အခန်း (၂၂၁-၂၂၄)
Vol. 12 Ch. 221-224
အပိုင်း(၂၂၁)အထီးကျန်ငှက်
လော်ယွမ် မထင်မှတ်ဘဲ အောင်မြင်သွားခဲ့သည်။ သူ၏စိတ်ထဲတွင် အနည်းငယ်လှုပ်ရှားသွားသော်လည်း မကြာမီပင် ငြိမ်သက်သွား၏။
သူက စိတ်ကိုတည်ငြိမ်အောင်ထားပြီး စိတ်စွမ်းအားကို စုစည်းရန် ပြင်ဆင်လိုက်သည်။ ပုံမှန်အချိန်များနှင့်နှိုင်းယှဉ်လျှင် ဤတစ်ကြိမ် စုစည်းမှုက အလွန်ပင် ခက်ခဲနေသည်။ စိတ်စွမ်းအားထဲတွင် အညစ်အကြေးများစွာ ရောနှောနေသကဲ့သို့ ခြေလှမ်းတိုင်းသည် ထစ်ငေါ့နေ၏။
ထိုအချိန်တွင် စိတ်အာရုံထဲမှ ပုံရိပ်ယောင်က ရုတ်တရက် ပြင်းထန်စွာ ပြောင်းလဲသွားသည်။ ကျိန်စာသည် ခြိမ်းခြောက်မှုကို ခံစားလိုက်ရဟန်တူပြီး ပြင်းထန်သော တန်ပြန်တိုက်ခိုက်မှုကို စတင်တော့သည်။ စိတ်ဝိညာဉ်ထဲတွင် ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ သူ၏စိတ်သည် ချက်ချင်း တုန်လှုပ်သွားပြီး အတွေးများ တဖျတ်ဖျတ် ပေါ်ပေါက်လာသည်။
လော်ယွမ်သည် စက္ကန့်အနည်းငယ်သာ ကြံ့ကြံ့ခံနိုင်ပြီးနောက် စိတ်စွမ်းအား ပြိုကွဲသွားကာ တရားထိုင်အခြေအနေမှ ချက်ချင်း ထွက်လိုက်သည်။
သူက မျက်လုံးဖွင့်လိုက်ပြီး အသက်ကို မနဲရှူသွင်းရင်း မျက်မှောင်ကို အနည်းငယ်ကြုတ်လိုက်သည်။ သို့သော် သူ နောက်တစ်ကြိမ် မျက်လုံးမှိတ်ကာ စစ်ဆေးကြည့်သောအခါ ကျိန်စာ၏ စောစောက စွမ်းအင်ပေါက်ကွဲမှုသည် အလဟဿမဟုတ်ကြောင်း တွေ့ရှိလိုက်ရသည်။ ထိုပေါက်ကွဲမှုကြောင့် ကျိန်စာ၏စွမ်းအင်များစွာ ကုန်ဆုံးသွားဟန်တူပြီး စိတ်ထဲမှ ပုံရိပ်ယောင်သည် အတော်အတန် ဝေဝါးသွားကာ ဝေဝါးသော ပုံရိပ်အချို့မှာမူ လုံးဝပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ဤစွမ်းအင်ကုန်ဆုံးမှုနှုန်းအရ လော်ယွမ်သာ နောက်ထပ် ငါးကြိမ်၊ ခြောက်ကြိမ်ခန့် ပြုလုပ်လိုက်ပါက ကျိန်စာ လုံးဝပျောက်ကွယ်သွားမည်ဟု ခန့်မှန်းနိုင်သည်။ ထိုမျှလောက် အကြိမ်အရေအတွက်ပင် လိုအပ်ချင်မှ လိုအပ်ပေမည်။ ကျိန်စာ တဖြည်းဖြည်း အားနည်းလာသည်နှင့်အမျှ သူ၏စိတ်စွမ်းအားသည်လည်း စွမ်းအင်များ ပိုမိုထုတ်လွှတ်နိုင်လာမည်ဖြစ်သည်။ ဤသည်မှာ တစ်ခုတိုး တစ်ခုလျော့ ဖြစ်စဉ်တစ်ခုဖြစ်ပြီး စွမ်းအင်မျှခြေ ပျက်စီးသွားသောအခါ စိတ်စွမ်းအားကို မစုစည်းဘဲနေလျှင်ပင် ကျိန်စာက အလိုအလျောက် ပြိုကွဲသွားပေလိမ့်မည်။
သူက နောက်တစ်ကြိမ် ဆက်လက်ကြိုးစားရန် ပြင်ဆင်နေစဉ်မှာပင် အပြင်ဘက်မှ ဒေါသတကြီး ဟိန်းဟောက်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
"အဲ့တာ... ဧရာမဖွတ်ကြီးအသံပဲ"
လော်ယွမ်သည် များများစားစားမစဉ်းစားနိုင်တော့ဘဲ ကျန်းမာတောက်ဓားကို ဆွဲကိုင်လိုက်ပြီး သူ၏ကိုယ်သည် အနည်းငယ် ဝေဝါးသွားကာ ကျောက်ဂူထဲမှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ နေရာတွင် လေပွေတစ်ခုသာ ကျန်ရစ်ခဲ့၏။
စင်္ကြံလမ်းသို့ ရောက်သည်နှင့် သူက ကောင်းကင်မှ ထူးခြားမှုကို ခံစားလိုက်ရသည်။ အရွယ်အစားကြီးမားပြီး ထူးဆန်းသည့် အစိမ်းရောင်ငှက်ကြီးနှစ်ကောင်သည် ကောင်းကင်တွင် အဆက်မပြတ် ဝဲပျံနေပြီး ဧရာမတောင်ပံကြီးများက ကောင်းကင်တစ်ဝက်ကိုပင် ဖုံးလွှမ်းထားသကဲ့သို့ ထင်မှတ်ရသည်။
ဤနေရာမှ ပြင်းထန်သောသွေးညှီနံ့နှင့် အလောင်းများက သန္ဓေပြောင်းသတ္တဝါများ၏ အာရုံကို ဆွဲဆောင်ခဲ့ပြီဖြစ်ပြီး ထိုအထဲတွင် သန္ဓေပြောင်းငှက်နှစ်ကောင်လည်း ပါဝင်နေသည်။
ဧရာမဖွတ်ကြီး၏ တစ်ကိုယ်လုံးရှိ ကြွက်သားများမှာ တင်းမာနေပြီး အကျယ်ကြီး ဟိန်းဟောက်ကာ ခုန်ပေါက်နေသည်။ တခါတရံ ခုန်အုပ်မည့်ဟန် ပြုလုပ်နေပြီး အလွန်ပင် ဒေါသထွက်နေပုံရသည်။ သို့သော် ဧရာမဖွတ်ကြီး၏ စိတ်နေစိတ်ထားကို သိသော လော်ယွမ်ကမူ ၎င်းသည် ဟန်ပြခြိမ်းခြောက်နေခြင်းသာဖြစ်ကြောင်း သိနေသည်။ ကုန်းနေသတ္တဝါများသည် ပျံသန်းနိုင်သောသတ္တဝါများနှင့် ရင်ဆိုင်ရသောအခါ နဂိုဗီဇအားနည်းချက်ရှိပြီး ရန်သူမှာ နှစ်ကောင်ဖြစ်နေသောကြောင့် ပို၍ပင် ဆိုးရွားလှသည်။
"ဒီငှက်နှစ်ကောင်ရဲ့ ပစ်မှတ်က လူ့ဘီလူးကြီးတွေရဲ့ အလောင်းတွေဖြစ်မယ်... အန္တရာယ်တော့ သိပ်မရှိလောက်ဘူး... ဒါပေမဲ့ ဒီမှာ အလောင်းတွေ အရမ်းများနေတော့ သူတို့အရသာတွေ့သွားရင်... နောက်နေ့လည်းထပ်လာလိမ့်မယ်... ပြီးတော့ ဒီမှာ ဉာဏ်ပညာအသီးလည်း ရှိနေသေးတယ်... တကယ်လို့အဲ့ငှက်နှစ်ကောင်သာ စားမိသွားရင်..." လော်ယွမ်၏မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
သန္ဓေပြောင်းငှက်များသည် အချိန်အတော်ကြာ ဝဲပျံနေပြီးနောက် နောက်ဆုံးတွင် စိတ်ရှည်မှု ကုန်ဆုံးသွားဟန်တူသည်။ အနည်းငယ်ပိုကြီးသောငှက်က ရုတ်တရက် စူးရှသောအော်သံတစ်သံ ပြုလိုက်သည်။
"ဂီး"
အရွယ်အစားသေးသောငှက်သည် ကောင်းကင်တွင် ဆက်လက်ဝဲပျံနေပြီး သတိထားစောင့်ကြည့်နေပုံရသည်။ အနည်းငယ်ပိုကြီးသောငှက်မှာမူ ရုတ်တရက် တောင်ပံကို အနည်းငယ်ရုပ်သိမ်းလိုက်ပြီးနောက် လေးညှို့မှလွတ်ထွက်သွားသော မြားတစ်စင်းကဲ့သို့ ကောင်းကင်မှ တဟုန်ထိုး ဆင်းသက်လာတော့သည်။ ၎င်း၏ပစ်မှတ်မှာ အလောင်းပုံကြီးပင် ဖြစ်ကြောင်း ထင်ရှား၏။
သူကောင်းကင်မှ ထိုးဆင်းလာစဉ်တွင် သေးငယ်သောအရိပ်တစ်ခုသည် ကျောက်ဂူ၏စင်္ကြံလမ်းမှ ရုတ်တရက် ခုန်ချလိုက်သည်ကို ထိုငှက်သတိမပြုမိလိုက်ပေ။
"သေစမ်း" လော်ယွမ်သည် ကျောက်ဂူမှ ခုန်ချလိုက်သည်နှင့် ချက်ချင်း သတိပြန်ဝင်လာသည်။ သူသည် ယာယီအားဖြင့် စိတ်စွမ်းအားကို မစုစည်းနိုင်သေးသဖြင့် ယခင်ကဲ့သို့ စိတ်စွမ်းအားဖြင့် လေထဲတွင် အရှိန်လျှော့ချနိုင်မည်မဟုတ်ပေ။
သူက ပတ်ဝန်းကျင်ကို လျင်မြန်စွာ ကြည့်လိုက်ရာ အနီးအနားတွင် ကိုင်ဆွဲအားယူစရာ တစ်စုံတစ်ရာမျှမရှိဘဲ တွဲလောင်းကျနေသော နွယ်ပင်တစ်ပင်ပင် မရှိသည်ကို တွေ့လိုက်ရသည်။
သူခုန်ချလိုက်သောနေရာသည် မြေပြင်မှ ပေ၂၀ခန့်အကွာတွင်ရှိပြီး ဆယ့်လေးငါးထပ်တိုက်အမြင့်ခန့်ရှိသည်။ ဤမျှမြင့်မားသောအမြင့်မှ သံပြားတစ်ချပ်ပင် ပြုတ်ကျလျှင် ပုံပျက်သွားပေလိမ့်မည်။
"ငါပြုတ်ကျတော့ မသေလောက်ဘူးမလား... အဲ့လိုသာသေရင်တော့ အသေဆိုးနဲ့သေတယ်ပဲပြောရမယ်" သူက စိတ်ထဲတွင် မိမိကိုယ်မိမိ လှောင်ပြောင်လိုက်သည်။ လေပြင်းများ တဟူးဟူးတိုက်ခတ်လာပြီး သူသည် မြေပြင်နှင့် တဖြည်းဖြည်း နီးကပ်လာသည်။ သို့သော် သူ၏မျက်နှာပေါ်တွင် စိုးရိမ်ထိတ်လန့်သော အမူအရာများများစားစား ရှိမနေပေ။
သူ၏ကျဆင်းနှုန်းက သိပ်မမြန်ကြောင်းကို သူ သတိပြုမိလိုက်သည်။ ထိုနှုန်းကိုသူက လုံးဝတုံ့ပြန်နိုင်စွမ်းရှိပုံရ၏။
ပေ၃၀...
သူက အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပြီး ကိုယ်ကိုတည့်မတ်ကာ ဒေါင်လိုက်အနေအထားဖြင့် ကျဆင်းလိုက်သည်။
၁၅ပေ...
သူ၏ကိုယ်ကို ဆန့်တန်းလိုက်ပြီး ခြေဖျားကိုဆန့်ထုတ်ကာ ဒူးကိုအနည်းငယ်ကွေးလိုက်သည်။
၃ပေ...
သူ၏လက်များက ခေါင်းကိုစတင်ကာကွယ်လိုက်ပြီး တစ်ကိုယ်လုံးရှိကြွက်သားများသည် အပြင်ပန်းတွင် ပျော့ပျောင်းနေသော်လည်း အတွင်းတွင် တင်းမာနေသည်။
နောက်တစ်ခဏတွင် ကြောက်မက်ဖွယ်ကောင်းသော အားတစ်ခုက ခြေဖျားပေါ်သို့ ကျရောက်လာသည်။ သူ၏ခြေဖျားသည် မြေနှင့်ထိသည်နှင့် ချက်ချင်းပြန်ကြွလိုက်ပြီးနောက် ထိုအားသည် ဒူးခေါင်း၊ ခါး စသည်ဖြင့် တစ်ကိုယ်လုံးရှိကြွက်သားများမှတစ်ဆင့် အဆင့်ဆင့် အားလျှော့ချကာ ကြီးမားသောလှုပ်ရှားစွမ်းအင်ကို ပျောက်ကွယ်သွားစေသည်။ သူသည် လေးငါးပတ်ခန့် လိမ့်သွားပြီးနောက် လျင်မြန်စွာ ထရပ်ကာ ရှေ့သို့ တဟုန်ထိုးပြေးထွက်သွားရာ တစ်ကိုယ်လုံးတွင် ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာမျှ မရှိပေ။
လျင်မြန်မှုအဆင့် ၁၅ သို့ရောက်ရှိပြီးနောက် သူ၏အမြန်နှုန်းသည် သိသိသာသာ ပိုမိုမြန်ဆန်လာခဲ့သည်။ တဟုန်ထိုးမောင်းနှင်သွားသော အမြန်ရထားတစ်စင်းအလား သူ၏နောက်တွင် ဖုန်မှုန့်များ လွင့်ပျံနေပြီး မြက်ပင်များမှာ လွင့်စဉ်ထွက်သွားမတတ်ပင်။ အသက်ရှူချိန် နှစ်ကြိမ်၊ သုံးကြိမ်အတွင်းမှာပင် ပေ၃၀၀အကွာအဝေးကို ဖြတ်ကျော်သွားခဲ့သည်။
ထိုအချိန်တွင် ငှက်ကြီးသည်လည်း မြေပြင်သို့ ထိုးဆင်းကျရောက်လာပြီး သံမဏိကဲ့သို့မာကျောသော ခြေသည်းများနှင့် လူ့ဘီလူးကြီး၏အလောင်းကို ဆုပ်ကိုင်လိုက်သည်။ ထက်ရှသောခြေသည်းများက လူ့ဘီလူးကြီး၏ရင်ဘတ်ကို ဖောက်ထွင်းဝင်ရောက်ကာ နောက်တစ်ကြိမ် ပျံတက်ရန် ကြိုးစားစဉ်မှာပင် မျက်စိတစ်မှိတ်အတွင်း လော်ယွမ်၏ခြေထောက်နှစ်ဖက်မှ စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ရုတ်တရက် ပေ၂၀အမြင့်သို့ ခုန်တက်လိုက်သည်။ သူ၏လက်က ကိုယ်ကိုတစ်ချက်ပွတ်သပ်လိုက်ရာ လှံတိုတစ်ချောင်းသည် သူ၏လက်ထဲသို့ ရောက်ရှိလာသည်။ မြေသို့မကျသေးဘဲ လေထဲတွင်ရှိနေစဉ်မှာပင် သူ၏ခါးကိုလိမ်ကာ တစ်ကိုယ်လုံး၏စွမ်းအားကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။ နောက်တစ်ခဏတွင် လှံတိုသည် လျှပ်စီးလက်သကဲ့သို့ ကောင်းကင်ကို ဖြတ်သန်းသွားပြီး ပေ၁၀၀အမြင့်သို့ ပျံတက်သွားသော ငှက်ကြီးကို ချက်ချင်း ထိမှန်သွားတော့သည်။
မာကျောလှသော လှံတိုသည် ထိမှန်သည်နှင့်တစ်ပြိုင်နက် ကြေမွသွားပြီး ငှက်ကြီး၏ရင်ဘတ်လည်း တစ်ပါတည်း ကြေမွသွားသည်။ မျက်နှာသစ်ဇလုံအရွယ်ခန့်ရှိသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားပြီး အရိုးများစွာလည်း ကျိုးကြေသွားသည်။ ဤမျှပြင်းထန်သောဒဏ်ရာသည် ဤဧရာမသန္ဓေပြောင်းငှက်ကြီးအတွက်ပင်လျှင် သေစေလောက်သောဒဏ်ရာပင် ဖြစ်သည်။
"ဂီးးးး" ရုတ်တရက်ဘေးအန္တရာယ်နှင့်ကြုံတွေ့ရသဖြင့် ငှက်ကြီးသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် တောင်ပံကို နှစ်ချက်ခတ်ကာ ခုခံနိုင်စွမ်းမရှိဘဲ မြေပြင်ပေါ်သို့ တိုက်ရိုက် ပြုတ်ကျသွားတော့သည်။
အဝေးသို့ ဆုတ်ခွာသွားသော ဧရာမဖွတ်ကြီးသည် အခွင့်အရေးရသည်နှင့် တဟုန်ထိုးပြေးဝင်လာပြီး ငှက်ကြီး၏လည်ပင်းကို တစ်ချက်ကိုက်ကာ အားဖြင့် အကြိမ်အနည်းငယ် ဆွဲဖြဲလိုက်ရာ လည်ပင်းတစ်ခုလုံး ပြတ်ထွက်သွားပြီး သွေးများ ပန်းထွက်ကုန်သည်။ ထို့နောက် ဧရာမဖွတ်ကြီးသည် ထိုငှက်ကြီး၏ဦးခေါင်းကိုချီကာ လော်ယွမ်ရှေ့သို့ ပြေးလာပြီး ခေါင်းကိုယမ်းကာ အမြီးကိုလှုပ်ခါလျက် သူ၏စွမ်းဆောင်ရည်ကို ဂုဏ်ယူဝင့်ကြွားနေသကဲ့သို့ ပြုမူနေတော့သည်။
ငှက်ကြီးနှစ်ကောင်သည် ရင်းနှီးသောဆက်ဆံရေးရှိပြီး အဖော်များဖြစ်ကြဟန်တူသည်။ ငှက်ကြီးတစ်ကောင် ဒဏ်ရာရသွားသည်ကိုမြင်သောအခါ ကောင်းကင်တွင် ကင်းစောင့်နေသော အခြားတစ်ကောင်သည် ကယ်တင်ဖို့ အောက်သို့ဆင်းလာရန် ပြင်ဆင်နေသည်။ သို့သော် ဧရာမဖွတ်ကြီး၏ ရက်စက်ကြမ်းကြုတ်သော အပြုအမူကို မြင်သောအခါ ကြောက်လန့်တကြားဖြင့် ချက်ချင်းရပ်တန့်လိုက်ပြီး ကောင်းကင်သို့ ပြန်လည်ပျံတက်သွားသည်။
"အခြေအနေကို နားမလည်တဲ့ကောင်ပဲ... တခါတည်း တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖြစ်နိုင်တာကို" လော်ယွမ်သည် ဒေါသအနည်းငယ်ထွက်သွားသည်။ သို့သော် ခေါင်းကိုယမ်းကာ အမြီးကိုလှုပ်ခါနေသော ဧရာမဖွတ်ကြီးကို ကြည့်ရင်း သူလည်း အပြစ်မတင်နိုင်တော့ပေ။ ၎င်းသည် ဤမျှလောက် ဉာဏ်မမီသေးသည့်အပြင် မကြာသေးမီက အလုပ်အလွန်ကြိုးစားလုပ်ကိုင်ခဲ့ရသေးသည်။
သူက ကောင်းကင်သို့ မော့ကြည့်လိုက်ရာ ကျန်ရှိနေသေးသော ငှက်ကြီးတစ်ကောင်သည် ကောင်းကင်တွင် အဆက်မပြတ် ဝဲပျံနေပြီး ဝမ်းနည်းကြေကွဲစွာ အော်မြည်နေသည်။
လော်ယွမ်သည် တစ်နာရီခန့် မတ်တပ်ရပ်နေသော်လည်း ထိုငှက်ကြီးသည် ထွက်ခွာမသွားသေးပေ။
သူ၏မျက်နှာသည် တဖြည်းဖြည်း တည်ကြည်တင်းမာလာသည်။ သန္ဓေပြောင်းသတ္တဝါအများစုသည် အလွန်အငြိုးကြီးတတ်ကြသည်။ ဤတစ်ကြိမ်သင်ခန်းစာသည် ၎င်းကို လုံလောက်သောသတိပေးမှုဖြစ်စေရန် သူ မျှော်လင့်မိသည်။ သို့မဟုတ်ပါက နောက်ပိုင်းတွင် ဒုက္ခရောက်ပေလိမ့်မည်။ ကောင်းကင်မှရန်သူတစ်ဦး၏ အမြဲတမ်းစောင့်ကြည့်ခြင်းကို ခံရခြင်းက လွယ်ကူသောကိစ္စမဟုတ်ပေ။
လော်ယွမ်က မကြောက်သော်လည်း အခြားသူများအတွက် အန္တရာယ်ရှိပေသည်။
ဆက်ရန်...
အပိုင်း(၂၂၂) ဆားကျောက်
ဤမျှ ကြီးမားသော လှုပ်ရှားမှုသည် လူတိုင်းကို လန့်နိုးသွားစေသည်မှာ သဘာဝပင်ဖြစ်သည်။
လူတိုင်းသည် လက်နက်များကို ကိုင်ဆောင်ကာ တင်းမာသော အမူအရာများဖြင့် ဤနေရာသို့ သတိဖြင့် ပြေးလာကြသည်။ မည်သူမဆို ဦးခေါင်းအထက်၌ အလွန်အမင်း ကြမ်းကြုတ်ရက်စက်သော ငှက်ကြီးတစ်ကောင် ဝဲပျံနေပြီး အချိန်မရွေး လူကို ကိုက်ဖြတ်စားသောက်တော့မည့်အလား မြင်တွေ့ရလျှင် မည်သူမျှ အေးအေးဆေးဆေးနေနိုင်မည် မဟုတ်ချေ။
"ဘာဖြစ်တာလဲ" ဟွမ်ကျားဟွေသည် ကောင်းကင်မှ ဝဲပျံနေသော ငှက်ကြီးကို အလျင်အမြန် တစ်ချက် လှမ်းကြည့်လိုက်ပြီး အနည်းငယ် ကြောက်လန့်တကြားဖြင့် မေးလိုက်သည်။
"ပြဿနာနည်းနည်းဖြစ်သွားတာပါ... ငါသူ့အဖော်ကို သတ်မိလိုက်လို့" ဟွမ်ကျားဟွေကိုမူ လော်ယွမ်သည် ဖုံးကွယ်ထားစရာမရှိချေ။ သူက မည်းမှောင်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ "ဒီအတောအတွင်း အားလုံးသတိဝီရိယနဲ့နေကြ... ဒီငှက်ကြီးက ငါတို့ကိုပစ်မှတ်ထားနေလောက်ပြီ"
ငှက်ကြီးသည် ပုံမှန်အတိုင်း ဝဲပျံနေသည့်အတွက် နေမင်းသည် တစ်ခါတစ်ရံ ငှက်ကြီး၏ တောင်ပံများကြောင့် ဖုံးကွယ်သွားပြီး အောက်ဘက်၌ အလင်းအမှောင်များ ပြောင်းလဲနေကာ လေပြင်းများ မရပ်မနား တိုက်ခတ်နေသည့်အတွက် လူတိုင်းကို ကြီးမားသော ဖိအားကို ခံစားနေရစေသည်။
အထူးသဖြင့် ငိုယိုနေသည့်အလား စူးရှသော အော်မြည်သံကြောင့် လူတိုင်း၏ မျက်နှာသည် ကြည့်ရဆိုးနေပြီး ပတ်ဝန်းကျင်သည် ဖိစီးမှုတစ်မျိုးဖြင့် ပြည့်နှက်နေသည်။
"ခေါင်းဆောင်ယွမ်... တခြားနည်းလမ်းမရှိတော့ဘူးလား" ဟော်တုံက သတိဖြင့် မေးလိုက်သည်။
"ကျွန်တော်သူ့ကို အသာလေးရှင်းလိုက်လို့ရတယ်... ဒါပေမဲ့သူကောင်းကင်မှာပဲ နေနေသရွေ့ကျွန်တော် ဘာမှလုပ်မရဖြစ်နေတာ" ဤသို့ပြောပြီးနောက် လော်ယွမ်က ခဏရပ်တန့်လိုက်ပြီး ဆက်ပြောသည်။ "သူ့ကိုအောက်ဆင်းလာအောင်... မျှားခေါ်နိုင်မှပဲဖြစ်မယ်"
အချိန်အကြာကြီး ဝဲပျံနေသည့်အတွက် ငှက်ကြီးကနောက်ဆုံးတွင် စိတ်ရှည်မှု ကုန်ဆုံးသွားပြီ ဖြစ်မည်။ ၎င်းသည် အကြိမ်အနည်းငယ် ဝဲပျံပြီးနောက် ရုတ်တရက် ခန္ဓာကိုယ်ကို အနည်းငယ် ဖိနှိမ့်ချလိုက်ပြီး တောင်ပံများကို ပြင်းထန်စွာ ခတ်လိုက်ရာ ပြင်းထန်သော လေပြင်းကို ဖြစ်ပေါ်စေခဲ့သည်။ တစ်ကီလိုမီတာ ပတ်လည်အတွင်း၌ အဆင့် ခုနစ်၊ ရှစ်ရှိသော တိုင်ဖွန်းမုန်တိုင်းတစ်ခု ချက်ချင်း တိုက်ခတ်လိုက်သည့်အလားပင် တစ်ခဏအတွင်းမှာပင် သဲများ၊ ကျောက်စရစ်ခဲများ လွင့်ပါးသွားပြီး ဖုန်မှုန့်များ ကောင်းကင်၌ ပြည့်နှက်သွားကာ လူတိုင်းကို မျက်လုံးဖွင့်၍မရအောင် ပြုလုပ်လိုက်သည်။
လော်ယွမ်သည် တစ်ဖက်မှ တိုက်ခိုက်တော့မည်ဟု ထင်မှတ်နေစဉ်မှာပင် ၎င်းသည် ရုတ်တရက် တောင်ပံခတ်၍ မြင့်မားစွာ ပျံတက်သွားပြီး အသက်ရှူအနည်းငယ်အတွင်းမှာပင် မျက်စိဖြင့် မမြင်နိုင်သော အစက်အပြောက်ငယ်လေးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် အရိပ်အယောင်မရှိဘဲ ပျောက်ကွယ်သွားသည်။
"နောက်ဆုံးတော့ သူသွားပြီ" ချောင်လင်းက သက်ပြင်းချလိုက်ပြီး တစ်ကိုယ်လုံး ဖြေလျှော့လိုက်သည်။
"ဒီလောက် မလွယ်လောက်ဘူး... ခေါင်းဆောင်ယွမ် ပြောသလိုပဲ... သန္ဓေပြောင်းသတ္တဝါတော်တော်များများက လက်စားချေလိုစိတ် အရမ်းပြင်းတယ်... ဒဏ်ရာနဲ့ထွက်ပြေးသွားရင်တောင် ဒဏ်ရာပျောက်တာနဲ့ ကလဲ့စားချေဖို့ ပြန်လာတတ်တယ်"
"ပိုဆိုးတာက အဆင့်မြင့် သန္ဓေပြောင်းသတ္တဝါတွေက အချင်းချင်းဆက်သွယ်နိုင်ကြတဲ့ပုံပဲ... အဲ့ဒီလိုသာဆိုရင် ငါတို့ရင်ဆိုင်ရမှာက သန္ဓေပြောင်းငှက်တစ်ကောင်တည်း မဟုတ်တော့ဘဲ တစ်အုပ်လုံး ဖြစ်သွားနိုင်တယ်... ဒီအတောအတွင်းငါတို့သတိမပြတ်ထားမှဖြစ်မယ်... လုံးဝ ပေါ့ဆလို့မရဘူး" တပ်ခွဲမှူးရှသည် မကောင်းသော အဖြစ်အပျက်အချို့ကို ပြန်တွေးမိဟန်ဖြင့် မျက်နှာမည်းမှောင်စွာဖြင့် ပြောလိုက်သည်။
သူသည် တစ်ဦးချင်းယှဉ်လျှင် အစွမ်းအစသိပ်မရှိသော်လည်း သန္ဓေပြောင်းသတ္တဝါများကို တိုက်ခိုက်ရသည့် ရှေ့တန်းမှ စစ်သားတစ်ဦးအနေဖြင့် သူ၏ စစ်ပွဲအတွေ့အကြုံသည် လော်ယွမ်ထက်ပင် ပို၍ ကြွယ်ဝပေသည်။
လော်ယွမ်က ခေါင်းညိတ်လိုက်သည်။ "တပ်ခွဲမှုးရှပြောတာမှန်တယ်... အဲ့လိုဖြစ်နိုင်ချေကနည်းပေမယ့် အဆိုးဆုံးအခြေအနေအတွက် အားလုံးကြိုတင်ပြင်ဆင်ထားမှဖြစ်မယ်... ဒီရက်ပိုင်းအတွင်းဘယ်သူမှ အပြင်မထွက်ကြနဲ့... ရေနဲ့အစာကိုသေချာ သိုလှောင်ထားကြ"
သန္ဓေပြောင်းသတ္တဝါများ၏ ဉာဏ်ပညာကို လော်ယွမ်သည် မည်သည့်အခါမျှ လျှော့မတွက်ဝံ့ချေ။ ၎င်းတို့သည် လူသားများကို အံ့ဩမှင်သက်သွားစေသော အပြုအမူများကို ပြုလုပ်လေ့ရှိသည်။ ထို့အပြင် ဉာဏ်ပညာသစ်ပင်ကဲ့သို့သော ထူးခြားသည့် အပင်မျိုးလည်း ရှိနေသေးရာ လော်ယွမ်သည် လူသားတို့၏ ဉာဏ်ရည်ဉာဏ်သွေးက သန္ဓေပြောင်းသတ္တဝါများကို လုံးဝ အနိုင်ယူနိုင်သည်ဟု မယုံကြည်ဝံ့တော့ချေ။
..............................................................................
ငှက်အသေကြီးက တောင်ပံအလျား ပေ၉၀ကျော်ရှိပြီး ကောင်းကင်၌ ဝဲပျံနေစဉ်တွင် ကြီးမားသော ကန့်လန့်ကာကြီးတစ်ခုကဲ့သို့ ကောင်းကင်ကို ဖုံးလွှမ်းထားပြီး အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော်လည်း ကိုယ်အလေးချိန်မှာမူ တစ်တန်၊ နှစ်တန်ခန့်သာရှိပြီး လူ့ဘီလူးများထက် သိပ်မလေးလှချေ။ ဤသည်မှာ ငှက်မျိုးနွယ်များ၏ ကုန်းနေသတ္တဝါများနှင့် နှိုင်းယှဉ်လျှင် သဘာဝအရ အားနည်းချက်ပင်ဖြစ်သည်။ ကိုယ်အလေးချိန်နှင့် ပျံသန်းနိုင်သည့် အရှိန်ကြားထဲ၌ အပြန်အလှန် ချိန်ညှိရပေသည်။
ငှက်ကြီးကို လော်ယွမ်က အပိုင်းပိုင်းခုတ်ဖြတ်ပြီးနောက် တစ်ခုပြီးတစ်ခု သယ်ဆောင်သွားခဲ့ပြီး အမွှေးအတောင်အားလုံးကိုပင် အခြားအသုံးအဆောင်များအတွက် စုဆောင်းထားခဲ့သည်။
လော်ယွမ်သည် စောစောက အမျိုးအမည်ခွဲခြားအစွမ်းဖြင့် စစ်ဆေးကြည့်ရာ ဤသည်မှာ အစိမ်းနုရောင်အဆင့် သတ္တဝါတစ်ကောင်ဖြစ်ကြောင်း သိလိုက်ရသည်။ ဤသည်မှာ သူ ပထမဆုံးအကြိမ် ဤမျှအဆင့်မြင့်သော ငှက်အမွှေးအတောင်များကို စုဆောင်းရရှိခြင်းဖြစ်ပြီး အလွန်အမင်း တန်ဖိုးရှိလှသည်။
သို့သော် ဤသို့သော အဆင့်ရှိသည့် သတ္တဝါသည် စနစ်၏ အာရုံစိုက်မှုကို ရရှိရန် ခက်ခဲသွားခဲ့လေပြီ။ မတိုက်ခိုက်မီ စနစ်မှ မစ်ရှင်သတိပေးသံတစ်ချက်မျှပင် မထွက်ပေါ်ခဲ့ချေ။
သူ၏ မျက်နှာပေါ်၌ ခါးသီးသော အပြုံးတစ်ချက် ပေါ်ထွက်လာပြီး အဆင့်တက်ရန် တဖြည်းဖြည်း ခက်ခဲလာသည်ကို နားလည်လိုက်သည်။
............................................................................................................
လူတိုင်းသည် မျက်နှာများ ပင်ပန်းနွမ်းနယ်နေပြီး မျက်လုံးများ၌ သွေးကြောများဖြင့် ပြည့်နှက်နေသည်။ သို့သော် မည်သူမဆို လက်ရှိအခြေအနေ၏ အရေးကြီးပုံကို သိကြသည်။ ဤရှေးဟောင်းတောနက်ကြီးထဲ၌ နေထိုင်ရခြင်းသည် မည်သည့်အန္တရာယ်မဆို ကြီးမားသော ထိခိုက်သေဆုံးမှုကို ဖြစ်ပေါ်စေနိုင်သည်။
လူအများက ငှက်ကြီး၏ အလောင်းကို သယ်ဆောင်လာပြီးနောက် ရေကန်ထဲမှ ရေအများအပြားကို အကြိမ်ကြိမ် သယ်ဆောင်ကာ ကျောက်ဂူအလယ်မှ ချိုင့်ခွက်တစ်ခုထဲသို့ လောင်းထည့်လိုက်ကြသည်။ ဤချိုင့်ခွက်သည် မူလက လူ့ဘီလူးများ တူးထားသော ရေတွင်းဖြစ်ပြီး အတွင်း၌ ကြည်လင်သောရေများ အနည်းငယ် ရှိနေသေးသည့်အတွက် အချိန်ကုန်သက်သာစေခဲ့သည်။
ထင်းမှာမူ လုံးဝမရှားပါးချေ။ လူ့ဘီလူးများ ခုတ်လှဲထားသော ထင်းများက မီးကျင်းဘေး၌ တောင်ကုန်းငယ်တစ်ခုကဲ့သို့ စုပုံနေသည်။ ထို့အပြင် အနီးအနားမှ အပူချိန်မြင့်မားမှုကြောင့် နေ့ညမပြတ် အပူပေးခံထားရသည့်အတွက် ထင်းများသည် လုံးဝခြောက်သွေ့ကွဲအက်နေပြီး အလွန်အမင်း မီးလောင်လွယ်နေသည်။ လူ့ဘီလူးများကဲ့သို့ မီးပုံကြီးတစ်ခုအဖြစ် မဆင်မချင် အသုံးမပြုသရွေ့ အစားအစာ ချက်ပြုတ်ရန်အတွက်သာဆိုလျှင် တစ်သက်လုံးပင် သုံးကုန်မည်မဟုတ်ပေ။
နှစ်နာရီအတွင်းမှာပင် အသက်ရှင်ရေးအတွက် လိုအပ်သော ပစ္စည်းအားလုံးကို ပြင်ဆင်ပြီးစီးသွားခဲ့ပြီး အားလုံး အိမ်ပြင်မထွက်ဘဲ ဆယ်ရက်၊ တစ်လခွဲခန့် အသက်ရှင်နေထိုင်ရန်လုံလောက်သွားပြီဖြစ်သည်။ အားလုံးသည် ကမ္ဘာပျက်ကာလမှ လွတ်မြောက်လာသူများဖြစ်သည့်အတွက် ရှဉ့်များကဲ့သို့ ဆောင်းခိုရန် အစားအစာ သိုလှောင်သည့်နည်းလမ်းကို ရင်းနှီးကျွမ်းဝင်ကြပြီး အတွေ့အကြုံလည်း ကြွယ်ဝကြသည်။
ဤသည်မှာ တဆိတ် တအိတ်လုပ်သည်ဟု ထင်ရသော်လည်း လူတိုင်း၏ မျက်လုံးထဲ၌မူ အလွန်အမင်း ပုံမှန်ဖြစ်နေသည်။ ငြိမ်းချမ်းသောခေတ်မှ လူများသည် ကမ္ဘာပျက်ကာလမှ လူများ၏ စိတ်ကို နားလည်နိုင်မည်မဟုတ်ပေ။ ပုံဖော်၍ ဥပမာပေးရလျှင် ယခင်က ကြောက်မက်ဖွယ်ရာ အတွေ့အကြုံကြောင့် အလွန်အမင်း သတိကြီးနေပြီး အလွယ်တကူ ထိတ်လန့်တတ်သော စိတ်အခြေအနေမျိုးပင်ဖြစ်သည်။ ဤသည်မှာ လုံခြုံမှုမရှိသော စိတ်အခြေအနေတစ်မျိုးဟုလည်း ဆို၍ရသည်။
ယခုအခါတွင် လူတိုင်းကအနည်းငယ် ပြဿနာကြုံသည်နှင့် အန္တရာယ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မိမိကိုယ်ကို အရင်ဆုံး ကာကွယ်ပြီးမှသာလျှင် အခြေအနေကို စောင့်ကြည့်လေ့ရှိသည်။ ဤသို့သော အပြုအမူက လူတိုင်း၏ အရိုးထဲအထိ စိမ့်ဝင်နေပြီး ခြွင်းချက် အလွန်နည်းပါးလှသည်။
အဘယ်ကြောင့်ဆိုသော် ဤသို့ စိတ်ဓာတ်မရှိသော လူများက ကမ္ဘာပျက်ကာလ၌ သေဆုံးသွားခဲ့ကြပြီးဖြစ်သောကြောင့်ဖြစ်သည်။
...................................................................................................
ထိုအချိန်၌ လော်ယွမ်သည် အောင်နိုင်သူတစ်ဦး၏ အမူအရာဖြင့် အသစ်စက်စက် သိမ်းပိုက်ထားသော ဤလူ့ဘီလူးများ၏စခန်းကို သေသေချာချာ လေ့လာကြည့်ရှုရန် အားလပ်ချိန် ရရှိသွားခဲ့သည်။
ဤကျောက်ဂူသည် အလွန်ကြီးမားပြီး အတွင်း၌ နေထိုင်သူများမှာ လူ့ဘီလူးများဖြစ်သည့်အတွက် လူအုပ်စုအတွက်မူ အလွန်အမင်း ကျယ်ဝန်းနေသည်။
ဤသည်မှာ ကျောက်ဂူအားလုံးထဲမှ အကြီးဆုံးဖြစ်ပြီး ဤနေရာ၌ နေထိုင်သော လူ့ဘီလူးများ (ကျောက်ဂူတိုင်း၌ လူ့ဘီလူးအများအပြား နေထိုင်ကြသည်) ၏ အဆင့်အတန်းသည် မနိမ့်ကျသည်မှာ ထင်ရှားလှပြီး မျိုးနွယ်စုခေါင်းဆောင်ပင် ရှိနိုင်ပေသည်။
၎င်းသည် ပေ၂၀ခန့် မြင့်ပြီး ဧရိယာမှာ စတုရန်းမီတာ ထောင်ပေါင်းများစွာ ကျယ်ဝန်းသည်။ နေရာတစ်ခုလုံးကို ၁၂ပေခန့် တုတ်သော ကြီးမားသည့် ကျောက်တိုင် နှစ်ဆယ့်လေးတိုင်ဖြင့် ထောက်မထားပြီး ရှေးခေတ်၏ ကြမ်းတမ်းခန့်ညားသော အလှတရားတစ်မျိုးကို ဆောင်ကြဉ်းပေးနေသည်။
နံရံများ၏ ပတ်ပတ်လည်၌ ပုဆိန်နှင့် ဓားတို့ဖြင့် ထွင်းထုထားသော အရာများ ကျန်ရှိနေသေးသည်။ သက်တမ်း နှစ်နှစ်ပင် မပြည့်သေးသော လူ့ဘီလူးတစ်ကောင်က ဤသို့ ခမ်းနားထည်ဝါသော အဆောက်အအုံတစ်ခုကို တူးဖော်နိုင်ခဲ့သည်မှာ ယုံကြည်ရန် ခက်ခဲလှသည်။
နံရံပေါ်၌ ရိုးရှင်းသော ပန်းချီများ ကျန်ရှိနေသေးသည်။ နံရံဆေးရေးပန်းချီများ ဖြစ်နိုင်သကဲ့သို့ ရှေးဟောင်းစာလုံးများလည်း ဖြစ်နိုင်ပေသည်။ အလွန်အမင်း ကြမ်းတမ်းရိုးရှင်းသည့်အတွက် သူက မည်သည့်အရာ ရေးဆွဲထားသည်ကို ခွဲခြားမရနိုင်ချေ။ စက်လုံး သို့မဟုတ် လခြမ်းပုံသဏ္ဌာန်ရှိသော ပုံစံအချို့ကိုမူ သူ အနည်းငယ် ခန့်မှန်းနိုင်သော်လည်း အတွင်းမှ အဓိပ္ပာယ်ကို ခန့်မှန်းရန် စိတ်ဝင်စားမှုမရှိချေ။
ထို့အပြင် သူသည် ရှေးဟောင်းကိရိယာအများအပြားကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။ အများစုမှာ သစ်သားနှင့် ကျောက်တုံးများဖြစ်ပြီး သတ္တဝါသွားအချို့လည်း ရှိနေသည်။ လူ့ဘီလူးများ၏ စွမ်းအားမှာ အကန့်အသတ်ရှိသည့်အတွက် ဤပစ္စည်းများ၏ အဆင့်မှာ မမြင့်မားလှဘဲ အများဆုံးမှာ အစိမ်းနုရောင်အဆင့်သာဖြစ်ရာ သူ့ကို ဆွဲဆောင်နိုင်ခြင်းမရှိချေ။
လျှို့ဝှက်ချက်များကို စူးစမ်းလေ့လာခြင်းက ဤနေရာ၌ပင် အဆုံးသတ်သွားခဲ့သည်။ လူသားများအတွက်မူ ဤသို့သော ရိုးရှင်းသည့် ယဉ်ကျေးမှု၏ အခြေခံကို တစ်ချက်ကြည့်ရုံဖြင့် သိသာထင်ရှားပြီး မည်သည့်လျှို့ဝှက်ချက်မျှ မရှိချေ။
"ဟင်... ဒီမှာ လာကြည့်ကြပါဦး... ဒါက ဘာလဲ" ထိုအချိန်၌ ဝမ်ရှကွမ်က ရုတ်တရက် ဝမ်းမြောက်စွာဖြင့် ပြောလိုက်သည်။
လော်ယွမ်သည် ခြေလှမ်း၏ အကြိမ်နှုန်းကို တမင်တကာ ချိန်ညှိလိုက်ပြီး "ဖြည်းညင်းစွာ" လျှောက်သွားခဲ့သော်လည်း အရှိန်မှာမူ သာမန်လူထက် ပို၍ မြန်ဆန်နေသေးသည်။
ဤသည်မှာ ၁ပေခွဲခန့်မြင့်သော မီးခိုးဖြူရောင် ကျောက်တုံးတစ်တုံးဖြစ်ပြီး မျက်နှာပြင်၌ ထူထပ်သော ကျောက်သလင်းပုံစံ အမှုန်များဖြင့် ပြည့်နှက်နေသည်။ မျက်နှာပြင်တစ်ခုမှာမူ မကြာခဏ ပွတ်တိုက်ခံရသည့်အလား အလွန်အမင်း ချောမွေ့နေသည်။
လော်ယွမ် စစ်ဆေးခြင်းမပြုမီမှာပင် ဝမ်ရှကွမ်သည် ဓားမြှောင်ဖြင့် ညင်သာစွာ ခေါက်လိုက်ပြီး ပဲစေ့အရွယ်ခန့်ရှိသော မီးခိုးရောင် အမှုန်တစ်စကို ကောက်ယူလိုက်သည်။ ထို့နောက် လော်ယွမ်၏ အံ့ဩနေသော အကြည့်အောက်၌ သူမ၏ပန်းရောင်လျှာကို ထုတ်၍ ညင်သာစွာ လျက်လိုက်ပြီးနောက် ပါးစပ်ထဲသို့ ထည့်လိုက်သည်။
"အမြန်ပြန်ထွေးထုတ်... နင်သေချင်နေတာလား" လော်ယွမ်၏ မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားပြီး ရုတ်တရက် ထရပ်လိုက်ကာ လျှပ်စီးကဲ့သို့ သူမ၏ ပါးစပ်ကို ဆွဲကိုင်လိုက်ပြီး ထွေးထုတ်စေရန် ကြိုးစားလိုက်သည်။
"လွှတ်... ကျွန်မကိုလွှတ်... ရှင်လုပ်တာအရမ်းနာနေပြီ... ဒါကဆားတွေရှင့်" ဝမ်ရှကွမ်သည် လက်များ၊ ခြေများဖြင့် ရမ်းခါနေပြီး လက်နှစ်ဖက်ဖြင့် အားကုန်သုံး၍ တွန်းထုတ်နေသော်လည်း ထွေးမထုတ်ချေ။ လော်ယွမ်က သူမကို ထိခိုက်မိမည်စိုးသည့်အတွက် အားမသုံးဝံ့သဖြင့် သူမက လွတ်ထွက်သွားပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"ဘာ... ဆားဟုတ်လား"
လော်ယွမ်သည် အလျင်အမြန် ထိုင်ချလိုက်ပြီး အမျိုးအမည်ခွဲခြားအစွမ်း အသုံးပြုလိုက်သည်။
အမည် - ဆားကျောက် သို့မဟုတ် ကျောက်ဆား
ပါဝင်ပစ္စည်း - ဆိုဒီယမ်ကလိုရိုက် ၇၀%၊ မဂ္ဂနီဆီယမ်ကလိုရိုက် ၁၅%၊ ကယ်လ်စီယမ်ကလိုရိုက် ၁၁%၊ ကယ်လ်စီယမ်ကာဗွန်နိတ် ၃%
ရှားပါးမှု - မီးခိုးရောင်
အလေးချိန် - ၃၅၅ ကီလိုဂရမ်
အခြေပြုဓာတ် - မရှိ
အကဲဖြတ်ချက် - ဤသည်မှာ အညစ်အကြေးအများအပြား ပါဝင်သော ဆားကျောက်တစ်တုံးဖြစ်သည်။
လော်ယွမ် စစ်ဆေးနေစဉ်မှာပင် အားလုံး ဝိုင်းအုံလာကြပြီးဖြစ်သည်။
"ငန်တယ်ဟ... တကယ်ဆားပဲ"
"ပြီးတော့ နည်းတဲ့ဆားတုံးကြီး မဟုတ်ဘူး"
ထိုအချိန်အတွင်း၌ လူအချို့သည် မစောင့်ဆိုင်းနိုင်တော့ဘဲ တစ်တုံးကို တူးထုတ်ကာ ပါးစပ်ထဲသို့ ထည့်လိုက်ကြသည်။
လော်ယွမ် ထရပ်လိုက်သည့်အခါ ဤမြင်ကွင်းကို မြင်တွေ့ရပြီး ဘာပြောရမှန်းမသိဖြစ်သွားသည်။ ဝမ်ရှကွမ်တို့သာမက သာမန်အားဖြင့် အလွန်သတိကြီးသော ဟွမ်ကျားဟွေပင်လျှင် တစ်တုံးကို ယူ၍ ပါးစပ်ထဲသို့ ထည့်လိုက်ရာ သူပင်လျှင် တစ်တုံးကို ယူ၍ မြည်းစမ်းကြည့်ချင်စိတ် ပေါက်သွားသည်။
ဆားပြတ်လပ်မှုသည် တစ်ပတ်နီးပါး ကြာမြင့်ခဲ့လေပြီ။ သာမန်အချိန်များ၌ လူတိုင်းသည် သန္ဓေပြောင်းသတ္တဝါများ၏ သွေးကို အများအပြားသောက်သုံးခြင်းဖြင့် ဆားဓာတ်ကို ဖြည့်တင်းနိုင်ကြသည်။ သို့သော် ဤရက်ပိုင်းများအတွင်း၌ အပူချိန် ပြင်းထန်စွာ မြင့်တက်လာသည့်အတွက် လူ့ခန္ဓာကိုယ်သည် အချိန်တိုင်းနီးပါး ချွေးထွက်နေပြီး ချွေးများကြောင့် ဆားဓာတ်အများအပြား ဆုံးရှုံးသွားခဲ့သည်။ သွေးသောက်ခြင်းဖြင့် ဆားဓာတ်ဖြည့်တင်းခြင်းသည် လောင်နေသောမီးကို ရေတစ်ခွက်ဖြင့် လောင်းသကဲ့သို့ လုံးဝ မလုံလောက်တော့ချေ။ ခန္ဓာကိုယ်တွင်း အရည်၏ သိပ်သည်းမှု တဖြည်းဖြည်း ကျဆင်းလာသည်နှင့်အမျှ လူအချို့သည် ရေဓာတ်ခန်းခြောက်ခြင်းနှင့် အားနည်းခြင်း လက္ခဏာများ စတင်ပြသလာပြီး ဆားဓာတ်ကို အလွန်အမင်း တောင့်တလာကြသည်။
ယခုအခါ၌ ဤမျှကြီးမားသော ဆားတုံးကြီးကို မြင်လိုက်ရသည့်အခါ ရက်ပေါင်းများစွာ အစာမစားရဘဲ မျက်လုံးများ စိမ်းဖန့်နေသော သူတောင်းစားတစ်ဦးက ရုတ်တရက် ပေါင်မုန့်တစ်လုံးကို တွေ့ရှိလိုက်သည့်အလား မည်သို့လျှင် ဆက်လက်၍ လျစ်လျူရှုနိုင်မည်နည်း။
သာမန်အားဖြင့် သိပ်ချွေးမထွက်သော လော်ယွမ်တစ်ဦးသာလျှင် ခန္ဓာကိုယ်၏အခြေခံလိုအပ်ချက်ကို ထိန်းသိမ်းထားနိုင်ပေသည်။
ဆက်ရန်...
အပိုင်း(၂၂၃)သီးသန့်သင်ကြားပေးခြင်း
သန့်စင်ထားခြင်းမရှိသော ကျောက်ဆားမှာ မျိုချရန်အလွန်ခက်ခဲလှသည်။ ခါးသက်သက်အရသာရှိပြီး အစိုင်အခဲအညစ်အကြေးများလည်း များပြားလှသည်။ ရေတွင်ဖျော်လိုက်သောအခါ ပါးစပ်ထဲတွင် သဲများပြည့်နေသကဲ့သို့ ဖြစ်သွားသည်။
အစပိုင်းက စိတ်လှုပ်ရှားမှုများ ကုန်ဆုံးသွားသောအခါ လူတိုင်းမှာ နောက်ထပ်မမြည်းစမ်းလိုတော့ပေ။
နေ့လယ်ခင်းတွင် အချိန်ရသည်ကို အခွင့်ကောင်းယူ၍ စင်္ကြံပေါ်တွင် ကျောက်အိုးကြီးတစ်လုံးကို အလျင်အမြန်တည်လိုက်သည်။ အိုးအောက်တွင် မီးများ တောက်လောင်နေပြီး ကျောက်ဆားတုံးကြီးများကို ထုခွဲကာ အမှုန့်ဖြစ်အောင်ကြိတ်ပြီးနောက် ပြင်းထန်စွာဆူပွက်နေသော ရေနွေးထဲသို့ ထည့်၍ကျိုချက်ကြသည်။
ဤနေရာရှိ လူအများစုမှာ အထက်တန်းကျောင်းတက်ခဲ့ဖူးကြပြီး ဆားသန့်စင်သည့် စနစ်ကို မစိမ်းကြပေ။ အချို့မေ့နေသူများပင်လျှင် လူအများ၏ ဝိုင်းဝန်းအကြံပေးမှုများကြောင့် တစ်ခုပြီးတစ်ခု ပြန်လည်သတိရလာကြသည်။
အကြိမ်ကြိမ်စစ်ထုတ်ခြင်း၊ ပုံဆောင်ခဲဖြစ်အောင်ပြုလုပ်ခြင်း၊ နောက်ဆုံးတွင် အခြောက်ခံပြီးနောက် နှင်းပွင့်များကဲ့သို့ ဖြူဖွေးလှပသော ဆားများမှာ လူတိုင်း၏ရှေ့မှောက်တွင် ပေါ်ထွက်လာခဲ့သည်။ ဆားများကို ကျောက်ခွက်ကြီးတစ်လုံးထဲသို့ ဂရုတစိုက်ခြစ်ထည့်ပြီးနောက် အဖုံးဖြင့်ဖုံးအုပ်ထားလိုက်သည်။
လူတိုင်း စိတ်ဓာတ်တက်ကြွလာပြီး နောက်တစ်အိုးကို ဆက်လက်ကျိုချက်ကြပြန်သည်။ ညနေစောင်းအထိ အိုးကြီးလေးအိုးစာ၊ ကီလိုဂရမ် ဆယ့်ငါး၊ နှစ်ဆယ်ခန့်အထိ ကျိုချက်ပြီးစီးခဲ့သည်။ ဤမျှများပြားသော ဆားပမာဏမှာ အချိန်တိုအတွင်း လုံလောက်သည်ထက်ပင် ပိုနေပေသည်။
ထို့ပြင် ဤနေရာတွင် ကျောက်ဆားတုံးကြီးတစ်ခု ကျန်ရှိနေသေးသည်။ အားလုံးကိုသာ သန့်စင်ပြီးစီးပါက လေးငါးနှစ်ခန့်စားသုံးလျှင်ပင် လုံလောက်ပေမည်။ ထိုအချိန်အထိ တောထဲတွင် ဆက်လက်နေထိုင်ဖြစ်ပါက အခြားကျောက်ဆားများကို ရှာဖွေတွေ့ရှိလောက်ပြီဖြစ်သည်။
နေ့လယ်ခင်းတစ်လျှောက်လုံးတွင် ထူးဆန်းသောငှက်ကြီးမှာ ပေါ်မလာခဲ့ပေ။ ဤအချက်က လော်ယွမ်တို့ကို စိတ်အနည်းငယ်ပေါ့ပါးသွားစေသည်။ ထိုငှက်ကြီးမှာ သင်ခန်းစာရသွားပြီး နောက်ထပ်ပြန်လာမည်မဟုတ်တော့ဟု ထင်ရသည်။
ညစာကို ရိုးရှင်းစွာစားသုံးပြီးနောက် သူသည် တင်ပျဉ်ခွေထိုင်ကာ ကျိန်စာကိုဖျက်စီးပြီး သူ၏စိတ်စွမ်းအားကို အမြန်ဆုံး ပြန်ကောင်းစေရန် ကြိုးစားပြန်သည်။ စိတ်စွမ်းအားသည် သူ့အစွမ်းအစ၏ အရေးကြီးသောအစိတ်အပိုင်းတစ်ခုဖြစ်ပြီး စိတ်စွမ်းအားကို မစုစည်းနိုင်ပါက သူ၏တိုက်ခိုက်နိုင်စွမ်းနှင့် ခုခံနိုင်စွမ်းမှာ အကြီးအကျယ်ကျဆင်းသွားပေမည်။
အန္တရာယ်များဖြင့် ပြည့်နှက်နေသော ဤရှေးဟောင်းတောနက်ကြီးထဲတွင် ဤအရာမှာ အလွန်အန္တရာယ်များသော ကိစ္စတစ်ခုဖြစ်ပေသည်။
................................................................................................
နောက်တစ်နေ့ မိုးမလင်းမီမှာပင် သူ မျက်လုံးဖွင့်လိုက်ပြီး မျက်လုံးများထဲတွင် ပင်ပန်းနွမ်းနယ်မှုနှင့် စိတ်မရှည်မှုတို့ ထင်ဟပ်နေသည်။ တစ်ညလုံးတွင် သူသည် တရားထိုင်၍ စိတ်ငြိမ်အောင် တစ်ကြိမ်သာပြုလုပ်နိုင်ခဲ့ပြီး နောက်တစ်ကြိမ်ကြိုးစားသောအခါတွင်မူ အတွေးများက ဆူပွက်လာပြီး အချိန်အတော်ကြာသည်အထိ ငြိမ်သက်အောင်မပြုလုပ်နိုင်ခဲ့ပေ။
လော်ယွမ်၏စိတ်ကို အနည်းငယ်ကောင်းမွန်သွားစေသည့် တစ်ခုတည်းသောအရာမှာ ကျိန်စာမှာ နောက်တစ်ဆင့် ထပ်မံအားနည်းသွားခြင်းပင်ဖြစ်သည်။ ယခုအခါ ပုံရိပ်ယောင်များမှာ ဝေဝါးနေပြီး ပုံသဏ္ဌာန်ပင်မရှိတော့ပေ။ ဤအတိုင်းသာဆက်သွားပါက တရားမထိုင်လျှင်ပင် နောက်သုံးလေးရက်အကြာတွင် အလိုလိုပြိုကွဲသွားပေလိမ့်မည်။
သူ အချိန်ကိုကြည့်လိုက်ရာ မနက်သုံးနာရီပင်မထိုးသေးပေ။ မိုးလင်းရန် နှစ်နာရီ၊ သုံးနာရီခန့် လိုသေးသည်။ သို့သော် သူ အိပ်ချင်စိတ်မရှိပေ။ ခွန်အား ၁၄ မှတ်ရှိသော ခန္ဓာကိုယ်ကြောင့် တစ်ညလုံး ငြိမ်ငြိမ်ထိုင်နေရုံမျှဖြင့် စွမ်းအင်များ အပြည့်အဝပြန်လည်ပြည့်ဖြိုးလာခဲ့သည်။ သူက မျက်နှာကိုတစ်ချက်သပ်လိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။
"ဟင်... ဘယ်သူလဲ" ကျိုးယလီမှာ တစ်စုံတစ်ခုပြုလုပ်နေပုံရပြီး တံခါးဝမှအရိပ်ကို ရုတ်တရက်မြင်လိုက်သောအခါ လန့်သွားကာ တိုးညင်းစွာအော်လိုက်မိသည်။
သူမသည် ပါးလွှာသောအဝတ်အစားကို ဝတ်ဆင်ထားပြီး အိပ်ရာမှထကာစဖြစ်သောကြောင့် ပခုံးမှ ဖြူဖွေးနူးညံ့သော အသားစိုင်တစ်စွန်းတစ်စ ပေါ်ထွက်နေသည်။ အံ့ဩတကြီးအော်ဟစ်လိုက်သော နှုတ်ခမ်းများမှာ အနည်းငယ်ဟနေပြီး နီရဲစိုစွတ်ကာ ကျန်းမာသောအရောင်အသွေးကို ဆောင်နေသဖြင့် လော်ယွမ် ကြည့်ရင်း စိတ်ထဲတွင် လှုပ်ရှားတက်ကြွလာမိသည်။
"ငါပါ" လော်ယွမ်က အလျင်အမြန်ပြောလိုက်သည်။ သူမတွင် အမှောင်ထဲ၌မြင်နိုင်သော အမြင်အာရုံမရှိသောကြောင့် သူ့ကိုလုံးဝမမြင်နိုင်သည်မှာ ထင်ရှားသည်။ "ဒီလောက်ညဉ့်နက်နေတာကို... နင်မအိပ်ပဲဘာလုပ်နေတာလဲ"
"ရှင် ကျွန်မကို လန့်အောင်လုပ်တာပဲ... ကျွန်မက ဘယ်သူများလဲလို့" ကျိုးယလီသည် လော်ယွမ်၏အသံကို ကြားမှ စိတ်အေးသွားပြီး "ကျွန်မ နည်းနည်းအိပ်မပျော်လို့ပါ" ဟု ပြန်ပြောလိုက်သည်။
ယခုအခါတွင် သူမသည် သူ့ကို ''ရှောင်ယွမ်'' ဟု ခေါ်ဆိုခြင်းနည်းပါးသွားခဲ့ပြီဖြစ်သည်။ သူမသည် ယခင်က စိတ်ကောင်းရှိပြီး အေးချမ်းသော ''ရှောင်ယွမ်'' နှင့် ယခုလော်ယွမ်ကို ဆက်စပ်၍မရတော့ပေ။ သူသည် သူမအတွက် သူစိမ်းတစ်ယောက်လိုဖြစ်နေပြီး ကြောက်ရွံ့စိတ်ကိုပင် ဖြစ်ပေါ်စေသည်။
"အိပ်မပျော်ဘူးဆိုရင် ငါတို့စကားနည်းနည်းပြောကြမယ်လေ"
"ဘာပြောမှာလဲ" ကျိုးယလီက အနည်းငယ်မာကျောသောလေသံဖြင့် မေးလိုက်သည်။
"ဘာဖြစ်ဖြစ်ရတာပဲ" လော်ယွမ်က စဉ်းစားပြီးနောက် "ဥပမာ နင်အရင်တုန်းက ဘာတွေကြုံခဲ့ရလဲ ဆိုတာတွေပေါ့"
ကျိုးယလီမှာ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေသောကြောင့် အခြေအနေက အနည်းကသိကအောင့် ဖြစ်သွားသည်။
သို့သော် သူမသည် မူလကတည်းက စိတ်မာသူတစ်ယောက်မဟုတ်ဘဲ အရာရာကို ငုံ့ခံတတ်သူဖြစ်ရာ လူတစ်ယောက်ကို အမှန်တကယ်မုန်းတီးရန် ခက်ခဲလှသည်။ လော်ယွမ်တစ်ယောက် အနေရခက်စွာရပ်နေပြီး ဘာပြောရမှန်းမသိဖြစ်နေသည်ကိုမြင်သောအခါ ကျိုးယလီသည် စိတ်ထဲတွင်ကျေနပ်သွားသော်လည်း တစ်ဖက်တွင်လည်း သနားစိတ်ဖြစ်မိသည်။ ဤသို့သောဩဇာအာဏာကြီးမားသူတစ်ယောက်က သူမအပေါ် ဤမျှအောက်ကျို့ဆက်ဆံနေခြင်းမှာ သူ့အတွက် အလွန်ခက်ခဲပေလိမ့်မည်။
ကျိုးယလီသည် စိတ်ထဲတွင် အမျိုးမျိုးစဉ်းစားရင်း တွေဝေနေပြီးနောက် စိတ်ပျော့သွားကာ "အဲ့ဒါတွေက ပြောလည်း ဘာမှမထူးပါဘူး... အကုန်ဖြစ်ပြီးသွားပြီပဲကို... ဒါမှမဟုတ် ရှင် ကျွန်မကို ဓားသိုင်းသင်ပေးမလား... အဲ့ဒီလှုပ်ရှားမှုတွေကို ကျွန်မအခုထိ ကောင်းကောင်းမလုပ်တတ်သေးဘူး"
"ဒါလည်း ဖြစ်တာပဲ" လော်ယွမ်က "ငါတို့ ဟိုဘက်သွားရအောင်"
"ဟုတ်" ကျိုးယလီသည် များများစားစားမစဉ်းစားဘဲ အမှောင်ထဲတွင် ဓားရှည်ကိုစမ်းတဝါးဝါးရှာဖွေပြီး လော်ယွမ်နှင့်အတူ ကျောက်ဆောင်စင်္ကြံပေါ်သို့ ထွက်လာခဲ့သည်။ လော်ယွမ်မှာ ရှေ့သို့ဆက်တိုက်လျှောက်သွားနေပြီး ပေ၁၅၀၊ ၁၆၀ခန့်အထိ ရောက်ရှိသွားသည်ကိုတွေ့သောအခါ ပတ်ဝန်းကျင်မှာလည်း မှောင်မည်းနေသောကြောင့် သူမ အနည်းငယ်ကြောက်လန့်လာပြီး "ဘာလို့အဲ့လောက်အဝေးကြီးသွားမှာလဲ" ဟု မေးလိုက်မိသည်။
"ဒါမှ အိပ်နေတဲ့သူတွေကို မနှောင့်ယှက်မိမှာပေါ့"
"ဒီလောက်ဆိုတော်တော်ဝေးနေပြီ... ကျွန်မတို့ အသံတိုးတိုးလုပ်ရင် ဘယ်သူမှ မကြားနိုင်ပါဘူး" ကျိုးယလီက ပြောလိုက်ပြီးနောက် သူမဘာကိုစဉ်းစားမိသွားသည်မသိ၊ မျက်နှာမှာ အနည်းငယ်နီမြန်းသွားသည်။
လော်ယွမ် ပတ်ဝန်းကျင်ကိုကြည့်လိုက်ရာ ဥမင်နှင့် အနည်းဆုံး ပေ၂၅၀ခန့် ကွာဝေးနေပြီဖြစ်သောကြောင့် "ဟုတ်ပြီ ဒါဆိုဒီမှာပဲလုပ်ရအောင်... ငါနင့်ကိုသင်ပေးထားတာ တစ်ခေါက်လုပ်ကြည့်... မှားရင်ငါပြင်ပေးမယ်"
လော်ယွမ် တွေဝေခြင်းမရှိဘဲ ရပ်တန့်လိုက်သည်ကိုမြင်သောအခါ သူမ စိတ်အနည်းငယ်အေးသွားပြီး စိတ်ကိုတည်ငြိမ်အောင်ထားကာ "ဒါဆို ကျွန်မ စလေ့ကျင့်တော့မယ်... ကျွန်မကိုမလှောင်နဲ့နော်"
"နင်ပုံစံက ရယ်စရာမကောင်းရင် ငါကရယ်မလား" သူက ရှားရှားပါးပါး နောက်ပြောင်လိုက်သည်။
"ရှင်က တကယ်ကို မုန်းစရာကောင်းတာပဲ"
ကျိုးယလီက ညုတုတုပြောလိုက်ပြီးနောက် ကိုယ့်ကိုယ်ကို အံ့ဩသွားမိသည်။ စိတ်မှာလည်း အတိတ်သို့လွင့်မျောသွားသည်။ ဤသို့ ပေါ့ပေါ့ပါးပါးစကားပြောဆိုခြင်းမျိုး မရှိတော့သည်မှာ မည်မျှကြာသွားမှန်းပင် မသိချေ။ နှစ်နှစ်လော သို့မဟုတ် ယခင်ဘဝကပင်လော။
သူမ သတိပြန်ဝင်လာပြီး မနောက်ပြောင်တော့ဘဲ စိတ်မပါ့တပါဖြင့် ဓားကိုဆွဲထုတ်ကာ လေ့ကျင့်တော့သည်။ မကြာမီမှာပင် အမှောင်ထုထဲတွင် ဓားသွားလေခွင်းသံ "တရွှီးရွှီး" ထွက်ပေါ်လာသည်။
သူမက ပြောသလောက် မညံ့ပေ။ သူမဆင့်ကဲပြောင်းလဲသွားကတည်းက ဓားထုတ်အားနှင့် အမြန်နှုန်းမှာ အားအကြီးဆုံးဖြစ်သော လင်းရှောင်ကျီကိုပင် ကျော်လွန်လုနီးပါးဖြစ်နေပြီဖြစ်သည်။ ထို့ပြင် ဤအားကောင်းလာမှုမှာ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပြီး နောက်ဆုံးတွင် မည်သည့်အဆင့်အထိ ဆင့်ကဲပြောင်းလဲသွားမည်ကို မည်သူမျှမသိနိုင်ပေ။
သို့သော် သူမ၏ဟန်ပန်မှာတော့ အပြစ်အနာအဆာများရှိနေသေးပြီး လှုပ်ရှားမှုများမှာလည်း ပုံစံမကျသေးပေ။ အချို့သောကြွက်သားများမှာ အားထုတ်ရာတွင် လုံးဝမပါဝင်ဘဲ အချိတ်အဆက်မှာလည်း မကောင်းမွန်လှချေ။ သို့သော် ဤသည်မှာ သူမတစ်ယောက်တည်း၏ ပြဿနာမဟုတ်ဘဲ လူတိုင်းတွင် အနည်းနှင့်အများဆိုသလို ဤသို့သောပြဿနာများရှိနေသည်။ သူမသည် ထိပ်တန်းအဆင့်မရောက်သော်လည်း အောက်ဆုံးတွင်တော့မရှိပေ။ ကြက်ကိုပင်ဖမ်းနိုင်သည့်အားပင်မရှိသော၊ ဘာမှမတတ်ကျွမ်းသည့် သာမန်လူတစ်ယောက်မှ ဤအဆင့်သို့ရောက်ရှိလာခြင်းက သူမ၏နောက်ကွယ်မှ ကြိုးစားအားထုတ်မှုကို ပြသနေသည်။
လော်ယွမ် စိတ်ထဲတွင် အနည်းငယ်လှုပ်ရှားသွားသည်။ မိဝါသေဆုံးပြီးနောက်ပိုင်းတွင် သူမ စတင်ပြောင်းလဲလာခဲ့ပုံရပြီး သူကတော့ ဤအကြောင်းကို ဘာမှမသိခဲ့ပေ။ ဖြစ်နိုင်သည်မှာ မိမိက သူမကို အမှန်တကယ်ပင် ဂရုစိုက်မှုနည်းပါးလွန်းခဲ့ခြင်းကြောင့်ပင်။
....................................................................................
"ဟုတ်ပြီ... သွေးပူသွားပြီဆိုတော့ အခု နင် ခုတ်ပိုင်းတဲ့သိုင်းကွက်ကို ခင်းပြီးအဲ့အတိုင်းနေ... ငါနင့်ကို ပြင်ပေးမယ်" လော်ယွမ်သည် ကျိုးယလီ အကြိမ်အနည်းငယ် လေ့ကျင့်ပြီးနောက် အနည်းငယ်မောဟိုက်နေသည်ကိုမြင်သောအခါ ပြောလိုက်သည်။
ပထမဆုံးလှုပ်ရှားမှုမှာ အင်အားအကြီးဆုံးဖြစ်သော ခုတ်ပိုင်းခြင်းပင်ဖြစ်သည်။ ကျိုးယလီက နာခံစွာဖြင့် ဓားကိုလက်နှစ်ဖက်ဖြင့်ကိုင်ကာ မြှောက်လိုက်သည်။
"လက်မောင်းကို တတ်နိုင်သလောက် မြင့်မြင့်မြှောက်ထား... ဒီထက်နည်းနည်းပိုမြင့်ဦး ဒါမှ အရှိန်ကို အပြည့်အဝအသုံးချနိုင်ပြီး ခုတ်ပိုင်းတဲ့အခါ အားပိုပြင်းမှာ" လော်ယွမ်က သူမအနားသို့သွားရင်း သူမ၏လက်နှစ်ဖက်ကို ပြင်ပေးလိုက်သည်။
အသားချင်းထိတွေ့မှုကြောင့် ကျိုးယလီ အနည်းငယ်တုန်သွားပြီး အပူငွေ့တစ်ခု ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသကဲ့သို့ ခံစားလိုက်ရသည်။ သူမ၏မျက်နှာမှာ ပူရှိန်းလာသော်လည်း ယခင်က ရင်းနှီးသောဆက်ဆံရေးရှိခဲ့ဖူးသောကြောင့် ဤသို့သောထိတွေ့မှုကို သူမ သိပ်ဂရုမစိုက်ပေ။ ထို့နောက် သူမက လော်ယွမ်၏ရှင်းပြချက်ကို အာရုံစိုက်နားထောင်လိုက်သည်။
................................................................................................
"နောက်တစ်ခုက ခါးပဲ... နင့်ရဲ့ခါးကြွက်သားတွေက အရမ်းတောင့်တင်းနေတယ်... ခါးကိုလှည့်ဖို့လိုတယ်... ပြီးတော့ သဘာဝအတိုင်း ချောချောမွေ့မွေ့လှည့်ရမယ်... တမင်တကာကြီးမဖြစ်စေနဲ့" လော်ယွမ်က သူမ၏ခါးကို ပုံမှန်အတိုင်းကိုင်လိုက်ပြီး သူ၏လက်က သူမ၏အဝတ်အစားထဲသို့ တိုးဝင်ကာ အသားပေါ်တွင် ပွတ်သပ်စမ်းသပ်နေသည်။ အားထုတ်သည့် ကြွက်သားများကို ရှာဖွေနေသည့်အလားပင်။
ဆင့်ကဲပြောင်းလဲပြီးနောက် သူမ၏အရေပြားမှာ ပိုမိုနူးညံ့ချောမွေ့လာပြီး အလင်းရောင်တစ်မျိုးပင် ထွက်နေသကဲ့သို့ဖြစ်ရာ လော်ယွမ် စွဲလန်းစိတ် ဖြစ်သွားမိသည်။
တဖြည်းဖြည်းနှင့် ကျိုးယလီ၏ခန္ဓာကိုယ်မှာ အနည်းငယ်တုန်ယင်လာပြီး တစ်ကိုယ်လုံးတွင် နီမြန်းသောအရောင်အသွေးများ ပေါ်ထွက်လာသည်။ တစ်ချိန်တည်းမှာပင် သူမ၏စိတ်ထဲတွင် ဒေါသစိတ်တစ်ခု ဖြစ်ပေါ်လာသည်။ ထင်သည့်အတိုင်းပင်၊ သူက ရိုးရိုးသားသား လေ့ကျင့်ပေးခြင်းမဟုတ်ပေ။ သူမ သတ္တိမွေးကာ ဒေါသတကြီးပြောဆိုရန် ကြံရွယ်လိုက်စဉ်မှာပင်...
လော်ယွမ်၏ တည်ကြည်လေးနက်သောအသံက နောက်တစ်ကြိမ်ထွက်ပေါ်လာသည် "ဒီကြွက်သားအကြီးပဲ... နင်သူ့ကိုခံစားကြည့်... ပြီးရင် ငါ့ကိုပြန်စမ်းကြည့်ပြီး နှိုင်းယှဉ်ကြည့်"
သူမ နှုတ်ခမ်းကိုကိုက်ကာ ဘာမှမပြောဘဲ လော်ယွမ်ကို သံသယဖြင့် အကြိမ်အနည်းငယ်ကြည့်လိုက်သော်လည်း လော်ယွမ်၏ တည်ကြည်လေးနက်သောမျက်နှာကိုသာ တွေ့လိုက်ရသည်။
...............................................................................................................
"နင်ကခြေထောက်ကို ဘယ်လိုခြေလှမ်းရမလဲဆိုတာ လုံးဝမသိဘူးပဲ... အဲ့ဒါကအရမ်းအရေးကြီးတယ်... နင်ဓားထုတ်တဲ့အမြန်နှုန်းကို အများကြီးတိုးတက်စေနိုင်တယ်..." လော်ယွမ်က လေးနက်စွာပြောရင်း ကိုယ်ကိုနှိမ့်ကာ သူမ၏ပေါင်ကို ကိုင်လိုက်သည် "ဒီကြွက်သားတွေကို နင်သိုင်းကွက်ခင်းတုံးက လုံးဝမလှုပ်ရှားခဲ့ဘူး... ခဏနေရင် ထပ်လေ့ကျင့်ကြည့်"
အထိမခံနိုင်သောနေရာကို ထိမိသွားပုံရသည်။ ကျိုးယလီ၏အသက်ရှူသံမှာ ပြင်းထန်လာပြီး တစ်ကိုယ်လုံး ပျော့ခွေလာကာ တုန်ယင်သောအသံဖြင့် "ရှောင်ယွမ်... ကျွန်မ နည်းနည်းမောနေပြီ... ပြန်နားတော့မယ်နော်"
"အခုမှ တစ်ဝက်ပဲသင်ရသေးတာ..."
ကျိုးယလီမှာမူ သူ၏ "မကောင်းသော" ရည်ရွယ်ချက်ကို အပြည့်အဝနားလည်သွားပြီဖြစ်သည်။ ကျန်ရှိနေသေးသောအားကိုသုံးကာ လော်ယွမ်ကို တွန်းထုတ်ပြီး ထွက်သွားရန်ဟန်ပြင်လိုက်သည် "နောက်နေ့မှပဲလုပ်တော့မယ်... ဒီနေ့... ကျွန်မ... ကျွန်မ... အဆင်သင့်မဖြစ်သေးဘူး"
(ဒီနေရာကနေ ဆက်လာမယ့် စာလုံးရေ ငါးရာခန့်ကို မူရင်းတရုတ်မှာပါ ဆင်ဆာဖြတ်ထားတယ်။ ဘာလို့လဲမသိပေမယ့် မင်မင်ကတော့ မဖြစ်သင့်ဘူး ထင်တာပဲ -_-)
..................................................................................................................
မိုးနှင့်လေတို့ ငြိမ်သက်သွားသောအခါ...
ကျိုးယလီသည် မျက်နှာတစ်ခုလုံး နီမြန်းကာ မြေပြင်ပေါ်တွင် ပျော့ခွေလဲလျောင်းနေသည်။ သူမ၏တစ်ကိုယ်လုံးမှာ ပြုတ်ထွက်သွားတော့မည့်အလားပင်။ အချိန်အတော်ကြာမှသာ သူမသည် ဝေဝါးသောစိတ်အစဉ်မှ သတိပြန်ဝင်လာခဲ့သည်။
"နင်ရရဲ့လား" လော်ယွမ်က မေးလိုက်သည်။
သူမ လော်ယွမ်ကို မျက်စောင်းထိုးလိုက်ပြီး အလျင်အမြန်ထရပ်ကာ အဝတ်အစားများကို လျင်မြန်စွာပြန်ဝတ်လိုက်သည်။
လရောင်ဖျော့ဖျော့အောက်တွင် မြေပြင်မှာ အနည်းငယ်စိုစွတ်နေပြီး ရေအိုင်ငယ်တစ်ခု ဖြစ်ပေါ်နေသည်။ သူမ မျက်နှာနီရဲသွားပြီး ခြေထောက်ဖြင့် အလျင်အမြန် ပွတ်တိုက်ဖုံးကွယ်လိုက်သည်။
သူမ၏ရှက်သွေးဖြာနေသောပုံစံကိုကြည့်ရင်း လော်ယွမ်က ရယ်မောကာ "ငါလုပ်လိုက်ပါ့မယ်... နင်အရင်ပြန်နှင့်တော့... မိုးလင်းတော့မယ်ထင်တယ်"
"အဲ့တာရှင့်ကြောင့်ပဲ... ကျွန်မသွားပြီ" ကျိုးယလီက အရှက်ပြေဒေါသထွက်ဟန်ဖြင့် အပြစ်တင်လိုက်ပြီး အလျင်အမြန်ပြေးထွက်သွားတော့သည်။
ဆက်ရန်...
အပိုင်း(၂၂၄)ပေါက်ကွဲမှု
လော်ယွမ်သည် သက်သေအထောက်အထားများ ဖျောက်ဖျက်ပြီးနောက် မိုးမလင်းသေးသည်ကို မြင်သောအခါ ပြန်ရန်မလောတော့ပေ။ သူ ခဏစဉ်းစားလိုက်ပြီးနောက် ခြေလှမ်းအနည်းငယ် ထပ်မံလျှောက်လှမ်းကာ သိုင်းကွက်ခင်း၍ ထိုနေရာတွင်ပင် တိုက်ချိလက်ဝှေ့ကို လေ့ကျင့်လိုက်သည်။
သူ၏ တိုက်ချိလက်ဝှေ့သည် သာမန်တိုက်ချိနှင့် များစွာကွာခြားလှသည်။ အရှိန်မှာ သာမန်လူထက် အဆပေါင်းများစွာ ပိုမြန်ရုံသာမက ပုံစံမှာလည်း လုံးဝကွဲပြားခြားနားလှသည်။ သိုင်းကွက်တစ်ခုချင်းစီ၏ လှုပ်ရှားမှုအတက်အကျမှာ အလွန်ကြီးမားပြီး အမြင့်ဆုံးသတ်ဖြတ်နိုင်စွမ်းကို ရည်ရွယ်ထားသော်လည်း ဖော်ပြ၍မရသော သဘာဝကျမှုနှင့် လှပမှုတစ်မျိုး ရှိနေသည်။ လှုပ်ရှားမှုများမှာ တိမ်လွှာစီးကြောင်း၊ ရေစီးကြောင်းများကဲ့သို့ သဘာဝကျကျ စီးဆင်းနေပြီး ထူးခြားသော အလှတရားတစ်မျိုးဖြင့် ပြည့်နှက်နေ၏။
သို့သော် သာမန်လူ၏မျက်စိများမှာမူ သူ၏ပုံရိပ်ကို ဖမ်းယူနိုင်မည်မဟုတ်သည်မှာ ထင်ရှားလှသည်။
သူ၏တိုက်ခိုက်မှုအရှိန်သည် အမြင့်ဆုံးသို့ ရောက်ရှိသောအခါ လော်ယွမ်သည် ပတ်ဝန်းကျင်လေထုမှာ စေးပျစ်သော အရည်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ လက်သီးတစ်ချက်ထိုးတိုင်း မူလကထက် အဆပေါင်းများစွာသော အားကို အသုံးပြုရပြီး အမြင်အာရုံမှာ အနည်းငယ် ဝေဝါးလာကာ လေထုသည် အဆက်မပြတ် လိမ်ကောက်ဆူပွက်နေသည်။
သူ တဖြည်းဖြည်း အရှိန်ကို လျော့လိုက်မှ လေထုက တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်သွားသည်။
သို့သော် တစ်စက္ကန့်မပြည့်မီမှာပင် လော်ယွမ်သည် ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုကို ထပ်မံပြုလုပ်လိုက်ရာ လက်သီးအနီးတွင် အဖြူရောင် အသံလှိုင်း တုန်ခါမှုတစ်ခုပင် ပေါ်ထွက်လာသည်။ ပတ်ဝန်းကျင်လေထုမှာ ပြင်းထန်စွာ လှုပ်ခတ်သွားပြီး အနီးအနားရှိ ကျောက်နံရံများမှာ အရှိန်ပြင်းသော လေထုနှင့် တိုက်မိကာ ကျောက်စများ လွင့်စင်သွားသည်။
သူ၏လှုပ်ရှားမှုမှာ တစ်ခါတစ်ရံ မြန်ဆန်ပြီး တစ်ခါတစ်ရံ နှေးကွေးသည်။ နှေးကွေးချိန်တွင် မြေပြင်ပေါ်မှ ကျောက်တုံးကြီးတစ်တုံးကဲ့သို့ လေးလံတည်ငြိမ်ပြီး၊ လျင်မြန်ချိန်တွင်မူ ကောင်းကင်ယံမှ ဖြတ်ပြေးသွားသော လျှပ်စီးကြောင်းကဲ့သို့ပင်။ လေထုထဲတွင် "ဖောင်း" "ဖောင်း" ဟူသော အသံကျယ်ကြီးများ ထွက်ပေါ်လာသည်။
လော်ယွမ်ရှိနေသော ပေ၃၀ ပတ်လည်နေရာသည် ထူထဲသော ဖုန်မှုန့်များဖြင့် လွှမ်းခြုံနေပြီး မသဲမကွဲမြင်နေရသော ပုံရိပ်တစ်ခုသာ ထိုအထဲတွင် အရှိန်ပြင်းစွာဖြင့် လှုပ်ရှားသွားလာနေကာ တစ်ခါတစ်ရံ ကြောက်မက်ဖွယ်ကောင်းသော တိုးညင်းသည့်အသံများ ထွက်ပေါ်လာသည်။
ဓားသိုင်းသည် လက်ဝှေ့သိုင်း၏ အဆက်ဖြစ်ပြီး နှစ်ခုလုံး၏ အခြေခံအားစိုက်ထုတ်ပုံမှာ တူညီကြသည်။ လော်ယွမ်၏ ဓားသိုင်းအဆင့်ဖြင့်ဆိုလျှင် သူ သိပ်မလေ့ကျင့်သည့်တိုင် ကျွမ်းကျင်သည့်အဆင့်သို့ တဖြည်းဖြည်း ရောက်ရှိနေပြီဖြစ်သည်။ ဤသည်မှာ သာမန်လူတို့၏ နည်းစနစ်များဖြင့် လေ့ကျင့်စရာမရှိတော့ဘဲ နောက်တစ်ဆင့်မှာ စိတ်စွမ်းအားနှင့် အရှိန်အဝါတို့နှင့်သာ သက်ဆိုင်တော့သည်ဟု အဓိပ္ပာယ်ရသည်။
(သူ့ရဲ့ဓားပညာက လူသားတွေ တတ်နိုင်တဲ့ အထွတ်အထိပ်ကိုရောက်နေပြီမို့လို့ ဒီထက်အဆင့်ထက်မြင့်ချင်ရင် စိတ်စွမ်းအားနဲ့ ဓားအရှိန်အဝါတို့ကိုပဲ ဆက်လေ့ကျင့်မှရတော့မှာပါ)
သို့သော် ဤအရာသည်လည်း သူ့အတွက် မည်သို့မျှ အခက်အခဲမရှိပေ။ အနည်းဆုံးတော့ အထူးကျွမ်းကျင်သူအဆင့်သို့ မရောက်မီအထိ တိုက်ချိလက်ဝှေ့တွင် အတားအဆီးဟူ၍ မရှိသလောက်ပင် ဖြစ်သည်။
မိုးလင်းစပြုလာသည်ကို မြင်သောအခါ လော်ယွမ်သည် ဖြည်းညင်းစွာ လေ့ကျင့်မှုကို ရပ်တန့်လိုက်သည်။ လော်ယွမ် လေ့ကျင့်စဉ် လွင့်တက်သွားသော သစ်ရွက်ခြောက်များ၊ ဖုန်မှုန့်အမြောက်အမြားသည် မြေပြင်ပေါ်သို့ တဖွဲဖွဲကျလာပြီး သူ၏ပတ်လည်တွင် ဖုန်မှုန့်ကင်းမဲ့သော စက်ဝိုင်းတစ်ခု ဖြစ်ပေါ်ကျန်ရစ်ခဲ့သည်။
ရုပ်ရှင်ထဲကကဲ့သို့ ပြီးပြည့်စုံသော တိုက်ချိစက်ဝိုင်းပုံစံ ဖြစ်ပေါ်လာခြင်းမရှိပေ။ ဤသည်မှာ ရုပ်ရှင်၏ စိတ်ကူးယဉ်ဖန်တီးမှုဟု မဆိုထားနှင့်၊ လော်ယွမ်လေ့ကျင့်သော တိုက်ချိမှာလည်း မူလတိုက်ချိနှင့် များစွာကွာခြားသွားပြီဖြစ်သည်။ သူသည် တိုက်ချိ၏ အပေါ်ရံဟန်ကိုသာ ယူထားပြီး အတွင်းမှ အနှစ်အသာရပုံစံတစ်ခုချင်းစီတိုင်းမှာ အဆက်မပြတ် ပြုပြင်မွမ်းမံမှုများကြောင့် မူလပုံစံ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
သူ၏ယခုအဆင့်နှင့် စွမ်းအားဖြင့်ဆိုလျှင် မူလဘောင်မှ ကျော်လွန်ကာ အသစ်ထွင်နိုင်နေပြီ ဖြစ်သည်။
ရဲရဲတင်းတင်းပြောရလျှင် ကမ္ဘာမပျက်မီက မည်သည့်လက်ဝှေ့သိုင်းမဆို သူ၏မျက်စိထဲတွင် ချို့ယွင်းချက်များစွာ ရှိနေသည်။ လက်တွေ့တိုက်ခိုက်မှု အစွမ်းကို အသာထား၊ ၎င်းတို့၏အားစိုက်ထုတ်ပုံမှာပင် အလွန် ကလေးဆန်ပြီး လုံးဝစနစ်မကျပေ။
"စနစ်"သည် ကမ္ဘာမြေထက်ကျော်လွန်သော ယဉ်ကျေးမှုအဖွဲ့အစည်းတစ်ခု၏ ထုတ်ကုန်တစ်ခုအနေဖြင့် လူ့ခန္ဓာကိုယ်အပေါ် နားလည်ကျွမ်းကျင်မှုမှာ ပါရမီရှင်အချို့ အမှောင်ထဲတွင် ကိုယ့်ဘာသာ စမ်းတဝါးဝါးရှာဖွေခြင်းနှင့် နှိုင်းယှဉ်၍မရနိုင်ပေ။
သိသာထင်ရှားသော ကွာခြားချက်တစ်ခုမှာ လော်ယွမ်၏ သိုင်းကွက်တစ်ခုချင်းစီတိုင်းသည် တစ်ကိုယ်လုံးရှိ ကြွက်သားများ၏ ရှစ်ဆယ်၊ ကိုးဆယ်ရာခိုင်နှုန်းကို လှုံ့ဆော်နိုင်ပြီး (မျက်နှာပေါ်မှ အသုံးမဝင်သော ကြွက်သားများမှလွဲ၍) အခြားလက်ဝှေ့သိုင်းများမှာမူ လေးဆယ်၊ ငါးဆယ်ရာခိုင်နှုန်းသာ လှုံ့ဆော်နိုင်ပြီး အချို့မှာ ထိုထက်ပင် နိမ့်ကျသေးသည်။
……………………………………………………………………………………………………………………
လော်ယွမ်သည် မျက်နှာပေါ်မှ ချွေးများကို သုတ်လိုက်ပြီး လန်းဆန်းတက်ကြွစွာဖြင့် ကျောက်ဂူသို့ ပြန်လျှောက်လာရာ လူအားလုံး အိပ်ရာမှ နိုးနေကြပြီဖြစ်သည်ကို တွေ့လိုက်ရသည်။
"ရှင် မနေ့ညက မအိပ်ဘူးလား... ကိုယ်လက်သန့်လိုက်ဦး... ချွေးနံ့တွေ နံနေတာပဲ" ဟွမ်ကျားဟွေက လျှောက်လာပြီး ပုဝါတစ်ထည် ကမ်းပေးရင်း ပြောသည်။
"အင်း... အိပ်မပျော်လို့ အပြင်ထွက်ပြီး လေ့ကျင့်ခန်းလုပ်နေတာလေ... နင်တို့ကို နှောင့်ယှက်မိသွားလား" လော်ယွမ်က မျက်နှာသုတ်ရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"အဲ့ဒါကြောင့် ဒီလောက်ဆူညံနေတာကိုး... ကျွန်မဖြင့် ကောင်းကောင်းတောင် မအိပ်လိုက်ရဘူး" ဟွမ်ကျားဟွေက ပြုံးစစဖြင့် ပြောသည်။
လော်ယွမ် တစ်ချက်တန့်သွားပြီး သူမကို လှမ်းကြည့်လိုက်သည်။ သူမ တစ်စုံတစ်ရာ ထူးခြားမှုမရှိသည်ကို မြင်မှ စိတ်အေးသွားပြီး "ဒီလိုမှန်းသိရင် ငါ နည်းနည်းဝေးတဲ့နေရာကို သွားလိုက်ပါတယ်"
"ပုဝါ ပြန်ပေး... ကျွန်မသွားလျှော်လိုက်မယ်"
ဟွမ်ကျားဟွေက ပြုံးရင်း လှမ်းယူလိုက်ပြီးနောက် လှည့်ထွက်သွားရာ အပြုံးမှာ တဖြည်းဖြည်း မှေးမှိန်သွားသည်။
ကမ္ဘာပျက်ပြီးနောက်ပိုင်း သူမ၏အိပ်စက်မှုမှာ အမြဲတစေ မနက်ရှိုင်းခဲ့ပေ။ ထို့အပြင် ဤနေရာ၏ ပတ်ဝန်းကျင်မှာ မစိမ်းကားသောကြောင့် သူမ တစ်ညလုံး ကောင်းကောင်းမအိပ်ပျော်ခဲ့ချေ။ ကျိုးယလီနှင့် လော်ယွမ်တို့ အပြင်ထွက်သွားသည်ကို သူမ မျက်ဝါးထင်ထင် မြင်ခဲ့ပြီး နောက်ပိုင်းတွင် မသဲမကွဲ ဖုံးကွယ်မထားနိုင်သော ညည်းညူသံများကိုပါ ကြားခဲ့ရသည်။ သူမ တစ်ညလုံး လူးလွန့်နေခဲ့ပြီး မိုးလင်းသည်အထိ အိပ်မပျော်နိုင်ခဲ့ချေ။ မည်သည့်အမျိုးသမီးမဆို ဤသို့သောအဖြစ်အပျက်မျိုးနှင့် ကြုံတွေ့ရပါက စိတ်မကောင်းဖြစ်မည်သာ ဖြစ်သည်။
သူမ သက်ပြင်းတစ်ချက်ကို ဖြည်းညင်းစွာ ချလိုက်သည်။ ဤအရာများကို လိုက်တွက်ချက်နေတော့ရော ဘာထူးမည်နည်း၊ သူတို့နှစ်ဦးကြားမှာ ဤသည်က ပထမဆုံးအကြိမ်မှ မဟုတ်တော့သည်ဘဲ။
ကျိုးယလီကိုပင် မိမိကိုယ်တိုင်က လော်ယွမ်ထံသို့ တွန်းပို့ခဲ့သည် မဟုတ်လော၊ အဘယ်အရာကိုများ လိုက်တွက်ချက်နေစရာ လိုသေးသနည်း။ အလိုက်သိစွာဖြင့် သဘောထားကြီးကြီး ပြလိုက်ခြင်းက ပိုကောင်းပေမည်။ ကြုံတွေ့ရတာများလာလျှင် ကျင့်သားရသွားပေလိမ့်မည်။
………………………………………………………………………………………
ဆားဓာတ်များစွာ ဖြည့်တင်းလိုက်သောကြောင့် လူတိုင်း၏ မျက်နှာအသွေးအမွေးမှာ များစွာကောင်းမွန်လာပြီး တစ်ညတာ လည်းကောင်းမွန်စွာ အိပ်စက်လိုက်ရသောကြောင့် အားလုံး လန်းဆန်းတက်ကြွနေကြသည်။
နံနက်စောစောမှာပင် လူအချို့ နှစ်ယောက်တစ်စု၊ သုံးယောက်တစ်စုဖြင့် စင်္ကြံပေါ်တွင် ဓားသိုင်းလေ့ကျင့်နေကြသည်။
လော်ယွမ်က သူတို့လေ့ကျင့်နေသည်ကို ကြည့်ရင်း ရံဖန်ရံခါ ပေါ့ပေါ့ပါးပါး ညွှန်ပြပေးလိုက်သည်။
ကျိုးယလီအနီးသို့ ရောက်ခါနီးတွင် ကျိုးယလီမှာ အဘယ်အရာကို သတိရသွားသည်မသိ၊ မျက်နှာမှာ အနည်းငယ် နီမြန်းသွားပြီး လှုပ်ရှားမှုများမှာ ချက်ချင်းပင် ပုံပျက်သွားသည်။ သူမက လော်ယွမ်ကို မမြင်ဟန်ဆောင်ကာ အတတ်နိုင်ဆုံး ပုံမှန်အတိုင်းဖြစ်အောင် ဟန်ဆောင်ပြီး ဆက်လက်လေ့ကျင့်နေသည်။
အကြည့်များ၏ စူးစိုက်မှုကို ခံစားမိသောကြောင့် ဖြစ်မည်၊ သူမ၏လှုပ်ရှားမှုများမှာ ပို၍ရှုပ်ထွေးလာပြီး မျက်နှာမှာ ချက်ချင်းပင် နီရဲတက်လာသည်။
လော်ယွမ်မှာ စိတ်ထဲတွင် ရယ်ချင်စိတ်ပေါက်သွားသော်လည်း ကျိုးယလီမှာ ရှက်တတ်ပြီး နံနက်ခင်းက ကိစ္စကြောင့် အနည်းငယ် စိတ်မလုံမလဲဖြစ်ကာ ပွင့်ပွင့်လင်းလင်း ရင်မဆိုင်နိုင်သေးသည်ကို သိသောကြောင့် ဘာမျှမပြောဘဲ ကျိုးယလီကို ကျော်ဖြတ်ကာ ရှေ့သို့ဆက်လျှောက်သွားသည်။
"အုန်း"
ဤအချိန်တွင်ပင် အမြောက်ဆံတစ်တောင့် လေထုကို ထိုးခွဲလာသကဲ့သို့ ဧရာမ စူးရှသောအသံကြီးတစ်သံ အဝေးမှ ထွက်ပေါ်လာပြီးနောက် ကမ္ဘာမြေကြီးကိုပင် တုန်လှုပ်စေသော အသံကျယ်ကြီးတစ်သံ ထပ်မံထွက်ပေါ်လာသည်။
လော်ယွမ် ထိတ်လန့်တုန်လှုပ်သွားပြီး အလျင်အမြန် အသံလာရာဘက်သို့ လှမ်းကြည့်လိုက်သည်။
အဝေးမှ ဆယ်ကီလိုမီတာကျော်ခန့်ရှိသော တောနက်ထဲတွင် ဧရာမ မှိုပွင့်တိမ်တိုက်ကြီးတစ်ခု ကောင်းကင်သို့ ထိုးတက်သွားသည်ကို မြင်လိုက်ရသည်။ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော ကြီးမားသည့်ဖိအားလှိုင်းအောက်တွင် သစ်ပင်ကြီးများ လဲပြိုကာ မြေကြီးများ လန်တက်သွားသည်။ ဤနေရာမှ အမြင့်မှနေ၍ ကြည့်လိုက်ရာ တောအုပ်ကြီးတစ်ခုလုံးတွင် အချင်းမီတာတစ်ရာနီးပါးရှိသော ကွက်လပ်ကြီးတစ်ခု ပေါ်ထွက်လာသည်။
လှုပ်ရှားမှုကို ကြားသောအခါ လူအများမှာ လေ့ကျင့်မှုကိုရပ်တန့်ကာ အဝေးသို့ လှမ်းကြည့်လိုက်ကြသည်။ သူတို့၏ မျက်နှာအမူအရာမှာ အံ့ဩခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ ရောနှောနေ၏။
"ဒုံးကျည်တွေ ပစ်လိုက်တာလား" ဟော်တုံ၏ မျက်နှာမှာ အလွန်ဆိုးရွားနေသည်။ သူသည် တုံဟူမြို့မှ အကြီးအကျယ်ထွက်ပြေးခဲ့ရစဉ်က အဖြစ်အပျက်ကို ကြုံတွေ့ခဲ့ဖူးသောကြောင့် မည်သည့်ဒုံးကျည်ကိုမဆို စိတ်ဒဏ်ရာရနေပြီ ဖြစ်သည်။
တပ်ခွဲမှူးရှက သေချာကြည့်ရှုပြီးနောက် ခေါင်းခါလိုက်ကာ "ဒုံးကျည်ပေါက်ကွဲတာကို ကျွန်တော် အကြိမ်ကြိမ် မြင်ဖူးတယ်... ဒါ လုံးဝဒုံးကျည်မဟုတ်ဘူး... ယမ်းငွေ့ကြောင့်ဖြစ်တဲ့ မီးခိုးက ဒီလိုပုံစံမဟုတ်ဘူး... အခုဟာကမီးတောက်လည်းမရှိဘူး ထူးဆန်းတယ် အဲ့ဒါ ဘာကြီးလဲ"
"သန္ဓေပြောင်းသတ္တဝါများ ဖြစ်နေမလား" ချောင်လင်းက ရုတ်တရက် ပြောလိုက်သည်။
လူတိုင်း၏ စိတ်ထဲတွင် တုန်လှုပ်သွားပြီး လေထုမှာ တိတ်ဆိတ်ငြိမ်သက်သွားသည်။
အဖြစ်အပျက်ဖြစ်ပွားရာနေရာသည် ဤနေရာနှင့် ၂မိုင်၊ ၃မိုင်ခန့် ကွာဝေးပြီး အသံရောက်ရှိလာချိန်တွင် စက္ကန့်နှစ်ဆယ်ကျော်ခန့် ကြာမြင့်သွားပြီဖြစ်သည်။ လော်ယွမ် အမြောက်ဆံကဲ့သို့ စူးရှသောအသံကို ကြားချိန်တွင် ဖုန်မှုန့်များမှာ ကောင်းကင်သို့ ထိုးတက်နှင့်ပြီဖြစ်ရာ လော်ယွမ်ပင်လျှင် ထိုနေရာတွင် မည်သည့်အရာဖြစ်ပွားခဲ့သည်ကို မသိနိုင်ချေ။
လော်ယွမ်၏ မျက်နှာမှာ တည်ကြည်နေပြီး ထိုပေါက်ကွဲသည့်နေရာကို မလှုပ်မယှက် စိုက်ကြည့်နေသည်။ အကယ်၍ ဤသည်မှာ သန္ဓေပြောင်းသတ္တဝါတစ်ကောင်၏ လက်ချက်အမှန်ပင်ဖြစ်ပါက ဤစွမ်းအင်အဆင့်မှာ အစိမ်းရောင်အဆင့် သက်ရှိများထက် များစွာကျော်လွန်နေလောက်ပြီ ဖြစ်သည်။
"ငါ သွားကြည့်လိုက်မယ်" အတန်ကြာမှ လော်ယွမ်က တည်ကြည်သောလေသံဖြင့် ဆိုသည်။
"မဖြစ်ဘူး.း... ရှင့်ကို သွားခွင့်မပြုနိုင်ဘူး... ဒါက အရမ်းအန္တရာယ်များတယ်" ဟွမ်ကျားဟွေ၏ စိတ်ထဲတွင် တုန်လှုပ်သွားပြီး ဘာကိုမျှ ဂရုမစိုက်ဘဲ အလျင်အမြန် တားမြစ်လိုက်သည်။
"အမှန်ပဲ... အဲ့မှာဘာဖြစ်နေလည်း ဘယ်သူမှမသိနိုင်ဘူး... ဒီမှာပဲနေပြီး အခြေအနေကို အရင်ကြည့်တာ ပိုကောင်းမယ်... မတော်တဆဖြစ်ရပ်တစ်ခုခုလည်း ဖြစ်ချင်ဖြစ်မှာပေါ့" တပ်ခွဲမှူးရှကလည်း တိုက်တွန်းသည်။
အခြားသူများလည်း အလျင်အမြန် တားမြစ်ကြသည်။ လော်ယွမ်သည် အဖွဲ့၏ ကျောထောက်နောက်ခံဖြစ်ပြီး အဓိကအမာခံဖြစ်သည်။ အကယ်၍ သူ တစ်စုံတစ်ခုဖြစ်သွားပါက အဖွဲ့တစ်ခုလုံး မျှော်လင့်ချက်မဲ့ကာ ပြိုကွဲသွားပေလိမ့်မည်။ အန္တရာယ်များဖြင့် ပြည့်နှက်နေသော ဤရှေးဟောင်းတောအုပ်ကြီးထဲတွင် မည်သူတစ်ဦးတစ်ယောက်မျှ အသက်ရှင်နိုင်မည်ဟု ယုံကြည်မှုမရှိပေ။ ထို့ကြောင့် စိတ်ရင်းအမှန်ဖြစ်စေ၊ ဟန်ဆောင်ခြင်းဖြစ်စေ မည်သူမျှ နောက်ကျကျန်ရစ်ဝံ့ခြင်းမရှိပေ။
လော်ယွမ်မှာ နားထဲတွင် ဆူညံလာသောကြောင့် အလျင်အမြန် တားမြစ်လိုက်သည်။ "ဒီနေရာက ပေါက်ကွဲတဲ့နေရာနဲ့ အရမ်းနီးတယ်... ၆မိုင်ကျော်ဆိုတာ ကိုယ်လုံးကိုယ်ပေါက်ကြီးမားတဲ့ အဆင့်မြင့်သန္ဓေပြောင်းသတ္တဝါတွေအတွက် မိနစ်အနည်းငယ်ပဲ ကြာတယ်... သွားမကြည့်ဘဲနဲ့ ဘယ်လိုလုပ်စိတ်ချလက်ချ နေနိုင်မှာလဲ... ဒါပေမဲ့ ဒီတစ်ခေါက်က အခြေအနေကို သွားကြည့်ရုံပဲ... ငါဘာမှစွန့်စားမှာမဟုတ်ဘူး"
ဟွမ်ကျားဟွေက လော်ယွမ် သွားရန်အခိုင်အမာ တောင်းဆိုနေသည်ကို မြင်သောအခါ ထပ်မံတားမြစ်၍ အသုံးမဝင်တော့သည်ကို သိသောကြောင့် စိုးရိမ်ပူပန်စွာဖြင့် "ရှင် ဂရုစိုက်ပါနော်... တစ်ခုခုမူမမှန်ရင် ချက်ချင်းပြန်လာခဲ့ရမယ်"
လော်ယွမ်က ခေါင်းညိတ်လိုက်သည်။ "ငါသွားတာနဲ့ အားလုံး ကျောက်ဂူထဲမှာပဲနေ... ဟိုဒီလျှောက်မသွားကြနဲ့... အားလုံးအသင့်ပြင်ထားကြ... အခုအခြေအနေက တည်ငြိမ်နေပေမဲ့... ဟိုမှာအခြေအနေမကောင်းတာနဲ့ ငါအမြန်ပြန်လာပြီး တခါထဲ ထွက်ခွာသင့် ထွက်ခွာရမှာ"
လူတိုင်း၏ စိတ်ထဲတွင် တုန်လှုပ်သွားပြီး ရင်ထဲတွင် ကျောက်တုံးကြီးတစ်တုံး ဖိထားသကဲ့သို့ လေးလံသွားသည်။
………………………………………………………………………………………………
လော်ယွမ်သည် ရှည်လျားသော ချောက်ကမ်းပါးမှ ဆင်းသက်လာပြီး ဓားရှည်ကိုကိုင်ကာ အဖြစ်အပျက်ဖြစ်ပွားရာနေရာသို့ အရှိန်ပြင်းစွာ ပြေးထွက်သွားသည်။ တစ်စက္ကန့်လျှင် ပေ၁၅၀နီးပါး အရှိန်ဖြင့် ပတ်ဝန်းကျင်မှမြင်ကွင်းများသည် လျင်မြန်စွာ ကျော်ဖြတ်သွားပြီး အမြင်အာရုံ၏ ဘေးနှစ်ဖက်တွင် မပီမသသော မျဉ်းကြောင်းများအဖြစ်သို့ ပြောင်းလဲသွားသည်။
ကီလိုမီတာအနည်းငယ်မှာ ခဏအတွင်းမှာပင် ကုန်ဆုံးသွားပြီး မိနစ်အနည်းငယ်အတွင်းမှာပင် သူသည် မြက်တောကိုကျော်ဖြတ်ကာ တောအုပ်ထဲသို့ ဝင်ရောက်သွားသည်။
တောအုပ်ထဲသို့ ရောက်သောအခါ သူ ဆက်မပြေးတော့ဘဲ ဤနေရာရှိ ထူထပ်သော သစ်ကိုင်းများနှင့် နွယ်ပင်များကို အမှီပြုကာ လျင်မြန်စွာ ခုန်လွှားသွားသည်။ ပေ၂၀၊ ၃၀ထက်မဝေးသော အကွာအဝေးများကို တစ်ချက်ခုန်ရုံဖြင့် ကျော်ဖြတ်သွားသည်။ သူသည် အလွန်လျင်မြန်သော အကြိမ်နှုန်းဖြင့် ခုန်လွှားနေပြီး မြေပြင်သို့ ကျသည့်အခိုက်မှာပင် နောက်တစ်ကြိမ် ခုန်တက်ပြီးဖြစ်ရာ တစ်ချက်မျှ ရပ်တန့်ခြင်း၊ မှားယွင်းခြင်း မရှိသလောက်ပင်။
မြင့်မားသော လျင်မြန်မှုကြောင့် သူသည် အသင့်တော်ဆုံးသစ်ကိုင်းကို အေးအေးဆေးဆေး ရွေးချယ်ခုန်လွှားနိုင်သည်။ တခါတရံ သစ်ကိုင်းများကြား အလွန်ဝေးကွာ၍ မခုန်နိုင်သည့်အခါ နွယ်ပင်များကို အမှီပြုကာ လေထဲတွင် လွှဲသွားရာ အရှိန်မှာ အနည်းငယ်မျှ မကျဆင်းသွားပေ။
သူ၏အာရုံခံနိုင်စွမ်းက ပတ်ဝန်းကျင်အခြေအနေကို အစွမ်းကုန် စစ်ဆေးနေသည်။ အကြိမ်ပေါင်းများစွာတွင် လော်ယွမ်သည် ဖုံးကွယ်နေသော အန္တရာယ်များကို တွေ့ရှိပြီး အဝေးမှ ရှောင်ရှားခဲ့သည်။
နွယ်ပင်အဖြစ် ဟန်ဆောင်ထားသော မြွေကဲ့သို့ သတ္တဝါကြီးများ၊ အသားစား သန္ဓေပြောင်းအပင်အမျိုးမျိုး၊ အရောင်အသွေးစုံလင်ပြီး တစ်ကိုယ်လုံးတွင် အဆိပ်ငွေ့များ ရစ်သိုင်းနေသော ပေ၂၀ခန့်ရှည်သည့် ထူးဆန်းသော ပိုးကောင်ကြီးများ... တောအုပ်ထဲတွင် နေရာတိုင်း၌ အန္တရာယ်များ ပြည့်နှက်နေသည်။
အချို့အန္တရာယ်များမှာ လော်ယွမ်ပင်လျှင် ကွေ့ပတ်ရှောင်ကွင်းရပြီး မထိပါးမိအောင် ရှောင်ရှားရသည်။
သို့သော် သူသည် ဉာဏ်ရည်အမှတ် နည်းပါးမှု၏ ကန့်သတ်ချက်ကိုလည်း ခံစားနေရပြီဖြစ်သည်။ ရှုပ်ထွေးပြောင်းလဲလွယ်သော မြေမျက်နှာသွင်ပြင်နှင့် အရေးပေါ်အခြေအနေများနှင့် ကြုံတွေ့ရသည့်အခါ များသောအားဖြင့် အချိန်အလုံအလောက်ရှိသော်လည်း ဦးနှောက်က လိုက်မမီနိုင်သောကြောင့် အရှိန်ကို အပြည့်အဝ ထုတ်သုံး၍မရပေ။
ခရီးတစ်လျှောက် အန္တရာယ်များကြားမှ ဘေးကင်းစွာဖြင့် ခုနစ်မိနစ်၊ ရှစ်မိနစ်မပြည့်မီမှာပင် လော်ယွမ်သည် နောက်ဆုံးတွင် အဖြစ်အပျက်ဖြစ်ပွားရာနေရာသို့ ရောက်ရှိလာသည်။
ဤနေရာတွင် ပျက်စီးပြန့်ကျဲနေပြီး သစ်ပင်အမြောက်အမြားမှာ ကျိုးပဲ့လဲကျနေသည်။ မြက်ပင်၊ ချုံပုတ်များနှင့် သစ်ရွက်ခြောက်များပင်လျှင် တစ်စမကျန် လွင့်စင်သွားပြီး မြေပြင်ပေါ်တွင် မည်းနက်သော မြေဆီလွှာများ ပေါ်ထွက်နေသည်။ လုံးပတ်၁၅ပေခန့်ရှိသော သစ်ပင်ကြီးအနည်းငယ်သာ ဤနေရာတွင် ကျန်ရှိနေပြီး မလဲပြိုဘဲ ရပ်တည်နေဆဲဖြစ်သည်။
သို့သော် ၎င်း၏အကိုင်းအခက်အားလုံးမှာ တစ်စမကျန် လွင့်စင်သွားပြီး အကိုင်းအခက်မရှိသော သစ်ပင်စည်တစ်ခုတည်းသာ ကျန်ရစ်တော့သည်။ တစ်ဖက်ခြမ်းရှိ သစ်ခေါက်များပင်လျှင် တံစဉ်ဖြင့် တိုက်ထားသကဲ့သို့ အခြပ်လိုက် ပျောက်ကွယ်နေသည်။
လော်ယွမ်က တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် အကြည့်ကိုပြန်ရုတ်သိမ်းကာ ရှေ့မှ ဧရာမချိုင့်ကြီးကို လှမ်းကြည့်လိုက်ရာ မျက်နှာမှာ တည်ကြည်လေးနက်သွားသည်။