← Chapters

အခန်း (၁၁၃-၁၁၆)

Vol. 6 Ch. 113-116

အခန်း (၁၁၃-၁၁၆)

Vol. 6 Ch. 113-116

အပိုင်း(၁၁၃)ဧရာမမီးရထားကောင်

လော်ယွမ်သည် ဧရာမဖွတ်ကြီး၏ ကျောပေါ်သို့ တက်ထိုင်လိုက်ပြီးနောက် စိတ်ဝင်တစား စောင့်ကြည့်နေကြသော လူအုပ်ထံသို့ နောက်ပြန်လှည့်ကြည့်လိုက်၏။ သူ၏မျက်နှာတွင် မည်သည့်အမူအရာမျှမရှိဘဲ ခေါင်းကိုပြန်လှည့်လိုက်ကာ ဧရာမဖွတ်ကြီး၏ ကျောကုန်းကို ပုတ်၍ အိမ်ရာအတွင်းမှ ထွက်ခွာလာခဲ့သည်။

ဧရာမဖွတ်ကြီး၏ သွားနှုန်းမှာ အလွန်လျင်မြန်လှပြီး ခြေလှမ်းများမှာ ပေါ့ပါးသွက်လက်လှသည်။ ၎င်း၏ ကြီးမားလှသော ကိုယ်ထည်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်မှာ ထင်ရှားလှ၏။ တစ်မိနစ်ပင်မပြည့်သေးသော အချိန်အတွင်းမှာပင် အိမ်ရာအပြင်ဘက်သို့ ရောက်ရှိသွားခဲ့သည်။

ရက်အနည်းငယ်အတွင်းမှာပင် ဧရာမဖွတ်ကြီး၏ ကိုယ်ပေါ်ရှိ ထိတ်လန့်ဖွယ်ရာ ဒဏ်ရာဒဏ်ချက်များမှာ လုံးဝပျောက်ကွယ်သွားခဲ့သည်။ ယခင်က ကျွတ်ထွက်သွားခဲ့သော အကြေးခွံများပင် ပြန်လည်ပေါက်ရောက်လာပြီး ပို၍ စိမ်းလန်းစိုပြည်သည့်အသွင်ကို ဆောင်နေသည်။ အလင်းရောင်ခပ်မှိန်မှိန်တစ်လွှာ ဖုံးလွှမ်းထားသကဲ့သို့ပင်။ ၎င်း၏တစ်ကိုယ်လုံးတွင် အစပိုင်းက တွေ့ခဲ့ရသော နွမ်းနယ်ညှိုးငယ်သည့်အသွင်မှာ လုံးဝမတွေ့ရတော့ချေ။

သို့သော်လည်း ၎င်း၏ ယခင်က ဖောင်းကားနေသော ကိုယ်လုံးမှာ အနည်းငယ် သေးသွယ်သွားပြီး "ကျစ်လျစ်" လာသည့်ဘက်သို့ ဦးတည်နေသည်။ ကြည့်လိုက်လျှင် "နူးညံ့သိမ်မွေ့" နေသယောင် ရှိသော်လည်း ဤဧရာမဖွတ်ကြီး၏ တိုက်ခိုက်ရေးစွမ်းရည်မှာ မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကိုမူ လော်ယွမ်တစ်ယောက်သာ သိပေသည်။

လျင်မြန်မှုအမှတ် နှစ်မှတ်တိုးလာခြင်းသည် အလျင်နှုန်းတွင် ထင်ဟပ်လာရာ ယခင်ကထက် နှစ်ဆမက ပို၍မြန်ဆန်လာသည်။ ၎င်း၏အမြန်နှုန်းကို အပြည့်အဝအသုံးချလိုက်ပါက အပြာရင့်ရောင်အဆင့် သန္ဓေပြောင်းသတ္တဝါများပင် အလွန်ခေါင်းခဲသွားပေမည်။

သို့သော် ဤဖွတ်ကြီးက အပြာရင့်ရောင်အဆင့် သန္ဓေပြောင်းသတ္တဝါကို ရင်ဆိုင်ရန်အတွက် လော်ယွမ်၏ အဓိက အားကိုးရာမဟုတ်ချေ။ ဧရာမဖွတ်ကြီး၏ အမြန်နှုန်းမှာ အလွန်မြင့်မားသော်လည်း အပြာရင့်ရောင်အဆင့် သတ္တဝါများက အပြာရောင်အဆင့်များနှင့် နှိုင်းယှဉ်၍မရပေ။ ၎င်းတို့တွင် ခွန်အားနှင့် ကိုယ်လုံးကိုယ်ထည်ကြီးမားမှုသာမက အမြန်နှုန်းမှာလည်း အလွန်မြင့်မားပြီး အဓိကအချက်မှာ ၎င်းတို့၏ ခုခံစွမ်းအားမှာ ထိတ်လန့်ဖွယ်ကောင်းလှသည်။ ထို့ကြောင့်ဧရာမဖွတ်ကြီး၏ တိုက်ခိုက်မှုအပေါ်တွင် လော်ယွမ်က မျှော်လင့်ချက်သိပ် မထားပေ။

၎င်း၏ အဓိကတာဝန်မှာ အာရုံလွှဲထားရန်ဖြစ်ပြီး၊ သို့မှသာ သူက လျှပ်စီးလက်သကဲ့သို့ ဝင်ရောက်တိုက်ခိုက်နိုင်မည် ဖြစ်သည်။

ယခင်ကသာဆိုလျှင် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါမျိုးကို ရင်ဆိုင်တိုက်ခိုက်ရန် သူ လုံးဝသတ္တိရှိလိမ့်မည်မဟုတ်သည့်အပြင် တွေးပင်မတွေးဝံ့ခဲ့ချေ။ သတ္တိမရှိခြင်းမှာ အကြောင်းပြချက်တစ်ရပ်ဖြစ်သော်လည်း အဓိကအချက်မှာ ၎င်းတို့ကို သတ်ရန်အလွန်ခက်ခဲသောကြောင့် ဖြစ်သည်။ အပြာရင့်ရောင်အဆင့် သန္ဓေပြောင်းသတ္တဝါများကို လော်ယွမ် ယခုအချိန်အထိ နှစ်ကြိမ်သာ တွေ့ဖူးသေးသည်။ တစ်ကြိမ်မှာ ကန်ထဲမှမြွေနဂါးဖြစ်ပြီး နောက်တစ်ကြိမ်မှာ ကင်းကောင်ကဲ့သို့ဧရာမ သတ္တဝါကြီးဖြစ်သည်။ ၎င်းတို့၏ ကြောက်မက်ဖွယ်ကောင်းသော ခုခံစွမ်းအားမှာ လူကိုအလွန်အမင်း စိတ်ဓာတ်ကျစေသည်။

သေဆုံးပြီးသား အလောင်းကောင်ကိုပင် သူအစွမ်းကုန်သုံး၍ ခုတ်ပိုင်းနေရလျှင် သူတို့နှင့် မျက်နှာချင်းဆိုင် သတ်ဖြတ်ရန်မှာ ဆိုဖွယ်ရာပင်မရှိတော့ချေ။

တိုက်ခိုက်ရေးစွမ်းအားမရှိလျှင် အဆင့်မည်မျှပင်တက်နေပါစေ အသုံးမဝင်ပေ။

တစ်ကယ်တော့ သူ့လက်နက်မကောင်းလျှင် စိတ်စွမ်းအားဖြင့် ဖြည့်ဆည်းနိုင်သေးသည်။ တစ္ဆေထနှောင်းပင်၏အသည်းနှလုံးကို ရရှိခဲ့စဉ်က လော်ယွမ်၏ စိတ်စွမ်းအားနှင့် အာရုံခံနိုင်စွမ်းမှာ တစ်မှတ်စီ တိုးလာခဲ့သည်။ သို့သော် ဤမျှနှင့် မလုံလောက်သေးဟု သူခန့်မှန်းမိသည်။ ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါများ၏ ခံစစ်ကို ထိုးဖောက်ရန်အတွက် ကြီးမားလှသော စိတ်စွမ်းအားပမာဏ လိုအပ်သည်။ စိတ်စွမ်းအား (၁၄) မှတ်သည် ဤကဲ့သို့ ရက်စက်ကြမ်းတမ်းသော တိုက်ပွဲကို ရင်ဆိုင်ရန် မလုံလောက်ပေ။

သို့သော် လွန်ခဲ့သောရက်အနည်းငယ်က သန္ဓေပြောင်းသတ္တဝါများ ဆင့်ကဲပြောင်းလဲမှုလှိုင်းသစ်တစ်ခု စတင်ချိန်တွင်မှ သူ ရုတ်ခြည်းနားလည်လာခဲ့သည်။ ဤကမ္ဘာလောကကြီးကား ရက်စက်ကြမ်းတမ်းလှသည်။ ကြောက်မက်ဖွယ်ကောင်းသော ဆင့်ကဲပြောင်းလဲမှု၏ လွှမ်းမိုးမှုက ဆင့်ကဲပြောင်းလဲမှုနှေးကွေးသော သက်ရှိများကို တစ်ကောင်ပြီးတစ်ကောင် ဖယ်ရှားပစ်သည် သို့မဟုတ် အစာအဖြစ်သို့ ပြောင်းလဲစေပြီး ကျန်သတ္တဝါများကို ပို၍အစွမ်းထက်လာစေသည်။

ဤရက်စက်ကြမ်းကြုတ်သော ပြိုင်ဆိုင်မှုသည် ကမ္ဘာကြီးတစ်ခုလုံးကို ကြီးမားသော အမဲလိုက်ကွင်းကြီးတစ်ခုအဖြစ် ပြောင်းလဲစေခဲ့သည်။ အကယ်၍ သူသာ ဤဆင့်ကဲပြောင်းလဲမှု၏ အလျင်နှုန်းကို အမီမလိုက်နိုင်ပါက တစ်နေ့တွင် သန္ဓေပြောင်းသတ္တဝါများ၏ အစာအဖြစ်သို့ ကျရောက်သွားပေလိမ့်မည်။

စိတ်စွမ်းအားဆိုသည်မှာ စိတ်ဓာတ်ကို ပြုစုပျိုးထောင်ခြင်းပင် ဖြစ်သည်။ စိတ်နေစိတ်ထား ရုတ်တရက်ပြောင်းလဲသွားမှုကြောင့် တစ်ညတာ တရားထိုင်ပြီးနောက် သူ၏စိတ်စွမ်းအားမှာ ရေစီးကြောင်းကဲ့သို့ အလိုအလျောက်ပင် တစ်မှတ်တိုးလာခဲ့သည်။

စိတ်စွမ်းအား (၁၅) မှတ်။ ဤသည်မှာ သူ၏ အရည်အသွေးအားလုံးထဲတွင် အမြင့်ဆုံးဖြစ်ပြီး သူ၏ အစွမ်းအထက်ဆုံးနှင့် အဆန်းကြယ်ဆုံးသော စွမ်းအားလည်းဖြစ်သည်။ ဤသည်က လက်ရှိတိုက်ပွဲအတွက် သူ၏ အကြီးမားဆုံးသော ယုံကြည်မှု၏ အရင်းမြစ်ပင်ဖြစ်သည်။

ထိုအချိန်တွင် ဧရာမဖွတ်ကြီးက ရုတ်တရက် ခြေလှမ်းများ ရပ်တန့်သွားပြီး အမြီးကို တင်းတင်းဆန့်တန်းထားကာ အပေါ်ယံရှိ အကြေးခွံများမှာ လွှသွားပုံစံအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။ ၎င်းက ဂနာမငြိမ်စွာဖြင့် နှာမှုတ်ရင်း ခြေထောက်များကို တစ်နေရာတည်းတွင် နင်းနေသည်။ ထိုအခါမှ လော်ယွမ်သည် ဤနေရာတစ်ဝိုက်မှာ အလွန်အမင်း တိတ်ဆိတ်နေပြီး အဝေးမှ ဟိန်းဟောက်သံများမှလွဲ၍ အခြားမည်သည့်အသံမျှ မကြားရသည်ကို သတိပြုမိလိုက်သည်။

"ဒါလုံးဝပုံမှန်မဟုတ်ဘူး"

လော်ယွမ်၏ မျက်နှာမှာ တည်ကြည်သွားပြီး ပတ်ဝန်းကျင်အခြေအနေကို သတိကြီးစွာဖြင့် စောင့်ကြည့်နေသော်လည်း မည်သည့်လှုပ်ရှားမှုကိုမျှ မတွေ့ရပေ။

လေပြေတစ်ချက် တိုက်ခတ်လာရာ အနီးရှိ ယိုင်နဲ့နေသောအိမ်တစ်လုံးပေါ်မှ မှန်ကွဲစအချို့သည် အမြင့်မှကျလာပြီး ကြည်လင်ပြတ်သားသော မှန်ကွဲသံကို ဖြစ်ပေါ်စေသည်။

သူ၏နဖူးပြင်မှ ချွေးစေးများ တစ်စက်ချင်းစီ ဖြည်းညှင်းစွာ စီးကျလာပြီး သူ၏လက်က ဓားရိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်သည်။

ဧရာမဖွတ်ကြီးက ဖြည်းညှင်းစွာဖြင့် နောက်သို့ဆုတ်သွားသည်။ ၎င်း၏ကျောပေါ်ရှိ ကြွက်သားများအားလုံး တင်းမာနေသည်ကို လော်ယွမ် ခံစားမိသည်။ ဤအချက်ကပင် အပြာရင့်ရောင်အဆင့် သန္ဓေပြောင်းသတ္တဝါကြီးက အနီးအနားတွင် ရှိနေကြောင်းကို သက်သေပြနေပေသည်။

သို့သော် ထူးဆန်းသည်မှာ သူ ဘာကိုမှ မမြင်ရခြင်းပင်။ ယုတ္တိကျကျဆိုရလျှင် ဤကဲ့သို့သော သတ္တဝါကြီး၏ ကိုယ်ထည်မှာ ကြီးမားလှသောကြောင့် မည်မျှပင် သတိထား၍ လျှောက်လှမ်းပါစေ ကြီးမားသော လှုပ်ရှားသံများ ရှိရပေမည်။ သို့သော် ဤနေရာတွင် မည်သည့်အသံမျှမကြားရခြင်းမှာ အလွန်ထူးဆန်းနေသည်။

"မိုးပေါ်မှာများလား" လော်ယွမ်သည် ရုတ်တရက် ကောင်းကင်ကိုမော့ကြည့်လိုက်သည်။ သို့သော် ဘာမျှမတွေ့ရ။

"မဟုတ်သေးဘူး... တစ်ခုခုတော့ မှားနေပြီ" သူ၏မျက်နှာမှာ တည်ကြည်နေပြီး စိတ်ထဲမှ ကြီးမားသော ဖိအားက သူ့ကို အရူးတစ်ပိုင်းဖြစ်သွားစေလုနီးပါးပင်။

လော်ယွမ်သည် ယခင်က တွေ့ကြုံခဲ့ရသော အက်စစ်တီကောင်ကြီးကို ရုတ်တရက် အမှတ်ရလိုက်ပြီး စိတ်ထဲတွင် ထိတ်လန့်သွားသည်။

"သေစမ်း... အဲ့တာကမြေအောက်ထဲမှာ"

လော်ယွမ် ဧရာမဖွတ်ကြီး၏ ကျောပေါ်မှ အလျင်အမြန် ခုန်ဆင်းလိုက်သည်။ ထိုအခါမှ မြေပြင်မှာ အနည်းငယ် တုန်ခါနေသည်ကို သူ ချက်ချင်းခံစားလိုက်မိသည်။ စက္ကန့်အနည်းငယ်ပင် မကြာလိုက်မီ တုန်ခါမှုမှာ ရုတ်ခြည်းပြင်းထန်လာသည်။ မြေပြင်မှာ အင်အားအဆင့် ၇ သို့မဟုတ် ၈ ရှိသော ငလျင်လှုပ်ခတ်လိုက်သကဲ့သို့ ဖြစ်သွားပြီး လမ်းမများမှာ အက်ကွဲကာ အောက်ခြေကိုမမြင်ရသော အက်ကြောင်းကြီးများအဖြစ်သို့ ပြောင်းလဲသွားသည်။

လော်ယွမ်၏ စိတ်ထဲတွင် ပြင်းထန်သော ထိတ်လန့်တုန်လှုပ်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။ သူ၏စိတ်ထဲတွင် အလွန်အမင်း ထိတ်လန့်သွားပြီး ခြေထောက်ဖြင့် မြေကြီးကိုစောင့်ကန်ကာ ၁၅ပေအကွာသို့ ခုန်ထွက်သွားလိုက်သည်။ သူ၏ခန္ဓာကိုယ် လှုပ်ရှားလိုက်သည်နှင့် "ဝုန်း" ဟူသော ကျယ်လောင်သည့် ပေါက်ကွဲသံကြီးနှင့်အတူ မရေမတွက်နိုင်သော ကျောက်ခဲအစအနများမှာ မိုးသက်လေပြင်းကဲ့သို့ အရပ်လေးမျက်နှာသို့ လွင့်စင်သွားသည်။

ဤကဲ့သို့ ကျယ်ပြန့်သော တိုက်ခိုက်မှုကို လော်ယွမ်မှာ လုံးဝရှောင်တိမ်း၍ မရနိုင်တော့ပေ။

ဗုံးဆံများကဲ့သို့ အရှိန်ပြင်းစွာ ပျံသန်းလာသော ကွန်ကရစ်ကျောက်တုံး ခုနစ်တုံး၊ ရှစ်တုံးခန့်က သူ၏ကျောကို ပြင်းထန်စွာ ထိမှန်သွားသည်။ ပြင်းထန်သော တိုက်ခိုက်အားကြောင့် သူ၏ကိုယ်မှာ လေထဲသို့လွင့်တက်သွားပြီး လမ်းတစ်ဖက်ခြမ်းရှိ အဆောက်အဦ၏ နံရံနှင့် ပြင်းထန်စွာ ဆောင့်မိသွားသည်။ နံရံမှာ ချက်ချင်းပင် ပင့်ကူအိမ်သဖွယ် အက်ကြောင်းများ ဖြစ်ပေါ်လာသည်။

သူက ခေါင်းကိုခါယမ်းလိုက်ပြီး ရုန်းကန်၍ထရပ်လိုက်သည်။ တစ်ခဏအတွင်း သူ၏တစ်ကိုယ်လုံး အရိုးအဆစ်များပြုတ်ထွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏လည်ချောင်းထဲတွင် ငန်ကျိကျိအရသာကို ခံစားလိုက်ရပြီး သွေးစတစ်ချို့က ပါးစပ်မှ ဖြည်းညှင်းစွာ စီးကျလာသည်။

သူက မြေပြင်ပေါ်ရှိ ကျည်ကာအင်္ကျီ၏ အပိုင်းအစအချို့ကို ကြည့်ရင်း နောက်ကြောင်းပြန် စဉ်းစားကာ ကြက်သီးထသွားမိသည်။ အဖြစ်အပျက်မှာ အလွန်ရုတ်တရက်ဆန်လှသောကြောင့် သူ၏စိတ်စွမ်းအားကို စုစည်းချိန်ပင် မရလိုက်ပေ။ အကယ်၍သာ သူ့ကိုယ်ပေါ်ရှိ ကျည်ကာအင်္ကျီက ထိုကျောက်ခဲများ၏ တိုက်ခိုက်မှုကို မကာကွယ်ပေးခဲ့ပါလျှင် ယခုအချိန်၌ သူ၏ခန္ဓာကိုယ်မှာ ထုတ်ချင်းပေါက်သွားလောက်ပြီဖြစ်သည်။

ဒဏ်ရာကို စစ်ဆေးချိန်မရဘဲ လော်ယွမ်က လမ်းမပေါ်သို့ အလျင်အမြန် လှမ်းကြည့်လိုက်သည်။

ဧရာမဖွတ်ကြီးက မျိုချမခံလိုက်ရပေ။ ယခုအချိန်တွင် ၎င်းသည် လမ်းမပေါ်တွင်ရပ်ကာ အလွန်တရာ ဒေါသတကြီးဖြင့် ဟိန်းဟောက်နေသော်လည်း အသံထဲတွင် ကြောက်ရွံ့မှုက ပို၍လွှမ်းမိုးနေသည်။ ၎င်း၏အပေါ်ယံရှိ အကြေးခွံအများစုမှာ ကွဲအက်နေပြီး သွေးများဖြင့် ရွှဲနစ်နေသည်။ စောစောက လွင့်စင်လာသော ကျောက်ခဲများကြောင့် ဒဏ်ရာအချို့ ရရှိခဲ့ကြောင်း ထင်ရှားသည်။

လမ်းမ၏ တစ်ဝက်ခန့်ကို နေရာယူထားသော ကြီးမားသည့် ချိုင့်ကြီးတစ်ခုက လမ်းမအလယ်တွင် ထင်ထင်ရှားရှား ပေါ်ပေါက်နေပြီး ထိုကြောက်မက်ဖွယ်ကောင်းသော သန္ဓေပြောင်းသတ္တဝါကြီးမှာမူ မည်သည့်နေရာသို့ ရောက်သွားသည်မသိ ပျောက်ကွယ်နေသည်။

လော်ယွမ်၏ မျက်နှာမှာ တည်ကြည်နေပြီး ချွေးများမှာ နဖူးမှ အဆက်မပြတ် စီးကျနေသည်။ မြေပြင်မှလာသော တုန်ခါမှုကို ခံစားရင်း လော်ယွမ်က သူ၏စိတ်စွမ်းအားကို စုစည်းလိုက်ရာ သူ၏ခန္ဓာကိုယ်တွင် အလွန်ပါးလွှာသော စိတ်စွမ်းအားအလွှာလေးတစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းကို ပါးလွှာသော အလွှာဟု ဆိုရခြင်းထက် မျက်စိဖြင့်မြင်ရန်ခက်ခဲသော အလင်းရောင်တစ်မျိုးဟု ဆိုလျှင် ပိုမှန်ပေမည်။ ၎င်းသည် အရေပြားနှင့် ပေါင်းစပ်နေပြီး အရေပြားပေါ်တွင် အလင်းရောင်တစ်လွှာ စီးဆင်းနေသကဲ့သို့ ထင်ရသည်။

အနီးရှိ ရုံးအဆောက်အဦး၏ အထပ်တိုင်းကြားတွင် အဆောက်အဦးတစ်လျှောက် သွယ်တန်းထားသော လူတစ်ယောက်သွားနိုင်သည့် လျှောက်လမ်းသေးသေးလေးများ ရှိနေသည်ကို လော်ယွမ် သတိပြုမိလိုက်သည်။ သူ၏စိတ်ထဲတွင် အတွေးတစ်ချက်ဝင်လာပြီး ခြေကိုအားနှင့်ကန်လိုက်ကာ လေထဲသို့ ၁၂ပေကျော် မြင့်တက်သွားပြီး လျှောက်လမ်းအစွန်းကို ဖမ်းဆွဲကာ အပေါ်သို့တက်ရပ်လိုက်သည်။ ထို့နောက် သူက တတိယထပ်သို့ ခုန်တက်သွားပြီး စတုတ္ထထပ်သို့ရောက်မှ ရပ်တန့်လိုက်သည်။

(ဝရန်တာပုံစံမျိုး အထပ်တိုင်းရဲ့ရှေ့မှာရှိနေတဲ့ လူတစ်ယောက်စာပဲ ကျယ်ဝန်းတဲ့ လျှောက်လမ်းအရှည်ကိုပြောတာပါ။ ဝရန်တာနဲ့မတူတာက သူက တိုက်ပတ်ပတ်လည်ကို ခါးပတ်လို ပတ်ပြီးဆောက်ထားတာ။ မြန်မာမှာ သိပ်မတွေ့ဖူးပေမယ့် တစ်ခြားနိုင်ငံက တိုက်တွေမှာတော့ရှိတယ်)

သူက နံရံနှင့်ကပ်ကာ လမ်းမကို စူးစိုက်ကြည့်နေလိုက်သည်။

မကြာမီတွင် အဆောက်အဦးမှာ ပြန်လည်ပြင်းထန်စွာ တုန်ခါလာပြီး ယိမ်းထိုးနေကာ အချိန်မရွေး ပြိုကျတော့မည့်အလား ဖြစ်နေသည်။ လော်ယွမ်က ကိုယ်ကိုနှိမ့်လိုက်ပြီး ခြေဖဝါးဖြင့် မြေပြင်ကို ကျစ်ကျစ်ပါအောင် ကုပ်ကာ ခန္ဓာကိုယ်ကိုငြိမ်အောင် ထိန်းလိုက်သည်။ ထို့နောက် သူ၏လက်မှာ ဓားရိုးပေါ်သို့ ဖြည်းညှင်းစွာ ရောက်ရှိသွားပြီး သူ၏အငွေ့အသက်ကို စုစည်းထိန်းချုပ်ထားလိုက်သည်။

လမ်းမပေါ်ရှိ သနားစရာ ဧရာမဖွတ်ကြီးမှာမူ တစ်နေရာတည်းတွင် စိတ်မငြိမ်မသက်ဖြင့် လှည့်ပတ်နေသည်။ တုန်ခါမှုမှာ တဖြည်းဖြည်း ပြင်းထန်လာသည်နှင့်အမျှ ၎င်းသည် ဘေးသို့ ရုတ်တရက် ခုန်ထွက်လိုက်သည်။ ထိုအချိန်မှာပင် မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

လော်ယွမ်က မျက်လုံးပြူးကျယ်စွာဖြင့် ကြည့်နေမိသည်။

ကောင်းကင်ယံတွင် လွင့်ပျံနေသော ကျောက်ခဲများကြားမှ ရထားခေါင်းတွဲအရွယ်အစားခန့်ရှိသော ကြောက်မက်ဖွယ်ကောင်းသည့် ပါးစပ်ကြီးတစ်ခု မြေကြီးထဲမှ ရုတ်တရက် ထိုးထွက်လာသည်။

လွှသွားများကဲ့သို့ ကြီးမားသော သွားများမှာ သွေးစက်လက်ဖြင့် ပြည့်နှက်နေသော ပါးစပ်ကြီးတစ်ခုလုံးကို ပြည့်ကျပ်စွာ နေရာယူထားသည်။ သွားတန်းပေါင်း ခုနစ်တန်း၊ ရှစ်တန်းခန့်ရှိပြီး သွားပေါင်း ရာနှင့်ချီ၍ ရှိ၏။ ၎င်းသည် အသားကြိတ်စက်ကြီးတစ်လုံးနှင့်တူပြီး မည်သည့်အရာမဆို ၎င်း၏အကိုက်ခံရပါက အသားစင်းကော အဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။

ထိုသတ္တဝါကြီး၏ကိုယ်ထည်အများစုမှာ မြေကြီးအောက်တွင်ရှိနေသောကြောင့် သူ၏အရွယ်အစားကို လော်ယွမ်က အတိအကျ မဆုံးဖြတ်နိုင်ပေ။ သို့သော် ဤပါးစပ်ကြီးတစ်ခုတည်းနှင့်ပင် ၎င်း၏ ပေါ်လိုက်ပျောက်လိုက်လုပ်နိုင်သော စွမ်းရည်ကို ပေါင်းစပ်လိုက်ပါက သာမန်အပြာရင့်ရောင်အဆင့် သန္ဓေပြောင်းသတ္တဝါများပင် နောက်ဆုတ်သွားရပေမည်။

လော်ယွမ်က တစ်ချက်မျှ တွေဝေသွားစဉ်မှာပင် ထိုသားရဲကြီးမှာ မြေကြီးထဲသို့ ပြန်လည်ဝင်ရောက်သွားပြီး နောက်တစ်ကြိမ်တိုက်ခိုက်ရန် ပြင်ဆင်နေသည်။ သားရဲကြီး ပေါ်လာချိန်မှ ပျောက်ကွယ်သွားချိန်အထိ တစ်ခုလုံးမှာ စက္ကန့်ဝက်ပင် မကြာလိုက်သည်ကို လော်ယွမ် သတိပြုမိလိုက်သည်။

"ဒီအတိုင်းသာဆိုရင်တော့ ဘာအခွင့်အရေးမှ ရမှာမဟုတ်ဘူး" လော်ယွမ်၏ စိတ်ထဲတွင် မျှော်လင့်ချက်အနည်းငယ် ကင်းမဲ့သွားသည်။ "သူ့ကိုမြေကြီးထဲက ထွက်လာအောင် မလုပ်နိုင်ရင်တော့ ပြန်လှည့်ဖို့ပဲ ရှိတော့တယ်"

ထိုသို့တွေးနေစဉ်မှာပင် ဧရာမဖွတ်ကြီးမှာ နောက်ထပ်တိုက်ခိုက်မှုတစ်ခုကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း ၎င်း၏ဝမ်းဗိုက်မှာ ရှောင်တိမ်းချိန်မရဘဲ ကီလိုဂရမ် ရာနှင့်ချီလေးလံသော ကွန်ကရစ်တုံးကြီးတစ်တုံးနှင့် ထိမှန်သွားသည်။ ၎င်းက နာကျင်စွာ အော်ဟစ်လိုက်ပြီး သွေးများ တသွင်သွင်စီးကျလာကာ လှုပ်ရှားမှုမှာ အနည်းငယ် ခက်ခဲလာခဲ့ပြီဖြစ်သည်။

လော်ယွမ်မှာ ရင်တမမဖြင့် ကြည့်နေမိသည်။

မြေအောက်မှ သားရဲကြီးမှာ အဆက်မပြတ် တိုက်ခိုက်နေသည်။

ဧရာမဖွတ်ကြီး၏ ရှောင်တိမ်းမှုမှာ တဖြည်းဖြည်း ခက်ခဲလာပြီး ခန္ဓာကိုယ်မှာ ကျောက်တုံးကြီးများဖြင့် အဆက်မပြတ် ထိမှန်ကာ ခြေလှမ်းများပင် ယိုင်နဲ့လာသည်။ သို့သော် အကြိမ်တိုင်းတွင် မည်မျှပင် အန္တရာယ်များပါစေ ချက်ကောင်းကို ကြိုတင်ရှောင်ရှားနိုင်ခဲ့သည်။

ဧရာမဖွတ်ကြီး၏ ပင်ကိုယ်စွမ်းရည်မှာ ''အန္တရာယ်ကို ကြိုတင်သိမြင်နိုင်စွမ်း'' ဖြစ်သည်။ သာမန်သန္ဓေပြောင်းသတ္တဝါများကို အနိုင်ယူရန်သေချာသော ဤချောင်းမျောင်းတိုက်ခိုက်နည်းမှာ ဧရာမဖွတ်ကြီးအပေါ်တွင်မူ သိပ်အကျိုးသက်ရောက်မှုမရှိပေ။

အချိန်တိုအတွင်းမှာပင် လမ်းမှာ ပုံပျက်ပန်းပျက်ဖြစ်သွားခဲ့သည်။ အောက်ခြေကိုမမြင်ရသော တွင်းကြီးများက လမ်းမပေါ်တွင် ပြည့်နှက်သွားသည်။ တွင်းကြီးအချို့မှာ တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြီး လမ်းမတစ်ခုလုံးကို မျိုချထားသကဲ့သို့ ဖြစ်နေသည်။

ဧရာမဖွတ်ကြီး၏ အဆက်မပြတ် ရှောင်တိမ်းနေသော အပြုအမူမှာ မြေအောက်မှ သားရဲကြီးကို နောက်ဆုံးတွင် ဒေါသထွက်သွားစေခဲ့သည်။

ဟယ်တုံမြို့၏ ခိုင်မာသော အခြေခံအုတ်မြစ်မှာ ရုတ်တရက် လှိုင်းလုံးများကဲ့သို့ လူးလွန့်လာသည်။ ကွန်ကရစ်မြေပြင်များမှာ အလွှာလိုက်လိပ်တက်လာပြီး အက်ကြောင်းများမှာ ပင့်ကူအိမ်ကဲ့သို့ နေရာအနှံ့ ပျံ့နှံ့သွားသည်။ အနီးရှိ အဆောက်အဦအချို့မှာ ပြင်းထန်စွာ ယိမ်းထိုးပြီး မကြာမီတွင် "ဝုန်း" ဟူသော အသံဖြင့် ပြိုကျသွားကာ ပေ၃၀၀ကျော်မြင့်သော ဖုန်မှုန့်များ ထသွားသည်။

ထိုဖုန်မှုန့်များကြားမှ ပေဆယ်ချီအောင်ရှည်လျားပြီး တစ်ကိုယ်လုံး မည်းနက်နေသော တီကောင်ရှည်ကြီးတစ်ကောင် မြေကြီးအောက်မှ ထိုးထွက်လာသည်။

၎င်းသည် ကြီးမားသော တီကောင်ကြီးတစ်ကောင်နှင့် တူပြီး တစ်ကိုယ်လုံးတွင် အနက်ရောင်သတ္တုရောင်တောက်နေသော အရိုးခွံမာဖြင့် ဖုံးအုပ်ထားသည်။ ၎င်း၏ကိုယ်လုံးမှာ ဝိုင်းစက်၍ ကြီးမားပြီး အောက်တွင် ကင်းခြေများကဲ့သို့သိပ်သည်းစွာပေါက်နေသော ခြေထောက်များ အများအပြားရှိသည်။ ထိုခြေထောက်များမှာ တိုတောင်းပြီး ချွန်ထက်ကာ ၎င်း၏ကိုယ်နှင့် ကပ်လျက်ရှိပြီး ခြေထောက်ပေါင်း ရာနှင့်ချီ အတွဲလိုက် ရှိနေသည်။ ၎င်း၏ကိုယ်လုံးပေါ်တွင် ခြင်ဆေးခွေကဲ့သို့ အကွင်းလိုက်အစင်းကြောင်းများဖြင့် ပြည့်နေသည်။ ထိုအစင်းကြောင်းများမှာ ၎င်း မြေတူးသည့်အခါ မြေ၏ခုခံအားနည်းပါးပြီး ပိုမိုမြန်ဆန်စေရန် အထောက်အကူပြုသည်မှာ ထင်ရှားသည်။

ထိုသတ္တဝါပေါ်လာသည်နှင့်တစ်ပြိုင်နက် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ်က ဤနေရာတစ်ဝိုက်ကို လွှမ်းခြုံသွားတော့သည်။

ဧရာမဖွတ်ကြီးမှာ ၎င်း၏ အရှိန်အဝါကြောင့် လန့်ဖျပ်သွားဟန်တူပြီး တစ်ကိုယ်လုံးတောင့်တင်းကာ တုန်ယင်ရင်း နောက်သို့ တဖြည်းဖြည်းဆုတ်သွားသည်။ ရုတ်တရက် ခြေထောက်မှာ မြေအက်ကြောင်းတစ်ခုကို နင်းမိပြီး ကိုယ်မှာပျော့ခွေကာ မြေပေါ်သို့ လဲကျလုမတတ် ဖြစ်သွားသည်။

သတ္တဝါကြီးက ဟိန်းဟောက်လိုက်ပြီးနောက် စတင်လှုပ်ရှားလိုက်သည်။ ၎င်းက ဧရာမဖွတ်ကြီးထံသို့ လျင်မြန်စွာ ဦးတည်သွားသည်။ မရေမတွက်နိုင်သော ခြေထောက်များမှာ တညီတညွတ်တည်း လှုပ်ရှားနေပြီး လှုပ်ရှားမှုမှာ အလွန်လျင်မြန်လှသောကြောင့် သာမန်လူတစ်ယောက်အနေဖြင့် အရိပ်တစ်ခုကိုသာ မြင်နိုင်ပေမည်။

ထိုသတ္တဝါကြီးက အမြန်ရထားတစ်စင်းကဲ့သို့ပင် တည့်တည့်မတ်မတ် ရှေ့သို့တိုးလာသည်။ လမ်းတွင် ပိတ်ဆို့နေသော ကျောက်တုံးကြီးများ၊ အဆောက်အဦများမှာ လွင့်စင်သွားပြီး ပြိုကျကုန်သည်။

၎င်း၏ အရှိန်အဝါမှာ ကြောက်ခမန်းလိလိပင်။

ဧရာမဖွတ်ကြီးမှာ သေမင်းနှင့် ရင်ဆိုင်ရတော့မည်ကို သိရှိသွားပြီးနောက် အဆုံးတွင် အကြောက်တရားကို ချိုးနှိမ်ကာ ကျယ်လောင်သော ဟိန်းဟောက်သံကြီးကို ပြုလုပ်လိုက်ပြီး အမြီးကို လေထဲတွင် ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော လေတိုးသံများ ထွက်ပေါ်လာသည်။ ပြင်းထန်သော လေလှိုင်းများမှာ လေဓားသွားများသဖွယ် ဖြစ်ပေါ်လာပြီး အနီးရှိ အဆောက်အဦ၏ နံရံများကို ထိမှန်ရာ ကျောက်ခဲအစအနများ လွင့်စင်သွားပြီး နက်ရှိုင်းသော အရာများ ဖြစ်ပေါ်ကျန်ရစ်ခဲ့သည်။

ဤသည်မှာပင် "အမြီးဖြင့်တိုက်ခိုက်မှု - ကျွမ်းကျင်အဆင့်" ၏ အစွမ်းပင်တည်း။

ဆက်ရန်...

အပိုင်း(၁၁၄)ခက်ခဲသောတိုက်ပွဲ

ဒင်...E+ အဆင့်မစ်ရှင် - မြေတူးမီးရထားကောင်ကိုသတ်ရန်။ အချိန် - သုံးရက် (လက်ခံ/ငြင်းပယ်)

နောက်ဆုံးတွင် မစ်ရှင်၏အချက်အလက်များ ထွက်ပေါ်လာခဲ့ပြီ။ လော်ယွမ်သည် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် လက်ခံသည့်ခလုတ်ကို နှိပ်လိုက်သည်။ အခြေအနေက ဤသို့ဖြစ်နေမှတော့ ထွက်ပြေးတိမ်းရှောင်နေ၍လည်း အကြောင်းမထူးတော့ပေ။

သူက ကျန်းမာတောက်ဓားကို ဖြည်းညှင်းစွာဆွဲထုတ်ကာ အသက်ကိုပြင်းပြင်းတစ်ရှိုက်ရှူပြီးနောက် စတုတ္ထထပ်မှ ခုန်ချလိုက်လေသည်။

ထိုစဉ် မယုံနိုင်စရာ မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

ရူပဗေဒနိယာမများကို ဆန့်ကျင်နေသကဲ့သို့ သူ၏ကိုယ်က ငှက်မွေးတစ်ခုနှယ် ဖြည်းညှင်းစွာ မြေပြင်ပေါ်သို့ ကျဆင်းလာသည်။ မြေပြင်သို့ ခြေချမိသည်နှင့်တစ်ပြိုင်နက် သူ၏ခြေထောက်က မြေကြီးကိုအားကုန်ကန်ထည့်လိုက်ရာ ခန္ဓာကိုယ်က မူလနေရာမှ ပျောက်ကွယ်သွားပြီး နောက်တစ်ကြိမ်ပြန်ပေါ်လာသောအခါ ၁၅ပေအကွာသို့ ရောက်ရှိနေပြီဖြစ်သည်။ သူကကိုယ်ကို အနည်းငယ်ကိုင်းညွတ်ပြီး ခြေလှမ်းများကို လျင်မြန်စွာ အပြန်အလှန်ရွှေ့လျားလိုက်ရာ အရိပ်တစ်ခုကဲ့သို့ မှုန်ဝါးသွားတော့သည်။

-----------------------------------------------

မြေတူးမီးရထားကောင်သည် လမ်းတစ်လျှောက် အပြင်းအထန် တိုးဝင်လာပြီး မျက်စိတစ်မှိတ်အတွင်း ဧရာမဖွတ်ကြီး၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။ ၎င်းက ဤသန္ဓေပြောင်းသတ္တဝါကို အရေးတယူပင်မပြုဘဲ တစ်ချက်မျှပင်မရပ်တန့်ဘဲ ကြောက်မက်ဖွယ်ကောင်းသော ပါးစပ်ကြီးကိုဟကာ ဧရာမဖွတ်ကြီးကို ကိုက်ဖြတ်ရန် ကြိုးပမ်းလေသည်။

ကံဆိုးစွာဖြင့် ဧရာမဖွတ်ကြီးက ဤအခိုက်အတန့်အတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။ ၎င်းက ဒေါသတကြီးဟိန်းဟောက်လိုက်ပြီး ဘေးဘက်သို့ ခုန်ထွက်လိုက်ကာ တစ်ချိန်တည်းမှာပင် သူ၏ကိုယ်ကို ဖြူးကောင်ကဲ့သို့ ကွေးညွတ်လိုက်သည်။

နောက်တစ်ခဏတွင် ၁၂ပေရှည်လျားသော လွှသွားသဖွယ်အမြီးကြီးက လေထုကိုဖြတ်သန်းကာ နားစည်ကွဲမတတ် စူးရှသောအသံ ဖြစ်ပေါ်သွားသည်။

ရှေ့သို့တိုးဝင်ကိုက်ဖြတ်နေသော မြေတူးမီးရထားကောင်မှာ ဧရာမဖွတ်ကြီး၏ ရုတ်တရက်တိုက်ခိုက်မှုကို တုံ့ပြန်ရန် အချိန်မမီလိုက်ခြင်း သို့မဟုတ် တစ်ဖက်မှ ပြန်လည်တိုက်ခိုက်လာလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ခြင်း ဖြစ်ပေမည်။

၎င်း၏ဦးခေါင်းကို ဧရာမဖွတ်ကြီး၏ အမြီးဖြင့် ရိုက်ခတ်မိရာ ကျယ်လောင်ပြင်းထန်သော အသံကြီးထွက်ပေါ်လာသည်။ အမြီး၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်ကြောင့် ပတ်ဝန်းကျင်ရှိလေထုသည် ပေါက်ကွဲသွားသကဲ့သို့ ပြင်းထန်စွာကျယ်ပြန့်သွားပြီး လေပြင်းတစ်ခု ဖြစ်ပေါ်စေခဲ့သည်။

မြေတူးမီးရထားကောင်၏ ကိုယ်လုံးက ပေပေါင်းများစွာ လွင့်စဉ်သွားပြီးနောက် မြေပြင်ပေါ်တွင် အဆက်မပြတ်လူးလိမ့်နေတော့သည်။ မြွေသဏ္ဌာန်ကိုယ်လုံးသည် လူးလိမ့်နေရင်း ကြိုးတစ်ချောင်းသဖွယ် လိမ်ကောက်သွားပြီး ဦးခေါင်းပေါ်မှ အခွံမာသည် အမြီး၏ရိုက်ချက်ကြောင့် အက်ကွဲသွားကာ အနီရင့်ရောင်အရည်များ စီးကျလာခဲ့သည်။

တိုက်ပွဲ၏လှုံ့ဆော်မှုကြောင့် ဧရာမဖွတ်ကြီးသည် ကြောက်ရွံ့မှုကို လုံးဝမေ့လျော့သွားပြီဖြစ်သည်။ ၎င်းက ခြေလှမ်းများကို လှမ်းကာ လျင်မြန်စွာလိုက်လံတိုက်ခိုက်ပြီး ပါးစပ်ကြီးကိုဟကာ မီးရထားကောင်၏ လည်ပင်းဆီသို့ ကိုက်ဖြတ်ရန် ပြေးဝင်သွားသည်။

ဤဒိုင်နိုဆောနှင့်တူသော သတ္တဝါကြီး၏ ကိုက်အားမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။ မြေတူးမီးရထားကောင်သည် အပြာရင့်ရောင်အဆင့် သတ္တဝါဖြစ်သော်ငြားလည်း မိမိထက်အဆင့်နိမ့်သော သတ္တဝါ၏ အစွမ်းထက်ဆုံးတိုက်ခိုက်မှုကို မကာကွယ်နိုင်ပေ။ လွန်သွားတစ်ခုက သံမဏိပြားကို ထိုးဖောက်သည့်အလား နားထဲစွဲမတတ် ကျယ်လောင်သောအသံနှင့်အတူ ၎င်း၏အခွံမာတစ်ချပ်က ဧရာမဖွတ်ကြီး၏ သွားများဖြင့် ဆွဲဖြုတ်ခံလိုက်ရပြီး သွေးများ တသွင်သွင်စီးကျလာတော့သည်။

မြေတူးမီးရထားကောင်သည် နာကျင်မှုကြောင့် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ကိုယ်ကိုတစ်ပတ်လှိမ့်လိုက်ရာ ဧရာမဖွတ်ကြီးက ၎င်း၏ကြောက်မက်ဖွယ်ကောင်းသော အားကြောင့် လွင့်စဉ်သွားသည်။

ထိုအချိန်တွင် မြေတူးမီးရထားကောင်မှာ ကြောက်လန့်တုန်လှုပ်နေပြီး အနည်းငယ်အားနည်းနေပြီဖြစ်သော အပြာရောင်မျက်လုံးများဖြင့် ဧရာမဖွတ်ကြီးကို ကြောက်မက်ဖွယ်ရာ စူးစိုက်ကြည့်နေ၏။ ၎င်းက ဤအဆင့်နိမ့်သန္ဓေပြောင်းသတ္တဝါသည် ဤမျှလောက် သတ်ရခက်လိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။ ယခုအချိန်အထိပင်လျှင် ၎င်းက အသာစီးမရသေးဘဲ အောက်စီးတွင်သာ ရှိနေသေးသည်။

နာကျင်ဖွယ်ရာ သင်ခန်းစာကြောင့် ၎င်းသည် နောက်ဆုံးတွင် အလေးအနက်ထားလာပြီး မိမိနှင့်အဆင့်တူပြိုင်ဘက်တစ်ဦးအဖြစ် သတ်မှတ်လိုက်တော့သည်။

ဖိအားတစ်ခုက ပတ်ဝန်းကျင်တွင် ပျံ့နှံ့လာပြီး အသက်ရှူရခက်ခဲစေသည်။ ဧရာမဖွတ်ကြီး၏ ပါးစပ်မှ တိုးညှင်းသောဟိန်းဟောက်သံများ ထွက်ပေါ်လာပြီး မီးရထားကောင်ကို ပတ်၍ အဆက်မပြတ်လှည့်ပတ်နေသည်။ စက္ကန့်အနည်းငယ်အကြာတွင် ၎င်းက ဤဖိအားကို မခံနိုင်တော့ဘဲ ကိုယ်ကိုခုန်ပျံကာ မြေတူးမီးရထားကောင်၏ စောစောက အကိုက်ခံထားရသော ဒဏ်ရာဆီသို့ ပြေးဝင်တိုက်ခိုက်တော့သည်။

ထိုအချိန်မှာပင် မြေတူးမီးရထားကောင်က ရုတ်တရက် ပါးစပ်ကြီးကိုဟလိုက်ရာ မယုံနိုင်စရာကောင်းလောက်အောင်ပင် ၎င်း၏ပါးစပ်အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော စုပ်အားတစ်ခု ဖြစ်ပေါ်လာသည်။ လေအမြောက်အမြားစုပ်ယူလိုက်သဖြင့် ပတ်ဝန်းကျင်တွင် ပေ၃၀ခန့်ကျယ်သော လေဝဲတစ်ခုဖြစ်ပေါ်လာပြီး မရေမတွက်နိုင်သော ကျောက်စရစ်ခဲများက ၎င်း၏ပါးစပ်ထဲသို့ ပြေးဝင်သွားကြသည်။ ထို့နောက်တွင် ကီလိုဂရမ်ရာပေါင်းများစွာလေးသော ကျောက်တုံးကြီးများပင် ပြင်းထန်စွာ လူးလိမ့်လာကြသည်။

ဧရာမဖွတ်ကြီး၏ အလေးချိန်မှာ တန်ပေါင်းဆယ်ဂဏန်းရှိရာ အကယ်၍ နေရာတွင်ငြိမ်သက်စွာရပ်နေပါက ဤသို့သောစုပ်အားက ၎င်းကို လုံးဝသက်ရောက်နိုင်မည်မဟုတ်ပေ။ သို့သော် ယခုအခါတွင် ၎င်းက အရှိန်ပြင်းစွာပြေးလွှားနေသဖြင့် ဤသို့သောအင်အားဖြင့် ဆွဲငင်ခံလိုက်ရသောအခါ ၎င်း၏လှုပ်ရှားမှုမှာ ယိုင်နဲ့ကာ ပုံပျက်သွားတော့သည်။

ပြင်းထန်သောတိုက်ပွဲအတွင်း၌ သေးငယ်သော ပေါ့ဆမှုတစ်ခုပင်လျှင် အသက်ဆုံးရှုံးစေနိုင်ရာ ဤမျှကြီးမားသော ဟာကွက်တစ်ခုမှာ ဆိုဖွယ်ရာမရှိတော့ပေ။

ဧရာမဖွတ်ကြီးသည် လွတ်မြောက်ရန်ကြိုးစားချိန်မရလိုက်မီမှာပင် တွင်းနက်ကြီးသဖွယ် ပါးစပ်ကြီးတစ်ခုက မိမိ၏ကိုယ်ဆီသို့ ရုတ်တရက်ကိုက်ဖြတ်လာသည်ကို မြင်လိုက်ရသည်။ မီးရထားကောင်၏ ပါးစပ်ကြီးမှာ ဧရာမဖွတ်ကြီး၏ ကိုယ်လုံးနှင့် အရွယ်အစားတူညီလုနီးပါးရှိပြီး အင်အားမှာ ပို၍ပင်ကြောက်မက်ဖွယ်ကောင်းလှသည်။ အကယ်၍ အကိုက်ခံလိုက်ရပါက ဧရာမဖွတ်ကြီး မည်မျှပင်အသက်ပြင်းစေကာမူ ချက်ချင်း အသက်ဆုံးရှုံးသွားပေလိမ့်မည်။

သို့သော် မြေတူးမီးရထားကောင်သည် မိမိအတွက် မျက်စိထဲပင်မထည့်လောက်သော သတ္တဝါငယ်လေးတစ်ကောင်က အနားသို့ချဉ်းကပ်လာနေသည်ကို လုံးဝမထင်ထားခဲ့ပေ။

လော်ယွမ်က ကျန်းမာတောက်ဓားကို ဆွဲထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် ဓားသွားပေါ်တွင် မှိန်ပျပျအလင်းရောင်တစ်လွှာ တောက်ပလာသည်။ ထိုအရောင်ကိုပြင်းထန်သောနေရောင်အောက်တွင်ပင် ထင်ရှားစွာမြင်နိုင်ပြီး ထက်ရှသောဓားသွားမှ ဓားရောင်သည် ဓားထိပ်မှ သုံးလက်မကျော်အထိ ရှည်ထွက်နေပြီး တစ်ကယ့်အစစ်အမှန်အရာဝတ္ထုတစ်ခုသဖွယ် ထင်ရသည်။

သူ၏မျက်နှာတစ်ခုလုံး နီမြန်းနေပြီး မျက်လုံးများတွင်လည်း ကြောက်မက်ဖွယ်ကောင်းသော သွေးကြောများဖြင့် ပြည့်နှက်နေသည်။ အစိမ်းရောင်သွေးကြောများက သူ၏လည်ပင်းပေါ်တွင် တဆတ်ဆတ်ခုန်နေပြီး သက်တမ်းရင့်သစ်ပင်ကြီး၏ အမြစ်များကဲ့သို့ ရှုပ်ထွေးစွာလိမ်ယှက်နေသည်။ သူ၏ကိုယ်ခန္ဓာမှ ကြွက်သားများက ပြင်းထန်စွာလှုပ်ရှားနေပြီး လျင်မြန်စွာပြေးလွှားနေစဉ် သူ၏ကိုယ်လုံးသည် မူလထက် တစ်ဆမျှပို၍ ကြီးမားလာသကဲ့သို့ ထင်ရသည်။

ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူက မြေကိုအားကုန်ကန်ထည့်လိုက်ရာ ကွန်ကရစ်မြေပြင်သည် ချက်ချင်းပင် အမှုန့်အဖြစ် ကြေမွသွားသည်။ နောက်တစ်ခဏတွင် သူက လေထဲသို့ခုန်တက်လိုက်ပြီး မီးရထားကောင်၏ ရထားတွဲသဖွယ်ကိုယ်လုံးကို အားကုန်ခုတ်ချလိုက်သည်။

ဓားရောင်သည် ကောင်းကင်ယံမှ ဖြတ်သန်းသွားသော လျှပ်စီးကြောင်းတစ်ခုကဲ့သို့ တစ်ချက်လင်းလက်ကာ ပျောက်ကွယ်သွားသည်။

လေထုသည် ထက်ရှသောဓားသွားဖြင့် ဦးစွာနှစ်ပိုင်းဖြတ်တောက်ခံလိုက်ရပြီးနောက် မာကျောသောအခွံမာ၊ အနီရောင်အသား၊ အစိမ်းရင့်ရောင်အတွင်းကလီစာများ ဆီသို့ဆက်တိုက်ဝင်ရောက်သွားသည်။ မီးရထားကောင်၏ ကိုယ်လုံးတစ်ဝက်နီးပါးက သူ၏ဓားတစ်ချက်တည်းဖြင့် ပြတ်တောက်သွားခဲ့သည်။

"အဝူး..." ဧရာမဖွတ်ကြီးကို ကိုက်ဖြတ်ရန်ကြိုးစားနေသော မီးရထားကောင်သည် ဤသို့သောပြင်းထန်သည့်ဒဏ်ရာကိုရရှိသွားရာ ပါးစပ်ထဲရောက်နေပြီဖြစ်သော အစာကိုပင် မျိုချရန် ဂရုမစိုက်နိုင်တော့ဘဲ အပေါ်ပိုင်းကိုယ်လုံးကို ရုတ်တရက်ထောင်ထကာ စိတ်ခြောက်ခြားဖွယ်ရာ ဟိန်းဟောက်သံကို ပြုလိုက်သည်။

လော်ယွမ်က ဓားရှည်ကို လျင်မြန်စွာပြန်ဆွဲထုတ်ပြီး အနီးအနားရှိ အဆောက်အအုံတစ်ခုထဲသို့ ဝင်ရောက်သွားသည်။ သူက လျင်မြန်စွာပြေးလွှားရင်း နံရံများကို အဆက်မပြတ်ခုတ်လှဲသွားသည်။ အချိန်ကုန်သက်သာစေရန် နောက်ဆုံးတွင် လော်ယွမ်က ဓားကိုပင်အသုံးမပြုတော့ဘဲ မိမိ၏ကိုယ်ဖြင့် တိုက်ရိုက်တိုးဝင်ကာ အပေါက်တစ်ခုကို ဖောက်ထွင်းသွားသည်။

ကျောက်စရစ်ခဲများနှင့် ဖုန်မှုန့်များက သူ၏ကိုယ်ပေါ်သို့ ကျရောက်လာသော်လည်း သူ၏စိတ်စွမ်းအင်ကြောင့် အလိုလိုပင် ဘေးသို့လွင့်စဉ်သွားကြသည်။ လော်ယွမ်သည် လမ်းတစ်လျှောက် နံရံတွေ့လျှင် နံရံကိုဖြိုကာ သွားနေသဖြင့် စိတ်စွမ်းအင်မှာ လျင်မြန်စွာကုန်ဆုံးသွားသော်လည်း ယခုအချိန်တွင်မူ ထိုအရာကို ဂရုမစိုက်နိုင်တော့ပေ။

မီးရထားကောင်၏ အမုန်းတရားသည် လော်ယွမ်ဆီသို့ လုံးဝရောက်ရှိသွားပြီဖြစ်သည်။ ၎င်းက ကိုယ်ကိုမော့ကာ အပြာရောင်မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို ကြောက်မက်ဖွယ်ရာ လှည့်ပတ်ကြည့်ရှုနေသော်လည်း ရန်သူအရိပ်အယောင်ကိုမတွေ့ရပေ။

ဧရာမဖွတ်ကြီးသည် သတိပြန်လည်လာပြီး အခွင့်အရေးကို လျင်မြန်စွာအရယူလိုက်သည်။ သို့သော် စောစောကသင်ခန်းစာကြောင့် ဤတစ်ကြိမ်တွင်မူ ကိုက်ဖြတ်ရန်မကြိုးစားတော့ဘဲ အမြီးဖြင့်သာ ရိုက်ခတ်လိုက်သည်။ ကျွမ်းကျင်အဆင့်ရှိသော အမြီးရိုက်ချက်ကို အပြာရင့်အဆင့်သန္ဓေပြောင်းသတ္တဝါပင်လျှင် လျစ်လျူမရှုနိုင်ပေ။ ၎င်း၏ကိုယ်သည် နောက်တစ်ကြိမ် မြေပြင်ပေါ်သို့ လဲကျသွားပြန်သည်။ ကိုယ်ကိုလှည့်ရန်ကြိုးစားနေစဉ်မှာပင် ၎င်း၏ကြည်လင်တောက်ပသော အပြာရောင်မျက်လုံးများတွင် ကောင်းကင်မှ ကျဆင်းလာသော အရိပ်တစ်ခုကို ထင်ဟပ်မြင်လိုက်ရသည်။

မီးရထားကောင်၏ စိတ်ထဲတွင် ပြင်းထန်သောအန္တရာယ်အငွေ့အသက်တစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းက ကိုယ်ကိုလှည့်ရန် ရုန်းကန်ကြိုးစားသော်လည်း နောက်ကျသွားပြီဖြစ်သည်။ ဓားရောင်တစ်ချက်လင်းလက်သွားပြီးနောက် ၎င်းက နာကျင်စွာအော်ဟစ်လိုက်သည်။ ပြင်းထန်သောနာကျင်မှုကြောင့် မရေမတွက်နိုင်သောခြေထောက်များက အလိုအလျောက်ကန်ကျောက်လိုက်ရာ လေထုထဲတွင် "တဝုန်းဝုန်း" အသံများပင် ထွက်ပေါ်လာသည်။

အလိုအလျောက်တုံ့ပြန်မှုဖြစ်စေကာမူ ထိုတိုက်ခိုက်မှုက သူ့အတွက် အသက်အန္တရာယ်ရှိသည်။ မြေပြင်သို့မကျရောက်သေးသော လော်ယွမ်၏ မျက်နှာသည် ချက်ချင်းပြောင်းလဲသွားပြီး စိတ်ထဲတွင် အကြံတစ်ခုပေါ်လာသည်နှင့်တစ်ပြိုင်နက် နောက်တစ်ခဏတွင် သူ၏ကိုယ်သည် လေထဲတွင် မီတာပေါင်းများစွာ ဘေးဘက်သို့ ရွှေ့လျားသွားသည်။

စိတ်စွမ်းအားနည်းသူအတွက် စိတ်ထဲမှအတွေးသည် အတွေးမျှသာဖြစ်၏။ စိတ်စွမ်းအင်အားကြီးသူအတွက် စိတ်ထဲမှအတွေးသည် လုပ်ဆောင်ရန်အတွက် ဦးတည်ချက်ဖြစ်သည်။ စိတ်စွမ်းအားကြီးပြီး အလွန်အမင်းစုစည်းနိုင်သူအတွက်မူ စိတ်စွမ်းအားသည် အင်အားဖြစ်ပြီး စိတ်ထဲမှအတွေးသည် စိတ်စွမ်းအားကို အကောင်အထည်ဖော်သည့် နည်းလမ်းဖြစ်ပေသည်။

စိတ်စွမ်းအား၏အခြေခံမှာ စိတ်ထဲမှအတွေးများသာဖြစ်သည်။ စိတ်စွမ်းအားသည် လုံလောက်စွာအားကောင်းလာသောအခါ မည်သို့သောအတွေးပင်ဖြစ်စေ အကောင်အထည်ဖော်နိုင်ပြီး စိတ်အလိုကျပင် ဖြစ်လာနိုင်သည်။

စိတ်အလိုကျဖြစ်ရန် လော်ယွမ်၏ စိတ်စွမ်းအားမှာ လုံလောက်ခြင်းမရှိသေးသော်လည်း ကိုယ်ကိုလေထဲတွင် ဘေးသို့မီတာအနည်းငယ်ရွှေ့ရန် သို့မဟုတ် မြေပြင်သို့ကျရောက်သည့်အရှိန်ကိုငှက်မွေးကဲ့သို့ပေါ့ပါးရန်ကိုမူ အနိုင်နိုင်ပြုလုပ်နိုင်သေးသည်။

ထိုအချိန်တွင် မီးရထားကောင်၏ လည်ပင်းနားရှိကိုယ်လုံးပေါ်တွင် ကြီးမားသောဒဏ်ရာတစ်ခုဖြစ်ပေါ်နေပြီး အနီရင့်ရောင်သွေးများက ဖိအားမြင့်ရေပန်းကဲ့သို့ ပန်းထွက်နေကာ အတွင်းကလီစာများပင် ဖြည်းညှင်းစွာထွက်ကျလာသည်။ ၎င်း၏ကိုယ်သည် ပြင်းထန်စွာလူးလိမ့်ရုန်းကန်နေသဖြင့် ဘေးနားရှိအဆောက်အအုံများမှာ အဆက်မပြတ်ပြိုကျပျက်စီးသွားပြီး ကီလိုမီတာပေါင်းများစွာကျယ်ဝန်းသော ဧရိယာတစ်ခုလုံး ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းသွားသည်။

လော်ယွမ်သည် မြေပြင်သို့ခြေချသည်နှင့်တစ်ပြိုင်နက် မီးရထားကောင်ဆီသို့ နောက်တစ်ကြိမ်ပြေးဝင်သွားသည်။ သို့သော် ဧရာမဖွတ်ကြီး၏ လှုပ်ရှားမှုမှာ ပို၍မြန်ဆန်သည်။ စွမ်းကြီးလောင်းခြင်းသည် သတ္တဝါတို့၏ပင်ကိုဗီဇဖြစ်ရာ ၎င်းက လျင်မြန်စွာပြေးသွားပြီး မီးရထားကောင်၏ အတွင်းကလီစာများကို ကိုက်ကာ အဆက်မပြတ်ဆွဲဖြဲတော့သည်။ ၎င်းက မည်သည့်အင်္ဂါအစိတ်အပိုင်းကို ကိုက်မိသည်မသိ၊ အတွင်းကလီစာများမှာ ဆွဲထုတ်လေ ရှည်လျားလေဖြစ်နေသည်။

မီးရထားကောင်သည် နာကျင်မှုကြောင့် ကိုယ်လုံးတစ်ခုလုံး တစ်ဆတ်ဆတ်တုန်ခါနေသည်။ ၎င်းက ဧရာမဖွတ်ကြီးကို ကိုက်ရန် အားကုန်ကြိုးစား၍ ခေါင်းကိုလှည့်သော်လည်း ၎င်း၏လည်ပင်းမှာ တစ်ပိုင်းပြတ်နေပြီဖြစ်ပြီး အောက်ပိုင်းကိုယ်လုံးမှာ လုံးဝနီးပါး သေနေပြီဖြစ်သည်။ မည်သို့ပင်ကြိုးစားစေကာမူ မမီနိုင်တော့ဘဲ ဧရာမဖွတ်ကြီးက မိမိ၏ကိုယ်ထဲမှ အတွင်းကလီစာများကို အဆက်မပြတ်ဆွဲထုတ်နေသည်ကို မျက်စိမှိတ်၍သာ ကြည့်နေရတော့သည်။

"အဝူး…" မီးရထားကောင်သည် နာကျင်စွာအော်ဟစ်လိုက်ပြီး ပါးစပ်ကြီးက နောက်တစ်ကြိမ် စုပ်အားကိုအသုံးပြုလိုက်ရာ လေထုကို အမြောက်အမြားစုပ်ယူလိုက်သည်။ သို့သော် လည်ပင်းမှဒဏ်ရာနေရာတွင်မူ လေထွက်ပေါက်တစ်ခုကဲ့သို့ ပြင်းထန်သောလေပြင်းတစ်ချက် ပန်းထွက်လာပြီး အတွင်းကလီစာများပင် အမြောက်အမြားပန်းထွက်လာသည်။ ၎င်းက သွေးတစ်လုပ်ကို အန်ထုတ်လိုက်ပြီးနောက် စုပ်အားမှာ ရုတ်တရက်ရပ်တန့်သွားသည်။

လော်ယွမ်က ဤအခိုက်အတန့်ကို စောင့်မျှော်နေခြင်းဖြစ်သည်။ သူ၏ကိုယ်အလေးချိန်ဖြင့် ၎င်း၏စုပ်အားဖြင့် စုပ်ယူခံလိုက်ရပါက လုံးဝလွတ်မြောက်နိုင်မည်မဟုတ်ပေ။ စိတ်စွမ်းအားဖြင့်ပင် ကီလိုဂရမ်ရာပေါင်းများစွာလေးသော ကျောက်တုံးကြီးများကို ဆွဲငင်နိုင်သည့် ဤစုပ်အားမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။ သူက အပျက်အစီးများကြားတွင် လျင်မြန်စွာခုန်ပျံကျော်လွှားသွားရာ လျင်မြန်ဖျတ်လတ်သော တောကြောင်တစ်ကောင်နှင့်တူတော့သည်။ ထို့နောက် သူက မီးရထားကောင်၏ ဦးခေါင်းနေရာသို့ ပြေးဝင်သွားသည်။

လော်ယွမ်သည် ဓားကိုလက်နှစ်ဖက်ဖြင့်ကိုင်ကာ လမ်းတစ်လျှောက် ခုတ်ပိုင်းသွားရာ ဦးခေါင်းပိုင်းရှိ ခြေထောက်ဆယ်ချောင်းကျော်မှာ သူ၏လက်ချက်ဖြင့် တစ်ချောင်းပြီးတစ်ချောင်း ပြတ်တောက်သွားလေသည်။ ၎င်းလဲကျမသွားမီမှာပင် လော်ယွမ်၏ကိုယ်က လျင်မြန်စွာ အတွင်းသို့တိုးဝင်သွားခဲ့သည်။

ထိုအချိန်တွင် မီးရထားကောင်သည် လုံးဝခုခံနိုင်စွမ်းမရှိတော့ဘဲ ဦးခေါင်းကိုသာ အနည်းငယ် လှုပ်ရှားနိုင်တော့သည်။

သို့သော် လော်ယွမ်က မတော်တဆမှုများဖြစ်မည်ဆိုး၍ မနှောင့်နှေးရဲပေ။ သူက မီးရထားကောင်၏ ဦးခေါင်းပေါ်သို့ ခုန်တက်ကာ အသက်ကိုပြင်းပြင်းတစ်ရှိုက်ရှူပြီး ကျန်းမာတောက်ဓားကို မြင့်မြင့်မြှောက်လိုက်သည်။

မီးရထားကောင်သည် သေခြင်းတရားရောက်ရှိလာသည်ကို ခံစားမိပြီး နောက်ဆုံးအကြိမ်အဖြစ် ရုန်းကန်ကြိုးစားကာ ဦးခေါင်းကိုပြင်းထန်စွာလှုပ်ယမ်းပြီး ခေါင်းပေါ်မှသတ္တဝါကို ခါချပစ်ရန်ကြိုးစားသော်လည်း လော်ယွမ်၏ ခြေထောက်များမှာ အမြစ်စွဲနေသကဲ့သို့ မလှုပ်မယှက်တည်ရှိနေသည်။

"သေလိုက်စမ်း" လော်ယွမ်က ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

နောက်တစ်ခဏတွင် အလင်းရောင်တစ်ချက်လင်းလက်သွားပြီး ကျန်းမာတောက်ဓားက ၎င်း၏ဦးခေါင်းခွံကို အားကုန်ခုတ်ချလိုက်သည်။

ဦးခေါင်းနေရာမှ အရိုးများမှာ အထူးသဖြင့် မာကျောပြီး စိတ်စွမ်းအင်မှာလည်း စောစောကတိုက်ပွဲတွင် တစ်ဝက်ကျော်ကုန်ဆုံးသွားပြီဖြစ်ရာ ဓားသွားခုတ်ချလိုက်သည့်အခါ အတားအဆီးကိုခံစားလိုက်ရသည်။ ဓားကသုံးပုံတစ်ပုံအထိသာ ဝင်ရောက်သွားပြီးနောက် စိတ်စွမ်းအားမှာ ဆက်လက်မထောက်ပံ့နိုင်တော့ပေ။

"အမြန်ဖောက်ဝင်သွားစမ်းပါ"

လော်ယွမ်က ဒေါသတကြီးဟိန်းဟောက်လိုက်ရာ လိမ်ယှက်နေသောကြွက်သားများမှာ နောက်တစ်ကြိမ် တစ်ဆမျှပို၍ ကြီးထွားလာပြီး အရေပြားပေါ်တွင် သွေးစက်လေးများ စိမ့်ထွက်လာသည်။ စိတ်စွမ်းအားကို အမြင့်ဆုံးစုစည်းလိုက်သဖြင့် ကျန်းမာတောက်ဓားပေါ်မှ အလင်းရောင်မှာ နောက်တစ်ချက်ပို၍လင်းလက်လာပြီး မီးရထားကောင်၏ သိပ်သည်းသောအရိုးများကို ဓားသွားဖြင့် ချက်ချင်းပြတ်တောက်သွားသည်။ ထို့နောက် ဦးနှောက်ကိုဖောက်ဝင်ပြီး ၎င်း၏မေးရိုးအောက်ပိုင်းအထိ ရောက်ရှိသွားသည်။

မီးရထားကောင်၏ တစ်ကိုယ်လုံး တုန်ခါသွားပြီး ခဏအကြာတွင် ဦးခေါင်းသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာကျဆင်းသွားပြီး ကျယ်လောင်သောအသံကြီး ထွက်ပေါ်လာသည်။

လော်ယွမ်သည် အလွန်မောဟိုက်နေပြီး ဓားကိုင်ထားသောပုံစံအတိုင်း မလှုပ်မယှက်ရပ်နေသည်။ သူ၏မျက်နှာမှ နီမြန်းနေသော အရောင်က ဖြည်းညှင်းစွာပျောက်ကွယ်သွားပြီး တစ်ကိုယ်လုံးမှ ကြွက်သားများလည်း တဖြည်းဖြည်းပြန်လည်ကျုံ့ဝင်သွားကာ ကိုယ်ခန္ဓာမှအင်အားများမှာ လျင်မြန်စွာပျောက်ကွယ်သွားပြီး ကိုယ်လုံးတစ်ခုလုံး အားအင်ကုန်ခမ်းကာ နုံးချိသွားသလို ခံစားလိုက်ရသည်။

ဓားကိုင်ထားသောလက်သည် အနည်းငယ်တုန်ယင်နေပြီး ပြန်ဆွဲထုတ်ရန်ပင် အင်အားမရှိတော့ပေ။

စိတ်စွမ်းအားကုန်ဆုံးသွားခြင်း၏ မသက်မသာဖြစ်မှုက သူ့ကို ပို၍ပင် စိတ်တုန်လှုပ်၊ ပျို့အန်ချင်စေပြီး ကြောက်ရွံ့မှုက အတားအဆီးမရှိသော တောမြင်းတစ်ကောင်ကဲ့သို့ အထိန်းအကွပ်မဲ့စွာ ပြေးလွှားနေသည်။

သူသည် ဆက်လက်မခံနိုင်တော့ဘဲ မီးရထားကောင်၏ ကိုယ်ပေါ်သို့ ပျော့ခွေစွာထိုင်ကျသွားသည်။

ထိုအချိန်တွင် သူက မိမိ၏ကိုယ်သည် အနည်းငယ်ပူလောင်လာသည်ကို ရုတ်တရက်ခံစားလိုက်ရသည်။ အစပိုင်းတွင် လော်ယွမ်က အားအင်ကုန်ခမ်းခြင်း၏ နောက်ဆက်တွဲဆိုးကျိုးဟုထင်ကာ အရေးမစိုက်ခဲ့ပေ။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ကိုယ်သည် ပို၍ပို၍ပူလာပြီး တစ်ကိုယ်လုံးမှသွေးများမှာ ဆူပွက်လာသကဲ့သို့ဖြစ်ကာ ကိုယ်တွင်း၌ မီးတောက်များလောင်ကျွမ်းနေသကဲ့သို့ ခံစားရပြီး ဦးနှောက်မှာလည်း တစ်ချက်တစ်ချက်မူးဝေလာသည်။ သူက တစ်ခုခုမှားယွင်းနေသည်ကို ခံစားမိပြီး ထရပ်ရန်ရုန်းကန်ကြိုးစားသော်လည်း တစ်ကိုယ်လုံးတွင် အားအင်မရှိဘဲ ကိုယ်ကိုမထိန်းချုပ်နိုင်တော့သည်ကို တွေ့ရှိလိုက်ရသည်။

အလွန်အမင်းအိပ်ချင်စိတ်တစ်ခုက တိုးဝင်လာပြီး သူ၏မျက်ခွံများမှာ ပို၍ပို၍လေးလံလာသည်။ စိတ်စွမ်းအင်အမြောက်အမြားကုန်ဆုံးသွားသဖြင့် ဤသို့သောထူးခြားသည့်အခြေအနေကို သူလုံးဝခုခံနိုင်စွမ်းမရှိတော့ပေ။

လော်ယွမ် အိပ်ပျော်လုနီးပါးဖြစ်နေစဉ်မှာပင် တာဝန်ပြီးမြောက်ကြောင်း အသိပေးသံက ရုတ်တရက်ထွက်ပေါ်လာသည်။

ဒင်… E+ အဆင့်မစ်ရှင် - မြေတူးမီးရထားကောင်ကို သတ်ဖြတ်ရန် အောင်မြင်သွားပါပြီ။

မစ်ရှင်ကြာချန် - ၅ မိနစ် ၃၅ စက္ကန့်

မစ်ရှင်အကဲဖြတ်ချက် - ကောင်းမွန်

အမည် - လော်ယွမ်

မစ်ရှင်ပြီးမြောက်မှုနှုန်း - ၈၀%

အကဲဖြတ်ချက် - ကောင်းမွန်

အတွေ့အကြုံမှတ် +၄၈၀၀ x ၈၀% ရရှိသည်။

အကဲဖြတ်ချက်ကောင်းမွန်သဖြင့် အတွေ့အကြုံမှတ်အပို +၄၈၀၀ x ၈၀% ရရှိသည်။

စုစုပေါင်းအတွေ့အကြုံမှတ် - ၃၄၀၀/၃၈၄၀၀

(၄၈၀၀ x ၈၀% ဆိုတာ ၃၈၄၀ ပဲရှိပါတယ်)

တိုက်ခိုက်ရေးသားရဲ - တောရိုင်းဖွတ်ပုတတ်

မစ်ရှင်ပြီးမြောက်မှုနှုန်း - ၂၀%

အတွေ့အကြုံမှတ် +၄၈၀၀ x ၂၀% ရရှိသည်။

အကဲဖြတ်ချက် - သာမန်

စုစုပေါင်းအတွေ့အကြုံမှတ် -၂၆၀၀/၄၈၀၀

"သင်အဆင့်တက်သွားပါပြီ။ အဆင့်တက်မှုအတွက် အရည်အသွေးမှတ်တစ်မှတ်နှင့် ကျွမ်းကျင်မှတ်၅မှတ်ရရှိပါသည်...သင်၏လက်ရှိအဆင့်မှာ ၈ ဖြစ်ပါသည်"

"သင်၏ သက်လုံနှင့် ဒဏ်ရာတို့သည် အတိုင်းအတာတစ်ခုအထိ ပြန်လည်ကောင်းမွန်သွားပါမည်"

ဆက်ရန်...

အပိုင်း(၁၁၅)အိမ်အပြန်

မူလက သတိလစ်သွားတော့မည့်ဆဲဆဲ လော်ယွမ်၏ စိတ်ဓာတ်တို့သည် ရုတ်ခြည်း ပြန်လည်လန်းဆန်းလာပြီး သူ၏ ခွန်အားများမှာ တဖြည်းဖြည်း ပြန်လည်ပြည့်ဖြိုးလာကာ စိတ်စွမ်းအားတို့ကလည်း တရိပ်ရိပ် တက်လာ၏။ သူက လေးလံလှသော မျက်ခွံများကို အားယူဖွင့်ကာ ဖြည်းညင်းစွာ မတ်တပ်ထရပ်လိုက်သည်။

သို့သော် လော်ယွမ်ကို စိုးရိမ်ပူပန်စေသည်မှာ သူ၏ ခန္ဓာကိုယ်မှ ထူးဆန်းသော အခြေအနေသည် ပျောက်ကွယ်သွားခြင်းမရှိသည့်အပြင် အချိန်ကြာလာသည်နှင့်အမျှ ပို၍ပင် ပြင်းထန်လာခြင်းပင်ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းပိုင်းမှာ မီးလောင်နေသကဲ့သို့ ပူလောင်နေပြီး၊ ဤအတိုင်းသာ ဆက်သွားပါက သူ၏ ခန္ဓာကိုယ်သည် သူ့အလိုလို မီးလောင်ကျွမ်းသွားမည်လားဟုပင် သံသယဝင်လာမိသည်။

"ငါအဆိပ်မိသွားတာများလား"

သို့သော် သူ၏အနီးတွင် မြေတူးမီးရထားကောင်ကြီး၏ ကလီစာများကို အငမ်းမရ စားသောက်နေသော ဧရာမ ဖွတ်ကြီးကို မြင်လိုက်ရသောအခါ ထိုအတွေးကို ပယ်ဖျက်လိုက်သည်။ အကယ်၍ မြေတူးမီးရထားကောင်ကြီးတွင် အဆိပ်ရှိပါက ဧရာမ ဖွတ်ကြီး၏ ခန္ဓာကိုယ် မည်မျှပင် သန်မာသည်ဖြစ်စေ ဤမျှများပြားသော အသားနှင့်သွေးများကို စားသောက်ပြီးနောက် တုံ့ပြန်မှုတစ်ခုခုတော့ ရှိသင့်သည်။

သူသည် စိတ်ထဲမှ ကြောက်ရွံ့မှုကို အတင်းဖိနှိပ်ထားလိုက်ပြီး မိမိ၏ခန္ဓာကိုယ်ကို သေချာစွာ စစ်ဆေးကြည့်လိုက်သည်။ ကျောဘက်တွင် ကျောက်တုံးကြီးဖြင့် အပစ်ခံရ၍ ယခုအချိန်ထိ တစစ်စစ် နာကျင်နေသည်မှလွဲ၍ တစ်ကိုယ်လုံးတွင် ထင်ရှားသော ဒဏ်ရာမရှိပေ။ သို့သော် သန္ဓေပြောင်းသားရဲ၏ ဦးနှောက်ဖတ်များက တစ်ကိုယ်လုံး ပေကျံနေပြီး အနံ့ဆိုးများ ထွက်နေသည်။

ထိုစဉ်က လော်ယွမ်သည် ၎င်း၏ ဦးခေါင်းကို ဓားဖြင့်ခွဲလိုက်စဉ် ရှောင်တိမ်းရန်ပင် အချိန်မရခဲ့ဘဲ ပန်းထွက်လာသောဦးနှောက်ဖတ်များဖြင့် တစ်ကိုယ်လုံး ပေပွသွားခဲ့သည်။

ခန္ဓာကိုယ်က တဖြည်းဖြည်း အားနည်းလာသည်ကို မြင်သော် လော်ယွမ်သည် စိုးရိမ်လွန်း၍ ရူးမတတ်ပင်။ သူသည် ခုလေးတင် အဆင့်မြှင့်တင်ရာမှ ရရှိခဲ့သော အရည်အသွေးအမှတ်များကို သတိရလိုက်ပြီး အရည်အသွေးပြဇယားကို အလျင်အမြန် ဖွင့်လိုက်သည်။

"မတတ်နိုင်ဘူး... ဒီအခြေအနေရောက်မှတော့ ကြံ့ခိုင်မှုကိုပဲ အမှတ်ပေါင်းထည့်ပြီး ကြံ့ခိုင်မှု၁၄မှတ်နဲ့ ဒီအခြေအနေကို ကျော်ဖြတ်နိုင်ဖို့ ဆုတောင်းရမှာပဲ"

လော်ယွမ်က နောက်ဆုံးကြိုးပမ်းမှုအဖြစ် ပြုလုပ်ရန် ပြင်ဆင်နေစဉ်တွင် စနစ်မှ ရုတ်တရက် သတိပေးသံတစ်ခု ထွက်ပေါ်လာသည်။

"သတိပေးချက်... သတိပေးချက်... စနစ်မှ စစ်ဆေးတွေ့ရှိချက်အရ အစွမ်းထက်သော မျိုးဗီဇတစ်မျိုးက သင့်ခန္ဓာကိုယ်အား ထိုးဖောက်ဝင်ရောက်နေပြီး သင်၏ ခန္ဓာကိုယ်အတွင်းရှိ မျိုးဗီဇတို့မှာ နိုးကြားလှုပ်ရှားလာပြီဖြစ်သည်"

"သင်ယခု ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်အတွင်း ရောက်ရှိနေပြီး ထိုဆင့်ကဲပြောင်းလဲမှုက မအောင်မြင်ဘဲ မျိုးဗီဇပြိုကွဲသွားနိုင်သည့် ရာခိုင်နှုန်း အတိုင်းအတာတစ်ခုအထိ ရှိနေသည်"

"လုံခြုံသောနေရာတစ်ခု အမြန်ဆုံးရှာပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ပါ... ခန့်မှန်းဆင့်ကဲပြောင်းလဲချိန်မှာ ဆယ်မိနစ်မှ မိနစ်သုံးဆယ်အထိ ကြာမြင့်နိုင်သည်"

လော်ယွမ်၏ မျက်နှာအမူအရာသည် ချက်ချင်းပင် အလွန်ထူးဆန်းသွားပြီး ဝမ်းသာရမည်လော၊ စိုးရိမ်ရမည်လော မဝေခွဲနိုင်တော့ပေ။

ဆင့်ကဲပြောင်းလဲမှုသည် အန္တရာယ်ကင်းသည်တော့မဟုတ်ချေ။ ဆင့်ကဲပြောင်းလဲမှု မအောင်မြင်ပါက သူ့ကိုစောင့်ကြိုနေသည်မှာ သေခြင်းတရားသာ ဖြစ်သည်။ သို့သော် သူ့တွင် ရွေးချယ်စရာမရှိပေ။ ဆင့်ကဲပြောင်းလဲမှုက စတင်သည်နှင့် ရပ်တန့်၍မရတော့ပေ။ သေခြင်းနှင့်ရှင်ခြင်းကို ကံကြမ္မာပေါ်တွင်သာ ပုံအပ်ရတော့မည်။ လော်ယွမ်က မည်မျှပင် မလိုလားသည်ဖြစ်စေ၊ လက်ခံရုံမှတစ်ပါး အခြားမရှိတော့ပေ။

သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ဤနေရာသည် လုံခြုံသောနေရာမဟုတ်သည်မှာ ထင်ရှားလှသည်။ သေဆုံးနေသော သန္ဓေပြောင်းသားရဲတစ်ကောင်၊ အထူးသဖြင့် အပြာရင့်ရောင်အဆင့် သန္ဓေပြောင်းသားရဲတစ်ကောင်သည် မည်သည့်သတ္တဝါအတွက်မဆို လျစ်လျူရှုမရသော ဆွဲဆောင်မှုတစ်ခုဖြစ်သည်။ မကြာမီ ဤနေရာသို့ သားရဲတိရစ္ဆာန်များစွာ ရောက်ရှိလာမည်ဖြစ်ပြီး အပြာရင့်ရောင်အဆင့် သန္ဓေပြောင်းသားရဲများပင် ပါဝင်လာနိုင်သည်။

သူလုံခြုံသည့်နေရာတစ်ခု အမြန်ဆုံးရှာဖို့ လိုအပ်သည်။

လူ၏မျိုးဗီဇနှင့် သန္ဓေပြောင်းသားရဲ၏ မျိုးဗီဇတို့သည် ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲနေကြပြီး ထိုစစ်မြေပြင်မှာ ဆဲလ်တစ်ခုချင်းစီအထိ ဖြစ်ပွားနေသည်။ အဆင့်တက်၍ အနည်းငယ် ပြန်လည်ကောင်းမွန်လာသော ခွန်အားသည် မျိုးဗီဇအဆင့်အထိ နက်ရှိုင်းသော ဤစစ်ပွဲတွင် လျင်မြန်စွာ ကုန်ဆုံးသွားသည်။ လော်ယွမ်သည် မကြာမီပင် အားအင်ကုန်ခမ်းမှုကို ထပ်မံခံစားလိုက်ရပြီး သူ၏ မျက်ခွံများမှာလည်း တဖြည်းဖြည်း လေးလံလာသည်။

ဤသည်မှာ ခန္ဓာကိုယ်၏ မိမိကိုယ်ကို ကာကွယ်သည့် ယန္တရားစနစ်ဖြစ်ကြောင်း သူသိသည်။ မျိုးဗီဇတို့၏ စစ်ပွဲသည် မမြင်နိုင် မထိတွေ့နိုင်သော စစ်ပွဲဖြစ်သော်လည်း ပို၍ပြင်းထန်ကာ ရက်စက်ကြမ်းကြုတ်ပြီး တစ်လက်မမျှ အလျှော့မပေးသော တိုက်ပွဲဖြစ်သည်။ မည်သည့် အပိုစွမ်းအင်သုံးစွဲမှုမဆို ဤစစ်ပွဲ၏ အောင်မြင်မှု၊ ရှုံးနိမ့်မှုကို ဆုံးဖြတ်ပေးလိမ့်မည်။ နှစ်ခြိုက်စွာအိပ်စက်ခြင်းဖြင့် ခန္ဓာကိုယ်၏ အခြားစွမ်းအင်သုံးစွဲမှုများကို အနိမ့်ဆုံးသို့ လျှော့ချနိုင်ပြီး အပိုစွမ်းအင်များကို ဤစစ်ပွဲအတွက် ထောက်ပံ့ပေးနိုင်သည်။

သူလုံခြုံသောနေရာတစ်ခုကို အမြန်ဆုံးရှာဖွေပြီး အိပ်စက်ရမည်။ သူသည် ဘေးဘီကို ဝေ့ကြည့်လိုက်ရာ ဧရာမ ဖွတ်ကြီးကို မြင်သောအခါ မျက်လုံးများ အရောင်တောက်သွားသည်။ သူသည် မီးရထားကောင်ကြီး၏ ဦးခေါင်းပေါ်မှ အလျင်အမြန်ခုန်ချလိုက်ရာ ခြေထောက်များ ခွေယိုင်သွားပြီး မြေပေါ်သို့ လဲကျမတတ်ဖြစ်သွားသည်။ သူ၏ စိတ်ထဲတွင် ပို၍စိုးရိမ်လာပြီး လေးလံသော ခြေလှမ်းများဖြင့် ဧရာမ ဖွတ်ကြီးရှေ့သို့ ရောက်အောင်သွားကာ နောက်ဆုံးအားကုန်သုံး၍ သူ၏ ကျောပေါ်သို့ ခက်ခက်ခဲခဲ တက်လိုက်သည်။

"အိမ်ရာထဲပြန်သွား" လော်ယွမ်က အသံခြောက်ကပ်ကပ်ဖြင့် အော်လိုက်ပြီး သူ၏ ကျောကို ပုတ်လိုက်သည်။ ထို့နောက် သူ၏ တစ်ကိုယ်လုံးသည် ၎င်း၏ကျောပေါ်တွင် မှောက်လျက်သား ဖြစ်သွားပြီး မကြာမီပင် သတိလစ်သွားတော့သည်။

ဧရာမ ဖွတ်ကြီးသည် ဉာဏ်ရည်နိမ့်ကျသော်လည်း ဤမျှကြာရှည်စွာ အကြမ်းပတမ်း လေ့ကျင့်ပေးထားခြင်းကြောင့် အချို့သော အသုံးများသည့် စကားလုံးများကို သူ၏ သနားစရာ ဦးနှောက်ထဲတွင် နက်ရှိုင်းစွာ စွဲထင်နေပြီဖြစ်သည်။

လော်ယွမ်၏ အသံကိုကြားသောအခါ ဧရာမ ဖွတ်ကြီး၏ ခန္ဓာကိုယ်သည် တစ်ချက်ရပ်တန့်သွားပြီး ခေါင်းကို အနည်းငယ်စောင်းကာ နားထောင်နေဟန်ပြုသည်။ ထို့နောက် မြေပြင်မှ သူဆွဲထုတ်ထားသော ကလီစာများကို ချီတုံချတုံ ကြည့်နေသည်။

ထို့နောက် သူသည် သွေးစွန်းနေသော ပါးစပ်ကြီးကို တစ်ချက်သပ်လိုက်ပြီး လည်ပင်းကိုမော့ကာ နောက်ဆုံးကျန်ရှိသော ကလီစာတစ်လုပ်ကို မျိုချလိုက်သည်။

လော်ယွမ်၏ သြဇာအာဏာသည် သူ၏ စိတ်ထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသဖြင့် သူသည် မည်မျှပင် မစွန့်လွှတ်ချင်သော်လည်း ခြေတစ်လှမ်းလှမ်းလိုက် နောက်သို့တစ်ချက်ပြန်ကြည့်လိုက်ဖြင့် အိမ်ရာဆီသို့ သနားစဖွယ် ပြန်သွားလေတော့သည်။

-----------------------------------------------------------

"ဟူဖေးရော... ဘာလို့လူဒီလောက်ပဲ ကျန်တော့တာလဲ" အရပ်မြင့်ပြီးတောင့်တင်းကာ မျက်နှာတွင် အသားမည်းသော လူလတ်ပိုင်းတစ်ဦးသည် မူလက လူငါးဆယ်ကျော်ရှိရာမှ ယခု ဆယ်ဂဏန်းပင်မပြည့်တော့သည်ကို မြင်သောအခါ သူ၏ မျက်နှာသည် ပို၍ပင် မည်းမှောင်သွားသည်။

"အစ်ကိုဟိုင်... အဲ့ဒီတုန်းက လူတိုင်းက ထွက်ပြေးဖို့ပဲ စဉ်းစားနေကြတာ... ဟူဖေး ဘယ်ရောက်သွားမှန်းတောင်မသိဘူး... အဲ့အဆင့်၄ သန္ဓေပြောင်းသားရဲက ကျွန်တော်တို့ဆီ ရောက်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲဗျာ... ခက်ခက်ခဲခဲရှာထားတဲ့ ပစ္စည်းတွေ အခုတော့ အကုန်ကုန်ပြီ" သန္ဓေပြောင်းသားရဲ သားရေချပ်ဝတ်ကို ဝတ်ဆင်ထားသော လူတစ်ဦးက ရင်နာစွာဖြင့် ပြောသည်။ သူ၏ မျက်နှာသည် အက်စစ်ဖြင့်တိုက်စားခံထားရသည့်အလား ချိုင့်ခွက်များဖြင့် ပြည့်နေပြီး အချို့နေရာများတွင် အရိုးများကိုပင် မြင်နိုင်ရာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

"ပစ္စည်းတွေကမရှိတော့ရင် ပြန်ရှာလို့ရတယ်... အခုအရေးကြီးတာက လုံခြုံတဲ့နေရာ ရှာဖို့ပဲ" မြင်းမျက်နှာနှင့်တူသော လူတစ်ဦးက အသံကျယ်ကျယ်ဖြင့် ပြောသည်။

"လုံခြုံတဲ့နေရာတော့ ရှာရမှာပဲ... ဒီနေရာကအရမ်းအန္တရာယ်များတယ်... တစ်ချက်မှားတာနဲ့ လူတွေထပ်သေနိုင်တယ်... မြင်းမျက်နှာ မင်းမှာဘာအကြံရှိလဲ" အစ်ကိုဟိုင်ဟုခေါ်သော လူလတ်ပိုင်းက ခေါင်းညိတ်ကာ ပြောသည်။

"ချက်ချင်းကြီးတော့ ဘယ်စဉ်းစားလို့ရပါ့မလဲ" မြင်းမျက်နှာက ခေါင်းခါလိုက်ပြီး ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ လူအုပ်ထဲမှ အမျိုးသမီးတစ်ဦးကို ကြည့်လိုက်သည်။ "ဟိုတစ်ယောက်... နင်တစ်ခါကငါတို့ကိုခေါ်သွားတာ ဘယ်နေရာလဲ"

ဆံပင်ဖွာလန်ကျဲနှင့် အမျိုးသမီးတစ်ဦးက မော့ကြည့်လိုက်သည်။ သူမသည် စုတ်ပြဲနေသော ဂါဝန်တစ်ထည်ကို ဝတ်ဆင်ထားပြီး နေရာများစွာတွင် ဖုံးကွယ်မထားနိုင်ဘဲ ဖြူဖွေးသော အသားစိုင်များ ပေါ်လွင်နေသည်။ အဝတ်အစားပေါ်တွင်လည်း ခြောက်သွေ့နေသော ခန္ဓာကိုယ်မှ အရည်အချို့ စွန်းထင်းနေပြီး တစ်ကိုယ်လုံးမှ အနံ့ဆိုးများ ထွက်နေသည်။ တစ်စုံတစ်ဦးက သူမကို ကြည့်နေသည်ကို မြင်သောအခါ သူမသည် မျက်နှာချိုသွေးကာ "အစ်ကိုကြီး... ကျွန်မနာမည်က ဟွမ်ယွိရင်ပါ" ဟု လျင်မြန်စွာပြောလိုက်သည်။

"နင် နာချင်နေပြန်ပြီလား" မြင်းမျက်နှာ၏ မျက်လုံးထဲတွင် ရက်စက်သောအငွေ့အသက်တစ်ခု လက်ခနဲဖြစ်သွားပြီး သူမ၏ ရင်သားကို အားဖြင့် ဆုပ်နယ်လိုက်သည်။

အထိမခံနိုင်သော နေရာကို အားဖြင့် ဆုပ်နယ်ခံလိုက်ရသဖြင့် ဟွမ်ယွိရင်သည် နာကျင်လွန်း၍ မျက်နှာဖြူဖျော့သွားသော်လည်း သူမက တောင့်တင်းသော အပြုံးတစ်ခုကို အတင်းဖန်တီးကာ "အစ်ကိုကြီး ကျွန်မမှားသွားပါတယ်... အဲ့ဒါ... အဲ့ဒါ ကျင်းယွဲ့အိမ်ရာပါ... ကျွန်မအရင်က နေခဲ့တဲ့နေရာပါ" ဟု ပြောလိုက်သည်။

"သေစမ်း... နင်ရေတောင်မဆေးဘူးလား... နံဟောင်နေတာပဲ" မြင်းမျက်နှာက သူ၏ လက်ဖဝါးကို နမ်းကြည့်ပြီး စက်ဆုပ်ရွံရှာသော အမူအရာဖြင့် သူ၏ ဘောင်းဘီကို သုတ်လိုက်သည်။ ထို့နောက် ကျန်လူများကို လှည့်ပြောလိုက်သည်။ "ကျင်းယွဲ့အိမ်ရာပဲ... ငါမှတ်မိသလောက်ဆို အဲ့ကပစ္စည်းတွေ အကုန်မသယ်ရသေးဘူး လောလောဆယ်တော့ ငါတို့အတွက်လောက်တယ်... အဲ့မှာခဏသွားပုန်းနေကြမလား"

"အန္တရာယ်မရှိနိုင်ဘူးလား... ကျွန်တော့်အထင်တော့ ဗုံးခိုကျင်းသွားတာက ပိုကောင်းမယ်" ဟု မျက်နှာပျက်စီးနေသော လူငယ်က အသံစူးစူးဖြင့် ပြောသည်။

"ဗုံးခိုကျင်းက အရမ်းဝေးတယ်" အနောက်တိုင်းအနောက်တိုင်းဝတ်စုံဝတ်ထားပြီး ရိုင်ဖယ်ကိုင်ထားသော လူလတ်ပိုင်းတစ်ဦးက တည်ငြိမ်စွာ ခေါင်းခါရင်း "ပြီးတော့အဲ့ကကောင်တွေက အရမ်းရက်စက်တယ်... ဟိုတစ်လောက အဲ့ကထွက်ပြေးလာတဲ့သူတွေဆီကကြားတာ သူတို့ကလူသားတောင် စားတယ်တဲ့... အဲ့ကောင်တွေက ပြောဆိုလို့လွယ်မှာမဟုတ်ဘူး ငါတို့အချင်းချင်းတိုက်ပွဲဖြစ်နိုင်တယ်" ဟု ပြောသည်။

အစ်ကိုဟိုင်က မျက်မှောင်ကြုတ်ကာ ခဏစဉ်းစားပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။ "ဒါဆိုကျင်းယွဲ့အိမ်ရာပဲ သွားကြတာပေါ့... လမ်းမှာသတိမပြတ်စေနဲ့... အဆင့်၂သန္ဓေပြောင်းသားရဲတွေကို အလှန့်မိအောင် ငါတို့လက်နတ်အေးတွေပဲ သုံးကြမယ်"

"အရင်ကလည်းကျွန်တော်တို့ ရောက်ဖူးတာပဲ... ပြဿနာမရှိလောက်ပါဘူး" မျက်နှာပျက်စီးနေသော လူငယ်က ပြောသည်။

"သတိထားတာ မမှားဘူးကွ" အစ်ကိုဟိုင်က သန္ဓေပြောင်းသားရဲ၏ အစွယ်ဖြင့် ပြုလုပ်ထားသော ဓားဖြူကြီးကို ကိုင်ဆောင်ရင်း သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

လူအချို့က လမ်းကြောင်းပြောင်းကာ အခြားလမ်းတစ်လမ်းသို့ သွားကြရာ ကျန်ရှိသောသူများကလည်း အလျင်အမြန် လိုက်ပါကြသည်။ လူဆယ်ဂဏန်းကျော်တွင် အများစုမှာ အမျိုးသမီးများဖြစ်ပြီး အားလုံးမှာ စိတ်ဓာတ်ကျကာ သက်မဲ့အလား မျက်နှာထားများဖြင့် ရှိနေကြသည်။ ဟွမ်ယွိရင်သည် ညှစ်ခံရ၍ ညိုမည်းနေသော ရင်သားကို ပွတ်သပ်ရင်း ရှုပ်ထွေးသော စိတ်ခံစားမှုများဖြင့် လူအုပ်ဖြင့် ကျင်းယွဲ့အိမ်ရာဆီသို့ လိုက်ပါသွားသည်။

အဆင့်တစ် သန္ဓေပြောင်းသားရဲအချို့နှင့် တွေ့ကြုံခဲ့သည်မှလွဲ၍ တစ်လမ်းလုံး အန္တရာယ်ကင်းစွာဖြင့် နာရီဝက်မကြာမီမှာပင် လူအုပ်သည် ကျင်းယွဲ့အိမ်ရာသို့ ရောက်ရှိလာသည်။

"သေစမ်း... ဒီမှာခြေရာတွေရှိတယ်" အနောက်တိုင်းဝတ်စုံဝတ်ထားသော အမျိုးသားက မြေပြင်ပေါ်ရှိ နက်ရှိုင်းသော ခြေရာကို သေချာစွာ ကြည့်ရှုရင်း ထိုင်ချလိုက်ပြီး မျက်နှာပျက်ကာ "ခြေရာကလတ်လတ်ဆတ်ဆတ်ပဲ... တစ်ရက်လောက်ပဲရှိဦးမယ်... အမြန်သွားရအောင် ဒီနေရာကအရမ်းအန္တရာယ်များတယ်"

"မင်းသေချာလား" အစ်ကိုဟိုင်က လေးနက်စွာ ပြောသည်။

"ကျွန်တော်အရင်က ယူနန်နယ်စပ်က အကောက်ခွန်မဲ့ပစ္စည်းများ တားဆီးနှိမ်နင်းရေးရဲ ဖြစ်ခဲ့တာ ခင်ဗျားသိမှာပါ... အဲ့ဒီမှာ တောတောင်တွေချည်းပဲလေ... တရားမဝင်ကုန်ကူးတဲ့သူတွေကို ဖမ်းတဲ့အခါ တောတွင်းနည်းလမ်းတွေကိုပဲ သုံးရတာများတယ်... ကျွန်တော်လုံးဝအကြည့်မမှားဘူး" အနောက်တိုင်းဝတ်စုံဝတ်ထားသော လူလတ်ပိုင်းက မြေပြင်ကို ကြည့်ရင်း စိုးရိမ်စွာဖြင့် လမ်းလျှောက်နေသည်။ "ဒီမှာခြေရာတွေအရမ်းများတယ်... လတ်လတ်ဆတ်ဆတ်ခြေရာတွေရော အရမ်းကြာနေတဲ့ခြေရာတွေရောအစုံပဲ... ဒါကိုကြည့်ရင် ဒီနေရာက သန္ဓေပြောင်းသားရဲတွေ မကြာခဏသွားလာနေတဲ့နေရာလို့ ပြောလို့ရတယ်... ဒါပေမဲ့သူတို့ခဏနေပြန်ရောက်လာနိုင်တယ်... တစ်စက္ကန့်အတွင်းတောင် ပြန်ရောက်ချင်ရောက်လာမှာ"

ခက်ခက်ခဲခဲနှင့် ဤနေရာသို့ ရောက်လာပြီးနောက် ပြန်လှည့်ရမည်ဖြစ်ရာ နောက်ထပ်ဘယ်သွားရမည်ကို မသိသောကြောင့် အစ်ကိုဟိုင်က လက်မလွှတ်ချင်ပေ။ သူက မျှော်လင့်ချက်အနည်းငယ်ဖြင့် "အဲ့သားရဲကဘယ်အဆင့်လည်းဆိုတာကိုရော မင်းပြောနိုင်လား" ဟု မေးလိုက်သည်။

အကယ်၍ စွမ်းအားမှာ သာမန်ဖြစ်ပါက စွန့်စားပြီး သတ်ပစ်လိုက်လျှင် ပိုကောင်းမည်။ အဆင့်နှစ် သန္ဓေပြောင်းသားရဲကို ရိုင်ဖယ်ဖြင့် သတ်နိုင်ပြီး အဆင့်သုံးဆိုလျှင်မူ အနည်းငယ် ခက်ခဲလိမ့်မည်။ အရင်တစ်ခါက ဒဏ်ရာပြင်းထန်စွာ ရရှိထားသော အဆင့်သုံး သန္ဓေပြောင်းသားရဲတစ်ကောင်ကို သတ်ခဲ့ရာ လူဆယ်ဂဏန်းကျော် သေဆုံးခဲ့ပြီး ဆင့်ကဲပြောင်းလဲသူတစ်ဦးပင် သေဆုံးခဲ့သည်။ တန့်ချောင်၏ မျက်နှာသည် ထိုအချိန်ကပင် ပျက်စီးသွားခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့အဆင့်ရှိသော သတ္တဝါမျိုးကို ပထမဆုံးအကြိမ် တွေ့ကြုံရ၍ အတွေ့အကြုံမရှိခြင်းလည်း ပါသည်။

အနောက်တိုင်းဝတ်စုံဝတ်ထားသော အမျိုးသားက ခေါင်းခါလိုက်သည်။ "အတိအကျတော့ ပြောလို့မရဘူး...ဒါပေမယ့် ခြေရာကိုကြည့်ပြီး ပြောရရင်တော့ သူက တန်ချိန်ဆယ်ဂဏန်းလောက် လေးပြီး အမြီးမပါဘဲ ၁၅ပေလောက်ရှည်နိုင်တယ်... ကိုယ်လုံးကိုယ်ထည်အရ ဆုံးဖြတ်ရရင် အဆင့်သုံး သန္ဓေပြောင်းသားရဲတစ်ကောင် ဖြစ်နိုင်ခြေများတယ်"

လူအုပ်သည် အသက်ရှူမှားသွားပြီး မျက်နှာများမှာ အလွန်ပင် ပျက်ယွင်းသွားသည်။

"အစ်ကိုဟိုင်...ထားလိုက်ပါတော့... ကျွန်တော်တို့ တခြားနေရာသွားကြရအောင် အရမ်းစွန့်စားရာကျလွန်းတယ်" မြင်းမျက်နှာက မျက်နှာဖြူဖျော့စွာဖြင့် ပြောသည်။

ထိုအချိန်တွင် အနောက်တိုင်းဝတ်စုံဝတ်ထားသော အမျိုးသားက ရုတ်တရက် အသံပြုလိုက်ပြီး "ဒီမှာ ဘယ်လိုလုပ် လူခြေရာတွေပါ ရှိနေရတာလဲ" ဟု ထူးဆန်းစွာ မေးလိုက်သည်။

လူအုပ်က ကြည့်လိုက်သောအခါ သန္ဓေပြောင်းသားရဲ၏ ကြီးမားသော ခြေရာအနီးတွင် လတ်ဆတ်သော လူခြေရာတန်းတစ်ခုကို တွေ့လိုက်ရသည်။

"ဒီမှာ လူတွေနေနေသေးတာလား" တန့်ချောင်ဟုခေါ်သော မျက်နှာပျက်စီးနေသည့်လူငယ်က မယုံနိုင်စွာ ပြောသည်။

ထိုအချိန်တွင် မြေပြင်မှ တုန်ခါသံသဲ့သဲ့တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ မည်သို့မျှ မတုံ့ပြန်နိုင်မီမှာပင် လမ်းထောင့်ချိုးမှ ကြီးမားသော သတ္တဝါကြီးတစ်ကောင်သည် လူအများ၏ မျက်စိရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာသည်။

စိမ်းမြသော အကြေးခွံများသည် ကျောက်စိမ်းရောင်အလင်းဖြင့် တောက်ပနေပြီး ကြောက်မက်ဖွယ်ကောင်းသော ဦးခေါင်းတွင် ဓားမြှောင်ကဲ့သို့ လခြမ်းပုံသဏ္ဌာန် အရိုးဆူးများဖြင့် ပြည့်နှက်နေသည်။ သူသည် ရုတ်တရက် ခေါင်းမော့လိုက်ပြီး သူ၏ ခံစားချက်ကင်းမဲ့သော မျက်လုံးများက ဤဘက်သို့ တည့်တည့် စိုက်ကြည့်လိုက်သည်။

လူအများမှာ ကြက်သီးမွေးညင်းများ ထောင်သွားကြသည်။ ဆင့်ကဲပြောင်းလဲသူအချို့မှာ အနည်းငယ် တော်သေးသော်လည်း သာမန်လူများမှာမူ ကြောက်လန့်၍ စိတ်ဓာတ်ကျသွားကြပြီဖြစ်သည်။ အချို့လူများကမူ မထိန်းနိုင်တော့ဘဲ လေးဘက်လေးတန်သို့ ပြေးလွှားကုန်ကြသည်။ လူဆယ်ဂဏန်းကျော်ရှိသော အဖွဲ့မှာ မျက်စိတစ်မှိတ်အတွင်း ထက်ဝက်ခန့် လျော့နည်းသွားသည်။

ဆင့်ကဲပြောင်းလဲသူအချို့၏ နဖူးမှ ချွေးစေးများ တစ်စက်ချင်း စီးကျလာသည်။ အစ်ကိုဟိုင်သည် အလိုအလျောက် တံတွေးမျိုချလိုက်ပြီး စိတ်ထဲတွင် ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။ ဤသန္ဓေပြောင်းသားရဲမှာ အလွန်ကြီးမားပြီး တစ်ကိုယ်လုံးတွင် ဒဏ်ရာတစ်စက်မှ မရှိသဖြင့် ယခင်က တွေ့ကြုံခဲ့ရသော ဒဏ်ရာပြင်းထန်သည့် သန္ဓေပြောင်းသားရဲနှင့် နှိုင်းယှဉ်၍မရပေ။ သူသည် ဘေးဘီကို လျင်မြန်စွာ ဝေ့ကြည့်လိုက်သည်။

သူ၏ စိတ်ဓာတ်များ တဖြည်းဖြည်း ကျဆင်းသွားသည်။ ဤနေရာသည် လမ်းဖြောင့်တစ်ခုဖြစ်ပြီး အနီးဆုံး လမ်းလေးခွဆုံမှာ မီတာရာပေါင်းများစွာ ဝေးကွာသည်။ အနီးပတ်ဝန်းကျင်မှာလည်း ဈေးလမ်းဖြစ်ပြီး အဆောက်အအုံများမှာ အထပ်နိမ့်များဖြစ်သဖြင့် သန္ဓေပြောင်းသားရဲက အလွယ်တကူ ရှာတွေ့နိုင်ပြီး ပုန်းရှောင်စရာနေရာပင် ရှိမည်မဟုတ်ပေ။ သူက အိမ်ရာဝင်ပေါက်ကို ကြည့်လိုက်ပြီး အံကြိတ်ကာ "မတတ်နိုင်ဘူး... အိမ်ရာထဲအမြန်ဝင်ကြ... သေသေရှင်ရှင် ကံတရားပဲ"

ဟွမ်ယွိရင်သည် ကြောက်လန့်၍ မျက်နှာဖြူဖျော့သွားပြီး လူအုပ်နောက်သို့ အသက်လုကာ လိုက်ပြေးသည်။ သူမအတွက် အမှတ်တရများစွာ ကျန်ခဲ့သော ဤအိမ်ရာသည် ယခုအခါတွင်မူ နဂါးဂူ ကျားတွင်း ဖြစ်နေလေပြီ။ နောက်ကျောမှ တုန်ခါသံမှာ တဖြည်းဖြည်း ကျယ်လောင်လာပြီး မျှော်လင့်ချက်ကင်းမဲ့သော ခံစားချက်က သူမ၏ စိတ်နှလုံးကို လွှမ်းခြုံသွားသည်။

"ဟိုမှာ လူတွေရှိတယ်" ထိုအချိန်တွင် မြင်းမျက်နှာက မယုံနိုင်သော အမူအရာဖြင့် ရုတ်တရက် အော်ပြောလိုက်သည်။

အဝေးရှိ ကွက်လပ်တွင် ယောက်ျားမိန်းမများ ပါဝင်သော လူအချို့က တစ်စုံတစ်ဦးကို စောင့်မျှော်နေသည့်အလား အတူတကွ ရပ်နေကြသည်။

ဟွမ်ယွိရင်သည် ကြောင်ငေးသွားပြီး စိတ်လွတ်ကိုယ်လွတ်ဖြင့် ကြည့်နေမိသည်။ သူမ၏ ခြေထောက်များမှာ အရှိန်ဖြင့် သာ လှုပ်ရှားနေပြီး ထိုရင်းနှီးသော လူများကို ကြည့်ရင်း သူမ၏ ရင်ထဲတွင် ခံစားချက်မျိုးစုံတို့ ရောပြွမ်းသွားသည်။

ဆက်ရန်...

အပိုင်း(၁၁၆)သန္ဓေပြောင်းအစွမ်း

ဟွမ်ကျားဟွေတို့အဖွဲ့သည် အပြင်ဘက်မှ ဧရာမ ဖွတ်ကြီးထံမှ ထွက်ပေါ်လာသော လှုပ်ရှားသံများကြောင့် စိတ်အာရုံအားလုံးကို ဆွဲဆောင်ခံထားရပြီး လူတစ်စုက သူတို့ထံသို့ အသက်လုပြေးလာနေသည်ကို သတိမပြုမိကြပေ။

သူမ၏ မျက်နှာတွင် စိုးရိမ်သောက အရိပ်အယောင်တစ်ခု သန်းနေပြီး စိတ်ထဲတွင် တိတ်တဆိတ် ဆုတောင်းနေမိသည်။

မူလက တံခါးဝတွင် စောင့်နေသူမှာ သူမနှင့် ဝမ်ရှီရှီ နှစ်ယောက်တည်းသာ ဖြစ်သည်။ သို့သော် သူတစ်ပါး၏ အရိပ်အောက်တွင် နေထိုင်ရသူများဖြစ်ရာ အခြားသူများကလည်း မျက်နှာရိပ်မျက်နှာကဲကို မည်သို့ နားမလည်ဘဲ နေနိုင်မည်နည်း။ ယနေ့တွင် လော်ယွမ်ဖြစ်စေ၊ ဤအမျိုးသမီးနှစ်ယောက်ဖြစ်စေ စိတ်အခြေအနေမှာ အလွန်ထူးခြားနေသည်ကို မည်သူမဆို မြင်နိုင်ပေသည်။ လော်ယွမ် ထွက်သွားပြီးနောက် တစ်မနက်လုံး ထိုနှစ်ယောက်မှာ စိုးရိမ်သောကရောက်ကာ ထိုင်မရထမရ ဖြစ်နေကြသည်။ အားလုံးက အရေးကြီးသော ကိစ္စတစ်ခုခု ဖြစ်တော့မည်ဟု မထင်မှတ်ဘဲ ခံစားမိကြရာ အားကုန်လုံး အပြင်သို့ ထွက်လာကြသည်။

လှုပ်ရှားသံများမှာ တဖြည်းဖြည်း ကျယ်လောင်လာပြီး မကြာမီမှာပင် အဝေးတွင် ဧရာမ ဖွတ်ကြီး၏ အရိပ်ကို မြင်တွေ့လာရသည်။

ဟွမ်ကျားဟွေသည် သေသေချာချာ တစ်ချက်ကြည့်လိုက်ပြီးနောက် တစ်ကိုယ်လုံး ကြက်သေသေသွားကာ ဦးနှောက်မှာလည်း မိုက်ခနဲ ဖြစ်သွားသည်။ သူမသည် ဝမ်ရှီရှီ၏ လက်ကလေးကို အားကုန်ဆုပ်ကိုင်ရင်း မယုံနိုင်စွာဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။ "ရှီရှီ... ငါမျက်စိမှားနေတာလား သေချာကြည့်စမ်း... အပေါ်မှာ လော်ယွမ်ရှိရဲ့လား"

ဧရာမ ဖွတ်ကြီးသည် အမြင့်၁၅ပေခန့်ရှိပြီး လော်ယွမ်မှာမူ သူ၏ကျောပေါ်တွင် မှောက်လျက်အနေအထားဖြင့် ရှိနေသောကြောင့် ခန္ဓာကိုယ်တစ်ခုလုံးကို ဧရာမ ဖွတ်ကြီး၏ ကြီးမားသော ဦးခေါင်းက ကွယ်ထားသဖြင့် လုံးဝမမြင်နိုင်ပေ။

"သမီး... သမီး မသိဘူး" ဝမ်ရှီရှီသည် ကြည့်ရင်းကြည့်ရင်း စိတ်ထဲတွင် လှုပ်ရှားလာသည်။

ချောင်လင်သည် နေရာတွင်ပင် ငေးကြောင်နေပြီး စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုမှာ အတိုင်းထက်အလွန် ဖြစ်နေသည်။ သူမသည် အခြားသူများကို တိတ်တဆိတ် တစ်ချက်ကြည့်လိုက်ရာ အခြားသူများ၏ တုံ့ပြန်မှုမှာလည်း သူမထက် မသာလှပေ။

လော်ယွမ်သည် ဤနေရာ၏ လုံခြုံရေးအတွက် အာမခံချက်ဖြစ်ပြီး အန္တရာယ်ရှိသော ဤကမ္ဘာပျက်ကာလတွင် ဒေါက်တိုင်ကြီးကဲ့သို့ ငြိမ်းချမ်းသော နေရာငယ်လေးတစ်ခုကို တစ်ဦးတည်း ထောက်ပံ့ပေးထားသူ ဖြစ်သည်။ လော်ယွမ်မရှိတော့လျှင် နောင်တွင် မည်သို့ဖြစ်လာမည်ကို သူမ စဉ်းစားပင် မစဉ်းစားရဲပေ။ အနည်းဆုံးတော့ သူမသည် ကမ္ဘာကြီးတစ်ခုလုံး ရုတ်တရက် မီးခိုးရောင်ဖြစ်သွားပြီး အသက်မဲ့သွားသကဲ့သို့ ခံစားရမည်ဖြစ်သည်။

ထိုအချိန်တွင် သူမ၏ မျက်လုံးထောင့်မှ လူတစ်စုသည် ထိတ်လန့်တကြားဖြင့် ဤနေရာသို့ ပြေးလာနေသည်ကို မြင်လိုက်ရသည်။

အချိန်ကြာမြင့်စွာ လုံခြုံသော ပတ်ဝန်းကျင်တွင် နေထိုင်ခဲ့ရသောကြောင့် သူမ၏ သတိဝီရိယမှာ များစွာကျဆင်းသွားခဲ့ပြီး တစ်ခဏမျှ သတိပေးရန်ပင် မေ့လျော့သွားသည်။ တစ်ဖက်မှလူများက ရိုင်ဖယ်များကို ဤနေရာသို့ ချိန်ရွယ်လိုက်မှသာ အခြေအနေမမှန်သည်ကို ခံစားမိတော့သည်။

"မသေချင်ရင် ငြိမ်ငြိမ်နေကြ... ငါတို့ကိုလုံခြုံတဲ့နေရာ ခေါ်သွားပေးစမ်း" အစ်ကိုဟိုင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူသည် ဤမျှလောက်များသော လူတစ်စုက သန္ဓေပြောင်းသတ္တဝါများ၏ မျက်စိအောက်တွင် အချိန်ကြာမြင့်စွာ နေထိုင်နိုင်ခြင်းမှာ လျှို့ဝှက်လုံခြုံသော နေရာတစ်ခုခု ရှိရမည်ဟု ခန့်မှန်းမိသည်။ ထို့ကြောင့် သူက မဆိုင်းမတွဘဲ ဤနေရာသို့ ပြေးလာခဲ့ခြင်း ဖြစ်သည်။

ဟော်တုံတို့အဖွဲ့သည် ရုတ်တရက်ပေါ်ပေါက်လာသော အခြေအနေကြောင့် ကြောင်ငေးသွားပြီး တစ်ခဏမျှ အဖြေပြန်မပေးနိုင် ဖြစ်သွားသည်။

အစ်ကိုဟိုင်၏ စိတ်ထဲတွင် စိုးရိမ်ပူပန်နေပြီး ဧရာမ ဖွတ်ကြီးသည် တဖြည်းဖြည်း နီးကပ်လာသည်ကို မြင်သောအခါ စိတ်ဓာတ်ကျလုနီးပါး ဖြစ်လာသည်။ သူသည် လက်ထဲမှ ပစ္စတိုကို ကိုင်ကာ အားကုန်ဝှေ့ယမ်းပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ခွေးမသား... ဘယ်ကေပာင်မှ စကားမပြောတတ်တော့ဘူးလားကွ"

"ခင်ဗျားတို့ဘာဖြစ်ချင်တာလဲ... ဒီနေရာက ခင်ဗျားတို့သောင်းကျန်းလို့ရတဲ့ နေရာမဟုတ်ဘူး" လင်းရှောင်ကျီ၏ စိတ်ထဲတွင် ဒေါသများ ဆူပွက်လာသည်။ ဤအိမ်တွင် သူအရှက်တကွဲဖြစ်ရသည်မှာ ထားတော့၊ ယခုမထင်မှတ်ဘဲ ခွေးလေခွေးလွင့်တစ်ကောင်က မိမိရှေ့တွင် လာဟောင်နေသည်ကို သူ သည်းမခံနိုင်တော့ပေ။

"ခွေးမသား... မင်းကများငါ့ကိုပြန်ပြောရဲသေးတယ်... ငါမပစ်ရဲဘူးလို့ထင်နေလား" ဖိအား၊ အကြောက်တရား၊ ဒေါသ၊ မရေမတွက်နိုင်သော အဆိုးမြင်စိတ်ခံစားမှုများက အစ်ကိုဟိုင်၏ စိတ်ထဲမှ ဆူပွက်လာပြီး သူ့ကို စိတ်မထိန်းနိုင်ဘဲ ဖြစ်သွားစေကာ မျက်နှာပင်လျှင် မဲ့ရွဲ့သွားသည်။

"ဒိုင်း" "ဒိုင်း" "ဒိုင်း"

သူသည် သေနတ်ကို မြှောက်ကာ တစ်ကိုယ်လုံး တုန်ယင်ရင်း ခလုတ်ကို အဆက်မပြတ် ဆွဲညှစ်လိုက်သည်။ ကျည်ဆံများကုန်သွားသည့်တိုင်အောင် အဆက်မပြတ် ဆက်လက်ပစ်ခတ်နေသည်။

လင်းရှောင်ကျီသည် သူ၏ရင်ဘတ်ကို ငုံ့ကြည့်လိုက်ရာ သွေးများက သူ၏အင်္ကျီကို ဖြည်းညင်းစွာ စိုစွတ်သွားစေပြီးနောက် မြေပြင်ပေါ်သို့ ဝုန်းကနဲ လဲကျသွားသည်။

ဝမ်ရှီရှီက ကြောက်လန့်တကြားဖြင့် အော်ဟစ်လိုက်သည်။

သေနတ်သံသည် စိတ်ဓာတ်ကျနေသော ဟွမ်ကျားဟွေကိုလည်း လန့်နိုးသွားစေသည်။ သူမသည် ခါးပေါ်မှ ပစ္စတိုကို အလျင်အမြန် ဖိနှိပ်လိုက်သော်လည်း ထို့နောက်တွင် အေးစက်ချွန်ထက်သော အရာတစ်ခုက သူမ၏ကျောဘက်ကို ထောက်ထားလိုက်ပြီး အေးစက်စွာ အော်ဟစ်လိုက်သည်။ "မလှုပ်နဲ့... မဟုတ်ရင်ငါ့ဓားက အငြိမ်နေမှာမဟုတ်ဘူး... ငါတို့ကိုလုံခြုံတဲ့နေရာ အမြန်ခေါ်သွားပေးစမ်း"

သို့သော် လော်ယွမ်၏ ပျောက်ဆုံးမှုသည် ဟွမ်ကျားဟွေကို မျှော်လင့်ချက်အားလုံး ကုန်ဆုံးသွားစေခဲ့ပြီး ဤသို့သေသွားလျှင်လည်း ကောင်းသည်ဟု စိတ်ထဲတွင် တွေးလိုက်မိသည်။

အနီးအနားမှ ဟွမ်ယွိရင်သည် ဟွမ်ကျားဟွေက လုံးဝဂရုမစိုက်ဘဲ အသက်စွန့်ရန် ပြင်ဆင်နေသည်ကို မြင်သောအခါ စိုးရိမ်တကြီးဖြင့် "အစ်မဟွမ်... မလုပ်နဲ့" ဟု အော်လိုက်သည်။

"ဟင်... နင်ပဲ" ဟွမ်ကျားဟွေသည် ရင်းနှီးသော အသံကို ကြားသောအခါ ခေါင်းလှည့်ကြည့်လိုက်ပြီးနောက် မျက်နှာသည် တင်းမာသွားကာ မျက်လုံးထဲတွင် ဒေါသများ တောက်လောင်လာသည်။ "ဒီလူတွေကို နင်ခေါ်လာတာလား... အရင်ကငါတို့နင့်ကို သနားလို့လက်ခံခဲ့မိတာ လက်စသတ်တော့ မြေခွေးမတစ်ကောင်ကို ခေါ်တင်မိတာပဲ"

"ကျွန်မ... ကျွန်မ... ကျွန်မမဟုတ်ပါဘူး" ဟွမ်ယွိရင်သည် စိတ်ထဲတွင် တုန်လှုပ်သွားပြီး ရှင်းပြချင်သော်လည်း တစ်ခဏအတွင်း မည်သို့ရှင်းပြရမည်မသိဖြစ်သွားသည်။ ဤလူများကို သူမခေါ်လာခြင်းဖြစ်ပြီး ဗီလာအဟောင်းမှ ပစ္စည်းများကိုလည်း သူမက လူခေါ်ပြီး သယ်သွားခဲ့ခြင်း ဖြစ်သည်။ မည်သို့ပင် ရှင်းပြစေကာမူ တစ်ဖက်လူယုံရန် ခက်ခဲလှသည်။

အစ်ကိုဟိုင်သည် သူ၏ဒေါသကို ဖော်ပြရန် စကားလုံးမရှိတော့ပေ။ သူ၏ဦးရေပြားသည် ပေါက်ကွဲထွက်တော့မတတ် ခံစားနေရသည်။ အဘယ်ကြောင့် မိမိ၏စကားကို မည်သူမျှ နားမထောင်ရသနည်း။ မိမိတို့က အန္တရာယ်မရှိသော ပုံစံပေါက်နေသလော။ မိမိတို့ဘက်တွင် သေနတ်၊ ဓားများရှိသည်ကို သူတို့မမြင်ကြသလော။ ဤလူများသည် တကယ်ပင် သေရမည်ကိုမကြောက်ကြသလော။

''ဒါဆိုရင်လည်း မင်းတို့ဆန္ဒပြည့်အောင် လုပ်ပေးရတာပေါ့'' သူက ကျည်ဆံလဲရန် ပြင်ဆင်နေစဉ်မှာပင် အခြားသူများက တားဆီးလိုက်သည်။

"အကိုဟိုင်... သူတို့ကိုအရေးလုပ်မနေနဲ့တော့... ကျွန်တော်တို့ အိမ်ထဲအမြန်ဝင်ရအောင်" အနောက်တိုင်းဝတ်စုံနှင့် လူက စိုးရိမ်တကြီး ပြောလိုက်သည်။

အစ်ကိုဟိုင်သည် ဒေါသကို အတင်းအကျပ် ထိန်းချုပ်ကာ ခေါင်းညိတ်လိုက်ပြီးနောက် လူအုပ်ကို ရက်စက်စွာ တစ်ချက်ကြည့်ကာ အိမ်ကြီးထဲသို့ လျင်မြန်စွာ ဝင်သွားသည်။ ဟွမ်ယွိရင်သည် တစ်ခဏမျှ တုံ့ဆိုင်းပြီးနောက် နေရာတွင်ပင် ရပ်နေခဲ့သည်။ ထိုလူများသည် အလျင်လိုနေသောကြောင့် မည်သူမျှ သူမကို ဂရုမစိုက်နိုင်ခဲ့ပေ။

"ဒီမှာ လုံခြုံတဲ့ လျှို့ဝှက်ခန်းတစ်ခုခု ရှိရမယ်... အားလုံးလူခွဲရှာကြစမ်း... မြန်မြန်" အစ်ကိုဟိုင်သည် ဗီလာထဲသို့ ဝင်သွားပြီး အလျင်စလို ပြောလိုက်သည်။

ဗီလာအိမ်ကြီးက ပမာဏတစ်ခုမျှသာ ကျယ်ဝန်းပြီး ရှာဖွေသူများမှာလည်း များပြားသောကြောင့် မကြာမီမှာပင် တစ်ယောက်က ပစ္စည်းသိုလှောင်ခန်းထဲတွင် မြေအောက်ခန်း၏ ဝင်ပေါက်ကို တွေ့ရှိသွားသည်။ လူအားလုံးသည် လျင်မြန်စွာ ဝင်သွားကြပြီး အတွင်းမှ တောင်လိုပုံနေသော ပစ္စည်းများကို မြင်သောအခါ အံ့အားသင့်သွားကြသည်။

"ဒီလောက်များတဲ့ စားနပ်ရိက္ခာတွေ... ငါကြည့်တာ အိတ်တစ်ရာမကဘူး... ငါတို့ အနည်းဆုံး ခြောက်လလောက် စားလို့ရပြီ" မြင်းမျက်နှာနှင့် လူက ဝမ်းသာအားရ ပြောလိုက်သည်။ "အသားခြောက်တွေလည်း ရှိသေးတယ်... ပြီးတော့ရေသန့်တွေ... ဟိုက် မီးစက်တောင်ရှိတယ်ဟ သူတို့အဲ့တာနဲ့ မီးထွန်းနေတာလား"

"သေစမ်း... တစ်ကယ်မီးထွန်းတာဟ ဒီမှာမီးကြိုးတွေတောင် သွယ်ထားတယ်" မျက်နှာတွင် အမာရွတ်များဖြင့် ပြည့်နေသော လူငယ်က အော်ဟစ်လိုက်သည်။

"ခွေးမသား... မင်းတို့ဘာတွေအဲ့လောက် ဖြစ်ပျက်နေတာလဲ... အားလုံးပါးစပ်ပိတ်ပြီး တိတ်တိတ်နေကြစမ်း နောက်ကျ ကြိုက်သလောက်ကြည့်လို့ရတယ်... အခုမင်းတို့လုပ်လို့ သန္ဓေပြောင်းသတ္တဝါသတိထားမိသွားရင် ငါတို့အားလုံး သေပြီပဲ" အစ်ကိုဟိုင်က ဒေါသထွက်ကာ အော်ဟစ်လိုက်သည်။

အားလုံး၏ စိတ်ထဲတွင် တုန်လှုပ်သွားပြီး မြေအောက်ခန်းသည် ချက်ချင်း တိတ်ဆိတ်သွားသည်။ ထိုအခါမှ အပြင်ဘက်တွင် ရုတ်တရက် လှုပ်ရှားမှုမရှိတော့သည်ကို သတိပြုမိကြပြီး လူတိုင်းသည် သံသယဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

------------------------------------------------------------

ဧရာမ ဖွတ်ကြီးသည် ယခင်အလေ့အထအတိုင်း အိမ်ကြီးရှေ့ မီတာရာပေါင်းများစွာအကွာရှိ မြက်ခင်းပြင်ပေါ်တွင် ဖြည်းညင်းစွာ မှောက်လျက်အနေအထားဖြင့် နေလိုက်သည်။ သူ၏မျက်လုံးများသည် လူအုပ်ကို တစ်ချက်စောင်းကြည့်ပြီးနောက် စိတ်ဝင်စားမှုမရှိတော့ပေ။ မကြာမီမှာပင် သူ၏မျက်ခွံများသည် အနည်းငယ်မှေးစင်းလာပြီး မှေးစက်နေတော့သည်။

"ကိုကြီးယွမ်... ကိုကြီးယွမ်ပဲ... သူ ဧရာမ ဖွတ်ကြီးရဲ့ ကျောပေါ်မှာ" ဝမ်ရှီရှီက ဝမ်းသာအားရ အော်ဟစ်လိုက်သည်။

ဟွမ်ကျားဟွေသည် ဧရာမ ဖွတ်ကြီး၏ ကျောပေါ်ကို စူးစိုက်ကြည့်နေသည်။ လော်ယွမ်က အပေါ်တွင် မလှုပ်မယှက် မှောက်လျက်အနေအထားဖြင့် ရှိနေသည်ကို မြင်သောအခါ သူမ၏စိတ်ထဲမှ ဝမ်းသာမှုသည် တစ်ဖန် စိုးရိမ်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။ "သူဒဏ်ရာရထားတယ်... ဘယ်လောက်ပြင်းလဲမသိဘူး... နေဦး ငါသွားကြည့်ဦးမယ်"

ချောင်လင်သည် ကြောက်လန့်တကြားဖြင့် မျက်နှာဖြူဖျော့သွားပြီး ဟွမ်ကျားဟွေကို အလျင်အမြန် ဆွဲထားလိုက်သည်။ "မသွားနဲ့... ဧရာမဖွတ်ကြီးရှိတယ်လေ"

"ငါ့ကိုမဆွဲနဲ့" ဟွမ်ကျားဟွေက နောက်လှည့်ကာ အေးစက်စွာ ပြောလိုက်သည်။ "မဟုတ်ရင်ငါ့ကိုအဆိုးမဆိုနဲ့"

ချောင်လင်သည် အလိုအလျောက် လက်ကို လွှတ်လိုက်သည်။ သူမ သတိပြန်ဝင်လာချိန်တွင် ဟွမ်ကျားဟွေသည် ပြေးထွက်သွားပြီ ဖြစ်သည်။

"ညီမဝမ်... သူ့ကိုအမြန်ပြန်ခေါ်ပါဦး... သူ့ကိုတားနိုင်တာ နင်ပဲရှိတော့တယ်" ချောင်လင်သည် စိုးရိမ်တကြီး ပြောလိုက်သည်။ အကယ်၍ ဟွမ်ကျားဟွေ တစ်ခုခုဖြစ်သွားပါက လော်ယွမ် သတိရလာသောအခါ ဤနေရာရှိ လူအားလုံး ဒုက္ခရောက်ကြမည် ဖြစ်သည်။

ဝမ်ရှီရှီသည် မျက်ရည်များဝိုင်းကာ ခေါင်းခါလိုက်ပြီး ငိုသံဖြင့် "သမီးလည်းသွားကြည့်မယ်" ဟု ပြောလိုက်သည်။

ထိုသို့ပြောရင်း ငိုရင်းဖြင့် မျက်ရည်များကို သုတ်ရင်း ဧရာမ ဖွတ်ကြီးထံသို့ ပြေးသွားသည်။

အခြားသူများသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြပြီး မည်သို့လုပ်ရမှန်းမသိ ဖြစ်နေကြသည်။ လော်ယွမ်ကို မကျေနပ်အောင် မလုပ်ရဲသကဲ့သို့ သူ၏အမျိုးသမီးနှစ်ယောက်ကိုလည်း မကျေနပ်အောင် မလုပ်ရဲပေ။

တရုတ်ယဉ်ကျေးမှု၏ အနှစ်သာရအများစုမှာ အထက်ဖား အောက်ဖိဖြစ်သည်။ ထို့ကြောင့် "အလုပ်မလုပ်ခင် မျက်နှာရအောင်လုပ်" ဟူသော ဆိုရိုးစကားရှိသည်။ အထက်လူကြီးကို မျက်နှာချိုသွေးခြင်းသည် လူ့အဖွဲ့အစည်းသို့ ဝင်ရောက်လာသော အရွယ်ရောက်ပြီးသူတိုင်းအတွက် မရှိမဖြစ်လိုအပ်သော ကျွမ်းကျင်မှုတစ်ခုဖြစ်ပြီး အားလုံးထဲတွင် မဖြစ်မနေရှောင်ရှားရမည့်အရာမှာ မိမိ၏ကံကြမ္မာကို ဆုံးဖြတ်နိုင်သူအား မကျေနပ်အောင် လုပ်ခြင်းပင် ဖြစ်သည်။

(မင်မင် သေချာမသိလို့ နည်းနည်းလွဲသွားရင် ဘယ်လိုမှမထင်နဲ့နော် ဒါက တရုတ်ကနေ အင်္ဂလိပ်ကို ကြားခံပြီးမှ မြန်မာကို ပြန်ရတာဆိုတော့ စကားပုံလိုဟာတွေက နည်းနည်းလွဲတာတော့ရှိတယ်XD)

"ဘယ်လိုလုပ်မလဲ... ငါတို့လည်း သွားကြည့်ကြမလား" ဟော်တုံသည် တုံ့ဆိုင်းစွာ ပြောလိုက်သည်။

"အကိုယွမ်က ကျွန်မအသက်ကိုကယ်ခဲ့တာ ဒီဘဝပြန်ပေးဆပ်နိုင်မှာမဟုတ်ဘူး... ဖြစ်ချင်တာဖြစ် ကျွန်မသွားမယ်" နင်းရှောင်ရမ်က နီရဲနေသောမျက်လုံးဖြင့် ပြောလိုက်သည်။

"အားလုံးအတူ သွားကြမယ်" အနည်းငယ် တိတ်ဆိတ်သော ချန်ရှန်းဖုန်းက တိုတိုတုတ်တုတ် ပြောလိုက်သည်။

ဤအခြေအနေတွင် အခြားသူများ မည်မျှပင် မလိုလားစေကာမူ အတိအလင်း ဆန့်ကျင်နိုင်ခြင်း မရှိတော့ပေ။

"ကျွန်တော်... ကျွန်တော် လင်းရှောင်ကျီကို ပြုစုရမယ်" စွန်းရှောင်ဝူသည် မျက်နှာအမူအရာ အမျိုးမျိုးပြောင်းလဲကာ တုန်လှုပ်စွာ ပြောလိုက်သည်။ လူတိုင်း၏ ထူးဆန်းသော အကြည့်များကို ခံစားမိသောအခါ သူ၏မျက်နှာက နီရဲလာသည်။

ဟော်တုံသည် စိတ်ထဲမှ အေးစက်စွာ ရယ်လိုက်သည်။ ပုံမှန်အားဖြင့် သူနှင့်လင်းရှောင်ကျီဆက်ဆံရေး ကောင်းသည်ဟု တစ်ခါမျှမမြင်ဖူးပေ။ နှစ်ယောက်သား စကားပင်မပြောဖူးလောက်ချေ။ ယခုကျမှသူ့ကို ပြုစုချင်နေသည်။ ထို့ပြင် ဤမျှများသော သေနတ်ဒဏ်ရာတွေကြောင့် လင်းရှောင်ကျီက သန္ဓေပြောင်းလူသားဖြစ်နေလျှင်တောင် သေသွားလောက်ပြီဖြစ်သဖြင့် မည်သူမျှပြုစုပေးစရာ မလိုတော့ချေ။

လင်းရှောင်ကျီသည် ရောက်လာသည့်အချိန်မှာ အလွန်တိုတောင်းပြီး လူမှုဆက်ဆံရေးမှာ သုညနီးပါးဖြစ်သည်။ ထို့အပြင် စိတ်ဓာတ်မှာလည်း မာနကြီးသောကြောင့် အဆင့်တူဆင့်ကဲပြောင်းလဲသူအချို့နှင့်သာ စကားပြောဖူးပြီး အခြားသူများအပေါ်တွင်မူ အများအားဖြင့် လျစ်လျူရှုသော သဘောထားရှိသည်။ ထို့ကြောင့် ယခုအထိ လဲလျောင်းနေသည်မှာ အချိန်ကြာပြီဖြစ်သော်လည်း မည်သူမျှ သေသည် မသေသည်ကို တစ်ချက်မျှ မစစ်ဆေးကြခြင်းပင်။

ဟော်တုံသည် လူကို မကျေနပ်အောင် မလုပ်ချင်သော်လည်း ချောင်လင်ကမူ မကြောက်ပေ။ သူမသည် လှောင်ပြောင်ကာ "သူကသေနေပြီကို ဘာပြုစုစရာလိုသေးလို့လဲ... နင်ဆင်ခြေပေးချင်ရင်လည်း ကောင်းကောင်းပေးပါ...နင်ပဲ ကျောင်းမှားတုံးက အဖွဲ့လိုက် ရန်ဖြစ်လေ့ရှိတာဆိုပြီး အမြဲကြွားနေတာမဟုတ်ဘူးလား... အခုကျဘယ်လိုလုပ် သတ္တိမရှိတော့တာလဲ" ဟု ပြောလိုက်သည်။

စွန်းရှောင်ဝူသည် ဤပညာတတ်အလှမယ်ကို အမြဲတမ်း တိတ်တခိုး သဘောကျခဲ့ပြီး အားလပ်ချိန်များတွင် သူမအနားသို့ ချဉ်းကပ်ကာ မျက်နှာချိုသွေးလေ့ရှိသည်။ မိမိကြိုက်နှစ်သက်သော မိန်းကလေးက မိမိကို အညှာအတာမဲ့စွာ လှောင်ပြောင်ခြင်းကို ခံရသောအခါ သူ၏မျက်နှာသည် သွေးစို့လုနီးပါး နီရဲလာသည်။ လူငယ်များသည် မျက်နှာကို အလွန်အလေးထားကြပြီး တစ်ခါတစ်ရံ စိတ်လှုပ်ရှားလာလျှင် ဘာကိုမှ ဂရုမစိုက်တော့ပေ။ ပုံမှန်အားဖြင့် ဆင်ခြင်တုံတရားရှိလျှင် လုံးဝမပြောရဲသော စကားများကိုလည်း ပါးစပ်မှ ထွက်ကျလာသည်။

"ငါသတ္တိမရှိတော့ဘာဖြစ်လဲ... နင်သေချင်ရင်လည်းငါ့ကိုလာဆွဲမထည့်နဲ့... လော်ယွမ်ကအစွမ်းထက်နေတာ ကံကောင်းပြီးဆင့်ကဲပြောင်းလဲသွားလို့ပဲ... အခုသူဒဏ်ရာရနေတုံး နင်ကသူ့ဖင်ပြေးလျက်ချင်နေတာလား... ပြောလို့မရဘူးသူက အခုလောက်ဆိုအသက်ပျောက်..."

"ပါးစပ်ပိတ်ထား" ချောင်လင်သည် မျက်နှာပျက်စွာ ပြောလိုက်သည်။

"မပိတ်တော့ဘာဖြစ်လဲ... ငါပြောချင်တာပြောမှာပဲ" စွန်းရှောင်ဝူသည်လည်း ဘာကိုမျှဂရုမစိုက်တော့ဘဲ ကျယ်လောင်စွာဖြင့် "သူကသန္ဓေပြောင်းလူလေးပဲကို အဲ့လောက်အောက်ကျို့ပြီး မျက်နှာချိုသွေးဖို့လိုလို့လား... ငါအထင်တော့ နင်တို့ကသူ့ကို လာလုပ်ပါလို့တောင်းပန်နေသလိုပဲ... နင်တို့သန္ဓေပြောင်းလူကိုအဲ့လောက် အထင်ကြီးနေရင် ကြည့်လိုက်ငါလည်း တစ်နေ့သန္ဓေပြောင်းလူ ဖြစ်လာစေရမယ်" ဟု ပြောလိုက်သည်။

ချောင်လင်၏ မျက်နှာသည် ဖြူလိုက်နီလိုက်ဖြစ်နေပြီး သူမ၏နှုတ်ခမ်းကို ကိုက်ထားသောကြောင့် သွေးများပင် ထွက်လာသည်။

ထိုအချိန်တွင် ချန်ရှန်းဖုန်းသည် ရုတ်တရက် ပြေးသွားပြီး စွန်းရှောင်ဝူကို ကန်ချလိုက်သည်။ စွန်းရှောင်ဝူသည် ဆဲဆိုရင်း ပြန်ထချင်သေးသော်လည်း မထမီမှာပင် ရင်ဘတ်ကို ပြင်းပြင်းထန်ထန် အကြိမ်ပေါင်းများစွာ ထပ်မံအကန်ခံရပြီးနောက် ခေါင်းကိုအုပ်ကာ လူးလိမ့်အော်ဟစ်နေတော့သည်။

"ခွေးမသား... သတ္တိရှိရင်ငါ့ကိုသတ်လိုက်" စွန်းရှောင်ဝူသည် နောက်ဆုံးတွင် ယိမ်းယိုင်ကာ မတ်တပ်ရပ်လိုက်ပြီး ပါးစပ်မှ ဆဲဆိုလိုက်သည်။

ချောင်လင်သည် ရှေ့သို့တက်သွားပြီး သူ့ကို ပြင်းပြင်းထန်ထန် ပါးတစ်ချက်ရိုက်ကာ အေးစက်စွာ ပြောလိုက်သည်။ "နင်မသေချင်ရင် ငါ့ရှေ့ကထွက်သွား"

စွန်းရှောင်ဝူသည် ပါးရိုက်ခံလိုက်ရပြီးနောက် ခေါင်းအနည်းငယ် ကြည်လင်လာသည်။ သူက အခြားသူများကို ကြည့်လိုက်ရာ အားလုံးက မိမိကို အေးစက်စွာ ကြည့်နေကြသည်ကို တွေ့ရှိရသည်။ ပုံမှန်အားဖြင့် မည်သူ့ကိုမျှ မကျေနပ်အောင် မလုပ်ရဲသော နင်းရှောင်ရမ်ပင်လျှင် ယခုအခါ မျက်နှာတွင် အမူအရာမရှိဘဲ လူစိမ်းတစ်ယောက်ကို ကြည့်နေသကဲ့သို့ ရှိသည်။

ထိုအေးစက်သော အကြည့်သည် သူ့ကို တစ်ကိုယ်လုံး အေးစက်သွားစေပြီး ဦးနှောက်မှာလည်း မိုက်ခနဲ ဖြစ်သွားသည်။

မိမိက ခုနက ဘာတွေပြောလိုက်မိတာလဲ... ဘယ်လိုလုပ်ပြီး ဒီလိုစကားတွေ ရုတ်တရက် ပြောထွက်သွားရတာလဲ... သူသည် မျက်နှာတွင် တောင့်တင်းသော အပြုံးတစ်ခုကို ညှစ်ထုတ်ကာ အခြေအနေကို ပြေလျော့စေရန် ကြိုးစားလိုက်သည်။ "ကျွန်တော်... ကျွန်တော် ခုနက..."

"မင်းမသွားသေးဘူးလား" ရေနစ်သူကို ဝါးကူထိုးခြင်းသည် မည်သည့်အဖိုးအခမျှ ပေးစရာမလိုပေ။ ဟော်တုံသည် အေးစက်စွာ ရယ်မောကာ စကားဖြတ်လိုက်သည်။ "မင်းရဲ့ခွေးခြေထောက်ကို ငါတို့ရိုက်ချိုးပေးလိုက်ရမလား"

စွန်းရှောင်ဝူ၏ မျက်နှာသည် အမျိုးမျိုးပြောင်းလဲနေသည်။ သူသည် ဤအခြေအနေသို့ ရောက်ရှိလာပြီးနောက် ဤနေရာတွင် ဆက်လက်နေထိုင်နိုင်တော့မည် မဟုတ်ကြောင်း နားလည်သွားသည်။ သူက အဝေးမှ သေမသေ မသိသေးသော လော်ယွမ်ကို ကြည့်လိုက်ပြီးနောက် ခုနက ရက်စက်ကြမ်းကြုတ်သော လူတစ်စုကို ပြန်စဉ်းစားမိရာ သူ၏မျက်နှာတွင် ရုတ်တရက် ဟဲဟဲဟု ရယ်မောလိုက်သည်။ "ရတယ်လေ... ငါသွားမယ်... အချိန်ကျလို့ မင်းတို့နောင်တမရရင်ပြီးတာပဲ"

သူသည် ရယ်မောရင်း လူတိုင်းကို လက်ညှိုးဖြင့် တထိုးထိုးလုပ်ကာ မျက်နှာတွင် အဓိပ္ပာယ်မသိသော အေးစက်သော အပြုံးတစ်ခုကို ဆောင်ထားသည်။ သူသည် ဖြည်းညင်းစွာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီးနောက် လှည့်ကာ အိမ်ကြီးဆီသို့ အသက်လုပြေးသွားရာ မကြာမီမှာပင် တံခါးဝတွင် ပျောက်ကွယ်သွားသည်။

ထိုအခါ အားလုံးမျက်နှာ ပျက်သွားသည်။

စွန်းရှောင်ဝူသည် ဤနေရာရှိ အကြောင်းအရာအားလုံးကို သိထားသည်။ ယခု လော်ယွမ်သည်လည်း သေမသေ မသိရသေးပေ။ အကယ်၍ ဤနေရာမှ အကြောင်းအရာများကို ဖော်ကောင်လုပ်လိုက်ပါက အကျိုးဆက်မှာ စဉ်းစား၍မရနိုင်အောင် ဆိုးရွားလိမ့်မည်။ ထို့အပြင် သူထွက်ခွာသွားချိန်မှ အပြုအမူအရ ဤသို့သောလုပ်ရပ်မျိုး လုပ်မည်မှာ သေချာသည်။

"ခွေးမသား... ကျေးဇူးကန်းတဲ့ကောင် သူ့ကို မလွှတ်ပေးသင့်ဘူး" ဟော်တုံက အံကြိတ်ကာ ပြောလိုက်သည်။

သူတို့သည် တရားဥပဒေစိုးမိုးသော လူနေမှုဘဝမှ ထွက်ခွာလာသည်မှာ မကြာသေးသောကြောင့် လူသတ်ခြင်းကဲ့သို့သော ကိစ္စများကို ကျင့်သားရသေးပေ။ မထင်မှတ်ဘဲ တစ်ခဏတာ စိတ်ပျော့မှုကြောင့် ဤသို့သော အကျိုးဆက်မျိုး ဖြစ်ပေါ်လာမည်ဟု မထင်ထားခဲ့ပေ။

"ဧရာမ ဖွတ်ကြီး ရှိနေသရွေ့ အဲ့လူတွေက လောလောဆယ် ဘာမှမလုပ်ရဲသေးဘူး" ချောင်လင်၏ မျက်နှာမှာ ပျက်နေသော်လည်း အတတ်နိုင်ဆုံး တည်ငြိမ်အောင် ကြိုးစားကာ "အခုက အကိုယွမ်ရဲ့အခြေအနေပေါ်မူတည်တယ်... သူသတိရလာပြီးဖွတ်ကြီးကို အမိန့်ပေးနိုင်တာနဲ့ အားလုံးအဆင်ပြေသွားပြီ... လာ အကိုယွမ့်ကို အရင်သွားကြည့်ရအောင်" ဟု ပြောလိုက်သည်။

-----------------------------------------------------------

ထိုအချိန်တွင် ဟွမ်ကျားဟွေသည် ဧရာမ ဖွတ်ကြီး၏ ရှေ့သို့ ရောက်ရှိနေပြီဖြစ်သည်။ ပိုမိုနီးကပ်လေလေ သူ၏ကြီးမားမှုကို ပိုမိုခံစားရလေလေ ဖြစ်သည်။ မြေပြင်ပေါ်တွင် ဝပ်လျက်အနေအထားဖြင့်ပင်လျှင် သူသည် အမြင့်၁၅ပေ၊ အလျား၂၄ပေခန့်ရှိပြီး ထူထဲသော တံတိုင်းကြီးတစ်ခုကဲ့သို့ ရှိသည်။

ပုံမှန်အားဖြင့် ဟွမ်ကျားဟွေသည် ဧရာမ ဖွတ်ကြီးအနီးသို့ လုံးဝမချဉ်းကပ်ရဲပေ။ အနည်းငယ် နီးကပ်သွားရုံဖြင့်ပင် တစ်ကိုယ်လုံး ဖိအားပေးခံရပြီး အသက်ရှူရခက်ခဲလာသည်။ သို့သော် ယခုအခါ သူမ၏စိတ်ထဲတွင် လော်ယွမ်၏ လုံခြုံရေးအတွက် စိုးရိမ်နေသောကြောင့် ထိုအရာများကို ဂရုမစိုက်နိုင်တော့ပေ။

ဧရာမ ဖွတ်ကြီးသည် ပတ်ဝန်းကျင်တွင် သက်ရှိများ ချဉ်းကပ်လာသည်ကို ခံစားမိသောအခါ ကြည်လင်သော မျက်ခွံသည် ရုတ်တရက် ပွင့်လာပြီး အေးစက်သော မျက်လုံးကြီးတစ်စုံ ပေါ်ထွက်လာသည်။ သူသည် သေးငယ်သော သက်ရှိနှစ်ကောင်ကို စောင်းငဲ့ကြည့်လိုက်ပြီးနောက် မျက်လုံးများကို ဖြည်းညင်းစွာ ပြန်မှိတ်လိုက်သည်။

ဤသက်ရှိများသည် ယခင်က သူ၏အဓိက အစားအစာရင်းမြစ် ဖြစ်ခဲ့သည်။ သူ၏သနားစရာကောင်းသော ဦးနှောက်တွင် မည်မျှစားသုံးခဲ့သည်ကို မမှတ်မိတော့ပေ။ အကယ်၍ ကံကောင်းထောက်မစွာ ဤသက်ရှိများထဲမှ အကြောက်မက်ဖွယ်အကောင်းဆုံး တစ်ဦးနှင့် တွေ့ဆုံပြီး လက်နက်မချခဲ့ပါက ယခုအချိန်တွင်ထိပင် စားသုံးမိနေဆဲ ဖြစ်နိုင်သည်။

ဧရာမ ဖွတ်ကြီးအတွက် ဤသို့သော အစားအစာသည် အမှန်တကယ်တွင် မကောင်းလှပေ။ အသားမှာ ပျော့အိပြီး အရသာမရှိသည့်အပြင် ဗိုက်လည်းမပြည့်ပေ။ စားပြီး မကြာမီမှာပင် ဆာလောင်လာတတ်ပြီး အမှန်တကယ် မတတ်သာသည့်အခါမှသာ စားသုံးလေ့ရှိသည်။ ယခုမူ သူသည် ဤအစားအစာအပေါ်တွင် စိတ်ဝင်စားမှုမရှိတော့ပေ။

အမှန်စင်စစ် မည်မျှပင် ဆာလောင်စေကာမူ သူသည် လူများကိုထပ်မံမစားရဲတော့ပေ။ အကြိမ်ပေါင်းများစွာ နာကျင်ခံစားရသော ပြစ်ဒဏ်များကို ခံစားပြီးနောက် သူ၏သနားစရာကောင်းသော ဉာဏ်ရည်သည် အချက်တစ်ချက်ကို မထင်မှတ်ဘဲ နားလည်သွားသည်။ ဤပျက်စီးလွယ်သော သက်ရှိများသည်လည်း ရန်စ၍မကောင်းသော သတ္တဝါများ ဖြစ်သည်။

ထိုနှစ်ယောက်သည် ခုနက ဧရာမ ဖွတ်ကြီး မျက်လုံးဖွင့်လိုက်သော မြင်ကွင်းကြောင့် ကြောက်လန့်တကြားဖြင့် မျက်နှာဖြူဖျော့သွားပြီး ချွေးများ တသွင်သွင်စီးကျကာ မြေပြင်ပေါ်သို့ ဖင်ထိုင်ကျလုနီးပါး ဖြစ်သွားသည်။

"ဘာမှမဖြစ်ဘူး... ဘာမှမဖြစ်ဘူး ဧရာမ ဖွတ်ကြီးက ငါတို့ကို သိတယ်" ဟွမ်ကျားဟွေသည် သူမ၏ရင်ဘတ်ကို ဖိကာ အသက်ရှူမဝဖြစ်ရင်း ပြောလိုက်သည်။

"ကို... ကိုကြီးယွမ်က သမီးကို ပြောဖူးတယ်... ဧရာမ ဖွတ်ကြီးက... လူသားမစားဘူးတဲ့... သူ့အပေါ်မှာ ထိုင်ပြီး ဆော့လို့တောင် ရသေးတယ်တဲ့" ခဏအကြာတွင် ဝမ်ရှီရှီသည် ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်သည်။ ခုနက သူမကို သေလုနီးပါး ကြောက်လန့်သွားစေခဲ့သည်။ ထိုတစ်ခဏတွင် သူမသည် သေတော့မည်ဟု ထင်လိုက်မိပြီး ယခုအချိန်အထိ ရင်တုန်မပြေသေးဘဲ ခန္ဓာကိုယ်မှာ အဖျားတတ်သကဲ့သို့ တုန်ယင်နေသည်။

"ဟုတ်တယ်...လော်ယွမ် ငါ့ကိုလည်းပြောဖူးတယ် ဧရာမ ဖွတ်ကြီးက ပုံမှန်ဆို အရမ်းလိမ္မာတာတဲ့" ဟွမ်ကျားဟွေက ထပ်ပြောလိုက်သည်။

နှစ်ယောက်သား အပြန်အလှန် အားပေးပြီးနောက် သတ္တိကို တစ်ဖန်ပြန်မွေးကာ ရှေ့သို့ဆက်လက် ချီတက်ကြသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ဟွမ်ကျားဟွေသည် တုန်ယင်စွာဖြင့် ဧရာမ ဖွတ်ကြီး၏ ချောမွေ့သော အကြေးခွံများကို ထိတွေ့လိုက်သည်။ "ပြောင်ချောနေတာပဲ... ခြေနင်းစရာနေရာလဲမရှိဘူး... သူ့ကျောပေါ် ဘယ်လိုတက်ရမှာလဲ"

"ဒါမှမဟုတ်... သမီးရဲ့ စိတ်စွမ်းအင်နဲ့ မချလိုက်ရမလား" ဝမ်ရှီရှီသည် တုန်ယင်စွာ ပြောလိုက်သည်။ သူမ၏အသံမှာပင် ပုံပျက်နေသည်။

ဟွမ်ကျားဟွေသည် တစ်ခဏမျှ တိတ်ဆိတ်သွားသည်။ ဤအခြေအနေသို့ ရောက်ရှိလာပြီးနောက် ဤနည်းလမ်းသာ ရှိတော့သည်။ သူမသည် ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။ "ဒါဆိုလည်း စမ်းကြည့်ရအောင်... သတိထားနော် သူပြုတ်ကျမသွားစေနဲ့"

စိတ်စွမ်းအင် လှုပ်ရှားသည်နှင့် တစ်ပြိုင်နက် ဧရာမ ဖွတ်ကြီးသည် တုံ့ပြန်မှုရှိလာသည်။ သူ၏မျက်ခွံသည် တစ်ချက်ပင့်တက်သွားပြီး ဤစွမ်းအားသည် သူ့ကို ကြီးမားသော ခြိမ်းခြောက်မှုမရှိကြောင်း တွေ့ရှိသောအခါ မျက်လုံးများကို တစ်ဖန်ပြန်မှိတ်လိုက်သည်။

ထို့နောက် နှစ်ယောက်သား မနိုင်တနိုင် ကြိုးစားပမ်းစား လုပ်ဆောင်ပြီးနောက် လေးလံသော လော်ယွမ်ကို မြေပြင်ပေါ်သို့ သတိကြီးစွာဖြင့် ချလိုက်နိုင်ခဲ့သည်။ တိုတောင်းသော တစ်မိနစ်အတွင်းမှာပင် နှစ်ယောက်လုံး၏ ကျောပြင်တွင် ချွေးများဖြင့် စိုရွှဲသွားသည်။

ထိုအချိန်တွင် အခြားသူများလည်း သတိကြီးစွာဖြင့် လျှောက်လာကြသည်။ ဧရာမ ဖွတ်ကြီးသည် မရိုင်းစိုင်းသော်လည်း အားလုံးက အသက်ပင် ပြင်းပြင်းမရှူရဲဘဲ ဤသတ္တဝါကြီးကို စိတ်အနှောက်အယှက်ဖြစ်သွားမည်ကို စိုးရိမ်နေကြသည်။

"ကျွန်မအရင်က သူနာပြုလုပ်ဖူးတယ်... ဒဏ်ရာတွေနဲ့ပတ်သတ်ပြီး အခြေခံလောက်တော့သိတယ်... အမဟွမ် ကျွန်မသူ့ကိုကြည့်လိုက်မယ်" ထိုအချိန်တွင် နင်းရှောင်ရမ်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။

ဟွမ်ကျားဟွေသည် စိတ်ထဲတွင် လေးလံစွာဖြင့် ခေါင်းညိတ်ကာ နေရာဖယ်ပေးလိုက်သည်။

နင်းရှောင်ရမ်သည် နီရဲနေသောမျက်နှာနှင့် လော်ယွမ်၏ အင်္ကျီကို ဖြေလိုက်သည်။ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသော ကျည်ကာအင်္ကျီကို မြင်သောအခါ လူတိုင်း အသက်ရှူမှားသွားကြသည်။

ဟွမ်ကျားဟွေက ပါးစပ်ကိုအုပ်ကာ မကြည့်ရက်ဘဲ မျက်နှာလွှဲလိုက်ပြီး မျက်ရည်များက မျက်နှာပေါ်မှ စီးကျလာသည်။

နင်းရှောင်ရမ်လည်း မျက်လုံးအနည်းငယ် နီရဲနေသည်။ သူမက အံကိုကြိတ်ကာ လေးလံသော ကျည်ကာအင်္ကျီကို အားကုန်ဆွဲချွတ်လိုက်ရာ လော်ယွမ်၏ သန်မာသော အပေါ်ပိုင်းခန္ဓာကိုယ် ပေါ်ထွက်လာသည်။ ရှည်လျားသော အသက်ရှူနှုန်းနှင့်အတူ သေးငယ်သိပ်သည်းသော ကြွက်သားအုပ်စုများက တစ်ခါတစ်ရံ တင်းမာ၊ တစ်ခါတစ်ရံ လျော့နေပြီး စနစ်ကျစွာပြုလုပ်ထားသော စက်ပစ္စည်းတစ်ခုကဲ့သို့ ခွန်အားနှင့် အနုပညာအလှတရားကို ဆောင်နေသည်။

နင်းရှောင်ရမ်သည် အသက်ကို ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး သူမ၏တုန်ယင်နေသော လက်ကလေးဖြင့် ရင်ဘတ်ကို ဖြည်းညင်းစွာ ဖိနှိပ်ကြည့်သည်။ ထို့နောက် ကျောဘက်ကို လှန်ကြည့်လိုက်ရာ ကျောဘက်တွင် အမည်းရောင်နှင့် ခရမ်းရောင်များဖြင့် ပြည့်နှက်နေသည်ကို တွေ့ရှိရသည်။

သူမက ကြောက်လန့်တကြားဖြင့် ပါးစပ်ကို အုပ်ထားမိပြီးနောက် သတိကြီးစွာဖြင့် တစ်ဖန်ပြန်စမ်းကြည့်သည်။ အချိန်အတော်ကြာမှ တုန်ယင်စွာဖြင့် ပြောလိုက်သည်။

"အကိုယွမ် သွေးအန်ထားတယ်... ကျောကိုကျောက်တုံးလိုအရာမျိုးနဲ့ ထိခိုက်မိထားတယ်... သူ့အရိုးတွေမကျိုးပေမယ့် ကလီစာတွေ ဒဏ်ဖြစ်နေလောာက်တယ်...သူအခုအဖျားတက်နေတယ်"

"ဒါဆို ဘယ်လိုလုပ်ကြမလဲ" ဝမ်ရှီရှီသည် ငိုသံဖြင့် ပြောလိုက်သည်။

"ဒီမှာ ဘာပစ္စည်းမှမရှိဘူး... ဆေးတောင်မရှိဘူး... သူဒီညကို ကျော်ဖြတ်နိုင်ပါစေလို့ပဲ ဆုတောင်းရတော့မယ်"

"မဟုတ်ဘူး...လော်ယွမ်က ဒီထက်ပြင်းတဲ့ဒဏ်ရာတွေတောင် ရဖူးတယ် အကြိမ်တိုင်းသူ ပြန်ကောင်းတာချည်းပဲ... ဒီတစ်ခါလည်း သူဘာမှဖြစ်မှာ မဟုတ်ဘူး" ဟွမ်ကျားဟွေသည် စိတ်ဓာတ်ကျလုနီးပါး ဖြစ်နေပြီး သူ၏လက်ကို ပြေးဆွဲပြီး လှုပ်ယမ်းကာ "လော်ယွမ် အမြန်သတိရပါတော့... ရှင်ဘာမှမဖြစ်ဘူးဆိုတာ ကျွန်မသိတယ်" ဟု ပြောလိုက်သည်။

ဝမ်ရှီရှီသည် ငိုလွန်းသောကြောင့် အသက်ရှူပင် မမှန်တော့ပေ။

ဟော်တုံသည် အကြေးခွံများဖြင့် ဖွဲ့စည်းထားသော ကျည်ကာအင်္ကျီအပိုင်းအစတစ်ခုကို တိတ်ဆိတ်စွာ ကောက်ယူပြီး အားကုန်ကွေးကြည့်လိုက်ရာ ဘာမျှမဖြစ်သည်ကို တွေ့ရှိရသည်။ အားကုန်သုံးမှသာ အနည်းငယ် ကွေးသွားသည်။

သူ၏စိတ်ထဲတွင် ထိတ်လန့်သွားသည်။ ဤမျှလောက် ကာကွယ်မှုအားကောင်းသော ကျည်ကာအင်္ကျီပင်လျှင် ကွဲကြေသွားသည်ကို ကြည့်လျှင် လော်ယွမ် ထိုစဉ်က မည်သို့သော တိုက်ခိုက်မှုကို ခံခဲ့ရသည်ကို မတွေးဝံ့တော့ပေ။ ယခုအချိန်အထိ မသေသေးခြင်းသည်ပင်လျှင် အံ့ဖွယ်တစ်ခု ဖြစ်သည်။

အားလုံးက လော်ယွမ် မရလောက်တော့ဟု ခံစားနေရချိန်တွင် ဟွမ်ကျားဟွေသည် ရုတ်တရက် လော်ယွမ်၏လက် အနည်းငယ် လှုပ်ရှားသွားသည်ကို ခံစားလိုက်ရသည်။ ထို့နောက်တွင် သူမသည် လော်ယွမ် ဖြည်းညင်းစွာ မျက်လုံးဖွင့်ကာ ထထိုင်လိုက်သည်ကို မြင်လိုက်ရသည်။

သူက ဘေးဘီကို တစ်ချက်ကြည့်လိုက်ပြီးနောက် လူတိုင်းကို ကြည့်ကာ မျက်နှာတွင် နားလည်သွားသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။ "ငါခဏအိပ်ပျော်သွားတာ အိမ်တောင်ပြန်ရောက်နေတာပဲ... ငါဘာမှမဖြစ်ဘူး... အားလုံးအထဲဝင်ကြတော့"

ထို့နောက် လူတိုင်း၏ ကြောင်ငေးနေသော အကြည့်များကြားတွင် သူကမတ်တပ်ရပ်လိုက်သည်။ ဟွမ်ကျားဟွေနှင့် ဝမ်ရှီရှီတို့သည် မိမိတို့ကိုယ်ကို အရူးတစ်ယောက်ကဲ့သို့ ခံစားနေရသည်။ ခုနကပင် ငိုကြွေးနေခဲ့သော်လည်း ယခုမူ တစ်ဖက်လူက ဘာမှမဖြစ်သကဲ့သို့ မတ်တပ်ရပ်နေသည်။

"ရှင်တစ်ကယ်ဘာမှမဖြစ်ဘူးလား... ရှင့်ကျောက..." ဟွမ်ကျားဟွေသည် လော်ယွမ် အားတင်းထားသည်ဟု ထင်ကာ မယုံနိုင်စွာဖြင့် ပြောလိုက်သည်။

"ငါ့ဒဏ်ရာငါအသိဆုံးပါ... အကုန်လုံးကအပေါ်ရံတွေ ဘာမှကြီးကြီးမားမား မဟုတ်ဘူး" လော်ယွမ်က အင်္ကျီကို ကောက်ယူရင်း ဝတ်ရင်း ပြောလိုက်သည်။

သူက လျှို့ဝှက်ထားခြင်းလည်း မဟုတ်ပေ။ ကျောဘက်မှ ဒဏ်ရာသည် သူတစ်ပါးအမြင်တွင် ပြင်းထန်ပုံပေါ်သော်လည်း အမှန်တကယ်တွင် စနစ်အဆင့်မြှင့်တင်မှုနှင့်အတူ ပါလာသော ဒဏ်ရာပြန်ကောင်းအစွမ်းကြောင့် တစ်ဝက်ကျော်ခန့် ကောင်းမွန်နေပြီ ဖြစ်သည်။ ကျန်ရှိသောဒဏ်ရာများသည် သူ၏ကိုယ်ပိုင် ပြန်လည်ကုစားနိုင်စွမ်းဖြင့်ပင် ရက်အနည်းငယ်အတွင်း လုံးဝပျောက်ကင်းသွားမည် ဖြစ်သည်။

ထိုအချိန်တွင် သူ၏မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားပြီးနောက် မျက်လုံးများကို မှိတ်လိုက်သည်။ သူသည် သူ၏ခြေထောက်နှစ်ဖက် မြေကြီးနှင့်ထိလိုက်သည့်အခါ ရုတ်တရက် ဆန်းကြယ်သော ခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။ သူ၏ခြေအောက်မှ မြေကြီးသည် သူနှင့် ပေါင်းစပ်သွားသကဲ့သို့ ရှိပြီး မြေကြီး၏ လှုပ်ရှားမှုကိုပင် မထင်မှတ်ဘဲ ခံစားနေရသည်။

ဆက်ရန်...

All Chapters