← Chapters

ကောင်းမှု၊ မကောင်းမှုနှင့် နတ်ဆိုး ...

Vol. 14 Ch. 173

ကောင်းမှု၊ မကောင်းမှုနှင့် နတ်ဆိုး ...

Vol. 14 Ch. 173

နှင်းပန်းဓားကျောင်းဟူသည့် အမည်ကြားချိန်တွင် ကူချန်တစ်ယောက် ခေါင်းညိတ်ပြလိုက်၏။

ဤအမည်ကို တာအိုချင်းရှထံမှ မကြာမကြာကြားခဲ့ရဖူးသည်။ သူ့ထက်ပို၍ မည်သူမျှ ရင်းနှီးမည်မဟုတ်ချေ။

“ နှင်းပန်းဓားကျောင်းမှာ ... ခုနစ်ထပ် မြင့်မားတဲ့ နတ်ဆိုးနှိမ်နင်းရေး မျှော်စင်တစ်ခု ရှိတယ် အထပ်တိုင်းမှာ ငရဲကိုးလွှာ မိစ္ဆာ ပေါင်းစည်းခြင်း အစီရင်တွေ ရှိတယ် ...

... စိတ်ဝိညာဉ်သခင်နယ်ပယ် အဆင့် နတ်ဆိုးကြီးနဲ့ မရေမတွက်နိုင်တဲ့နတ်ဆိုးတွေကို အဲဒီမှာအကျဉ်းချထားတယ် ... ။ ”

ထိုစကားကြောင့် ကူချန်မှ ခေါင်းညိတ်ပြလိုက်သည်။

“ ငါကြားတယ် လွန်ခဲ့တဲ့နှစ်တွေက အတွင်းအပြင် နတ်ဆိုးတွေပူးပေါင်းပြီး နှင်းပန်း ဓားကျောင်းကို တိုက်ခိုက်ခဲ့တယ် မဟုတ်လား။ ”

ဤအချင်းအရာနှင့် ပတ်သတ်သော သတင်းအချက်အလက်များကို ချင်းယွမ်ဈေးမှ ဝယ်ယူသိရှိထားပြီးဖြစ်သည်။

ထို့ကြောင့် ချူဖုန်းချွန်ထံမှ အကြောင်းအရာအသစ်များကိုသာ ကြားလို၏။ ချူဖုန်းချွန်မှ ခေါင်းညိတ်လိုက်သည်။

“ အဲဒီအဖြစ်အပျက်ကို ငါလည်း ကြားခဲ့ပါတယ် နှင်းပန်းဓားကျောင်းအတွက် ဆုံးရှုံးမှု ကြီးကြီးမားမား ကြုံတွေ့ခဲ့ရတယ် ဒါပေမယ် ...

... သူတို့ ဆက်လက်ရပ်တည်နိုင်ပြီး စိတ်ဝိညာဉ်သခင်နယ်ပယ် ကျင့်ကြံသူတစ်ဦးကို မွေးဖွားနိုင်ပြီး အခုဆိုတည်ငြိမ်သွားပြီ ...

... ဒီဓားကျောင်းက ဖြောင့်မတ်တဲ့ လမ်းစဉ်ဂိုဏ်းကြီး ပီသပါပေတယ် သူတို့တွေမှာ ကြီးမြတ်တဲ့ကံကြမ္မာ ရှိနေတယ် ...

.... ချင်းယွမ်နိုင်ငံကတော့ မတူဘူး ... အခုဆိုရင်တစ်နိုင်ငံလုံး ပရမ်းပတာဖြစ်နေတယ် ကြည့်ရတာ ဆက်မထိန်းနိုင်တော့တဲ့ အရိပ်အယောင်မျိုး မြင်နေရတယ် ... ။ ”

ချူဖုန်းချွန်တစ်ယောက် မက်မွန်ဝိုင် တစ်ခွက်ကိုမော့သောက်လျက် အနည်းငယ် စကားရပ်နားကာ ဆက်ပြော၏။

“ ချင်းယွမ်နိုင်ငံကိုလည်း အတွင်းအပြင် နတ်ဆိုးအင်အားစုတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဦးဆောင်သူက နှင်းပန်းဓားကျောင်းဂိုဏ်းကနေ လွတ်မြောက်သွားတဲ့ ...

... နတ်ဆိုးကြီးလို့ပြောတယ် ... အဲဒီနတ်ဆိုးက စိတ်ဝိညာဉ်နန်းတော်သခင် နယ်ပယ်ကို ခြေလှမ်းတစ်ဝက်ရောက်နေပြီ။ ”

... ချင်းယွမ်နိုင်ငံရဲ့ဘိုးဘေးကလည်း အမည်ခံစိတ်ဝိညာဉ်နန်းတော်သခင် နယ်ပယ် ရောက်နေတာမို့ အဲဒီလို အတွင်းအပြင် ...

... နတ်ဆိုးနှစ်ပါး လက်တွဲ တိုက်ခိုက်ခြင်းခံရတာက ... သူ့ကို ကူကယ်ရာ မဲ့သွားစေတယ် ... ။ ”

“ ဒါပေမယ့် ဖမ်းဆီးခံထားရတဲ့ အဲဒီမီးနတ်ဆိုးကို ချင်းယွမ်နိုင်ငံဘိုးဘေးက အချိန်အတော်ကြာအောင် နှိမ်နင်းထားခဲ့တာ မဟုတ်လား ... ဒါဆို ဘာလို့များ သန်မာနေသေးတာလဲ။ ”

ကူချန်မှ အံ့သြစွာ ပြန်မေးလိုက်၏။ ချင်းယွမ်နိုင်ငံတည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း (၁၂၀၀) နီးပါးရှိချေပြီ။

နှစ်ပေါင်း(၁၂၀၀) ကုန်လွန်ပြီးနောက်၌ပင် ထိုမီးနတ်ဆိုးသည် မူလကျင့်ကြံမှု ပိုင်ဆိုင်ထား သည်မှာ မယုံနိုင်စရာပေပင်။ ချူဖုန်းချွန်မှ ခေါင်းရမ်းပြကာ၊

“ ဒါက နတ်ဆိုးတွေပဲ ... သူတို့မှာ အရမ်းသန်မာတဲ့ အသက်စွမ်းအားတွေရှိတယ် ပြီးတော့ ချင်းယွမ်နိုင်ငံရဲ့ဘိုးဘေး ကိုယ်တိုင်က အမည်ခံ စိတ်ဝိညာဉ်နယ်ပယ်မှာပဲ ရှိနေတာ မဟုတ်လား ...

... အ‌ရေးအကြီးဆုံးက သူတို့မှာ ငရဲကိုးလွှာမိစ္ဆာပေါင်းစည်းခြင်း ... ဝင်္ကပါမျိုး မရှိဘူး ... မဟာတန်ခိုးရှင်နယ်ပယ် ...

... နတ်ဆိုးတစ်ကောင်ကို နှိမ်နင်းဖို့ အတွက်ဆိုရင် အနိမ့်ဆုံးပဉ္စမတန်း ငရဲကိုးလွှာ မိစ္ဆာပေါင်းစည်းခြင်း ဝင်္ကပါအစီရင်တစ်ခု လိုအပ်တယ် ...

... ဒါကြောင့် ဘိုးဘေးချင်ဟာ သူ့အစွမ်းအစနဲ့ မီးနတ်ဆိုးလို နတ်ဆိုးမျိုးကို နှိမ်နင်းနိုင်ခဲ့တာ တကယ် အထင်ကြီးစရာ ကောင်းနေပြီ ...

... မီးနတ်ဆိုးခေါင်းဆောင်အပြင် သူ့လက်အောက်ငယ်သား မီးနတ်ဆိုးငယ်ပေါင်း (၁)သိန်းကို နှိမ်နင်းခဲ့ရတာ ... တကယ်လို့သာ ဒီမီးနတ်ဆိုးခေါင်းဆောင်ကို ယင်ပုလဲအဖြစ် သန့်စင်နိုင်ခဲ့ရင် ...

... အမည်ခံ စိတ်ဝိညာဉ်နယ်ပယ်ကို ကျော်ဖြတ်ပြီး စစ်မှန်တဲ့ စိတ်ဝိညာဉ်နယ်ပယ်ဆီ ရောက်နိုင်တယ် ... နှမျောစရာပဲ။ ”

ချူဖုန်းချွန်တစ်ယောက် စိတ်မကောင်းသော အမူအရာများဖြစ်ပေါ်လာ၏။ နှစ်ပေါင်း (၁၂၀၀) တိုင်အောင် ကြိုးစားအားထုတ်ပြီးနောက် အဆုံးတွင် ဆုံးရှုံးသွားချေပြီ။ မည်မျှ နာကျင်စရာကောင်းမည်နည်း။

ကူချန်မှ အသက်ပြင်းပြင်းရှူပြီး၊

“ ဒါဆို ... ချင်းယွမ်နိုင်ငံကတောင် မနှိမ်နင်းနိုင်တဲ့အတွက် မီးနတ်ဆိုးတွေကြောင့် နိုင်ငံငယ်လေးတွေမှာ သားရဲဒီရေလို ရိုက်ခတ်တော့မှာပေါ့။ ”

-ဟု ညည်းတွားလိုက်၏။ ချူဖုန်းခွန်မှ ခေါင်းရမ်းလျက်၊

“ အဲဒီအတွက် အရမ်းစိုးရိမ်နေစရာ မလိုပါဘူး ... ငါတို့ ခဏလောက်စောင့်ကြည့် နေလိုက်ပါ ... ။ ”

-ဟု တုန့်ပြန်သည်။ ကူချန်ခမျာ မျက်ခုံးပင့်လိုက်၏။

“ တာအိုချူ မင်းဘာကို ဆိုလိုတာလဲ။ ”

“ ဟားဟားဟား ... နှင်းပန်းဓားကျောင်းကို မင်းမေ့နေပြီလား တာအိုချန်ရှန့် ... ။ ”

“ မင်းဆိုလိုတာက ... ။ ”

“ မှန်တယ် ... ။ ”

ချူဖုန်းချွန်မှ အဓိပ္ပါယ်ပါပါ ပြုံးလျက်၊

“ ချင်းယွမ်နိုင်ငံအပါအဝင် အခြား နိုင်ငံငယ်လေးတွေက နှင်းပန်းဓား‌ကျောင်းဆီ အကူအညီတောင်းထားတယ် ... ။ ”

-ဟု သတင်းကို ဝေမျှပေးလာ၏။

“ နှင်းပန်းဓားကျောင်းက တစ်စုံတစ်ယောက်ကို စေလွှတ်ပေးဖို့လည်း သဘောတူထားတယ် ...

... အဲဒီလူက အနိမ့်ဆုံးတော့ စိတ်ဝိညာဉ်သခင်နယ်ပယ်မှာ ရှိနေရမယ် သူ့နောက်မှာ အစွမ်းထက်တဲ့ လူအချို့လည်း ပါလိမ့်မယ် ... တကယ်ဆို ဒီလိုကပ်ဘေးက သူတို့နဲ့သက်ဆိုင်နေတယ် ...

... ဒါပေမယ့် သူတို့နဲ့ မသက်ဆိုင်လည်း နှင်းပန်းဓားကျောင်းက ဒီလိုကပ်ဘေးမျိုးအပေါ် ဘယ်တော့မှ မျက်နှာလွှဲမှာ မဟုတ်ပါဘူး ... ။ ”

ဤသည်မှာ အမှန်ပေပင်။ လက်ရှိ လူသားမျိုးနွယ် ဗဟိုဒေသကြီးတွင် နတ်ဆိုးများ ကင်းရှင်းနေသည်မှာ နှင်းပန်းဓားကျောင်း၏ အခန်းကဏ္ဍများ အပါအဝင်ဖြစ်၏။

“ အရေးကြီးဆုံးမှာ ... မီးနတ်ဆိုးတွေကို ယင်ပုလဲအဖြစ် သန့်စင်နိုင်ပေမယ့် သူတို့တွေက ယုတ်ညံ့ပြီး ကောက်ကျစ်တယ် ... သူတို့ကို ဖမ်းမိဖို့ဆိုတာ မလွယ်ဘူး ...

... ဂိုဏ်းကြီးတော်တော်များများကလည်း အခြားပြဿနာတွေနဲ့ ပတ်ရှုပ်နေတာမို့ သူတို့ကို ဖြေရှင်းပေးဖို့ အာရုံမစိုက်နိုင်ကြဘူး ...

... နှင်းပန်းဓားကျောင်းလို ဂိုဏ်း အနည်းငယ်လောက်ကသာ ဖြေရှင်းပေးဖို့ စိတ်ဝင်စားကြတယ် ... ။ ”

ထိုနေရာအရောက်တွင် ချူဖုန်းချွန်သည် သူ့ကိုယ်သူလှောင်ပြောင်ဟန်ဖြင့်၊

“ ဒီလောကမှာ ဖြောင့်မတ်တဲ့လမ်း၊ မကောင်းတဲ့လမ်းနဲ့ နတ်ဆိုးဆိုပြီး ရှိနေကြတယ် ဖြောင့်မတ်တဲ့လမ်းကို လျှောက်လှမ်းသူတွေက ငြိမ်းချမ်းမှုအပေါ် နှစ်သက်ကြတယ် ...

... မကောင်းတဲ့လမ်းစဉ်ကို ကျင့်ကြံတဲ့လူတွေက အကျိုးရှိရင် ဇနီးမယား ... သားသမီးနဲ့ အဖေအမေကိုတောင် ...

... သတ်ပစ်ဝံ့တယ် ... နတ်ဆိုးတွေအတွက်တော့ အထိန်းအကွပ်မဲ့ပြီး အကောင်းအဆိုး စိတ်မဝင်စားဘူး ...

... အကျိုးအပြစ်ကိုလည်း မသိဘူး ... သူတို့စိတ်ကြိုက် ပြုမူတတ်ကြတယ် ကျန်တဲ့ အမျိုးအစားကတော့ ငါတို့လို ဟိုမဟုတ် ... ဒီမဟုတ်တွေ ...

... ဖြောင့်မတ်တဲ့ လူသားလားဆိုတော့ မဟုတ်ဘူး ... ဒါဆိုလူဆိုးလား မဟုတ်ပြန်ဘူး ဒါဆို နတ်ဆိုးလား မဟုတ်ပြန်ဘူး ...

... ငါတို့က စိတ်ထဲမှာ အောက်ခြေစည်း တစ်ခုရှိတယ် အကျိုးစီးပွားနဲ့ ပတ်သက်လာရင် ဘာမဆိုလုပ်ဝံ့ကြတယ် ...

... ဒါကြောင့် ဖြောင့်မတ်ခြင်း မရှိသလို ရက်စက်ခြင်းနဲ့ နတ်ဆိုးလမ်းစဉ်ကိုလည်း မပစ် ပယ်ကြဘူး ... ဖြောင့်မတ်တဲ့ကျင့်ကြံသူတွေကို မြင်ရင်တောင် တစ်ခါတစ်လေမှာ ...

... ငါတို့က သူတို့ကို မိုက်မဲသူတွေလို့ ပြောလေ့ရှိကြတယ် ... သူတို့နဲ့ မသက်ဆိုင်တဲ့ ကိစ္စတွေအတွက် အသက်ကိုစွန့်နေကြတယ်လို့ လှောင်ပြောင်မိတယ် ... ဒါပေမယ့် ...

... တကယ်တမ်း လိုအပ်လာရင် ဒီလိုလူမိုက်တွေသာ ငါတို့ဘေးမှာရပ်ကြတယ် ဒီခံစားချက်က နည်းနည်းတော့ မောက်ကမ ဖြစ်စေတယ်မဟုတ်လား။ ”

ချူဖုန်းချွန်စကားကြောင့် ကူချန်ခမျာ ခဏမျှနှုတ်ဆိတ်သွားပြီး အဝေးသို့ကြည့်၏။ ထို့နောက် သက်ပြင်းချကာ၊

“ ဒီကမ္ဘာကြီးမှာ လူကောင်း တစ်ယောက်ဖြစ်ဖို့မလွယ်သလို လူဆိုးဖြစ်ဖို့ ဆိုတာလည်း မလွယ်ဘူး ... ရူးသွပ်ဖို့ဆိုရင် ပိုခက်ခဲတယ် ...

... လူတွေမှာ လူကောင်း၊ လူဆိုးနဲ့ ရူးသွပ်နေသူတွေဆိုပြီး ရောနှောနေကြတယ် လူကောင်းတွေက တကယ်ကောင်းလား ...

... အဖြေမရှိဘူး ... ဘယ်လောက်ပဲ ဖြောင့်မတ်တဲ့စိတ်ဓာတ်မျိုးရှိပါစေ သူ့အတွက် ဆန္ဒဆိုတာရှိနေတယ် ...

... ဒါဆို လူဆိုးတွေမှာရော ... သူတို့အားလုံးလည်း အချိန်ပြည့် မကောင်းမှုပဲ လုပ်နေတာတော့ မဟုတ်ဘူး ... သူတို့မှာ အသိတရားရှိပါသေးတယ် ...

... အများစုကတော့ ကောင်းမှုနဲ့ မကောင်းမှုကိုသိတယ် ဒါပေမယ့် ကောင်းမှုမှာ မရပ်တည်တာက မကောင်းမှုအတွက်လို့ ပြောလို့မရဘူး ...

... ဘာလို့လဲဆို သူတို့တွေမှာ ... စိုးရိမ်ပူပင်မှုတွေရှိတယ် ... ဒါကြောင့် သူတို့က တစ်ခါတစ်လေ ကောင်းမှုတွေလုပ်ပြီး ...

... တစ်ခါတစ်လေမှာ မကောင်းမှုတွေ လုပ်တတ်ကြတယ် ... တရားမှုနဲ့ မတရားမှုကို မြင်ပေမယ့် တွေဝေနေပြီး အမှန်တရားအပေါ် ကိုယ်ပိုင်အမြင်ကို ထုတ်ဖော်ဖို့ မဝံ့ကြဘူး ...

... ဒါက အမှန်ကို မမြင်လို့မဟုတ်ဘူး ငါတို့ရဲ့အမြင်အားလုံးအပေါ် ချုပ်ချယ်ထားတဲ့ စိုးရိမ်မှုတွေနဲ့ အကျိုးစီးပွားတွေရှိနေလို့ပဲ။ ”

***

All Chapters