ငရဲကိုးလွှာ မိစ္ဆာပေါင်းစည်းခြင်း ဝင်္ကပါ
Vol. 14 Ch. 172
ချူဖုန်းချွန်စကားကြောင့် ကူချန်မှ အနည်းငယ်ပြုံးပြီး လက်ဝှေ့ယမ်းပြလိုက်ရာ မက်မွန်ပွင့်ဝိုင် ပုလင်းနှစ်လုံးက စားပွဲပေါ် ရုတ်တရက် ပေါ်လာသည်။
“ မကြာသေးခင်က ငါဝိုင်နည်းနည်း ထပ်ချက်ထားတယ် တာအိုချူး မင်းကအရမ်း ကြင်နာတတ်တဲ့သူပါ အနှောင့်အယှက်မိတဲ့ အတွက် တောင်းပန်ပါတယ် ကျေးဇူးပြုပြီး ဒီဝိုင်နှစ်ပုလင်းကို လက်ခံပါ။ ”
ခရမ်းရွှေရောင် ဝိုင်ပုလင်း နှစ်လုံးက ချူးဖုန်းချွန်၏ မျက်လုံးများကို တောက်ပစေပြီး မငြင်းဆိုနိုင်ချေ။ သူသည် စပျစ်ရည်ကြိုက်၏။ မက်မွန်ပွင့်ဝိုင်သည် စွဲမက်ဖွယ်ပေပင်။
“ တာအိုချန်ရှန့်က အမြဲတမ်း ယဉ်ကျေးတယ် ... အဲဒါက ငါ့ကိုနည်းနည်းတော့ အရှက်ရစေပါတယ်။ ”
“ ဝိုင်ဟာ ရေလိုပါပဲ ယဉ်ကျေးနေဖို့ မလိုပါဘူး တာအိုချူ ... ။”
“ ဟား ဟား ဟား ... ဒါဆို ငါငြင်းမနေတော့ဘူး။ ”
ချူးဖုန်းချွန်က ရယ်မောလျက် လက်ဝှေ့ယမ်းလိုက်ရာ စားပွဲပေါ်ရှိ ဝိုင်ပုလင်း နှစ်လုံးပျောက်ကွယ်သွား၏။ ယင်းအစား ဝိုင်ပုလင်းတစ်လုံး ပေါ်လာသည်။
အထဲတွင် ခရမ်းရွှေရောင်အရည်များ တဝက်ခန့်ကျန်ရှိနေ၏။ ချူဖုန်းချွန်မှ ဖန်ခွက် နှစ်လုံးထုတ်ပြီး လောင်းငှဲ့ကာ၊
“ ဒီဝိုင်ပုလင်းကို နောက်ဆုံးတစ်ခေါက် တာအိုချန်ရှန့်ပေးခဲ့တာ အရမ်းကြိုက်လွန်းလို့ ဒီနှစ်တွေထဲမှာ နည်းနည်းပဲသောက်ခဲ့တယ် ...
... ဒါပေမယ့် အခု တာအိုချန်ရှန့်က ပုလင်းနှစ်လုံးထပ်ပေးတော့ ဒီမက်မွန်ပွင့်ဝိုင် တစ်ဝက်နဲ့ ဧည့်ခံပြီးတော့ ... အလှူရှင် လက်ဖက်နဲ့ မျက်နှာလုပ်ပါရစေ ...။ ”
-ဟု ဆိုလိက် ဝိုင်ခွက်နှစ်ခွက်ကို လောင်းငှဲ့လျက် ကူချန်ရှေ့သို့ ညင်သာစွာ တွန်းပေးလိုက်သည်။
“ မင်းရဲ့ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးအများကြီးတင်ပါတယ် တာအိုချူး။ ”
“ ဟား ဟား ဟား ... ။ ”
ကူချန်စကားကြောင့် ချူဖုန်းချွန်မှ ရှက်ရွံ့စွာဖြင့် ရယ်မောလိုက်သည်။
“ တာအိုချန်ရှန့်၊ မင်းငါ့ကို အရှက်ရအောင် လုပ်နေတာလား ဘယ်သူက ဘယ်သူ့ကို ဧည့်ခံ နေတာလဲ ...
... ကံမကောင်းစွာနဲ့ပဲ ... ငါ့အိမ်မှာ သတ္တုရိုင်းတွေကလွဲလို့ ဘာမှမရှိဘူး မင်းငါ့ကို အပြစ်မတင်ဘူးလို့ မျှော်လင့်ပါတယ်။ ”
“ မဟုတ်တာ ... ငါက မင်းကို လာပြီး အလုပ်ရှုပ်စေသူပါ။ ”
“ ဟား ဟား ဟား ... ။ ”
နှစ်ယောက်သား စကားစမြည်အချို့ ပြောကြားပြီးနောက် သုံးခွက်သောက်လိုက်၏။ ချူးဖုန်းချွန်တစ်ယောက် အလွန်ပျော်ရွှင်နေပြီး အနည်းငယ် ယစ်မူးလာသည်။
“ တာအိုချန်ရှန့် ... မင်းအဲဒီကို ခရီးဆက်မယ်ဆိုရင် ကျေးဇူးပြုပြီး သတိထား သွားလာပါ ... ။ ”
“ ဟမ့် ... ဘာကိုဆိုလိုတာလဲ တာအိုချူ။ ”
ကူချန်မှ စိတ်လှုပ်ရှားသွားကာ အံ့သြမှုအချို့ဖြင့် ပြန်ကြည့်လိုက်လေသည်။ ချူဖုန်းချွမ်တစ်ယောက် လက်ထဲရှိဝိုင်ခွက်ကို ပြန်ချလိုက်ပြီး အမူအရာ လေးနက်သွား၏။
“ တာအိုချန်ရှန့် ... ချင်းယွမ်နိုင်ငံက နတ်မုဆိုးတွေရဲ့ ကောင်းကင်ဘုံအကျဉ်းထောင် ပျက်စီးသွားတဲ့အတွက် အန္တရာယ်တွေက ဘယ်လောက်များလဲ ...
... မင်းစိတ်ကူးကြည့်နိုင်တယ် အဲဒီထောင်ထဲမှာ မီးနတ်ဆိုးတွေ စစ်တပ်ကြီး တစ်ခုလိုချုပ်နှောင်ထားတယ် အနည်းဆုံး ...
... အကောင်ရေ (၁)သိန်းကျော်ရှိပြီး သူတို့အားလုံးက ရှန်ရှင်းနယ်ပယ်နှင့်အထက် ခွန်အားမျိုး ပိုင်ဆိုင်တယ် ...
... အဲဒီချင်းယွမ်နိုင်ငံဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်လောက်က မီးနတ်ဆိုးတွေ ရှင်သန်ရာဒေသကြီးပဲ ... ဘိုးဘေးချင်က သူတို့ အပေါ် နှိမ်နင်းပြီး ချင်းယွမ်နိုင်ငံကို တည်ထောင်ထားခဲ့တာပါ ...
... ဒီတစ်ခေါက် ဘိုးဘေးချင်းကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေတဲ့ နတ်ဆိုးက အရင် သူနှိမ်နင်းခဲ့တဲ့ မီးနတ်ဆိုးစစ်တပ်ကြီးရဲ့ ခေါင်းဆောင်တစ်ယောက်ပဲ ...
... ဒီဖြစ်ရပ်ဟာ အတွင်းနဲ့ အပြင် အင်အားစုတွေ ပူးပေါင်းပြီး ဘိုးဘေချင်းကို အငိုက်ဖမ်းခဲ့တာပါ။ ”
မီးနတ်ဆိုးခေါင်းဆောင်သည် ကောင်းကင်ဘုံအကျဉ်းထောင်ကို ဖျက်ဆီးကာ မီးနတ်ဆိုးများစွာကို လွတ်မြောက်စေခဲ့သည်။
ကူချန်တစ်ယောက် အနည်းငယ် ထိတ်လန့်လျက် တိတ်ဆိတ်သွားတော့သည်။ ဤဖြစ်စဉ်သည် သူထင်ထားသည်ထက် ပိုမို ရှုပ်ထွေးချေပြီ။
နတ်ဆိုးဟူသည် ယေဘုယျအသုံးအနှုန်း ဖြစ်၏။ မျိုးရိုးတစ်ခုတည်းကို ရည်ညွှန်းခြင်းမျိုး မဟုတ်ချေ။
ယေဘူယျအားဖြင့် နတ်ဆိုးဟူသည် မကောင်းမှုဖြစ်သည်။ မကောင်းဆိုးရွားလမ်းကို လျှောက်လှမ်းသူများအပေါ် ရည်ညွှန်း၏။
အများစုသည် လူသားများ ဖြစ်ကြပြီး ရက်စက်ကြမ်းကြုတ်ချေပြီ။ သူတို့အားလုံးသည် ကမ္ဘာကြီးကို အန္တရာယ်ဖြစ်စေသော ဆိုးညစ် ကြမ်းတမ်းသည့် နည်းလမ်းများစွာကို ကျွမ်းကျင်ကြ၏။
ဥပမာအားဖြင့် ဖားပြုတ်ခန္ဓာကိုယ် နည်းစနစ်ကဲ့သို့ ဆိုးရွားသောနည်းစနစ်များ ပေပင်။ ၎င်းကျင့်ကြံသူသည် လူသားကို ဖြည့်စွက်စာအဖြစ် စားသုံးရချေပြီ။
ဤကဲ့သို့ပင် ကမ္ဘာပေါ်တွင် အခြားသော မကောင်းဆိုးရွား ပညာရပ်များစွာရှိ၏။ အတွေ့ အများဆုံးသည် ဝိညာဉ်နှင့် အသားကို ဝါးမျိုခြင်း ကဲ့သို့သော ပညာရပ်များပေပင်။
သွေးဝိညာဉ်ဂိုဏ်း၏ သန့်ရှင်းသော သွေးဆေးပြားကို လူ့သွေးမှ သန့်စင်ထားသည်။ ထို့ကြောင့် သွေးဝိညာဉ်ဂိုဏ်းဝင်များသည် မကောင်းဆိုးရွားများဖြစ်ချေ၏။
အတိအကျဆိုရပါမူ နတ်ဆိုးဟူသော အမည်သည် လူသားမဟုတ်သည့် မကောင်း ဆိုးရွားများကို တိုက်ရိုက်ရည်ညွှန်းသည်။
မီးနတ်ဆိုး၊ အရိပ်နတ်ဆိုးနှင့် နှလုံးသားနတ်ဆိုးများကဲ့သို့သော မျိုးနွယ်များ ဖြစ်သည်။ မကြာသေးမီက လောကျန့်တောင်၌ သူသတ်ခဲ့သော မကောင်းဆိုးဝါး နတ်ဆိုးမှာ အရိပ်နတ်ဆိုးပေပင်။
ဤနတ်ဆိုးများ မည်သည့်အရပ်မှ လာသည်ကို မည်သူမျှ မသိကြချေ။ သို့သော် ၎င်းတို့ထွက်ပေါ်လာချိန်၌ မကောင်းဆိုးရွား လူသား ကျင့်ကြံသူများထက် အန္တရာယ် ပိုကြီးလေသည်။
အဘယ်ကြောင့်ဆိုသော် နတ်ဆိုးများသည် ရည်ရွယ်ချက်တစ်ခုတည်းအတွက် ဤလောက အတွင်း ထွက်ပေါ်လာခြင်းဖြစ်၏။
ယင်းသည် သတ်ခြင်းဖြစ်သည်။ ၎င်းတို့၏တစ်ခုတည်းသော ရည်ရွယ်ချက်သည် လူသားမျိုးနွယ်၊ နတ်ဆိုးမျိုးနွယ်နှင့် ဝိညာဉ် မျိုးနွယ်များစွာကို ပစ်မှတ်ထား၏။
သူတို့အတွက် ဤလောကရှိ သတ္တဝါတိုင်းသည် ဆေးဝါးနှင့် အစားအစာများ ဖြစ်သည်။ အသွေးအသားကို စားသုံးခြင်းဖြင့် ကြီးထွားမှုကို တိုးပွားစေနိုင်မည်။
မီးနတ်ဆိုးသည် ထိုသို့သော နတ်ဆိုးမျိုးပေပင်။ အလွန်ကြမ်းကြုတ်ပြီး ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သည်။
မြေနှင့်မီးသဘာဝကို ကောင်းစွာ အသုံးချနိုင်သော နတ်ဆိုးတစ်ကောင်ဖြစ်သည်။ ထိုနေ့က မြောက်ဘက်ကောင်းကင်တစ်ခုလုံး နီရဲသွားခဲ့သည်ကို သူ ရှင်းလင်းစွာ မြင်ခဲ့ရ၏။
မီးပင်လယ်ကြီးနှင့်တူသည်။ ယင်းသည် ထိုမီးနတ်ဆိုး၏ ရောင်ဝါဖြစ်နိုင်မည်။ ထိုနေ့က မြင်ကွင်းသည် စိတ်ဝိညာဉ်ပင် အေးခဲစေ၏။
“ တာအိုချူး ... မင်းငါ့ကို အသေးစိတ်ပြောပြနိုင်မလား ဘိုးဘေးချင်းက ဒီနတ်ဆိုးကို မသုတ်သင်ဘဲ ... ဘာလို့ အဲ့ဒီမှာ ချုပ်နှောင်ထားရတာလဲ။ ”
“ တာအိုချန်ရှန့် ... နတ်ဆိုးတွေကို တစ်ချက်တည်းနဲ့ ဖျက်စီးဖို့ခက်ခဲတယ်ဆိုတာ မင်းသိထားရမယ် ... နတ်ဆိုးအများစုဟာ လွတ်မြောက်ဖို့ နည်းလမ်းတွေရှိတယ် ...
... ဒါကြောင့် သူတို့ကို ချက်ခြင်း ဖယ်ရှားပစ်ဖို့ နည်းလမ်းမရှိဘူး ဖြည်းဖြည်းခြင်း အားနည်းလာအောင်လုပ်ယူပြီး ဖြေရှင်းရမယ် ...
... ဖုတ်ကောင်နတ်ဆိုးမျိုးနွယ်မှာ အလွန်အားကောင်းတဲ့ စွမ်းအားတစ်ခုရှိတယ် မီးနဲ့လျှပ်စီးတောင် သူတို့ကို မဖျက်ဆီးနိုင်ဘူး အခွင့်အရေးရှိနေသရွေ့တော့ သူတို့တွေက ပြန်ပြီးရှင်သန်လာနိုင်တယ် ...
... နောက်ပြီး အရိပ်နတ်ဆိုးတွေ သူတို့မျိုးနွယ်ဟာ ရုပ်ခန္ဓာအသွင်သဏ္ဍာန်မရှိဘဲ မွေးဖွားလာပြီး တခြားလူတွေရဲ့ခန္ဓာကိုယ်ကို သိမ်းပိုက်ထားနိုင်တယ် ...
... သူတို့ကို နှိမ်နင်းချင်ရင် သူတို့သိမ်းပိုက်ထားတဲ့ ခန္ဓာကိုယ်အတွင်းမှာ ပိတ်နှောင်ပြီး ဖြည်းဖြည်းခြင်း ဖျက်ဆီးရမယ်။ ”
သူ့စကားများကြောင့် ကူချန်တစ်ယောက် အရိပ်နတ်ဆိုးကို ပြန်သတိရသွား၏။ ထိုစဉ်က ဤအချင်းအရာကို မသိခဲ့ချေ။
ဆိုလိုသည်မှာ အရိပ်နတ်ဆိုးသည် ထွက်ပြေးလွတ်မြောက်ရန် ခန္ဓာကိုယ်မရှိသဖြင့် ချင်အေခန္ဓာနှင့်အတူ ပိတ်မိသွားခြင်းပေပင်။
ဤသို့ဆိုသော် အရိပ်နတ်ဆိုးသည် ခန္ဓာကိုယ်ကို စွန့်ခွာထွက်ပြေးနိုင်၏။ ယင်းသည် လုံးဝအဖြေမဟုတ်ချေ။ ကံကြမ္မာမျက်လုံးများ အောက်တွင် နတ်ဆိုးအငွေ့အသက်များကို ဖမ်းယူနိုင်မည်။
ထို့ကြောင့် အထက်ပါအချင်းအရာများကို သိရှိမထားလျှင်ပင် အရိပ်နတ်ဆိုးသည် သူ့ထံမှ လွတ်မြောက်နိုင်စရာ နည်းလမ်းမရှိချေ။
“ တာအိုချန်ရှန့် ... ငရဲဘုံကိုးပါး မိစ္ဆာပေါင်းစည်းခြင်းအစီရင်လို့ခေါ်တဲ့ ဝင်္ကပါ တစ်ခုရှိတာ မင်းသိလား ...
... အဲဒီ ငရဲဘုံကိုးပါး မိစ္ဆာပေါင်းစည်းခြင်း ဝင်္ကပါက နတ်ဆိုးစွမ်းအင်ကို ဖမ်းယူသန့်စင်ပြီး ယင်ပုလဲအဖြစ် ပေါင်းစည်းပေးနိုင်တယ် ...
... ယင်ပုလဲဆိုတာ အလွန်ရှားပါးတဲ့ ရတနာပဲ ကျင့်ကြံသူအတွက် ဝိညာဉ်စွမ်းအားကို တိုးမြှင့်ပေးနိုင်တယ် ... ဒါကြောင့် ...
... အင်အားကြီးဂိုဏ်းတွေက ငရဲဘုံကိုးပါးမိစ္ဆာ ပေါင်းစည်းခြင်း ဝင်္ကပါကို ခင်းထားပြီး ဖမ်းမိတဲ့ နတ်ဆိုးတွေကို ချက်ချင်း မသတ်ဘဲ ဒီဝင်္ကပါနဲ့ သန့်စင်ပစ်တယ် ... ။ ”
နတ်ဆိုးများနှိမ်နင်းခြင်းသည် များစွာ ပင်ပန်းသည်။ ဥပမာအားဖြင့် ယွမ်ဖူနယ်ပယ် နတ်ဆိုးကို နှိမ်နင်းရန် အနည်းဆုံး အချိန် တစ်နှစ်ခန့်ပေးရပေမည်။
တစ်ကြိမ်လျှင် နတ်ဆိုးတစ်ကောင်သာ နှိမ်နင်းနိုင်သဖြင့် များစွာ ထိရောက်မှု မရှိချေ။ ငရဲဘုံကိုးပါး မိစ္ဆာပေါင်းစည်းခြင်း ဝင်္ကပါကဲ့သို့ အစီရင်ကြီးများထဲ ပစ်ထည့်ထားခြင်းဖြင့် ထိုပြဿနာများကို ဖြေရင်းနိုင်သည်။
အဆုံးတွင် ယင်ပုလဲများကဲ့သို့ ရတနာများလည်း ရရှိနိုင်ပေမည်။ သို့သော် ဂိုဏ်းငယ်များအတွက်မူ အိမ်မက်သာဖြစ်သည်။
ဆိုလိုသည်မှာ အဋ္ဌမတန်း ယင်ပုလဲတစ်လုံးသည် ကျန်းချီဆေးပြား (၂)သိန်း တန်ကြေးရှိသည်။
၎င်းအဆင့် ယင်ပုလဲတစ်လုံးကို ရရှိရန်အတွက် ယွမ်ဖူနယ်ပယ် နတ်ဆိုး(၁၀) ကောင်ခန့် သုံးရပေမည်။
ထိုအဆင့်ရှိ နတ်ဆိုးများကို ဖမ်းဆီးနိုင်သောဂိုဏ်းငယ်များ ဤကမ္ဘာကြီး၌ မရှိချေ။
ဂိုဏ်းငယ်များသည် ယွမ်ဖူနယ်ပယ် နတ်ဆိုးကို ဖမ်းရန်မဆိုနှင့် ဝင်္ကပါတည်ဆောက် ရန်ပင် အခက်အခဲများ ရှိလေသည်။
ငရဲဘုံကိုးပါး မိစ္ဆာပေါင်းစည်းခြင်း ဝင်္ကပါသည် သတ္တမတန်း အစီရင်တစ်ခုဖြစ်ပြီး ကုန်ကျစရိတ်သည် ဆဋ္ဌမတန်းဝင်္ကပါနီးပါး အသုံးပြုရပေမည်။
ထိုစဉ် ချူဖုန်းချွန်သည် သက်ပြင်းချလျက် ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားပြီး၊
“ တာအိုချန်ရှန့် ... မင်း နှင်းပန်းဓားကျောင်းကို ကြားဖူးတယ် မဟုတ်လား ... ။ ”
-ဟု မေးမြန်းလိုက်တော့သည်။
***