← Chapters

သာလျှင်

Vol. 5 Ch. 62

သာလျှင်

Vol. 5 Ch. 62

‘ဒါပေမဲ့ စာရင်းကိုင်တစ်ဖွဲ့လုံးကို ဖြုတ်တယ်ဆိုတာက.. သူတို့က အကျင့်ပျက်ခြစားကြလို့လား.. ဒီလူတွေက ပြဿနာရဲ့ အရင်းအမြစ်ဆိုတာ သူမဘယ်လိုသိတာလဲ..’

ဖင်းလီ တိတ်တဆိတ် စဉ်းစားတွေးတောနေမိသည်။ ထိုလူများအား အင်စလေ အလုပ်ထုတ်ပစ်ရသည့် အကြောင်းအရင်း အစစ်အမှန်အား မသိရသောကြောင့် ဖင်းလီသည်လည်း သိနိုင်စရာ အကြောင်းမရှိပေ။

ဖင်းလီ၏ သူလျှိုမှာ အင်စနေနှင့် အဖိုးယိုဖန်အကြားရှိ စကားများအား မသိထားချေ။ ထို့ကြောင့် အရာအားလုံးမှာ ထူးခြားဆန်းကြယ်နေတော့သည်။ စလိုအန်မိသားစု၏ အဓိကအဖွဲ့ဝင်များသာလျှင် စာရင်းကိုင်အဖွဲ့ ပြောင်းလဲသွားခြင်း အကြောင်းအား သိရှိထားကြသော်ငြား အကြောင်းအရင်းကိုမူ မသိကြချေ။

အချို့မှာ မိသားစုခေါင်းဆောင်သည် ကျိုးကြောင်းမသင့်သူတစ်ဦးဟု ခံစားမိကြသော်ငြား အဖိုးယိုဖန်သည် မိသားစုခေါင်းဆောင်၏ ဆုံးဖြတ်ချက်အား သဘောတူလက်ခံသောကြောင့် ဆန့်ကျင်ဆန္ဒပြရန် မဝံ့ရဲကြချေ။

ထို့ကြောင့်ပင် ဖင်းလီ၏ သူလျှိုသည် ထိုဖြစ်ရပ်၏ အဓိကအကြောင်းအရင်းအား မသိရခြင်းဖြစ်သည်။

ထိုသတင်းအား ကြားလိုက်ရသော ဖင်းလီသည်လည်း အင်စလေ ထိုစာရင်းကိုင်များအား မည်သည်ကြောင့် အလုပ်ထုတ်ပစ်သည်ကို သိထားရန် လိုအပ်သည်ဟု ခံစားမိသည်။

ဘဝတစ်ခုတည်း ၂ ကြိမ် နေထိုင်လာသူ တစ်ဦးအနေနှင့် ထိုစာရင်းကိုင်များမှာ မိသားစု၏ ငွေကြေးများအား အလွဲသုံးစားလုပ်သူများ ဖြစ်ရမည်ဟု ချက်ချင်းဆိုသလို ခန့်မှန်းလိုက်နိုင်သည်။

သို့သော် အသက် ၃ နှစ်သာ ရှိသေးသော ကလေးငယ်တစ်ဦးဖြစ်သည့် အင်စလေမှာ ထိုအကြောင်းအား မည်သို့သိနိုင်မည်နည်း။ သို့မဟုတ် သူမစိတ်ကူးထဲ ပေါ်သည့်အတိုင်း ထိုလူများအား အလုပ်ထုတ်ပစ်လိုက်ခြင်းမျိုး ဖြစ်နိုင်သေးသည်။

သူမသည် စိတ်ကူးပေါက်ရာ ပြုလုပ်ခြင်းမဟုတ်ဘဲ အမှန်တရားကို သိထားသောကြောင့်သာ ဆိုပါလျှင် ဤကလေးမှာ ဉာဏ်ကြီးရှင်တစ်ဦးထက် သာလွန်နေပြီဟု ဆိုလိုခြင်း မဟုတ်ပါလား။

သူမသည် မိစ္ဆာတစ်ဦးဖြစ်နိုင်သည်။ ပုံမှန်မဟုတ်သော သက်ရှိတစ်မျိုး ဖြစ်နိုင်သလို သူ့လိုမျိုး အချိန်နောက်ပြန်လာသူလည်း ဖြစ်နိုင်သည်။ သို့တည်းမဟုတ် သူမ၏ ခန္ဓာကိုယ်အား အခြားသူတစ်ဦးမှ အပိုင်စီးထားခြင်းမျိုးလည်း ဖြစ်နိုင်သေးသည်။

ဖင်းလီ ထိုခန့်မှန်းချက်များအား ယုံကြည်သည်။ သူသည်ပင်လျှင် အချိန်နောက်ပြန် သွားနိုင်သည်ဆိုပါက အင်စလေ၏ ခန္ဓာကိုယ်အား အခြားသူတစ်ဦးမှ အပိုင်စီးခြင်းမျိုး မဖြစ်နိုင်စရာ မရှိပေ။ ထိုသူမှာလည်း ယခင်အင်စလေထက် အဆပေါင်းများစွာ ထူးချွန်ထက်မြက်သူ ဖြစ်လိမ့်မည်။

ကလေးတစ်ဦးမှာ မည်သည်ကြောင့် ထိုမျှလောက် စေ့စပ်သေချာနေရခြင်းအားလည်း ရှင်းပြပြီးသား ဖြစ်လိမ့်မည်။

သို့သော် သက်သေမရှိသောကြောင့် နတ်သမီးဟု ခေါ်ဆိုခံနေရသူပင်လျှင် ယုံကြည်မှုရှိစွာ မပြောနိုင်ပေ။ ဖင်းလီသည် သူမ၏ မေးခွန်းအား ပြန်ဖြေရန် စောင့်မျှော်နေဆဲဖြစ်သည့် အင်စလေအား ကြည့်လိုက်သည်။

ကလေးမှာ ဂနာမငြိမ် ဖြစ်နေပုံရသည်။

“အမ်.. အချိန်တိုအတွင်း ငွေပေါ်မဲ့ နည်းလမ်းလား.. မူးယစ်ဆေးရောင်းတာ.. ကျေးကျွန်တွေ ရောင်းတာနဲ့ ကိုယ်တွင်းအင်္ဂါတွေ ရောင်းချတာမျိုးက အကောင်းဆုံးနည်းလမ်းပဲ.. တစ်ချို့လူတွေကတော့ ရတနာတွေ ရှာဖွေပြီး လေလံတင်ကြတယ်..”

ဖင်းလီ မနှစ်မြို့သော မျက်နှာထားဖြင့် ပြန်ဖြေသည်။

“အဆင့်နိမ့် စိတ်ဝိညာဉ်တွေနဲ့ နတ်သမီးတွေကို ပြန်ပေးဆွဲပြီး မှောင်ခိုဈေးကွက်မှာ လေလံတင်တဲ့ လူယုတ်မာတွေလည်း ရှိသေးတယ်.. အဲဒီလို လူတွေကိုတော့ လုံးဝရှုံ့ချတယ်..”

“အာ..”

ဖင်းလီ၏ အဖြေကြောင့် အင်စလေ မျက်လုံးများ လှိမ့်လိုက်သည်။ နတ်သမီးများအား ရောင်းချနိုင်မည်ဆိုလျှင် ဖင်းအား ပြန်ပေးဆွဲကာ အနီးအနားရှိ မှောင်ခိုဈေးကွက်၌ စာရင်းသွင်းလိုက်မည်။

ဂါးးး မသန့်ရှင်းတဲ့ ပိုက်ဆံတွေ မလိုချင်ဘူးးး

“နိုး ညစ်ပတ်တဲ့ ပတ်ချံ”

အင်စလေ သုန်မှုန်စွာ ပြောလိုက်သည်။ ကလေးသည် ထိုသို့သော နည်းလမ်းများဖြင့် မသန့်ရှင်းသည့် ပိုက်ဆံများအား မလိုချင်ဟု ညွှန်းဆိုလိုပုံရသည်။

ကလေးသည် သူ၏စကားလုံးများအား နားလည်နေသည့်အပြင် ငြင်းပယ်ရန်ပင် ရွေးချယ်လိုက်သောကြောင့် ဖင်းလီ ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။

‘သူမက အရမ်းထူးချွန်တာပဲ..’

နတ်သမီးလေးသည် ရွှေအိုရောင်ဆံပင်အား လက်ဖြင့်သပ်မတင်ခင် လျှာတောက်လိုက်သည်။

“မသန့်ရှင်းတဲ့ပိုက်ဆံ မလိုချင်ဘူးလား.. ဟင်း.. ဒါဆိုလည်း တရားဝင် ငွေဖြစ်လွယ်တဲ့ နည်းလမ်းတွေ ရှိနေသေးတယ်..”

ကလေးသည် ညည်းတွားရင်း ဦးနှောက်ဆဲလ်များအား အရည်ထွက်မတတ် ညှစ်ထုတ်ကာ ကလေးအား စိတ်ကျေနပ်နိုင်လောက်မည့် အဖြေတစ်ခု ပေးနိုင်ရန် ကြိုးစားနေသည်။ သူမအား စိတ်မပျက်စေလိုပါ။ ထို့နောက် အမှန်တကယ်ကိုပင် နည်းလမ်းအချို့ စဉ်းစားနိုင်ခဲ့သည်။

“ထီကံစမ်းလို့ ရတယ်လေ.. ကံကောင်းရင် ပိုက်ဆံအများကြီး ရနိုင်တယ်.. နောက်တစ်ခုက လောင်းကစား.. လောင်းကစားလုပ်တဲ့ အကြီးဆုံးနေရာတွေကတော့ ကားပြိုင်ပွဲ.. မြင်းပြိုင်ပွဲနဲ့ မွန်းစတားပြိုင်ပွဲတွေပဲ.. ဒါပေမဲ့..”

ဖင်းလီ ပြောလက်စ ရပ်သွားသည်။ စနောက်ကျီစယ်ဟန်ဖြင့် လက်ဖဝါးများအား ပွတ်လိုက်ပြီးနောက် လေစွမ်းအင်ဖြင့် ထွင်းဖောက်မြင်နိုင်သည့် ဒင်္ဂါးပြား အပုံလိုက် ဖန်တီးလိုက်သည်။

“ငွေကြေးပမာဏ များများစားစားနဲ့ အလောင်းအစား လုပ်ဖို့ဆို ကာစီနိုကိုလည်း သွားလို့ရတယ်..”

!

အင်စလေ မျက်လုံးများ အရောင်လက်လာသည်။ နဖူးအား လက်ဖြင့်ရိုက်ကာ သူမကိုယ်သူမ အရူးတစ်ယောက်ဟုပင် တွေးလိုက်မိသည်။

“ဟုတယ်.. ခါချီနို (ကာစီနို)”

အင်စလေ အင်တိုက်အားတိုက် ခေါင်းညိတ်လိုက်သည်။ သူမ၏ နှလုံးသားမှာ ကျေနပ်ပီတိဖြစ်မှုတို့ ဖုံးလွှမ်းကာ အော်ဟစ်နေတော့သည်။

အဲဒီနေရာကို ဘာလို့များ မေ့သွားရတာလဲ.. ကံကောင်းရင် တစ်ကြိမ်တည်းနဲ့ ပိုက်ဆံအများကြီး ရနိုင်တယ်.. ဒါပေမဲ့.. ကံမကောင်းဘူး ဆိုရင်တော့...

အင်စလေ တံတွေးမျိုချလိုက်သည်။ လောင်းကစားနှင့် ကာစီနိုကြောင့် ဘဝပျက်သွားရသော လူပေါင်းများစွာ ရှိသည်ကို သူမသိထားသည်။ ညတွင်းချင်း ရှင်ဘုရင် သို့မဟုတ် သူတောင်းစား ဖြစ်သွားနိုင်သည်။

အမှန်တကယ်ကို ကြောက်မက်ဖွယ်ရာပင်။ အခြားသူများနှင့် ဆော့ကစားခြင်း မပြုဘဲ ကာစီနိုစက်တစ်ခုသာ ကစားမည်ဆိုလျှင်ပင် ဂါချာစလော့ဂိမ်းများ၌ ပိုက်ဆံများစွာ ဆုံးရှုံးနိုင်ဆဲ ဖြစ်သည်။

ထိုဂိမ်းစက်များမှာ ကစားသူအနေနှင့် ‘ဘင်းဂို’ နှင့် ပိုက်ဆံများ ရရန် ပုံတူကတ် ၃ ကတ် တူရန် လိုအပ်သည်။

ယင်းသည်လည်း ကံတရားနှင့် ကာစီနိုပိုင်ရှင်၏ လှည့်စားမှုတို့အပေါ် အခြေခံလေသည်။

‘ကာစီနို.. ဟက်.. ငါလည်း ပိုပြီးချမ်းသာလာရင် တစ်ခုလောက် ဖွင့်ရမယ်..’

အင်စလေ မေးစေ့အား လက်ဖြင့်ပွတ်ကာ ထိုကိစ္စနှင့် ပတ်သက်၍ စတင်စဉ်းစားတော့သည်။ ဖင်းလီသည် ကျောက်ခဲဝါးမိသော မျက်နှာဖြင့် သူမအား ကြည့်နေသည်ကိုမူ မသိလိုက်ချေ။

‘ဒီကလေးက ဘာတွေစဉ်းစားနေတာလဲ.. သူမက ကာစီနို သွားချင်နေတာလို့ မပြောနဲ့နော်.. ကာစီနိုက အန္တရာယ်များတာ မသိဘူးလား..’

ကာစီနိုမှာ ပိုက်ဆံဆုံးရှုံးသည့် လူများအတွက်သာ အန္တရာယ်များသည် မဟုတ်ပေ။ ကာစီနိုမှ ထွက်လာသူများသည်လည်း အခြားသူများ၏ ပစ်မှတ်ထားခြင်း ခံရနိုင်သဖြင့် အန္တရာယ်များသော နေရာတစ်ခု ဖြစ်သည်။ အထူးသဖြင့် ကာစီနိုမှ ထွက်လာသူမှာ ငွေကြေးများစွာ အနိုင်ရလာလျှင်ပင်။

ထို့ကြောင့် နောက်ခံအင်အား တောင့်တင်းသည့် အလယ်အလတ် မိသားစုများနှင့် မိသားစုကြီးများသာလျှင် အဆင့်မြင့်ကာစီနိုများသို့ သွားရဲကြခြင်းဖြစ်သည်။ ဆုအရွယ်အစား ကြီးမားသည်နှင့်အမျှ အနီးပတ်ဝန်းကျင်၌ ခိုအောင်းနေသည့် ဘေးအန္တရာယ်လည်း ပိုမိုကြီးမားသည်ဟု ဆိုရမည်။

ဖင်းလီ ဂနာမငြိမ် ဖြစ်လာပြီး အင်စလေ ကာစီနိုသို့ တစ်ဦးတည်းသွားမည်ကို စိုး၇ိမ်လာသည်။ မည်သည်ကြောင့် ပိုက်ဆံလိုအပ်မှန်း မသိသော်ငြား သူမတစ်ယောက်တည်း သွားခွင့်ပြုလိုက်မည် ဆိုလျှင်..

‘မဖြစ်ရဘူး.. သူမ မသိအောင် နောက်ကွယ်မှာ သက်တော်စောင့်အချို့ လွှတ်ထားသင့်လား.. စလိုအန်မိသားစုရဲ့ ခွေးတွေက အရည်အချင်း မရှိကြဘူး..’

ဖင်းလီ စိတ်အနှောင့်အယှက် ဖြစ်စွာဖြင့် လျှာတောက်လိုက်သည်။ စလိုအန် ကဲ့သို့သော မိသားစုမျိုး၌ အင်စလေလို ထက်မြက်ကာ ချစ်စဖွယ်ကောင်းသူတစ်ဦး မည်သည်ကြောင့် ရှိနေရသနည်း။

‘သူမက ငါ့ရဲ့ ညီမလေး ဖြစ်လာပြီး ဝေါလ်တာမိသားစုထဲ ဝင်လိုက်ရင် သူမရဲ့ အရည်အချင်းတွေက ပိုပြီးတောင် တောက်ပလာဦးမှာ.. ဒီလိုမျိုး အကျင့်ပျက်ခြစားနေတဲ့ စလိုအန်မိသားစုထဲမှာ ရှိနေတာ သူမရဲ့ အရည်အချင်းတွေကို ဖြုန်းတီးနေတာပဲ..’

ဖင်းလီသည် အင်စလေအား သူ၏ မိသားစုဝင် ဖြစ်လာမည်ကို စိတ်ကူးနေမိသည်။ ထို့နောက် ညီမလေးအား သည်းသည်းတုန်အောင် အလိုလိုက် ချစ်မြတ်နိုးပေးပြီး သူမနှင့် ထိုက်တန်သည့် အရာအားလုံး ပုံအောပေးလိုက်မည်။

‘အဖေလည်း သဘောတူမှာ သေချာတယ်..’

All Chapters