← Chapters

အခန်း (၂၈၁+၂၈၂)

Vol. 15 Ch. 281+282

အခန်း (၂၈၁+၂၈၂)

Vol. 15 Ch. 281+282

အပိုင်း(၂၈၁)ကြမ်းတမ်းရက်စက်သောတိုက်ပွဲ

ပထမအကြိမ်နှင့် နှိုင်းယှဉ်ပါက ဤလူ့ဘီလူးကြီးသည် တစ်ဆခန့် ကျုံ့ဝင်သွားခဲ့ပြီး မူလက ၄၅ပေခန့် မြင့်မားသော အရပ်သည် ယခုအခါ ၂၄ပေအောက်သို့ပင် ရောက်ရှိနေလေပြီ။

သို့သော် အမြင့်ဆုံး ၁၈ပေမျှသာရှိသော ဤမြေအောက်ရထားလိုဏ်ခေါင်းလမ်းအတွက်မူ သူသည် အလွန်အမင်း ကြီးမားမြင့်မားနေဆဲဖြစ်၏။ ထို့ကြောင့် သူ၏ ဧရာမခန္ဓာကိုယ်ကြီး ဝင်ဆံ့နိုင်ရန်အလို့ငှာ ခန္ဓာကိုယ်ကိုပင် ကိုင်းညွှတ်ထားရသည်။

သို့သော် မကြာမီမှာပင် သူ၌ ထိုသို့သော "အခက်အခဲ" မရှိတော့ပေ။ ပြင်းထန်လှသော မိုက်ခရိုဝေ့ဖ်လှိုင်းလှိုင်းဖြာထွက်မှုဒဏ်အောက်၌ သူ၏ ခန္ဓာကိုယ်မှ ဆဲလ်များသည် လျင်မြန်စွာ သေဆုံးသွားကြပြီး သေဆုံးသွားသော အသားစိုင်အမြောက်အမြားကို ခန္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ်လိုက်သည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်သည် မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ကျုံ့ဝင်လာခဲ့သည်။

ဤထူးခြားသော မိမိကိုယ်ကို ကုစားနိုင်စွမ်းသည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှသော်လည်း ဤကဲ့သို့ မည်သို့မျှ ရင်ဆိုင်၍မရနိုင်သော ရန်သူမျိုးနှင့် ကြုံတွေ့ရသည့်အခါ၌မူ တခြားသူများထက်အချိန်အနည်းငယ် ပို၍ အသက်ရှင်နိုင်ခြင်းမှလွဲ၍ အခြားမည်သည့် အသုံးဝင်မှုမျှ မရှိတော့ချေ။

လိုဏ်ခေါင်းဝမှ အလင်းရောင်သည် ပို၍ပို၍ လင်းထိန်လာခဲ့၏။ နောက်တစ်ခဏ၌ တစ်ကိုယ်လုံးတွင် တောက်ပသော အလင်းရောင်များ ထုတ်လွှတ်နေသည့် ပိုးတောင်မာကြီးတစ်ကောင် သူ၏ ရှေ့မှောက်၌ ပေါ်ထွက်လာပြီး တစ်ချိန်တည်းမှာပင် ပြင်းထန်သော ဩဇာအရှိန်အဝါတစ်မျိုးက နေရာအနှံ့ တလက်မ မကျန်လွှမ်းခြုံသွားလေသည်။

ကြီးမားသော ထိတ်လန့်ကြောက်ရွံ့မှုနှင့် မီးလောင်ကျွမ်းနေသကဲ့သို့ ပူလောင်မှုတို့က လူ့ဘီလူးကြီးအား အလွန်အမင်း နာကျင်ကြောက်ရွံ့စေသလို သူ၏ အရိုင်းစိတ်ကိုလည်း လှုံ့ဆော်လိုက်လေသည်။ လူ့ဘီလူးကြီးက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး ခြေရင်းမှ ကျောက်တုံးကြီးတစ်တုံးကို ဆွဲမကာ အားကုန်သုံး၍ ပစ်လွှတ်လိုက်၏။ တန်ချိန်ဆယ်ဂဏန်းနီးပါး လေးလံသော ကျောက်တုံးကြီးသည် လိုဏ်ခေါင်းလမ်းအတွင်း၌ ပြင်းထန်စွာ လိမ့်သွားပြီး တဝုန်းဝုန်း အသံများကို ထွက်ပေါ်စေတော့သည်။

ပိုးကောင်ကြီး၏ အေးစက်သော မျက်လုံးများထဲ၌ လှောင်ပြောင်သရော်လိုသော အငွေ့အသက်တစ်ခု ပေါ်ထွက်လာသည့်အလား ၎င်း၏ ခြေလှမ်းများက တစ်စက်ကလေးမျှ ရပ်တန့်မသွားခဲ့ပေ။ ကျောက်တုံးကြီးသည် ပိုးကောင်ကြီးထံမှ ပေ၃၀ကျော်အကွာသို့ ချဉ်းကပ်လာသည့်အခါမှသာ ၎င်းသည် ရုတ်တရက် လျင်မြန်စွာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ ထို့နောက် လျှပ်စီးကဲ့သို့ လျင်မြန်သော အရိပ်တစ်ခု ရှေ့ဘက်၌ ဖြတ်ပြေးသွားပြီး နောက်တစ်ခဏ၌ ကျောက်တုံးကြီးတစ်ခုလုံးက လေထဲ၌ ရပ်တန့်သွားတော့သည်။

လက်ဆေးဘေစင်တစ်လုံးစာမျှ တုတ်ခိုင်သော အနက်ရောင်အမြီးရှည်ကြီးတစ်ခုက ကြောက်မက်ဖွယ် လှံတစ်စင်းအလား ကျောက်တုံးကြီးကို ချက်ချင်း ထိုးဖောက်လိုက်ပြီး ၎င်းအား လေထဲ၌ ရပ်တန့်သွားစေခဲ့သည်။

ထို့နောက် ကျောက်တုံးကြီးသည် အမြီး၏ လွှဲပစ်ခြင်းကို ခံလိုက်ရပြီး လိုဏ်ခေါင်းနံရံသို့ ပြင်းထန်စွာ ထိမှန်သွားကာ "အုန်း" ဟူသော အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး မြေပြင်ပင်လျှင် အနည်းငယ် တုန်ခါသွားသည်။

ထိုလူ့ဘီလူးကြီးသည် ဤအရာအားလုံးကို မျှော်လင့်ချက်ကင်းမဲ့စွာ ကြည့်နေမိ၏။ သူ၏ ခန္ဓာကိုယ်သည် ဖယောင်းတိုင်တစ်တိုင်ကဲ့သို့ လျင်မြန်စွာ အရည်ပျော်ကျနေသည်ဟု သူ ခံစားနေရသည်။ အဆီအမြောက်အမြားက သူ၏ ခြေရင်း၌ တောင်ကုန်းငယ်တစ်ခုပမာ စုပုံနေလေပြီ။ ဤစက္ကန့်အနည်းငယ်အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်သည် ဤမြေအောက်လိုဏ်ခေါင်း၌မတ်မတ်ရပ်နိုင်သည်အထိ ကျုံ့ဝင်သွားခဲ့လေပြီ။

သူ ခံစားမိနေသည်မှာ အများဆုံး စက္ကန့်နှစ်ဆယ်အတွင်း သေခြင်းတရားက ကျရောက်လာတော့မည် ဖြစ်ကြောင်းပင်။

ပိုးကောင်ကြီး လျင်မြန်စွာ ချဉ်းကပ်လာသည်ကို ကြည့်ရင်း သူ၏ စိတ်သည် ဆန့်ကျင်ဘက်အနေဖြင့် တည်ငြိမ်သွားခဲ့ပြီး အကျိုးမရှိသော ရုန်းကန်မှုများကို မပြုလုပ်လိုတော့ချေ။

ထိုအချိန်၌ မြေပြင်သည် ပြင်းထန်စွာ တုန်ခါသွား၏။ အစပိုင်း၌ သူက စိတ်ရှုပ်ထွေးမှုများကြောင့် အမြင်မှားခြင်းတစ်ခုဟု ထင်မှတ်လိုက်မိသေးသည်။ သို့သော် မြေပြင်သည် ပို၍ပင် ပြင်းထန်စွာ တုန်ခါလာပြန်သည်။ အပေါ် မျက်နှာကြက်ခုံး၌ ကြီးမားသေးငယ်သော အက်ကွဲကြောင်းများ ပေါ်ထွက်လာပြီး ကျောက်စရစ်ခဲနှင့် ဖုန်မှုန့်အမြောက်အမြား တဖွဲဖွဲ ကျဆင်းလာကာ မကြာမီ ပြိုကျတော့မည့်အလားပင်။

"ငလျင်လှုပ်တာလား" မြေပြင်၏ လှုပ်ခါမှုကြောင့် သူသည် မတ်မတ်ပင် မရပ်နိုင်တော့ဘဲ နံရံကို အားပြုထောက်လိုက်ရင်း တိုးတိုးညည်းညူလိုက်မိသည်။

ပိုးကောင်ကြီးသည် ထိတ်လန့်သွားသည့်အလား စူးရှစွာ အော်မြည်လိုက်ပြီး ခြေလှမ်းများ ဖြည်းညင်းစွာ နောက်ဆုတ်သွားသည်။ သို့သော် နောက်တစ်ခဏ၌ မြေပြင်သည် နောက်တစ်ကြိမ် ပြင်းထန်စွာ တုန်ခါသွားပြန်၏။ ထို့နောက် အုန်းဟူသော အသံကျယ်ကြီးတစ်သံကို ကြားလိုက်ရပြီး မိုင်တိုင်အရွယ်အစားရှိသော ကျောက်တုံးကြီးများ အပေါ်မှ ပြုတ်ကျလာကာ လိုဏ်ခေါင်းလမ်းက တဖြည်းဖြည်း ပြိုကျလာတော့သည်။

မိုက်ခရိုဝေ့ဖ်လှိုင်း ဖြာထွက်မှုက လျင်မြန်စွာ အားနည်းသွားသည်ကို ကြည့်ရင်း ထိုလူ့ဘီလူး၏ ထုံကျင်နေသော နှလုံးသားသည် ပြန်လည်ခုန်လှုပ်လာကာ သူ၏ မျက်လုံးများသည် တဖြည်းဖြည်း အရောင်တောက်လာ၏။ သူက ရုတ်တရက် လှည့်ကာ အသက်လု၍ ပြေးထွက်သွားသည်။ ကြီးမားသော ကျောက်တုံးများ ကျရောက်မှုကြောင့် ယိုင်နဲ့တုန်ခါသွားသော်လည်း သူသည် မသိကျိုးကျွန်ပြုကာ ဦးတည်ရာမဲ့ တရကြမ်း ပြေးလွှားသွားတော့သည်။

သူတို့အဖွဲ့မူလက ဝင်ရောက်ခဲ့ကြသော ထွက်ပေါက်အနီးသို့ ရောက်ရှိသွားသည့်အခါ သူသည် နောက်သို့ မလှည့်ဘဲ မနေနိုင်အောင် ဖြစ်သွားပြီး အပေါ်မှ ဝေဝါးသော လူရိပ်တစ်ခု ခုန်ကျလာသည်ကို မြင်တွေ့လိုက်ရသည်။ ထို့နောက် လိုဏ်ခေါင်းလမ်းသည် ကျောက်တုံးကြီးများဖြင့် လုံးဝ ပိတ်ဆို့သွားတော့သည်။

"အဲ့တာ... လော်ယွမ်များလား"

.................................................................................................................................

အပြင်ဘက်၌ အချိန်အတော်ကြာ စောင့်ဆိုင်းနေသော လော်ယွမ်သည် နောက်ဆုံး၌ ထိုလူများ မိမိ၏ တစ်ကိုယ်ကောင်းဆန်မှုအတွက် အချည်းနှီး သေဆုံးသွားကြသည်ကို ဆက်လက်ကြည့်မနေနိုင်တော့ချေ။

သူက မိမိ၏ အပြုအမူ မှန်ကန်ကြောင်း ပြသရန်အတွက် မရေမတွက်နိုင်သော အကြောင်းပြချက်များကို ရှာဖွေ၍ ငြင်းဆန်နိုင်ပေလိမ့်မည်။ ဥပမာအားဖြင့် ဤလူများသည် မိမိမရှိသည့်တိုင်အောင် ဤတာဝန်ကို ထမ်းဆောင်ကြရမည်သာ ဖြစ်ကြောင်း သို့မဟုတ် ဤတာဝန်၏ ပစ်မှတ်က အလွန်အမင်း စွမ်းအားကြီးလှသဖြင့် သူကိုယ်တိုင် အသက်ကို စွန့်စားသည့်တိုင်အောင် အားလုံးကို ကယ်တင်နိုင်မည်မဟုတ်ကြောင်း စသည်ဖြင့် ဖြစ်၏။

သို့သော် သူက အခြားသူများကို လှည့်စားရန် လွယ်ကူသော်လည်း မိမိ၏ စိတ်ကိုတော့ လှည့်စားရန်ခက်ခဲလှသည်။ လိမ်ရအခက်ဆုံးအရာမှာ မိမိ၏ စိတ်ပင် မဟုတ်ပါလား။

လော်ယွမ်သည် ကိုယ့်ကိုယ်ကို သူတော်စင်တစ်ပါးဟု တစ်ခါမျှ မသတ်မှတ်ခဲ့ဖူးသလို လူ့အသက်ကို ကိန်းဂဏန်းတစ်ခုပမာသာ သတ်မှတ်သော လူတဦးလည်း မဟုတ်ပေ။ သူသည် သာမန်လူတစ်ဦးမျှသာ ဖြစ်၏။ သူက မိမိတတ်နိုင်သမျှ ကောင်းမှုကုသိုလ်အချို့ကို ပြုလုပ်မည်ဖြစ်သော်လည်း ထိုအတွက်တော့ ဘယ်တော့မှ အသက်စွန့်မည်မဟုတ်ပေ။ ထို့အတူပင် သူက တစ်ကိုယ်ကောင်းဆန်သော လုပ်ရပ်အချို့ကို ပြုလုပ်မိနိုင်သော်လည်း တမင်တကာ အကုသိုလ်ပြုရန်တော့ စိတ်ကူးမည်မဟုတ်ချေ။

ဤတစ်ကြိမ်တာဝန်၌ သူသည် မစ်ရှင်၏ အန္တရာယ်ကြီးမားပုံကို ကောင်းစွာ သိရှိထားပြီး ဤအဆင့်နိမ့် ဆင့်ကဲပြောင်းလဲသူများ အထဲဝင်သွားပါက အချည်းအနှီးအသက်ဆုံးရှုံးရမည်ဖြစ်ကြောင်း သိလျက်နှင့်ပင် ဝင်ရောက်ခွင့်ပြုခဲ့ပြီး တစ်စက်ကလေးမျှ တားဆီးခြင်းမရှိခဲ့ပေ။ ထို့အပြင် ၎င်းတို့အား ငါးစာအဖြစ် အသုံးချရန်ပင် စိတ်ကူးခဲ့သေး၏။ ဤသည်မှာ အမှန်တွင် လူသတ်ခြင်းနှင့် ဘာမျှမခြားနားတော့ပေ။

လော်ယွမ် ခုန်ချလိုက်သည့်အခါ တဝှီးဝှီးတိုက်ခတ်နေသော လေပြင်းကို ရင်ဆိုင်ရင်း သူ၏ စိတ်ထဲမှ အမှောင်ရိပ်များနှင့် စိတ်တင်းကျပ်မှုတို့သည် ချက်ချင်းပင် လွင့်ပြယ်သွားခဲ့သည်။ သူ၏ စိတ်က ကြည်လင်သန့်စင်သွားပြီး တစ်ခဏအတွင်း၌ အလွန်အမင်း တည်ငြိမ်သွားကာ မည်သည့်အနှောင့်အယှက်အတွေးမျှမရှိဘဲ တရားထိုင်နေသည့်အလား ဖြစ်သွား၏။ သူ၏ နှုတ်ခမ်းထောင့်၌ နွေးထွေးသော အပြုံးတစ်ချက်ကို မသိစိတ်ဖြင့် ချိတ်ဆွဲလိုက်ပြီးနောက် မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်သည်။

အချိန်အတော်ကြာ ရပ်တန့်နေခဲ့သော သူ၏ အာရုံခံစားနိုင်စွမ်းက လျင်မြန်စွာ ပျံ့နှံ့ထွက်သွားသည်။ ပေ ၁၈၀၊ ပေ ၂၀၀... ဧရိယာသည် အဆက်မပြတ် ကျယ်ပြန့်လာပြီး မကြာမီမှာပင် ပေ ၃၀၀ အနီးသို့ ချဉ်းကပ်လာခဲ့သည်။

"ဒင်... စိတ်ဝိညာဉ် သန့်စင်မှုတစ်ကြိမ် ကြုံတွေ့ပြီးနောက် သင်၏ အာရုံခံစားနိုင်စွမ်း +၁မှတ် တိုးသွားပါတယ်" မကြာမီမှာပင် ခေါင်းထဲမှ စနစ်၏ သတိပေးသံ ထွက်ပေါ်လာသည်။

သို့သော် လော်ယွမ်သည် မသိကျိုးကျွန်ပြုထားသည့်အလားပင်။ နက်ရှိုင်းသော တည်ငြိမ်မှုအခြေအနေ၌ ရှိနေဆဲဖြစ်သော လော်ယွမ်၏သည် သာမန်အချိန်ထက် ပို၍ပင် အေးစက်တည်ငြိမ်နေပြီး မည်သည့်စိတ်လှုပ်ရှားမှုမျှ မရှိချေ။ သူ၏ ခန္ဓာကိုယ်သည် သစ်ရွက်ကြွေတစ်ရွက်ကဲ့သို့ ပေါ့ပါးစွာ မြေပြင်ပေါ်သို့ ကျဆင်းလာကာ ခြေဖျားက မြေကြီးနှင့် ထိတွေ့လိုက်သည်နှင့် သူသည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး ထိုအချိန်အထိ ဘာလုပ်ရမှန်းမသိဖြစ်ကာ ရှေ့တိုးရမည်လော နောက်ဆုတ်ရမည်လော မသိသည့် ပိုးကောင်ကြီးကို စူးစိုက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးအစုံသည် စူးရှပြီး အာရုံစူးစိုက်မှု အပြည့်ရှိနေ၏။

အတွေးတစ်ချက် လှုပ်ရှားလိုက်သည်နှင့် အမြှေးပါးကဲ့သို့သော စိတ်စွမ်းအားအလွှာတစ်ခု သူ၏ အရေပြားပေါ်၌ ဖုံးအုပ်လျက်သား ဖြစ်ပေါ်လာသည်။ ဤစိတ်စွမ်းအားအလွှာသည် ဆံခြည်မျှင်ကဲ့သို့ ပါးလွှာပြီး အမှောင်ထဲ၌ အလွန်မှိန်ဖျော့သော အလင်းရောင်ကို ထုတ်လွှတ်နေကာ အချိန်မရွေး ပျောက်ကွယ်သွားနိုင်သည့်အလား ဖြစ်နေသော်လည်း အစောပိုင်းက ဆင့်ကဲပြောင်းလဲသူအချို့ကို မည်သည့်ခြေရာလက်ရာမျှမရှိပဲ အသက်ဆုံးရှုံးစေခဲ့သော မိုက်ခရိုဝေ့ဖ်လှိုင်းများက ယခုအခါတွင်မူ သူ၏ခန္ဓာကိုယ်အပြင်ဘက်၌ လုံးဝ တားဆီးခြင်းခံလိုက်ရသည်။

လော်ယွမ်ဝတ်ထားသော စွမ်းအင်စက်ကွင်းအတွင်းခံဝတ်စုံတွင်လည်း ထိုသို့သော အစွမ်းမျိုး ရှိနေပြီး ၎င်းအတွက်စိတ်စွမ်းအားကိုလည်း တစ်စက်ကလေးမျှ သုံးစွဲရန်မလိုအပ်ချေ။ သို့သော်လည်း ထိုအစွမ်းက ဦးခေါင်းပိုင်းကိုတော့ မကာကွယ်နိုင်ပေ။

လေထုသည် ချက်ချင်းပင် ဂနာမငြိမ် ဖြစ်လာပြီး မြေအောက်မီးရထားလိုဏ်ခေါင်းလမ်းမှ မရေမတွက်နိုင်သော ကျောက်စရစ်ခဲများ တုန်ခါလာကြသည်။ အချို့သော အလွန်သေးငယ်သည့်အမှုန်များသည် လေထဲ၌ပင် ပျံဝဲလာပြီး တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခု ပျံ့နှံ့လာခဲ့သည်။

အရှိန်အဝါကို အစွမ်းကုန် ထုတ်လွှတ်လိုက်သည်နှင့် တစ်ဖက်မှ ပိုးကောင်ကြီးသည် နောက်ဆုံး၌ စိတ်မငြိမ်မသက်ဖြင့် ဖြည်းညင်းစွာ နောက်ဆုတ်သွားပြီး ပါးစပ်မှ အလွန်စူးရှသော အော်မြည်သံကို ထုတ်လွှတ်လိုက်သည်။ ၎င်း၏ ကိုယ်ပေါ်မှ အလင်းရောင်သည် လှုံ့ဆော်ခံလိုက်ရသည့်အလား ရုတ်တရက် တောက်ပလာပြီး ယခင်ကထက် အဆပေါင်းများစွာ ပို၍ ပြင်းထန်သော အလင်းရောင်ကို ထုတ်လွှတ်နေသည်။ ဤသည်မှာ ရန်သူကို သတိပေးခြင်းဖြစ်သကဲ့သို့ တခြားရှုထောင့်တစ်မျိုးမှ ကြည့်ပါက မိမိအင်အားနည်းကြောင်း ပြသခြင်းလည်း ဖြစ်၏။ လော်ယွမ်၏ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်က ၎င်းအား အလွန်အမင်း စိတ်ဂနာမငြိမ် ဖြစ်စေသည်မှာ ထင်ရှားလှသည်။

ထိုအချိန်၌ ၎င်းသည် ဧရာမအလင်းရောင်အရင်းအမြစ်တစ်ခုအလား လိုဏ်ခေါင်းလမ်းတစ်ခုလုံးကို နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားစေသည်။ ပြင်းထန်သော မိုက်ခရိုဝေ့ဖ်လှိုင်း ဖြာထွက်မှုက လိုဏ်ခေါင်းလမ်းအတွင်းမှ အပူချိန်ကို ပြင်းထန်စွာ မြင့်တက်စေပြီး ချက်ချင်းပင် စင်တီဂရိတ် ဒီဂရီ ရာပေါင်းများစွာသို့ ရောက်ရှိသွားကာ လေထုသည်ပင်လျှင် မီးလောင်တောက်လောင်တော့မည့်အလား ဖြစ်နေသည်။

ဤမျှ ပြင်းထန်သော ဖြာထွက်မှုကြောင့် လော်ယွမ်၏ ကိုယ်ပေါ်မှ စိတ်စွမ်းအားအလွှာပင်လျှင် အနည်းငယ် တုန်ခါလာပြီး စိတ်စွမ်းအားများ လျင်မြန်စွာ ကုန်ဆုံးလာသည်။

လော်ယွမ်က မျက်မှောင်တစ်ချက် ကြုတ်လိုက်ပြီး ရှေ့မှ ပိုးကောင်ကြီးကို ဂရုမစိုက်ဟန်ဖြင့် ကြည့်ရင်း တစ်လှမ်းချင်း ချဉ်းကပ်သွားသည်။ ထိုသို့ လျင်မြန်စွာ ကုန်ဆုံးနေသော စိတ်စွမ်းအားကို သူ၏ စိတ်ထဲ၌ တစ်စက်ကလေးမျှ ပူပန်ခြင်းမရှိချေ။ အရှိန်အဝါ၏ သက်ရောက်မှုအောက်၌ လိုဏ်ခေါင်းလမ်းအတွင်း၌ လေနှင့်သဲများ ပြည့်နှက်လာပြီး မြင်နိုင်စွမ်းက လျင်မြန်စွာ ကျဆင်းလာသည်။

ခန္ဓာကိုယ် ဒဏ်ရာရထားသောကြောင့် ဖြစ်မည်၊ သို့တည်းမဟုတ် ဤကြီးမားသော ဖိအားကို မခံနိုင်သောကြောင့် ဖြစ်မည်။ ဤကြောက်မက်ဖွယ်ကောင်းပြီး လျှို့ဝှက်ဆန်းကြယ်သော ပိုးကောင်ကြီး၌ တိုက်ခိုက်လိုစိတ် တစ်စက်ကလေးမျှမရှိတော့ဘဲ လော်ယွမ် ဖြည်းညင်းစွာ ချဉ်းကပ်လာသည်နှင့်အမျှ သူကအဆက်မပြတ် နောက်ဆုတ်နေခဲ့သည်။ ဧရာမ ညှပ်လက်ကြီးများသည် တစ်ချက်ဖွင့်လိုက် တစ်ချက်ပိတ်လိုက်ဖြင့် "ခလောက် ခလောက်" ဟူသော အသံများကို ထွက်ပေါ်စေသည်။ အနက်ရောင် ကင်းမြီးကောက်အမြီးသည် လေထဲ၌ မိုးမခသစ်ရွက်တစ်ရွက်ကဲ့သို့ ညင်သာစွာ ယိမ်းခါနေပြီး အချိန်မရွေး ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုတစ်ချက်ကို ထုတ်လွှတ်နိုင်သည့်အလား ဖြစ်နေသည်။

ပိုးကောင်ကြီး၏ အာရုံစူးစိုက်မှုက ထိုအကောင်သေးသော်လည်း ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါထံသို့ လုံးဝ ရောက်ရှိနေသည့်အတွက် နောက်ကျောမှ အခြေအနေကို လုံးဝ သတိမထားမိတော့ချေ။ စောစောက မြေငလျင်လှုပ်စဉ်က ပြုတ်ကျလာသော ၃ပေခန့်မြင့်သည့် ကျောက်တုံးကြီးတစ်တုံးသည် ၎င်း၏ နောက်ကျော မနီးမဝေး၌ ရှိနေသည်ကို ၎င်း သတိမထားမိခဲ့ပေ။ နောက်တစ်ခဏ၌ ၎င်း၏ ခြေလှမ်းများသည် ကျောက်တုံးကြီးနှင့် တိုက်မိသွားပြီး ခန္ဓာကိုယ်က အနည်းငယ် ဟန်ချက်ပျက်သွားသည်။

လျှပ်တစ်ပြက်အတွင်းမှာပင် လော်ယွမ် ရုတ်တရက် လှုပ်ရှားလိုက်ပြီး ကျန်းမာတောက်ဓားက ချက်ချင်းပင် ထွက်ပေါ်လာသည်။ ဓားနှင့်ဓားအိမ် ပွတ်တိုက်သံ စတင်ထွက်ပေါ်လာသည်နှင့် လူက မူလနေရာမှ ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည်။ တစ်ခဏအတွင်းမှာပင် သူ၏ အရှိန်သည် အမြင့်ဆုံးသို့ ရောက်ရှိသွားပြီး ခြေထောက်နှစ်ဖက် လျင်မြန်စွာ လှုပ်ရှားလိုက်ရာ ခြေအောက်မှ ကြီးမားသော အင်အားက မြေပြင်မှ မရေမတွက်နိုင်သော ကျောက်စရစ်ခဲများကို နောက်ပြန်လွင့်စဉ်သွားစေသည်။ လိုဏ်ခေါင်းလမ်းအတွင်းမှ လေနှင့်သဲများ၏ ဖုံးကွယ်မှုအောက်၌ သူသည် လုံးဝ ပျောက်ကွယ်သွားသည့်အလား ဖြစ်နေသည်။

ပိုးကောင်ကြီးသည် ဗီဇအသိစိတ်အရ တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိပြီး ပါးစပ်မှ စူးရှသော အော်မြည်သံကို ထုတ်လွှတ်လိုက်သည်။ ဧရာမမြေတူးစက်ကြီး၏ သံဂေါ်ကြီးနှစ်ခုသဖွယ်ဖြစ်သော ညှပ်လက်ကြီးများကို မြင့်မားစွာ မြှောက်လိုက်ပြီး ဦးခေါင်းထိပ်မှ ကြာပွတ်ကဲ့သို့သော အာရုံခံအမျှင်နှစ်ချောင်းသည် လော်ယွမ်၏ တည်နေရာကို ရှာဖွေရန် လျင်မြန်စွာ ဘယ်ညာလှည့်ပတ်လိုက်သည်။

အာရုံခံအမျှင်သည် ပိုးမွှားများ၏ ဒုတိယမျက်လုံးဖြစ်ပြီး အရေးကြီးသော အာရုံခံအင်္ဂါတစ်ခု ဖြစ်သည်။ ၎င်းသည် အနံ့ခံခြင်းနှင့် အထိအတွေ့ကို တာဝန်ယူပြီး အချို့မှာ အကြားအာရုံပင် ပါရှိသေးသည်။ အဘယ်ကြောင့်ဆိုသော် အာရုံခံအမျှင်တိုင်ပေါ်၌ အာရုံခံကိရိယာနှင့် အနံ့ခံကိရိယာများစွာ ရှိနေပြီး အာရုံခံအမျှင်တိုင်အိမ်အတွင်းမှ အာရုံကြောများစွာနှင့် ချိတ်ဆက်ကာ ဗဟိုအာရုံကြောစနစ်နှင့် တိုက်ရိုက် ချိတ်ဆက်ထားသည့်အတွက် အလွန်အမင်း ထက်မြက်လှသည်။ ၎င်းသည် အရာဝတ္ထုများကို ထိတွေ့နိုင်စွမ်း၊ လေစီးကြောင်းကို ခံစားနိုင်စွမ်းရှိသကဲ့သို့ အနံ့အမျိုးမျိုးကိုလည်း ခံစားနိုင်ပြီး အဝေးမှ ထုတ်လွှတ်လိုက်သော အနံ့များကိုပင် ခံစားသိရှိနိုင်စွမ်းရှိသည်။ အချို့အချိန်များ၌ အာရုံခံအမျှင်တိုင်၏ အသုံးဝင်မှုသည် မျက်လုံးထက်ပင် ပို၍ ကြီးမားတတ်သည်။ ဥပမာအားဖြင့် သားကောင်ကို ရှာဖွေသည့်အခါမျိုးတွင် ဖြစ်သည်။

ထိုအချိန်၌ ၎င်းသည် တစ်စုံတစ်ခုကို ခံစားမိလိုက်ဟန်တူသည်။ ကင်းမြီးကောက်အမြီးက လှုပ်ရှားသွားပြီး ချက်ချင်းပင် အသံ၏ အတားအဆီးကို ကျော်လွှားကာ အရှေ့ဘယ်ဘက်သို့ ပြင်းထန်စွာ ထိုးစိုက်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်ကြောင့် လေထဲ၌ အဖြူရောင် အရှိန်မြင့် လေစီးကြောင်းတစ်ခုပင် ဖြစ်ပေါ်လာပြီး ရှေ့မှ လေနှင့်သဲများကို လုံးဝ ထိုးဖောက်သွားသည်။ သို့သော်လည်း လေထဲသို့သာ ထိုးမိလိုက်သည်။

အမှန်တကယ်တွင် ပိုးကောင်ကြီး၏ ယူဆချက်က အလွန်ပင်တိကျလှ၏။ အကယ်၍သာ တစ်စုံတစ်ယောက်က လော်ယွမ်၏ လှုပ်ရှားမှုကို ရှင်းလင်းစွာ မြင်နိုင်ခဲ့ပါလျှင် ကင်းမြီးကောက်အမြီး လှုပ်ရှားလိုက်သည့် တစ်ခဏမှာပင် သူက အနည်းငယ် ရှောင်တိမ်းလိုက်ပြီးဖြစ်သည်ကို တွေ့ရှိရပေလိမ့်မည်။ အာရုံခံစားမှု တိုးတက်လာခြင်းသည် အာရုံခံနိုင်သည့် ဧရိယာကို တိုးတက်စေသည်သာမက လှုပ်ရှားနေသော အရာဝတ္ထုများအပေါ်၌ ပို၍ ထက်မြက်စေသည်။ ထို့အပြင် တိုက်ခိုက်မှု မပြုလုပ်မီ ကြိုတင်ခန့်မှန်းနိုင်စွမ်းကိုပင် အနည်းငယ် ရရှိလာစေပြီး တိုက်ခိုက်မှု မပြုလုပ်မီမှာပင် တည်ငြိမ်စွာ ရှောင်တိမ်းနိုင်ခဲ့သည်။

ဤသို့သော အဆင့်ရှိသည့် တိုက်ပွဲမျိုး၌ စက္ကန့်ပိုင်းတွင်း အပြောင်းအလဲများစွာ ဖြစ်ပေါ်နိုင်ပြီး ကျွမ်းကျင်သူများ ယှဉ်ပြိုင်တိုက်ခိုက်သကဲ့သို့ပင် မည်သည့်ဟာကွက်မဆို အသက်အန္တရာယ်ကို ဖြစ်စေနိုင်သည်။ ကင်းမြီးကောက်အမြီး လက်တလောတိုက်ခိုက်ထားမှုကြောင့် ခဏတာ တောင့်တင်းသွားစဉ်မှာပင် မှိန်ဖျော့သော အလင်းရောင်တစ်ချက် လေထဲ၌ ဖြတ်ပြေးသွားပြီး တစ်ချက်တည်း ပျောက်ကွယ်သွားသည်။ သတ္တုကို ဖြတ်တောက်လိုက်သကဲ့သို့ အသံသဲ့သဲ့တစ်ချက် ထွက်ပေါ်လာသည်နှင့် ကင်းမြီးကောက်အမြီးတစ်ဝက်က ရုတ်တရက် ပြတ်တောက်သွားပြီး မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ ကျဆင်းသွားတော့သည်။

လော်ယွမ်က ကျန်းမာတောက်ဓားကို ပြန်လည်သိမ်းဆည်းလိုက်ပြီး လက်နှစ်ဖက်က အနည်းငယ် တုန်ယင်နေသည်။ ဤကင်းမြီးကောက်အမြီးသည် ထင်မှတ်ထားသည်ထက် အလွန်အမင်း မာကျောလှ၏။ စိတ်စွမ်းအား ထပ်ပေါင်းထည့်ထားသည့်တိုင်အောင် ကျန်းမာတောက်ဓားကို အတော်လေး အားစိုက်ခဲ့ရသည်။ ယခင်က ကြုံတွေ့ခဲ့ရသော အစိမ်းရောင်အဆင့် မြွေနဂါးနှင့် နှိုင်းယှဉ်လျှင် လုံးဝ မယှဉ်သာအောင်ပင်။ ဤသည်မှာ ပိုးကောင်ကြီး ဒဏ်ရာရနေသည့်တိုင် "ဒီ" အဆင့် အခက်အခဲရှိသော မစ်ရှင်အဖြစ် သတ်မှတ်ရခြင်း၏ အကြောင်းရင်းဖြစ်မည်။ အကယ်၍သာ ပိုးကောင်ကြီးက အကောင်းပကတိ အခြေအနေ၌ဆိုလျှင် ၎င်း၏ စွမ်းအားသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။

သို့သော် လော်ယွမ်၏ လှုပ်ရှားမှုကတော့ တစ်စက်ကလေးမျှ ရပ်တန့်မသွားခဲ့ပေ။ သူ၏ခန္ဓာကိုယ်က လေနှင့်သဲများကြားမှ တိုက်ရိုက် ထိုးထွက်လာပြီး လေးကိုင်းမှ လွတ်ထွက်သွားသော မြားတစ်စင်းအလား ပိုးကောင်ကြီးထံသို့ တည့်တည့် ပြေးဝင်သွားသည်။ ပေလေးငါးဆယ်အကွာအဝေးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ရောက်ရှိသွားပြီး သူသည် ချက်ချင်းပင် ပိုးကောင်ကြီး၏ ရှေ့မှောက်သို့ ရောက်ရှိသွားသည်။

ငါးပေကိုးလက်မနီးပါး အရပ်မြင့်သော လော်ယွမ်သည် အလွန်အမင်း သေးငယ်နေပြီး ၎င်း၏ မေးရိုးကိုပင် မမီနိုင်ချေ။ ထိုအချိန်၌ ပိုးကောင်ကြီးသည် နာကျင်မှုမှ သတိပြန်ဝင်လာခဲ့ပြီး လော်ယွမ်သည် ဦးခေါင်းအထက်မှ မှောင်မိုက်သွားသည်ကို ခံစားလိုက်ရကာ စားပွဲဝိုင်းထက်ပင် အနည်းငယ် ပိုကြီးသော ဧရာမညှပ်လက်ကြီးတစ်ဖက်က အောက်သို့ ပြင်းထန်စွာ ထုချလာခဲ့သည်။

ခန္ဓာကိုယ်၏ အကန့်အသတ်ကို ကျော်လွန်နေသော လူသားတစ်ဦးအနေဖြင့် အလေးချိန်ဖြစ်စေ၊ ခွန်အားဖြစ်စေ ဧရာမပိုးကောင်ကြီးနှင့် နှိုင်းယှဉ်လျှင် ပြောပလောက်ခြင်းမရှိချေ။ တိုက်ခိုက်မှုနှင့်အတူ ပါလာသော လေလှိုင်းအားပင်လျှင် သူ့ကို လွင့်စဉ်သွားစေနိုင်သည်။ ကြီးမားသောခွန်အားက ပညာရပ်များကို အနိုင်ယူနိုင်သည်ဟု ဆိုကြသလိုပင် တစ်ဖက်မှ ခွန်အားက မိမိထက် အဆမတန် သာလွန်နေသည့်အခါ တစ်ခါတစ်ရံ အနားသို့ပင် မချဉ်းကပ်နိုင်ချေ။ ဤသို့ ဖိနှိပ်ချေမွသကဲ့သို့သော တိုက်ခိုက်မှုကို သူတိုက်ရိုက်မရင်ဆိုင်ဝံ့ပေ။ သူ၏ အားသာချက်သည် ဘယ်တုံးကမျှ ခွန်အားနှင့်ခံစစ်မဟုတ်ခဲ့ချေ။ သူက ဘယ်ဘက်သို့ ခြေလှမ်းနှစ်လှမ်း လျင်မြန်စွာ ရွေ့လျားလိုက်ပြီး လိုဏ်ခေါင်းနံရံပေါ်သို့ ပေါ့ပါးစွာ တက်နင်းလိုက်သည်။ ဒေါင်လိုက်နံရံသည် သူ၏ မြင့်မားသော လျင်မြန်မှုအောက်၌ မြေပြင်ညီကဲ့သို့ပင် ဖြစ်နေသည်။

ညှပ်လက်ကြီးသည် ပေါက်ကွဲသံကဲ့သို့ အသံကျယ်ကြီးဖြင့် ကျဆင်းလာသည့် တစ်ခဏမှာပင် လော်ယွမ်သည် နံရံပေါ်၌ ခြေလှမ်းအနည်းငယ် လျင်မြန်စွာ လျှောက်လိုက်ပြီးနောက် ခြေဖျားဖြင့် လိုဏ်ခေါင်းနံရံကို ပြင်းထန်စွာ စောင့်ကန်ထွက်လိုက်သည်။ ခြေထောက်မှ အကြောကြီးများ လေးညှို့ကြိုးသံကဲ့သို့ မြည်ဟည်းသွားပြီး ကြီးမားသော ခွန်အားကြောင့် လိုဏ်ခေါင်း၏ ကွန်ကရစ်နံရံ၌ပင် ချိုင့်ခွက်ငယ်တစ်ခု ဖြစ်ပေါ်သွားသည်။ သူ၏ ခန္ဓာကိုယ်သည် မြေပြင်နှင့် မျဉ်းပြိုင်နီးပါးအနေအထားဖြင့် ပိုးကောင်ကြီးထံသို့ ခုန်ပျံဝင်သွားသည်။

ညှပ်လက်ကြီး ကျဆင်းမှုကြောင့် ဖြစ်ပေါ်လာသော လေပြင်းသည် လိုဏ်ခေါင်းလမ်းအတွင်း၌ ဝှေ့ဝှေ့ရိုက်ခတ်နေဆဲဖြစ်ပြီး ကျောက်စရစ်ခဲအမြောက်အမြား ကျည်ဆန်များကဲ့သို့ လေးဘက်လေးတန်သို့ လျင်မြန်စွာ လွင့်စဉ်နေသည်။ အစအနည်းငယ် လော်ယွမ်ကို ထိမှန်သွားသော်လည်း သူ၏ ကိုယ်ပေါ်မှ အဝတ်အစားများကြောင့် ပြန်လည်ကန်ထွက်သွားသည်။ နောက်တစ်ခဏ၌ သူသည် ထိုမျက်စိကျိန်းလောက်အောင် တောက်ပသော အလင်းရောင်များ ထုတ်လွှတ်နေသည့် ခြေဆစ်တစ်ခုကို ဆွဲကိုင်လိုက်ပြီး အားကုန်သုံး၍ အပေါ်သို့ ခုန်ပျံတက်လိုက်သည်။

ထိုအချိန်၌ အခြေအနေကို ထိန်းချုပ်နိုင်သွားပြီဖြစ်ရာ လော်ယွမ်၏ စိတ်က အနည်းငယ် လျော့ကျသွားသည်။ သို့သော် သူ အောင်ပွဲကို အဆုံးသတ်ရန် ပြင်ဆင်လိုက်စဉ်မှာပင် သူ၏ စိတ်ထဲ၌ ပြင်းထန်သော အန္တရာယ်အငွေ့အသက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။ သူ၏ ကိုယ်ပေါ်မှ စိတ်စွမ်းအားအလွှာသည် လျင်မြန်စွာ တုန်ခါလာပြီး အရည်ပျော်ကာ ပြိုကွဲသွားသည်ကို သူ တွေ့ရှိလိုက်ရသည်။ ကြောက်မက်ဖွယ်ကောင်းသော အပူချိန်သည် သူ့၏ပေါ်ထွက်နေသော ခန္ဓာကိုယ်အစိတ်အပိုင်းများမှ မြင့်တက်လာပြီး ခန္ဓာကိုယ်သည် မီးလောင်တောက်လောင်တော့မည့်အလား ခံစားလိုက်ရသည်။

မိုက်ခရိုဝေ့ဖ်လှိုင်း ဖြာထွက်မှု၏ ပင်မအရင်းအမြစ်ဖြစ်သော ပိုးကောင်ကြီး၏ ခန္ဓာကိုယ်မျက်နှာပြင်သည် လေထဲ၌ အကွာအဝေးကြောင့် အားလျော့သွားပြီးဖြစ်သော ရောင်ခြည်လှိုင်းများထက် အဆပေါင်းများစွာ ပို၍ အားကောင်းလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။ မူလက အားကိုးရာဖြစ်သော စိတ်စွမ်းအားအလွှာသည် ဤကြောက်မက်ဖွယ်ကောင်းသော မိုက်ခရိုဝေ့ဖ်လှိုင်း ဖြာထွက်မှုအောက်၌ ဖြည့်တင်းမှုနှုန်းကို လုံးဝ မမီနိုင်တော့ဘဲ ချက်ချင်းပင် အရည်ပျော် ပျောက်ကွယ်သွားတော့သည်။

မြေလှိုင်းအခြေအနေ၌ရှိနေပြီး အလွန်အမင်း စဉ်းစားတွေးခေါ်နိုင်စွမ်းရှိနေသော လော်ယွမ်သည်ပင်လျှင် ဤအချိန်၌ မျက်နှာပျက်သွားရပြီး ချက်ချင်းပင် ထိုအခြေအနေမှ လွတ်ထွက်သွားတော့သည်။

(လော်ယွမ်က မြေလှိုင်းအခြေအနေမှာဆို ကိစ္စအားလုံးကိုဘာစိတ်ခံစားချက် အနှောက်အယှက်မှမရှိတော့ဘဲ လက်တွေ့ကျကျ တွေးတောဆုံးဖြတ်နိုင်စွမ်းရှိသွားပါတယ်)

စက္ကန့်ဝက်မျှသောအချိန်အတွင်းမှာပင် သူ၏ မျက်နှာသည် သွေးကဲ့သို့ နီရဲလာပြီး အသိဉာဏ်သည်ပင်လျှင် ဝေဝါးလာသည်။ ခြေလှမ်းများ ယိုင်နဲ့သွားပြီး မြေပြင်ပေါ်သို့ လဲကျလုမတတ် ဖြစ်သွား၏။ သူသည် လျှာကို အားကုန်သုံး၍ ကိုက်လိုက်ရာ ပါးစပ်ထဲမှ ငန်ကျိကျိအရသာကြောင့် သူ၏ စိတ်သည် ချက်ချင်းပင် ကြည်လင်သွားတော့သည်။

ထိုအချိန်၌ သူ၏ စိတ်ထဲ၌ ဉာဏ်အလင်းတစ်ချက် ရုတ်တရက် ပေါ်လာခဲ့သည်။ သူသည် အဝတ်အစားများကို ဆွဲဖြဲလိုက်ပြီး အတွင်းမှ ပလာစမာစွမ်းအင်စက်ကွင်း အတွင်းခံဝတ်စုံကို ဆွဲယူကာ ဦးခေါင်းပေါ်သို့ စွပ်တင်လိုက်သည်။ ဦးခေါင်း၏ အပူချိန်သည် လျင်မြန်စွာ ကျဆင်းသွားတော့၏။ ဝမ်းဗိုက်အတွင်းမှ အချိန်တိုအတွင်း မီးလောင်သကဲ့သို့ ပူလောင်လာမှုကိုမူ ဤအချိန်၌ ဂရုမစိုက်နိုင်တော့ချေ။

ပိုးကောင်ကြီး၏ အာရုံခံစားမှုက ထက်မြက်လှ၏။ ထိုအချိန်၌ ကျောပေါ်တွင်လော်ယွမ်ရှိနေသည်ကို တွေ့ရှိသွားပြီး နံရံများကို အားကုန်သုံး၍ ဝင်တိုက်တော့သည်။ ကျောပေါ်မှ တောင်ပံများသည်လည်း ပြင်းထန်စွာ ခတ်လာပြီး ပြင်းထန်သော လေပြင်းကြောင့် လော်ယွမ်သည် မတ်မတ်ပင် မရပ်နိုင်တော့ချေ။ သူက ကျောပေါ်မှ ဆူးချွန်တစ်ခုကို အသက်လု၍ ဆုပ်ကိုင်ထားပြီး ခန္ဓာကိုယ် ဟန်ချက်ညီစေရန် အစွမ်းကုန် ကြိုးစားနေရသည်။

သူ၏ တစ်ကိုယ်လုံးမှ စွမ်းအင်များသည် လျင်မြန်စွာ ယုတ်လျော့လာနေပြီး သူ၏ခန္ဓာကိုယ်အခြေအနေက သေခြင်းတရားဆီသို့ ဦးတည်နေသည်ကို ခံစားမိနေသည်။ ပြင်းထန်သောမိုက်ခရိုဝေ့ဖ်လှိုင်းများကြောင့် ပေါ်ထွက်နေသော အရေပြားများမှ အသားကျက်နံ့သဲ့သဲ့ပင် ထွက်ပေါ်နေလေပြီ။ သူ့အတွက် အချိန်သိပ်မကျန်တော့ချေ။ ပိုးကောင်ကြီး၏ဝင်တိုက်မှုများကြားမှ ရပ်သွားသည့်အချိန်တခဏလေးတွင် သူက ဟိန်းဟောက်သံတစ်ချက် ပြုလိုက်ပြီး ခန္ဓာကိုယ်မှ ကျန်ရှိသော စွမ်းအားများကို စုစည်းကာ ပိုးကောင်၏ တောင်ပံခတ်မှုမှ လေပြင်းကို အားယူလျက် အားကုန်သုံး၍ တစ်ချက် ခုန်လိုက်ပြီး ပိုးကောင်ကြီး၏ ဦးခေါင်းပေါ်သို့ တိုက်ရိုက် ရောက်ရှိသွားသည်။ ဦးခေါင်းပေါ်သို့ မကျရောက်မီမှာပင် ပြင်းထန်သော ဓားရောင်ခြည်များ ထုတ်လွှတ်နေသော ကျန်းမာတောက်ဓားသည် ၎င်း၏ ဦးခေါင်းခွံထဲသို့ တည့်မတ်စွာ ထိုးစိုက်ဝင်ရောက်သွားခဲ့သည်။ ဤဓားတစ်ချက်က သူ၏ စိတ်စွမ်းအားအားလုံးကို ကုန်ဆုံးသွားစေခဲ့သည်။

နောက်တစ်ခဏ၌ သူက ဓားရိုးကို လွှတ်လိုက်ပြီး ခန္ဓာကိုယ်သည် ခွန်အားအားလုံး ကုန်ဆုံးသွားသည့်အလား ၁၅ပေအမြင့်မှ လိမ့်ကျလာကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားပြီး တုတ်တုတ်မလှုပ်တော့ဘဲ လုံးဝ သတိလစ်မေ့မြောသွားတော့သည်။

ဆက်ရန်...

အပိုင်း(၂၈၂)အချုပ်ခန်း

လော်ယွမ်၏ အသိစိတ်က ဖြည်းညင်းစွာ ပြန်လည်နိုးကြားလာပြီး ဂဲစွဲထားသကဲ့သို့ လေးလံသော မျက်ခွံတို့ကို အားယူဖွင့်လိုက်သော် မြင်ကွင်းမှာ ထပ်ဆင့်ထပ်ဆင့် ဝေဝါးလျက်ရှိသည်။ သူက အားယူ၍ မျက်တောင်အကြိမ်အနည်းငယ် ခတ်လိုက်ပြီးမှ အမြင်အာရုံတို့သည် တဖြည်းဖြည်း ပြန်လည်စုစည်းလာတော့၏။

မမြင်ဖူးသော ပတ်ဝန်းကျင်သစ်ကြောင့် လော်ယွမ်သည် ချက်ချင်းပင် လန့်နိုးသတိဝင်သွား၏။ သူက အလေ့ကျင့်အတိုင်း ကျန်းမာတောက်ဓားကို လက်ဖြင့်လှမ်းစမ်းလိုက်သော်လည်း ဟာလာဟင်းလင်းကိုသာ စမ်းမိလေသည်။ ထိုနောက် ချက်ချင်းပင် စိတ်ကူးထဲထည့်၍မရနိုင်သော ပြင်းထန်သည့်နာကျင်မှုတို့သည် ဒီရေလှိုင်းလုံးကြီးများသဖွယ် သူ၏တစ်ကိုယ်လုံးသို့ ဝလုံးခတ်စီးဝင်လာရာ သူ့အား သတိထပ်မံလစ်သွားစေလုနီးပါး ဖြစ်သွား၏။ သူ၏ စိတ်ဓာတ်ခိုင်မာမှုဖြင့်ပင် ညည်းသံတစ်ချက် ထွက်သွားမိသည်။

"ရှင်သတိရပြီလား" ထိုအချိန်တွင် ဝမ်းသာအားရဟန်ပါသော အမျိုးသမီးအသံတစ်သံသည် နားနားသို့ ကပ်၍ ထွက်ပေါ်လာ၏။

ထိုအသံမှာ အလွန်ရင်းနှီးနေ၏။ ထိုသူမှာ မည်သူဖြစ်သည်ကို သူ သတိရလိုက်သည်နှင့် ရုန်းကန်ထထိုင်မည့် အကြံကို ချက်ချင်း လက်လျှော့လိုက်သည်။

"ဒါက ဘယ်နေရာလဲ" စကားပြောလိုက်သည်နှင့် သူ၏အသံသည် လုံးဝခြောက်ကပ်နေပြီး အသံပင် မထွက်နိုင်တော့သည်ကို သတိပြုမိလိုက်သည်။

"အချုပ်ထဲမှာလေ" ဝမ်ယွိကျဲက ပြန်ဖြေ၏။

လော်ယွမ်သည် ရုတ်တရက် ခေါင်းတစ်ခုလုံး ကွဲထွက်မတတ် နာကျင်သွားသည်ကို ခံစားလိုက်ရသည်။ သူက စိတ်ကို ခဏတည်ငြိမ်အောင်ထားပြီး အားမရှိသောလေသံဖြင့် မေးလိုက်သည်။ "ဘာတွေဖြစ်သွားလို့လဲ... ငါတို့ကဘယ်လိုလုပ် ဒီထဲရောက်နေတာလဲ... ကျန်တဲ့သူတွေရော"

"ကျွန်မလည်း မသိဘူး... ကျွန်မတို့ ပြန်လာတဲ့လမ်းမှာ ကာကွယ်ရေးတပ်မက ကျွန်မတို့ကို ဝိုင်းပြီး ဖမ်းလိုက်တာပဲ... သူတို့ပြောတာတော့ ဒုဗိုလ်မှူးကြီးရှုတို့အဖွဲ့က ကန္တာရမြို့နဲ့ ပြန်လည်တည်ဆောက်ရေးဇုန် အဆက်အသွယ်ပြတ်သွားတုန်း ပုန်ကန်ဖို့ ကြံစည်လို့တဲ့... ကျွန်မတို့က အပေါင်းအပါအဖြစ် အဆွဲခံရတာလို့ပြောတယ်... ကိစ္စတွေ ရှင်းသွားတာနဲ့ အမြန်ဆုံး ပြန်လွှတ်ပေးမယ်တဲ့" ဝမ်ယွိကျဲက မျှော်လင့်ချက်ရောင်လွှမ်းသော မျက်နှာဖြင့် ပြောလိုက်သည်။

လော်ယွမ်သည် မျက်လုံးများကို မှိတ်ထားလိုက်ပြီး ဘာကိုမျှမစဉ်းစားရန် ကြိုးစားလိုက်သည်။ စကားအနည်းငယ်ပြောရုံမျှဖြင့် သူသည် အလွန်ပင် ပင်ပန်းနွမ်းနယ်သွားသည်ကို ခံစားလိုက်ရ၏။

အတန်ကြာမှ သူ မျက်လုံးပြန်ဖွင့်လိုက်ပြီး အားမရှိစွာ မေးလိုက်သည်။ "ဒါနဲ့... ငါ သတိလစ်သွားတာ ဘယ်လောက်ကြာပြီလဲ"

"သုံးရက်ရှိပြီ... ရှင့်ကို သေပြီလို့တောင် ထင်နေတာ... ရှင့်အခြေအနေက တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာမယ်လို့ မထင်ထားဘူး"

"မင်း ငါ့ကိုကယ်လိုက်တာလား"

"မဟုတ်ပါဘူး... ကျွန်မမှာ အဲ့ဒီလောက်အစွမ်းရှိပါဘူး... ဒုဗိုလ်မှူးကြီးရှူက ရှင့်ကို စောင့်ရှောက်ဖို့ကျွန်မလက်ထဲ့ ထည့်လိုက်တာ... နောက်ပိုင်း အဖမ်းခံရတော့ အချုပ်ခန်းတစ်ခန်းထဲမှာ အတူထည့်ထားလိုက်တာပဲ" ဝမ်ယွိကျဲက ရှက်ရွှံ့စွာ ပြောလိုက်သည်။

"ဟုတ်... ဟုတ်သားပဲ... နောက်တစ်ခုရှိသေးတယ်... ရှင်ကြားရင် စိတ်မဆိုးရဘူးနော်" ဝမ်ယွိကျဲက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားဟန်ဖြင့် မျက်နှာအမူအရာမလုံမလဲဖြစ်ကာ တွန့်ဆုတ်စွာ ပြောလိုက်သည်။

"ဘာမို့လို့လဲ" လော်ယွမ်က သံသယဖြင့် မေးလိုက်သည်။

"အဲ့တုန်းက အဖမ်းခံရပြီး စစ်ဆေးခံရတဲ့အချိန်မှာလေ... ကျွန်မတို့က လင်မယားတွေလို့ ကျွန်မပြောလိုက်တယ်... အဲ့ဒီအချိန်မှာ ရှင်ကလည်း ဒဏ်အရာအရမ်းပြင်းပြီး သတိလစ်နေတော့ သူတို့က ခြွင်းချက်အနေနဲ့ ကျွန်မတို့ကို အခန်းတစ်ခန်းထဲ အတူနေခွင့်ပေးလိုက်တာ" ဝမ်ယွိကျဲက နှုတ်ခမ်းကိုကိုက်ကာ သတ္တိမွေး၍ ပြောလိုက်ပြီးနောက် မျက်နှာတစ်ခုလုံး ရုတ်တရက် နီရဲတက်လာသည်။

လော်ယွမ်သည် ချောင်းတစ်ချက် မဆိုးဘဲမနေနိုင်တော့ပေ။ သူက အတန်ကြာစဉ်းစားပြီးမှ စကားလုံးများကို ရွေးချယ်ကာ ပြောလိုက်သည်။ "ဒါက မင်းအပြစ်မဟုတ်ပါဘူး... မင်းက စေတနာကောင်းနဲ့ လုပ်ခဲ့တာပဲ... ထားလိုက်တော့... ငါ နည်းနည်းပင်ပန်းလာပြီ ခဏလောက် နားလိုက်ဦးမယ်"

တစ်ဖက်လူ၏ အတွေးအခေါ်နှင့် မိမိ၏အတွေးအခေါ်သည် လုံးဝမတူညီသော အဆင့်တွင်ရှိသည်ကို လော်ယွမ် ရုတ်တရက် သဘောပေါက်လိုက်သည်။ သူမ၏စိတ်သည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ရိုးစင်းပြီး ဤကမ္ဘာပျက်ကပ်နှင့် လုံးဝ အံမဝင်ခွင်မဖြစ်နေ၏။ သူမသည် ဤနေရာ၏ ဒေသခံတစ်ဦးဖြစ်ပြီး ကမ္ဘာပျက်ကပ် စတင်ပြီးမကြာမီမှာပင် ဤနေရာသို့ ပြောင်းရွှေ့လာခဲ့သည်ကို ပြန်တွေးမိလိုက်သည်။ လူတို့၏ ကောက်ကျစ်မှု၊ လှည့်ဖြားမှုများကို တစ်ခါမျှ မကြုံဖူးခဲ့သောကြောင့် ဤသို့ဖြစ်ရသည်ကို သူ နားလည်လိုက်သည်။

---------------------------------------------------------------------------------------

လော်ယွမ်သည် မျက်လုံးများကိုမှိတ်ကာ မိမိ၏အခြေအနေကို စစ်ဆေးကြည့်လိုက်ရာ အခြေအနေမှာ ထင်ထားသည်ထက်ပင် ပိုမိုဆိုးရွားနေသည်ကို တွေ့လိုက်ရ၏။

စိတ်စွမ်းအားကို ယာယီ မစုစည်းနိုင်တော့သည်သာမက အာရုံခံစားနိုင်စွမ်းသည်ပင် သာမန်လူတစ်ယောက်ထက် ဆိုးရွားစွာ ကျဆင်းသွားခဲ့သည်။ ခန္ဓာကိုယ်မှာ လှုပ်ရှား၍မရတော့သည်ကိုမူ ဆိုဖွယ်ရာမရှိတော့။ ဤသည်မှာ သူရရှိခဲ့သမျှတွင် အပြင်းထန်ဆုံးသော ဒဏ်ရာပင် ဖြစ်သည်။ ဤမျှပြင်းထန်သော ဒဏ်ရာဖြင့် မိမိအသက်ရှင်နေသေးသည်မှာ အမှန်ပင် မယုံကြည်နိုင်စရာ ဖြစ်၏။

သူက စိတ်ထဲမှ စနစ်ကို ခေါ်လိုက်ရာ စနစ်၏ အရည်အသွေးပြဇယားကွက်က သူ၏မျက်စိရှေ့တွင် ချက်ချင်းပေါ်ထွက်လာသည်။

အမည် - လော်ယွမ်

အလုပ်အကိုင် - မုဆိုး

အဆင့် - ၁၀

အတွေ့အကြုံမှတ် - ၂၄၇၂၀/၁၅၃၆၀၀

အရည်အသွေးများ

ခွန်အား - ၇ (၁၅)

လျင်မြန်မှု - ၆ (၁၅)

ကြံ့ခိုင်မှု - ၆+၅ (၁၄)

ဉာဏ်ရည် - ၁၄ (၁၄)

အာရုံခံနိုင်စွမ်း - ၁၄+၁ (၁၄)

စိတ်စွမ်းအား - ၁၅+၁ (၁၅)

[၇ (၁၅) ဆိုတာ မူလ၁၅မှတ်က လက်ရှိ ၇မှတ်ထိ ထိုးကျနေတာကိုပြောတာပါ။ (၁၄+၁) (၆+၅) တို့က မူရင်းအမှတ်ကို အဆောင်ပစ္စည်းတွေ ရဲ့အစွမ်းကနေ ထပ်ပေါင်းထည့်ထားတာပါ။ ဥပမာ တစ္ဆေထနောင်းပင်ရဲ့နှလုံးသားက သူ့ကိုဆောင်ထားရင် စိတ်စွမ်းအား ၁မှတ်တိုးစေပါတယ် ]

ကျွမ်းကျင်မှုများ

------------------

သိပ္ပံ - ၁၆

သင်္ချာ - ၁၄

တရုတ်စာ - ၁၉

ဘဏ္ဍာရေး - ၁၇

ကွန်ပျူတာ - ၉

ကခုန်ခြင်း - ၁

ပန်းချီ - ၃

ဂိမ်းကစားခြင်း - ၆

စေ့စပ်ညှိနှိုင်းခြင်း - ၉

လူမှုဆက်ဆံရေး - ၇

ချက်ပြုတ်ခြင်း - ၃

ယာဉ်မောင်း - ၁

လက်နက်မဲ့တိုက်ခိုက်ခြင်း - ၁၉

ဓားပညာအထူးကျွမ်းကျင်မှု - ၆

သေနတ်ပစ်ခတ်ခြင်းပညာ - ၆

ပစ်လွှတ်မှု - ၁၅

အထူးကျွမ်းကျင်မှုများ - အမျိုးအမည်ခွဲခြားအစွမ်း၊ ပေါင်းစပ်အစွမ်း၊ ရှာဖွေစူးစမ်းအစွမ်း

သန္ဓေပြောင်းအစွမ်း - မြေလှိုင်း (အဆင့် ၅)

အခြေအနေ - ဒဏ်ရာပြင်းထန်

လက်ကျန်အခြေပြုမှတ် - ဝ

လက်ကျန်ကျွမ်းကျင်မှတ် - ဝ

လက်ကျန်မစ်ရှင် - မရှိ

အမည် - တစ္ဆေထနောင်းပင်၏နှလုံးသား

ရှားပါးမှုအဆင့် - အပြာရောင်

အလေးချိန် - ၁၀၀ ဂရမ်

အမျိုးအစား - စိတ်ဝိဉာဉ်ဆိုင်ရာအားဖြည့်သလင်းကျောက်

ထပ်တိုးအစွမ်း - စိတ်စွမ်းအား +၁၊ အာရုံခံနိုင်စွမ်း +၁

သုံးသပ်ချက် - ဤသည်မှာ ရှားပါးသော သက်ဝင်လှုပ်ရှားသလင်းကျောက်တစ်လုံးဖြစ်သည်။ ၎င်း၏တန်ဖိုးသည် ၎င်း၏အကဲဖြတ်ချက်ထက် များစွာကျော်လွန်၏။ ကိုယ်နှင့်မကွာဆောင်ထားရုံဖြင့် ကုန်ဆုံးသွားသော စိတ်စွမ်းအင်နှင့် အာရုံခံနိုင်စွမ်းကို လျင်မြန်စွာပြန်လည်ဖြည့်တင်းပေးနိုင်ပြီး ထပ်တိုးအကျိုးသက်ရောက်မှုလည်းရှိသည်။

သူ၏မျက်မှောင်တို့သည် တင်းတင်းကြုတ်မိသွား၏။ မူလက အစိမ်းရောင်ဖြစ်သော အရည်အသွေးပြဇယားကွက်သည် ယခုအခါ အနီရောင်သတိပေးအရောင်သို့ ပြောင်းလဲသွားခဲ့ချေပြီ။ ဒုတိယစွမ်းရည်များမှလွဲ၍ စွမ်းရည်အားလုံးသည် ထိုးကျသွားခဲ့သည်။ အထူးသဖြင့် ခွန်အား၊ လျင်မြန်ဖျတ်လတ်မှုနှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှု ဤအဓိကစွမ်းရည်သုံးခုသည် ခုနစ်မှတ်ပင်မကျော်တော့ပေ။

"ဒါကြောင့် ငါ့ခန္ဓာကိုယ်က လှုပ်လို့မရ အသက်ရှူရခက်ပြီး တစ်ကိုယ်လုံး ကိုက်ရိုက်ထားပြီး ကျောက်တုံးကြီးတစ်ခု ဖိထားသလို လေးလံနေတာကိုး" လော်ယွမ်၏ စိတ်ထဲတွင် လေးလံသွား၏။

သာမန်အားဖြင့် ပုံမှန်အရွယ်ရောက်ပြီးသား ယောက်ျားတစ်ဦး၏ စွမ်းရည်သည် ဆယ်မှတ်ခန့်၊ အမျိုးသမီးက ကိုးမှတ်၊ ဆယ်နှစ်သားအရွယ် ကလေးက ရှစ်မှတ်၊ လေးငါးနှစ်အရွယ် ကလေးက ခုနစ်မှတ်ခန့် ရှိသည်။ သူ၏ ယခု ခွန်အားနှင့် လျင်မြန်ဖျတ်လတ်မှုသည် ငါးနှစ်၊ ခြောက်နှစ်အရွယ် ကလေးတစ်ယောက်နှင့် မခြားနားတော့ပေ။

ဤမျှအားနည်းသော ခွန်အားက သူ၏ ကီလို ၈၀၊ ၉၀ (ပေါင်၂၀၀ခန့်) အလေးချိန်ရှိသော ခန္ဓာကိုယ်ကို မည်သို့မျှ မထောက်ပံ့နိုင်ပေ။

ထို့အပြင် တစ်ကိုယ်လုံး မီးလောင်သကဲ့သို့ ပူလောင်နာကျင်နေပြီး အသက်ရှူလိုက်တိုင်းတွင်ပင် ပူစပ်သောနာကျင်မှုကို ခံစားနေရရာ အဆုတ်များပင် ထိခိုက်သွားကြောင်း ထင်ရှား၏။

ဉာဏ်ရည်၊ အာရုံခံနိုင်စွမ်းနှင့်စိတ်စွမ်းအားတို့က မပြောင်းလဲသော်လည်း ခန္ဓာကိုယ်ဒဏ်ရာ၊ အထူးသဖြင့် ဦးနှောက်၏ ဒဏ်ရာပြင်းထန်မှုကြောင့် ထိုအရည်အသွေးသုံးခုသည် အမြစ်မရှိသောသစ်ပင်၊ ရေမရှိသောမြစ်ကဲ့သို့ အသုံးမဝင်တော့ပေ။

လော်ယွမ်၏စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာ၏။ သူ ဤနေရာတွင် သုံးရက်တိုင်တိုင် ရှိနေခဲ့ပြီ၊ ကျားဟွေနှင့် ရှီရှီတို့ မည်သို့ရှိနေသည်ကို မသိရပေ။ ယခု အခြေအနေမှာ ရှုပ်ထွေးလှပြီး ဒုဗိုလ်မှူးကြီးရှူ၏ ခန့်မှန်းချက်မှာ အမှန်ဖြစ်လာခဲ့ကာ သူကိုယ်တိုင်ပင် အရှုပ်အထွေးထဲ ကျရောက်သွားခဲ့သည်။ ဤအဖြစ်အပျက်များသူတို့နှစ်ဦးအပေါ် မသက်ရောက်စေရန်သာ မျှော်လင့်ရ၏။

မည်သူက ဤမျှ ရည်မှန်းချက်ကြီးနေသည်ကိုလည်း မသိရသေးချေ။

ဤသို့တွေးမိလျှင် သူ၏စိတ်ထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

အသက်ကိုပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီး အတွေးစများကို ဖြတ်တောက်လိုက်သည်။ ယခု သူသည် လက်နက်မဲ့ ကလေးတစ်ယောက်ထက်ပင် မစွမ်းဆောင်နိုင်ဖြစ်နေရာ ဤသို့ အတွေးလွန်နေခြင်းသည် အပူပင်တိုးစေရုံသာရှိပြီး အကျိုးမရှိပေ။ အရေးအကြီးဆုံးမှာ ဒဏ်ရာကို အမြန်ဆုံး ကုသရန်ပင်ဖြစ်သည်။

သူက စိတ်ကို လုံးဝရှင်းထုတ်လိုက်ပြီး ဦးနှောက်ထဲမှ စုတ်ဖြဲမတတ် နာကျင်မှုကို လျစ်လျူရှုကာ စိတ်စွမ်းအားကို အတင်းစုစည်းရန် ကြိုးစားလိုက်သည်။

မူလက အသက်ရှူခြင်းကဲ့သို့ လွယ်ကူသော အပြုအမူသည် ယခုအခါတွင် အလွန်တရာ ခက်ခဲလှ၏။

ချွေးစေးများ တဒီးဒီးကျလာပြီး မကြာမီ သူ၏အောက်မှ သစ်သားခုတင်တစ်ခုလုံး စိုစွတ်သွားသည်။ ပြင်းထန်သော နာကျင်မှုကြောင့် သူ၏ခန္ဓာကိုယ်သည် တဆတ်ဆတ်တုန်ခါလာပြီး မိနစ်အနည်းငယ်မျှသာ ကြာလိုက်သည်နှင့် မျက်စိထဲတွင် မိုက်ခနဲဖြစ်ကာ နောက်တစ်ကြိမ် သတိလစ်သွားတော့သည်။

------------------------------------------------------------------------------------------------------------------

ချိုမြိန်သော ရေအေးက သူ၏ ခြောက်ကပ်နေသော နှုတ်ခမ်းများကို စိုစွတ်သွား၏။ သူက မသိစိတ်ဖြင့် အားယူမျိုချလိုက်ရာ အသိစိတ်သည် နောက်တစ်ကြိမ် နိုးထလာပြန်သည်။

ဝမ်ယွိကျဲက ရေထည့်ထားသော ပန်းကန်ကို အလျင်အမြန်ချလိုက်ပြီး ဆံပင်ကို သပ်တင်ကာ ဟန်ဆောင်လိုက်သည်။ ဤသို့ မိန်းမဆန်သော အပြုအမူသည် လော်ယွမ်ကို အနည်းငယ် အံ့အားသင့်စေသည်။ သူ၏အမြင်တွင် ဤဆံပင်တိုတိုနှင့် အမျိုးသမီးသည် ယောက်ျားလေးတစ်ယောက်နှင့် အမြဲတူနေခဲ့သည်။

"ဒီတစ်ခါ ငါသတိလစ်သွားတာ ဘယ်လောက်ကြာလဲ" သူက အသံခြောက်ကပ်ကပ်ဖြင့် မေးလိုက်သည်။

"တစ်ရက်ရှိပြီ" ဝမ်ယွိကျဲက စိတ်ဓာတ်ကျသောလေသံဖြင့် ပြောလိုက်သည်။ သူမ၏မျက်လုံးများမှာ နီရဲနေသည်။ "ရှင့်ကို ဆေးရုံပို့ရမှာကို ဒီလူတွေက လုံးဝဂရုမစိုက်ဘူး"

"ငါတို့က အန္တရာယ်ကြီးပြီး အချိန်မရွေးသေဒဏ်ကျနိုင်တဲ့ တရားခံတွေဖြစ်နေတာကိုး... ဘယ်လိုလုပ်သူတို့ကဆေးရုံပို့ပေးမှာလဲ" လော်ယွမ်က ခေါင်းခါရင်း ပြောလိုက်သည်။

"ဒါပေမဲ့ ကျွန်မတို့ကမှ အပြစ်မရှိတာ... သူတို့စစ်ဆေးပြီးရင် ရှင်းသွားမှာပေါ့" ဝမ်ယွိကျဲက ပြန်လည်ချေပသည်။

"ဒီလောကကြီးက အဖြူနဲ့အမည်းဆိုပြီး နှစ်ခုထဲရှိတာမှမဟုတ်တာ... ထားလိုက်တော့... အဲ့ဒါတွေမပြောတော့ဘူး" လော်ယွမ်က သက်ပြင်းချရင်း ပြောလိုက်သည်။ "ခုတလောအခြေအနေဘာထူးလဲ... တစ်ယောက်ယောက် လာသေးလား"

"ထမင်းလာပို့တဲ့သူကလွဲရင် ဘယ်သူမှမလာဘူး" ဝမ်ယွိကျဲက မျှော်လင့်ချက်ကင်းမဲ့သော အသံဖြင့် ပြောသည်။

လော်ယွမ်သည် ဗိုက်ဆာသည်ဟု မခံစားရပေ။ သူသတိလစ်နေစဉ် သူမက သူ့ကို အစာကျွေးခဲ့ကြောင်း ထင်ရှား၏။ သူ၏စိတ်ထဲတွင် နွေးထွေးသွားသည်။ သူကပေါ်လာသော အရည်အသွေးပြဇယားကွက်ကို ကြည့်လိုက်ရာ လေးလံနေသော စိတ်အစဉ်သည် ကြည်လင်သောစမ်းရေတစ်စင်း ဖြတ်သန်းစီးဆင်းသွားသကဲ့သို့ လန်းဆန်းသွား၏။ တစ်ရက်အတွင်းမှာပင် လျင်မြန်ဖျတ်လတ်မှုနှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုတို့သည် တစ်မှတ်စီ တိုးလာခဲ့သည်။ အရာအားလုံးသည် ကောင်းသောဘက်သို့ ဦးတည်နေ၏။ သူက အားပေးစကားဆိုလိုက်သည်။ "စိတ်မပူပါနဲ့ သိပ်မကြာခင်အခြေအနေကောင်းသွားမှာပါ... ငါတို့ မကြာခင် လွတ်သွားနိုင်တယ်"

------------------------------------------------------------------------------------------------------------

အချုပ်ခန်းသို့ ရောက်သည့် ငါးရက်မြောက်နေ့တွင် သူသည် ဖြည်းညင်းစွာ လှုပ်ရှားနိုင်လာခဲ့ပြီဖြစ်သော်လည်း မတ်တပ်ထရပ်နိုင်ခြင်း မရှိသေးပေ။

ဤအချိန်မှသာ သူသည် အချုပ်ခန်း၏ ပုံစံအပြည့်အစုံကို မြင်တွေ့ရတော့သည်။ အချုပ်ခန်းတစ်ခုလုံးသည် ကျဉ်းမြောင်းလှပြီး ၁၅ပေပတ်လည်ပင် မပြည့်ပေ။ ထောင့်မှ သစ်သားခွက်တစ်ခုကို ထည့်မတွက်လျှင် ၂ထပ်ကုတင်နှစ်လုံးမှလွဲ၍ အခြားမည်သည့်ပရိဘောဂမျှမရှိ။ အိမ်သာပင်မရှိပေ။

သူစိမ်းယောက်ျားတစ်ယောက်၏ ဘေးတွင် ဖိုမအတွေ့အကြုံမရှိသေးသော အမျိုးသမီးတစ်ဦးက ထိုသစ်သားခွက်ပေါ်တွင် သတိဖြင့် ထိုင်ကာ အပေါ့အပါးသွားနေသည့် မြင်ကွင်းကို လော်ယွမ် မတွေးဝံ့ပေ။

"တကယ့်ကို ရိုးရှင်းတဲ့ မိန်းမတယောက်ပဲ" လော်ယွမ် သက်ပြင်းချလိုက်မိသည်။ သူ တင်ရှိသည့်အကြွေးများ ပို၍ပို၍ များလာပုံပင်။

ထိုနေ့တွင် လော်ယွမ်၏ စိတ်စွမ်းအားသည် စုစည်းနိုင်မည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။ ဤတစ်ကြိမ်တွင် သူ၏စိတ်ထဲမှ ကြည်လင်မှုကို တင်းတင်းဆုပ်ကိုင်ထားပြီး သတိလစ်မသွားစေရန် အတင်းကြံ့ကြံ့ခံလိုက်သော်လည်း နောက်ဆုံးတွင် ကျရှုံးသွားပြန်သည်။ စိတ်ကိုလျော့ချလိုက်သောအခါ တစ်ကိုယ်လုံး ပင်ပန်းနွမ်းနယ်နေ၏။

ညဘက်သို့ ရောက်လျှင် သူ နောက်တစ်ကြိမ် ကြိုးစားလိုက်ရာ ဤတစ်ကြိမ်တွင်မူ အောင်မြင်သွားတော့သည်။

သူက စိတ်ကိုတည်ငြိမ်အောင်ထားပြီး စိတ်စွမ်းအားဖြင့် ခန္ဓာကိုယ်အတွင်းကို သတိထားစစ်ဆေးလိုက်သည်။ ခန္ဓာကိုယ်အတွင်းမှ အခြေအနေသည် အလွန်ဆိုးရွားလှ၏။ ခန္ဓာကိုယ်တစ်ရှူးတစ်ဝက်ခန့်မှာ ပုပ်နေပြီး ကျန်တစ်ရှူးများမှာလည်း ရေဓာတ်ခန်းခြောက်ကာ ခြောက်ကပ်နေသည့် လက္ခဏာများ ပြနေကာ ယခင်က ရှင်သန်တက်ကြွသော အရောင်အသွေးများ ပျောက်ဆုံးနေ၏။ သွေးကြောအများစုမှာ ပိတ်ဆို့နေပြီး အချို့နေရာများမှာ မည်းညစ်ကာ ခရမ်းရောင်သန်းနေသည်။ ဤသို့သော ဒဏ်ရာများဖြင့် သူ အသက်ရှင်နေသေးသည်မှာ အံ့ဖွယ်တစ်ခုပင် ဖြစ်သည်။

ဦးနှောက်၏အခြေအနေမှာမူ အတွင်းစိတ်ဖြင့် မမြင်နိုင်သဖြင့် မခန့်မှန်းနိုင်သေးသော်လည်း အခြေအနေ ကောင်းနိုင်မည်မဟုတ်ပေ။

လော်ယွမ်က အကြမ်းဖျင်းတစ်ချက်ကြည့်ပြီးနောက် ကုသရန် စတင်လိုက်သည်။

သူ ဤသို့ စိတ်စွမ်းအားစုစည်းထားနိုင်သည့် အခြေအနေကို ထိန်းသိမ်းထားရန် အလွန်ခက်ခဲလှရာ အရေးကြီးသည်များကိုသာ ဦးစွာပြုလုပ်ရပေမည်။ သွေးကြောတစ်ကြောပြတ် သွားလျှင် အရာရာ ပြီးဆုံးသွားနိုင်သည်ဟူ၍ ရှိရာ ဇီဝကမ္မဖြစ်စဉ်၏ အဓိကနေရာနှင့် အာဟာရပို့ဆောင်ရေးလမ်းကြောင်းဖြစ်သော နှလုံးနှင့် သွေးကြောများကို ဦးစွာ ပြုပြင်ရပေမည်။

ပုံသဏ္ဌာန်မရှိသော စိတ်စွမ်းအားသည် မမြင်ရသောလက်ကြီးတစ်ဖက်ကဲ့သို့ သွေးကြောများကို ဖြည်းညင်းစွာ ရှင်းလင်းပြုပြင်ပေးလိုက်ရာ ချက်ချင်းပင် အကျိုးသက်ရောက်မှုများ ပေါ်ထွက်လာသည်။

ဤသည်မှာ လော်ယွမ်က သူ၏ခန္ဓာကိုယ်ကို စိတ်စွမ်းအားဖြင့် မကြာခဏ သန့်စင်နေခြင်းကြောင့် အဓိကဖြစ်သည်။ ဆဲလ်များ၏ ရှုပ်ထွေးပြီးပရမ်းပတာဖြစ်နေသော တစ်ဦးချင်းစီ၏စိတ်ဆန္ဒများကို သူက အချိန်ယူ ရှင်းလင်းထားပြီးဖြစ်ကာ အားနည်းသော စိတ်စွမ်းအားအမှတ်အသားတခု ချန်ထားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ခန္ဓာကိုယ်အပေါ် သူ၏ထိန်းချုပ်နိုင်စွမ်းက မတွေးဝံ့စရာအဆင့်သို့ ရောက်ရှိနေ၏။

ဤအချက်က တစ်ရှူးများကို ပြန်လည်ပြုပြင်ရာတွင် စိတ်စွမ်းအားကုန်ဆုံးမှုကို များစွာလျော့ကျစေသည်။

ဝန်ပိနေသောနှလုံးသည် "တဒုတ်ဒုတ်" စတင်ခုန်လာပြီး မှိန်ဖျော့နေသော သွေးကြောနံရံများသည်လည်း ပြန်လည်ခံနိုင်ရည်ရှိလာကာ အရောင်အသွေး ပြန်လည်တောက်ပလာသည်။ ပိတ်ဆို့နေသော သွေးကြောများစွာသည်လည်း တစ်ခုပြီးတစ်ခု ပြန်လည်ပွင့်သွားသည်။

သူ၏ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် လူသားအဆင့်ကို ကျော်လွန်နေပြီဖြစ်ပြီး အစိမ်းရောင်အဆင့် ထိပ်တန်းသက်ရှိတစ်ဦးဟု ဆိုလျှင်ပင် လွန်မည်မဟုတ်ပေ။

နှလုံး၏ ပြင်းထန်သော တွန်းအားအောက်တွင် သွေးများသည် မြစ်ရေကဲ့သို့ တဟုန်ထိုးစီးဆင်းကာ "ဝေါဝေါ" အသံများပင် ထွက်ပေါ်နေသည်။ ခန္ဓာကိုယ်ထဲတွင် သိုလှောင်ထားသော အာဟာရဓာတ်များစွာသည် လျင်မြန်စွာ ပြိုကွဲကာ သွေးထဲသို့ ပျော်ဝင်သွားပြီး တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။ သူဂရုမစိုက်နိုင်သော သွေးကြောမျှင်လေးများသည်ပင် ဤအဆက်မပြတ်သော တွန်းတိုက်မှုအောက်တွင် တစ်ခုပြီးတစ်ခု ပွင့်လာကြသည်။

ဤသို့သောအကျိုးသက်ရောက်မှုသည် စိတ်စွမ်းအားဖြင့် ပြုပြင်ခြင်းကဲ့သို့ ချက်ချင်းအကျိုးသက်ရောက်မှု မရှိသော်လည်း မူလက အသက်မဲ့နေသော ခန္ဓာကိုယ်က ဤအချက်ကြောင့် အသက်စွမ်းအင်အငွေ့အသက်များ ပြန်လည်ရရှိလာသည်။

သို့သော် လော်ယွမ်အတွက် ဤသည်မှာ နှေးလွန်းနေသေးသည်။ သူ နေ့စဉ် ပြန်လည်ပြည့်နိုင်သော စိတ်စွမ်းအားမှာ အကန့်အသတ်ရှိပြီး အကြိမ်တိုင်းတွင် နေရာအနည်းငယ်ကိုသာ ပြုပြင်နိုင်သည်။ ခန္ဓာကိုယ်ဒဏ်ရာအခြေအနေအရ မူလအစွမ်းအစကို ပြန်လည်ရရှိရန် အနည်းဆုံး လေးငါးရက်ခန့် လိုအပ်ပေမည်။ ဤသည်မှာ ဦးနှောက်ဒဏ်ရာကို ထည့်မတွက်ဘဲ အကောင်းဆုံးခန့်မှန်းချက်သာ ဖြစ်သည်။

သို့သော် အချိန်က ယခု သူ အလိုအပ်ဆုံးအရာ ဖြစ်နေသည်။ ဤကာလအတွင်း မည်သို့သောအဖြစ်အပျက်များ ဖြစ်ပေါ်လာမည်ကို မည်သူမျှ မသိနိုင်ပေ။ သူသည် အဆိုးဆုံးအတွက် ပြင်ဆင်ထားရမည်ဖြစ်ပြီး မိမိ၏လုံခြုံမှုကို ကံကြမ္မာလက်ထဲသို့ သို့မဟုတ် ရည်မှန်းချက်ကြီးမားသူတစ်ဦး၏ အကြံအစည်၊ အတွေးတစ်ခုအပေါ်သို့ ပုံအပ်မထားလိုပေ။

သွေးကြောများနှင့် နှလုံးကို ပြုပြင်ပြီးနောက် ကျန်ရှိတော့သော စိတ်စွမ်းအားအနည်းငယ်ဖြင့် လော်ယွမ်က ပစ်မှတ်ကို ချက်ချင်းပြောင်းလိုက်သည်။ နှလုံးခုန်နှုန်းသည် သူ၏ထိန်းချုပ်မှုအောက်တွင် အရှိန်လျော့ကျလာသည်။

မကြာမီတွင် မြေကြီး၏ ကြိန်နှုန်းကို အာရုံခံမိလိုက်သည်။ ဤသည်မှာ ရှေးခေတ်အဆုံးအစမရှိသောအချိန်ကတည်းက တည်ရှိခဲ့သော မြေကြီး၏ တုန်ခါမှုနှုန်းပင် ဖြစ်သည်။

၎င်းကခမ်းနားထည်ဝါပြီး လေးနက်ကာ ကျယ်ပြန့်လှသော ရှေးကျသည့်သမိုင်းအငွေ့အသက်များ ပါဝင်နေသည်။

၎င်းသည် မြေကြီးအောက်တွင် ရှိနေသကဲ့သို့၊ နေရာတိုင်းတွင် ရှိနေသကဲ့သို့ပင်။

ထိုစဉ် စနစ်၏အသိပေးသံက ခေါင်းထဲတွင် ပေါ်ထွက်လာသည်။

"ဒင်... သင်မြေကြီး၏ ကြိန်နှုန်းကို နားလည်သဘောပေါက်သွားပါပြီ။ ယခုအခြေအနေတွင် သင်က မြေကြီးစွမ်းအား၏ အားဖြည့်မှုကို ထပ်မံရရှိမည်ဖြစ်သည်။

စွမ်းရည် ၁ - ဘယ်တော့မှ မမောပမ်းနိုင်ခြင်း

စွမ်းရည် ၂ - အလွန်အစွမ်းထက်သော ပြန်လည်ကောင်းမွန်နိုင်စွမ်း

"ဤအခြေအနေတွင် အာရုံခံနိုင်စွမ်းကို အမြောက်အမြား သုံးစွဲမည်ဖြစ်ပြီး အာရုံခံနိုင်စွမ်း ကုန်ဆုံးသည်အထိ ဤအခြေအနေ တည်မြဲနေမည်ဖြစ်သည်"

သူ ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ရာ မျက်ဝန်းများသည် အေးစက်တည်ငြိမ်ပြီး ဆင်ခြင်တုံတရားဖြင့် ပြည့်ဝသွားသည်။ မူလက စက္ကူကဲ့သို့ ဖြူဖျော့နေသော မျက်နှာသည်လည်း သွေးရောင်လွှမ်းလာသည်။

"ရှင်... ရှင်... ဘာဖြစ်တာလဲ" သူက ရုန်းကန်ထထိုင်လိုက်ရာ ဝမ်ယွိကျဲကို လန့်သွားစေပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်သည်။ ဤအခြေအနေသည် သေခါနီး မီးထတောက်ခြင်းနှင့် အလွန်တူနေသည်။

"ငါ့ကို ခုတင်ပေါ်ကဆင်းလို့ရအောင် ကူပေးစမ်းပါ" လော်ယွမ်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ပြောလိုက်သည်။ ခုတင်ပေါ်တွင် အိပ်နေခြင်းသည် အလွှာတစ်ခု ခြားနေသကဲ့သို့ဖြစ်ပြီး မြေကြီး၏သွေးခုန်နှုန်းမှ အစွမ်းကို အပြည့်အဝ မရရှိနိုင်ပေ။

ဝမ်ယွိကျဲ၏ နှုတ်ခမ်းများ လှုပ်ရှားသွားသော်လည်း စကားတစ်ခွန်းမျှ မထွက်လာပေ။ သူမက အလျင်အမြန် ပြေးသွားကာ သူ့ကို တွဲထူလိုက်သည်။

သူ့လက်မောင်းကို တွဲကိုင်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပူလောင်နေပြီး နှလုံးခုန်သံသည် စည်တီးသကဲ့သို့ တဒုတ်ဒုတ်ခုန်နေသည်ကို သူမ ထိတ်လန့်စွာ တွေ့ရှိလိုက်ရသည်။ အဝတ်အစားများ ကြားတွင် ခြားနေသော်လည်း ထိုပြင်းထန်သော စွမ်းအားကို ခံစားနေရသည်။

လော်ယွမ် မတ်တပ်ထရပ်လိုက်သည်နှင့် ခန္ဓာကိုယ်သည် ယိုင်သွားပြီး မြေပြင်ပေါ်သို့ လဲကျမတတ် ဖြစ်သွားရာ အာရုံလွင့်နေသော ဝမ်ယွိကျဲကို လန့်သွားစေပြီး သူ့အား အားဖြင့် ဆွဲထိန်းလိုက်ရသည်။

ဆင့်ကဲပြောင်းလဲသူတစ်ဦးအနေဖြင့် ဝမ်ယွိကျဲသည် သာမန်အမျိုးသမီးများကဲ့သို့ အားနည်းသူမဟုတ်ပေ။ လော်ယွမ်၏ ကိုယ်အလေးချိန်သည် ပေါင်၂၀၀ နီးပါးရှိသော်လည်း သူ့ကို အလွယ်တကူ တွဲထူနိုင်စွမ်း ရှိသည်။

သို့သော် အရပ်ငါးပေငါးပင် မပြည့်သော ဝမ်ယွိကျဲက ငါးပေကိုးနီးပါးရှိသော လော်ယွမ်ကို တွဲထူထားရသည်မှာ ငှက်လေးတစ်ကောင်က သူ့အားမှီထားသကဲ့သို့ ဖြစ်နေသည်။ ခန္ဓာကိုယ်နှစ်ခု တင်းတင်းကျပ်ကျပ် ထိကပ်နေသည်ကို ခံစားမိသောအခါ သူမ၏မျက်နှာပေါ်တွင် ရှက်သွေးများ ဖြတ်ပြေးသွားသည်။

အဆင့်မြင့်သက်ရှိတစ်ဦးအဖြစ် ပြောင်းလဲလာသော လော်ယွမ်သည် ဆွဲဆောင်မှုစွမ်းအားတစ်ခု အလိုအလျောက် ပါရှိလာသကဲ့သို့ဖြစ်ပြီး ဆန့်ကျင်ဘက်လိင်၏ အာရုံကို အလိုအလျောက် ဆွဲဆောင်နေသည်။

သို့သော် လော်ယွမ်၏ စိတ်အစဉ်မှာမူ စိုးစဉ်းမျှ လှုပ်ရှားခြင်းမရှိပေ။ သူက ရှေ့တည့်တည့်ကိုသာ စိုက်ကြည့်နေပြီး မျက်ဝန်းများသည် ဟာလာဟင်းလင်းဖြစ်ကာ ကြည်လင်တောက်ပနေသည်။ သူက နေရာတွင် မလှုပ်မယှက်ရပ်နေပြီး အသက်ရှူသံသည်လည်း အလျင်အမြန်မှ ဖြည်းညင်းရှည်လျားသော အခြေအနေသို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။

သူက ဝမ်ယွိကျဲ၏ လက်ထဲမှ သူ၏လက်မောင်းကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်ပြီး လက်ကာပြကာ သူမကို အဝေးသို့ သွားခိုင်းလိုက်သည်။

ဝမ်ယွိကျဲက ခဏမျှ တုံ့ဆိုင်းသွားပြီး တစ်ဖက်လူ၏ တင်းကြည်သော သဘောထားကို မြင်သောအခါ အချိန်မရွေး ပြန်လည်တွဲထူနိုင်ရန် ခြေတစ်လှမ်းမျှသာ ဆုတ်ခွာပေးလိုက်သည်။

သူမ၏ အကူအညီမပါဘဲ လော်ယွမ်၏ ခန္ဓာကိုယ်သည် အနည်းငယ် ယိုင်သွားပြီးနောက် တည်ငြိမ်သွားကာ နောက်ဆုံးတွင် မားမားမတ်မတ် ရပ်နိုင်သွားသည်။

အာရုံခံနိုင်စွမ်း တစ်မှတ်တိုးလာပြီးနောက် သူ၏ မြေလှိုင်းအစွမ်းအဆင့်သည် အဆင့်ငါးသို့ ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး အကျိုးသက်ရောက်မှုမှာ နှစ်ဆမက သိသိသာသာ တိုးတက်လာခဲ့သည်။ ခြေဖဝါးအောက်မှ အဆက်မပြတ် စီးဝင်လာသော ကြီးမားလှသည့် စွမ်းအားနှင့် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသော ခန္ဓာကိုယ်ကို ခံစားရင်း သူက လေကို ဖြည်းညင်းစွာ ရှူထုတ်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်း စမ်းလှမ်းလိုက်သည်။

ဆက်ရန်...

All Chapters