← Chapters

ရန်သူရောက်လာခြင်း ... ။

Vol. 14 Ch. 165

ရန်သူရောက်လာခြင်း ... ။

Vol. 14 Ch. 165

“ ဝုန်း ... ။ ”

ကူချန်မှ လက်ဖဝါးဖြင့် ဟန့်တားလိုက်၏။ ပေါက်ကွဲသံနှင့်အတူ ချင်းအေခမျာ ချက်ချင်း ဆုတ်ခွာလိုက်ရသည်။

ခြေလှမ်းဆယ်လှမ်းခန့် ဆုတ်ခွာပြီးနောက် ခန္ဓာကိုယ် ပြန်လည်တည်ငြိမ်လျက် အားသင့်စွာ မော့ကြည့်၏။

“ မင်း အရမ်းမြန်တယ်။ ”

တစ်ဆက်တည်းမှာပင် မြေပြင်ရှိ ချင်အေအရိပ်ထံမှ အနက်‌ရောင်အမျှင်များ တိတ်တဆိတ် ပြေးထွက်လာ၏။ ဦးတည်ရာ အရပ်သည် ကူချန်ထံ ဖြစ်သည်။

ကူချန်က ထိုအရိပ်ထံ ငုံ့ကြည့်၏။ သူ့ပြိုင်ဘက်သည် ထိုစဉ်က တော်ဝင်ဘိုးဘေး မဟုတ်တော့ချေ။ တော်ဝင်ဘိုးဘေးဆိုသော် သူ့ကို ဤလေသံ၊ ဤသတ္တိဖြင့် တိုက်ဝံ့မည် မဟုတ်ကြောင်း သေချာ၏။

( ဒီကောင်က ... တော်ဝင်ဘိုးဘေး လိုက်ရှာနေတဲ့ အရိပ်နတ်ဆိုးများလား။ )

ရုတ်တရက် သတိရလာပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူ့တွက်ချက်မှု အဖြေမရသည်မှာ ယင်းကြောင့်ဖြစ်နိုင်၏။

( ဒီအဖိုးကြီး ... တကယ် ကံဆိုးတာပဲ။ )

တစ်ဖက်လူသည် သူ့အပေါ် အရိပ်နတ်ဆိုး ထင်ခဲ့သည်။ ထို့ကြောင့် တွက်ဆမှုမှားယွင်းကာ သူ့လက်၌ ဆုံးရှုံးမှုများခံစားလိုက်ရ၏။

အဆုံးတွင် ဝှက်ဖဲများသုံးကာ ထွက်ပြေးပြီးနောက်၌ နတ်ဆိုးဝိညာဉ်၏ သိမ်းပိုက်ခြင်း ခံလိုက်ရချေပြီ။ ဤကမ္ဘာတွင် သူ့လောက် ကံဆိုးသူ မရှိနိုင်ချေ။

အန္တရာယ်အရှိဆုံးနေရာသည် အလုံခြုံဆုံးဒေသကြီး ဖြစ်ကြောင်း ထိုနတ်ဆိုးမှ သိနေပုံရ၏။ ၎င်းသည် တော်ဝင်ဘိုးဘေး မျက်စိအောက်၌ ပုန်းနေခဲ့ချေပြီ။

မြေပြင်မှပြေးလာသော အရိပ်များထံ ကြည့်ကာ သည်ကောင် မည်သည့်အရာများကို လုပ်ဆောင်နိုင်မည်မှန်း သိချင်လာ၏။

သူတွင် သန့်စင်သော ဝိညာဉ်မီးတောက် ရှိသဖြင့် ဤသို့ မကောင်းဆိုးဝါးဝိညာဉ်များကို ကြောက်စရာ မလိုချေ။ မီးတောက်သည် နတ်ဆိုးများအတွက် သဘာဝရန်သူဖြစ်၏။

တော်ဝင်ဘိုးဘေးအတွက်မူ စိတ်မကောင်းစရာပေပင်။ တစ်ဖက်လူသည်သာ မီးတောက်ကို သန့်စင်ခဲ့သော် သေဆုံးမည့်သူမှာ ဤနတ်ဆိုးဖြစ်နိုင်ပေမည်။

အနက်ရောင်အရိပ်များသည် ပါးလွှာသော သံကြိုးများအဖြစ် ကူချန်ထံ ပေါင်းစပ်လာသည်။ ကူချန်တစ်ယောက် ယားယံသည့် ခံစားချက်ကို ရရှိလာ၏။

“ ပေါင်းစပ် ... ။ ”

ထိုအချိန်တွင် အရိပ်နတ်ဆိုးသည် ရွှင်းမြူးလာပြီး ရေနက်ကြိုးများကိုဓားအဖြစ် ပေါင်းစည်းတော့သည်။

“ ဟမ့် ... ကျင့်ကြံမှုနည်းစနစ်ကိုတောင် အမွေဆက်ခံနိုင်တာလား။ ”

ကူချန်မှ အံ့အားသင့်သွား၏။ ချင်အေ သုံးစဉ်ကလောက် မပြင်းထန်လှသော်လည်း မယုံနိုင်စရာ ကောင်းနေဆဲပေပင်။

ချင်းအေမှ ပြုံးလျက်၊

“ မင်းရှောင်နိုင်မလား ငါကြည့်မယ်။ ”

-ဟု ဆိုကာ ရေနက်ဓားကို ဆုပ်ကိုင်ပြီး ပြေးဝင်လာသည်။

ကူချန်မှ သူ့ခြေထောက်များကို ငုံ့ကြည့်လိုက်ကာ လှုပ်ရှားရန် ကြိုးစားတော့၏။ မမြင်နိုင်သော တစ်စုံတစ်ရာမှ ခြေထောက်ကို ဆုပ်ကိုင်ထားသကဲ့သို့ ခံစားလိုက်ရသည်။

“ ဘရူး ... ။ ”

“ ဝုန်း ... ။ ”

ထိုစဉ် ချင်အေရောက်ရှိလာသဖြင့် ရုတ်တရက် ကျင်းကျိဓား ပျံထွက်သွားကာ ရေနက်ဓားထံ ပယ်ဖျက်လိုက်ရသည်။

များမကြာခင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာသည်။ ပုံရိပ်များစွာ ရောထွေးလျက် နေနက်ဓားမှာ အသာစီးမရချေ။ ဤမတိုင်မီ ကူချန်သည် ရေနက်ဓားကို ကောင်းစွာ ကိုင်တွယ်နိုင်ခဲ့သည်။

ခရမ်းရောင်နေမင်းနယ်ပယ် ရောက်ရှိပြီးနောက် ထိုနည်းစနစ်သည်သူ့အပေါ် သက်ရောက်မှု မပေးနိုင်တော့ချေ။

“ ဟမ့် ... ။ ”

တစ်ဖက်တွင် ချင်းအေမျက်နှာပေါ်၌ အံ့အားသင့်နေသော အရိပ်အမြွက်များ ပေါ်လာ တော့သည်။

သူသည် တစ်ဖက်လူအပေါ် အရိပ်သံကြိုးများဖြင့် တုပ်နှောင်ထားခဲ့သော် ငြားလည်း ရှေ့ဆက်၍ မရနိုင်ဖြစ်နေ၏။

“ ခရစ် ... ။ ”

သံသယများ ဝင်လာပြီး မော့ကြည့်စဉ် စူးရှသောရောင်ဝါကို ဖျပ်ခနဲခံစားလိုက်ရသည်။ တစ်ဆက်တည်းမှာပင် အရိပ်သံကြိုးများ ဖြတ်တောက်သွားတော့၏။

“ ဒါ ... ။ ”

ချင်အေတစ်ယောက် ထိတ်လန့်သွားပြီး၊

“ မင်း ... မင်း ... ချင်မိသားစုက မဟုတ်ဘူး မင်းဘယ်သူလဲ။ ”

-ဟု တုန်ယင်စွာ မေးမြန်းလိုက်သည်။

“ ဟမ့် ... ငါဘယ်သူလဲဆိုတာတောင် မင်းမသိဘူး ... ဒါဆိုသူ့အတွက် လက်စားချေဖို့ မင်းဘယ်လိုများ ကူညီပေးနိုင်မှာလဲ။ ”

ကံကြမ္မာမျက်လုံးအောက်တွင် ချင်အေ ခန္ဓာကိုယ်ထဲရှိ မကောင်းဆိုးရွားဝိညာဉ်သည် ပြင်းစွာတုန်လှုပ်နေသည်ကို မြင်နေရ၏။

တစ်ဖက်တွင် နတ်ဆိုးသည်လည်း ကူချန်ခန္ဓာကိုယ်ရှိ ဓားရောင်ဝါကြောင့် တစ်ခုခု မှားနေပြီဟုလည်း ခံစားလိုက်ရသည်။

ဧကရာဇ်ချင်အဖြစ် လပေါင်းများစွာ နေထိုင်ဖူးသောကြောင့် ချင်မိသားစုအကြောင်း များစွာ သိရှိထားသည်။

ချင်မိသားစုသည် ယခုကဲ့သို့ အကူးအပြောင်းကာလတွင် ကျိန်းသေပေါက် ထိလွယ်ရှလွယ်ဖြစ်နေသည်။

သူတို့တွင်သာ ဓားသမားတစ်ယောက် ရှိပါသော် ချင်အေသည် ပြဿနာကိုဖြေရှင်းရန် အလျင်လိုနေမည် မဟုတ်ချေ။

သူသည် ချင်အေကိုသိမ်းပိုက်ကာ ရန်သူအပေါ် ဖျက်ဆီးပေးရန် ကတိပေးခဲ့သည်။ ယင်းသည် ကြင်နာမှုကြောင့် မဟုတ်ချေ။

ချင်အေခန္ဓာကိုယ်ကို သိမ်းပိုက်ပြီးနောက် ရန်သူရှိသော် ထိုပြဿနာကို ဖြေရှင်းရမည်မှာ သဘာဝပေပင်။

ထို့သို့မဟုတ်ပါက အနာဂတ်တွင် သူ့အပေါ်သေချာပေါက် သက်ရောက်မှုရှိလာ နိုင်ပေမည်။

ဆိုလိုသည်မှာ ချင်အေအဖြစ် ရှင်သန်နေထိုင်လိုသော် အမွေနှင့်ရန်ငြိုးများ ကိုလည်း လွှဲယူရမည်ဖြစ်၏။

သို့သော် သူသည် ချင်အေခန္ဓာကိုယ်နှင့် ပေါင်းစည်းရန်ပင် အချိန်မရှိသေးချေ။ ရန်သူမှ ဦးစွာရောက်လာပုံရသည်။

“ ဘယ်လိုတောင် ဆိုးရွားလိုက်တဲ့ ကံကြမ္မာလဲ။ ”

နတ်ဆိုးဝိညာဉ်က စိတ်အတွင်းမှ ကျိန်ဆဲလိုက်ပြီး ကူချန်ကို ပြန်မော့ကြည့်သည်။ ဓားသမားသည် နတ်ဆိုးတစ်ကောင်အတွက် ကြီးစွာသော အန္တရာယ်ပေးနိုင်၏။

အဘယ့်ကြောင့်ဆိုသော် နတ်ဆိုးများ၏ မကောင်းဆိုးရွားနည်းလမ်းများမှာ အခြားသော ကျင့်ကြံသူများထက် ဓားသမားအပေါ် ထိရောက်မှု နည်းသည်။

ဓားရောင်ဝါသည် စိတ်ဝိညာဉ်နှင့် ဆန္ဒပေါင်းစပ်မှုဖြစ်သည်။ ဤသို့ ကြောက်စရာ ကောင်းသော စိတ်ဆန္ဒမျိုးကို ရင်ဆိုင်ရချိန်၌ မွေးရာပါ နတ်ဆိုးဝိညာဉ်တစ်ကောင် အတွက် အားသာချက် မရှိချေ။

“ ဝူး ... ။ ”

ထိုအချိန်တွင် လေတိုက်သံများ ထွက်ပေါ်လာ၏။ တိုက်ပွဲမှ ဆူညံသံများကြောင့် ချင်မိသားစု၏ ယွမ်ဖူနယ်ပယ်ကျင့်ကြံသူများ ပြေးလာကြခြင်းဖြစ်သည်။

ခြံဝင်းရှေ့တွင် တာအိုဘုန်းကြီးငယ် တစ်ပါးနှင့် သူတို့ဘိုးဘေးမှာ မျက်နှာချင်းဆိုင် ရပ်နေသည့် မြင်ကွင်းကြောင့် ထိတ်လန့် ကုန်တော့၏။

“ မြန်မြန် ဝိုင်းထား ... ။ ”

သို့တိုင် ကူချန်ကို စက်ဝိုင်းအသွင် ဝိုင်းရံထားရန် သတိရနေသေးသည်။ ကူချန်မှ ထိုသူများထံတစ်ချက်မျှသာ ကြည့်လိုက်ပြီး ဂရုမစိုက်ခဲ့ချေ။

ဤနေရာတွင် သူ့အတွက် တစ်ဦးတည်းသော ခြိမ်းခြောက်နိုင်သူမှာ အရိပ်နတ်ဆိုးဖြစ်သည်။

“ ဓားရောင်ဝါက ဒီလောက် သက်ရောက်မှုရှိလိမ့်မယ်လို့ ငါမမျှော်လင့် ထားမိဘူး။ ”

ကူချန်မှ ရေရွတ်လိုက်သည်။ လက်နက်များကို သတ္ထုများဖြင့် သွန်းလုပ်ကာ သတ်ရန်ကိရိယာအဖြစ် ရည်ရွယ်သည်။

သတ္တုသည် ယန်ဖြစ်ပြီး ၎င်းသည် မကောင်းဆိုးရွားများအပေါ် သဘာဝအတိုင်း ထိန်းချုပ်နိုင်၏။ ထို့အပြင် သူ၏ ပြင်းထန်သော စိတ်ဆန္ဒကြောင့် နတ်ဆိုးဝိညာဉ်မှ အနိုင်ယူရန် နည်းလမ်းမရှိတော့ချေ။

“ ဒီလူက ကူချန်ပဲ ... သူ့ကိုဖမ်းကြ။ ”

အရိပ်နတ်ဆိုးမှ ချင်မိသားစု၏ ယွမ်ဖူနယ်ပယ်ကျင့်ကြံသူများကို အမိန့်ပေး လိုက်သည်။

“ ကူချန်လား ... ။ ”

ယွမ်ဖူနယ်ပယ် ကျင့်ကြံသူများမှာ အံ့အားသင့်ကုန်၏။ ကူချန်သည် မည်သူနည်း။ ထိုသူသည် ကူမိသားစုမှ သခင်ငယ်ဖြစ်သည်။ ဘိုးဘေးပင် ပြင်းစွာဒဏ်ရာရရှိခဲ့၏။

ထို့ကြောင့် သူတို့အတွက် မည်သို့မျှ ပြိုင်ဘက်မဖြစ်နိုင်ချေ။ သို့သော် မဆိုင်းမတွဘဲ သတ်ဖြတ်ခြင်းဆန္ဒကို ထုတ်ဖော်လိုက်၏။

အသိုက်မှောက်သောအခါ ဥများ မည်သို့ တည်မြဲနေနိုင်မည်နည်း။ ယခုအချိန်၌ မဝံ့သော် အနာဂါတ်တွင် ပို၍ဆိုးရွားပေမည်။

ထိုအသိသည် တွေဝေနေကြသည့် ယွမ်ဖူနယ်ပယ်ကျင့်ကြံသူများကို အံကြိတ်ပြီး တိုက်ပွဲအတွင်း ဝင်ရောက်လာစေ၏။

“ သတ် ... ။ ”

ခဏအတွင်း အနက်ရောင် ရေကြိုးများစွာ ထွက်ပေါ်လာပြီး ရေနက်ဓားရေးကို ဖော်ဆောင် လိုက်ကြတော့သည်။

***

All Chapters