← Chapters

ထူးဆန်းသော ဖြစ်စဉ်များ။

Vol. 14 Ch. 170

ထူးဆန်းသော ဖြစ်စဉ်များ။

Vol. 14 Ch. 170

“ အဟမ်း ... ငါ့မှာ ဒီသဘောမျိုးမရှိဘူး။ ”

တာအိုချင်းရှမှ ချောင်းဟန့်လျက် ငြင်းဆန်သည်။ ကူချန်က သူ့ကိုအကဲခတ်ပြီး ဆက်မပြောတော့ချေ။

လက်နှစ်ဖက်နောက်ပို့လျက် ကြိုးကြိုးစားစား အလုပ်လုပ်နေသည့် အလုပ် သမားများထံ ငေးကြည့်နေခဲ့သည်။

တာအိုချင်းရှသည် သူ့ဖခင်ကူဖုန်းထံမှ တောင်းဆိုမှုအချို့ ရရှိထားပုံပင်။ သူတို့နှစ်ဦးမှာ မကြာခဏဆိုသလို တွေ့ဆုံဖြစ်ကြသည်။

“ ဟမ့် ... ။ ”

ရုတ်တရက် ကူချန်တစ်ယောက် မျက်မှောင်ကြုတ်လျက် မြောက်ဘက်အရပ်သို့ မျှော်ကြည့်လိုက်လေသည်။ သူ့ ညာလက်ကို နှလုံးသားအပေါ် အလိုလိုဖိလိုက်မိ၏။

“ ဘာဖြစ်လို့လဲ ... ။ ”

သူ့ဘေးနားရှိ တာအိုချင်းရှသည် ထိုအမူအရာကိုသတိထားမိပြီး နားမလည်စွာ ပြန်မေးသည်။

“ မသိဘူး ... ရုတ်တရက် ငါ့နှလုံးသားတုန်လှုပ်သွားတယ်။ ”

ကူချန်မှ ခေါင်းခါယမ်းပြ၏။ ဤခံစားချက်သည် အနည်းငယ်မျှ နားမလည် နိုင်စရာဖြစ်နေသည်။ ယင်းသည် တစ်စုံတစ်ရာ ကြီးကြီးမားမား ဖြစ်ပျက်သွားပုံရ၏။

သူ့အဖြေကို ကြားသောအခါ တာအိုချင်ရှ၏အမူအရာသည် တဖြည်းဖြည်း လေးနက်သွားသည်။

“ ငါတို့က တာအိုကို ကျင့်ကြံတာမို့ ကောင်းကင်နဲ့ လူသား အပြန်အလှန်ချိတ်ဆက် နေကြတယ် ... ဆိုလိုတာက ကျင့်ကြံသူတွေက ကောင်းကင်နဲ့မြေကြီးကြား ဥပဒေသတွေ ပြောင်းလဲလာရင် ခံစားနိုင်တယ် ...

... ဒါကြောင့် ကျင့်ကြံသူတစ်ယောက် ရုတ်တရက် ခံစားချက်တစ်ခုခုရရှိလာရင် ဒါဟာ အကြောင်းရှိတာ သေချာတယ် သေချာပေါက် တစ်ခုခုဖြစ်လို့ ခံစားရခြင်းပဲ။ ”

“ ဆရာ ... ဒါဆို ငါ့ခံစားချက်အရ မြောက်ဘက်မှာ တစ်ခုခုဖြစ်ပျက်နေတာ သေချာတယ်လို့ မင်းပြောချင်တာလား။ ”

ကူချန်မှ စိတ်ဝင်စားလာသည်။ တာအိုချင်းရှက ခေါင်းညိတ်လျက်၊

“ သေချာသလောက်ပဲ ... ပြီးတော့ ဒီကိစ္စ မင်းနဲ့ဆက်စပ်မှု ရှိလောက်တယ် မဟုတ်ရင် မင်းဒီလိုခံစားရမှာ မဟုတ်ဘူး။ ”

-ဟု အတည်ပြုပေး၏။

“ ဟမ့် ... ကြည့်စမ်း ... ။ ”

ထို့‌နောက် တာအိုချင်းရှသည် အံ့သြတကြီးဖြင့် မြောက်ဘက်ကောင်းကင်ပေါ် ညွှန်ပြလိုက်လေသည်။

ကူချန်သည်လည်း လှည့်ကြည့်လိုက်၏။ အလွန်ထိတ်လန့်စရာကောင်းသော ဖြစ်စဉ်များ မြင်လိုက်ရချေပြီ။

“ အဲဒါဘာလဲ ... ။ ”

ထိုအရပ်တွင် ကောင်းကင်ကြီးတစ်ခုလုံး နီရဲနေသည်။ ထိုအနီရောင်သည် တိမ်တိုက်များ နှင့်အတူ တစ်စတစ်စ ပျံ့ကားလာနေ၏။

ကူချန်မှ ကံကြမ္မာမျက်လုံးဖြင့် ကြည့်လိုက်သည်။ သို့သော် မရေရာသော မြင်ကွင်းများသာ ခံစားနိုင်၏။

ဆိုလိုသည်မှာ ထိုအရပ်သည် သူတို့နှင့် လွန်စွာဝေးကွာလွန်းချေပြီ။ ဝိညာဉ်စွမ်းအင်များ ဖရိုဖရဲပြန့်ကားနေကာ မကောင်းဆိုးရွားများ၏ အငွေ့အသက်အချို့ လိုက်ပါနေသည်။

“ နတ်ဆိုး ... ။ ”

ကူချန်မှ သတိရသွားသည်။ တာအိုချင်းရှတစ်ယောက် အံ့အားသင့်စွာဖြင့် ကူချန်ထံ လှည့်ကြည့်ပြီး၊

“ ဟမ့် ... ဒါက နတ်ဆိုးစွမ်းအင်လား ... အရမ်းကျယ်ပြန့်ပြီး သိပ်သည်းလွန်းတယ် ဒါက ဘယ်အဆင့် နတ်ဆိုးလဲ။ ”

-ဟု မေးမြန်းလိုက်၏။

“ ဆရာ ... ဒီမေးခွန်း ငါမင်းကိုမေးရမှာ မဟုတ်ဘူးလား မင်းက ငါ့ထက်အသက်ပိုကြီးပြီး ငါ့ထက်အတွေ့အကြုံပိုရှိတယ် ... ပြီးတော့ မင်းကြုံဖူးတယ် မဟုတ်လား။ ”

ကူချန်မှ ကူကယ်ရာမဲ့စွာဖြင့် တုန့်ပြန်လိုက်သည်။ လွန်ခဲ့သောနှစ်များစွာတွင် နှင်းပန်းဓားကျောင်း၌ တာအိုချင်းရှသည် နတ်ဆိုးများကို မြင်ထားဖူး၏။

ထို့ကြောင့် သူ့ထက်သာလွန်သော အတွေ့အကြုံရှိချေပြီ။ သူ့စကားများကြောင့် တာအိုချင်းရှမှ၊

“ နတ်ဆိုးရောင်ဝါတွေ ထွက်လာချိန်မှာ ငါတို့အားလုံး ဘုံပျံလှေတွေပေါ် ရောက်နေပြီလို့ မင်းကိုပြောဖူးပါတယ် ...

... အချို့မြင်ကွင်းတွေကို မြင်နိုင်ပေမယ့် အဲဒါကအစပဲရှိသေးတာမို ဒီလိုအခြေအနေမျိုး တစ်ခါမှမမြင်ဖူးဘူး။ ”

-ဟု ရှင်းပြသည်။

ကူချန်တစ်ယောက် သက်ပြင်းချပြီး ခေါင်းယမ်းလိုက်လေသည်။ တာအိုချင်းရှခမျာ မျက်ခုံးပင့်သွား၏။

ဤသည်မှာ သူ့ကို စိတ်ပျက်စရာ ကောင်းသည်ဟု တစ်ဖက်လူမှ ပြောနေသလို ခံစားနေရသည်။

ယင်းအတွက် သူ့အပေါ် အပြစ်တင်၍ မရချေ။ ထိုစဉ်က သူသည် ပြင်ပတပည့်တစ်ဦး ဖြစ်ပြီး ကျင့်ကြံမှုပင် မရှိသေးချေ။

သူ့ပြောသမျှ တာအိုအသိအမြင်များသည် ယွမ်ဖူနယ်ပယ်၌ တစ်သက်လုံး ပိတ်မိနေသည့် အတွင်းတပည့်များအနက် အနားယူခဲ့ရသော ပြင်ပအကြီးအကဲများ၏ စကားများပေပင်။

နှင်းပန်းဓားဂိုဏ်းတွင် ရှန်ရှင်းနယ်ပယ် အောက်ရှိ မည်သူမဆို ပြင်ပတပည့်သာဖြစ်၏။ ရှန်ရှင်းနယ်ပယ် ရောက်မှသာလျှင် မျှော်လင့်ချက်ရှိပေသည်။

ထိုနယ်ပယ်တွင် ကျန်းချီသန့်စင်နိုင်ပြီး အစီရင်၊ အဂ္ဂိရတ်ပညာနှင့် ဝိညာဉ်ဆေးပင်များ စိုက်ပျိုးခြင်းတို့ကို သင်ယူနိုင်မည်။ ဤနည်းဖြင့် အတွင်းတပည့် စမ်းသပ်ကာလကို ဖြတ်သန်းရ၏။

အဆုံးတွင် ယွမ်ဖူနယ်ပယ်သည်သာ အတွင်းပတည့် ရာထူးကို အပြည့်အဝဖော်ညွှန်း ပေမည်။

“ မင်းလက်ချောင်းတွေ ဘာလုပ်နေတာလဲ တွက်ကြည့်ပါလား။ ”

တာအိုချင်းရှမှ ရုတ်တရက် အကြံပြုလေသည်။ ကူချန်က ခေါင်းခါပြပြီး၊

“ ဝေးလွန်းတယ် ... ငါ့တွက်ချက်နိုင်တဲ့ ဧရိယာကိုကျော်လွန်နေတယ်။ ”

-ဟု တုန့်ပြန်၏။

“ ဒါပေမယ့် ... ။ ”

သို့သော် ရုတ်တရက် အကြောင်းအရာတစ်ခုကို သတိရသွားတော့၏။ တာအိုချင်းရှမှ စိတ်မရှည်တော့ဘဲ။

“ ဒါပေမယ့် ဘာဖြစ်လဲ ... ။ ”

-ဟု အလျင်အမြန်ဝင်မေးသည်။

“ အဲဒီဘက်မှာ ချင်းယွမ်နိုင်ငံရှိတယ်။ ”

“ ဒါဆို ချင်းယွမ်နိုင်ငံမှာ တစ်ခုခုဖြစ်နေပြီလား။ ”

“ မဟုတ်ဘူး ... အိပ်မက်တစ္ဆေရေကန်ဘက်ဖြစ်နိုင်တယ်။ ”

“ အိမ်မက်တစ္ဆေရေကန်လား ... ။ ”

တာအိုချင်းရှမှ ထိုတည်နေရာ အတည်ပြုချက်ကို ခေါင်းညိတ်ပြလိုက်ပြီး၊

“ ဒဏ္ဍာရီအရတော့ ... အိမ်မက်တစ္ဆေ ရေကန်မှာ နတ်ဝိညာဉ်နန်းတော်သခင်နယ်ပယ် နတ်ဆိုးတစ်ကောင်ရှိတယ်လို့ ကြားဖူးတယ် အဲဒီနတ်ဆိုးလည်း ဖြစ်နိုင်ပါတယ် ...

... ဘာဆက်လုပ်မလဲ မင်းသွားကြည့်ချင်လား ငါလည်းလိုက်လို့ရပြီ သွားရအောင်။ ”

-ဟု ပြောကြားလိုက်၏။

ကူချန်မှ ခဏလောက်စဉ်းစားပြီး ခေါင်းယမ်းပြသည်။

“ မေ့လိုက်ပါ ... သူက ငါတို့ထက် သန်မာလွန်းတယ် ... ။ ”

လက်ရှိအခြေအနေရ ဖူစုကို စွန့်ခွာရန် မဖြစ်နိုင်သေးချေ။ ထို့ပြင် ဖူစုတွင်နေခြင်းသည် အနည်းငယ် အန္တရာယ်ကင်းပေမည်။

တာအိုချင်းရှကို ထားခဲ့မည်ဆိုလျှင်ပင် တစ်ဖက်လူသည် ယွမ်ဖူနယ်ပယ်၌သာ ရှိပြီး များစွာအသုံးဝင်ဦးမည် မဟုတ်ချေ။

အနားရှိ လက်သမားဆရာများသည် ပုံမှန်မဟုတ်သည်အခြေအနေကို တဖြည်းဖြည်း သတိထားမိလာပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်လာကြသည်။

အချိန်အတော်ကြာ စဉ်းစားပြီးနောက် ကူချန်တစ်ယောက် သက်ပြင်းချလိုက်သည်။ တာအိုချင်းရှမှ စိတ်ဝင်တစား မော့ကြည့်ပြီး၊

“ ဘယ်လိုလဲ ... ။ ”

-ဟု မေးမြန်းလာ၏။

“ ဒီလောက် အဝေးကြီးကနေတောင် ဒီလိုဖြစ်စဉ်တွေကို မြင်နေရတယ် ... ဟိုမှာဆို ဘယ်လောက်တောင် ပြင်းလိုက်မလဲ ...

... ဒါဟာ လူတိုင်းအတွက် အန္တရာယ်ကပ်ဆိုးကြီးတစ်ခု ဖြစ်လာစေမှာ ငါကြောက်မိတယ်။ ”

ထိုစကားကိုကြားပြီနောက် တာအိုချင်းရှတစ်ယောက် နှုတ်ဆိတ်သွား၏။ အဆုံးတွင် သက်ပြင်းချလျက်၊

“ ငါတို့နဲ့ ဝေးနေတာ ကံကောင်းတယ်။ ”

-ဟု ညည်းတွားလိုက်သည်။

“ ဒီလိုဖရိုဖရဲကမ္ဘာကြီးမှာ ခွန်အားက အရေးကြီးဆုံးပဲ ... လုံလုံလောက်လောက်သာ မသန်မာရင် လုပ်နိုင်တာ ဘာမှမရှိဘူး ... အခုဆို ဟိုမှာ ဘာဖြစ်နေမှန်းတောင် မသိနိုင်ဘူး။ ”

ကူချန်မှ ‌ရေရွတ်လိုက်လေသည်။ တာအိုချင်းရှတစ်ယောက် မျက်မှောင်ကြုတ်ပြီး၊

“ အဲဒီမှာ ဘာဖြစ်မှန်းတောင် ... ငါတို့မသိနိုင်ရင် ဘယ်လိုများ တန်ပြန်တိုက်ခိုက် နိုင်မှာလဲ။ ”

-ဟု ညည်းတွားပြန်၏။ ရုတ်တရက် ကူချန်တစ်ယောက် တစ်စုံတစ်ရာကို သတိရ လာသည်။

“ အဲဒီမှာ ဘာဖြစ်သွားလဲ ... ငါတို့ မသိနိုင်သေးပေမယ့် သိနိုင်တဲ့လူကိုတော့မေးလို့ ရပါတယ်။ ”

ထိုစကားကြောင့် တာအိုချင်းရှမှ အံ့သြသွားပြီး ကူချန်ထံ ပြန်မော့ကြည့်သည်။

“ ဘယ်သူလဲ ... ။ ”

***

All Chapters