← Chapters

မစ်ရှင်

Vol. 1 Ch. 1

မစ်ရှင်

Vol. 1 Ch. 1

ဘာသာပြန် ။ ။ သီဟမင်းဇင်

''ဒင်''

ဘက်(စ်)ကားတံခါးပွင့်သည်နှင့် လော်ယွမ်က လူအုပ်နှင့်အတူ တိုးထွက်လိုက်သည်။သူ့ရှပ်အကျီအဖြူမှာချွေးများဖြင့်စိုရွှဲနေပြီးဖုန်များသဲများပေပွနေသည်။နေ့တိုင်းပြင်ထွက်ရသည်မှာလော်ယွမ်အတွက်တော့အိမ်မက်ဆိုးတစ်ခုလိုပင်၊ထိုနိစ္စဒူဝအလုပ်ကသူ့ရဲ့သည်းခံနိုင်စွမ်းကို စမ်းသတ်နေသည့်အလားထင်မှတ်ရသည်။

''ခုတစ်လောတော်တော်ပူလာတာပဲ"

လော်ယွမ်ကသူ့ချွေးတွေစိုနေသည့်အကျီကိုဆွဲတင်ရင်းတွေးတောလိုက်သည်။ပူပြင်းသောရာသီဥတုနှင့်ယနေ့တွေ့ခဲ့ရသောဖောက်သည်တို့က သူ့ကိုစိတ်မသက်မသာဖြစ်စေသည်။လော်ယွမ်က သူ့၏ဖိုင်တွဲကို ချိုင်းကြားညှပ်လိုက်ပြီး ကျင်းယွဲ့အိမ်ယာဆီသို့ ခက်သွက်သွက်လျှောက်လာလိုက်သည်။ကျင်းယွဲ့အိမ်ယာကတုံဟူမြို့၏ဆင်ခြေဖုံးရပ်ကွက်တွင်တည်ရှိပြီး မြို့လည်ကောင်နှင့် ၆မိုင်ကျော်ကွာဝေးသည်။သို့သော်ဤနေရာ၏ အိမ်ငှားရမ်းခတန်ဖိုးမှာ ချိုသာသောဈေးနှုန်းမဟုတ်ပေ။လော်ယွမ်က လူငယ်စုံတွဲတစ်တွဲနှင့်အတူငှားနေခြင်းဖြစ်သည်။၎င်းကအိမ်ထောင်ပရိဘောဂအပြည့်အစုံနှင့်အိပ်ခန်းနှစ်ခန်းပါသော လုံးခြင်းအိမ်ဖြစ်ပြီးသူကငှားရမ်းခတစ်လကိုယွမ်၃၀၀၀အနက် ၁၂၀၀ပဲပေးရန်လိုအပ်သောကြောင့် ပထမတန်းစားမြို့ကြီးများအတွက်အလွန်ချိုသာသောဈေးနှုန်းဟုပြော၍ရသည်။နေရာကအဆင်မပြေလှ

သော်လည်း အတူနေသည့်စုံတွဲက သဘောထားကောင်းသူများဖြစ်ပြီး သူ့အပေါ်တော်တော်လေး ခင်မင်ကြသည်။

သူလတ်လတ်ဆတ်ဆတ်ရိတ်ဖြတ်ထားသောမြက်ပင်အနံ့များကိုရှူရှိုက်မိပြီးအိမ်ယာအတွင်းမြက်ရိတ်နေသည့်အလုပ်သမားများကို တွေ့မြင်လိုက်သည်။

''မဟုတ်သေးပါဘူး...သူတို့မြက်တွေရိတ်ထားတာ ၂ပတ်ပဲရှိသေးတာပါ''

လော်ယွမ်သည် အံ့သြသင့်သွားပြီး မရိတ်ရသေးသော မြက်ခင်းများကိုကြည့်လိုက်သည်။ထိုအခါကျမှမြက်ပင်များသည် အလွန်လျှင်မြန်စွာကြီးထွားနေပြီး တစ်ပေခွဲခန့်ထိ မြင့်တက်နေသည်ကို သတိထားမိသည်။ထိုနေရာရှိ သစ်ပင်များလည်း ပို၍မြင့်မားနေပြီးအပိုင်းအခက်များ ထူထပ်စွာ ဖြာထွက်နေသည်ကိုတွေ့လိုက်သည်။

ထို့နောက် သူကဒီနှစ်ရာသီဥတုထူးဆန်းနေသည်ကိုစတင်သတိထားမိလိုက်သည်။ဒီဇင်ဘာလနီးကပ်လာပြီဖြစ်သော်လည်း အပူချိန်မှာ မြင့်တက်နေဆဲဖြစ်သည်။ယခင်နှစ်များဆိုလျှင် ဤလိုအချိန်တွင်မေပယ်ရွက်များကြွေနေပြီဖြစ်သော်လည်း ယခုနှစ်တွင်မူ အရွက်များကပိုပြီးသန်မာလာသယောင်ပင်။ထိုအဖြစ်နှင့်ပတ်သတ်ပြီး သတင်းတွင်ယူဆချက်ပေါင်းများစွာရှိသည်။အီကွေတာမျဉ်းပြောင်းပြန်စီးကြောင်းများမှနေ၏အစက်အပြောက်များလှုပ်ရှားမှုအထိရှိသည်။တစ်ချို့ကအနီးနားရှိဂြိုလ်တစ်ခုမှစူပါနိုဗာပေါက်ကွဲမှုကြောင့်ဟူ၍လည်းဆိုကြသည်။အွန်လိုင်းတွင်သာမန်ရှာကြည့်ရုံနှင့်ပင် ထိုကိစ္စနှင့်ပါတ်သတ်ပြီး ဆွေးနွေးချက်များ အယူအဆများ အငြင်းအခုံများကို ပုံများသက်သေများဖြင့်မြင်တွေ့နိုင်သည်။အကုန်လုံးကယုတ္တိကျပြီးခေါင်းကိုက်စရာများဖြစ်ကာနောက်ဆုံးတွင်တော့ အများစုက သူတို့ကို ကျမ်းစာကဲ့သို့ပင် ယုံကြည်ကြသည်။

''ဒီလိုကိစ္စတွေကိုသိပ္ပံပညာရှင်တွေအတွက်ထားလိုက်တာပဲကောင်းတယ်...ငါတို့လိုသာမန်ပြည်သူတွေကလျှောက်တွေးနေတော့ရောဘာထူးမှာလဲ''လော်ယွမ်ခေါင်းခါရမ်းလိုက်သည်။

တစ်ခဏအကြာတွင်သူလုံခြုံရေးတံခါးကိုဖွင့်လိုက်သောအခါအိမ်ချက်ဟင်းအနံ့ကသူ့ဆီတိုးဝင်လာသည်။သူအိမ်တွင်းစီးခြေစွတ်ဖိနပ်နှင့်လဲလိုက်စဉ်မှာပင် ကျိုးယလီက မီးဖိုခန်းမှထွက်လာသည်။သူမ၏ရည်းစားမဟုတ်မှန်းသိသောကြောင့်အံ့သြသွားပြီးပြုံးရယ်ကာ''အော်..အကိုလော်ယွမ်ပဲ...ညစာအတူစားရအောင် ကျွန်မဒီနေ့ဟင်းပိုချက်ထားတယ်''ဟုပြောပြီးမီးဖိုခန်းထဲပြန်ဝင်သွားသည်။သူမအလုပ်များနေသေးမှန်းသိသာသည်။

ကျိုးယလီက အသက်၂၇နှစ်သာရှိသေးပြီး လော်ယွမ်ထက်၄နှစ်သာကြီးသည်။သူမက ဖြူစင်ပြီးပိန်သွယ်သောခန္ဓာကိုယ်နှင့် ချစ်စဖွယ်အပြုံးတို့ကိုပိုင်ဆိုင်ထားသည်။သူမပုံစံကကျင်းနန်မြို့သူတစ်ယောက်အလားဖြစ်သည်။

''ကောင်းတာပေါ့..ဒီနည်းနဲ့ငါပိုက်ဆံချွေတာလို့ရတယ်''လော်ယွမ်ကပြုံးရယ်ကာ ဖိတ်ကြားမှုကိုလက်ခံလိုက်သည်။

''အကိုချန်းလဲမတွေ့ပါလား...သူပြန်မလာသေးဘူးလား...ပုံမှန်ဆိုသူအလုပ်ကနေစောစောပြန်လာနေကြပါ...နင်ညစာပြင်နေတုံးငါကသူနဲ့ဂိမ်းဆော့မလားလို့စဉ်းစားနေတာ''အိမ်တွင်းစီးဖိနပ်တစ်ရံဒီတိုင်းရှိသေးသည်ကိုတွေ့တော့ လော်ယွမ်က ထပ်မံပြောဆိုလိုက်သည်။

ကျိုးယလီ၏ရည်းစား ချန်ဝေ့ချန်းက သစ်တောထိန်းသိမ်းရေးဦးစီးဌာနတွင်အလုပ်လုပ်ပြီးသူ၏အလုပ်တာဝန်မှာ ပုံမှန်အားဖြင့် ပေါ့ပေါ့ပါးပါးဖြစ်သည်။မနက်၉နာရီတွင် အလုပ်စပြီး ညနေ ၄နာရီခွဲတွင်အလုပ်ပြီးလေ့ရှိသည်။သူကတွေ့ဆုံပွဲတွေဘာတွေ သွားတတ်သူမဟုတ်တော့ယခုလိုအချိန်မျိုးတွင် သူ့ကိုအိမ်တွင် မတွေ့ရသည်မှာတော်တော်လေးထူးဆန်းနေသည်။

''ရှင်တို့ကတော့အဲ့ဒီဂိမ်းဆော့ဖို့ပဲစဉ်းစားနေ''ကျိုးယလီကမကျေမနပ်ပြောသည်။''ရှင်တို့မနေ့ညက၁နာရီထိဂိမ်းဆော့နေတာကျွန်မသိတယ်ရှင်ဘာလို့သူ့ကိုမတားတာလဲ''

လော်ယွမ်ကပြုံးလိုက်ပြီး''အင်းပါ..နောက်ခါငါသူ့ကိုတားကြည့်ပေးမယ်… သူကဂိမ်းရူးဆိုတော့အောင်မြင်မယ်လို့တော့ အာမမခံဘူးနော်''

''ရှင်မဆော့ချင်ရင် သူရှင့်ကိုအတင်းဆော့ခိုင်းလို့မရဘူးလေ'' ကျိုးယလီကသူ့ရည်းစားအကြောင်းကိုသူအသိဆုံးပင်။ဒီကိစ္စလော်ယွမ်ကိုအပြစ်မတင်သင့်မှန်းသူမနားလည်သည်။ချန်ဝေ့ချန်းကမိသားစုကိုဦးဆောင်သူတစ်ယောက်ဖြစ်သော်လည်းဂိမ်းဂျိုးတစ်ယောက်ဖြစ်သည်။အပေါင်းအသင်းနည်းပြီးအလုပ်ပြီးသည်နှင့် အိမ်အမြန်ပြန်ကာဂိမ်းဆော့ဖို့ပဲစဉ်းစားလေ့ရှိသည်။သူမအကြိမ်ကြိမ်တားဖို့ကြိုးစားသော်လည်းမအောင်မြင်သည်သာများသည်။

''အင်းပါ...နောက်ညတွေငါတို့ ၁၁နာရီမတိုင်ခင် အိပ်မယ်''

လော်ယွမ်လည်းခုတစ်လောသူတို့တော်တော်ညနက်ထိနေဖြစ်နေပြီးနေ့လည်စာစားချိန်တိုင်းအိပ်ငိုက်နေမှန်း တွေးမိသည်။သူက အခန်းကိုပြန်လိုက်ပြီး အဝတ်အစားအသစ်များယူကာရေချိုးခန်းဆီသွားလိုက်သည်။ ရေချိုးပြီးနောက်ဒိုတာဂိမ်းကိုဖွင့်ဆော့လိုက်သည်။ဒိုတာတစ်ပွဲပြီးသောအခါ အပြင်တွင် မှောင်မဲနေပြီကိုသူတွေ့လိုက်သည်။နောက်တစ်ပွဲစဖို့သူပြင်လိုက်စဉ်မှာတွင် ကျိုးယလီက အခန်းထဲဝင်လာသည်။

''အကိုယွမ် ညစာစားရအောင် ကျွန်မတို့သူ့ကိုစောင့်စရာမလိုတော့ဘူး''သူမစိုးရိမ်သည့်အမူအရာဖြင့် ခပ်တိုးတိုးပြောသည်။

''နင်သူ့ကိုဖုန်းဆက်ကြည့်သေးလား''လော်ယွမ်မေးလိုက်သည်။

''ဆက်ပြီးပြီ သူဖုန်းမကိုင်ဘူး''

ကျိုးယလီက သူမ၏ဆံပင်ကို အနည်းငယ်သပ်ရင်းဆက်ပြောသည် ''မနက်ကသူပြောတာတော့ အထက်လူကြီးတွေနဲ့သစ်တောအခြေအနေလိုက်လေ့လာနေတယ်တဲ့...သူအခုထိအလုပ်မပြီးသေးတာဖြစ်နိုင်တယ်... ထားလိုက်တော့ ကျွန်မတို့အရင်စားနှင့်ကြတာပေါ့''

လော်ယွမ်ဆက်မမေးတော့ပဲနှစ်ဦးသားစားပွဲတွင် ထိုင်လိုက်ကြသည်။ကျိုးယလီကအချက်အပြုတ်အလွန်တော်သူဖြစ်သည်။စားပွဲပေါ်တွင် ဟင်းငါးမျိုးနှင့် ဟင်းချိုတစ်ခွက်ရှိပြီးအကုန်လုံးက အရသာရှိလှသည်။

''ဟာ...ဒီဘဲသားဟင်းချိုကငါ့အကြိုက်ဆုံးပဲ...တက္ကသိုလ်တက်ထဲကကြိုက်တာ...သောက်ချင်နေတာအရမ်းကြာပြီ...သူ့ကိုအရင်မြည်းကြည့်မယ်''လော်ယွမ်က ဟင်းချိုကို မြည်းလိုက်သည်။

''ဘယ်လိုနေလဲ...ငန်သွားလား"ကျိုးယလီက စိုးရိမ်တစ်ကြီးမေးသည်။

''မနောက်နဲ့...နင့်လက်ရာကဟော်တယ်အဆင့်တောင်ရှိတာကို...ချန်ဝေ့ချန်းအတွက်ပဲချက်ပေးနေရတာနှမျောဖို့ကောင်းတယ်'' လော်ယွမ်ကချီးမွမ်းလိုက်သည်။

ကျိုးယလီကရယ်ရင်း''ကျွန်မကိုမြှောက်မနေနဲ့...ဒါသာမန်ဟင်းတွေ...အရသာရှိရင်များများစား''

နှစ်ဦးသားစနောက်ကြရင်း စောစောက လေးလံနေသောစိတ်ကအနည်းငယ်ပေါ့ပါးသွားသည်။စားသောက်လို့အပြီးမှပဲ ကျိုးယလီစိုးရိမ်စိတ်များပြန်ပေါ်လာသည်။သူမဖုန်းကိုယူပြီးသူမ၏ရည်းစားကိုဖုန်းထက်ဆက်သည်။ပြီးနောက်သူမအမူအရာပျက်သွားသည်။

''ဘာဖြစ်လို့လဲ''လော်ယွမ်လိုက်မေးသည်။

''သူ့ဖုန်းဆက်ပိတ်ထားတယ်တဲ့''ကျိုးယလီခပ်တိုးတိုးပြန်ဖြေသည်။

''ဖုန်းအားကုန်သွားတာဖြစ်မှာပါ...ပြီးတော့ချန်ဝေ့ချန်းက သူ့အလုပ်ကမိတ်ဆွေတွေကိုညစာလိုက်ကျွေးနေတာမျိုးလဲဖြစ်မယ်...သူကအ

ရက်ရမ်းသောက်နိုင်တာမဟုတ်ဘူးလေ...အခုလောက်ဆိုမူးပြီးမှောက်နေလောက်ပြီထင်တယ်''လော်ယွမ်က ပြုံးရယ်ရင်း စိတ်ပေါ့ပါးအောင်ပြောလိုက်သည်။

''အဲ့တာတော့ဟုတ်တယ်နော်...သူကအရက်ဒဏ်မခံနိုင်ဘူး...ဘီယာတစ်ဗူးနဲ့တင်မှောက်ချင်မှောက်နေတာ"ကျိုးယလီကထိုဖြစ်နိုင်ချေကိုစဉ်းစားမိတော့အနည်းငယ်စိတ်သက်သာရသွားသည်။

လော်ယွမ်''ဒင်''ဆိုသည့်အသံကိုသူ့ကိုယ်တွင်းမှကြားလိုက်သည်။သူအမူအရာအနည်းငယ်ပြောင်းသွားပြီးစနစ်ကိုတိတ်တဆိတ်ခေါ်ယူလိုက်သည်။အစိမ်းရောင်ဘောင်ခတ်ထားသောဖန်သားပြင်တစ်ခုကလေထဲတွင် ပေါ်လာသည်။

အမည် - လော်ယွမ်

အလုပ်အကိုင် - နိုင်ငံတစ်ကာကုန်သွယ်ရေးအရောင်း

ကိုယ်စားလှယ်၊ချီမေကုမ္ပဏီ

အဆင့် - ၃

အတွေ့အကြုံ - ၉၀၀/၁၂၀၀

အစွမ်းသတ္တိများ

ခွန်အား - ၁၀ (၁၀)

လျင်မြန်မှု - ၁၁ (၁၀)

ကြံ့ခိုင်မှု - ၁၁ (၁၀)

ဉာဏ်ရည် - ၁၃ (၁၀)

အာရုံခံနိုင်စွမ်း - ၁၀ (၁၀)

ဆုံးဖြတ်နိုင်စွမ်း - ၁၁ (၁၀)

ကျွမ်းကျင်မှုများ

သိပ္ပံ ၁၆၊ သင်္ချာ ၁၄၊ တရုတ်စာ ၁၉၊ ဘဏ္ဍာရေး ၁၇၊ ကွန်ပျူတာ ၉၊ကခုန်ခြင်း ၁၊ ပန်းချီ ၃၊ ဂိမ်းကစားခြင်း ၆၊ လူမှုရေး ၇၊ ချက်ပြုတ်ခြင်း ၃၊ ယာဉ်မောင်း ၁၊လက်နက်မဲ့တိုက်ခိုက်ခြင်း ၄

အထူးကျွမ်းကျင်မှု - အမျိုးအမည်ခွဲခြားနိုင်စွမ်း

လက်ကျန်အခြေပြုမှတ် - ဝ

လက်ကျန်ကျွမ်းကျင်မှတ် - ၄

လက်ကျန်မစ်ရှင် - အဆင့်(F) အချိန်၁၂လအတွင်း ချီမေကုမ္ပဏီ နိုင်ငံတစ်ကာကုန်သွယ်ရေးအရောင်းဌာနရဲ့ လက်ထောက်ဖြစ်ရန် (ပယ်ဖျက်)

ရွေးချယ်နိုင်သောမစ်ရှင် - အဆင့်(F+-) ချန်ဝေ့ချန်းပျောက်ဆုံးရသည့်အကြောင်းကို၅ရက်အတွင်း စုံစမ်းရန် (လက်ခံ/ငြင်းပယ်)

လော်ယွမ်လန့်သွားသည်။ချန်ဝေ့ချန်း ပျောက်နေတာလား?ဘယ်လိုဖြစ်တာလဲ?

လော်ယွမ် နှင့်သူတို့ အချိန်ကောင်းများ တော်တော်များများ အတူဖြတ်သန်းခဲ့ဖူးသည်။ဒီလိုအချိန်မှာ အခုလိုသတင်းဆိုးမျိုး ရောက်လာတာ မယုံနိုင်

စရာပင်။သူ့ဘေးတွင် ပြုံးရယ်နေသော ကျိုးယလီကို ကြည့်မိတော့ ပိုပြီးစိတ်မကောင်းဖြစ်မိသည်။

''ငါသူ့ကိုကယ်မှဖြစ်မယ်''လော်ယွမ်တွေးလိုက်သည်။

သူက စနစ်ရဲဖန်သားပြင်မှ မစ်ရှင်ကို ပြန်ကြည့်လိုက်သည်။ဤမစ်ရှင်မှာ သူပထမဦးဆုံးရဖူးသည့် အဆင့်(F+-) မစ်ရှင်ဖြစ်သည်။အရင်က သူအောင်မြင်ခဲ့

သည့် ရေနစ်နေသောခလေးကိုကယ်တင်ခြင်း သို့မဟုတ် အားကစားနေ့တွင်အပြေးဝင်ပြိုင်ခြင်းကဲ့သို့သောမစ်ရှင်များမှာ အဆင့်(F) သာဖြစ်သည်။

အဆင့် (+-) ဟူသောသင်္ကေတက ဤမစ်ရှင်၏ခက်ခဲမှုနှင့် အန္တရာယ်ကိုဖော်ပြနေသည်။

သို့သော် ပို၍ထူးဆန်းသည်မှာ ၁၂လအတွင်း ချီမေကုမ္ပဏီ နိုင်ငံတစ်ကာကုန်သွယ်ရေးအရောင်းဌာနရဲ့ လက်ထောက်ဖြစ်ရန်မစ်ရှင်က ပယ်ဖျက်ခံလိုက်ရ

ခြင်းဖြစ်သည်။

ကုမ္ပဏီ ဘာဖြစ်သွားလို့လဲ...သူတို့ပိတ်တော့မလို့များလား...ချီမေကုန်သွယ်ရေးကုမ္ပဏီ၏ကုန်သွယ်မှုတန်ဖိုးက တစ်နှစ်တွင် ယွမ်၁၀ဘီလီယံရှိပြီး အရောင်း

အဝယ်မှာ အမြဲတမ်း ကောင်းမွန်သည်။အဲ့တာတစ်ကယ်ပဲပိတ်သွားတော့မလို့များလား....

လော်ယွမ်က စနစ်စပေါ်လာသည့် ဒုတိယနှစ်တက္ကသိုလ်ကျောင်းသားဘဝ အချိန်ကို ပြန်သတိရလိုက်သည်။သူ့မိဘတွေက ကားမတော်တဆတွင်ဆုံးပါးခဲ့ပြီး

တစ်ချိန်ထဲမှာပဲ သူ့နှင့်တစ်နှစ်ကြာတွဲနေသောရည်းစားက နောက်တစ်ယောက်နှင့်ပါသွားသည်။ထိုအချိန်ကသူအလွန်စိတ်ဓာတ်ကျပြီး ညတိုင်းအင်တာနက်ဆိုင်

တွင်အချိန်ကုန်နေခဲ့သည်။တစ်ရက်မနက်စောစောတစ်ခု သူအိမ်ကိုအားတင်းပြီးပြန်လာစဉ် အရာဝတ္ထုတစ်ခု ကောင်းကင်ကကျလာပြီး ခေါင်းတည့်တည့်ကိုထိ

မှန်ကာ သူ့ကိုဒဏ်ရာအပြင်းအထန်ရစေခဲ့သည်။

သူကတတိယအဆင့်တက္ကသိုလ်တွင် တတိယအဆင့်ကျောင်းသားတစ်ယောက်သာဖြစ်ပြီး ကျောင်းစာသင်ဖို့အရေးသိပ်မစိုက်သူဖြစ်သည်။သို့သော်သူဆေးရုံမှ

ဆင်းလာပြီးနောက် ရုတ်တရက်ပြောင်းလဲသွားကာ စာကိုအပြင်းအထန်ကြိုးစားခဲ့ပြီး သူ့ကိုသိထားသောသူများအား အံ့သြသင့်စေခဲ့သည်။ထိုပညာသစ်နှစ်၏ဒုတိ

ယနှစ်ဝက်တွင် သူပညာသင်ဆုတစ်စိတ်တစ်ပိုင်းရခဲ့ပြီး အဆင့်၄နှင့်၆ အင်္ဂလိပ်စာမေးပွဲ၊အရောင်းလိုင်စင်နှင့်နိုင်ငံတစ်ကာကုန်သွယ်ရေးလက်မှတ်များကိုပင် ဖြေဆို

အောင်မြင်ခဲ့သည်။သူ့တစ်ကြော့ပြန်အဖြစ်အပျက်မှာ ဤစနစ်ကြောင့်သာဖြစ်ပြီး သူ့မူလသတ်မှတ်ထားသော ကံကြမ္မာက ဤစနစ်ကြောင့် လုံးဝပြောင်းလဲသွားခဲ့

သည်။

ကံမကောင်းတာက မစ်ရှင်များကို ရှာလို့မရပဲ ပေးမှ လုပ်ရသည်ဖြစ်သောကြောင့်အဆင့်တက်ရန်ပိုပိုပြီးခက်ခဲလာခြင်းပင်။ထို့အပြင် အဆင့်တစ်ခါတက်တိုင်း စနစ်မှ

သူ့ကို အခြေပြုမှတ် ၁မှတ်သာပေးသည်။သို့မဟုတ်လျှင် သူယခုအချိန်ဆို စူပါလူသားတစ်ယောက်ဖြစ်ပြီးနေပြီ။သူရရှိခဲ့သော အခြေပြုမှတ်များအနက် ၂မှတ်ကိုဉာဏ်

ရည်နှင့် ၁မှတ်ကို ကျွမ်းကျင်မှုတွင် ထည့်သွင်းခဲ့သည်။အနည်းငယ်ပိုလေ့ကျင့်ရုံနှင့်ပင်သူ့အမြန်ပြေးနှုန်းကအိုလံပစ်ချံပီယံကိုတောင် ကျော်လွန်နိုင်နေပြီဖြစ်သည်။

''ရှင်ဘာတွေစဉ်းစားနေတာလဲ...ကျွန်မရှင့်ကိုပျင်းအောင်လုပ်မိလို့လား"

ကျိုးယလီကစားပွဲကိုခေါက်ပြီး မကျေမနပ်ပြောသည်။

ထိုအခါမှလော်ယွမ်သည် သူတော်တော်ကြာအောင် စိတ်ပျံ့လွင့်နေမီမှန်း သတိထားမိသည်။သူအလျှင်အမြန်ရှင်းပြလိုက်သည်။

"မဟုတ်ပါဘူး...ဒီနေ့စိတ်ညစ်ဖို့ကောင်းတဲ့ဖောက်သည်တစ်ယောက်နဲ့တွေ့ခဲ့လို့ပါ"

''ရှင်ရည်းစားလေးဘာလေးထားပါလား...အလုပ်ပဲတစ်ချိန်လုံးကြိုးစားမနေနဲ့...ရှင်သဘောကျတဲ့သူရောရှိလား...ကျွန်မကူညီရမလား''

ကျိုးယလီ၏အသံတွင် စိုးရိမ်မှုများ ပါဝင်နေသည်။

''ငါဒီတိုင်းအဆင်ပြေပါတယ်...ဘာမှမပူနဲ့''

လော်ယွမ်က မစ်ရှင်အကြောင်း တွေးနေရင်း ပြန်ဖြေလိုက်သည်။

သူတို့အနည်းငယ်စကားစမြည်ဆက်ပြောလိုက်ပြီး ကျိုးယလီက ပန်းကန်တွေ ဆေးကြောဖို့ထိုင်ရမှထလိုက်သည်။

''ပန်းကန်တွေငါဆေးပေးမယ်...နင်ပဲချက်ပြုတ်နင်ပဲပန်းကန်ဆေးဆိုရင်...ငါဘယ်လိုလုပ်ကောင်းမှာလဲ''

''ရှင်လုပ်မှကွဲကုန်မှာ...ရှင့်ဘာသာဂိမ်းပဲပြန်ဆော့စမ်းပါ'' ကျိုးယလီ ရယ်မောရင်း ပန်းကန်တွေဆေးကြောလိုက်သည်။

လော်ယွမ်ကကျေးဇူးတင်စကားပြောပြီး သူ့အခန်းထဲသို့ပြန်သွားကာ အိပ်ယာပေါ်လှဲလိုက်သည်။ပြီးနောက်သူမစ်ရှင်အကြောင်းတွေးလိုက်သည်။

"မနက်ဖြန်ကသောကြာနေ့ဆိုတော့ မနက်ဖြန်ခွင့်ယူလိုက်ရင် စနေတနင်္ဂနွေနဲ့ဆို ဒီမစ်ရှင်အတွက် ၃ရက်ရသွားမယ်"

ချီမေကုန်သွယ်ရေးကုမ္ပဏီက ၆လအတွင်း ပိတ်သွားနိုင်သည်ဟု ထင်မိသောကြောင့် သူအလုပ်သွားချင်စိတ်မရှိတော့ပေ။

နောက်တစ်နေ့၊ လော်ယွမ်ထုံးစံအတိုင်းမနက်ခင်းလေ့ကျင့်ခန်းလုပ်ပြီးပြန်လာတော့ ကျိုးယလီကရေချိုးခန်းမှထွက်လာသည်။သူမစိတ်အတော်ပူပင်နေပုံရသည်။သူ့ကို

အားတင်းပြုံးရယ်ပြီးနှုတ်ဆက်လိုက်သည်။သူမရည်းစားမနေ့ကအိမ်ပြန်မလာခြင်းအပေါ်စိတ်ပူနေမှန်းလော်ယွမ်သိသော်လည်း သူမကိုမည်သို့နှစ်သိမ့်ရမှန်း သူမသိပေ။

သူက အချိန်ကိုကြည့်ပြီး အိမ်မှထွက်လာလိုက်သည်။

သစ်တောဦးစီးဌာနသည် ကျင်းယွဲ့အိမ်ယာနှင့်ကီလိုမီတာအနည်းသာဝေးသည်။လော်ယွမ်က လိုင်းကားစီးမည့်အစား ပြေးသွားဖို့ဆုံံးဖြတ်လိုက်သည်။စနစ်ရကတည်းက

ခန္ဓာကိုယ်အခြေအနေများကိုတိုင်းတာနိုင်သောကြောင့် သူလေ့ကျင့်ခန်းလုပ်ရန် စိတ်ဝင်စားမှုတိုးပွားလာခဲ့သည်။ဤနှစ်များအတွင်းတွင်သူ စွမ်းအင်နှင့်ဆုံးဖြတ်နိုင်စွမ်းအ

တွက် အမှတ်အများကြီးမရရှိခဲ့သော်လည်း မနက်တိုင်းလေ့ကျင့်ခန်းလုပ်သည့်အလေ့အကျင့်ကိုရရှိခဲ့သည်။

၁၀မိနစ်ခန့်အကြာတွင် လော်ယွမ်သစ်တောဦးစီးဌာနသို့ရောက်သွားသည်။သူက စစ်ဆေးရေးဂိတ်တွင်လက်မှတ်ထိုးပြီး လာရောက်သည့်ရည်ရွက်ချက်ကိုပြောပြလိုက်သည်။

သူဌာနထဲသို့ရောက်သောအခါ ဝန်ထမ်းများကို နေရာအနှံ့တွေ့ရသည်။သူလူငယ်တစ်ယောက်အနားသို့ချည်းကပ်ရင်းမေးလိုက်သည်။

''ချန်ဝေ့ချန်းလား...ငါကြားဖူးတယ်...သူကငါတို့ဌာနကမဟုတ်ဘူးတစ်ခြားဝန်ထမ်းတွေကိုသွားမေး"

လူငယ်ကလေသံမာမာနှင့်ပြောဆိုပြီး လော်ယွမ့်ကို အကဲခတ်အကြည့်ဖြင့်ကြည့်သည်။

လော်ယွမ်ကကျေးဇူးတင်စကားပြောပြီး တစ်ခြားဝန်ထမ်းတွေကို လိုက်မေးလိုက်သည်။သို့သော်ချန်ဝေ့ချန်းကို မည်သူမျှသိတဲ့ပုံမပေါ်ပေ။ထိုအချိန်တွင်ဖြတ်သွားသောသက်လတ်ပိုင်း

ယောက်ျားတစ်ဦးကရုတ်တရက်ရပ်လိုက်ပြီး

''မင်းချန်ဝေ့ချန်းကိုရှာနေတာလား...အရေးကြီးလို့လား''

ထိုလူကလက်ဆွဲအိပ်တစ်လုံးကိုင်ထားပြီး ဘီယာဗိုက်နှင့်ဖြစ်သည်။သူကအနည်းငယ်မျက်မှောင်ကျုံ့နေပြီးလေးနက်သည့်အမူအရာရှိသည်။လော်ယွမ်သူ့ကိုကြည့်ပြီးအထက်အရာရှိ

တစ်ယောက်မှန်းသိလိုက်သည်။သူကပြုံးရယ်ပြီး

''ခင်ဗျားကကျွန်တော့်ခဲအိုရဲ့အထက်အရာရှိလား...ကျွန်တော့်ညီမကသူ့ယောက်ျားအဆင်ပြေမပြေကြည့်ခိုင်းလိုက်လို့...မနေ့ကသူပြန်မလာဘူး...ဖုန်းလဲဆက်ပိတ်ထားတယ်''

ချန်ဝေ့ချန်းကိုသာသူ့အခန်းဖော်ဟုပြောလိုက်လျှင် ထိုအထက်အရာရှိသူ့ကို အရေးကြီးသည့်သတင်းမျိုးတွေထုတ်ပြောမည်မဟုတ်မှန်းလော်ယွမ်သဘောပေါက်သည်။

''အော်...သူကောက်တန်းမြို့က သစ်တောကိုစစ်ဆေးဖို့ သူ့အထက်အရာရှိနဲ့ဟီနဲ့အတူသွားတယ်...သူတို့ဒီနေ့ပြန်လာလိမ့်မယ်...မင်းအိမ်ပြန်လို့ရပြီ''

ဘီယာဗိုက်နဲ့လူက လော်ယွမ်ရဲ့စကားကိုသံသယမဝင်ပဲ စကားပြောပြီးသည်နှင့် ထွက်ခွာသွားသည်။

"အဆင့်(F+-) မစ်ရှင် ဘယ်လိုလုပ်အဲ့လောက် လွယ်မှာလဲ"

လော်ယွမ်ကတွေးတောပြီးသက်ပြင်းချလိုက်သည်။

သူ နောက်ထပ်သတင်းအချက်အလက်များ ရရှိမည်မဟုတ်ကြောင်း ထင်မိသောကြောင့် ဌာနမှထွက်ခဲ့လိုက်သည်။ပြီးနောက်တက္ကစီတစ်စီးလှမ်းတားပြီး ကောက်တန်းမြို့သို့

ချက်ချင်းသွားလိုက်သည်။

ကားဆရာမှာစကားများသူတစ်ယောက်ဖြစ်သည်။လော်ယွမ်ကားထဲဝင်သည်နှင့်စကားအဆက်မပြတ်ပြောသည်။အစပိုင်းတွင် သူမကောင်းတတ်လို့ပြန်ဖြေသော်လည်း နောက်

ပိုင်းတွင် ဖြေရန်စိတ်မပါတော့။လော်ယွမ်စကားဆက်ပြောရန်စိတ်မပါကြောင်းသတိထားမိသောအခါကားဆရာအသံတိတ်သွားသည်။တုံဟူမြို့၏ယာဉ်ကြောပိတ်ဆို့မှုမှာအထူး

သဖြင့်မနက်ခင်းအလုပ်သွားချိန်တွင် အလွန်ဆိုးရွားသည်။မြို့လည်ကောင်ကျော်လာမှသာယာဉ်ကြောရှင်းသွားသည်။

လမ်းတစ်လျှောက်တွင်ရှိသော သစ်ပင်များမှာ အလွန်မြင့်မားပြီး စိမ်းလန်းနေကာ လမ်းကိုအမိုးသဖွယ် အုပ်မိုးထားသည်။မကြာခဏတွေ့ရသော တိရိစာ္ဆအသေများသာမရှိပါက

ဤလိုလမ်းမျိုးတွင် မောင်းနှင်ရခြင်းမှာ ပျော်စရာကောင်းမည်ဖြစ်သည်။လမ်းတစ်လျှောက်တွင် မြွေ၊ကြွက်၊မြေခွေးနှင့်ခွေးအလောင်းများ အများဆုံးတွေ့ရသည်။

"ဒီနေရာတစ်ဝိုက်မှာမြွေတွေအရမ်းပေါတာလား...နေရာအနှံ့မြွေတွေတွေ့နေသလိုပဲ"

လော်ယွမ်ကမျက်မှောင်ကျုံ့ရင်းပြောလိုက်သည်။

သူငယ်ငယ်ထဲက မြွေကိုအလွန်ကြောက်သည်။အဝေးမှတွေ့ရင်တောင် ကြက်သိမ်းမွှေးငြင်းထမိလေ့ရှိသည်။

"ခုလိုဖြစ်တာသိပ်မကြာသေးဘူး...တောရွာဘက်တွေနဲ့ယှဉ်ရင်အခုတွေ့ရတာဘာမှမဟုတ်သေးဘူး...တောရွာဘက်တွေမှာဆိုမြွေတွေဖားတွေဖမ်းပြီးတစ်နေ့ကိုယွမ် ၅၀၀ကနေ ၆၀၀

ထိတောင်ရနိုင်တယ်...တစ်လောကဆိုပေါင်၆၀၀လောက်ရှိတဲ့တောဝက်တစ်ကောင်တောင်ဖမ်းမိလိုက်သေးတယ်...အဲ့လောက်ကြီးတဲ့တောဝက်ဘယ်ကရောက်လာမှန်းဘယ်သူမှမသိ

ကြဘူး...အခုတောင်ကုန်းကနေတောဖြစ်တာအရမ်းမြန်နေတယ်"ကားဆရာမှာအချိန်အတော်ကြာအသံတိတ်နေခဲ့ရသည့်အတွက် အခွင့်ကောင်းယူကာ စကားအဆက်မပြတ်ပြောတော့

သည်။

တုံဟူမြို့ပတ်ဝန်းကျင်ရှိမြေမျက်နှာသွင်ပြင်မှာ ပြန့်ညီသောမြေပြန့်ဖြစ်သည်။တောင်ကုန်းအများစုမှာပင်လယ်ရေမျက်နာပြင်အထက်၃၀၀မီတာပင်မရှိပေ။ထို့ကြောင့်၎င်းတို့ကိုတောင်

ကုန်းများထက် ကုန်းမြင့်များဟုခေါ်ဆိုရန် ပိုသင့်သော်သည်။ထို့အပြင် မကြာသေးမီက မြေကွက်ချဲ့ထွင်မှုများကြောင့် ယုန်နှင့်ရစ်ငှက်များပင် ရှာတွေ့ရန်ခက်ခဲသည်။တောဝက်လိုအရွယ်အစား

ကြီးမားသည့်တိရိစာ္ဆန်များမှာထည့်ပြောရန်ပင်မလိုပေ။လော်ယွမ်ကမြို့ထဲတွင်နေထိုင်သူဖြစ်သောကြောင့်ဤအရာများကိုသတိမထားမိခဲ့ပေ။ကားဆရာ၏စကားမှတစ်ဆင့် ဤနေရာတစ်ဝိုက်

တွင်ကြီးမားသောပြောင်းလဲမှုများ ဖြစ်ပေါ်နေကြောင်းသိလိုက်ရသည်။

''ဒါဆိုတောရွာဘက်တွေမှာ အန္တရာယ်ရှိတာပေါ့"

"ဘာအန္တရာယ်ရှိရမှာလဲ...ငါတို့ဟင်းစားတွေတောင်ရသေးတယ်...အန္တရာယ်ကတောင်ပေါ်မှာပဲရှိတာ...ခုတစ်လောလူပျောက်မှုတွေတောင်ဖြစ်နေတယ်...သူတို့အလောင်းတောင်ရှာ

မတွေ့ဘူးတဲ့...အဲ့ထဲကတော်တော်များများတောင်ပေါ်ကိုမသွားရဲကြတော့ဘူး...ငါကြားတာတော့ပြည်နယ်အစိုးရအဖွဲ့ကတောင်ပေါ်ကသစ်ပင်တွေအကုန်လုံးကို ခုတ်ပစ်ဖို့အစီအစဉ်ဆွဲ

နေတယ်တဲ့"ကားဆရာကဆက်ပြောသည်"အရင်ကတော့သစ်ပင်တွေစိုက်ဖို့တိုက်တွန်းကြတာ...အခုတော့ခုတ်လှဲဖို့စဉ်းစားနေရတယ်"

"လူပျောက်မှုတွေဟုတ်လား"လော်ယွမ်ကအဆင့်(F+-)မစ်ရှင်အကြောင်းကိုစဉ်းစားမိလိုက်သည်။

"ချန်ဝေ့ချန်းလည်းတောင်ပေါ်သွားရင်း ပျောက်သွားတာလားမသိဘူး"

လော်ယွမ်စကားဆက်ပြောဖို့စိတ်မပါတော့။သူရရှိထားသည့်မစ်ရှင်မှာတော်တော်လေးခက်ခဲမည်မှန်းသူသိသည်။ဘယ်လိုပဲဖြစ်ဖြစ်အဆင့်(F+-)မစ်ရှင်မဟုတ်ပါလား။ဘယ်လိုလုပ်သူ

လွယ်လွယ်နှင့်ပြီးနိုင်မှာလဲ။သူသာတောင်ကုန်းပေါ်သို့သွားရမည်ဆိုလျှင်သူ့လုံခြုံရေးကိုစိတ်ပူမိသည်။သူဘာမှပြင်ဆင်ထားခြင်းမရှိ။သူ့တွင်ဘာလက်နတ်မှလဲမရှိချေ။

သို့ပေမယ့်ယခုအချိန်တွင်အလွန်အကျွံတွေးနေလဲအလကားပင်။အကောင်းဆုံးကတော့သစ်တောဌာနခွဲကိုအရင်သွားပြီးမေးမြန်းကာ နောက်လုပ်ရမည့်ကိစ္စအတွက်စဉ်းစားရန်ဖြစ်သည်။

၁၀မိနစ်ခန့်အကြာတွင် တက္ကစီက နှစ်ထက်တိုက်တစ်လုံးရှေ့တွင်ရပ်လိုက်သည်

''ရောက်ပြီ...ဒါသစ်တောဌာနခွဲပဲ...၇၈ယွမ်ကျတယ်...ငါ့ဒီမှာစောင့်ပေးရဦးမလား"

ကားဆရာကမေးလိုက်တယ်။

"ရတယ်မစောင့်နဲ့တော့"လော်ယွမ်ကားခရှင်းပြီးသည်နှင့်ကားပေါ်မှဆင်းပြီးအဆောက်အဦးအပေါက်ဝသို့လျှောက်လာလိုက်သည်။

All Chapters