← Chapters

ယောက်ျားတစ်ယောက်အတွက် ပြီးပြည့်စုံမှု

Vol. 14 Ch. 174

ယောက်ျားတစ်ယောက်အတွက် ပြီးပြည့်စုံမှု

Vol. 14 Ch. 174

နှင်းပန်းဓားကျောင်း၏ တပည့် လက်ခံခြင်းဆိုင်ရာ စည်းမျဉ်းအကြောင်းကို တာအိုချင်းရှ ပြောပြထားဖူးသည်။

မိဘနှစ်ပါး အသက်ရှင်လျက် ရှိခြင်း သို့မဟုတ် အိမ်ထောင်ဖက်ရှိနေခြင်းစသည့် လူအများကို လက်ခံမည်မဟုတ်ချေ။

ငယ်ရွယ်သော ကလေးများ၊ အကျိုးအမြတ်ဖြင့် ကမ်းလှမ်းသူများ၊ ရာဇ၀တ်မှု ကျူးလွန်သူများကိုလည်း လက်မခံချေ။

သည့်ပြင် အလွန်လော်လည်သောသူများ၊ လောဘကြီးပြီး ရက်စက်သောသူများ စသည် တို့ကိုလည်း လက်မခံဟု ဆိုထား၏။

ထိုအချိန်က အထက်ပါစည်းမျဉ်းများကို နားမလည်ခဲ့ချေ။ ယခုမူ လူတစ်ယောက်သည် စိုးရိမ်ပူပန်မှုများစွာရှိနေသော် သူ့ရင်ထဲရှိ တရား မျှတမှုသည် ပျက်ပြားသွားမည်ဖြစ်ကြောင်း ဆိုလိုချင်နေပုံရသည်။

“ တာအိုချန်ရှန့် ... မင်းဘာတွေ တွေးနေတာလဲ။ ”

ရုတ်တရက် တိတ်ဆိတ်သွားသော ကူချန်အသွင်ကြောင့် ချူဖုန်းချွန်မှ စိတ်ဝင်စား လာခဲ့သည်။ သို့မှသာ ကူချန်တစ်ယောက် သတိဝင်လာပြီး အနည်းငယ်ပြုံးပြ၏။

“ ဘာရယ် မဟုတ်ပါဘူး။ ”

ထို့နောက် ဝိုင်တစ်ခွက်ငှဲ့ယူလျက် ကောက်ကိုင်ကာ အခြားအကြောင်းအရာများထံ စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“ ဘဝမှာ မိတ်ဆွေ သုံးယောက်လောက် ရဖို့ဆိုတာ အရမ်းရှားတယ် ... ငါနဲ့ တာအိုချန်ရှန့် စကားပြောရတာ အရမ်းကောင်းပါတယ် ငါတို့ မိတ်ဆွေလို့ သတ်မှတ်နိုင်မယ်။ ”

ချူဖုန်းချွန်မှ ပြုံးလျက် မှတ်ချက်ပေး၏။

“ မှန်တယ် ... ဘယ်လောက် ကံကောင်းလိုက်လဲ။ ”

ကူချန်က ပြုံးပြီး ထောက်ခံ၏။ သူတို့ နှစ်ယောက်စကားဝိုင်းသည် ရောက်တတ်ရာရာ အဖြစ် ပြောင်းလဲသွားတော့သည်။

လမင်းထွက်လာပြီး ငှက်များ အိပ်တန်းတက်ကုန်သည့်အချိန်ထိ နှစ်ဦးသား စကားကောင်းနေခဲ့ကြ၏။

နောက်နေ့မနက်တွင် ချူဖုန်းချွန်ကို နှုတ်ဆက်ကာ သံနက်စံအိမ်မှ ထွက်ခွာလာ တော့သည်။

နတ်နဂါးမြို့သို့ပြန်ရောက်ပြီးနောက် တာအိုချင်းရှနှင့် ကူဖုန်းကို ဦးစွာခေါ်တွေ့ခဲ့ပြီး မြောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သည်များကို အသေးစိတ်ပြောပြသည်။

သူတို့နှစ်ယောက်ထံမှ တုံ့ပြန်ပုံချင်း မတူကြချေ။ ကူဖုန်းက မျက်မှောင်ကြုတ်ကာ လေးနက်ပြီး စိုးရိမ်မှုအပြည့်ရှိနေသည်။

အဆုံးတွင် ကူမိသားစုဟူသည် ဖွံ့ဖြိုးကာစအချိန် ဖြစ်ချေ၏။ နတ်ဆိုးများကို ရင်ဆိုင်ရန် အားနည်းလွန်းချေပြီ။

“ မင်းဆိုလိုတာက နှင်းပန်းဓားကျောင်းက လူတွေ ဒီကိုလာနိုင်တာလား။ ”

သူနှင့် နှိုင်းယှဉ်သော် တာအိုချင်းရှ အမူအရာသည်ကွဲပြား၏။ ပထမ သူ အံ့အားသင့် သွားပြီး မျက်နှာနီရဲလာသည်။ နောက်ဆုံးတွင် မယုံကြည်နိုင်သောအသံဖြင့် ပြန်မေး၏။

“ မှန်တယ် ... သေချာမသိဘူး ... ဒါတွေအားလုံး တာအိုချူ ပြောပြခဲ့တာတွေပါ မှန်လား ... မမှန်ဘူးလားဆိုတာ ငါ အာမမခံနိုင်ဘူး။ ”

ချူဖုန်းချွန်၏ သံနက်စံအိမ်သည် သေးငယ်သောဂိုဏ်းတစ်ခုအဖြစ်သာ မှတ်ယူ နိုင်မည်။ ထိုကြောင့် အတိအကျ မသိနိုင်ချေ။

သို့သော် လက်ရှိအခြေအနေအရ သူ့သတင်းစကားသည် ဖြစ်နိုင်ခြေ ရှိနေပြန်၏။ တစ်ဖက်တွင် တာအိုချင်းရှအတွက် နှင်းပန်း ဓားကျောင်းဟူသည် သူ့မိသားစုဖြစ်သည်။

ထိုဂိုဏ်းသားများဖြင့် မတွေ့ရသည်မှာ ဆယ်စုနှစ်များစွာ ကြာနေပေ၏။ ပြန်ဆုံတွေ့ခွင့် ရှိကြောင်း ရုတ်တရက် သိရှိလိုက်သောအချိန်၌ သဘာဝအတိုင်း ခံစားချက်များလှိုင်းထလာ တော့သည်။

ဤဖြစ်စဉ်တွင် ချင်းယွမ်နိုင်ငံမှ နတ်ဆိုး မည်မျှ လွတ်မြောက်ခဲ့သည်ကို မသိရသေးချေ။ ထို့ကြောင့် သူ့ပတ်ဝန်းကျင်ရှိ ဒါဇင်နှင့်ချီသော နိုင်ငံများ ခြိမ်းခြောက်ခံနေရပြီဖြစ်၏။

ကူဖုန်းက နယ်မြေတိုးချဲ့မှုကို ရပ်တန့်ထားလိုက်ရသည်။ ဤနည်းဖြင့် အချိန် တစ်လကုန်လွန်သွားပြန်၏။ ပြန်လည် တည်ဆောက်နေသော လင်းရင်ဘုံကျောင်း သည်ပင် ပြီးစီးသွားခဲ့သည်။

တောင်တန်းတစ်ခုလုံး မက်မွန်ပင်များ၊ တရုတ်ဆီးပင်များ၊ သစ်တော်ပင်များ နေရာအနှံ့ ဝေဝေဆာဆာ စိုက်ပျိုးထား၏။

လက်ရှိလင်းရင်ဘုံကျောင်း၏ နယ်နိမိတ်သည် ယခင်ဘုံကျောင်းထက်များစွာ ပိုကျယ်လေသည်။

သူ့သားသည် လင်းရင်ဘုံကျောင်း၌သာ ကျင့်ကြံမည်ကိုသိရှိထားသောကြောင့် ကူဖုန်းမှ အထူးအလေးပေး၏။

ဘုံကျောင်းနှင့် ဆယ်မိုင်ပတ်လည် အကွာအဝေးအတွင်း ပန်းများ၊ သစ်ပင်များနှင့် သီးပင်စားပင်များ ပြည့်စေသည်။

ကူချန်နှင့် တာအိုချင်းရှတို့သည် တောင်တံခါးရှေ့တွင်ရပ်ကာ အောက်ဘက်ရှိ တောင်တန်းများနှင့် နတ်နဂါးမြို့တော်ကို အဝေးမှ ငေးကြည့်နေသည်။

ယန်စီမြစ်၊ ဟန်မြစ်နှင့် မဟာတူးမြောင်းတို့သည် နေရောင်အောက်တွင် ငွေရောင်ဖဲကြိုးများကဲ့သို့ မြို့တော်ကို ရစ်ခွေထား၏။

“ ဘယ်လိုနေလဲ ... ။ ”

တာအိုချင်းရှက သူ့ရှေ့ရှိ ရှုခင်းများထံဝေ့ကြည့်ကာ ကူချန်ကိုမေးသည်။ ကူချန်မှ နားမလည်ဟန်ဖြင့်၊

“ ဆရာတော် ... မင်းဘာလို့ ဒီလောက်မြင့်မားတဲ့ ‌တောင်တန်းကြီးကို ရွေးထားရတာလဲ။ ”

-ဟု မေးမြန်းလိုက်၏။

“ ဟမ့် ... ရှုခင်းတွေ မကောင်းဘူးလား တောင်ပေါ်ကနေ မတ်တပ်ရပ်ပြီး ကမ္ဘာကြီးကို ဒီလိုငေးကြည့်ရတာ ... ။ ”

“ မှန်ပါတယ် ... တောင်ထိပ်ပေါ်ကနေ တခြားတောင်တွေကို ငုံ့ကြည့်ရတာ တကယ်ကို ကျေနပ်စရာပါ ... ။ ”

ကူချန်က ခေါင်းညိတ်ပြလိုက်၏။ ထိုစဉ်တာအိုချင်းရှမှ သူ့ထံ လှည့်ကြည့်လိုက်ပြီး၊

“ ဒါ့ပြင် မင်းကြောင့်လည်းပါတယ် ... ။ ”

-ဟု ဆက်ပြောလာသည်။ ကူချန်တစ်ယောက် မျက်ခုံးပင့်သွား၏။

“ ငါ့ကြောင့် ဟုတ်လား ... ။ ”

“ ဟုတ်တယ် ... မင်းက ကူမိသားစုရဲ့ သခင်ငယ်ပဲ ... အခု ငါ့ရဲ့လင်းရင်ဘုံကျောင်းမှာ နေတယ်ဆိုတာ လူတိုင်းသိတယ် ဒါကြောင့် မင်းကိုကြည့်ရအောင် ...

... လူတွေလာကြလိမ့်မယ် သာမာန်လူတွေက ဒီလောက် မြင့်တဲ့တောင်ကို တက်ရမယ်ဆိုရင် သူတို့ပင်ပန်းပြီး စိတ်ပျက်သွားလိမ့်မယ် ...

... တကယ်တော့ လူတွေထဲမှာ အကောင်းနဲ့အဆိုးရောနှေနေတယ် လူနည်းလေ အန္တရာယ်ကင်းလေပဲ ဘယ်လိုလဲ ... ငါ့စိတ်ကူး ကောင်းတယ် မဟုတ်လား။ ”

တာအိုချင်းရှမှ မေးစေ့ကိုပွတ်ကာ ပြောကြားသည်။ သူ့အသွင်သည် ကူချန်ထံမှ ချီးကျူးစကားကို စောင့်မျှော်နေပုံရ၏။ သို့သော် ကူချန်သည် သူ့ကိုထူးဆန်းစွာပြန်ကြည့်ပြီး၊

“ ဆရာ ... မင်းရဲ့အမွှာနှစ်ယောက် ဒီနှစ်ထဲကျောင်းတက်ရမဲ့ အရွယ်ရောက်နေပြီ မဟုတ်လား။ ”

-ဟု မေးမြန်းလာသည်။

“ ဟုတ်တယ်လေ ... ဘာဖြစ်လို့လဲ။ ”

တာအိုချင်းရှက ကူချန်ကို နားမလည်စွာ ပြန်ကြည့်၏။ ကူချန်မှ ပြုံးလျက်၊

“ သူတို့အသက်အရွယ်အရ ... ဆရာရဲ့မိန်းမက သူတို့ကိုမြို့ထဲမှာထားပြီး ဒီကို လာနေဖို့ဆိုတာ အဆင်မပြေလောက်ဘူး တကယ်လို့ လင်းရင်ဘုံကျောင်းသာ ...

... မြို့တော်နဲ့နီးရင် သူတို့ မကြာခဏ လာနိုင်မယ် အခုတော့ မင်းရဲ့ဒီတောင်ကြောင့် မင်းမိန်းမနဲ့ကလေးဆီ နေ့တိုင်းသွားနေရမှာ ငါကြောက်မိတယ်။ ”

တာအိုချင်းရှတစ်ယောက် အပြုံးများ ချက်ချင်းအေးခဲပြီးနောက် မျက်နှာပျက်ယွင်း သွားတော့သည်။ ဤအချင်းအရာကို မည်သို့များ မေ့နိုင်ခဲ့သနည်း။

သူ့အမျိုးသမီးသည် သာမန် လူတစ်ယောက်ဖြစ်၏။ ဤအကွာအဝေးသည် ဆယ်မိုင်‌ကျော်ဖြစ်ပြီး သူမအတွက် ခက်ခဲပေမည်။

ထို့ကြောင့်နေ့တိုင်း သူမထံ ပျံသန်းသွားခြင်းသည် သူ့ကို အဆင်မပြေ ဖြစ်စေမည်။

ထိုအတွေးက သူ့ကို စိတ်ဓာတ်ကျ သွားစေ၏။ သည့်နောက် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်လေသည်။

တစ်ဆက်တည်းမှာပင် အကြည့်များသည်လည်း တောင်ခြေရင်းသို့ ရောက်ရှိသွားစဉ် မျက်ဝန်းများ တဖြည်းဖြည်း မှေးစင်းသွားတော့၏။ အဆုံး၌ ကျေနပ်စွာ ပြုံးလိုက်ပြီး၊

“ ဒါပေမယ့် အခုတော့ ... ငါ့အရင် မင်းစိတ်ပူရတော့မယ် ထင်တယ်။ ”

-ဟု လှောင်ပြုံးဖြင့် ရေရွတ်လေသည်။

“ ဟမ့် ... ဘာကိုပြောချင်တာလဲ။ ”

တာအိုချင်းရှ၏ အမူအရာနှင့် စကားအဓိပ္ပါယ်ကြောင့် ကူချန်ခမျာ သံသယ ဝင်လာကာ တောင်ခြေရင်းသို့ ငုံ့ကြည့် လိုက်လေသည်။

တောင်ခြေရင်းတွင် ရထားလုံး တစ်စင်းစိုက်ကပ်ထားပြီး ချောမောလှပသော အမျိုးသမီး (၂)ယောက် လှမ်းထွက်လာ၏။

“ ချန် ... မင်းယောက်ျားဆိုရင် ရဲရင့်စွာ ရင်ဆိုင်လိုက်ပါ မင်းဘဝမှာအိမ်ထောင်မပြုရင် ယောကျ်ားတစ်ယောက်ရဲ့ ပြီးပြည့်စုံမှုကို မင်းဘယ်လိုလုပ် ရနိုင်မလဲ ...

... တကယ်လို့ မင်းသာ ဒီကောင်မလေးအပေါ် ခံစားချက် မရှိဘူးဆိုရင် မင်းအဖေစီစဉ်တာကို ဘယ်လိုများ သဘောတူနိုင်မလဲ ...

... ဒါကြောင့် လက်လွတ်ခံလိုက်နဲ့ ... မဟုတ်ရင် မင်းဘဝတစ်လျှောက်လုံး နောင်တ ရနေလိမ့်မယ် ... ဟားဟားဟား။ ”

အဆုံးတွင် တာအိုချင်းရှသည် ကူချန်ပခုံးကိုပုတ်ကာ တဟားဟားရယ်လျက် လှည့်ထွက်သွားလေသည်။

ကူချန်သည်သာ စိတ်ရှုပ်ထွေးစွာဖြင့် တာအိုချင်းရှထံ လှည့်ကြည့်လိုက်၏။ ပြီးနောက် တောင်ခြေသို့ ငုံ့ကြည့်လိုက်စဉ် ရှောင်ယွင်မှ တောင်ပေါ်မော့ကြည့်လျက် သူ့ကိုမြင်ပြီး ဝှေ့ယမ်းပြလာတော့သည်။

“ ဟေး ... တာအိုဘုန်းကြီး၊ မင်း ငါတို့ကိုဒီကနေ လာစောင့်နေတာ မဟုတ်လား။ ”

***

All Chapters