← Chapters

မြွေကြေးခွံ ကျည်ကာအင်္ကျီ

Vol. 1 Ch. 11

မြွေကြေးခွံ ကျည်ကာအင်္ကျီ

Vol. 1 Ch. 11

KTV သို့သွားရန်အစီအစဉ်မှာ နောက်ဆုံးတွင် ပျက်သွားခဲ့သည်။ သူတို့လမ်းလျှောက်ပြီးသိပ်မကြာမီပင် ဝမ်ရှကွမ်၏မိခင်ထံမှ ဖုန်းဝင်လာလေသည်။ ပုံစံမှာအရေးကြီးကိစ္စတစ်ခုရှိပုံရသည်။သူမက မပြန်ချင်သော်လည်း နောက်ဆုံးတွင်တော့ ပြန်သွားရတော့သည်။

ညနေခင်းရောက်သည်အထိ ကျိုးယလီ ပြန်မရောက်လာသေးပေ။

သူက ကွန်ပျူတာဖွင့်ပြီး ဂိမ်းဆော့ရန်ပြင်လိုက်သည်။ သို့သော် နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချကာ ကွန်ပျူတာကိုပိတ်လိုက်ရတော့၏။

သူက ဂိမ်းဆော့ဖို့ လုံးဝစိတ်စုစည်း၍မရသည်ကို တွေ့ရှိလိုက်၏။ သူ၏ရင်ထဲတွင် ဧရာမကျောက်တုံးကြီးတစ်တုံးက ဆွဲထားသကဲ့သို့ လေးလံကာ လူကိုထိန်းမနိုင်သိမ်းမရ အော်ဟစ်ပစ်လိုက်ချင်စိတ်ပင်ပေါက်မိသည်။

သူသည် စိတ်ရှုပ်ထွေးစွာဖြင့် ဆံပင်ကိုထိုးဖွကာ ဧည့်ခန်းသို့သွားပြီး တိုက်ခိုက်ရေးပညာလေ့ကျင့်တော့သည်။

သူ၏အနီးကပ်တိုက်ခိုက်ရေးပညာမှာ အမှတ်လေးမှတ်သာရှိပြီး အခြေခံအဆင့်မှာသာရှိနေသေးသည်။ သို့သော် သူ၏ ၁၂မှတ်ရှိသော လျင်မြန်မှုနှင့်ပေါင်းစပ်လိုက်သောအခါ သူ၏တိုက်ခိုက်နိုင်စွမ်းမှာ အလွန်ပင်ထိတ်လန့်ဖွယ်ကောင်းနေလေသည်။

သူလှုပ်ရှားလိုက်တိုင်း လေထဲတွင် "ဝှီးဝှီး" ဟူသောအသံများပင်ထွက်ပေါ်နေလေသည်။ သာမန်လူတစ်ယောက်သာ သူ့လက်သီးချက် ထိမှန်သွားပါက အရိုးကျိုးဒဏ်ရာရသွားမည်မှာ သေချာပြီး ချက်ကောင်းနေရာကိုထိမှန်ပါက တစ်ခါတည်းအသက်ပျောက်သွားနိုင်လေသည်။

အစပိုင်းတွင် လော်ယွမ်၏လက်သီးချက်များမှာ စိတ်ထွက်ပေါက်ရှာနေသကဲ့သို့သာဖြစ်ပြီး လက်သီးတစ်ချက်၊ ခြေတစ်ချက်တိုင်းတွင် ကြမ်းတမ်းရက်စက်သောအငွေ့အသက်များပါဝင်နေသည်။ သို့သော် တဖြည်းဖြည်းနှင့် သူသည် လေ့ကျင့်မှုထဲတွင် ဈာန်ဝင်သွားပြီး သိုင်းကွက်တစ်ကွက်ချင်းစီမှာ တဖြည်းဖြည်းအဆင့်ဆင့်ကွဲပြားလာကာ ထူးခြားသောအရသာတစ်မျိုးပါဝင်လာသည်။ သူက လေ့ကျင့်ရင်းလေ့ကျင့်ရင်း ပိုမိုပျော်ရွှင်လာပြီး သူ၏စိတ်မှာလည်း ပိုမိုကြည်လင်လာလေသည်။

"ဒင်…ကြိုးကြိုးစားစားလေ့ကျင့်ခဲ့သောကြောင့် သင်လက်နက်မဲ့တိုက်ခိုက်ရေးပညာကို အနည်းငယ်နားလည်သွားပါသည်။ လက်နတ်မဲ့တိုက်ခိုက်ရေးပညာ +၁မှတ်ရရှိ"

သို့သော် လေ့ကျင့်မှုတွင်လုံးဝဈာန်ဝင်နေသော လော်ယွမ်မှာ ထိုအချင်းအရာကို လုံးဝသတိမထားမိခဲ့ပေ။

သူက ထိုသို့၁နာရီနီးပါးကြာအောင် ဆက်လေ့ကျင့်နေလိုက်သည်။

သူ လေ့ကျင့်မှုကိုရပ်လိုက်သောအခါ ကြမ်းပြင်ပေါ်တွင် ချွေးအိုင်တစ်ခုပင်ဖြစ်နေလေပြီ။သူ၏ကိုယ်ပေါ်မှအဝတ်အစားများမှာလည်း လုံးဝစိုရွှဲနေကာ ချွေးတစ်ဝက်ခန့်ပင် ညှစ်ထုတ်၍ရနိုင်လောက်သည်။ သူ၏ တစ်ကိုယ်လုံးတွင် သွေးများလျင်မြန်စွာစီးဆင်းနေပြီး နွေးထွေးကာ အလွန်သာယာသောခံစားချက်ကို ခံစားနေရသည်။

ဤသည်မှာ သူပထမဆုံးအကြိမ် ဤမျှအချိန်ကြာမြင့်စွာ လက်နက်မဲ့တိုက်ခိုက်ရေးပညာကို လေ့ကျင့်ဖူးခြင်းဖြစ်ပြီး ဤမျှစွဲလမ်းစေလိမ့်မည်ဟု မထင်ခဲ့ပေ။ သူက ချွေးများဖြင့်စိုရွှဲနေသောဆံပင်ကိုခါယမ်းကာ ရေချိုးခန်းသို့သွားပြီးရေချိုးလိုက်သည်။

ထိုအချိန်တွင်တော့ သူ၏စိတ်ထဲမှ သောကများ တစ်ခါတည်းပျောက်ကွယ်သွားခဲ့လေပြီ။

ကပ်ဘေးကြီးရောက်လာမည် မလာမည်ကို သူဆုံးဖြတ်၍မရပေ။ သူဆုံးဖြတ်နိုင်သည်မှာ သူ့ကိုယ်သူသာဖြစ်သည်။ သူကိုယ်တိုင်သာ လုံလောက်အောင်အစွမ်းထက်ပါက မနေ့ကတွေ့ခဲ့သော ဧရာမမြွေကြီးနှင့်ပြန်ရင်ဆိုင်ရမည်ဆိုလျှင်တောင် ဂရုစိုက်စရာမလိုပေ။

အသားစိမ်းငါးစိမ်းစားသောခေတ်မှ ဒီမိုကရေစီဥပဒေစိုးမိုးသော ခေတ်သစ်လူ့အဖွဲ့အစည်းအထိ မည်သို့ပင်ပြောင်းလဲစေကာမူ လူတို့၏အခြေခံသဘောတရားမှာ အတူတူပင်ဖြစ်သည်။ အားကြီးသူက အားနည်းသူကို အနိုင်ယူပြီး အတော်ဆုံးသူသာ ရှင်သန်နိုင်ကြသည်။ ရက်စက်မှုအဆင့်အတန်းသာ ကွာခြားသွားခြင်းဖြစ်သည်။ ယခင်က သူအတန်းပညာသင်ယူပြီး အခြားသူများ၏ အထက်ကိုရောက်ရန် ကြိုးစားခဲ့ရသည်မဟုတ်ပါလား။ ယခုသည်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။

နောက်တစ်နေ့နံနက်စောစော လော်ယွမ်မနက်စာစားပြီးသည်နှင့် ရဲမှုးချန်၏ဖုန်းဝင်လာပြီး မြွေအရေခွံကိုလာယူရန်ပြောကာ လိပ်စာကိုပါပြောပြသည်။ သူက ချက်ချင်းပင် တက္ကစီ ငှားကာ ကောက်တန်မြို့သို့သွားလိုက်သည်။

လော်ယွမ်သည် အပြင်အဆင်သပ်ရပ်သော လက်ဖက်ရည်ဆိုင်တစ်ဆိုင်သို့ဝင်ကာ သီးသန့်အခန်းတံခါးကိုတွန်းဖွင့်လိုက်သည်။

အထဲတွင် ရဲမှုးချန်နှင့် ကျောက်ချင်းတို့နှစ်ဦးလုံးရှိနေပြီး လက်ဖက်ရည်သောက်ကာ စကားစမြည်ပြောနေကြသည်။

"ရဲမှုးချန်…အကိုချင်း…ခင်ဗျားတို့နှစ်ယောက်လုံးရောက်နေတာပဲ" လော်ယွမ်က ပြုံးကာဆိုလိုက်သည်။

နှစ်ဦးလုံးမှာ အဓိပ္ပာယ်ပါသောမျက်လုံးများဖြင့် လော်ယွမ်ကိုကြည့်နေပြီး စကားမပြောကြပေ။

လော်ယွမ်က အခြေအနေမှာ အနည်းငယ်ထူးဆန်းနေသည်ဟုခံစားမိပြီး ချောက်ကပ်ကပ်ရယ်ကာ "ခင်ဗျားတို့ဘာဖြစ်နေတာလဲ…ဘာလို့အမူအရာတွေကထူးဆန်းနေတာလဲ" ဟုဆို၏။

ရဲမှုးချန်သည် ချောင်းတစ်ချက်ဟန့်လိုက်ပြီး စူးစမ်းသောမျက်လုံးများဖြင့် လော်ယွမ်ကို လေးလေးနက်နက်စိုက်ကြည့်လိုက်သည်။

လော်ယွမ်သည်လည်း အနည်းငယ်မလုံမလဲဖြစ်လာသည်။ မိမိနှင့်ပတ်သက်သောအမှုတစ်ခုခုများရှိနေသလား။ မကြာသေးမီက မိမိနှင့်ပဋိပက္ခဖြစ်ခဲ့သူမှာ ဝမ်ဖေးသာရှိ၏။ ဝမ်ဖေးသေသွားပြီလား။ သို့သော် ထိုအတွေးကိုချက်ချင်းပင် ငြင်းဆိုလိုက်သည်။ အကယ်၍ ထိုသို့ဖြစ်ပါက ဤကဲ့သို့လက်ဖက်ရည်ဆိုင်တွင် တွေ့ဆုံမည်မဟုတ်ဘဲ ရဲများသူ့အိမ်သို့တိုက်ရိုက်ရောက်လာပေလိမ့်မည်။ သူကအလျင်အမြန်စဉ်းစားလိုက်ပြီး နောက်ဆုံးတွင် တိုက်ရိုက်မေးရန်ဆုံးဖြတ်လိုက်သည်။ "တစ်ခုခုဖြစ်လို့လားဗျ"

ရဲမှုးချန်က လက်ချောင်းများဖြင့် စားပွဲကိုညင်သာစွာခေါက်ပြီး ဖြည်းညှင်းစွာဆိုလိုက်သည်။ "ဘာမှတော့မဖြစ်ပါဘူး…မင်းကိုမေးစရာတစ်ခုရှိလို့…ရိုးရိုးသားသားဖြေနော်…မင်းနဲ့ချန်ဝေ့ချန်းဘယ်လိုပါတ်သတ်တာလဲ…ငါစုံစမ်းကြည့်ရသလောက်ဆိုမင်းအစကပြောထားသလိုမဟုတ်တဲ့ပုံပဲ"

"ငါတို့ရဲ့ဆောင်ပုဒ်ကိုမင်းသိမယ်ထင်တယ်…ဝန်ခံရင်အပြစ်လျော့ပေါ့ပြီး…ခေါင်းမာနေရင်အပြစ်ကြီးမယ်"

"ဝန်ခံရင်လျော့ပေါ့ပြီးထောင်ထဲထည့်လိုက်မှာမလား…ဝန်မခံရင်နှစ်ကူးတောင်အိမ်ပြန်ချင်ပြန်လို့ရမှာ" လော်ယွမ်က ထိုဆောင်ပုဒ်ကို စိတ်ထဲမှတိတ်တဆိတ်လှောင်ပြောင်လိုက်သည်။

လော်ယွမ်လည်း ဤကိစ္စကို ကြာရှည်စွာဖုံးကွယ်ထား၍မရမှန်းသိသောကြောင့် ပြုံးကာ "သူ့ကောင်မလေးကိုကျွန်တော်ကအမလို့ခေါ်တယ်လေ…အဲ့တော့ချန်ဝေ့ချန်းကိုယောက်ဖလို့ခေါ်တာဘာဆန်းလို့လဲ…အဲ့တုံးကအရေးပေါ်အခြေအနေဖြစ်နေတာကိုး…ဒီလိုအလွဲလေးတော့ဖြစ်တတ်တာပေါ့"

"အင်းပေါ့ထူးဆန်းတယ်လို့တော့မဟုတ်ပါဘူး…တစ်ခုပဲမင်းကသူတို့အပေါ်အရမ်းကောင်းနေသလိုပဲနော်" ကျောက်ချင်းသည် တဟက်ဟက်ရယ်ကာ ခနဲ့အပြုံးဖြင့်ဆို၏။

"ရဲအလုပ်လုပ်ရတာများတော့…လူတိုင်းကိုသံသယဝင်နေပြီး…စိတ်ကောင်းရှိတဲ့သူကိုပါတစ်ခုခုကြံနေတယ်လို့ထင်နေတာဖြစ်မှာပေါ့" လော်ယွမ်လည်း လုံးဝအလျှော့မပေးဘဲ ပြန်လည်ချေပလိုက်သည်။

"စိတ်ကောင်းရှိတာလား…ငါတော့မထင်ပါဘူး…မင်းသူ့ကောင်မလေးကိုကြွေနေလို့မလား…မဟုတ်ရင်ဘယ်လိုလုပ်အဲ့လောက်စိတ်ထားကောင်းနိုင်မှာလဲ…မင်းတို့အတူနေတယ်လို့တောင်ငါကြားထားတယ်" ကျောက်ချင်းသည် အတင်းအဖျင်းပြောချင်သောမျက်နှာဖြင့်ဆို၏။

သူ မနေ့ကသေဆုံးသူ၏မိသားစုဝင်များကိုတွေ့ခဲ့ပြီး ထင်ထင်ရှားရှားမှတ်မိနေသူမှာ လော်ယွမ်၏အစ်မဆိုသူပင်ဖြစ်သည်။ သို့သော် သူသွားမေးကြည့်သောအခါ မောင်နှမ.မဟုတ်ဘဲ အတူနေအခန်းဖော်သာဖြစ်နေသည်ကိုသိရသည်။ သူက တစ်ခုခုမှားယွင်းနေမှန်းသိ၍ ရဲမှုးချန်နှင့်တိုင်ပင်လိုက်ရာ နှစ်ဦးသားသဘောတူညီမှုရပြီး သူတို့ကို လိမ်လည်ခဲ့သည့်အတွက် သူ့အား အနည်းငယ်အားခြိမ်းခြောက်ကာ လက်စားချေရန်ဆုံးဖြတ်လိုက်ကြခြင်းပင်။

"ကျွန်တော်ကအဲ့လိုလူဖြစ်မလား" လော်ယွမ်က ပါးစပ်အဟောင်းသားဖြစ်သွား၏။ သူက ကျိုးယလီအပေါ်အနည်းငယ်စိတ်ဝင်စားမိသော်လည်း ဤမျှလောက်အထိတော့မဟုတ်။ သူတစ်ပါး၏ဆက်ဆံရေးကိုဖျက်ဆီးသောအလုပ်ကို သူဘယ်တော့မှလုပ်မည်မဟုတ်ပေ။

"အေးပါ…စနောက်တာတော်ပြီ…အဓိကကိစ္စပြောရအောင်" ရဲမှုးချန်က ဆက်ကြည့်မနေနိုင်တော့ဘဲ ချောင်းတစ်ချက်ဟန့်ကာ "လော်ယွမ်မင်းအတွက်အခွင့်အရေးတခုရှိတယ်…မင်းရဲလုပ်ဖို့စိတ်ဝင်စားလား…တရားဝင်ရာထူးရမှာ…အရပ်ဘက်ကာကွယ်ရေးလိုမျိုးမဟုတ်ဘူး"

"တရားဝင်ရဲသားဖြစ်ဖို့က…အစိုးရစာမေးပွဲအောင်ဖို့လိုတယ်မဟုတ်ဘူးလား" လော်ယွမ်၏မျက်နှာတွင် အနည်းငယ်အံ့ဩသောအရိပ်အယောင်များပေါ်လာသည်။

"အရင်ကတော့အဲ့လိုပေါ့…အခုဧရာမမြွေကြီးကိစ္စအထက်ကိုတင်ပြတော့….အထက်ကဒီကိစ္စကိုအရမ်းအလေးထားတယ်လေ…မနေ့ကပဲအရေးပေါ်စာတမ်းထုတ်ပြန်လိုက်တာ…ရဲအင်အားအမြန်ဆုံးတိုးချဲ့ပါတဲ့…ဒါကြောင့်မင်းများစိတ်ဝင်စားမလားလို့ငါမေးကြည့်တာ"

လော်ယွမ်၏မနေ့ကအရည်အချင်းများကြောင့် ရဲမှုးချန်က သူ့ကိုအလွန်တန်ဖိုးထားမိသည်။ သို့သော် ထိုအရာများထက် သူပိုတန်ဖိုးထားသည်မှာ သူ၏စိတ်သဘောထားဖြစ်သည်။ သူ့အသက်ကိုကယ်ခဲ့ခြင်း သွေးသားမတော်စပ်သည့် သူစိမ်းတစ်ယောက်အတွက် အန္တရာယ်များသည့်တောထဲကို သွားခဲ့ခြင်းတို့ကိုကြည့်လျင် လော်ယွမ်၏စိတ်သဘောထားမှာ အတော်လေးကောင်းမွန်ကြောင်း ထင်ရှားလေသည်။

"ဘယ်လိုဖြစ်လို့လဲ…အခြေအနေကအဲ့လောက်တောင်ဆိုးနေပြီလား" လော်ယွမ်က ချက်ချင်းသဘောမတူဘဲ အံ့ဩတကြီးမေးလိုက်သည်။

"ငါမင်းကိုမလိမ်ဘူး...ဘယ်လိုပဲဖြစ်ဖြစ်မင်းလည်းခန့်မှန်းလို့ရနေတာပဲ...အစိုးရရဲ့ရဲအင်အားက အခုတော်တော့်ကိုမလောင်မငှဖြစ်နေတယ်...အထူးသဖြင့်တောရွာဘက်တွေမှာပဲ...အဲ့ဘက်တွေမှာလူသေမှုတွေလူပျောက်မှုတွေ...ဆက်တိုက်ဖြစ်နေတယ်...ငါရထားတဲ့သတင်းအရဆိုရဲအင်အားပြည့်ပြီဆိုတာနဲ့...ပြည်နယ်အစိုးရကကျူးတောင်တစ်ဝိုက်ကို...မီးရှို့ပစ်ဖို့ပြင်ထားတယ်" ရဲမှုးချန်၏မျက်နှာမှာ လေးနက်ပြီးတည်ကြည်နေသည်။

အမှန်တစ်ကယ်တွင် ရဲတပ်ဖွဲ့ပင်မဟုတ်ဘဲ မြို့နယ်တပ်ဖွဲ့ကိုလည်းတိုးချဲ့နေပြီး လက်နက်အမျိုးမျိုးကိုလည်း လျင်မြန်စွာစနစ်တကျတပ်ဆင်နေသည်။ သံချပ်ကာကားများပင် အစီးအနည်းငယ်ရောက်ရှိနေပြီးဖြစ်လေသည်။ သို့သော် ထိုကိစ္စများကိုမူ ပွင့်ပွင့်လင်းလင်းပြော၍မရပေ၊ သို့မဟုတ်ပါက သတင်းပျံ့နှံ့သွားပြီး လူအများအထိတ်အလန့်ဖြစ်စေလိမ့်မည်။

လော်ယွမ်က အနည်းငယ်တုံ့ဆိုင်းသွားသည်။ သူက ရဲဖြစ်ရန်တခါမျှမစဉ်းစားခဲ့ဖူးပေ။ ထို့အပြင် ယခုလိုအချိန်တွင်ရဲဖြစ်ခြင်းမှာ သာမန်အချိန်နှင့်မတူဘဲ အစပေါင်းများစွာ ပိုစွန့်စားရနိုင်ပြီး အချိန်မရွေးအသက်အန္တရာယ်ရှိနိုင်သည်။ ထိုသို့ဆိုသော်လည်း အန္တရာယ်ကသင့်ကိုစောင့်နေမည်မဟုတ်ပဲ တနေ့သင့်ဆီရောက်လာမည်သာဖြစ်၏။ ယခုကျေးလက်ဒေသများဤသို့ဖြစ်နေပြီဆိုလျှင် မကြာမီပင်မြို့ပြများသို့ကူးစက်လာပေလိမ့်မည်။

"ကျွန်တော်စဉ်းစားလိုက်ဦးမယ်" လော်ယွမ်က အချိန်အတော်ကြာစဉ်းစားပြီး နောက်ဆုံးတွင် ယဉ်ယဉ်ကျေးကျေးငြင်းဆိုလိုက်သည်။

"ရတယ်...အေးဆေးစဉ်းစား" ရဲမှုးချန်သည် နားလည်စွာခေါင်းညိတ်လိုက်သည်။ တစ်မနေ့ကအဖြစ်အပျက်များဖြစ်ပွားပြီးနောက် နှစ်ရက်အတွင်းမှာပင် ရဲသုံးဦးမှာ ဖိအားမခံနိုင်ဘဲ ဆေးခွင့်ယူသွားခဲ့ပြီး နှစ်ဦးမှာ အလုပ်ထွက်စာတင်ခဲ့သည်။ ၎င်းတို့ထဲမှတစ်ဦးမှာ ဝမ်ဖေးဖြစ်လေသည်။

"အော်ဟုတ်သား...ဒါမင်းအတွက်" ရဲမှုးချန်သည် တစ်စုံတစ်ခုကိုသတိရသွားပြီး စားပွဲအောက်မှ အညိုရောင်စက္ကူဖြင့်ထုပ်ထားသောအထုပ်ငယ်တစ်ခုကိုယူကာ ပြုံးလိုက်ပြီး "မင်းကတစ်ကယ်အကွက်မြင်တာပဲ...ငါစခန်းရောက်မှဘယ်လောက်နစ်နာလိုက်လဲသိတော့တယ်...မြွေတစ်ကောင်လုံးရဲ့အရေခွံကနေ...ကျည်ကာအင်္ကျီ၈ထည်ပဲရတယ်...စခန်းမှုးကအဲ့တာကိုရတနာတစ်ခုလိုသဘောထားနေတာ"

"ငါတစ်ထည်ပိုရဖို့တောင်သူနဲ့တော်တော်အခြေအတင်ပြောလိုက်ရတယ်...သူတို့ကိုစက်ရုံမှာသေသေချာချာအသေးစိတ်ကျကျချုပ်လုပ်ထားတာ...အပ်တွေတောင်ဒါဇင်ကျော်ကုန်တယ်ပြောတယ်...သူကတခြားကျည်ကာအင်္ကျီတွေထက်အများကြီးသာပြီးပေါ့လဲပေါ့တယ်...ငါမင်းကိုပေးရမှာတောင်နှမျောတယ်"

"ကျည်ကာအင်္ကျီလုပ်ပြီးသွားပြီလား...ဒါဆိုကျွန်တော်အလုပ်မရှုပ်တော့ဘူးပေါ့" လော်ယွမ်သည် အလွန်အမင်းအံ့ဩဝမ်းသာသွားပြီး အလျင်အမြန်လက်ထဲသို့ဆွဲယူလိုက်ရာ အလွန်ပေါ့ပါးနေသည်ကိုတွေ့ရလေသည်။ အလေးချိန်မှာတစ်ပေါင်ခွဲပင်မရှိလောက်ပေ။

သူက အထုပ်ကိုဖွင့်ကာ မြွေအရေခွံကျည်ကာအင်္ကျီကိုထုတ်ယူလိုက်သည်။ ၎င်းမှာ လက်ပြတ်အင်္ကျီတစ်ထည်ဖြစ်ပြီး အင်္ကျီတစ်ခုလုံးတွင် အဝါနှင့်အနက်ရောင်ရောယှက်နေသော မြွေကြေးခွံများရှိနေသည်။ ဤမြွေကြေးခွံများကို အားပြင်းသောကော်ဖြင့်ကပ်ထားပြီး တစ်သားတည်းဖြစ်အောင်ပေါင်းစပ်ထားသည်။ ထို့အပြင် ပေါလစ်တိုက်ဖယောင်းသုတ်ထားသောကြောင့် ကိုင်တွယ်ရသည်မှာ အလွန်ချောမွေ့နူးညံ့ပြီး အနုပညာလက်ရာတစ်ခုကဲ့သို့ပင်။

လော်ယွမ်အတွက် တစ်ခုတည်းသောအားနည်းချက်မှာ အနည်းငယ်မာကျောခြင်းနေခြင်းပင်ဖြစ်သည်။ သို့သော် ကီလိုဂရမ်ပေါင်းများစွာလေးလံပြီး အတွင်းတွင်သံပြားများညှပ်ထားသော သာမန်ကျည်ကာအင်္ကျီများကိုစဉ်းစားမိသောအခါ ဤကျည်ကာအင်္ကျီမှာ အလွန်ပျော့ပျောင်းသည်ဟုဆိုနိုင်ပေသည်။

လော်ယွမ်က တိတ်တဆိတ် အမျိုးအမည်ခွဲခြားအစွမ်း ကိုအသုံးပြုလိုက်သည်။

မြွေကြေးခွံကျည်ကာလက်ပြတ်အင်္ကျီ

--------------------------------------------

ပါဝင်ပစ္စည်း - မြွေကြေးခွံ၊ မြွေအရေခွံ

ရှားပါးမှုအဆင့် - အပြာနုရောင်

အလေးချိန် - ၀.၂ ကီလိုဂရမ်

ကာကွယ်နိုင်စွမ်း - ၁၄ မှ ၁၈

ထပ်တိုးအစွမ်း - အရှိန်အဝါ (အားနည်း)

အသုံးပြုရန်လိုအပ်ချက် - မရှိ"

အကဲဖြတ်ချက် - ၎င်းမှာ ကောင်းမွန်သောကျည်ကာအင်္ကျီတစ်ထည်ဖြစ်ပြီး ဓားနှင့်ကျည်ဆန်အမျိုးအစားအချို့ကိုကာကွယ်နိုင်သည်။ မျိုးဗီဇပြောင်းလဲနေသောမြွေတစ်ကောင်မှရရှိသောကြောင့် သာမန်သတ္တဝါများ၊ အထူးသဖြင့် ကြွက်၊ ဖား၊ ငှက်များအပေါ်တွင် ခြောက်လှန့်မောင်းထုတ်သောအာနိသင်ရှိသည်။ သို့သော် ၎င်းတို့ကို ပိုမိုရူးသွပ်စွာတိုက်ခိုက်စေရန်လည်း ဖြစ်စေနိုင်သည်။

"အပြာနုရောင်အဆင့်ဆိုပဲ" လော်ယွမ်က အတော်လေးဝမ်းသာမိသွားသည်။

ယေဘုယျအားဖြင့် ကမာ္ဘပေါ်ရှိ ပစ္စည်းအများစုမှာ မီးခိုးရောင်ဖြစ်ပြီး အဖြူရောင်မှာအတော်နည်းပါးသည်။ အချို့သော အလွန်အသေးစိတ်သောနည်းပညာထုတ်ကုန်များသာ အပြာနုရောင်၊ အပြာရောင်၊ အပြာရင့်ရောင်များရှိတတ်သည်။ ဥပမာ သူ၏ ပန်းသီး တံဆိပ်ဖုန်းမှာ အပြာရောင်ဖြစ်ပြီး သာမန်ဖုန်းအများစုမှာ အပြာနုရောင်ဖြစ်သည်။ တည်ဆောက်ပုံပိုမိုရှုပ်ထွေးပြီး နည်းပညာအဆင့်မြင့်လေလေ၊ အရောင်မှာပိုမိုရင့်လေလေဖြစ်သည်။

ဤကျည်ကာအင်္ကျီကဲ့သို့ တည်ဆောက်ပုံရိုးရှင်းပြီး လုပ်ဆောင်ချက်နည်းသောပစ္စည်းများအတွက် အဆင့်မြင့်မြင့်ရရန်မှာ အလွန်ပင်ခက်ခဲ၏။ ထိုသို့သောပစ္စည်းများမှာ သူ့အမျိုးအစားတိုင်းအတွက် အကောင်းဆုံးပစ္စည်းများ ဖြစ်လေ့ရှိသည်။

"ဘယ်လိုလဲ...မဆိုးဘူးမလား" ရဲမှုးချန်ကပြုံးကာဆို၏။

"ဒါတစ်ကယ်ကောင်းတဲ့ပစ္စည်းပဲ...ကျွန်တော်ဘယ်လိုကျေးဇူးတင်ရမှန်းတောင်မသိဘူး...ရဲဖြစ်ဖို့စဉ်းစားရဦးမယ်ဆိုပေမယ့်...ခင်ဗျားတို့မနေ့ကလိုအဖြစ်မျိုးကြုံလို့အကူအညီလိုခဲ့ရင်ကျွန်တော့်ကိုအချိန်မရွေးသာလှမ်းခေါ်လိုက်" လော်ယွမ်သည် ပါးစပ်မစေ့နိုင်အောင်ပြုံးကာ အလျင်အမြန်ကျေးဇူးတင်စကားဆိုလိုက်သည်။ ဤကျည်ကာလက်ပြတ်အင်္ကျီရှိလျှင် အသက်ပေါင်းများစွာပိုရသကဲ့သို့ပင်။

"အဲ့လိုအဖြစ်မျိုး...မရှိလေကောင်းလေပဲ" ကျောက်ချင်းကပြုံးကာ "ငါတော့အဲ့ဒီလိုကိစ္စမျိုးထပ်မကြုံချင်တော့ဘူး" ဟုဆို၏။

ခဏမျှစကားစမြည်ပြောပြီးနောက် လော်ယွမ်က ရဲမှုးချန်တို့ကို နှုတ်ဆက်ကာ ထွက်ခွာလာခဲ့သည်။

အပြန်လမ်းတွင် လော်ယွမ်သည် လမ်းပေါ်တွင်မြက်ရိတ်စက်များ ပိုများလာသည်ကိုတွေ့ရ၏။ အစပိုင်းတွင်အနည်းငယ်အံ့ဩမိသော်လည်း မကြာမီပင်နားလည်လိုက်သည်။ ကောက်တန်မြို့အစိုးရက လယ်ကွင်းများမှ မြက်ပင်ပေါင်းပင်များကိုရှင်းလင်းဖယ်ရှားကာ ကြိုတင်ကာကွယ်ရန်ဆုံးဖြတ်လိုက်သည်မှာ ထင်ရှား၏။ သို့သော် ဤကဲ့သို့သောလုပ်ဆောင်ချက်မှာ မည်မျှအထိအကျိုးသက်ရောက်မှုရှိမည်ကိုမူ မည်သူမျှ မသိနိုင်ပေ။

အစိုးရ၏တက်ကြွသောလုပ်ဆောင်ချက်များက အရာအားလုံးကိုသက်သေပြနေလေပြီ။ ကမာ္ဘပျက်ကပ်ဘေးကြီး တကယ်ပဲရောက်လာတော့မှာလား လော်ယွမ်မစဉ်းစားနိုင်တော့။

All Chapters