ယနေ့ခေတ်ကမ္ဘာကြီးက ရှေးတောရိုင်းဥပဒေခေတ်သို့ပြန်လည်ရောက်ရှိသွားနိုင်သည်ဟု သင်စဉ်းစားကြည့်ဖူးပါသလား။ သူ့သူငယ်ချင်း ပျောက်ဆုံးမှုနှင့်အတူ ထူးဆန်းသည့်ဖြစ်ရပ်များကြောင့် လော်ယွမ်က ကမ္ဘာကြီး ပျက်စီးတော့မည်လားဟု စတင် သံသယဝင်လာခဲ့သည်။ သိပ်မကြာခင်မှာပဲ သူသည် ကမ္ဘာအနှံ့ဖြစ်ပွားနေသော ကပ်ဘေးကြီးထဲသို့ကျရောက်သွားခဲ့သည်။ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်က ကျယ်ပြန့်သော ကမ္ဘာမြေကြီး၏ အပင်နှင့်တိရိစ္ဆာန်များကို ယခင်က တစ်ခါမျှ မမြင်ဖူးသည့် အသစ်အဆန်းများအဖြစ် ပြောင်းလဲစေခဲ့သည်။ထိုအဖြစ်ကြောင့် လူသားမျိုးနွယ်သည် အစာကွင်းဆက် အောက်ဆုံးအဆင့်သို့ နေ့ချင်းညချင်း ရောက်ရှိသွားခဲ့သည်။ လော်ယွမ်က ထိုဆန်းကြယ်မှုများကနေ အခွင့်ကောင်းယူပြီး လူသားမျိုးနွယ်ကို အစားကွင်းဆက် ထိပ်ဆုံးပြန်ရောက်ဖို့ နည်းလမ်းရှာနိုင်မှာလား ဒါမှမဟုတ် တောရိုင်းဥပဒေအတိုင်းပဲ ဆက်ရှင်သန်မှာလား။ ဤသည်ကတော့ ခွန်အားကြီးသူတို့သာ ရှင်သန်ခွင့်ရနိုင်သည့် ခေတ်သစ်တခု၏ အရုဏ်ဦးပင် ဖြစ်ပေတော့သည်။

