ကုသိုလ်ရပြီ ၊ သေခြင်းတရားအတွက် တုံ့ပြန်လက်စားချေမှု
Vol. 3 Ch. 30
“ လောကကြီးမှာ အနာဂတ်ကို ဟောပြောနိုင်တဲ့လူတွေ တကယ်ရှိတာလား …”
ရဲအရာရှိများ၏ ဖိနှိပ်ခြင်းကို ခံထားရသည့် [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]သည် ကျယ်လောင်စွာ အော်ဟစ်နေခဲ့၏။
၎င်းနောက် ချက်ချင်းပဲ စခရင်သည်လည်း မဲမှောင်သွားခဲ့သည်။
“ ဒေါက်တာချန် … မင်း ဝန်ခံလိုက်တော့ …”
“ ဒါလည်း ရုပ်လွန်ဒဿနိကပဲဆိုရင် ငါ ကင်းမြီးကောက်ထောင်ပြီး မစင်စားလိုက်တော့မယ် …”
“ အပေါ်ကလူရဲ့ အကြိုက်က တော်တော်လေး ပြင်းထန်တာပဲ … ဒါပေမယ့် အားပေးပါတယ် …”
“ အနာဂတ်ကို ဟောပြောနိုင်တယ်ဆိုတာကလွဲပြီး ဒေါက်တာချန် ဒီအမှုကို ဘယ်လို ဖြေရှင်းလိုက်လဲဆိုတာ ငါ တခြားနည်းတွေ ဘယ်လိုမှ စဉ်းစားမရဘူး ….”
ကြည့်ရှုသူများမှာ စိတ်လှုပ်ရှားတကြီးနှင့် ချန်ယွီ့ သူ့ဘာသူ ရှင်းပြလာမည်ကို မျှော်လင့်စောင့်စားနေကြသည်။
“ ငါ သူ့ ရာဇဝတ်မှုတွေ သိသွားတာက ကျွမ်းကျင်သူတစ်ယောက်ရဲ့ အကူအညီကြောင့်မို့ပါ …”
ချန်ယွီ့ မတ်တပ်ရပ်ပြီး ကင်မရာ မြင်ကွင်းထဲက ထွက်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူ၏ ယနေ့ ထုတ်ဖော်မှုက အနည်းငယ် ကြီးမားလွန်းသွားသဖြင့် သူ့ဘက်ကလည်း ပြင်ဆင်ထားခဲ့၏။
သူ၏ ဒိုင်းကာကို ထုတ်ပြလာရမည့် အချိန်ပင်။
နိုင်ငံခြားသား တစ်ဦး၏ ဓာတ်ပုံကို ချန်ယွီ့ ထုတ်ပြလာတာကို မြင်တော့ ကြည့်ရှုသူများမှာ အံ့ဩဘနန်း ဖြစ်သွားခဲ့ကြ၏။
“ ငါတို့က ဆရာတူတပည့်တွေပဲ ဒေါက်တာချန် … ငါလည်း ဒီကျွမ်းကျင်သူကြီးရဲ့ ကျောင်းသားပဲ …”
[နတ်ဆိုးတွေကို အပြစ်ပေးပြီး သူတော်ကောင်းတွေကို ချီးမွမ်းတဲ့ ရဲသားလေး] အမည်နှင့် အွန်လိုင်းကြည့်ရှုသူတစ်ဦးက သူ့ကွန်းမန့်ကို ပေးပို့လာခဲ့သည်။
“ စကားမစပ် .. [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]က ရဲတွေ တံခါးလာမခေါက်ခင် ဘာလို့ ထွက်မပြေးတာလဲ …”
“ ခေတ်ကြီးက အရင် နှစ် ၂၀ ကလို မဟုတ်တော့ဘူးလေ … သူ ပြေးလို့ လွတ်မယ်လို့ မင်းထင်လား …”
“ ဒေါက်တာချန် … ဒီ မုတ်ဆိတ်ကြီးနဲ့ နိုင်ငံခြားသားက ဘယ်သူကြီးလဲ …”
ကြည့်ရှုသူများ၏ ကွန်းမန့်များက တစ်ခုပြီး တစ်ခု တက်လာခဲ့ကာ ပုံထဲကလူ၏ နာမည်ကို မေးနေခဲ့ကြသည်။
“ Richard von Krafft-Ebing “ ချန်ယွီ့ ခပ်သာသာပြုံးရင်း ဖြေဆိုလိုက်ပြီး “ ရာဇဝတ်မှုခင်း စိတ်ပညာကို အုတ်မြစ်ချပေးခဲ့တဲ့ ဖခင်ကြီးတွေထဲက တစ်ယောက်ပေါ့ …”
“ ငါ ကျောင်းတုန်းက ရာဇဝတ်မှုခင်း စိတ်ပညာကို လေ့လာပြီး သူ့ရဲ့ အားထုတ်မှုတွေကနေ ကောင်းကောင်းကြီး သင်ယူနိုင်ခဲ့တယ် ..”
“ ဒါကြောင့်မို့ [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်] လုပ်ခဲ့တဲ့ ပြစ်မှုတွေကို မှန်မှန်ကန်ကန်နဲ့ ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့တာပဲ …”
ချန်ယွီ့က တက္ကသိုလ်တွင် ရာဇဝတ်မှုခင်း စိတ်ပညာကို စိတ်ကြိုက်ရွေးချယ် ဘာသာရပ်အနေဖြင့် သင်ယူခဲ့သည်။ သို့သော် ထိုအရာက အပိုမှတ်ရဖို့အတွက်ပဲ ဖြစ်၏။
ချန်ယွီ့က အဓိပ္ပာယ်မရှိသည့် ပေါက်တတ်ကရများကို လျှောက်ပြောနေခဲ့သော်လည်း သူ၏ မျက်နှာမှာ တစ်ချက်လေးမျှ နီမြန်းသွားခဲ့ခြင်း မရှိချေ။
ကြည့်ရှုသူများက သူ့ကို ဆက်တိုက် ဖိအားပေးနေခဲ့ကြ၏။
ရာဇဝတ်မှုခင်း စိတ်ပညာက တကယ်ပဲ အဲ့လောက် အံ့ဩဖို့ကောင်းတာလား ..
ကြည့်ရတာ သူတို့လည်း ဆက်စပ်တဲ့ စာအုပ်တစ်ချို့ကို ဝယ်ဖတ်ထားရမယ့်ပုံပဲ …
တစ်နေ့ကျရင် သူတို့လည်း တဖြည်းဖြည်းနဲ့ ရာဇဝတ်မှုတွေကို ဖြေရှင်းပေးတဲ့ ကျွမ်းကျင်သူတစ်ယောက် မဖြစ်လာနိုင်ဘူးလို့ ပြောမရဘူးလေ …
“ သွေးအေး ဆိုက်ကိုပါ့ တစ်ယောက်က သာမန် ရာဇဝတ်သားတွေနဲ့ မတူဘူး …”
“ သာမန် ရာဇဝတ်သားတွေဆိုရင် လူသတ်ပြီးတာနဲ့ အချိန်အကြာကြီး ခြောက်ခြားမယ် ၊ တုန်လှုပ်မယ် ၊ ကြောက်ရွံ့နေမယ် …”
“ သွေးအေး ဆိုက်ကိုပါ့တွေကတော့ မတူဘူး … သူတို့က ရဲအရာရှိတွေနဲ့ ဂိမ်းကစားပွဲ တစ်ခု ဆော့ကစားချင်တဲ့ စိတ်တောင် ဖြစ်လာဦးမယ် …”
“ သူတို့ လူသတ်မှု အောင်မြင်တဲ့ အချိန်တိုင်း ရဲတွေကို မထီမဲ့မြင် လုပ်လိုက်နိုင်ပြီဆိုတဲ့ ဂုဏ်ယူမှုမျိုး သူတို့ ခံစားရမယ် ….”
“ ဒါက သူတို့ကို ဉာဏ်ရည်ဉာဏ်သွေးနဲ့ စိတ်ပိုင်းဆိုင်ရာအရပါ ပျော်ရွှင်မှုကို ပေးစွမ်းတယ် …”
“ [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]က စထွင်းမင်း ပလတ်ဖောင်းပေါ်မှာ တခြားလူတွေရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ဖော်ထုတ်ပြီး သာယာမှုကို ခံစားဖို့ တက်ကြွလှုပ်ရှားတယ် …”
“ တခြားလူတွေရဲ့ အသက်ကို ဂိမ်းကစားသလိုမျိုး မဟုတ်ဘဲ ဒီလိုနည်းနဲ့ ဖျက်စီးတာပေါ့ …”
အကယ်၍ ကောင်းကင်လျှို့ဝှက် နည်းဗျူဟာကြောင့်သာ မဟုတ်ပါက ချန်ယွီ့လည်း [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]က ထိုကဲ့သို့ လူမဆန် ၊ မောက်မာသည့် မကောင်းတဲ့ကောင် တစ်ယောက် ဖြစ်နေသည်ကို သိခဲ့မှာ မဟုတ်ချေ။
အကယ်၍ တခြားတစ်စုံတစ်ယောက်ကသာ တူညီသည့် ပြစ်မှုကို ကျူးလွန်ခဲ့ပြီးပါက သူတို့အားလုံး အမှောင်ထဲတွင် ပုန်းအောင်နေပြီး … ကတုန်ကယင် ဖြစ်စွာဖြင့် ရှိသမျှ ဘုရားအားလုံးကို ဖမ်းမိခြင်းမှ ကာကွယ်ပေးရန် ဆုတောင်းဝတ်ပြုနေလောက်ချေပြီ။
စိတ်မှန်သည့် မည်သူမဆို သူတို့၏ မျက်နှာကို အများသူငှာ ရှေ့တွင် ဆက်ပြီး ပြသမှာ မဟုတ်ချေ။
သို့သော် [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]ကတော့ ပုန်းလျှိုးကွယ်လျှိုး နေရမည်ကို အထင်သေးသည်။
နေ့တိုင်းနေ့ … လူမြင်ကွင်းတွင် သူ ထွက်ပေါ်လာရမည်။
“ ကောင်းကင်ရဲ့ လက်တံတွေက ရှည်လျားတယ် … ရာဇဝတ်ဘေးက ပြေးမလွတ်ဘူး …”
“ ဒေါက်တာချန်က တန်းခိုးကြီးတယ် …”
“ ဒေါက်တာချန် … ဒီ နတ်ဆိုး ဘယ်တော့လောက် ကွပ်မျက်ခံရမလဲ ငါ့ကို ပြောပြပေးပါလား….”
ဤကွန်းမန့်ကို မြင်တော့ ချန်ယွီ့ ခပ်ဖျော့ဖျော့ပြုံးပြီး တုံ့ပြန်လိုက်သည်။ “ တစ်ရက်နဲ့ တစ်လကြာရင် …”
“ အာ … ငါ ဒီစကားကို ဘာလို့ကြားဖူးသယောင် ရှိနေပါလိမ့် ….”
“ ကြားဖူးမှာပေါ့ … လွန်ခဲ့တဲ့ မိနစ် ၂၀ တုန်းကလည်း ဒေါက်တာချန် ဒီစကားပဲ ပြောခဲ့တာလေ …”
“ ငါမှတ်မိပြီ … [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]ကို သူ့ရဲ့ ရောဂါ အခြေအနေနဲ့ အသက်ရှင်ဖို့ လေးလ အချိန်ကျန်နေသေးတယ်လို့ သတိပေးခဲ့သေးတယ် … ဒါပေမယ့် တကယ်လို့ သူသာ သူ့ရောဂါကို ကြိုသိချင်တယ်ဆိုရင် သူ့မှာ တစ်ရက်နဲ့ တစ်လပဲ အချိန်ကျန်တော့မှာ …”
“ လေးလ အချိန်ကျန်သေးတယ်ဆိုတာက ဘာကို ပြောချင်တာလဲ ဒေါက်တာချန် …”
ကြည့်ရှုသူ နောက်တစ်ယောက် ဇဝေဇဝါ ဖြစ်နေခဲ့သည်။
“ နှစ်လနေရင် ကျင်းချန်မြို့ ရဲတပ်ဖွဲ့က ပြီးပြည့်စုံတဲ့ DNA ထောက်လှမ်းရေး ကိရိယာကို မိတ်ဆက်ပေးလာလိမ့်မယ် …”
ချန်ယွီ့ ပြောလိုက်သည်။
“ သူတို့တွေ မြို့အနှံ့ DNA စုဆောင်းမှုတွေ လုပ်မယ် …”
“ ဒေတာဘေ့စ်က [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]ရဲ့ အစ်မ စာရင်းသွင်းတဲ့ အချိန်မှာ အချက်ပြသံ မြည်လာမယ် …”
“ ဘာလို့ဆို သူ့ရဲ့ DNA က လူသတ်သမား ချန်ခဲ့တဲ့ DNA နဲ့ ကိုက်ညီမှုနှုန်း မြင့်မားနေလို့ပဲ …”
“ သဲလွန်စတွေနောက် လိုက်ရင်း … နောက်ဆုံး [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]က ကျင်းချန်ရဲ့ နတ်ဆိုးပါဆိုတာကို သူတို့ အတည်ပြုနိုင်သွားလိမ့်မယ် …”
ချန်ယွီ့ မရှိခဲ့လျှင်ပင် [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]က အနှေးနှင့်အမြန် အဖမ်းခံရမှာ ဖြစ်၏။
ဤနေရာတွင် ကံကြမ္မာအလှည့်အပြောင်းက ….
နှစ်များတစ်လျှောက်တွင် [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]က အင်တာနက်နှင့် အဆင့်မြင့် နည်းပညာကို အသုံးပြုပြီး အခြာသူများ၏ အတွင်းရေး ကိစ္စများကို ဖော်ထုတ်ခဲ့သည်။
အဆုံးသတ်၌ သူသည်လည်း အဆိုပါ နည်းပညာကြောင့်ပဲ ပြန်လည် ဖော်ထုတ်ခံလိုက်ရလေသည်။
ယင်းက လှောင်ပြောင်ပြက်ရယ်ပြုမှု တစ်ခုပင်။
ပါးကိုက် နားကိုက် ဆိုသည့် စကားတစ်ခုကိုပင် ချန်ယွီ့ သွား သတိရမိ၏။
“ ဒီနေ့ကတော့ တော်တော်လေး ပျော်ဖို့ကောင်းတာပဲ … စီးပွားရေး ဒရာမာ အလှည့်အပြောင်းလဲ ကြည့်ခဲ့ရတယ် … ပြီးတော့ ရာဇဝတ်မှုခင်း စုံထောက်ဇာတ်လမ်းကိုလည်း ကြည့်ခဲ့ရတယ် …”
“ အဲ့ဒီနိုင်ငံခြား စီးပွားရေး ဒရာမာတွေတောင် ဒေါက်တာချန်ရဲ့ လိုက်စထွင်းနဲ့ ယှဉ်လိုက်ရင် အာပလာတွေချည်းပဲ ….”
“ ဒေါက်တာချန် … မင်းက စောနလေးတင်ပဲ မင်းရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ထားတာနော်… ဂရုစိုက်ဦး … မဟုတ်ရင် သက်ဆိုင်ရာဌာနက လာဖမ်းလို့ စတီးလက်ကောက် ဝတ်နေရမယ် …”
ချန်ယွီ့က တည်ထောင်သူ ဖခင်ကြီးကို ဆင်ခြေအဖြစ် အသုံးပြုခဲ့သော်လည်းပဲ အင်တာနက် သုံးစွဲသူတို့က စောက်ရူးများ မဟုတ်ကြချေ။
ချန်ယွီ့က [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]၏ အမှုကို ရာဇဝတ်မှုခင်း စိတ်ပညာဖြင့် ဖြေရှင်းပေးလိုက်သည်ကို ယုံကြည်ပေးလိုက်၍ ရသည်။
သို့သော်လည်းပဲ သူဆိုလိုချင်သည်က သူ၏ အစစ်အမှန် အရည်အချင်းများကို ဖော်ထုတ်မိခဲ့သောကြောင့်ပင်။
ချန်ယွီ့က နှစ်လနောက်ပိုင်းတွင် ဖြစ်လာမည့် အရာများကို ခန့်မှန်းနေနိုင်သဖြင့် ထိုအရာက ရုပ်လွန်ဒဿနိက မဟုတ်ခဲ့လျှင် အခြား မည်သည့်အရာ ဖြစ်နိုင်မည်နည်း။
“ ဒေါက်တာချန် … သရုပ်ဆောင်နေတာ တော်လိုက်တော့ … ငါတို့အကုန်လုံးက တစ်ဖက်တည်းသားချင်းတွေပဲလေ … ဘာလို့ မင်းမဟုတ်သလိုမျိုး ဟန်ဆောင်နေတာလဲ …”
“ ဒေါက်တာချန် … မင်း အဆင်မပြေဘူးဆို နောက် အကောင့်အတု တစ်ခု ဖန်တီးပြီး ငါတို့ကို တိတ်တိတ်လေး ပြောလို့ရတယ်နော်….”
“ အကြံကောင်းပဲ … နာမည်ကို ဒီလို မှည့်လိုက် … [တာအိုနဲ့ မင်းကို လမ်းမှန်ပြခွင့်ပြုပါ ] ..."
သူ၏ ကြည့်ရှုသူများက ရုပ်လွန် ဒဿနိကများအကြောင်း တစ်ဖန်ထပ်ပြီး ဆွေးနွေးတော့မှာကို မြင်တော့ ချန်ယွီ့ ကြိုပြီး နှုတ်ပိတ်ထားလိုက်သည်။
“ မင်းတို့ကောင်တွေ နောက်တာက နောက်တာပေါ့ … ဒါပေမယ့် သိပ္ပံပညာကိုတော့ ဟာသမလုပ်နဲ့ … ဒါပဲ … ငါဆင်းတော့မယ် …”
ချန်ယွီ့ သူ့ခန္ဓာကိုယ်ထဲတွင် ကမ္မကုသိုလ်မျှင်တန်း နှစ်ခု ထွက်ပေါ်လာသည်ကို ချက်ချင်း ခံစားမိလိုက်သည်။
ယင်းတို့ အနက် တစ်ခုက အင်မတန် ကြီးမားလှပြီး ချန်ယွီ့၏ ခန္ဓာကိုယ်ပင် ပေါက်ကွဲထွက်တော့မည်ဟု ခံစားနေရ၏။
“ ဒါက ဘာကြီးတုန်းဟ …”
စဉ်းစားနေရန် အချိန်မရှိ။ ချန်ယွီ့ ချက်ချင်းပဲ တံခါးကို သော့ခတ်ကာ ကြမ်းပြင်တွင် တင်ပျဉ်ချိတ်ထိုင်ချလိုက်သည်။
အရင် နှစ်ရက်ထဲတွင် ချန်ယွီ့က ကောင်းကင်လျှို့ဝှက် နည်းဗျူဟာကို အသုံးပြု၍ ပြဿနာ စုစုပေါင်း ခြောက်ခုကို ဖြေရှင်းပေးခဲ့သည်။
မနေ့က ကျိုးခဲ့ရှင်း ၊ ချယ်ရီသစ်ပင်နှင့် ကျန်းချင်ရှန်း။
ဒီနေ့က အစ်ကိုရွှီ၊ စီအီးအိုရွှီနှင့် [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]။
မနေ့က ရရှိခဲ့သည့် ကုသိုလ် အမျှင်တန်း သုံးခုကိုတော့ ချန်ယွီ့ ချေဖျက်ပြီးခဲ့ပြီး ဖြစ်သည်။
အစောပိုင်း လိုက်စထွင်းတွင် သူက အစ်ကိုရွှီ၏ ကံကြမ္မာကို ပြောင်းလဲရန် ကူညီပေးခဲ့၏။ စီအီးအိုရွှီကလည်း သူ၏ စကားကို နားထောင်မည်လော မသေချာပေ။ ထို့ကြောင့် ကြမ္မာကုသိုလ် အမျှင်တန်းက တစ်ခုတည်း ရှိသင့်သည်။
အဘယ်ကြောင့် နောက်တစ်ခု ပိုနေရသနည်း။
ထို့ပြင် အမျှင်တန်းက အတော်လေးလည်း ကြီးမား၏။
နှစ်နာရီ ကြာပြီးသည့်နောက် ချန်ယွီ့ အဆိုပါ ကုသိုလ်မျှင်တန်း နှစ်ခုကို ချေဖျက်စုပ်ယူပြီးသွားခဲ့ပြီး တစ်ချိန်တည်းတွင် အဆိုပါ ကြီးမားသည့် ကုသိုလ် အမျှင်တန်းကြီး၏ အံ့အားသင့်စရာ ကောင်းမှုကို သတိထားမိလိုက်သည်။
သူ အစ်ကိုရွှီ၏ ကံကြမ္မာတစ်ခုတည်းကိုသာ ပြောင်းလဲပေးနိုင်ခဲ့သည်က အမှန်ပင်။
သို့သော်လည်း …
ချန်ယွီ့က အချည်းနှီး အသက် ပေးဆပ်ခဲ့ရသည့် ဝိဉာဏ် ၁၆ ခု၏ လူသတ်သမားကို ရှာဖွေပေးခဲ့သည်။
ဤသည်ကလည်း ဧရာမ ကုသိုလ်ကြီးပင် မဟုတ်ပေလော။
ကုသိုလ်မျှင်တန်းများ ရရှိရန် နည်းလမ်းတစ်ခုက လူများက ကံကြမ္မာကို ပြောင်းလဲပေးရန်ပင်။
အချည်းနှီး သေဆုံးခဲ့ရသည့် ဝိဉာဏ်များကိုယ်စား လက်တုံ့ပြန်ပေးသည်က ပိုမိုကောင်းမွန်သည့် ကုသိုလ်များကို ရရှိနိုင်မည့်နည်းလမ်းပင်။
ဤအကြောင်း တွေးတောရင်း ချန်ယွီ့ စိတ်လှုပ်ရှားတကြီးဖြင့် မတ်တပ်ရပ်လိုက်မိသည်။
ကုသိုလ်ရနိုင်မည့် နည်းလမ်းတို့ များစွာ ရှိ၏။
လူတစ်ယောက်၏ ကံကြမ္မာကို ပြောင်းလဲပေးပြီး မတရားမှုကြောင့် သေဆုံးသွားခဲ့ရသည့် ဝိဉာဏ်များကို တရားမျှတမှု ရှာဖွေပေးသည်က ကုသိုလ်အမျှင်တန်းများ ရရှိနိုင်ကြောင်းကို သက်သေပြခဲ့ပြီး ဖြစ်သည်။
အကယ်၍ လူတစ်ယောက်ကို လမ်းကြောင်းမှန်သို့ ပြန်ပြီး လျှောက်လှမ်းအောင် ဖြောင်းဖြမည်ဆိုလျှင်ရော …
ထိုအရာသည်လည်း ကောင်းမှုကုသိုလ်တစ်ခု ဖြစ်မည်မှာ မလွဲဧကန်ပင်။
လုံးဝ ဖြစ်နိုင်ချေရှိသည်။
ချန်ယွီ့ တံခါး တွန်းဖွင့်၍ အပြင်သို့ ထွက်ပြီး ထမင်းသွားစားရန် ဟန်ပြင်လိုက်သည်။
သူ၏ ဉာဏ်ကောင်းလှသည့် ဦးနှောက်ဆဲလ်များကို အရသာ ရှိတာလေးများဖြင့် ဆုချချင်သည်။
“ စမယ် …”
ထိုအသံ ထွက်လာသည်နှင့် မောင်းသံ၊ ဗုံသံများက ချက်ချင်း ကျယ်လောင်စွာ မြည်ဟီးထွက်လာခဲ့သည်။
“ ဒေါက်တာချန် … ငါမင်းဖို့ လက်ဆောင်သေးသေးလေး ပြင်ထားပေးတယ် …"
ကျန်းချင်ရှန်း၊ သူ့သားနှင့် သူ့မြေးတို့က ချန်ယွီ့ ရှေ့တွင် အပြုံးကိုယ်စီဖြင့် မတ်တပ်ရပ်နေခဲ့ကြသည်။
ချန်ယွီ့ မတုံ့ပြန်နိုင်သေးခင်မှာပဲ …
အားကောင်းမောင်းသန် ယောက်ျားကြီး နှစ်ဦးက ထရပ်ကားတစ်စင်းထဲကနေပြီး ရုပ်ထုတစ်ခုကို ချန်ယွီ့ရှေ့သို့ သယ်ဆောင်လာသည်။
ချန်ယွီ့၏ မျက်လုံးတို့ ပြူးကျယ်သွားခဲ့ရ၏။
ဒါ ဘာကြီးလဲ …
ရွှေချထားတဲ့ Sigmund Freud ရဲ့ ရုပ်ထု …
စာစဉ် (၃) ပြီး၏။