← Chapters

အန္တရာယ်များသော ကာစီနို

Vol. 5 Ch. 67

အန္တရာယ်များသော ကာစီနို

Vol. 5 Ch. 67

သူ၏ ထူးခြားသော အခြေအနေကြောင့် လက်ထပ်ရန် တစ်စုံတစ်ယောက် ရှာတွေ့နိုင်မည် မဟုတ်ဟု ဖင်းလီ ခံစားမိသည်။ ထိုအချိန်မှာပင် အင်စလေနှင့် ဆုံတွေ့ရပြီး ထူးခြားသော စိတ်ကူးတစ်ခု ပေါ်လာခြင်းဖြစ်သည်။

အင်စလေကလည်း အချိန်နောက်ပြန်သွားတဲ့သူ တစ်ယောက်ဖြစ်ပြီး သူမဝိညာဉ်က သူမခန္ဓာကိုယ်ထက် အများကြီး ကြီးနေမယ် ဆိုရင်ကော.. ဒီလိုဆို သူတို့နှစ်ယောက်က လုံးဝ လိုက်ဖက်ညီသွားမယ်..

ထိုအတွေးကြောင့် ဖင်းလီသည် အင်စလေအား အချိန်နောက်ပြန်သွားသူ ဟုတ်၊ မဟုတ် သိရရန် စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ ဝမ်းနည်းဖို့ကောင်းသည်မှာ ကောင်မလေးသည် အနာဂတ်အကြောင်း သိထားပုံမရချေ။ ဆိုလိုသည်မှာ သူမသည် အချိန်နောက်ပြန်သွားသူ မဟုတ်ပေ။

ဖင်းလီ စိတ်ပျက်စွာဖြင့် အင်စလေအား ညီမလေးတစ်ဦးကဲ့သို့သာ ဆက်ဆံရန် ကြိုးစားရတော့သည်။ ဤကလေးအား အနာဂတ်ဇနီးအဖြစ် မရနိုင်ပါက စလိုအန်မိသားစု ပြိုလဲသွားမည် ဆိုလျှင်ပင် အင်စလေအား သူ၏ ညီမငယ်အဖြစ် မွေးစားနိုင်သည်။

ဖင်းလီ ထိုသို့တွေ့နေစဉ် အင်စလေထံ၌လည်း တူညီသော အတွေးရှိနေသည်။ ကောင်မလေးသည် ကလေးတစ်ဦးသာ ဖြစ်နေသည့် ဖင်းလီအားကြည့်ကာ သက်ပြင်းချမိလိုက်သည်။

နင့်ထက် ၁၂ နှစ်တောင် ငယ်တဲ့ ကောင်လေးတစ်ယောက်ကို သဘောကျတာက ပြစ်မှုပဲလေ မဟုတ်ဘူးလား.. အဲဒီအပြင် သူက နတ်သမီးဖြစ်ပြီး ငါက လူသား.. ငါတို့က ဘယ်တော့မှ အတူတူရှိနိုင်မှာ မဟုတ်ဘူး..

ဖင်းလီမှာ ခင်ပွန်းလောင်းအဖြစ် ရွေးချယ်သင့်သူဟု အင်စလေ ခံစားမိသည်။ သူမသည် မိသားစုအား အပျက်အစီးမရှိ အုပ်ချုပ်နိုင်ရန်အတွက် ယုံကြည်စိတ်ချနိုင်သော လက်တွဲဖော်တစ်ဦး လိုအပ်သည်။

အလိုလေး.. ဖင်းနီ.. ခင်ပွန်းလောင်းဖြစ်လာရန် သင့်တော်သူ.. ဒီလိုလူမျိုးက သူ့ အသက်အရွယ်နဲ့ မျိုးရိုးကြောင့် သူမ၏ ခင်ပွန်းဖြစ်မလာနိုင်ချေ။

သူမ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်အသက်မှာ မကိုက်ညီသောကြောင့် ကိုးရိုးကားယား အခြေအနေသို့ ကျရောက်နေကြောင်း အင်စလေ သိလိုက်ရသည်။

ထို့ကြောင့် အင်စလေသည် သူမနီးတူ ဝိညာဉ်ကူးပြောင်းလာသူ သို့မဟုတ် အချိန်နောက်ပြန်သွားသူ တစ်ဦးတစ်ယောက်နှင့် မတွေ့မချင်း တစ်ကိုယ်တည်းနေရန် စီစဉ်ထားသည်။

ကလေး နှစ်ဦးသည် သူတို့ရှာဖွေနေသူများမှာ မျက်စိရှေ့တွင် ရှိနေကြကြောင်း မသိကြချေ။

“အိုး.. ဖွင်းးး မေးမို့”

အင်စလေ ဖင်းလီ၏ အင်္ကျီအားဆွဲကာ ရုတ်တရက် စကားပြောလိုက်သည်။

“အင်း.. ဘာမေးမလို့လဲ..”

ဖင်းလီ အတွေးစပြတ်သွားပြီးနောက် အင်စလေမေးလိုသည့် အကြောင်းအရာအပေါ် စတင်အာရုံစိုက်လိုက်သည်။

ဖင်းလီသည် အင်စလေမှာ သူ၏ တစ်ဦးတည်းသော အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်နေသည့်အတွက် မသိစိတ်မှ အလိုလိုက်နေမိသည်။

“အွန်.. ခါချီနို ဘရိုတွားရမဲ (ကာစီနို ဘယ်လိုသွားရမလဲ)”

အင်စလေသည် သူမမေးချင်နေခဲ့သော ကိစ္စအား မေးလိုက်သည်။

အင်စလေ၏ စကားကြောင့် ဖင်းလီ တံတွေးသီးတော့မလိုပင်။ ကောင်လေးသည် အင်စလေအား အံ့အားသင့်မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူ၏ အကြားအာရုံကိုပင် သံသယဝင်မိသွားသည်။

“ကာစီနိုလား.. ဘာဖြစ်လို့ မေးတာလဲ.. သွားချင်လို့လား..”

ဖင်းလီ ဆွံ့အနေမိသည်။ သူသာ အင်စလေ၏ အသက်အရွယ် ဝန်းကျင်သာဆိုလျှင် ကာစီနိုသို့သွားမည့် အတွေး မည်သို့ ပေါ်လာနိုင်မည်နည်း။

သူ၏ အတိတ်ဘဝ၌ အသက် ၈ နှစ် အရွယ်မှာပင် စံအိမ်အပြင်သို့ ထွက်ခွင့်မရှိခဲ့ပေ။ မာဖီးယားကလေးများမှာ အသက် ၁၀ နှစ် မပြည့်ခင်အထိ သူတို့နေထိုင်ရာ အိမ်ရာဝန်းများ၌သာ နေကြရသည်။

အပြင်ဘက်ကမ္ဘာမှာ တွေးထားသည်ထက် များစွာပို၍ အန္တရာယ်များသောကြောင့် ဖြစ်သည်။

နည်းပညာနှင့် မှော်ပညာ၏ ပေါင်းစပ်မှုမှာ ကြောက်မက်ဖွယ်ကောင်းသည်။ စိတ်ကူးယဉ် နတ်သမီးပုံပြင်များထဲမှ မွန်းစတားများသည်လည်း စိတ်ကူးယဉ်သက်သက် မဟုတ်တော့‌ချေ။ ဤကမ္ဘာ၌ အစစ်အမှန် တည်ရှိကြသည်။

ထို့ကြောင့် ကလေးများ အထူးသဖြင့် မာဖီးယားမိသားစုမှ ကလေးများသည် မြို့စွန်မြို့ဖျား ဆင်ခြေဖုံးများ၌သာ နေထိုင်ကြပြီး မြို့ထဲသို့ မသွားကြချေ။

မြို့မှာ အန္တရာယ်များပြီး နေ့တိုင်းလိုလို မွန်းစတားများ၏ မကြာခဏ တိုက်ခိုက်ခြင်းအား ခံနေရသည်။ နေ့စဉ်ကြုံတွေရနေသော ဖြစ်ရပ်တစ်ခုပင် ဖြစ်နေပြီပင်။ ထို့ကြောင့် ချမ်းသာကြွယ်ဝသော မိသားစုများသည် မြို့ထဲ၌ မနေကြတော့‌ချေ။

သူတို့သည် မြို့ထဲ၌ ကုမ္ပဏီများ တည်ထောင်ထားကြသည်။ အကြောင်းမှာ ထိုမွန်းစတားများ၏ ဈေးကွက်တန်ဖိုး အောက်တွင်ပင် စီးပွားရေးမှာ ဖွံ့ဖြိုးတိုးတက်နေသောကြောင့် ဖြစ်သော်ငြား နေထိုင်ရန်အတွက်မူ..

လူဆင်းရဲများသာ မြို့၌ နေထိုင်ကြသည်။ ထို့ကြောင့် မြို့ထဲရှိ မွန်းစတားများနှင့် အခြားသော အန္တရာယ်များကြောင့် နေ့စဉ်နေ့တိုင်း လူဆင်းရဲများစွာ သေဆုံးနေရသည်။

ယခုအခါ အင်စလေသည် အန္တရာယ်များသော မြို့ထဲ၌ တည်ရှိသည့် ကာစီနိုသို့ သွားလိုကြောင်း ပြောနေသည်။

အင်စလေနှင့် ဖင်းလီတို့သည် ဂေါ့လိဖ်နိုင်ငံ၏ မြို့တော်၌ နေထိုင်ကြခြင်း ဖြစ်သော်ငြား သူတို့နေထိုင်သည့် နေရာမှာ မြို့တော်နှင့် ခပ်လှမ်းလှမ်းတွင် ရှိသောကြောင့် လုံခြုံမှုရှိသည်ဟု ဆိုရမည်။

ထိုမွန်းစတားများသည် ပင်လယ်နှင့် မြို့တော်ဝင်ပေါက်ရှိ မဟာဟင်းလင်းပြင်မှ ရောက်လာကြခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ဝေးလံသော ဆင်ခြင်ဖုံးဒေသများသို့ မသွားနိုင်ကြချေ။

အင်စလေက ရုတ်တရက်ကြီး အဲဒီ ကြောက်ဖို့ကောင်းတဲ့ နေရာကို သွားချင်တယ်လို့ ပြောလိုက်တာလား..

ကာစီနိုများသည် တင်းကြပ်သော လုံခြုံရေးကြောင့် မွန်းစတားများ၏ ဘေးရန်မှ လုံခြုံသော်ငြား ကာစီနိုသို့ ရောက်လာကြသူများမှာ အန္တရာယ်များသည်ဟု မှတ်ယူနိုင်သည်။

ဖင်းလီ ထိပ်ထိပ်ပြာပြာ ဖြစ်သွားသည်။

“အင်.. ကာစီနို သွားချင်တာလား.. ဘာလို့လဲ..”

ဖင်းလီ နူးညံ့သော အသံဖြင့် မေးလိုက်သည်။ သို့သော် သူ၏ မျက်ဆံများမှာ တုန်ယင်နေဆဲဖြစ်သည်။ မဟာဖင်းလီပင်လျှင် သူ၏ ယခင်ဘဝ၌ အသက် ၁၀ နှစ် မပြည့်မီ မြို့ထဲသို့ မသွားရဲခဲ့ချေ။

ယခုအချိန်၌ မြို့သို့ ရောက်ရှိပြီး ဖြစ်သော်ငြား အရေးကြီးကိစ္စ မရှိဘဲ သွားသည်မှာ ရှားပါးသည်။ ထိုသို့ သွားချိန်တိုင်း၌ ဖခင်ဖြစ်သူသည်လည်း လိုက်ပါလိမ့်မည်။

ယခုအခါ ပြိုလဲလုနီးနီး ဖြစ်နေသည့် မိသားစုမှဖြစ်သော အင်စလေသည် မြို့ထဲသို့ သွားချင်နေသည်။ သူမ ရူးသွားခြင်းများလား။

“ဟု.. အင် ခါချီနို တွားချင်.. (အင် ကာစီနို သွားချင်)”

အင်စလေ အပြစ်ကင်းဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ သူမသည် အန္တရာယ်များအား ဆွဲဆောင်မိမည်မှာ သိသိသာသာပင်။

“ပတ်ချံရဖို့.. မိသားစု အတွက်..”

အင်စလေ အားနည်းညှိုးငယ်စွာ ပြန်ဖြေသည်။

ဖင်းလီ လေအေးတစ်ရှိုက် ရှူလိုက်မိသည်။ ခေါင်းယမ်းလိုက်ပြီး မျက်လုံးများမှာ တင်းမာခက်ထန်လာသည်။

“အင်.. ကာစီနိုကို မသွားသင့်ဘူး.. ကာစီနိုက မြို့ထဲမှာရှိတာ.. မွန်းစတားတွေ အပြည့်ပဲ.. အဲဒါတင် မကဘဲ ကာစီနိုကို သွားတဲ့လူတိုင်းက အန္တရာယ်များတဲ့ လူတွေချည်းပဲ..”

ဖင်းလီသည် အင်စလေအား ခြောက်လှန့်နိုင်ရန် အကောင်းဆုံး ကြိုးစားနေသည်။ ကာစီနိုအားလုံးမှာ အန္တရာယ်များခြင်း မဟုတ်ကြောင်း သူသိထားသော်ငြား မွန်းစတားဘေးရန်မှ အလုံခြုံဆုံး ကာစီနိုသည် နိုင်ငံတစ်ဝှမ်းရှိ ဩဇာအာဏာကြီးမားသော ပုဂ္ဂိုလ်များအား ဆွဲဆောင်နိုင်မည်မှာ သဘာဝပင်။

မြို့ထဲရှိ အကောင်းဆုံး ကာစီနိုမှာ ဘီလီအောစ့်ကာစီနိုဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်ကာ လွှမ်းမိုးနိုင်စွမ်းရှိသော ပုဂ္ဂိုလ်တစ်ဦးမှ ပိုင်ဆိုင်ခြင်းဖြစ်သည်။ ဝေါ်လ်တာမိသားစုပင်လျှင် ဘီလီအောစ့်ကာစီနို နောက်ကွယ်ရှိလူအား သတိထားရန် လိုအပ်သည်။

ဩဇာကြီးမားသော ပိုင်ရှင်ကြောင့် ဘီလီအောစ့်ကာစီနိုသည် ဩဇာကြီးမားသော ပုဂ္ဂိုလ်များအား သဘာဝကျကျပင် ဆွဲဆောင်နိုင်လေသည်။

အချို့မှာ အချိန်ကောင်းလေးများ ရနိုင်ရန် ဖြစ်သော်ငြား အချို့မှာမူ အစိုးရနှင့် ရဲများမှ ကာစီနိုအတွင်းရှိ ပြစ်မှုများအား မဖမ်းဆီးနိုင်သောကြောင့် စီးပွားရေးကိစ္စများ ပြောဆိုဆွေးနွေးကြသည်။

ကာစီနိုသည် အန္တရာယ်ရှိသူများ စုဝေးသော နေရာတစ်ခုလိုပင်။ မာဖီးယားမိသားစုများ၊ သုတေသနအရူးများ၊ မွန်းစတားမုဆိုးများ၊ နတ်သူငယ်များနှင့် အခြားသက်ရှိမျိုးနွယ်များကိုပင် တွေ့နိုင်သည်။

၃ နှစ်ပဲ ရှိတဲ့ ကလေးတစ်ယောက်က အဲဒီလို အန္တရာယ်များတဲ့ နေရာတစ်ခုကို ဝင်နိုင်မှာတဲ့လဲ..

All Chapters