမ်းမိ၏ ။

ငါ့နားတွေကို ဖျက်ဆီးပစ်သင့်လား။

တစ်နေ့တွင် သူသည် ကျိယွမ်၏ စကားများကို မတော်တဆနားထောင်မိပြီး နှလုံးနတ်ဆိုးချိုးဖောက်ခြင်းကို ခံစားရပါက သေလမ်းသာရှိလေ၏။

ယခင်က မရှုံးနိမ့်ခဲ့ဖူးသော မဟာအဓိပတိ ခရမ်းရောင်တာအိုသည် ​ပြင်းထန်စွာအော်ဟစ်ပြီး အချိန်အတော်ကြာ ရုန်းကန်ခဲ့သော်လည်း သူ၏နှလုံးသားနတ်ဆိုးကို ဖိနှိပ်နိုင်ခြင်း မရှိတော့ပါ။

နောက်ဆုံးမှာတော့ ခရမ်းရောင်တာအိုသည် ကျိယွမ်အား နှလုံးသားထဲမှနက်ရှိုင်းသောမုန်းတီးမှုများဖြင့်ကြည့်ကာ လဲကျ သေဆုံးသွားတော့သည်။

ထိုအခါမှ ကျိယွမ်မှာလည်း သက်ပြင်းချနိုင်၏။

ရိုးရိုးသားသားပြောရလျှင် ကျိယွမ်သည် စကားလုံးများကိုအသုံးပြု၍ လူသတ်ခြင်းကို မကြိုက်နှစ်သက်ခဲ့ ပါ။

သူသည် ဝမ့်လန်ကို စကားလုံးဖြင့် အနိုင်ယူခဲ့သော ကျူးကော့လျန်ကဲ့သို့ စကားအရာ၌ထူးချွန်သူ မဟုတ်ချေ။

သူနှစ်သက်သည်မှာ ရန်သူများကို ဓားချက်တစ်ချက်တည်းဖြင့် သတ်ပစ်ခြင်း သို့မဟုတ် မီးဖိုချောင်သုံးဓားဖြင့် ခေါင်းဖြတ်ခြင်းတို့သာ ဖြစ်သည်။

သို့သော် မဟာအဓိပတိက အလွန်အားကောင်းလွန်းလှပြီး သူ၏ မဟာမေ့လျော့ခြင်းစိတ်ကျမ်းကို တတ်မြောက်မှုမှာလည်း အခြေခံအဆင့်တွင်သာ ရှိနေသေးသဖြင့် တိုက်ရိုက်အသုံးမပြုနိုင်ခဲ့ခြင်းပင်။

ဖြစ်နိုင်သည်မှာ သူကိုယ်တိုင်က ထုဆစ်ထားသောအဆင့်သို့ရောက်မှသာ အားကောင်းသောရန်သူများကို တိုက်ရိုက်မေ့လျော့သွားရန် အသုံးမည့်ပုံရှိလေသည်။

ကျိယွမ်က စိတ်မသက်သာစွာ သက်ပြင်းချလိုက်မိ၏။

"မဟာအဓိပတိဆိုတဲ့အတိုင်း သူရဲ့ခွန်အားက ကြောက်ခမန်းလိလိပဲ၊သူကိုသတ်နိုင်ဖို့ အရမ်းခက်ခဲပြီး ရှိရှိသမျှ အစွမ်းကုန်အားထုတ်လိုက်ရတယ်"

ကျိယွမ်၏စကားများကို ကြားသောအခါ ချန်းဟွမ်သည် လက်ဘက်ရည်ပူပူနှင့် ကျိယွမ်၏မျက်နှာအား ပက်ပစ်ချင်စိတ်ပင် ပေါက်သွားသည်။

"အစ်ကိုကြီး၊ အစ်ကိုကြီးက မဟာအဓိပတိ ကို စကားနဲ့ သေအောင် ပြောလိုက်တာ၊ အစ်ကိုကြီးက... ကျွန်တော့်ဆရာထက်တောင် ပိုတော်ပါတယ်"

"မင်းဘာသိလို့လဲ၊ စကားလုံးတွေကရိုးရှင်းပေမဲ့ ငါ့ရဲ့ ဉာဏ်ပညာအားလုံးကို ကုန်ခမ်းစေတယ်ကွ၊ တစ်ခါတစ်လေ စိတ်ပိုင်းဆိုင်ရာအလုပ်က ရုပ်ပိုင်းဆိုင်ရာအလုပ် ထက် ပိုပြီးပင်ပန်းစေတယ်"

ချန်းဟွမ်သည် ကျိယွမ်၏ စကားများကို နားမလည်ပါ။

သို့သော်သူက လက်ဝါးနှစ်ဘက်ဖြင့် သူ၏နားများကို ပြာပြာသလဲ ပိတ်လိုက်၏။

"အစ်ကိုကြီး ညီအစ်ကိုအချင်းချင်းကို ဒီလိုမလုပ်ပါနဲ့၊ကျွန်တော်က အစ်ကိုကြီးကို မွေးသဖခင် ကျေးဇူးရှင်ထက်တောင် လေးစားတဲ့သူပါ"

ကျိယွမ်မှာ ချန်းဟွမ်၏ အကဲပိုပုံကိိုကြည့်ကာ ခေါင်းသာယမ်းမိတော့၏။

ဒီကောင်က ကျိယွမ်ကျမ်းကို မကျင့်ဘဲ ခေါင်းပျက်နေတဲ့ကောင်ပဲ။

ချန်းဟွမ်က ကျိယွမ်အားချီးမွမ်းလိုက်သည်။

"ဘာပဲပြောပြော စကားလေးနည်းနည်းပါးပါးပြောပြီး မဟာအဓိပတိတစ်ယောက်ကို သတ်ပစ်တာကတော့ အစ်ကိုကြီးက စွမ်းအားကြီးလွန်းတာပဲ"

ကျိယွမ်သည် ချန်းဟွမ်၏ စကားများကိုလျစ်လျူရှုကာ သူ့ကိုယ်သူစစ်ဆေးလိုက်သည်။

မဟာအဓိပတိတစ်ဦးကို သတ်လိုက်ခြင်းသည် အတွေ့အကြုံရမှတ်များစွာကို ရရှိစေခဲ့သည်။

ယခုသူသည် အဆင့် ၁၃၂ သို့ တိုက်ရိုက် တက်ရောက်သွားလေ၏။

အကယ်၍ သူသတ်ဖြတ်ရန်အတွက် အဓိပတိများ ပိုမိုပြီးရောက်ရှိလာပါက သူသည် အဆင့် ၂၀၀ သို့ လျင်မြန်စွာ တက်နိုင်လိမ့်မည်ဟု တွေးမိသည်။

သို့သော် အဓိပတိများသည် သတ်ရန် ပြောသလောက်မလွယ်ကူပါ၊ အထူးသဖြင့် မဟာ အဓိပတိများပင်။

မည်သို့ပင်ဆိုစေကာမူ ခရမ်းရောင်တာအိုကြောင့် သူအဆင့်များစွာခုန်တတ်သွားသည်ကိုတော့ မငြင်းနိုင်ပေ။

ကျိယွမ်သည် ခရမ်းရောင်တာအို၏ အလောင်းကို ကြည့်လိုက်သည်။

"မင်းကသာ ငါ့မိန်းမ မဖြစ်ချင်ခဲ့ဘူးဆိုရင်၊ မင်းဟာ နည်းနည်းပါးပါးကောင်းတဲ့ မျှော်လင့်ခြင်းလမင်းတစ်ယောက် ဖြစ်နိုင်ခဲ့မှာပဲ"

သူ၏မျက်လုံးများသည် ခရမ်းရောင်တာအို ၏အလောင်းဘေးတွင်ရှိနေသောရှေးဟောင်းကျောက်ပြားလေးတစ်ခုပေါ်သို့ ကျရောက်သွားခဲ့ သည်။

"ကံကြမ္မာကျောက်တုံးလား... ငါတို့ ပြန်ဆုံကြပြီပေါ့"

ကျိယွမ်က ရွှင်မြူးစွာပြုံးလိုက်ပြီး ထွက်ပြေးနေသော ကံကြမ္မာကျောက်တုံးကို ဆွဲယူလိုက် သည်။

"ဒီ ခရမ်းရောင်တာအိုနဲ့ ခရမ်းရောင်ကောင်းကင်သခင်မ ဘာလို့ဒီလောက်တူနေရတာလဲ အံ့သြစရာမရှိတော့ဘူး၊ သူတို့နှစ်ယောက်စလုံးက ဒီကမ္ဘာရဲ့ အင်အားအကြီးဆုံးရတနာလို့ ခေါ်တဲ့ ကံကြမ္မာကျောက်တုံးကို ရရှိခဲ့ကြတာကိုး"

ကံကြမ္မာကျောက်တုံးကို ကျိယွမ်ကစစ်ဆေးလိုက်သည်။

[ကံကြမ္မာကျောက်တုံး အပိုင်းအစ၊ ယခင်က လှည့်စားမှုကျောက်တုံးဟု လူသိများသည်။ ကပ်ဘေးဆိုးကို ထည့်သွင်းထားပြီး ဗုဒ္ဓက သန့်စင်ထားခဲ့သည်။

လူတိုင်းသည် ၎င်းတို့ ရှာဖွေနေသော အဖြေများကို ကံကြမ္မာကျောက်တုံးပေါ်တွင် တွေ့ရှိနိုင်သည်]

ထိုအချက်အလက်သည်မပြည့်စုံသော်လည်းအသုံးဝင်လေသည်။

ကံကြမ္မာကျောက်တုံးအပိုင်းအစကို စိုက်ကြည့်ရင်းမှ ချီယွမ်သည် နက်ရှိုင်းစွာ စဥ်းစားနေခဲ့သည်။

အနန္တအသွင်ကူးပြောင်းတံခါးတွင် ကြုံတွေ့ခဲ့ရသော ဘုန်းကြီးအလောင်းကောင်ကို သတိရသွားသည်။

ထိုအလောင်းက သူသည်ကပ်ဘေးဆိုးကို သန့်စင်ရန်အတွက် ဗုဒ္ဓနယ်မြေမှ လာခဲ့သည်ဟု ပြောခဲ့လေ၏။

ကျိယွမ်က ကံကြမ္မာကျောက်တုံးအားကြည့်လိုက်သည်။

"လူတွေက မင်းပေါ်မှာ သူတို့ ရှာဖွေနေတဲ့ အဖြေတွေကို ရှာတွေ့နိုင်မယ်ဆိုရင်၊ မင်း ငါ့ကို မဟာနတ်ဘုရားရှေးဦးသူတော်စင်ကြီးတစ်ပါးဖြစ်အောင် လုပ်ပေးနိုင်မလား"

ကျိယွမ်၏ စကားသံပြီးနောက် သူ၏ စိတ်ထဲတွင် ထူးခြားသောပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။

သူသည် အချိန်ကိုဖြတ်ကျော်ပြီး သူ၏ အနာဂတ်ကို ကိုယ်တိုင် မြင်လိုက်ရသကဲ့သို့ ခံစားခဲ့ရ သည်။

အနာဂတ်တွင် သူသည် ကံကြမ္မာကျောက်တုံး၏အကူအညီဖြင့် အဖြူရောင် ဧကရာဇ် နှင့် အကြွင်းမဲ့သခင်ကို အနိုင်ယူခဲ့သည်၊။ထို့နောက် ဤကမ္ဘာကို စွန့်ခွာခဲ့ပြီး ဒဏ္ဍာရီလာ မသေမျိုးနတ်ဘုံသို့ တက်လှမ်းခဲ့ သည်။

ကံကြမ္မာကျောက်တုံးကို အသုံးပြု၍ သူသည် အကြပ်အတည်းများကို တစ်ဆင့်ချင်း ကျော်လွှားခဲ့ပြီး အဆုံးစွန်သောလမ်းကို သက်သေပြခဲ့ သည်။

အနာဂတ်တွင်၊သူသည်ရှေးဦးသူတော်စင်တစ်ပါး ဖြစ်လာခဲ့ပြီး အချိန်မြစ် ကို ဖြတ်သန်းသွားလာနိုင်ခဲ့ သည်။

သူအသက်တစ်ချက်ရှုရုံဖြင့် ကြယ်အားလုံးသည် တစ်ခဏချင်း ပျောက်ကွယ်သွားခဲ့ သည်။

"ကောင်းလှချည်လား"

ကျိယွမ်သည် ကံကြမ္မာကျောက်တုံးတွင်ပေါ်နေသောပုံရိပ်များကို ကြည့်လိုက်သည်။

[လှည့်စားထားသော အနာဂတ်ပုံရိပ်တုများ၊ ကံကြမ္မာကျောက်တုံးကို ပိုင်ဆိုင်သူများသည် ဤအရာသည်အမှန်ဖြစ်သည်ဟု ယုံကြည်ရန် ပိုမိုလွယ်ကူသည်]

အားလုံးသည် လှည့်စားခြင်းများသာ ဖြစ်သည်။သူသည် အနာဂတ်သို့ ခရီးမသွားခဲ့သလို အဆုံးစွန်သောလမ်းကိုလည်း သက်သေမပြခဲ့ ပါ။

အားလုံးသည် အတုအယောင် သာ ဖြစ်သည်။

ကံကြမ္မာကျောက်တုံးကို ကိုင်ဆောင်ထားသော ကျိယွမ်၏ မျက်နှာအမူအရာသည် တည်ငြိမ်နေခဲ့သည်။

"မင်းကို ရရှိသူတွေဟာ သူတို့ဟာမရှုံးနိမ့်ဘူးလို့ ဘာလို့တွေးနေကြရတာလဲ အံ့သြစရာမရှိပါဘူး၊ တကယ်တော့...မင်းကလှည့်စားတတ်တာကိုး"

သူက ဟက်ဟက်ပက်ပက် ရယ်မောလိုက် သည်။

"ဒါပေမဲ့ အသုံးဝင်တာလည်းရှိပါတယ်၊ မင်း ငါ ရှာနေတဲ့လူကို ရှာပေးနိုင်မလား"

သူသည် ကျူးယန်ကို သတိရလိုက်သည်။

ဤတစ်ကြိမ်မှာတော့ ကံကြမ္မာကျောက်တုံး၌ အဖြေမရှိခဲ့ပါ။

ထိုအစား ထူးဆန်းသောစာလုံးများသာ ပေါ်လာခဲ့ သည်။

၄င်းတို့၏အဓိပ္ပာယ်မှာ ကံကြမ္မာပြား ကို အသက်သွင်းရန်အတွက်လည်း စွမ်းအင် လိုအပ်ပြီး၊ အကောင်းဆုံးမှာ ပိုင်ရှင်၏ သွေး ဖြစ်သည်။

ကျိယွမ်က ထပ်မံရယ်မောလိုက် သည်။

"ကြည့်ရတာ မင်းက ငါရှာနေတဲ့သူကို မသိဘူးထင်တယ်"

သူသည် ကံကြမ္မာကျောက်တုံးအပိုင်းအစ ပေါ်တွင် ချိပ်ပိတ်စည်းအများအပြား ချမှတ်ပြီး သိမ်းဆည်းလိုက်သည်။

အိမ်ပြန်ရန် အချိန်တန်လေပြီ။

သူက ချန်းဟွမ်ကို ကြည့်လိုက်သည်။

"သွားကြစို့"

ထို့နောက်သူတို့နှစ်ဦးမှာ အလင်းတန်းများအဖြစ် ပျောက်ကွယ်သွားတော့သည်။

...................

တစ်ရက်ကြာပြီးနောက် ဝူကွေမြို့တွင် ဖြစ်သည်။

ချန်းဟွမ်မှာ အံ့သြသွားပြီး ကျိယွမ်အား မယုံနိုင်သလိုမေးလိုက်သည်။

"အစ်ကိုကြီးက သွေးနန်းတော်လို့ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းချင်တာလား။ အဲ့ဒီနာမည်က ကံမကောင်းဘူး"

လက်ရှိကမ္ဘာပေါ်တွင် သွေးနတ်ဆိုးကို မသိသောသူ မရှိပါ။

သွေးနတ်ဆိုးသည် နတ်ဆိုးများထက်ပင် ပိုကြောက်စရာကောင်းသော အကြောက်တရားတစ်ခုဖြစ်သည်။

အကြွင်းမဲ့သခင်က သွေးနတ်ဆိုးသည် ကမ္ဘာကြီးကို ပျက်စီးစေလိမ့်မည်ဟု ပြောခဲ့ဖူး သည်။

ချန်းဟွမ်သည် အကြွင်းမဲ့သခင်နှင့် ဆန့်ကျင်ဘက်သားဖြစ်သော်လည်း ထိုနိမိတ်ဖက်ခြင်းကိုတော့ အနည်းငယ်ယုံကြည်ခဲ့ သည်။

"ကောင်းကောင်း မကောင်းကောင်း သွေးနန်းတော်လို့ပဲ ခေါ်မယ်"

ကျိယွမ်က အတည်ပြုလိုက်သည်။

သွေးနန်းတော်ကို တည်ထောင်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ စာဝါငှက်မလေးကျူးယန်ကို ရှာတွေ့ရန်ဖြစ်သည်။

သူ့ကိုနှိုးနိုင်ရန်အတွက် ကျူးယန်မည်မျှပေးဆပ်ခဲ့သည်ကို သူမသိခဲ့သော်လည်း ၎င်းသည် သေချာပေါက် တန်ဖိုးကြီးမားခဲ့ ပေလိမ့်သည်။

တံခါးထဲမှ မထွက်ခွာမီ သူသည် သွေးနန်းတော်မှ လူ ၁၃ ဦးအား ပြန်လည်မွေးဖွားခြင်းစွမ်းအားကို ပေးအပ်ခဲ့သည်။

ဖြစ်နိုင်သည်မှာ နှစ်ပေါင်းထောင်ချီကြာပြီးနောက်တွင် ထို ၁၃ ဦးသည် ပြန်လည်မွေးဖွားခြင်းသံသရာတွင် ပိတ်မိကောင်းပိတ်မိနေနိုင်၏။

သွေးနန်းတော်ကို တည်ထောင်ခြင်းသည် ၎င်းတို့၏ အမှတ်ရမှုများကို နိုးကြားစေရန် နည်းလမ်းတစ်ခု ဖြစ်သည်။

သို့မဟုတ်၊ ၎င်းတို့သည် သွေးနန်းတော်ကို မှတ်မိနေသေးသည်ဆိုလျှင်လည်း နာမည်ကိုကြားသည်နှင့် သူ့ကိုတွေ့ရန် ဝူကွေမြို့ သို့ ရောက်လာနိုင်လိမ့်မည်ဟု သူယုံကြည်သည်။

ဝူကွေမြို့တွင် အမြဲတမ်တစ်ဦးတည်းနေခြင်းသည် အဓိပ္ပာယ်မရှိတော့ပါ။

"အစ်ကိုကြီး၊ အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းတာဟာ အလွန်ပြဿနာများတယ်။

ပြီးတော့ ငါတို့က တိုက်ပွဲနယ်မြေထဲက မြို့တစ်သိန်းရှစ်ထောင်မှာ ရှိနေတာ၊ ဘယ်သူက ဒီလောက်အဝေးကြီးထိလာပြီး သေချင်မှာလဲ"

ချန်းဟွမ်တွင်လည်း အကြောင်းပြချက်ရှိပါသည်။

အင်အားကြီးမားသော အဖွဲ့အစည်း တစ်ခုသည် လူများကို ဆွဲဆောင်ရန်အတွက် အကျိုးကျေးဇူးများ ပေးရမည်ဖြစ်သည်။

ပါးစပ်လေးသာသုံးပြီး အဖွဲ့အစည်းဖွဲ့မယ်ဟေ့ ၊ လာဝင်ကြဟု ခေါ်ရုံဖြင့် မည်သူမှမလာပါ။

အထူးသဖြင့် နတ်ဆိုးများက မြင်သမျှလိုက်သတ်နေသော တစ်သိန်းရှစ်ထောင်မြို့များ တွင် ဖြစ်သည်။

လာသူတိုင်းသည် သေခြင်းကိုရှာဖွေသူ များသာ ဖြစ်လိမ့်မည် ။

အကယ်၍ တစ်ချို့တစ်လေရောက်လာခဲ့လျှင်တောင် အားနည်းသူများသာ ဖြစ်လိမ့်မည်။

ကျိယွမ်သည် မြို့ရိုးပေါ်မှနေ၍ သဲကန္တာရထဲသို့ နက်ရှိုင်းစွာကြည့်နေရင်းမှ ဖြေသည်။

"သွေးနန်းတော်မှာ ကောင်းတာဘာမှမရှိဘူးလို့ ဘယ်သူပြောလဲ။ ငါကိုယ်တိုင်ရှိနေပြီလေ မလုံလောက်ဘူးလား"

"ဟမ့်"

ချန်းဟွမ် ကြောင်သွားခဲ့ သည်။အဓိပ္ပါယ်ကို နှစ်ခါပြန်စဥ်းစားသော်လည်း နားမလည်ပါ။

ကျိယွမ်က ဆက်ပြောသည်။

"ငါ့မှာ ဒဏ္ဍာရီအဆင့်တွေကို အဓိပတိဖြစ်အောင် ကူညီပေးနိုင်တဲ့ လျှို့ဝှက်နည်းစနစ်တွေ ရှိတယ်။ အဲ့ဒါ လုံလောက်ပြီလား"

ကျိယွမ်သည် လူသားနတ်ဆိုးလမ်းစဥ်ကို အကျွမ်းကျင်ဆုံးသူ ဖြစ်သည်။

သူသည် ဤကမ္ဘာရှိ NPC များကို အဆင့်များ ထိုးဖောက်အောင် သင်ကြားပေးခြင်းဖြင့် ကူညီပေးနိုင်သည်။

အထူးသဖြင့် ဒဏ္ဍာရီအဆင့်မှ အဓိပတိအဆင့်သို့ ဖြစ်သည်။

ဤကမ္ဘာတွင် အဓိပတိအဆင့် တစ်ထောင်ခန့်သာ ရှိသည်။

သို့သော် ဒဏ္ဍာရီအဆင့်ကျင့်ကြံသူများ မည်မျှရှိသနည်း။

အခြားနေရာကိုထားဦးတော့ တစ်သိန်းရှစ်ထောင်သောမြို့များမှာတင် မြေကမ္ဘာဒဏ္ဍာရီအဆင့်တစ်သိန်းကျော် ရှိသည်။

လျူဖုန်းနယ်မြေတစ်ခုလုံးဆိုလျှင် ပြောစရာပင် မလိုတော့ပါ။

ဝူကွေမြို့သည် အလွန်သေးငယ်ခဲ့သည်။

တစ်သိန်းရှစ်ထောင်သောမြို့များတွင်မဆိုထားနှင့် မြို့ပေါင်းတစ်ထောင်တိုက်ပွဲနယ်မြေမှာပင် အရေးမပါခဲ့ပါ။

မြို့ပေါင်းတစ်ထောင်၌ပင် မြေကမ္ဘာဒဏ္ဍာရီအဆင့် ရာပေါင်းများစွာရှိခဲ့ သည်။

ထို့ကြောင့် ဒဏ္ဍာရီအဆင့်တွင် ရပ်တန့်နေပြီး အဓိပတိအဆင့်သို့ မချိုးဖြတ်နိုင်သူများမှာ လက်ညှိုးထိုးမလွဲပေ။

အဖြူရောင်ဧကရာဇ်၏ တပည့်ဖြစ်သော ချန်းဟွမ်ပင်လျှင် အဓိပတိအဆင့်သို့ ချိုးဖြတ်ရန် ရုန်းကန်ခဲ့ရသည် မဟုတ်ပါလား။

အခြားသာမန်သူများဆိုလျှင်တော့ ပြောစရာပင်မလိုတော့ပါ။

ကျိယွမ်၏စကားကို ကြားသောအခါ ချန်းဟွမ် ထိတ်လန့်သွားခဲ့ သည်။

"အစ်ကိုကြီး... ဒီလိုလုပ်တာက အဖြူရောင် ဧကရာဇ်နန်းတော် နဲ့ အကြွင်းမဲ့သခင် ကို ထိခိုက်စေလိမ့်မယ်"

ကျိယွမ်သည် မြေကမ္ဘာဒဏ္ဍာရီအဆင့်များကို အဓိပတိဖြစ်လာရန် သင်ကြားပေးလိုက်ပါက ကမ္ဘာ၏တည်ဆောက်ပုံသည် ကြီးမားစွာ ပြောင်းလဲသွားလိမ့်မည်ကို သူ ကြိုတင်မြင်ခဲ့သည်။

အဖြူရောင်ဧကရာဇ်သည် သွေးနန်းတော် ကို ဂရုမစိုက်နိုင်သော်လည်း နန်းတော် ၏ ရာထူးကြီးများကမူ လျစ်လျူရှုမည် မဟုတ် ပေ။

ထို့အပြင် အကြွင်းမဲ့သခင်ကရော သွေးနန်းတော်တည်ရှိမှုကို ခွင့်ပြုပါမည်လော။

သွေးနန်းတော်သည် ကြီးမားသော ဖိအားကို သေချာပေါက် ရင်ဆိုင်ရလိမ့်မည်။

"ဘယ်သူမဆို ငါတို့ကို စိန်ခေါ်ချင်ရင် ဝူကွေမြို့ကို လာနိုင်တယ်၊ ငါ သူတို့ကို လက်ခံလာအောင် လုပ်ပေးလိုက်မယ်"

ကျိယွမ်သည် ထိုကဲ့သို့သော အရေးမပါသည့် အသေးစိတ်အချက်အလက်များကို ဂရုမစိုက်ပါ။

သူ၏ အဓိကရည်မှန်းချက်မှာ ကျူးယန်ကို ရှာဖွေရန် ဖြစ်သည်။

ကံတရားကဖေးမလျှင် သွေးနန်းတော် အင်အားမကြီးမီတွင်ပင် ကျူးယန်သည် သူ့ကို ရှာတွေ့ကောင်းရှာတွေ့နိုင်၏။

"ဒါပေမဲ့ အစ်ကိုကြီး... ဒီလိုလုပ်တာက အာရုံစိုက်မှုတွေ အများကြီးကို ဆွဲဆောင်လိမ့်မယ်"

ကျိယွမ်သည် မြေကမ္ဘာဒဏ္ဍာရီများကို အဓိပတိ ဖြစ်သွားအောင် ကူညီပေးခြင်း သည် အလွန်ကြီးမားသော ကိစ္စတစ်ခု ဖြစ်လာမည်ကို ချန်းဟွမ်သိနေသည်။

"ပြီးတော့ သွေးနန်းတော်ကို ဝင်ရောက်လာသူတွေ၊ အစ်ကိုကြီးရဲ့အကူအညီကနေ အကျိုးရရှိသူတွေ၊ သူတို့က အစ်ကိုကြီးကို သစ္စာဖောက်ရင်ကော ဘယ်လိုလုပ်မလဲ။

တခြားသူတွေရဲ့ သစ္စာစောင့်သိမှုကို အာမခံနိုင်မှာ မဟုတ်ဘူး"

ကျိယွမ်သည် တည်ငြိမ်စွာ ပြန်ဖြေခဲ့ သည်။

"ငါက သူတို့ရဲ့သစ္စာစောင့်သိမှုကို ဘာလို့ လိုအပ်မှာလဲ။ သူတို့ ငါ့အတွက် အလုပ်လုပ်ပေးဖို့ပဲလိုအပ်တာ။ သူတို့က သစ္စာဖောက်ရင်​တော့ ငါ့ရဲ့အတွေ့အကြုံရမှတ်တွေဖြစ်သွားမှာပေါ့"

ဤကမ္ဘာတွင် အဓိပတိများ အလွန်နည်းပါးနေသည်။

ကျိယွမ်၏ ခန့်မှန်းချက်အရ ရှိရှိသမျှအဓိပတိအားလုံးကို သတ်လိုက်လျှင်တောင် သူသည် အဆင့် ၂၀၀ သို့ ရောက်ရှိနိုင်မည် မဟုတ်ပေ။

ထိုကြောင့် အဓိပတိများကို အမြောက်အများထုတ်လုပ်လိုက်လျှင် မည်သို့ဖြစ်သွားမည်နည်း။

သူတို့ကသာ ကျိယွမ်ကိုဆန့်ကျင်ပါက အတွေ့အကြုံရမှတ်များအတွက် သတ်ပစ်မည် ဖြစ်သည်။

၎င်းသည် ပို၍ပင် အဆင်ပြေလိမ့်ဦးမည်။

ထိုသို့မဟုတ်ဘဲ သူတို့သစ္စာရှိနေကြလျှင်လည်း ကိစ္စမရှိပါ။

၄င်းတို့ကို အဓိပတိအဆင့်သို့ ရောက်အောင် ကူညီပေးနောက် ထိုအတိုင်း ထားလိုက်ရုံသာ။

လက်တွေ့ဘဝတွင်ဖြစ်စေ၊ ဂိမ်းများတွင်ဖြစ်စေ၊ သူဂရုစိုက်သူများမှလွဲ၍ ကျိယွမ်သည် အခြားသူများကို ဂရုမစိုက်နိုင်ပါ။။

"အစ်ကိုကြီး၊ ငါတို့ စတင်လိုက်တာနဲ့ နောက်ဆုတ်လို့ မရတော့ဘူး။ အစ်ကိုကြီး သေချာရဲ့လား"

"သေချာတယ်"

ကျိယွမ်က တည်ငြိမ်စွာ ပြန်ဖြေခဲ့သည်။

..............................

မြို့ပေါင်းတစ်ထောင်တိုက်ပွဲနယ်မြေ၊ မဟာဝမ်းနည်းခြင်းမြို့တွင်ဖြစ်သည်။

ဟွမ်မုန်လင်းသည် ချန်းဟွမ်ကို ခါးသီးစွာ ပြုံးပြလိုက်သည်။

"မောင်လေး နင်အခု အဓိပတိဖြစ်နေပြီဆိုပေမဲ့ ဒီအကြောင်းမျိုးကိုတော့ မနောက်ပြောင်သင့်ဘူး"

လွန်ခဲ့သော ရက်အနည်းငယ်က ချန်းဟွမ်သည် ကျိယွမ်၏ ညွှန်ကြားချက်အတိုင်း ဒဏ္ဍာရီအဆင့်များကို သွေးနန်းတော်သို့ ဝင်ရောက်ရန်ရှာဖွေရင်း မြို့တစ်ထောင်ရှိ မဟာဝမ်းနည်းခြင်းမြို့သို့ ရောက်ရှိလာခဲ့သည်။

သို့သော် သူ၏တိုးတက်မှုက အလွန်နှေးကွေးလှသည်။

အာပေါက်မတတ်ရှင်းပြခဲ့သော်လည်း ရက်များစွာကြာပြီးနောက်တွင်မှ သက်တမ်းကုန်ခါနီးပြီဖြစ်သော ဒဏ္ဍာရီအဆင့်နှစ်ဦးကသာ ဝူကွေ့မြို့သို့သွားပြီး သွေးနန်းတော်အဖွဲ့သို့ ဝင်ရောက်ရန် သဘောတူခဲ့ကြသည်။

ထိုနှစ်ယောက်မှာလည်း ချန်းဟွမ်အားယုံကြည်လွန်း၍ မဟုတ်ပါ။သူတို့၏ သက်တမ်းက မကြာမီကုန်ဆုံးတော့မည် ဖြစ်သည်။ အဆင့်မချိုးဖြတ်နိုင်ပါက မကြာမီ သေဆုံးကြတော့မည်ဖြစ်၏။

ရွေးချယ်စရာမရှိတော့သောကြောင့် လုပ်မိလုပ်ရာလုပ်လိုက်ကြခြင်းပင်။

"စီနီယာအစ်မ၊ ကျွန်တော် မညာဘူး"

ချန်းဟွမ်သည် အလေးအနက်ထားကာ ထပ်ပြောသည်။

"ဝူကွေမြို့ကာကွယ်သူက ဒဏ္ဍာရီအဆင့်တွေကို အဓိပတိအဆင့်ကို ထိုးဖောက်အောင် ကူညီပေးနိုင်တဲ့ သဘာဝသူတော်စင် တစ်ဦးပဲ၊ကျွန်တော် သူ့ရဲ့သင်ကြားပေးမှုတွေကို နားထောင်ပြီးမှ အဓိပတိအဆင့်ကို ရောက်လာခဲ့တာ"

"အဓိပ္ပာယ်မရှိတာ၊ ငါတို့ရဲ့ဆရာတောင် လူတွေကို အဓိပတိအဆင့်ကို ထိုးဖောက်အောင် ကူညီပေးနိုင်တာ မဟုတ်ဘူး၊ နင့်ရဲ့ ဝူကွေမြို့ကာကွယ်သူက လုပ်နိုင်မယ်လို့ ထင်နေတာလား"

ဟွမ်မုန်လင် လုံးဝလက်မခံပါ။

သူမသည် ဝူကွေမြို့ကာကွယ်သူနှင့် တွေ့ဆုံဖူးပါသည်။ထိုသူက အရည်အချင်းရှိသော်လည်း သာမန်မျှသာ ဖြစ်သည်။

လူတွေကို အဓိပတိအဆင့်ကို ထိုးဖောက်နိုင်အောင် ကူညီပေးတယ်တဲ့လား။

လုံးဝမဖြစ်နိုင်ပေ။

"စီနီယာအစ်မ၊ ဝူကွေမြို့ကာကွယ်သူရဲ့ စွမ်းအားက အစ်မစိတ်ကူးနိုင်တာထက်တောင် ကျော်လွန်နေတယ်"

ချန်းဟွမ်သည် သူ့အား မဟာအဓိပတိနှင့် အခြားအဓိပတိများ ဝိုင်းရံခဲ့ချိန်ကို ပြန်သတိရကာ ပြောခဲ့သည်။

"မြို့ပေါင်းတစ်ထောင်က ခရမ်းရောင်တာအို က အဓိပတိတွေကို ဦးဆောင်ပြီး ကျွန်တော့်နဲ့အစ်ကိုကြီးကို တိုက်ခိုက်ခဲ့တာ၊ ဒါပေမဲ့ ကျွန်တော့် အစ်ကိုကြီးက... သူတို့ကို အလွယ်တကူ သတ်ပစ်လိုက်တယ်"

လွယ်တာမှ စကားလေးတစ်လုံးနှစ်လုံးပြောရုံဖြင့် သေသွားပါသည်ဟုပြောလျှင် သူ၏စီနီယာအစ်မမှာ မယုံလွန်း၍ ရူးသွားနိုင်၏။

အားလုံးသိထားသည်မှာ မဟာအဓိပတိများသည် သတ်ရန် မဖြစ်နိုင်သလောက် ဖြစ်သည်။

မဟာအဓိပတိတစ်ဦးကို သတ်ရန်အတွက် တိုက်ပွဲတစ်ခုသည် ရက်ပေါင်းရာချီကြာနိုင် သည်။

ခရမ်းရောင်တာအို ကျဆုံးရန် မည်မျှကြာခဲ့သနည်း။

အမွှေးတိုင်တစ်တိုင်၏ အချိန်ထက်ပင် နည်းခဲ့သည်။

ဟွမ်မုန်လင်၏ မျက်နှာသည် ပို၍ပင် အထင်အမြင်သေးမှုများ ပြည့်နှက်လာ၏။

"ခရမ်းရောင်တာအိုဟာ မဟာအဓိပတိတစ်ဦးပဲ၊ မြို့တစ်ထောင်မှာ ဘယ်သူကသူ့ကို အနိုင်ယူနိုင်မှာလဲ။ဘယ်သူမှ သူ့ကိုမသတ်နိုင်ဘူး"

"သူ့ကို တားဆီးဖို့အတွက် အနည်းဆုံး မဟာအဓိပတိသုံးယောက်နဲ့ အဓိပတိဆယ်ယောက်ပူးပေါင်းဖို့ လိုအပ်လိမ့်မယ်"

"အဓိပတိအဆင့်ကိုတောင် မထိုးဖောက် နိုင်သေးတဲ့ ဝူကွေမြို့ကာကွယ်သူ က ခရမ်းရောင်တာအို ကို သတ်နိုင်ခဲ့တယ်တဲ့လား"

"မောင်လေး၊ နင့်ရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာ ငါမသိဘူး၊ ဒါပေမဲ့ နင့်ကို ပြန်မသွားဖို့ ငါအကြံပေးတယ်"

သူမသည် ချန်းဟွမ်၏ လမ်းကိုပိတ်ဆို့ကာ ရပ်လိုက်သည်။

သူမသည် သူ၏ စီနီယာအစ်မတစ်ယောက်ဖြစ်သောကြောင့် ချန်းဟွမ်သည် သူမကို အမြဲတမ်း ကြောက်ရွံ့ ခဲ့သည်။

သို့သော် ယခုအခါတွင်၊ ကြောက်မက်ဖွယ်ကောင်းသောအော်ရာတစ်ခုသည် သူမကို ဖုံးလွှမ်းသွားခဲ့ပြီး သူမ၏မျက်နှာကို ဖြူဖျော့သွားစေခဲ့ သည်။

ချနဟွမ်၏ အသံက ပဲ့တင်ထပ်သွားခဲ့ သည်။

"အစ်မကြီး၊ ကျွန်တော် အခု... အဓိပတိဖြစ်နေပြီ"

"ကျွန်တော်တို့ ဆရာကြောင့် စီနီယာအစ်မကြီးကို ကျွန်တော်ရဲ့အစ်မတစ်ယောက်လိုအမြဲ လေးစားတယ်"

"ကျွန်တော်ပြောတာ နားလည်ရင် ခက်ခဲအောင်မလုပ်ပါနဲ့"

ချန်းဟွမ်၏မျက်နှာသည် အေးစက်နေခဲ့သည်။

ဟွမ်မုန်လင်သည် သတ်ဖြတ်လိုစိတ်နှင့် အေးစက်ခြင်းကို ခံစားလိုက်ရသည်။

သူမ၏ နှုတ်ခမ်းများတုန်ယင်လာပြီး ချန်းဟွမ်၏အကြည့်ကို ရင်ဆိုင်မကြည့်ရဲတော့ဘဲ တိတ်ဆိတ်စွာဘေးဖယ်ပေးခဲ့ သည်။

ချန်းဟွမ်သည် နောက်သို့တစ်ချက်ပြန်မကြည့်ဘဲ ထွက်ခွာသွားသည်။

နန်းတော်ထဲ၌ ဟွမ်မုန်လင်၏ ကြောက်ရွံ့မှု မှာ အချိန်အတော်ကြာသည်အထိ မပြေပျောက်ခဲ့ပါ။

"ခိုင်မာတဲ့ မူလစွမ်းအားမရှိသေးတဲ့ အဓိပတိ တစ်ယောက်ကို ငါရာစုနှစ်တစ်ခုအတွင်း အလွယ်တကူ အနိုင်ယူနိုင်မှာပါ"

သူမသည်လည်း မာန်မာနရှိသူတစ်ဦးပင်။

ခဏအကြာတွင် ကောင်းမွန်စွာဝတ်ဆင်ထားသော သက်ကြီးပိုင်းအမျိုးသား တစ်ဦးသည် နန်းတော်မှ အလျင်အမြန် ထွက်လာသည်။

ထိုသူအား မြင်သောအခါ ဟွမ်မုန်လင် အံ့သြသွားသည်။

"ဝမ်ကိုင်း၊ ရှင် အဓိပတိအဆင့်ကို ထိုးဖောက်ဖို့အတွက် တံခါးပိတ်ကျင့်ကြံနေတာ မဟုတ်ဘူးလား။ ဘာလို့ ထွက်လာတာလဲ"

ဝမ်ကိုင်းသည် ခေါင်းငုံ့ပြီးပြန်ဖြေခဲ့ သည်။

"သခင်မလေးဟွမ်၊ ကျွန်တော်... ကျွန်တော် အခွင့်အရေးတစ်ခုကို ရှာဖို့ ဝူကွေမြို့ ကို သွားချင်ပါတယ်"

သူသည် ဟွမ်မုန်လင်ကို မကြည့်ရဲပါ။

ချန်းဟွမ်၏ စကားများသည် ချဲ့ကားမှုများအပြင် ရူးသွပ်လွန်းသည်ဟုပင် ဆိုနိုင် သည်။

၎င်းသည် ထောင်ချောက်တစ်ခုပင် ဖြစ်နေနိုင်သည်။

သို့သော် ဝမ်ကိုင်း၏ သက်တမ်းမှာအချိန်ကုန်ခါနီးပြီ ဖြစ်သည်။

သူသည် သေခြင်းကို မကြောက်ခဲ့ ပါ။

သို့သော် သူသည်မြို့ပေါင်းတစ်ထောင်တွင် ရှိနေသော အကာအကွယ်မဲ့ဖြစ်သွားတော့မည်သူ့မိသားစု၏ ကံကြမ္မာကို ကြောက်ခဲ့ သည်။

မဟာဝမ်းနည်းခြင်းမြို့ကာကွယ်သူဖြစ်သော အဓိပတိခေါင်းဆောင်သည် လူတို့၏အသုံးဝင်မှုကိုသာ တန်ဖိုးထားတတ်သူဖြစ်သည်။

ယခုအချိန် သူ တိုက်ခိုက်နိုင်သေးသောကြောင့်သာ သူ၏မိသားစုသည် ကောင်းစွာ နေထိုင်ရ သည်။

အကယ်၍ သူသေဆုံးပါက ၎င်းတို့၏ ကံကြမ္မာ သည် ဆိုးရွားသွားလိမ့်မည် ဖြစ်သည်။

"သွား"

ဟွမ်မုန်လင်၏ မျက်နှာသည် မည်းမှောင် နေခဲ့သည်။

ဝမ်ကိုင်းမှာ အလျင်အမြန် ထွက်ခွာသွားခဲ့ သည်။

သူသည် စိတ်ထဲမှာတော့ သက်ပြင်းချခဲ့ မိသည်။

"ဒဏ္ဍာရီအဆင့်ကနေ အဓိပတိအဆင့်ကို ထိုးဖောက်ဖို့က အရမ်းခက်ခဲတယ်။အဖြူရောင် ဧကရာဇ်ရဲ့ တပည့်ဖြစ်တဲ့ ပါရမီရှင်သခင်မလေးဟွမ်တောင်မှ ဉာဏ်အလင်းရနေချိန်မှာ နှလုံးနတ်ဆိုးတွေနဲ့ ရုန်းကန်နေရတာ"

သူသည် သခင်မလေးဟွမ်နှင့် ပထမဆုံး တွေ့ဆုံခဲ့စဥ်ကာ သူမသည်ယဥ်ကျေးပြီး ရိုသေခဲ့သည်ကို သတိရခဲ့သည်။

ယခုအခါမှာတော့ နှလုံးသားနတ်ဆိုးဘေးကြောင့် သူမကပြောင်းလဲသွားလေပြီ။

တွေးမိရင်းမှ ဝမ်ကိုင်းပို၍ စိုးရိမ်လာသည်။

အဖြူရောင်ဧကရာဇ်၏ တပည့်ပင် ထိုမျှ ရုန်းကန်နေရလျှင်.....

သူတို့လို သာမန်လူများသည် သွေးနန်းတော် သို့ ဝင်ရောက်၍ ဝူကွေမြို့တွင် အဓိပတိအဆင့်ကို ထိုးဖောက်နိုင်ပါမည်လော။

သို့သော် သူသည် သေလုနီးပါး ဖြစ်နေပြီကို ပြန်တွေးတောမိသောအခါ စွန့်စားရန် ဆုံးဖြတ်လိုက်သည်။

သူ ကျရှုံးခဲ့လျှင်တောင် အနည်းဆုံးတော့ သူ ကြိုးစားခဲ့သည်။

"ငါအရှုံးမပေးမချင်း ဘဝဆိုတာမျှော်လင့်ချက်ရှိတယ်"

.........................

ရေခဲထူထပ်သောတောနက်တစ်နေရာတွင် အနက်ရောင်အရိပ်တစ်ခု ပေါ်လာခဲ့ သည်။

နင်းထောင်၏မျက်နှာသည် သစ်တော်သီးပန်းကဲ့သို့ဖြူဖျော့နေ၏။

အနက်ရောင်ပဝါဖြင့် တစ်ဝက်ဖုံးအုပ်ထားသော်လည်း မြင်နေရသောမျက်နှာတစ်ဝက်သည်ပင် တိုင်းပြည်များကို ပြိုလဲစေရန် လုံလောက်ခဲ့ သည်။

သို့သော် "စုန်းမ"ဟူသော စာလုံးက လူများကို သူမ၏အလှအားတန်ဖိုးထားခွင့်မပြုဘဲ ရွံရှာမှုကိုသာ ခံစားစေခဲ့သည်။

သူမသည် ဆီးနှင်းများကြားတွင် လျှောက်လှမ်းနေပြီး သံကြိုးတစ်ချောင်းကို တင်းတင်းဆုပ်ကိုင်ထားခဲ့သည်။

တစ်နေရာအရောက်တွင် သူမသည်ရုတ်တရက် ရပ်တန့်လိုက်ပြီး ဖျားယောင်းသောအသံဖြင့် မေးသည်။

"ယောက်ျား၊ ရှင် ဘယ်တော့မှ ကျွန်မကိုလာတွေ့မှာလဲ"

သို့သော် အဖြေပေးသူမရှိခဲ့ပါ။

ဆီးနှင်းထူထပ်သောတောအုပ်သည် လေတိုက်ခတ်သံမှလွဲ၍ ပကတိတိတ်ဆိတ်နေလေသည်။

နင်းထောင်သည် မျှော်လင့်ချက်မပျောက်ခဲ့ဘဲ ချိုသာစွာ ပြုံးလိုက် သည်။

"ယောက်ျား အရှင်ကောင်းကောင်း ပုန်းနေတာ ပိုကောင်းတယ်၊ မဟုတ်လို့ ကျွန်မ ရှင်ရဲ့ ခန္ဓာကိုယ်အစစ်ကိုရှာတွေ့ရင် အရှင့်ကို ကျွန်မရဲ့ဘေးနားမှာ ထာဝရ သံကြိုးနဲ့ခတ် ထားမယ်"

"ရှင်က... ကျွန်မကို ဘယ်တော့မှ လာမတွေ့လို့ပဲမှတ်"

ထို့နောက်သူမသည် သံကြိုးအားဆွဲလျှက် ဆီးနှင်းများကြားတွင် တစ်ဦးတည်းဆက်လက် ခရီးဆက်နေသည်။

အချိန်အနည်းငယ်ကြာသောအခါ သူမ၏ရှေ့မှ ဆီးနှင်းများအကြားတွင်

ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။

မြောက်ပိုင်း၏ ဝမ်းတွင်းပါစုန်း ၁၃ ဦးထဲမှ ဟေးဝူ ဖြစ်သည်။

နင်းထောင်၏ မျက်လုံးများက သတိအနေအထားသို့ ပြောင်းလဲသွားသည်။

"နင် ဘာလို့ ပြန်ရောက်လာတာလဲ"

ဟေးဝူ၏မျက်လုံးများတွင် ပျော်ရွှင်မှုအချို့ ကပ်ညိနေ၏ ။

"ငါတို့ ဘာလို့ ဒီလို ဖြစ်လာရတာလဲ၊ လူတိုင်းက ငါတို့ကို ဘာလို့ ဒီလောက်တောင်ရွံရှာနေကြသလဲဆိုတာကို နင်မသိချင်ဘူးလား"

"သိချင်တာ၊ မသိချင်တာက အရေးပါလို့လား"

နင်းထောင်က ဝမ်းနည်းစွာ ပြုံးလိုက်သည်။

အနည်းဆုံးတော့ သူမသည် ​သူ့မယောက်ျား၏မျက်လုံးများတွင် ရွံရှာမှုကို မမြင်ခဲ့ရပါ။

"လျူဖုန်းနယ်မြေရဲ့အဆုံး ကမ္ဘာမြေအဆုံးပိုင်းမှာ ငါ့တို့အတွက် အဖြေရှိနိုင်တယ်"

ဟေးဝူ ဆက်ပြောလိုက်သည်။

"မြောက်ပိုင်းက စုန်းတွေကို ငါ အကြောင်းကြားပြီးပြီ။ သူတို့အားလုံး ငါနဲ့အတူလိုက်ဖို့ သဘောတူခဲ့ကြတယ်။ နင်ရော လိုက်ခဲ့မလား"

နင်းထောင် စိတ်ဝင်စားသွားသည်။သို့သော်သူမက သတိထားဆဲပင်။

"နင့်ကို ဘယ်သူပြောပြတာလဲ"

​ဟေးဝူ၏ မျက်လုံးများတွင် တစ်ခုခုအား သတိရသလိုဖြစ်ကာ ငြင်းလိုက်သည်။

"ပြောလို့မရဘူး၊တကယ်ပြောလို့ မဖြစ်ဘူး"

"ဒါက ထောင်ချောက် ဖြစ်နေမှာ မကြောက်ဘူးလား"

"ဒါက ထောင်ချောက် ဖြစ်နေရင်တောင် ဒီကမ္ဘာကြီးဟာ ရက်စက်တဲ့ ပြက်လုံးတစ်ခုပဲမဟုတ်လား၊ ငါတို့အတွက် နေရာတိုင်းမှာ ထောင်ချောက်ပဲလေ"

နင်းထောင်တိတ်ဆိတ်သွားခဲ့သည်။

"ငါလည်း သွားမယ်၊ ဒါပေမဲ့ အချိန်ယူရလိမ့်မယ်"

သူမသည် သွေးနတ်ဆိုး နှင့်အတူ ရှိနေဆဲဖြစ်ပြီး အမြဲတမ်း လိုက်လံဖမ်းဆီးခြင်း ခံနေရ သည်။

ဟေးဝူသည် နင်းထောင်၏နောက်တွင်ရှိ နေသော သွေးရောင်အသားတုံးကို တစ်ချက်ကြည့်ပြီး သက်ပြင်းချသည်။

"နင်ဒါကို ထားခဲ့ရင် အန္တရာယ်အားလုံး ရပ်တန့်သွားလိမ့်မယ်"

နင်းထောင် ချိုသာစွာ ပြုံးခဲ့ သည်။

"ငါဒါကိုထားခဲ့ရင် ငါ့ယောက်ျားက ငါ့ကို ရှာမတွေ့ရင် ဘယ်လိုလုပ်မလဲ"

ဟေးဝူသည် သူမကို အချိန်အတော်ကြာ ကြည့်နေပြီးမှ ပြောလိုင်သည်။

"သွေးနတ်ဆိုးတောင် နင်ရဲ့မျက်နှာကို ရွံရှာတာဖြစ်လိမ့်မယ်၊ မဟုတ်ရင် သူဘာလို့ မပေါ်လာတာလဲ"

သူတို့သည် သူတို့ကိုယ်သူတို့ပင် စက်ဆုပ် ရွံရှာခဲ့ကြသည်၊ အခြားသူများဆိုလျင်တော့ ပြောစရာမလိုတော့ပေ။

"မဟုတ်ဘူး၊ ငါ့ယောက်ျားက အဲ့လိုလုပ်မှာ မဟုတ်ဘူး"

နင်းထောင်က ခေါင်းမာစွာငြင်းသည်။

သူမက သွေးရောင်အသားတုံးကြီးကို လှည့်ကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။

"သူက ငါ့ကိုရွံရှာလို့မလာတာ မဟုတ်ဘူး၊သူမလာတာက လမ်းပျောက်နေလို့ပဲ ဖြစ်မှာ..."

----------------

All Chapters