← Chapters

ထိပ်ဆုံး၌ ရပ်တည်ရန်

Vol. 5 Ch. 64

ထိပ်ဆုံး၌ ရပ်တည်ရန်

Vol. 5 Ch. 64

အင်စလေသည် ကွန်ပျူတာ၊ စမတ်ဖုန်းများနှင့် ပတ်သက်၍ မသိသေးကြောင်း စဉ်းစားမိပြီးနောက် ကလေးသည် ထိုအရာများအား သေချာပေါက် စိတ်ဝင်စားလိမ့်မည်ဟု အဖိုးယိုဖန် ထင်မိသည်။

ကလေးငယ်လေး တစ်ဦးအား နည်းပညာနှင့် ထိုမျှစောစီးစွာ မထိတွေ့စေသင့်သော်ငြား မြို့ထဲသို့ သွားခွင့်ပြုရခြင်းထက် ပိုကောင်းသော ရွေးချယ်မှု တစ်ခုပင်။

ထို့အပြင် အင်စလေ အသက် ၅ နှစ်သို့ ရောက်ချိန်တွင် သီးသန့်ဆရာတစ်ဦးလည်း လိုလာမည်။ ထို့ကြောင့် ငရဲတမျှ ခက်ခဲသည့် သင်ကြားမှု မစတင်မီ သူ့အား ဆော့ကစားခွင့် ပြုလိုက်ခြင်းမှာ ဆိုးလှသည်လည်း မဟုတ်ပေ။

သူမလိုချင်သည့် အဖြေအား ရရှိပြီးနော်က အင်စလေ ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။

“ခေ.. ကွန်ပူတာနဲ့ ဖုန်း”

အင်စလေ တခစ်ခစ်ရယ်မောကာ အဖိုးယိုဖန် သူမအား နည်းပညာခန်းသို့ ခေါ်ဆောင်သွားမည်ကို စောင့်ဆိုင်းနေသည်။

နောက်ဆုံးတော့ အင်တာနက် သုံးနိုင်တော့မယ်လေ.. ဟိုးဟိုးဟိုး.. အန်နီမဲလေးဘာလေး ကြည့်နိုင်မလားပဲ..

အင်စလေ စိတ်လှုပ်ရှားလာသည်။

နေ့လယ်စာ စားပြီးနောက် အဖိုးယိုဖန်သည် အင်စလေအား သာမန်အင်တာနက်ဆိုင် တစ်ခုနှင့်တူသည့် စံအိမ်အတွင်းရှိ နည်းပညာခန်းသို့ ခေါ်ဆောင်သွားသည်။ အခန်းထဲရှိ သစ်သားစားပွဲပေါ်၌ အသင့်သုံးနိုင်သော မော်နီတာ ၅ လုံး၊ ၆ လုံးခန့်နှင့် CPU အနည်းငယ်ရှိသည်။

“အင်.. နားထောင်နော်.. တစ်နေ့ကို ကွန်ပျူတာ တစ်နာရီနဲ့ စမတ်ဖုန်း ၂ နာရီပဲ သုံးရမယ်.. နားလည်လား..”

အဖိုးယိုဖန်သည် ထောင့်တွင်ရှိသော ကွန်ပျူတာတစ်လုံးနောက်ရှိ သားရေနှင့် ပြုလုပ်ထားသော ဂိမ်းဆော့ခုံ၌ထိုင်ကာ ပြောလိုက်သည်။

အဖိုးယိုဖန်သည် အင်စလေအား ပေါင်ပေါ်တင်လိုက်သည်။ ထိုမှသာ မော်နီတာအား မြင်နိုင်မည်ဖြစ်သည်။

“ဟမ်.. ခေ..”

ကလေးသည် ထိုစည်းကမ်းအား ကန့်ကွက်ခြင်း မရှိချေ။

ကွန်ပျူတာ တစ်နာရီပဲ သုံးရမယ်ပေါ့.. အိုခေလေ.. ဒီတော့ အန်နီမဲ မကြည့်တော့ဘူး.. အရေးကြီးအချက်တွေ ရှာဖို့ပဲ သုံးလိုက်မယ်.. စမတ်ဖုန်းကတော့ တခြားကိစ္စတွေအတွက် ဆိုရှယ်မီဒီယာသုံးရမယ်..

အင်စလေ စိတ်ထဲ၌ အစီအစဉ် ချလိုက်သည်။ ထို့နော်က နာခံမှုရှိစွာဖြင့် အဖိုးယိုဖန် ရှင်းပြသည့် ကွန်ပျူတာ အသုံးပြုနည်းအား နားထောင်လိုက်သည်။

“ဒါက ဒီလိုလုပ်ရမှာ..”

အဖိုးယိုဖန်သည် အင်စလေအား နည်းပညာအား မည်သို့အသုံးပြုရမည်ကို စတင်သင်ကြားပေးသည်။

မဟာအကြီးအကဲ တစ်ဦးအနေနှင့် ကလေးတစ်ဦးနှင့် မသင့်တော်သည့် အရာများအား ကြည့်ရှုခွင့်မရအေင် ပိတ်ဆို့ထားပြီးဖြစ်သည်။ ထို့ကြောင့် အင်စလေအား သူမဘာသာ စိတ်ကြိုက်ဆော့ကစားနိုင်အောင် လွှတ်ထားနိုင်ခြင်း ဖြစ်သည်။

ကံမကောင်းစွာဖြင့် အင်စလေသည် အဖိုးယိုဖန် အင်တာနက်မှ ပိတ်ဆို့ထားသော ‘အန္တရာယ်ရှိသော’ အရာများစာရင်း၌ မပါဝင်သည့် တရားဝင် အွန်လိုင်းထီ ဝက်ဘ်ဆိုဒ်အား ရှာဖွေနိုင်ဆဲဖြစ်သည်။

အဖိုးယိုဖန် ထွက်သွားသည်နှင့် ကလေးသည် ချက်ချင်းဆိုသလို စားပွဲပေါ်သို့တက်ကာ ကီးဘုတ်နှင့် မော်နီတာအား နောက်သို့တွန်းလိုက်သည်။ သူမထိုင်နိုင်မည့် နေရာတစ်ခု ရရှိပြီးနောက် လက်သေးသေးလေးများဖြင့် ကီးဘုတ်ပေါ်တွင် အလျင်အမြန် ရိုက်နှိပ်တော့သည်။

၅ မိနစ် ကြာပြီးနောက်..

လက်ချောင်းသေးသေးလေးများဖြင့် ခက်ခက်ခဲခဲ ရိုက်နှိပ်ပြီးနောက် အင်စလေ သူမ အလိုရှိသည်အား ရရှိသွားလေသည်။

“ဟွင်း ဟွင်း.. ထီ”

အင်စလေ မောက်စ်အား အသုံးပြုကာ မနက်ဖြန် ကြေညာမည့် ထီလက်မှတ်ပေါ်တင်၌ နှိပ်လိုက်သည်။

ထီလက်မှတ် တယ်ယူပြီးနောက် သူမကြိုက်နှစ်သက်သည့် ဂဏန်း ၆ လုံး ဖြည့်ရမည် ဖြစ်သည်။ သူမ ရိုက်နှိပ်သည့် ဂဏန်း ၆ လုံးအား ဝယ်ယူထားသူ ရှိပါက ထိုနံပါတ်အား ထပ်မံဝယ်ယူနိုင်တော့မည် မဟုတ်ပေ။

“အင်းးး”

အင်စလေသည် သူမ၏ အကောင့်ထဲရှိ ပိုက်ဆံအား အသုံးပြုကာ လက်မှတ်အလွတ် တစ်စောင့် ဝယ်လိုက်သည်။ အာ.. သူမကိုယ်ပိုင် အကောင့် မဟုတ်ပေ။ မိသားစုခေါင်းဆောင်၏ အကောင့်ဖြစ်သည်။ အယ်လီယာနာသည် အကောင့်၏ ပင်နံပါတ်အား သူမကို ပြောပြထားသောကြောင့် လွတ်လွတ်လပ်လပ် အသုံးပြုနိုင်ခြင်း ဖြစ်သည်။

အယ်.. ကျေးဇူးပါ..

လက်မှတ်အား ၁၀ ဒေါ်လာခန့်ဖြင့် ဝယ်ပြီးနောက် ထီပေါက်နိုင်မည့် နံပါတ်အား ရိုက်ထည့်လိုက်သည်။

‘ဒီထီရဲ့ ဆုက ဒေါ်လာ ၁၀၀ ဆိုတော့ ဝယ်ဈေးရဲ့ ၁၀ ဆပဲ.. ထီပေါက်ရင် ဈေးပိုကြီးတဲ့ ထီလက်မှတ် ဝယ်လို့ရမယ်..’

အင်စလေသည် သူမ၏ ထီနံပါတ်အဖြစ် ‘၈၄၅၂၇၀’ ကို ရိုက်ထည့်လိုက်သည်။ အင်စလေ တိတ်တဆိတ် နံပါတ်များအား ရိုက်နေပြီး သူမ enter ခလုပ်အား နှိပ်လိုက်ချိန်တွ၍် သူမ၏ လက်ချောင်းများမှာ ရွှေရောင်အလင်းတန်းတစ်ခု စီးဆင်းလာကာ ကွန်ပျူတာအတွင်းသို့ စိမ့်ဝင်သွားသည်ကို သတိမပြုလိုက်မိချေ။

ပြီးပြီ..

အင်စလေ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချပြီးနောက် စားပွဲပေါ်မှ ဆင်းလိုက်သည်။ ကောင်မလေးသည် တစ်နာရီတည်းနှင့် မလုံလောက်သော အွန်လိုင်းဂိမ်းများ ကစားရန်မှအပ ဘာလုပ်ရမှန်း မသိသောကြောင့် ကွန်ပျူတာအား တစ်နာရီလုံး အသုံးပြုရန် မလိုအပ်ချေ။

အဆုံးတွင် အင်စလေသည် မာဖီးယားကမ္ဘာနှင့် ပတ်သက်၍ ပိုမိုနားလည်လာရန် မာဖီးယားဝက်ဘ်ဆိုဒ်များသို့ သွားကြည့်ခဲ့သည်။ သေချာပေါက်ပင် ထိုဝက်ဘ်ဆိုဒ်များမှာ မှောင်ခိုကွန်ရက်များ ဖြစ်ကြသည်။

စလိုအန်မိသားစု၏ ကွန်ပျူတာများနှင့် အင်တာနက်မှာ မှောင်ခိုကွန်ရက်များမှ မကောင်းဆိုးဝါး မာဖီးယားများ၏ ခြေရာခံခြင်းကို ကာကွယ်ရန် လုံလောက်အောင် ကောင်းမွန်သည်။

ချူနီဗြောတစ်ဦးဖြစ်သော အင်စလေသည် မှောင်ခိုကွန်ရက်များအား မည်သို့ အသုံးပြုရမည်ကို သိရှိထားသည်။ ကလေးသည် လူသားများ၊ လူ့ကိုယ်တွင်းအင်္ဂါများနှင့် မူးယစ်ဆေးဝါးများ လေလံတင်နေသည့် မှောင်ခိုကွန်ရက်အား မပိတ်မီ ခပ်မြန်မြန် တစ်ချက်ကြည့်လိုက်သည်။

ချက်ချင်းပင် အင်စလေ မျက်နှာရှုံ့မဲ့သွားသည်။

“ဟမ့်.. မာဖီးယားတွေ အားလုံးက မသန့်ရှင်းတဲ့ စီးပွားရေးတွေ လုပ်ကြတာလား..”

အင်စလေ ဝမ်းနည်းကြေကွဲကာ ပျို့အန်ချင်လာသည်။ အန်နီမဲနှင့် မန်ဟွများတွင် မာဖီးယားတိုင်း မသန့်ရှင်းသည့် စီးပွားရေးများ ပြုလုပ်ကြသည် မဟုတ်ပေ။ အချို့သည် ရိုးရိုးသားသား စီးပွားရေးလုပ်ငန်းများနှင့် အောင်မြင်ကြသည်။

ထို့ကြောင့် သူမ ဤနေရာ၌တွေ့ရသည့် မာဖီးယားများမှာ မည်သည်ကြောင့် ထိုမျှလောက် ဆိုးဝါးနေသနည်း။

သူမ မိသားစု၏ စီးပွားရေးလုပ်ငန်းမှာ ကောင်းမွန်သည့်လုပ်ငန်း ဟုတ်၊ မဟုတ် စတင်စဉ်းစားမိလာသည်။ သမာသမတ်ကျတဲ့ စီးပွားရေးကော ဟုတ်ရဲ့လား။

‘မိသားစုက မူးယစ်ဆေးနဲ့ လက်နက်တွေ ရောင်းတယ်လို့ ဦးလေးရော်ဂျာပြောတာ ကြားမိသလိုပဲ.. အနည်းဆုံးတော့ သူတို့က လူတွေကို ပြပေးဆွဲပြီး ကိုယ်တွင်းအင်္ဂါတွေ မရောင်းကြဘူးပဲ..’

အင်စလေ သက်ပြင်းချလိုက်မိသည်။ သူမ၏ မိသားစုအတွက် ကောင်းမွန်သော စီးပွားရေးလုပ်ငန်းတစ်ခုကိုပင် မစဉ်းစားနိုင်ပေ။ သမာသမတ်ကျသည့် စီးပွားရေးလုပ်ငန်းတစ်ခု မတည်ထောင်နိုင်သရွေ့ လက်ရှိ မသန့်ရှင်းသော စီးပွားရေးလုပ်ငန်းများအား ဖျက်သိမ်းရန် ကြံစည်ခြင်းမှာ မိုက်မဲသော စိတ်ကူးအိပ်မက်ပင်။

မိသားစုကြီး ၇ စု ထဲမှာပင် ဝေါ်လ်တာမိသားစု တစ်စုတည်း၌သာ ကောင်းမွန်မှန်ကန်သော စီးပွားရေးလုပ်ငန်းတစ်ခု ရှိထားသည်။

ဝေါ်လ်တာမိသားစု၌ အိမ်ခြံမြေကုမ္ပဏီ အနည်းငယ်ရှိပြီး နတ်သမီးများ၊ အဆင့်မြင့် စိတ်ဝိညာဉ်များနှင့် ကုန်သွယ်မှုပြုကြသည်။ ထို့အပြင် ကြီးမားသော ထောက်လှမ်းရေးအခြေစိုက်စခန်း အနည်းငယ် နှင့် သုတေသနပညာရှင် အဖွဲ့အစည်းများကိုလည်း တည်ထောင်ထားသည်။

ထို့ကြောင့် ဝေါ်လ်တာမိသားစုအား မာဖီးယားမိသားစုဟု ခေါ်ရန်မှာ အနည်းငယ် ကြောင်တောင်တောင်နိုင်သလို ရှိသည်။ သူတို့၏ မျိုးရိုးစဉ်ဆက် မာဖီးယားများ ဖြစ်လာပြီး လက်နက်လုပ်ငန်း လုပ်ကိုင်သောကြောင့်သာ မာဖီးယားမိသားစုထဲ၌ ပါဝင်နေခြင်းဖြစ်သည်။ ဝေါ်လ်တာမိသားစုသည် မူးယစ်ဆေးဝါးများ ရောင်းချသော်ငြား ကန့်သတ်ချက်များလည်း ရှိသည်။

အင်စလေ ထိုအကြောင်းအား သိထားသည်။ ထို့ကြောင့် မသန့်ရှင်းသောငွေကြေး မဟုတ်ဘဲ သမာသမတ်ကျသော စီးပွားရေးလုပ်ငန်းတစ်ခု ရှိရန်မှာ မာဖီးယားလောက၏ ထိပ်ဆုံး၌ ရပ်တည်ပြီး ငွေကြေးနှင့် အင်အား တောင့်တင်းရန် လိုအပ်သည်။

‘ထိပ်ဆုံးမှာ ရပ်တည်နိုင်ရမယ်..’

All Chapters