← Chapters

ရေနက်ဓား လေ့ကျင့်ခြင်း ... ။

Vol. 14 Ch. 167

ရေနက်ဓား လေ့ကျင့်ခြင်း ... ။

Vol. 14 Ch. 167

ကူချန်က ပြန်ဖြေ၏။ ချင်မိသားစုတွင် ယွမ်ဖူနယ်ပယ်ကျင့်ကြံသူများ မည်မျှရှိမည်ကို မသိနိုင်သော်လည်း အင်ပါယာရုံးတော်ရှိ လူအုပ်ကိုမူ ရှင်းပစ်ခဲ့ချေပြီ။

ချင်မိသားစုသည် နှစ်ပေါင်း ရာနှင့်ချီ၍ ရှင်သန်နေထိုင်ခဲ့သဖြင့် သားစဉ်မြေးဆက်ပေါင်း (၁)သန်းနီးပါးရှိသည်။ ၎င်းတို့အားလုံးကို သတ်ရမည်ဆိုသော် အဓိပ္ပါယ်မရှိချေ။

ကျက်သရေဆောင်ခန်းမ အတွင်းရှိ ငြိမ်သက်နေသောလူအုပ်ကြီးမှာ ထိုစကားများ ကြားသောအခါ ရွှင်မြူးကုန်သည်။

ကူချန်ကြောင့်သာ မဟုတ်သော် ခုန်ပေါက်မြူးထူးမိပေမည်။ ဤသည်မှာ နေ့သစ် ဖြစ်သည်။ အာရုဏ်ဦးနှင့်အတူ ကူမိသားစု ဩဇာသည် လင်းလက်ပေတော့မည်။

ထို့ကြောင့် ခေါင်းဆောင်ကူအတွက် မြို့တော်များကို တိုက်ခိုက်ကာ ချင်မိသားစု၏ အမာခံနယ်မြေများထံ သိမ်းပိုက်ပေးခြင်းဖြင့် မျက်နှာသာရရှိပေမည်။

တစ်ဖက်တွင် ကူဖုန်းသည်လည်း အချိန်အတော်ကြာအောင် တိတ်ဆိတ်နေသည်။ တော်ဝင်မိသားစုသည် သူ့အတွက် ကြီးမားသော တောင်တန်းကြီးပေပင်။

ယခုမူ သူ့သားလက်၌ ပျောက်ကွယ်သွားပြီဖြစ်၏။ မထင်ထားမိချေ။ ကူချန်က လူအုပ်ကြီးထံ တစ်ချက်ကြည့်ပြီး၊

“ ကျန်တာတွေကို မင်းတို့အတွက် ထားခဲ့မယ် လင်းရင်ဘုံကျောင်း ပြန်မဆောက် နိုင်ခင် ... ဒီမှာငါရှိနေမယ်။ ”

-ဟု ပြောကြားလိုက်သည်။ လူတိုင်း အသက်ဝင်လာပြီး ခေါင်းညိတ်လိုက်ကြ၏။

“ နားလည်ပါပြီ သခင်ငယ်။ ”

***

အမျိုးသားဥယျာဉ်တွင် အမျိုးမည်မသိ ပန်းများနှင့်မက်မွန်ရနံ့များ ထုံမွှန်းနေချေပြီ။ ဤစံအိမ်တွင် သူ မနေတော့သည်မှာ ကြာပြီ ဖြစ်သည်။

သို့သော် ဖခင်သည် နေ့တိုင်းသန့်ရှင်းရေး လုပ်ရန် တစ်ယောက်ယောက်ကို စေလွှတ်ပေး သည်။ ထို့ကြောင့် တောက်ပြောင်နေသော နေအိမ်အတွင်း လှမ်းဝင်လာခဲ့၏။

ချင်မိသားစုသည် နှစ်ပေါင်းရာနှင့်ချီ၍ ဖူစုကိုအုပ်စိုးခဲ့သည်။ ဖူစုသည် သေမျိုးနိုင်ငံပင် ဖြစ်သော်လည်း ကျယ်ပြောသောဧရိယာကို ပိုင်ဆိုင်ထားသည်။

ထို့ကြောင့် နှစ်ပေါင်းများစွာ အုပ်စိုးခွင့်ရခြင်းသည် တော်ဝင်မိသားစုအပေါ် ကြွယ်ဝလာစေသည်။

သိုလှောင်လက်စွပ်များတွင် ရွှေ၊ ငွေ၊ ရတနာများ အပြင်၊ အဖိုးတန်သတ္တုများ၊ ဝိညာဉ် ပစ္စည်းများ၊ ဝိညာဉ်ရေးဆေးများနှင့် အခြားအရာများစွာ ပါရှိနေ၏။

အဖိုးတန်သတ္တုများ၊ ဝိညာဉ်ရေး သစ်သီးများနှင့် ဆေးဘက်ဝင်အပင်များကို ကြယ်ကမ္ဘာအတွင်း ပြောင်းလဲလိုက်သည်။

ထို့နောက် ယွမ်ဖူနယ်ပယ်များ၏ သိုလှောင်လက်စွပ်များထံ စစ်ဆေးကြည့်၏။ အလားတူပင် ရှားပါးဆေးဘက်ဝင်အပင်များနှင့် သတ္တုများကို ပြောင်းလဲသိမ်းဆည်းကာ ကျန်အရာများထံ စစ်ဆေးသည်။

လျှို့ဝှက်နည်းစနစ်များ၊ ကျင့်ကြံမှု နည်းစနစ်များကို ဦးစားပေး၏။ ဤသည်မှာ အနာဂတ်တွင် ကူမိသားစု၏ အုတ်မြစ် ဖြစ်လာ ပေမည်။ အခြားအရာများထက် တန်ဖိုးရှိ၏။

များမကြာမီ ကျင့်ကြံမှုနည်းစနစ် (၅)ပါးနှင့် လျှို့ဝှက်နည်းစနစ်(၂၁)ခု ပါရှိသော ကျောက်စိမ်းတုံးများကို တွေ့ရှိလာသည်။

ယင်းသည် နည်းပါးလှသော အရေအတွက်မဟုတ်ချေ။ ကျင့်ကြံမှုနည်းစနစ် (၅)ပါးအနက် (၂)ပါးသည် သူ့ကို ဆွဲဆောင်ထား၏။

ပထမတစ်ပါးသည် ချင်မိသားစု၏ အမွေခံကျင့်ကြံမှုနည်းစနစ်ဖြစ်သော ရေနက် ဓားနည်းစနစ်ပေပင်။

ဒုတိယတစ်ပါးမှာ မီးတောက်သုံးပါး နည်းစနစ်ဖြစ်သည်။ အလွန် အစွမ်းထက်သည့် မီးစွမ်းအင်နည်းစနစ်တစ်ရပ်ပေပင်။

ကျန်(၃)ပါးသည် ကောင်းမွန်သော ကျင့်ကြံမှုနည်းစနစ်များ မဟုတ်ချေ။ စွဲမြဲစွာ ကျင့်ကြံခြင်းဖြင့် အကျိုးဆက်များ ဆိုးရွားလာပေမည်။

ရေနက်ဓား နည်းစနစ်သည် သူ့ကို စိတ်ဝင်စားစေ၏။ မီးတောက်သုံးပါးအတွက်မူ သဘာဝမီးတောက် ပိုင်ဆိုင်ထားသဖြင့် စမ်းကြည့်လိုသည်။

ကျင့်ကြံခြင်း နည်းစနစ်များသည် ကွဲလွဲသော်လည်း အချင်းချင်းဆက်နွယ်မှုများ မရှိကြချေ။ ထို့ကြောင့် ပူးတွဲလေ့ကျင့်နိုင်မည်။

ဥပမာ လေဟာနယ် ဓားသုတ္တန်နှင့် ဤရေနက်ဓားကျင့်ကြံမှု နည်းစနစ်များပေပင်။ တစ်ဖက်တွင် ရေနက်ဓားနှင့် မီးတောက် သုံးပါးကဲ့သို့ ဆန့်ကျင်ဘက် သဘာဝများလည်း ရှိသေးသည်။

၎င်းတို့မှ ထွက်လာသော ချီသည် ဂုဏ်သတ္တိများအချင်းချင်း ဆန့်ကျင်ကြသဖြင့် ပူးတွဲလေ့ကျင့်၍မရချေ။ ပေါက်ကွဲနိုင်မည်။

သို့သော် ထိုသို့သောနည်းစနစ်များကို ပေါင်းစပ်လေ့ကျင့်ပြီး အသွင်ပြောင်းကုန်သော ပါရမီရှင်များလည်း ရှိသည်။ ထိုသူများသည် ဒဏ္ဍာရီအရ ရှားပါးချေပြီ။

ဤကျင့်ကြံမှုနည်းစနစ်နှစ်ရပ်နှင့် နှိုင်းယှဉ်သောည် လေဟာနယ်ဓားသုတ္တန်သည် တာအိုကျမ်းနှင့်ပိုတူသည်။

၎င်းသည် တစ်စုံတစ်ဦး၏ စစ်မှန်သောချီ၊ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို ကျင့်ကြံခြင်းမျိုး မဟုတ်ဘဲ လေဟာနယ်ဓားတာအိုအပေါ် ဦးတည်သည်။

ထို့ကြောင့် လေဟာနယ်ဓားသုတ္တန်သည် စွမ်းအင်ကျင့်ကြံမှုနည်းစနစ် ဖြစ်နေသော်လည်း အခြားသော ကျင့်ကြံခြင်းနည်းစနစ်များဖြင့် တွဲဖက်နိုင်မည်။

ဆိုလိုသည်မှာ လေဟာနယ်ဓားသုတ္တန်ကို လျှို့ဝှက်နည်းစနစ်၊ ရွေ့လျားမှု နည်းစနစ်နှင့် ကျင့်ကြံမှုနည်းစနစ်များဖြင့် တွဲဖက်နိုင်သည်။

“ ငါ့မှာ ... သဘာဝမီးတောက်ရှိတယ် ကျန်းချီကို ရေနက်ကြိုးမျှင်အဖြစ် ပြောင်းလဲ နိုင်ရင် အကျိုးဆက်က စိတ်ဝင်စားစရာ ကောင်းလာနိုင်မယ်။ ”

ဤသည်မှာ ရေနှင့်မီး ဆန့်ကျင်ဘက် ဒြပ်သဘာဝပေပင်။ ဒဏ္ဍာရီလာ ပါရမီရှင်သာ အောင်မြင်နိုင်မည်။

လက်ရှိအချိန်တွင် ကူချန်တစ်ယောက် တတ်နိုင်သမျှ ဝှက်ဖဲများကို တိုးပွားလာစေရန် အရေးတကြီး လိုအပ်နေသည်။

သူ့သည်လေဟာနယ်ဓားသုတ္တန်ရှိ လေဟာနယ်စွမ်းအားနှင့် ရှေးဦးကောင်းကင်ဘုံ ဓားအစီရင်သာ ကျွမ်းကျင်သည်။

လေဟာနယ်စွမ်းအားသည် အလွန်ပြင်းထန်သော ပေါက်ကွဲစွမ်းအားနှင့် သေစေနိုင်သောတိုက်ခိုက်မှုဖြစ်၏။ ထိုဓားသည် ရန်သူကို ခြိမ်းခြောက်နိုင်မည်။

ရှေးဦးကောင်းကင်ဘုံ ဓားအစီရင်မှာမူ အဖျက်စွမ်းအားကြီးမားသော ဓားအစီရင်တစ်ခု ဖြစ်သည်။

တစ်ဖက်တွင် ကျင့်ဟုန်ဖူသည် လှုပ်ရှားမှုနည်းစနစ်မဟုတ်ချေ။ အမြန်းနှုန်းကို မြှင့်တင်နိုင်သည့် ရွေ့လျားမှုနည်းစနစ်ဖြစ်၏။

ကျန်ရှိနေသော သုတ္တန်များသည် အဂ္ဂိရတ်ပညာနှင့် ဝင်္ကပါအစီရင်များအတွက် အချက်အလက်များဖြစ်သည်။

ဝင်္ကပါအစီရင်များသည် ပြင်ပအင်အားတစ်ခုသာဖြစ်ပြီး အချိန်တစ်ခု ပေးရချေမည်။

ထို့ကြောင့် သန့်စင်သောမီးတောက်ဖြင့် လှုပ်ရှားမှုပညာရပ်တစ်ခုကိုသာ ကျွမ်းကျင်သော် တိုက်ပွဲတွင် များစွာအကူအညီရမည်။

လျှို့ဝှက်ဆန်းကြယ်သော အသံသည် အစွမ်းထက်သော ကျင့်ကြံမှုပညာရပ်များစွာကို ပေးအပ်သော်လည်း လျှို့ဝှက်နည်းစနစ်များ မပါဝင်ခဲ့ချေ။

(လျှို့ဝှက်နည်းစနစ်၊ ကျင့်ကြံမှုနည်းစနစ်၊‌ ရွေ့လျားမှုနည်းစနစ်။)

ထို့ကြောင့် ရေနက်ဓားနည်းစနစ်နှင့် မီးတောက်သုံးပါးနည်းစနစ်ကို စိတ်ဝင်စားခြင်း ဖြစ်သည်။

၎င်းသည် ရေမူလအပေါ်ထိန်းချုပ်ပြီး တိုက်စစ်နှင့်ခံစစ်ကို ပူးတွဲအသုံးပြုနိုင်မည်။ ရေနက်ဓားသည် မယုံနိုင်လောက်အောင် လေးလံပြီး အစွမ်းထက်သည်။

“ မနက်ခင်းမြူခိုးတွေလို များပြားလှတဲ့ ဝိညာဉ်စွမ်းအင်အတွင်းမှာ မြှပ်နှံပြီး ရေအဖြစ် စီးဆင်းလိုက်ပါ ... ဓားတစ်လက် မြစ်တစ်စင်း ... ဓားတစ်သောင်း မြစ်တစ်သောင်း ...

... ဦးစွာ စစ်မှန်သောချီကို ရေချီများအဖြစ်ပြောင်းလဲပါ ထို့နောက် ရေမူလ အဖြစ် သန့်စင်ပြီး ခရမ်းရောင်နယ်မြေမှာ သိမ်းဆည်းပါ ... ။ ”

ဤနည်းဖြင့် သာမန်ရေထက် ဆယ်ဆသိပ်သည်းသော ရေချီကိုရရှိနိုင်မည်။ အချို့သော ရေမူလများသည် အဆတစ်သိန်း၊ အဆတစ်သောင်း လေးလံကြ၏။

သိပ်သည်းဆ များသည်နှင့်အမျှ ရေအရောင်သည် ပို၍ နက်မှောင်လာပေမည်။ ထို့ကြောင့် ရေနက်ဓားဟု ခေါ်ခြင်းပေပင်။

ဤနည်းစနစ်သည် ထင်သလောက် မရိုးရှင်းချေ။ သိပ်သည်းဆ သန်းချီသွားသော် မည်သူမျှ ခုခံနိုင်တော့မည် မဟုတ်ဟု ယုံကြည်၏။

ထိုအချိန်တွင် အနက်ရောင် ရေစက်တစ်စက်သည် နတ်တောင်တစ်လုံးလို လေးလံပြီး ကမ္ဘာကြီးကို ဖျက်ဆီးနိုင်မည်။

ရေတစ်စက်ဖြင့် ကောင်းက်ငကို ကြေမွှစေနိုင်၏။ မည်မျှ ကြောက်စရာကောင်း မည်နည်း။ အဆုံးတွင် မှတ်တမ်းအချို့ပါရှိသည်။

ထိုမှတ်တမ်းသည် ဖူစုနိုင်ငံကို တည်ထောင်သူ ဧကရာဇ်ချင်ကျန့်ချန်ထားခြင်း ဖြစ်၏။ အကြောင်းအရာသည် ရေနက်ဓား၏ မူလကို ဖော်ပြထားခြင်း ဖြစ်သည်။

ဆိုလိုသည်မှာ ဤနည်းစနစ်သည် လျှို့ဝှက်နယ်မြေတစ်ခုမှ တွေ့ရှိလာခဲ့သော ကျင့်ကြံမှုနည်းစနစ် အပိုင်းအစတစ်ခု ဖြစ်၏။ အနက်ရောင်ရေနှင့် ဓားဟူသော အမည်ကြောင့် ရေနက်ဓားဟု အမည်ပေးထားသည်။

အနက်ရောင်ရေကို သန့်စင်စေသည့် နည်းလမ်းသည် လွယ်ကူသော်လည်း ဓားအဖြစ် ပေါင်းစပ်အသုံးပြုခြင်းသည် ခက်ခဲ၏။ သူ့အတွက်မူ ထိုမျှမဟုတ်ချေ။

လေဟာနယ်ဓားသုတ္တန်၊ ချင်းမူဖန်တီးခြင်းသုတ္တန်၊ ကောင်းကင် မြေကြီး ဆေးမီးဖိုသုတ္တန်တို့သည် ဤနည်းစနစ်ထက် ပို၍နက်နဲသည်။

၎င်းတို့သည် သုတ္တန်အဆင့်ရှိကြသဖြင့် ပညာရပ်အပိုင်းအစမျှသာဖြစ်သော ရေနက်ဓား နည်းစနစ်အပေါ် လွယ်ကူစွာနားလည်နိုင်မည်။

ရေနက်ဓားသည် အခြားသော နည်းစနစ်များထက် သာလွန်သည့်စွမ်းရည်ရှိ၏။ ငှက်များအကြား ကြိုးကြာတစ်ကောင်ပေပင်။

“ ဒီနည်းစနစ်ကို ရေနက်ဓားလမ်းညွှန်ချက်လို့ ခေါ်သင့်လား ... ။ ”

လက်ရှိ ရေနက်ဓားသည် အခြေခံပညာရပ်များသာဖြစ်သည်။ ထို့ကြောင့် ၎င်းနည်းစနစ်၏ အဆင့်ကို မဆုံးဖြတ်နိုင်ချေ။ အနည်းဆုံးတော့ မီးတောက်သုံးပါး ကျွမ်းကျင်မှုထက် သာလွန်သည်။

မီးတောက်သုံးပါး ကျွမ်းကျင်မှုသည် မီးတောက်ကို ထိန်းချုပ်ခြင်း ပုံစံမျှသာဖြစ်၏။ ရေနက်ဓားကဲ့သို့ တိုက်ပွဲအတွင်း အလှည့်အပြောင်း မရှိချေ။

ဤသည်မှာ ပထမဆုံးအကြိမ် သင်ယူခြင်းဖြစ်သည်။ သည်မတိုင်မီ နားလည်မှု များသည် မွေးရာပါတတ်ကျွမ်းမှုများဖြစ်၏။

ဆိုလိုသည်မှာ ထိုအသံကြားပြီးနောက် စွမ်းရည်များနိုးထသကဲ့သို့ပေပင်။ မေ့နေသော အကြောင်းအရာများ သတိရလာခြင်းနှင့်တူ၏။

အရေးကြီးသည်မှာ အသံရှင်သည် သူကျွမ်းကျင်သွားသည်ဟု အခိုင်အမာဆိုသည်။ ရေနက်ဓား အတွက်မူ မတူချေ။

လအနည်းငယ် ကုန်လွန်သွားသည်။ ကူချန်တစ်ယောက် နေ့စဉ်တွက်ချက်ပြီးနောက် ဝိညာဉ်စွမ်းအင်များ အထူထပ်ဆုံးသော ဒေသထံ နေ့စဉ်ဦးတည်ခဲ့၏။

မနက်ခင်း မြူခိုးများ ကျဆင်းချိန်တွင် ယင်နှင့်ယန်ပေါင်းဆုံကြသည်။ ထိုအချိန်သည် ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်များ အသိပ်သည်းဆုံးဖြစ်၏။

ဤအခိုက်အတန့်တွင် အမျိုးမျိုးသော ဝိညာဉ်စွမ်းအင်များလည်း မွေးဖွားလာပေမည်။ ထိုအချိန်ရှိ ရေစွမ်းအင်သည် သဘာဝအတိုင်း သန့်စင်ချေ၏။

ဤရက်များအတွင်း သူသည် ရေစွမ်းအင်လမ်းကြောင်းများကို ဖန်တီးထား နိုင်ခဲ့သည်။ ထို့ကြောင့် ရေစွမ်းအင်များသည် ထိုလမ်းကြောင်းများမှတဆင့် ခန္ဓာကိုယ်အတွင်း လှည့်ပတ်စီးဆင်းနေ၏။

၎င်းတို့သည် ခရမ်းရောင်နယ်မြေထဲ ဝင်ရောက်လာသောအခါ စစ်မှန်သောချီသည် ရေချီများအဖြစ် ပြောင်းလဲသွားချေပြီ။

ထို့နောက်တွင် ဒုတိယအဆင့်ဖြစ်သော ဟန်မြစ်ကမ်းဆီသို့ လျှောက်လှမ်းလာခဲ့သည်။ ရေမူလကိုသန့်စင်ရန် အချိန်သုံးလကြာ၏။

လက်ရှိအချိန်၌ ခရမ်းရောင် နန်းတော်အတွင်း ရေမူလမျိုးစေ့ (၉)စေ့ကို သိမ်းဆည်းထားနိုင်ပြီ ဖြစ်သည်။

ထိုရေမူလများသည် မီးတောက်ကို စက်ဝိုင်းပုံဝိုင်းရံနေချေပြီ။ အတွင်းရှိ သဘာဝ မီးတောက်သည် တဖျစ်ဖျစ်မြည်နေ၏။

သန့်စင်သော ဝိညာဉ်မီးတောက်သည် သူ့အပေါ်ဖိနှိမ်လိုသော ရေမူလ(၉)စေ့အပေါ် တွန်းထုတ်ပစ်လေသည်။ ရေမူလများမှာ နေရာအနှံ့ပျံ့ကားသွား၏။

ဤသည်မှာ အဓိပ္ပါယ်ရှိသည်။ ၎င်းတို့သည် သာမန်ရေထက် ဆယ်ဆမျှပိုလေးသော်လည်း နဝမတန်းအဆင့်၌သာ ရှိ၏။

ထို့ကြောင့် ဆဠမတန်း သဘာဝမီးတောက်တစ်ခုကို မနှိမ်နင်းနိုင် သည်မှာ သဘာဝပေပင်။ ကံကောင်းစွာဖြင့် ရေမူလများသည် ဝိညာဉ်မရှိချေ။

သူ့ဆန္ဒအတိုင်း သန့်စင်သော ဝိညာဉ်မီးတောက်ကို ပြန်လည်ဝိုင်းရံတော့၏။ မဟုတ်သော် ကြောက်လန့်ကာ မီးတောက်နှင့် ဝေးရာသို့ ပြေးပေမည်။

များမကြာခင် ခရမ်းရောင်နန်းတော် ကောင်းကင်၌ နေကိုးစင်း၊ ဝိညာဉ်မီးတောက်နှင့် အနက်ရောင် ရေမူလများထံ ကြည့်ကာ ကျေနပ်သွားတော့၏။

“ အဆတစ်ထောင် ... အဆတစ်သောင်းပိုသိပ်သည်းတဲ့ ရေမူလကို ငါဘယ်လိုသန့်စင်ရမလဲ။ ”

ကူချန်တစ်ယောက် ကျောက်တုံးပေါ် တင်ပျဉ်ခွေထိုင်နေရာမှ မျက်လုံးများဖွင့်ကာ ရေရွတ်လိုက်၏။

ရက်ပေါင်းများစွာ ကြာသည့်တိုင် ထိုမေးခွန်းအတွက် အဖြေရှာ မရသေးချေ။ မတ်တပ်ထရပ်ပြီး သက်ပြင်းချလိုက်၏။

လက်နှစ်ဖက်နောက်ပို့လျက် မြစ်ပြင်ကို ငေးမောနေခဲ့သည်။ နေရောင်ခြည်အောက်တွင် လှိုင်းကြက်ခွပ်များ ငွေရောင်တလက်လက် တောက်ပနေ၏။

“ ထွက်လာ ... ။ ”

“ ခရစ် ... ။ ”

“ ဝူး ... ။ ”

အမိန့်ပေးသံ ခပ်တိုးတိုးပျံ့လွင့်သွားစဉ် မြစ်ပြင်တစ်လျှောက် အသံများဆူညံလာသည်။ များမကြာခင် ပေရာနှင့်ချီသော အနက်ရောင် ရေကြိုး(၉)ချောင်း ပျံတက်လာတော့၏။

***

All Chapters