← Chapters

မိုးရွာခြင်း ... ။

Vol. 14 Ch. 168

မိုးရွာခြင်း ... ။

Vol. 14 Ch. 168

အနက်ရောင် ရေကြိုး (၉)ချောင်းသည် ကြည်လင်ပြတ်သားသော အသွင်အပြင်မျိုးဖြင့် သလင်းကျောက်ကဲ့သို့ ထင်ရှားနေသည်။

တိကျသော ပုံစံအနေအထား မရှိချေ။ ရိုးရှင်းပြီးရှေးဆန်သော ကျက်သရေမျိုးပေးစွမ်း လေသည်။

“ လာ ... ။ ”

လက်ကို ရုတ်တရက်ရွှေ့လိုက်စဉ် ရေကြိုးတစ်ချောင်းသည် ရေနက်ဓားအဖြစ် ပြောင်းလဲရောက်ရှိလာသည်။

အေးစက်ပြီး လေးလံကာ သူ့လက်ထဲ ထူးခြားသော ခံစားချက်ပေးသည်။ ရေသဘာဝ ပျော့ပျောင်းမှုကိုလည်း ခံစားရ၏။ ယင်းသည် ကျောက်ဆောင်ပေါ် ဖုံးအုပ်ထားသော ရေမှော်ကဲ့သို့ ထင်မှားစေသည်။

“ ခံစားရ တကယ်ကောင်းတယ်။ ”

ဤဓားသည် ပေါင်သန်းရာချီ အလေးချိန်ရှိသော်လည်း သူ့စိတ်ဝိညာဉ်နှင့် ချိတ်ဆက်ထားသည်။

ချီစုစည်းခြင်းနယ်ပယ်သည် ပေါင်တစ်သောင်းခွန်အားကို ပိုင်ဆိုင်ထားပြီး၊ ရှန်ရှင်းနယ်ပယ်သည် ပေါင်တစ်သိန်း ပိုင်ဆိုင်သည်။

ခရမ်းရောင်နေမင်း နယ်ပယ်အတွက် ပေါင်သန်းတစ်ရာဟူသည် အနည်းငယ်လေးလံ နေဆဲဖြစ်သည်။

ဆိုလိုသည်မှာ ရေနက်ဓားတစ်လက်ကို အသုံးပြုလိုသော် စွမ်းအင်သုံးစွဲမှု ပမာဏသည် အခြားသော ဝိညာဉ်ရေးလက်နက်များထက် များစွာပိုချေမည်။

ဥပမာအားဖြင့် သူ၏ ဝိညာဉ်ရေးဓား (၁၂)လက်သည် ပေါင်(၁၀၀)ခန့်သာ အလေးချိန် ရှိသည်။ ရေနက်ဓားဖြင့် လုံးဝမယှဉ်နိုင်ချေ။

ရေနက်တစ်စက်သည်ပင် သူ့ဝိညာဉ်ရေးဓားများထက် ပိုလေးလံသည်။ ရေနက်ဓားများသည် သိပ်သည်းလာသည်နှင့် အမျှ အလင်းကိုပင် စုပ်ယူနိုင်၏။

သာမန်အဆင့်နိမ့် ဝိညာဉ်ရေး လက်နက်များအနေဖြင့် ရေနက်ဓားများကို မယှဉ်နိုင်ချေ။

လက်ရှိရေနက်ဓားသည် သလင်းကျောက် ကဲ့သို့ ဖောက်ထွင်းမြင်နေရသဖြင့် ထိုအဆင့်ဖြင့် ဝေးကွာနေသေးသည်။

ဝိညာဉ်စွမ်းအင်ကို အားကိုးခြင်းဖြင့် ထိုအဆင့်ရောက်ရန် မဖြစ်နိုင်ချေ။ ကောင်းကင် မြေကြီးကြား ဝိညာဉ်မီးတောက်များကဲ့သို့ သဘာဝရေမူလရင်းမြစ်များ ရရန်လို၏။

ဤကမ္ဘာကြီး၌ ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေကြီး၊ လေ၊ မိုးကြိုး၊ အလင်းနှင့် အမှောင်ဟူ၍ စွမ်းအင်ကိုးပါးရှိသည်။

အသုံးအများဆုံးမှာ ရွှေ၊ သစ်သားနှင့် မြေကြီးဖြစ်၏။ ရွှေသည် ရှားပါးအဖိုးတန်သော သတ္ထုများမှ ရရှိနိုင်မည်။

သစ်သားကိုမူ မြင့်မြတ်သော သစ်ပင်များစွာနှင့် မှော်ဆေးပင်များမှ ရနိုင်မည်။ မြေကြီးသည် ဝိညာဉ်စွမ်းအင် ကြွယ်ဝသော ရတနာနယ်မြေများတွင် ရှိ၏။

အခြားသော စွမ်းအင်များကို ထူးခြားသော အထူးလျှို့ဝှက်နယ်မြေများတွင် မွေးဖွားတွေ့ရှိ နိုင်မည်။

အတွေးဖြင့် ရေနက်ဓားများကို လေဟာနယ်ဓားများဖြင့် ပေါင်းစပ်ရန် ကြံရွယ် လိုက်သည်။

တခဏအတွင်း ရေနက်ဓားများသည် ဆယ်ပေခန့်ရှည်သော အနက်ရောင်နဂါးများ အဖြစ်သို့ ပြောင်းလဲလာကာ လှည့်ပတ် သွားလာနေတော့၏။

“ ဘောင်း ... ။ ”

ရုတ်တရက် ပေါက်ကွဲသံများ ထွက်ပေါ်လာကာ ရေနဂါးရှစ်ကောင်သည် အနက်ရောင် ရေမှုန်များအဖြစ်သို့ ကွဲကြေသွားလေသည်။

“ မဟုတ်သေးဘူး ... ။ ”

ရေစက်များ လေထုအလယ် ပျံ့ကျဲကာ ရပ်တန့်နေသည်။ ကူချန်မှ ခေါင်းခါရမ်းတော့၏။ ဤအနက်ရောင်ရေသည် အခြားရေများထက် ဆယ်ဆပိုလေးသည်။

၎င်းနည်းစနစ်၏ လုပ်ငန်းစဉ်အပေါ် နှစ်ပိုင်းခွဲခြားထားသည်။ ပထမလုပ်ငန်းစဉ်သည် ရေမူလကို ပေါင်းစည်းရန်ဖြစ်၏။

ဒုတိယ လုပ်ငန်းစဉ်တွင် ဓားအသွင် ပြောင်းခြင်းပေပင်။ ရေမူလသည် ရေဓား၏ အုတ်မြစ်ဖြစ်ပြီး ထိုအုတ်မြစ်အားကောင်းလေ ရေဓားများ ပို၍ထက်ရှလာလေပင်။

ရေစက်တစ်စက်သည် ဆယ်ဆလေးကာ ရေဓားအဖြစ်ပေါင်းစပ်ပြီးနောက် အလေးချိန်မှာ အဆပေါင်းများစွာတိုး၏။

ထို့ကြောင့် အာရုံစိုက်ရပေမည်။ အတွေးများဖြင့် လေထုထဲရှိရေစက်များကို ထပ်မံပေါင်းစပ်သည်။

ရေစက်ပေါင်း ထောင်ဂဏန်းခန့်ကို ပေါင်းစည်းရန် ရေတစ်စက်ခြင်းအပေါ် ဝိညာဉ် အသိများ ဖုံးလွှမ်းထားရသည်။ လုပ်ငန်းစဉ်မှာ နှေးကွေးပြီး ဝိညာဉ်ကို ပင်ပန်းစေ၏။

“ ကန့်သတ်ချက် ပြည့်သွားပြီလား။ ”

အသက်ပြင်းပြင်းရှူလျက် လေထုအလယ်ရပ်တန့်နေသော ရေစက်‌များထံ ကြည့်လိုက်သည်။ ရေတစ်စက်သည် ပေါင်(၁)သိန်းလေး၏။

ထို့ကြောင့် ၎င်းတို့ဖြင့် ဓားအဖြစ် ထိန်းချုပ်ခြင်းသည် များစွာဝန်ဖြစ်စေသည်။ ရုတ်ချည်းအတွေးပေါ်လာကာ ရေတစ်စက်ကို ဓားငယ်အဖြစ် ပြောင်းလဲလိုက်၏။

တစ်လက်မခန့် ရေနက်ဓား ထွက်ပေါ်လာသည်။ ပြုံးလျက် ကျန်ရေစက်များ အပေါ် ထပ်မံပြောင်းလဲပြီး တောအုပ်အတွင်း ပျံသန်းစေလိုက်၏။

“ သွား ... ။ ”

ထောင်ပေါင်းများစွာသော အနက်ရောင်ဓားငယ်များမှာ ကျိုင်းကောင်များ ကဲ့သို့ တောအုပ်ထဲ ပြေးဝင်သွားချေပြီ။

“ ရွှပ် .. ရွှပ် ... ရွှပ် ... ။ ”

အဆက်အပြတ် ပြတ်ရှသံများ ထွက်ပေါ်လာပြီး သစ်တောကြီး တစ်ခုလုံးသည် အပေါက်များဖြင့် ပြည့်နှက်ကာ နေရောင်များ နေရာအနှံ့ ပျံ့ကျဲကုန်ချေပြီ။

ရွှေရောင်ဖဲကြိုးများအလား သစ်ပင်ပင်စည်များနှင့် သစ်ရွက်များတွင် အလင်းပေါက်များ ဖြစ်ပေါ်နေ၏။

ထိုမြင်ကွင်းကို မြင်ရသောအခါ တစ်ကိုယ်လုံး ယားယံလာသည်။ မျက်ဝန်းများ တောက်ပလျက် ရေစက် အနည်းငယ်ဖြင့် ဓားပါးများဖန်တီးရန် အကြံရလာ၏။

ဤနည်းဖြင့် စိတ်ဝိညာဉ် ပင်ပန်းမှုကို လျော့ချနိုင်ပေမည်။ သက်ရောက်မှုမှာ များစွာ ကွာခြားမည် မဟုတ်နိုင်။

ထိုနောက် အနက်ရောင် ရေစက်များကို ဆယ်ဂဏန်းခန့်ကို တစ်အုပ်စုတစ်စု အဖြစ်သို့ ခွဲခြားကြည့်လိုက်သည်။

ထိန်းချုပ်ခြင်းပမာဏသည် ထောင်ဂဏန်းမှသည် ရာဂဏန်းသို့ ချက်ချင်း လျော့ကျလာချေပြီ။ အဆင်ပြေသွား၏။

ဤနည်းဖြင့် ဆက်၍ လေ့ကျင့် နေလိုက်သည်။ နာရီဝက် ကုန်လွန်ပြီးနောက် ရေစက်များကို ထိန်းချုပ်ရ လွယ်ကူလာ၏။

“ ပေါင်းစပ် ... ။ ”

ရေဘောလုံးငယ်များ အဖြစ်သို့ ပြောင်းလဲကာ ဦးခေါင်းအထက်တွင်ရေနံရံကို ဖန်တီးလိုက်သည်။

“ မျှော်လင့်ထားသလိုပဲ ... ဒီလိုပေါင်းစည်းခြင်းက စစ်မှန်သောစွမ်းအင်ကို အများကြီးသက်သာစေတယ်။ ”

ဦးခေါင်းအထက် ရေနံရံကို ကြည့်ကာ၊

“ ဒါဆို ရေမူလကို သိပ်သည်းဆ တစ်သောင်းဖြစ်စေဖို့ မလိုအပ်ဘူး ဓားအဖြစ် ပေါင်းစည်းချင်ရင် ... ရေမူလတွေကို များများ ပေါင်းထည့်ဖို့လိုတယ် ... ။ ”

-ဟု အတွေးပေါက်သွားသည်။

ဆိုလိုသည်မှာ အစွမ်းထက်သော ရေနက်ဓားတစ်လက် ဖြစ်စေရန် ရေစက်များကို ပမာဏများများ ပေါင်းထည့်ခြင်းဖြင့်ရနိုင်၏။

သို့သော် ထိုသို့သော လုပ်ငန်းစဉ်သည် စစ်မှန်သောချီကို ပိုမိုအပ်ပြီး ဖိသိပ်မှုပမာဏ မြင့်မားလေ ကျန်းချီပိုကုန်လေပေပင်။

ဤနည်းဖြင့် ရေနက်ကြိုး(၉)ချောင်းကို ရေမှုန်တစ်စက်အဖြစ် ပေါင်းစည်းနိုင်ပေမည်။ သို့သော် ကျန်းချီကုန်ဆုံးမှုသည် သူ့ကို အသက်ရှူကြပ်စေနိုင်၏။

“ ကောင်းပြီ ... အနာဂါတ်မှာ ရေမူလရင်းမြစ်တွေရှာဖို့ အာရုံစိုက်ရမယ်။ ”

ဤနည်းဖြင့် ခရမ်းရမ်းရောင်နန်းတော် အတွင်းရှိ ရေမူလ(၉)ပါး၏ သိပ်သည်းဆများ တိုးကာ ကျန်းချီကုန်ဆုံးမှုလျော့ချနိုင်၏။

မည်သို့ပင်ဆိုစေကာမူ လက်ရှိရလာဒ်သည်လည်း မဆိုးချေ။ ထို့နောက် သစ်တောအတွင်းရှိ အလင်းပေါက်များထံသို့ ပြန်လှည့်ကြည့်လိုက်သည်။

“ ဒီလှုပ်ရှားမှုကို ... မိုးရွာခြင်းလို့ ခေါ်ရအောင်။ ”

***

All Chapters