← Chapters

နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်၏ စွမ်းအား

Vol. 3 Ch. 25

နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်၏ စွမ်းအား

Vol. 3 Ch. 25

“ သူ့လို အသက်လေးဆယ်အရွယ် လူကြီးတစ်ယောက်က ဒီလို ကလေးဆန်တဲ့ စာသားမျိုး ရွတ်နေတာ မထူးဆန်းဘူးလား …”

“ အဲ့တာ အရေးမကြီးဘူး … အရေးကြီးတာ အခု ပွဲကြီးပွဲကောင်းကြည့်ဖို့ ရှိပြီ …”

“ ဒေါက်တာချန်ရဲ့ အနောက်မှာ တကယ်ကြီး အသင်း တစ်သင်း ရှိနေတာလားဟ ….”

“ ဖြစ်နိုင်တယ် … [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေးသတင်းထောက်]က ပြင်ဆင်မထားတဲ့ တိုက်ပွဲတွေကို ဘယ်တော့မှ မတိုက်ဘူး …”

“ ဒေါက်တာချန် … ငါအခုလေးတင် မင်းကို ငါ့အိုင်ဒေါဆိုပြီး သတ်မှတ်ထားတာနော် … ငါ့ကို စိတ်ပျက်အောင် မလုပ်နဲ့ …”

မနေ့ကနှင့် ဒီနေ့ လိုက်စထွင်းကို ကြည့်ရှုထားကြသူများမှာ မနေနိုင်ဘဲ ချန်ယွီ့အစား စိုးရိမ်ပူပန်လာကြသည်။

စိတ်ခံစားချက်နောက် လိုက်ပါဆုံးဖြတ်ရမည်ဆိုပါက ချန်ယွီ့မှာ စစ်မှန်သည့် ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်ကို သူတို့ ယုံကြည်သည်။

မည်သည့်နည်းနှင့်မျှ အတုတစ်ယောက် မဖြစ်နိုင်။

သို့ပေမယ့် …

[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေးသတင်းထောက်] ကလည်း နာမည်ကြီး သတင်းထောက်တစ်ဦးဖြစ်၏။

သူက ရာကျော်သည့် အတင်းအဖျင်း ကိစ္စများကို ထုတ်ဖော်ခဲ့ဖူးပြီး မည်သည့် တစ်ခုကမျှ အတုအယောင် မဟုတ်ခဲ့ချေ။

ထိပ်တိုက်ရင်ဆိုင်ကြသည့် နာမည်ကြီး အနုပညာရှင်များအားလုံးလောက် သူ့စကားလုံးများ အောက်၌ ရှုံးနိမ့်သွားခဲ့ရသည်။

ထို့ပြင် … [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေးသတင်းထောက်] ဝင်လာသည့် အချိန်၌ သူ့လက်ထဲတွင် စုံစမ်းစစ်ဆေးရေး မှတ်တမ်းကဲ့သို့သော အရာတစ်ခုကိုလည်း ကိုင်ဆောင်ထားခဲ့သေး၏။

ချန်ယွီ့၏ အမာခံ ပရိသတ်တို့မှာ မနေနိုင်ဘဲ စိတ်ပူလာမိတော့သည်။

ထိုအချိန် ချန်ယွီ့ကတော့ သူ့ပခုံးကို အညောင်းဆန့်ပြီး သက်တောင့်သက်သာ အနေအထားသို့ ပြောင်းလဲလိုက်သည်။

လက်တင်နေရာပေါ်တွင် တံတောင်ဆစ်နှစ်ခု တင်ထား၍ လက်ကိုပိုက်လျက် စခရင်ထက်ရှိ [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေးသတင်းထောက်]ကို ကြည့်လိုက်သည်။

“ ခင်များက ကျွန်တော့်ရဲ့ အတင်းအဖျင်းတွေ ဖော်ထုတ်ဖို့ ရောက်လာတယ်ဆိုတော့ … ပြောပါ … ခင်များ ဘာတွေ သိထားလဲ …”

“ ချန်ယွီ့ … မင်းဒါကို တစ်ချက် ကြည့်စမ်း …” [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေးသတင်းထောက်]က နှာမှုတ်လိုက်သည်။

ထိုသို့ပြောပြီးနောက် သူက စာရွက်အပိုင်းအစတစ်ခုကို စခရင်ရှေ့တွင် ပြသလိုက်၏။

ယင်းက တက္ကသိုလ် ရီပို့ကတ်ပင်။

အမျိုးမျိုးသော ဘာသာရပ်များ၏ ရလဒ်များအပြင် ချန်ယွီ့၏ ကျောင်းသား မှတ်ပုံတင်နှင့် နာမည်လည်း ပါဝင်သည်။

“ ချန်ယွီ့ … ဒါက မင်းရဲ့ တက္ကသိုလ်လေးနှစ် ရလဒ်တွေကို စုစည်းထားတာပဲ …”

“ အဲ့ရလဒ်တွေက မင်းရဲ့ စိတ်ပညာ ကျွမ်းကျင်မှုက သာမန်အောက်မှာပဲ ရှိတယ်လို့ ပြောပြနေတယ် …”

“ မင်းရဲ့ စီနီယာနှစ် နောက်ဆုံး စာမေးပွဲကိုတောင် ကျဖို့ နည်းနည်းလေးပဲ လိုတယ် …”

[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေးသတင်းထောက်]က ယုံကြည်ချက် အပြည့်နှင့် ဖြစ်နေခဲ့သည်။

စိတ်ပညာ ဘာသာရပ်ကိုပင် အောင်မှတ်လေးနှင့် ကပ်အောင်နိုင်ခဲ့သည့် လူတစ်ယောက်က မည်ကဲ့သို့ ကျွမ်းကျင်သူတစ်ဦး ဖြစ်နိုင်ပါမည်နည်း။

“ ငိုးတဲ့မှ … ဘာများလဲလို့ကွာ … ငါ့တက္ကသိုလ် အမှတ်တွေလည်း မကောင်းဘူး … ဒါပေမယ့် ငါ နာမည်ကြီး ကုမ္ပဏီကို ဝင်နိုင်ခဲ့သေးတာပဲ …”

“ ခိုင်မာတဲ့ သက်သေတွေ ထုတ်ပြလာမယ်လို့ ထင်ထားတာ ထုတ်လာတော့လည်း ဘာမဟုတ်တဲ့ ရီပို့ကတ်လေးပဲလား …”

“ [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေးသတင်းထောက်]ရဲ့ တိုက်ခိုက်ရေး ခွန်အားတွေက ဒီနေ့ ထမင်းမစားခဲ့ရသေးဘူးထင်တယ် …”

ကြည့်ရှုသူများအားလုံး စိတ်ပျက်သွားခဲ့ကြသည်။

သူတို့အားလုံးက အတင်းအဖျင်း ကြီးကြီးမားမား တစ်ခုခုကို မျှော်လင့်နေခဲ့ကြသော်လည်း ဘာမဟုတ်သည့် အရာများကိုသာ ပါးစပ်အပြည့် ဝါးစားလိုက်ကြရသည်။

အင်မတန် စိတ်ပျက်စရာ ကောင်းလှ၏။

“ မပူနဲ့ … ငါ့မှာ သက်သေတွေ အများကြီး ထပ်ရှိသေးတယ် … ဒါက နှုတ်မြိတ်စာလောက်လေးပဲ …”

“ ငါ ဘာလို့ ချန်ယွီ့ရဲ့ ရီပို့ကတ်ကို အရင်ဆုံး ထုတ်ပြလာရလဲဆိုတော့ သူ့ရဲ့ ကျွမ်းကျင်မှု အရည်အချင်းကို လူတိုင်း ရှင်းရှင်းလင်းလင်း သိထားရအောင်လို့ပဲ …”

[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေးသတင်းထောက်]က သူ၏ အကြောင်းအရင်းကို ရှင်းပြလိုက်သည်။

“ မှန်တယ် … ရီပို့ကတ်ထဲက အမှတ်တွေက လူတစ်ယောက်ရဲ့ အစွမ်းအစကို မှန်မှန်ကန်ကန် သက်သေမပြနိုင်ဘူး … ဒါပေမယ့် ချန်ယွီ့က လူ့အဖွဲ့အစည်းကို လတ်တလောလေးတင်မှ ဝင်လာခဲ့တဲ့လူ … သူ ဘွဲ့ရပြီးတာလည်း နှစ်ဝက်ပဲ ရှိသေးတယ် …”

“ နှစ်ဝက်တည်းနဲ့ လူတစ်ယောက်ရဲ့ အရည်အချင်း အစွမ်းအစတွေ ဒီအဆင့်ထိ တိုးတက်လာနိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့အရာပဲ ….”

“ အမှန်တရားက တစ်ခုတည်း ရှိတယ် …”

“ သူက ဘာကောင်မှ မဟုတ်ဘူး … ဒီတိုင်း ဟူယွီပလတ်ဖောင်းက ဖန်တီးထားတဲ့ ပိုက်ဆံစုပ်စက် တစ်ခုသာသာပဲ …”

[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေးသတင်းထောက်]က ရီပို့ကတ်ကို လွင့်ပစ်ရင်း ပြောလိုက်၏။

ထို့နောက် ဒုတိယ စာရွက် တစ်ရွက်ကို ကင်မရာရှေ့သို့ ပြသလိုက်သည်။

ယင်းက chat history တစ်ခု၏ စခရင်ရှော့ပင်။

ဤတစ်ကြိမ်တွင်တော့ ကွန်းမန့် ရာဂဏန်းအနည်းကသာလျှင် ချန်ယွီ့ကို ထောက်ခံပေးဖို့ ကျန်နေရစ်ခဲ့တော့၏။

ကျန်သည့် သိန်းချီသည့် ပရိသတ်များကတော့ ဇွန်ဘီတစ်ကောင်နှယ် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြတော့သည်။

“ ဒါက ဟူယွီပလတ်ဖောင်း ကတ်စတန်မာ ဆားဗစ်နဲ့ ချန်ယွီ့တို့ ပြောထားတဲ့ စကားဝိုင်းပဲ …” [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေးသတင်းထောက်]က ဘဝင်ခိုက်စွာ ဆိုလိုက်ပြီး “ လူတိုင်းပဲ … ကျေးဇူးပြုပြီး တစ်ချက် ကြည့်ကြပါ … ဒီမှာ ဟူယွီပလတ်ဖောင်းရဲ့ စိတ်ကျန်းမာရေး တိုင်ပင်ဆွေးနွေးမှုအတွက် လျှောက်ထားတဲ့ ချန်ယွီ့ရဲ့ မှတ်တမ်း အသေးစိတ်တွေ ပါတယ် …”

“ ရလဒ်က ဘာတဲ့ …. ကတ်စတန်မာ ဆားဗစ် ဝန်ထမ်းက လျှောက်ထားတဲ့လူတွေ များလွန်းလို့ ချန်ယွီ့ကို အကြောင်းပြန်တာ စောင့်ပေးပါဆိုပြီးပဲ အသိပေးလာတယ် …”

“ အလုပ်ရှာနေကြတဲ့ လူတိုင်း သူတို့ဘက်က ပြန်ပြီး အကြောင်းပြန်မှာကို စောင့်ဆိုင်းပေးပါလို့ ပြောတာက သွယ်ဝိုက်ပြီး ငြင်းလိုက်တာနဲ့ အတူတူပဲ ဆိုတာကို အကုန်လုံးလည်း နားလည်မှာပါ ….”

[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေးသတင်းထောက်]က တတိယ စာရွက်ကို ဆက်၍ ပြသလိုက်သည်။

ယင်းတွင်လည်း ချန်ယွီ့နှင့် ဟူယွီ၏ ကတ်စတန်မာ ဆားဗစ်တို့ စကားပြောထားသည့် စကားဝိုင်း စခရင်ရှော့ခ်ပင်။

ချန်ယွီ့က ယခု စိတ်ကျန်းမာရေး အသိပညာ မြင့်တင်ပေးမှု ကမ်ပိန်း၏ တာဝန်ခံ ဒါရိုက်တာ၏ သတိထားမှုကို ခံလိုက်ရပြီး အင်တာဗျူး လုပ်ငန်းစဉ်ကို တိုက်ရိုက်ကျော်ခွလိုက်နိုင်သည်။

ပွဲစီစဉ်သူက ချန်ယွီ့ကို သူတို့၏ ဟူယွီ ပလတ်ဖောင်းသို့ တိုက်ရိုက် ဖိတ်ခေါ်၍ ပလတ်ဖောင်း၏ စိတ်ကျန်းမာရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးပေးသူတစ်ဦး ဖြစ်လာစေခဲ့သည်။

“ ဟူယွီ ဝန်ထမ်းရဲ့ မတူညီတဲ့ အပြုအမူနှစ်ခုက ရှင်းရှင်းလေးရယ် …”

[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေးသတင်းထောက်]က သူ၏ မျက်မှန်ကို ပင့်တင်လိုက်ပြီး “ သူက ဟူယွီ ကတ်စတန်မာ ဆားဗစ်ရဲ့ ပထမပိုင်း လူစီစစ်မှုကိုတောင် မကျော်နိုင်ခဲ့တဲ့ လူသစ်လေးဆိုတာ သိသာတယ် … ဒါဆိုရင် ဘာကြောင့်များ ပွဲစီစဉ်သူက သူ့ဆီ ကိုယ်တိုင်ကိုယ်ကျ ဆက်သွယ်လာခဲ့လဲ …”

“ ဟူယွီက ပရော်ဖက်ရှင်နယ် လိုက်စထွင်း ပလတ်ဖောင်းတစ်ခု ဆိုတာကို လူတိုင်း သိကြတယ် … သူတို့ရဲ့ စထွင်မာတွေအပေါ်မှာလည်း တင်းကြပ်တဲ့ ကန့်သတ်မှုတွေ ရှိတယ် …”

“ တကယ်လို့ ပွဲစီစဉ်သူက ချန်ယွီ့ကို အင်တာဗျူးဖြေတာကျော်ပြီး ပလတ်ဖောင်းထဲ တိုက်ရိုက်ဝင်ခွင့်ပြလိုက်တဲ့ နောက်ကွယ်မှာ အပေးအယူ တစ်ခု ရှိမနေဘူးလို့ မင်းငါ့ကိုပြောရင် ငါ မနက်ဖြန် ချက်ချင်းပဲ ဟူယွီပလတ်ဖောင်းထဲကနေ ထွက်သွားလိုက်မယ်ကွာ …”

[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေးသတင်းထောက်]က ဤသို့ ရက်ရက်စက်စက် ပြောဆိုလိုက်သည်။

ထို့နောက် သူစတင်ပြီး ၎င်းတို့၏ ‘လှည့်ကွက်’ များကို စတင်ဖော်ထုတ်တော့၏။

ဟူယွီ ပလတ်ဖောင်းက ဤ စိတ်ကျန်းမာရေး အသိပညာ မြင့်တင်ပေးမှု ကမ်ပိန်းကို စီစဉ်ခဲ့သည်က ကြည့်ရသည်မှာ မည်သူ့ကိုမျှ ထိခိုက်စေလိုစိတ် မရှိဟန်ရသော်လည်း အကယ်၍ တစ်စုံတစ်ယောက်သာ သေချာ စီစီစစ်စစ်နှင့် စူးစမ်းကြည့်ခဲ့မည်ဆိုပါက ၎င်းတို့၏ လုပ်ငန်းစဉ်တွင် ချို့ယွင်းချက်တစ်ချို့ ရှိနေသည်ကို လွယ်လင့်တကူ တွေ့မြင်နိုင်သည်။

အကယ်၍ ၎င်းတို့ကသာ စိတ်ကျန်းမာရေး အသိပညာ ဗဟုသုတ ပေးသည့် လိုက်စထွင်း တစ်ခုကို စတင်ချင်ပါက ပလတ်ဖောင်းကနေပြီး နာမည်ကျော်ကြားသည့် စိတ်ကျန်းမာရေး ဆရာဝန်များကို ငှားရမ်း၍ ရသည်။

ဒါမှမဟုတ် … ဆေးရုံကြီးတစ်ခုက စိတ်ကျန်းမာရေး သမားတော်ကို ပင့်ဖိတ်၍လည်း ရသည်။

သို့ပေမယ့်လည်း ထိုသို့ ပြုရမည့် အစား ဟူယွီပလတ်ဖောင်းက လူသိရှင်ကြား ကြေညာပြီး ဖိတ်ကြားမှုကို ပြုလုပ်ခဲ့သည်။

“ နာမည်ကျော်ကြားပြီး အတွေ့အကြုံရင့်ကျက်တဲ့ စိတ်ပညာရှင်ကို မဖိတ်ကြားဘူးဆိုတာက ပလတ်ဖောင်းရဲ့ ဆုံးဖြတ်က ရေရာပြတ်သားမှု မရှိဘူးလို့ ဆိုလိုတာပဲ …”

“ တခြားတစ်ဘက်မှာကျ … သူတို့က ဒီလို အရာမျိုးတွေ တည်ဆောက်ပြီး ချန်ယွီ့ရဲ့ ဂုဏ်သတင်းကို နတ်သမားတော်ဆိုတဲ့ လမ်းကြောင်းထဲ ရောက်အောင် တင်ပေးလိုက်တယ်...."

“ ဘွဲ့ရတာ မကြသေးတဲ့ စိတ်ကျန်းမာရေး ဆရာဝန် အသစ်လေးက လိုက်စထွင်း စလုပ်ပြီး ဒီလိုမျိုး မယုံကြည်နိုင်စရာ ကောင်းတဲ့ အစွမ်းအစတွေကို ပိုင်ဆိုင်နေတယ် … ဒါက သူတို့ ဗန်းပြတဲ့ ထွင်လုံး မဟုတ်ပါဘူးလို့ ဘယ်သူက ပြောနိုင်လဲ …”

“ သေချာတာပေါ့ .. အစီအစဉ်က ဘယ်လောက်ပဲ ကောင်းတယ်ပြောပြော ချို့ယွင်းချက်တွေကတော့ ရှိစမြဲပဲလေ …”

“ ကတ်စတန်မာဆားဗစ် ဝန်ထမ်းက ချန်ယွီ့ ဒီလိုမျိုး ဖြစ်လာဖို့ ရွေးချယ်ခံရပြီးသားဆိုတာကို မသိလို့ စီးပွားရေး လုပ်ငန်းတွေမှာ သုံးတဲ့ နည်းလမ်းအတိုင်း တစ်ဖက်လှည့်နဲ့ ငြင်းလိုက်တယ် ..”

“ နောက်ပိုင်းမှာ ပရောဂျက်ရဲ့ တာဝန်ခံက ဒီဖြစ်ရပ်ကို သိသွားတော့ သူကိုယ်တိုင် ထွက်လာပြီး ချန်ယွီ့ကို ဖိတ်ခေါ်တယ် ….”

[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေးသတင်းထောက်]က ကြောက်စရာကောင်းသည့် စကားများကို ပြောဆိုနေခဲ့ပြီး သူသုံးသပ်သည့် လောဂျစ်နှင့် ပတ်သက်၍လည်း စင်းလုံးချော အပြစ်ကင်းနေခဲ့သည်။

“ သူပြောတာက ယုတ္တိရှိတယ်ဟ …”

“ ဒေါက်တာချန်က ဟူယွီ ပလတ်ဖောင်းရဲ့ ငွေစုပ်စက်ဆိုပြီး မင်းပြောတယ်နော်…. ဒါပေမယ့် သူက အန်းအန်းရဲ့ မသမာတဲ့ လုပ်ရပ်ကို ရှာတွေ့ခဲ့တယ် .. ပြီးတော့ ညီကို ချယ်ရီရဲ့ နတ်ဘုရားမက အမျိုးသားတစ်ယောက် ဖြစ်ပါတယ်ဆိုတာကိုလည်း ပြောပြပေးခဲ့သေးတယ် …”

“ [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေးသတင်းထောက်] … မင်းသာ တကယ်တော်တယ်ဆိုရင် စီအီးအိုရွှီနဲ့ အစ်ကိုရွှီရဲ့ အမှုကို မင်း ရှင်းပြပေးစမ်းပါ ….”

ကြည့်ရှုသူများ၏ အတွေး သံသယနှင့် ရင်ဆိုင်ရသည်တွင် [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေးသတင်းထောက်]က ပျာယာခတ်သွားခြင်း မရှိခဲ့ချေ။

“ ကျိုးခဲ့ရှင်းနဲ့ အစ်ကိုရွှီ နှစ်ယောက်လုံးက ဟူယွီ ပလတ်ဖောင်းနဲ့ စာချုပ် ချုပ်ထားတဲ့ စထွင်မာတွေပဲ …”

“ တကယ်လို့ ပလတ်ဖောင်းက သူတို့ကို အရှေ့သွားလို့ အမိန့်ပေးလာရင် သူတို့ အနောက်ကို မသွားရဲဘူး…”

“ အန်းအန်း ကိစ္စကတော့ ... အဲ့တာက ပလတ်ဖောင်းရဲ့ ပြောင်မြောက်တဲ့ အကွက်လို့ ပြောရမယ် …”

[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေးသတင်းထောက်]က အေးစက်စွာ ပြုံးပြီး ဆက်ပြော၏။ “ တကယ်လို့ စထွင်မာ အသစ်လေးကို အစကောင်းစေချင်တယ်ဆိုရင် လူတွေရဲ့ အာရုံစူးစိုက်မှုကို ခံရဖို့ အကြီးကြီး တစ်ခု စီစဉ်ပေးဖို့ အပြင် လူတွေ ပြောလောက်စရာ ခေါင်းစဉ်တစ်ခု ရအောင်လည်း ဖန်တီးပေးဖို့လိုတယ် ….”

“ အချစ်ဆုံး သူငယ်ချင်းက ဆေးခပ်ပြီး ကိုယ့်သူငယ်ချင်းကို နောက်ကျော ဓားနဲ့ထိုးတယ် … သန်းနဲ့ချီတဲ့ subscriber ရှိတဲ့ စထွင်မာတစ်ယောက်က အကွက်ချခံရပြီး ရူးကြောင်ကြောင် ဖြစ်သွားလုနီးပါး ဖြစ်ခဲ့ရတယ် …”

“ မင်းတို့ ပြောကြစမ်းပါ … ဒါတွေက နာမည်ကြီးပြီး လူတွေရဲ့ အာရုံစူးစိုက်မှုကို ရဖို့ လုံလောက်လား မလုံလောက်ဘူးလား …”

[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေးသတင်းထောက်]၏ စကားလုံးများကြောင့် ကြည့်ရှုနေသူများအားလုံး ကြက်သေသေသွားခဲ့ကြသည်။

အနှီ သတင်းဇာတ်လမ်းတို့နှင့်ပင် ချန်ယွီ့ကို ရေပန်းစားစေဖို့ လုံလောက်သည်။

[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေးသတင်းထောက်]က သူ့လည်ချောင်းကို ရှင်းပြီး ဆက်ပြောသည်။ “ ကျိုးခဲ့ရှင်းက ဆေးရုံ ဆေးစစ်မှတ်တမ်းကို ကိုင်ထားတာမြင်တော့ မင်းတို့စိတ်ထဲ ချန်ယွီ့က ကျွမ်းကျင်သူပါဆိုတဲ့ ပုံရိပ်က မသိလိုက်ဘဲ ထင်ဟပ်သွားပြီ ...”

“ တကယ်တော့ ဒီလို ကိစ္စလေးတွေဆိုတာ အလွယ်လေး လုပ်လို့ရတယ် ဆိုတာ မင်းတို့ မသိလို့ပဲ….”

“ ဆရာဝန် တစ်ယောက်ကို လာဘ်ထိုးလိုက်မယ်ဆိုရင် ဘယ်လို ဆေးစစ်မှတ်တမ်းမျိုးကို မင်းတို့ မရနိုင်တာ ရှိလဲ …”

“ ရဲပြေစာကတော့ … ကျိုးခဲ့ရှင်း ရဲကို တကယ်ဖုန်းဆက်မှပဲ သက်သေပြလို့ရမယ် …”

“ အခု… ဟူယွီက လူတိုင်းကို ဘယ်လို အရူးလုပ်သွားခဲ့လဲဆိုတာ မင်းတို့အားလုံး သိအောင် ငါပြောပြမယ် …”

All Chapters