အချိန်နောက်ပြန်သွားခဲ့သူ တစ်ဦး၏ ပြဿနာ
Vol. 5 Ch. 66
အင်စလေသည် ထီလက်မှတ်၏ နောက်ဆုံးဂဏန်းအား စောင့်နေခြင်းဖြစ်သည်။ ကလေးသည် မျက်လုံးများ မှေးကျဉ်းကာ မော်နီတာပေါ်၌ မြန်ဆန်စွာ လည်ပတ်နေသည့် ဂဏန်းများအားကြည့်နေသည်။
လုပ်စမ်းပါဟ.. သုညလေး ဖြစ်လိုက်..
အင်စလေ လက်နှစ်ဖက်အား တင်းတင်းဆုပ်ကာ ကံကောင်းစေရန် ဆုတောင်းနေသည်။ အင်စလေ မျက်လုံးများ မှိတ်လိုက်ချိန်တွင် သူမ၏ မျက်ခုံးနှစ်ခုကြားရှိ အလယ်နေရာမှ ရွှေရောင်ဖျော့ဖျော့ အလင်းတစ်ခု လက်လာသည်။
အင်စလေ၏ ခန္ဓာကိုယ်အား ဝန်းရံထားသည့် ရွှေရောင်အလင်းမှာ တိတ်တဆိတ် ပျောက်ကွယ်သွားသည်။ တစ်ချိန်တည်းမှာပင် အင်စလေ မျက်လုံးများ ပွင့်လာပြီး ထီနံပါတ်၏ နောက်ဆုံးဂဏန်း ပေါ်ထွက်လာသည်။
နံပါတ်မှာ အဖြူရောင်အလင်း ပေါ်လာပြီးနောက် ဘဲဥပုံဂဏန်း ထွက်ပေါ်လာသည်။
သုည ဖြစ်သည်။
အင်စလေ ထခုန်လိုက်သည်။ မအော်မီ ကြမ်းပြင်ပေါ်သို့ ဝုန်းခနဲ ခုန်ဆင်းလိုက်သည်။
“ဟုပြီ.. ဒါပဲ.. ဟုပြီ”
အင်စလေ ကြမ်းပြင်ပေါ်တွင် ခြေဆောင့်ကာ ကခုန်တော့သည်။ စိတ်လှုပ်ရှားမှုကြောင့် မျက်နှာတစ်ခုလုံး နီလာသည်။ သူမ၏ နှလုံးသားထဲရှိ ပျော်ရွှင်မှုအား မထိန်းချုပ်နိုင်ဘဲ ရှိလေသည်။
ငါက ကံကောင်းတယ်.. ထီပေါက်တယ်တဲ့..
အင်စလေ ထီပေါက်သောကြောင့် ပျော်ရွှင်ခြင်း မဟုတ်ပေ။ ဤသည်မှာ သူမ၏ ကံတရားအား စမ်းသပ်သည့် ပထမဆုံး ခြေလှမ်းလည်းဖြစ်သည်။ အကြိမ်နည်းငယ်ခန့် စမ်းသပ်ပြီးလျှင်...
အင်စလေ နောက်ရက်အနည်းငယ်အတွက် ထီလက်မှတ်များဝယ်ရန် ဆုံးဖြတ်လိုက်သည်။ ကာစီနို မသွားမီ သူမ၏ ကံတရာအား အကြိမ်အနည်းငယ်ခန့် စမ်းသပ်ရလိမ့်မည်။
ကာစီနိုသည် သူမ၏ လုံခြုံရေးနှင့် ပိုင်ဆိုင်မှုများအတွက် အန္တရာယ်များသော နေရာတစ်ခုဖြစ်သည်။
ထို့ကြောင့် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်။ ကာစီနိုမှာ မိသားစု၏ အကြွေးများအား အမြန်ဆုံး ပြန်ဆပ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သဖြင့် အင်စလေ ရွေးချယ်စရာ မရှိချေ။
အင်စလေသည် သူမ၏ ကံတရာအား အသုံးပြုကာ ကာစီနိုရှိ ပိုက်ဆံများအား ဓားပြတိုက်ရန် စီစဉ်နေခြင်းဖြစ်သည်။ ထိုသို့ဖြစ်ရန်မှာ သူမ အတော်လေး ကံကောင်းကြောင်း သေချာပြီးနောက်မှ ဖြစ်သည်။
ဝက်ဘ်ဆိုဒ်အား ပိတ်ပြီးနောက် အင်စနေသည် ဥယျာဉ်သို့ မသွားမီ ကွန်ပျူတာ ပိတ်လိုက်သည်။ ဖင်းနီနှင့် တွေ့ရမည့်အချိန်သို့ ရောက်ပြီဖြစ်သည်။
အင်စလေ အချိန်မဆွဲတော့ဘဲ ဥယျာဉ်သို့ ရောက်ရှိသွားသည်။ ထိုနေရာသို့ ရောက်သည်နှင့် ဖင်းနီ ရောက်၊ မရောက် သိရရန် လေချွန်လိုက်သည်။ သစ်ပင်ကြီးအောက်၌ ရပ်နေရင်း အင်စလေသည် ဖင်းနီ သူမအား လေစွမ်းအင်ဖြင့် အပေါ်သို့ ခေါ်ဆောင်မည်ကို စိတ်ရှည်လက်ရှည် စောင့်နေသည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် လေပွေတစ်ခုသည် အင်စလေ၏ ခန္ဓာကိုယ်အား ရစ်ပတ်ကာ သစ်ပင်ပေါ်သို့ ခေါ်ဆောင်သွားသည်။ အင်စလေ၏ သေးငယ်သော ခန္ဓာကိုယ်လေးသည် စိမ်းစိုအုံ့မှိုင်းနေသော သစ်ရွက်များအကြား ပျောက်ကွယ်သွားသည်။
အင်စလေ၏ ခြေထောက်နှင့် သစ်ကိုင်းများ ထိလိုက်သည့် အခိုက်အတံ့မှာပင် လေပွေပျောက်ကွယ်ကာ ရွှေအိုရောင်ဆံပင်နှင့် ကောင်လေး ပေါ်ထွက်လာသည်။
“ဟေးး မောနင်း..”
ဖင်းလီ လက်ယမ်းနှုတ်ဆက်ရင်း အင်စလေအား သူ၏ဘေးရှိ သစ်ကိုင်းပေါ်၌ ထိုင်ရန် ဆွဲခေါ်လာသည်။ ပုံမှန်အတိုင်းပင် ကောင်လေး၏အသ့မှာ အလွန်သာယာနာပျော်ဖွယ် ကောင်းသောကြောင့် အင်စလေ၏ မျက်လုံးလေးများ မှေးကျဉ်းသွားသည်။
အား.. ကောင်းလိုက်တဲ့ ဘဝကြီးပါလားနော်..
အင်စလေ ရဲတင်းစွာဖြင့် ဖင်းလီအား ခေါင်းအစ ခြေအဆုံး ကြည့်ကာ ကောင်လေး၏ ချောမောခံ့ညားမှုအား သဘောကျနေမိသည်။ ယနေ့တွင် ဖင်းလီသည် အဖြူရောင်ဂျင်းအင်္ကျီ လက်ပြတ်အား အစိမ်းရင့်ရောင် ဘောင်းဘီတိုနှင့် တွဲဖက်ဝတ်ဆင်ထားသည်။
သူ၏သွင်ပြင်မှာ မြင်နေကျကဲ့သို့ နတ်သမီးတစ်ယောက်နှင့် တူလေသည်။
“မောနီးး”
အင်စလေ ဖင်းလီအား ပြုံးကာ နှုတ်ဆက်လိုက်သည်။ ထို့နောက် သူမသည် ဖင်းလီ ပြင်ဆင်ပေးထားသော သစ်ကိုင်းပေါ်၌ ထိုင်ချလိုက်သည်။
သစ်ကိုင်းပေါ်၌ အချိန်ကြာမြင့်စွာ ထိုင်ရသောကြောင့် သက်သောင့်သက်သာ မဖြစ်မည်ကို စိုးရိမ်သဖြင့် ဖင်းလီသည် အင်စလေ၏ တင်ပါးအောက်၌ ကူရှင်တစ်ခု ထားပေးထားသည်။
ဖင်းလီသည် အလွန်အသေးစိတ်ကျပြီး အင်စလေအား ထိမိရုံနှင့် ကြွေကျနိုင်သော ပန်းလေးတစ်ပွင့်ကဲ့သို့ ဆက်ဆံနေခြင်းဖြစ်သည်။ ထိုသို့သော ဂရုစိုက်သည့် အပြုအမူများသည် အင်စလေရင် နှလုံးသားအား တိုက်ရိုက်ထိလေသည်။
သူမသည် ဖင်းလီအား စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးလိုက်သည်။
‘ဟဟ.. ဖင်း အသက်ကြီးလာရင် အရမ်းပဲ ယဉ်ကျေးတဲ့ လူကြီးလူကောင်းတစ်ယောက် ဖြစ်လာမှာ.. သူ့ကို လိုက်ပိုးတဲ့သူတွေ အများကြီးရှိမှာ ကျိန်းသေတယ်..’
အင်စလေသည် နတ်သမီး အသိုင်းအဝိုင်း၌ မျိုးဆက်သစ် ကြယ်ပွင့်အဖြစ် ဖင်းလီ ပွဲဦးထွက်လာမည့် ပုံရိပ်အား စိတ်ကူးကြည့်မိသည်။
ဖင်းမှာ တော်ဝင်မိသားစုမှ ဖြစ်သောကြောင့် ကပွဲများ တက်ရခြင်း၊ မျိုးရိုးမြင့်နတ်သမီးများနှင့် ပေါင်းသင်းခြင်းများ ရှိလာလိမ့်မည်။
ထိုသို့သော မြင်ကွင်းမျိုးသည် ဖင်းလီနှင့် လိုက်ဖက်ညီသော်ငြား လူသားတစ်ဦးဖြစ်သော အင်စလေသည် ထိုမြင်ကွင်းအား မမြင်တွေ့နိုင်သောကြောင့် အတော်လေး မနာလိုဖြစ်မိသည်။
နှမျောစရာ..
အင်စလေ ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။ သူမသည် ဖင်း၏ နတ်သမီးအသိုင်းအဝိုင်း၌ ပွဲဦးထွက်လာမည့်ပုံနှင့် သူ၏ သတို့သမီးလောင်း ဖြစ်လာမည့် မိန်းကလေးများအား မနာလိုမဖြစ်ရန် ကြိုးစားနေရသည်။
ဖင်း၏ သတို့သမီးလောင်းမှာ ကောင်းမွန်သော နောက်ခံရှိသည့် နတ်သမီးလှလှလေး ဖြစ်လိမ့်မည်။
အချိန်မရွေး ပြိုလဲပျက်စီးမည့် မာဖီးယားမိသားစုမှလာသော သူမနှင့် သေးသေးလေးပင် မယှဉ်နိုင်သူမျိုး ဖြစ်မည်။
ထိုအတွေးများကြောင့် အင်စလေ၏ မျက်နှာ မဲမှောင်လာသော်ငြား အလျင်အမြန်ပင် မူလအခြေသို့ ပြန်ရောက်လာသည်။ ကောင်မလေးသည် သူမ၏ ရင်ဘတ်အား လက်ဖြင့်ပုတ်ကာ စိတ်ထဲမှ တီးတိုးပြောလိုက်သည်။
‘ကိစ္စမရှိဘူး.. ဖင်းရဲ့ ပွဲဦးထွက်ကို မမြင်နိုင်ရင်တောင် သူနဲ့ နေ့တိုင်းနေ့တိုင်း အတူရှိနိုင်တယ်..’
အင်စလေသည် အချိန်တိုလေးအတွင်း သူမ၏ ရင်းနှီးသော သူငယ်ချင်းတစ်ဦး ဖြစ်လာသည့် ဖင်းလီအား အမှန်တကယ် သဘောကျနှစ်သက်သည်။ ထို့အပြင် ဖင်းလီသည် ကလေးတစ်ဦး အနေနှင့် ထက်မြက်သူတစ်ဦး ဖြစ်သည်။ ယင်းမှာ ဖင်းသည် စာကြည့်တိုက်နတ်သမီး ဖြစ်သောကြောင့် ဖြစ်နိုင်သည်။
အင်စလေသည် ဖင်းလီနှင့် စကားပြောချိန်တွင် ကလေးတစ်ဦးနှင့် စကားပြောနေရသည်ဟု မခံစားရဘဲ သူမ၏ မူလအသက် အရွယ်ရှိ အသက် ၂၀ သို့မဟုတ် ၂၀ ထက်ကြီးမည့် လူတစ်ဦးနှင့် စကားပြောနေရသလိုပင်။
ဤကမ္ဘာ၌ ထိုသို့သော လူတစ်ဦး ရှာတွေ့ရန်မှာ ခက်ခဲပေသည်။ ထို့ကြောင့် အင်စလေသည် သူမအသက် ၁၀ နှစ် ပြည့်ပြီးသည်နှင့် ဖင်းလီနှင့် ပဋိညာဉ်ပြုရန် စဉ်းစားနေခြင်းဖြစ်သည်။
အလိုလေး.. သူမ မသိထားသည်မှာ ဖင်းလီမှာ နတ်သမီးအစစ် မဟုတ်သည့်အတွက် ထိုသို့သော အတွေးမျိုး တွေးနေခြင်းဖြစ်သည်။ ကောင်လေးသည် အင်စလေအား ဝမ်းနည်းစိတ်ထိခိုက်သော မျက်လုံးများဖြင့်သာ ကြည့်နိုင်သည်။
‘ဒီကလေးကို တကယ်ပဲ သဘောကျတယ်.. သူမက အသက် ၃ နှစ်အရွယ် ကလေးတစ်ဦး အနေနဲ့ဆိုရင် ထက်မြက်တယ်.. မဟုတ်ဘူး.. ငါ့လိုမျိုး ရင့်ကျက်နေပုံရတယ်.. သူမလည်း အချိန်နောက်ပြန်လာခဲ့သူလား.. ဟုတ်တယ်ဆိုရင် ငါတို့က စေ့စပ်ထားလို့ မရဘူးလား..’
ဖင်းလီသည် ယခုအချိန်တွင် သတို့သမီးလောင်း မရှိသေးသည့်အတွက် စိုးရိမ်နေမိသည်။ အကြောင်းမှာ သူ၏ အတိတ်မှ သတို့သမီးလောင်းသည် အချိန်နောက်ပြန်လာရခြင်း၏ အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်သောကြောင့်ပင်။
ယခုအခါ မိသားစုမှ စီစဉ်ပေးသူ မဟုတ်ဘဲ သူ သဘောကျသူကို ရှာဖွေရမည်။ သို့သော် သူ့အနေနှင့် အချိန်နောက်ပြန်လာခဲ့သောကြောင့် ကိုးရိုးကားယား အနေအထား၌ ပိတ်မိနေသည်။
သူ၏ ဝိညာဉ်မှာ ၂၅ နှစ်ထက် ပိုကြီးနိုင်သည်။ သို့သော် သူ၏ ခန္ဓာကိုယ်မှာ ၈ နှစ်အရွယ်သာ ရှိသေးသည်။ ထိုသို့ဆိုလျှင် သူ၏ အသက်ဝန်းကျင်ရှိ ကောင်မလေးတစ်ဦးအား သတို့သမီးလောင်းအဖြစ် ရွေးချယ်မည်ဆိုလျှင် ကလေးများအပေါ် တပ်မက်စိတ်ရှိသူတစ်ဦး ဖြစ်သွားနိုင်လား။
သို့မဟုတ် အသက် ၂၀၊ ၂၅ ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦးအား သတို့သမီးလောင်းအဖြစ် ရွေးချယ်မည်ဆိုလျှင် သူ၏ ခန္ဓာကိုယ်မှာ ကောင်လေးအရွယ်သာ ဖြစ်နေသေးသည်။ အတော်လေး ဘေးကျပ်နံကျပ် ဖြစ်စရာပင်။