အခန်း (၂၈)
Vol. 3 Ch. 28
လိုက်စထွင်း ကွန်းမန့်ခန်းမှာ တိတ်ဆိတ်သွားခဲ့တော့သည်။
ဒါ ပေါက်ကွဲစေလောက်တဲ့ ဖော်ထုတ်မှုကြီးပဲ ဖြစ်ရမယ် ဟုတ်တယ်မလား …
ချန်ယွီ့ အစောပိုင်း ပြောသွားခဲ့တာက ဆိုက်ကိုပါ့တွေရဲ့ အမူအကျင့်နဲ့ ဘာမှလည်း မဆိုင်ဘူး …
အခုတော့ မိုးနတ်မင်းကြီးရေ … ဒေါက်တာချန်က သူတို့ ပြောမဆုံးသေးခင်မှာပဲ ဗုံးကြီးတစ်လုံးကို ပစ်ချလိုက်တယ်….
“ ဒါ ပါးစပ်ရှိတိုင်း လျှောက်ပြောလို့ ရတဲ့ ကိစ္စ မဟုတ်ဘူးနော်…”
“ ဒေါက်တာချန် … မင်း စကားတွေကို ဆင်ခြင်ပြီး ပြောဦး … မဟုတ်ရင် [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]က ခဏနေကျရင် မင်းကို တရားစွဲနေဦးမယ် …”
“ ဒေါက်တာချန်ကတော့ ဇာတ်ညွှန်းအသစ်ရသွားပြီဟေ့ … သရုပ်ဆောင်ဖို့ပဲ ကျန်တယ် …”
လိုက်စထွင်း စကားပြောခန်းမှာ တစ်ဖန်ပြန်ပြီး အသက်ဝင်လာခဲ့သည်။
ကွန်းမန့်များကို အသည်းအသန် စာရိုက်ရေးနေသည့် ကြည့်ရှုသူ တစ်ချို့ကလွဲ၍ ကျန်သည့် ၉၀ ရာခိုင်နှုန်းမှာ ချန်ယွီ့စကားကို မယုံကြည်နိုင်ခဲ့ကြချေ။
[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]က ထိုသို့သော လုပ်ရပ်မျိုး ပြုလုပ်လိမ့်မည်ဟု သူတို့ မယုံကြည်။
လူတစ်ယောက်ကို သတ်သည်က ကြက်တစ်ကောင်ကို သတ်သည်နှင့် မတူညီပေ။
ဤသည်က လူ့ကျင့်ဝတ်စည်းမျဉ်း၏ နောက်ဆုံးစည်းကို ထိပါးနေသည့် အရာပင်။
[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်] မျက်မှောင်ကြုတ်သွားခဲ့ပြီး အလျင်အမြန်ပဲ ပြေလျော့သွားခဲ့၏။
“ မင်းတို့အားလုံး ငါ့ကို ယုံကြည်ပေးကြတဲ့အတွက် ကျေးဇူးပါ …”
“ ဆိုရိုးစကားတွေ အတိုင်း … သန့်ရှင်းနေတဲ့လူက သန့်ရှင်းနေမယ် … ညစ်ပတ်နေတဲ့လူက ညစ်ပတ်နေမယ် … ငါ မလုပ်ခဲ့ဘူး … ဒီတော့ မင်းငါ့အပေါ် ရေညစ်တွေနဲ့ ဘယ်လောက်ပဲပက်ပက် အလကားပဲ …”
[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]က ချန်ယွီ့ကို ပေါက်ကရစကားများ လျှောက်ပြောနေသည်ကို ရပ်တန့်ဖို့ သတိပေးလိုက်သည်။ မဟုတ်ပါက တရားဥပဒေ၏ အရေးယူမှုကို ခံရမှာ ဖြစ်၏။
“ ကျွန်တော် လျှောက်ပြီးပြောနေတာ ဟုတ်လား မဟုတ်ဘူးလားဆိုတာ ခင်များ ဆက်ပြီး နားထောင်ကြည့်လိုက် …”
ချန်ယွီ့ အေးစက်စွာ ပြုံးလိုက်သည်။
“ ကတ်စတန်မာက သူဌေးကြီးတစ်ယောက်ပဲ … သူက အရက်တွေ အလွန်အကျွံ သောက်ပြီးတဲ့နောက်မှာ ခင်များကို ခွေးလို ဟောင်ပြမယ်ဆိုရင် ယွမ်ငါးရာ ဘောက်ဆူးပေးမယ် ပြောတယ် …”
“ ခင်များ ပိုက်ဆံယူပြီး ခွေးလို ဟောင်ခဲ့တယ် …”
“ သုံးရက်ကြာပြီးတဲ့နောက် ခင်များ သူ့အိမ်ပြတင်းပေါက်ကနေ အိမ်ထဲ ခိုးဝင်ပြီး သူ့ကို သေတဲ့အထိ ဓားနဲ့ ထိုးနှက်ခဲ့တယ် …”
“ သူ့ကိုယ်ပေါ်မှာ ရှိတဲ့ ယွမ် သုံးထောင်ကို ခင်များ ယူသွားတယ်…”
“ အဲ့ဒါ ခင်များရဲ့ ပထမဆုံးအကြိမ် လူသတ်မှုပဲ … ဒါပေမယ့် ခင်များ တည်ငြိမ်နေတယ် … စိုးရိမ်တာတွေ ၊ စိတ်ပူပန်သောကရောက်တာတွေ ဆိုတာ ခင်များမှာ ရှိတောင် မရှိဘူး …”
“ သူ့ရဲ့ ရုပ်အလောင်းကို သက်ရှိ မဟုတ်တဲ့ အရာဝတ္ထုတစ်ခုလိုမျိုးပဲ ခင်များကြည့်နေခဲ့တယ် …”
“ မိနစ် အနည်းငယ် ကြာပြီးတဲ့နောက်မှာ ခင်များ သန့်စင်ခန်းထဲသွားပြီး ခန္ဓာကိုယ်နဲ့ ဓားပေါ်မှာ ရှိနေတဲ့ သွေးတွေကို သေချာဆေးကြောခဲ့တယ် …”
“ သူ့အိမ်က ထွက်လာပြီးတဲ့နောက်မှာ ဓားကို မြစ်ထဲ လွင့်ပစ်လိုက်ပြီး အဝတ်အစား အသစ် တစ်စုံဝယ်ဖို့ စတိုးဆိုင်ထဲ သွားခဲ့တယ် …”
သိန်းနှင့် ချီသည့် ကြည့်ရှုသူများ၏ စိတ်ခံစားချက်တို့မှာ တဆတ်ဆတ် တုန်ယင်နေခဲ့ကြပြီ ဖြစ်သည်။
အကယ်၍ ချန်ယွီ့ကသာ လုပ်ဇာတ်တွေ ပြောနေခဲ့တာ မဟုတ်ခဲ့ဘူးဆိုပါက ….
ဆိုလိုသည်မှာ [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]က လူသတ်သမား ဖြစ်ဖို့ မွေးဖွားလာသူပင်။
ပထမဆုံးအကြိမ် လူသတ်ပြီးသည့် အချိန်မှာပင် သူ၏ ခံစားချက်တို့က တည်ငြိမ်နေခဲ့ပြီး သူ့လက်နက်ကို အေးအေးဆေးဆေး လွင့်ပစ်ခဲ့လိုက်သေး၏။
စောက်ကျိုးနည်းကြီး …
[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]က ဓားပြဝင်စားလာခဲ့တာများလား …
“ ဟူယွီက မင်းကို အသုံးချချင်နေတာ မဆန်းတော့ပါဘူး … မင်းက ပုံပြောတဲ့နေရာမှာ တော်တော် ပါရမီပါတဲ့ကောင်ပဲ ….”
[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]က ချန်ယွီ့ကို ထေ့ငေါ့လိုက်သည်။
“ ကံဆိုးချင်တော့ မင်းရဲ့ ဇာတ်လမ်းက ဂယ်ပေါက်တွေ အများပြီး ဖြစ်နေတာပဲ …”
“ ပထမဆုံး အကြိမ် လူသတ်ပြီးတာတောင် သူတို့ရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်တဲ့လူ … အဲ့လိုလူက ရှိနိုင်မှာတဲ့လား …”
“ ဒီလို အခြေခံကျတဲ့ လောဂျစ်လေးကိုတောင် မင်းရဲ့ ဇာတ်လမ်း ချဲ့ကားဖို့ သုံးတယ်ဆိုတာ ငါ ယုံတောင် မယုံနိုင်ဘူး …”
“ မင်းတို့ တစ်သင်းလုံးပေါင်းပြီး ဦးနှောက်တစ်လုံးတောင် ပြည့်ကြရဲ့လားကွ ဟမ် …”
[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]က ကြည့်ရှုသူများ မေးခွန်းထုတ်သည်ကို မစောင့်ဆိုင်းတော့ဘဲ သူ့ဘာသူ အလျင်အမြန် ရှင်းပြလာခဲ့သည်။ ချန်ယွီ့ အစောပိုင်း ပြောခဲ့သည့် အလုပ်အကိုင်များကို သူ လုပ်ခဲ့ဖူးသည်မှာ မှန်သည်။
အနိုင်ကျင့်ခံခဲ့ရသည်ကလည်း တကယ့်ဖြစ်ရပ်ပင်။
သို့သော် ထိုစဉ်အချိန်က သူ့ အမေ ဆေးကုဖို့ ပိုက်ဆံ လိုအပ်နေသည့် အချိန် ဖြစ်နေခဲ့၏။
သူ့တွင် ကိုယ့်ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက် ဇိမ်ခံမှု ဆန်လှသည့် မာနဆိုသော အရာမျိုး သူ့ထံတွင် မရှိခဲ့ချေ။
“ ငါ မင်းတို့ကို ငါ ကြုံခဲ့တဲ့ အဖြစ်အပျက် တစ်ခုအကြောင်းကို ပြောပြမယ် … အဲ့တာပြီးရင် ငါဘယ်လောက်တောင် သူရဲဘောကြောင်လဲဆိုတာ မင်းတို့ သိသွားလိမ့်မယ် …”
လွန်ခဲ့တဲ့ နှစ် ၂၀ လောက်တုန်းက [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်] သူ့သူငယ်ချင်းနှင့်အတူ ဒစ်စကိုကလပ်သို့ သွားခဲ့သည်။
သူ့သူငယ်ချင်းက ထိုနေရာတွင် လူမိုက်တစ်ချို့နှင့် ရန်ဖြစ်ခဲ့ပြီး [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]က အပြေးလေးသွား၍ ရန်ပွဲကို ဖြန်ဖြေသည်။ သို့သော် ကံဆိုးစွာဖြင့် လူမိုက်တစ်ဦး၏ ဓားထိုးခြင်းကို ခံလိုက်ရသည်။
လူမိုက်ကို ရဲက ဖမ်းသွားခဲ့ပြီး [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]မှာ သူ့ သူငယ်ချင်းက ဤကိစ္စ ဆက်လိုက်နေမှာကို စိုးရိမ်နေ၍ သူ့ဘက်က အရင်ဦးစွာ ခွင့်လွှတ်ဖို့ စကားပြောခဲ့ကာ ဆေးဖိုးလျော်ကြေးလေးပင် မတောင်းဝံ့ခဲ့ချေ။
ထိုအချိန်က အရှက်ရဖွယ် အဖြစ်အပျက်ကို ပြောပြပြီးနောက် [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]က ချန်ယွီ့ထံသို့ အကြည့်ပြန်ပို့လိုက်၏။
“ ချန်ယွီ့ … မင်း ငါ့ဘဝအကြောင်းကို မင်း လက်ဖမိုးလို သိနေတယ် မဟုတ်ဘူးလား … မင်း ဒီကိစ္စလည်း မသိဘူးလို့တော့ မပြောနဲ့ …”
“ ကျွန်တော်သိတယ် …”
ချန်ယွီ့ ခေါင်းညိတ်လိုက်သည်။
“ မင်းတို့ကြားကြလား …”
“ လမ်းဘေးလူမိုက်နည်းနည်းလေးကိုတောင် ဖင်တုန်အောင် ကြောက်နေတဲ့ ငါ့လိုကောင်က လူတစ်ယောက်ကို သတ်ဝံ့တဲ့အထိ ဘယ်နားက သတ္တိရှိမှာလဲ …” [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]က သူ့ကိုယ်သူ ပြက်ရယ်ပြုလိုက်၏။
“ ဇာတ်လမ်းက နားထောင်လို့တော့ ကောင်းသားပဲ …”
“ ငါ စကားတစ်ခုကို သွားသတိရမိတယ် … ငကြောက်တစ်ကောင် ဒေါသထွက်လာပြီဆိုရင် ကောင်းကင်ကတောင် ဝပ်တွားရတယ်ဆိုပဲ …”
“ ပေါက်ကရတွေ … ငါတော့ မယုံဘူးကွာ …”
ကြည့်ရှုသူများမှာ [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]က လူ့ကျင့်ဝတ်၏ နောက်ဆုံးစည်းကို ထိပါးသည်အထိ စွမ်းဆောင်နိုင်လိမ့်မည်ဟု မယုံကြည်ကြပေ။
“ ဒစ်စကိုကလပ်မှာ ဖြစ်သွားခဲ့တဲ့ ကိစ္စက ခင်များ ပြောခဲ့တဲ့ အတိုင်းပဲ …” ချန်ယွီ့ ဆက်ပြော၏။ “ ဒါပေမယ့် ခင်များ မပြောခဲ့တဲ့ အသေးစိတ် သေးသေးလေး တစ်ခု ကျန်နေသေးတယ် …”
“ ထုံဆေးက ခင်များရဲ့ ဦးနှောက်ကို ထိခိုက်မှာစိုးလို့ ထုံဆေး မသုံးဘဲ ၂၆ ချက် ချုပ်ခံခဲ့တယ် …”
ကြည့်ရှုသူများအားလုံး အဆုတ်ထဲသို့ လေအေးကြီးများ ရှူရှိုက်မိသွားခဲ့ကြသည်။
ဒါ ဘယ်လို ခံနိုင်ရည်ရှိမှုကြီးလဲ …
သူတို့ဆို ၂၆ ချက် မပြောနဲ့ … ၂ ချက်လေးတောင် ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး …
ထိုကဲ့သို့သော အခြေအနေမျိုးအောက်တွင် စိတ်ခံနိုင်ရည် အားကောင်းသူသာလျှင် စွမ်းဆောင်နိုင်ပေလိမ့်မည်။
“ ဒုတိယ နစ်နာသူက လုံခြုံရေး ကပ္ပတိန်ပဲ …”
“ တခြား လူသတ်သမားတွေနဲ့ မတူဘဲ ခင်များက လုံခြုံရေး ကပ္ပတိန်ကို ထိဖို့ မရွေးချယ်ခဲ့ဘူး … အဲ့ဒီ အစား သူ သိပ်ချစ်ရတဲ့ သူ့ဇနီးကိုပဲ ခင်များ ရွေးချယ်ခဲ့တယ် …”
“ ဘာလို့ဆို သူ့မိန်းမကို သတ်တာက ပိုပြီး စိတ်ဝင်စားဖို့ကောင်းတယ်လို့ ခင်များ ထင်လို့ပဲ …”
“ နှစ်ကြိမ်ဆက်တိုက် လူသတ်ပြီးတဲ့နောက်မှာ သူများရဲ့ အသက်ကို ထိန်းချုပ်ထားနိုင်တယ် ဆိုတဲ့ ခံစားချက်မျိုးကို ခင်များ နှစ်ခြိုက်စွဲလမ်းလာတယ် …”
ချန်ယွီ့ ပြောရင်းဖြင့် ကြည့်ရှုသူများ မေးထားသည့် ကွန်းမန့်တစ်ချို့ကို ဖတ်ရှုမိလိုက်သည်။ [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]က အပြစ်ပေးမှုကနေ မည်သို့ လွတ်မြောက်နေလဲ ဆိုတာပင်။
ချန်ယွီ့၏ စကားတို့က သက်သေ အထောက်အထား မရှိလျှင်ပင် အတော်လေး ယုံကြည်ချင်စရာ ကောင်းနေခဲ့သည်။ ထို့ကြောင့်ပဲ ကြည့်ရှုသူများက နက်နက်ရှိုင်းရှိုင်း အတွေးနက်နေခဲ့ကြ၏။
“ သူ အပြစ်ပေးမှုကနေ ဘယ်လို လွတ်မြောက်လာခဲ့လဲ ဟုတ်လား … အဲ့တာဆိုရင်တော့ သူ့ အလုပ် အတွေ့အကြုံတွေဆီ ငါတို့ ပြန်သွားရလိမ့်မယ် …”
“ သူ စာကြည့်တိုက်ထဲ အလုပ်လုပ်တုန်းက စာအုပ်တွေ အများကြီး ဖတ်ခဲ့ဖူးလို့ပဲ …”
“ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးနဲ့ ပတ်သက်ပြီး ပြည်တွင်းနဲ့ နိုင်ငံခြားက စုံထောက်တွေရဲ့ လူသတ်မှု စစ်ပုံစစ်နည်းတွေ ၊ ထူးခြားဆန်းကြယ်တဲ့ လူသတ်ဝတ္ထုစာအုပ်တွေပါမကျန် အမျိုးအစား စုံလင်နေအောင် သူ ဖတ်ဖူးတယ် …”
“ မသိလိုက်ခင် အချိန်အတွင်းမှာဘဲ သူ့ရဲ့ မသိစိတ်ထဲမှာ ရာဇဝတ်မှုနဲ့ ရဲတွေကို တန်ပြန် ထောက်လှမ်းတဲ့ အတွေ့အကြုံတွေ စုဆောင်းမိလာတယ် ..”
ချန်ယွီ့၏ စကားလုံးတို့က [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]၏ အရှိုက်ကို ပြင်းထန်စွာ ထိုးနှက်သွားခဲ့သည်။
ပဲစေ့ခန့် ရှိသည့် ချွေးစေးတို့က သူ့နဖူးထက်တွင် ဖြစ်ပေါ်လာခဲ့သည်။
သူကဲ့သို့ အေးတိအေးစက် အကျင့်စရိုက် ရှိသူပင် ယခုလို အခိုက်အတန့်မျိုး၌ ရင်တလှပ်လှပ် ဖြစ်နေမိခဲ့၏။
ချန်ယွီ့၏ တခြား ထုတ်ဖော်မှုများက ရှာဖွေစုံစမ်း၍ ရသေးသည်။ သို့သော် သူ ဖတ်ခဲ့ဖူးသည့် စာအုပ်အမျိုးအစားတို့ပါ သိနေခဲ့သည် အထိကတော့ ….
ဤအရာများက သူတစ်ဦးတည်းသာ သိသည့်အရာများသာ။
“ လူသတ်တာက ခင်များကို လူတွေရဲ့ ကံကြမ္မာကို လက်ထဲ ထိန်းချုပ်ထားနိုင်တယ်ဆိုတဲ့ သာယာမှုမျိုးတင် မကဘူး … သူများတွေထက် ဉာဏ်ရည်ဉာဏ်စွမ်း သာလွန်တယ်ဆိုတဲ့ ခံစားချက်ကိုလည်း ပေးစွမ်းတယ် …”
ဤသည်ကို ကြားတော့ [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]၏ လက်တို့ စတင် တုန်ယင်လာသည်။
“ ချန်ယွီ့ … မင်းငါ့ကို အသရေဖျက်ထားတာတွေ အကုန်လုံး ငါ မှတ်တမ်း ယူထားတယ် … ငါမင်းကို အခုချက်ချင်း အသရေဖျက်မှုနဲ့ တရားစွဲမယ် …”
[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]က မတ်တပ်ရပ်၍ သူ့ကုတ်အင်္ကျီကို လှမ်းယူလိုက်သည်။
အမှန်တကယ် ရဲစခန်းသို့ တိုင်ချက်သွားဖွင့်တော့မည့်ပုံပင်။
“ ဒီလောက် နှစ်တွေ ကြာပြီးတာတောင် ခင်များက ခရမ်းရောင် အဝတ်အစားတွေ ဝတ်ရတာကို ကြိုက်နေသေးတုန်းပဲပေါ့ … ဟမ် …”
“ အဲ့တာ ခင်များ ပျင်းရိလာတဲ့ အခါတိုင်း အတိတ်ကို လွမ်းမောအောက်မေ့လို့ရအောင် ဟုတ်တယ်မလား …”
[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]မှာ နေရာမှာတင် ချက်ချင်း အေးခဲသွားခဲ့သည်။
“ ခင်များ တတိယ အကြိမ်မြောက် လူသတ်မှု ကျူးလွန်တဲ့ အချိန်ကစပြီး အမြဲတမ်း ခရမ်းရောင် အဝတ်အစားတွေကိုပဲ ဝတ်တယ် …”
“ ခရမ်းရောင် အဝတ်အစားတွေပေါ်မှာ သွေးစွန်းရင် ထင်တဲ့ အရောင်က မသိသာဆုံးဆိုတာကို ခင်များ လက်တွေ့ စမ်းကြည့်ပြီးသား …”
“ ငါးနှစ်အတွင်းမှာ ခင်များ လူသတ်မှု ဆယ့်ခြောက်မှုကို ကျူးလွန်ခဲ့တယ် …”
“ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက စောင့်ကြည့်ရေး ကင်မရာတွေဆိုတာ နေရာတိုင်းမှာ မရှိသေးဘူး … ဒီတော့ ခင်များရဲ့ မွေးရပ်မြေမှာ ရှိတဲ့ သက်ဆိုင်ရာ ဌာနတွေလည်း ဒီအမှုကို ကိုင်တွယ်ဖို့ တော်တော်လေး ကြီးကြီးမားမား ဆောင်ရွက်ခဲ့ကြတယ်… “
“ သူတို့ဌာနရဲ့ တစ်နှစ် ရန်ပုံငွေထဲက ငါးပုံတစ်ပုံကို စောင့်ကြည့်ရေး ကင်မရာတွေ သောင်းနဲ့ချီပြီး နေရာတိုင်း လိုက်တပ်ခဲ့တယ် …”
“ နှစ် နည်းနည်းကြာပြီးတဲ့အချိန်မှာ စောင့်ကြည့်ရေး ကင်မရာတွေက နေရာတိုင်းမှာ ခေတ်စားလာပြီ …”
“ အပြစ်မရှိတဲ့ လူတွေကိုပဲ လိုက်သတ်လို့ရတဲ့ ခင်များရဲ့ နေ့ရက်ကောင်းလေးတွေ အဆုံးသတ်ပြီဆိုတာကို ခင်များသိတယ်…”
“ နောက်ဆက်တွဲ နှစ် နည်းနည်းလေးမှာ ခင်များ သာမန်လူတစ်ယောက်လိုပဲ နေထိုင်ခဲ့တယ် … ဒါပေမယ့် တခြားလူတွေရဲ့ အသက်နဲ့ ကံကြမ္မာကို ထိန်းချုပ်ချင်တဲ့ အာသီသကို ထိန်းချုပ်ဖို့က ခက်ခဲလွန်းတယ် …”
“ သူတို့ကို ဒီလောကကြီးထဲကနေ ပျောက်ကွယ်သွားအောင် နည်းစနစ်ကျကျနဲ့ လုပ်နိုင်မယ့် နည်းလမ်းတစ်ခုကို ခင်များ ရှာတွေ့သွားတယ် …”
“ အတိတ်နှစ်တွေမှာ စုဆောင်းခဲ့တဲ့ ထောက်လှမ်းရေးနဲ့ တန်ပြန်ကင်းထောက်တဲ့ အတွေ့အကြုံတွေကို အသုံးချပြီး ငါးနှစ်အတွင်းမှာ ခင်များ ပါပါရာဇီတစ်ယောက် ဖြစ်လာခဲ့တယ် …”
ချန်ယွီ့ ပြောပြနေစဉ်တွင် ငွေသုံးထားသည့် အထူး ကွန်းမန့်တစ်ခုက ဖျတ်ခနဲ ပေါ်လာခဲ့၏။
“ သူ ဘယ်သူလဲ ငါသိတယ်…”