← Chapters

တည်းခိုခြင်း

Vol. 1 Ch. 17

တည်းခိုခြင်း

Vol. 1 Ch. 17

လော်ယွမ်နှင့် ကျိုးယလီတို့ ခြံဝင်းအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။

ထိုအခိုက်တွင် ပိန်လှီသော အိမ်ရှင်ယောက်ျားက လော်ယွမ်၏ လက်ထဲမှ ဓားအိမ်ထဲထည့်ထားသော ဓားရှည်တွင် သွေးစအချို့ရှိနေသည်ကိုမြင်တွေ့သွားသည်။ ထိုအခါသူ၏ မျက်နှာသည် ရုတ်ခြည်းပင် သွေးဆုတ်ဖြူရော်သွားပြီး ခြေလှမ်းကို အလျင်စလို နောက်ဆုတ်လိုက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "မင်းဘာလုပ်မလိုလဲ...ငါတို့မှာပိုက်ဆံမရှိဘူး"

လော်ယွမ်က အနည်းငယ်မျက်မှောင်ကျုံ့မိသွား၏။ထိုသူ၏ လွန်ကဲသော တုံ့ပြန်ပုံကို ကြည့်ခြင်းအားဖြင့် ဤအရပ်ဒေသသည် အတော်ပင် မငြိမ်မသက်ဖြစ်နေကြောင်း ထင်ရှားလှပေသည်။

သူက ပြုံးလျက် ဆို၏။ "မကြောက်ပါနဲ့…ကျွန်တော်တို့ကလူဆိုးတွေမဟုတ်ဘူးလို့ပြောပြီးပြီလေ…ဒီဓားကကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ဆောင်ထားတာ…ဒီဓားသာမပါရင်တောင်ပတ်လမ်းကနေတောင်…ထွက်လာနိုင်မှာမဟုတ်ဘူး…ကျွန်တော်တို့လမ်းမှာတွေ့ခဲ့တဲ့…သန္ဓေပြောင်းကြွက်တွေလက်ချက်နဲ့…လမ်းဘေးမှာအရိုးကျနေလောက်ပြီ"

ပိန်လှီသော ယောက်ျား၏ မျက်နှာတွင် သံသယနှင့် ထိတ်လန့်မှုတို့ ယှက်သန်းနေ၏။ သူက လော်ယွမ်၏ စကားကို မယုံကြည်ကြောင်း ထင်ရှားသော်လည်း အပြင်ပန်းတွင်မူ ခေါင်းကို အကြိမ်ကြိမ် ညိတ်လျက် ဟုတ်မှန်ကြောင်း ဝန်ခံနေလေသည်။

ထိုစဉ် အိမ်ရှင်အမျိုးသမီးက အသံဗလံများကို ကြားသဖြင့် မီးဖိုချောင်သုံးဓားမတစ်ချောင်းကို ကိုင်ကာ တံခါးဝမှ ထွက်ပေါ်လာသည်။ သူမက ဤမြင်ကွင်းကို မြင်သောအခါ ကျယ်လောင်စွာ စူးစူးဝါးဝါး အော်ဟစ်လိုက်လေသည်။

လော်ယွမ်မျက်မှောင် ကုတ်သွား၏။ ဤအိမ်ရှိလူများသည် အဘယ့်ကြောင့် ဤမျှ အလန့်တကြားဖြစ်လွယ်ကြပါသနည်း။ သူကောင်းမွန်စွာ ရှင်းပြပြောဆိုခဲ့သည်များမှာ အချည်းနှီးပင်ဖြစ်ကြောင်း ထင်ရှားနေပေပြီ။ သူ၏ မျက်နှာထားသည် တင်းမာသွားပြီး အေးစက်စွာ ဆိုလိုက်သည်။ "ကျွန်တော်ပြဿနာမဖြစ်ချင်ဘူး…တစ်ခြားဘာအကြံအစီမှလည်းမရှိဘူး…ဒီညတည်းပြီးမနက်လင်းတာနဲ့ထွက်သွားမှာ…သူ့ကိုအမြန်ပါးစပ်ပိတ်ခိုင်းလိုက်"

ပိန်လှီသော ယောက်ျားက သူ၏ ဇနီးသည်ကို အလျင်အမြန် ဘေးသို့ဆွဲခေါ်ကာ တတွတ်တွတ် ပြောဆိုလိုက်သည်။ မကြာမီပင် အိမ်ရှင်အမျိုးသမီး၏ စိတ်အခြေအနေမှာ အနည်းငယ် တည်ငြိမ်သွား၏။

သူမက အားတင်းလျက် ပြုံးကာ ဆိုသည်။ "အော်…ကျွန်မတို့ဆီဧည့်သည်တွေရောက်နေတာပေါ့…ရှင်ကသေချာပြောတာမဟုတ်ဘူး…လာကြလာကြ…အထဲဝင်ထိုင်ကြ"

"မင်းအရင်ဝင်ပြီးသွားချက်နှင့်…ငါသူတို့ကိုဧည့်ခံလိုက်မယ်…အော်ဒါနဲ့ဧည့်သည်တွေအတွက်…ဟင်းနှစ်မျိုးလောက်ပိုလုပ်လိုက်…ငါသူတို့အတွက်ရေနွေးကြမ်းသွားတည်ဦးမယ်" ပိန်လှီသော ယောက်ျားကလည်း ကမန်းကတန်း ဝင်ပြောလေသည်။

အိမ်ရှင်အမျိုးသမီးသည် သူမ၏ ခင်ပွန်းသည်ကို စိုးရိမ်သော မျက်လုံးများဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် မီးဖိုချောင်ထဲသို့ တုံ့ဆိုင်းစွာ ဝင်သွားလေသည်။

သူတို့သုံးဦး ဧည့်ခန်းသို့ လျှောက်လာကြပြီးနောက် ပိန်လှီသော ယောက်ျားက ရေနွေးကြမ်း သုံးခွက်ကို အလျင်အမြန်ယူလာသည်။

လော်ယွမ်သည် စိတ်ထဲမှာ "အမျိုးအမည်ခွဲခြားအစွမ်း" ကို သုံးကြည့်လိုက်ရာ အဆိပ်မရှိကြောင်း တွေ့သဖြင့် စိတ်ချလက်ချ တစ်ငုံ သောက်လိုက်ပြီး "ခင်ဗျားတို့ကြောက်စရာမလိုပါဘူး…ကျွန်တော်တို့ကတုံဟူမြို့ကလာကြတာ…ဒီကအမျိုးတွေဆီလာလည်တာလေ…ဒီဓားကလဲကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ဆောင်ထားတာ…ခင်ဗျားသိတဲ့အတိုင်းအခုအပြင်မှာအန္တရာယ် တော်တော်များနေတာမလား"

"ဒါပေါ့… ဒါပေါ့" ပိန်လှီသော ယောက်ျားက မချိပြုံး ပြုံးလျက် ဆို၏။ သူ၏ မျက်လုံးများက ကြောက်မက်ဖွယ် လက်နက်ဖြစ်သော ဓားရှည်ထံသို့ မကြာခဏ ခိုးကြည့်နေပြီး သူ၏ အမူအရာမှာ အလွန်ပင် အနေကျဉ်းကျပ်နေဟန်ရှိသည်။

လော်ယွမ်သည် အပြင်တွင် မှောင်ရီပျိုးလာပြီဖြစ်သော်လည်း ဧည့်ခန်းထဲတွင် မီးမထွန်းထားသည်ကို သတိပြုမိသဖြင့် အနည်းငယ် ထူးဆန်းစွာ မေးလိုက်သည်။ "ဒီမှာမီးမလာဘူးလား"

"ကြွက်တွေကဓာတ်ကြိုးတွေကိုကိုက်ဖြတ်သွားလို့…မီးပြတ်နေတာ၃ရက်ရှိပြီ…ဘယ်သူမှလဲလာမပြင်ပေးကြဘူး" ပိန်လှီသော ယောက်ျားသည် မျက်နှာချိုသွေးလျက် သတိကြီးစွာဖြင့် ဖြေကြားသည်။

"ဒါဆိုရေရော…ရသေးလား" ကျိုးယလီက မေးလိုက်သည်။ သူမက ယနေ့တစ်နေ့လုံး ချွေးများထွက်ထားသဖြင့် တစ်ကိုယ်လုံး စေးကပ်နေ၏။ အကယ်၍ ရေမချိုးရပါက သက်သောင့်သက်သာအိပ်နိုင်မည်မဟုတ်ပေ။

"ရတာပေါ့...ရတာပေါ့...ရေပူရေအေးနှစ်မျိုးလုံးရတယ်...ခေါင်းမိုးပေါ်မှာရေအပူပေးစက်တပ်ထားတယ်လေ"

ပိန်လှီသော ယောက်ျား၏ သတိထားစိတ်မှာ အလွန်ပြင်းထန်နေ၏။ လော်ယွမ်က ခေတ္တမျှ စကားစမြည်ပြောပြီးနောက် စိတ်ဝင်စားမှု ကုန်ခန်းသွားလေသည်။ သူတို့သုံးဦးက စားပွဲတွင် ဒီတိုင်းထိုင်နေကြပြီး လက်ဖက်ရည်ကိုသာ ငုံ့သောက်နေကြတော့သည်။

မကြာမီပင် ထမင်းနှင့် ဟင်းများ အသင့်ဖြစ်သွားလေသည်။

အိမ်ရှင်အမျိုးသမီးက ထမင်းနှင့်ဟင်းပွဲများကို စားပွဲပေါ်သို့ အလျင်အမြန်ပြင်ပေးသည်။ ဟင်းနှစ်ခွက်တိုးသည်ဟု ဆိုသော်ငြားလည်း ဟင်းလျာများမှာ အလွန်ပင် ရိုးရှင်းလှ၏။ အသားဟင်းတစ်ခွက်မှလွဲ၍ ကျန်သည်များမှာ အရွက်ကြော်များသာ ဖြစ်သည်။

အိမ်ရှင်အမျိုးသမီးက စားပွဲတွင် ဝင်ထိုင်လိုက်ပြီးနောက် အခြေအနေမှာ တစ်မျိုး ဖြစ်နေသည်ကို ခံစားမိသဖြင့် သူမ၏ ခင်ပွန်းသည်ကို အပြစ်တင်သော မျက်လုံးဖြင့် ကြည့်လိုက်ပြီး ဧည့်သည်များအား စကားဖောင်ဖွဲ့ကာ ရှင်းပြလေသည်။ "ရှင်တို့အားမနာနဲ့နော်...ဟင်းတွေကအရွက်နည်းနည်းများတယ်...ခုတလောဟင်းသီးဟင်းရွက်တွေဝယ်ရအရမ်းခက်တယ်...ဒါတွေကကျွန်မတို့ခြံထဲမှာပေါက်တဲ့ဟင်းရွက်တွေပေါ့...အရမ်းလတ်ဆတ်တယ်...ဒီဘက်ကအသားဟင်းကခွေးသားဟင်း...အဲ့တာအိမ်မှာမွေးထားတဲ့ခွေးလေ...ဟိုနေ့ကမှသတ်လိုက်တာ...အရမ်းအရသာရှိတယ်"

"အားနာလိုက်တာ...ဟင်းတွေကကျွန်တော်တုံဟူမြို့မှာစားခဲ့တာထက်တောင်...ပိုကောင်းသေးတယ်" လော်ယွမ်က ယဉ်ယဉ်ကျေးကျေးတုံ့ပြန်လိုက်သည်။

"ခွေးကိုဘာလို့သတ်လိုက်တာလဲ...ရက်စက်လိုက်တာ" ကျိုးယလီက ထိုခွေးသားဟင်းပန်းကန်ကို ကြည့်ပြီး စိတ်မကောင်းစွာ ဆိုလိုက်၏။ သူမ၏ အိမ်တွင်လည်း ခွေးတစ်ကောင် မွေးထားသည်။ သူမ အိမ်မှ ထွက်ခွာသည့်အခါတိုင်း ထိုခွေးက သူမကို အဝေးကြီးအထိ လိုက်ပို့လေ့ရှိပြီး သူမအပေါ် အလွန်ပင် သံယောဇဉ်တွယ်ရှာသည်။ ဤအိမ်မှ ခွေး သတ်ခံရသည်ကို မြင်ရသောအခါ သူမ၏ အိမ်မှ "မိဝါ" အတွက် စိုးရိမ်စိတ်ဝင်မိလေသည်။

အိမ်ရှင်အမျိုးသမီးက လော်ယွမ်အား သတိဖြင့် တစ်ချက်ကြည့်လိုက်၏။ လော်ယွမ်၏ ခံစားချက်ကင်းမဲ့နေသောမျက်နာကိုတွေ့မှ သူမက ရှက်ရယ်ရယ်လျက် ရှင်းပြသည်။ "ကျွန်မအမျိုးသားက...မွေးထားတဲ့ခွေးတစ်နေ့တစ်ခြားအကောင်ကြီးကြီးလာတော့ဆိုးရိမ်နေလို့လေ...ပြီးတော့ခုနောက်ပိုင်းရွာထဲမှာ...ခွေးရူးတွေကိုက်လို့လူတွေသေတယ်လို့လဲကြားနေတော့...တစ်ခုခုဖြစ်မှာစိုးတာနဲ့ကျွန်မတို့သူ့ကိုသတ်လိုက်တာ...အခုဆိုရွာထဲမှာခွေးတောင်မရှိသလောက်ပဲ"

လမ်းတစ်လျှောက်လုံး ခွေးဟောင်သံပင် မကြားခဲ့ရသည်မှာ အံ့ဩစရာမရှိတော့ပေ။ အားလုံး အသတ်ခံလိုက်ရခြင်းဖြစ်ပေမည်။ သို့သော်လည်း စဉ်းစားကြည့်လျှင် ထိုသို့သော သန္ဓေပြောင်းသတ္တဝါများ ရှိနေခြင်းသည် ရွာအတွက် အန္တရာယ်ပင် ဖြစ်သည်။ ပိုင်ရှင်အတွက် အန္တရာယ်မရှိသော်လည်း အခြားသူများအတွက်မူ အသက်ဘေးဖြစ်နိုင်သည်။ ထို့အပြင် ဤမျှ ကြီးမားသော သတ္တဝါကြီးတစ်ကောင်ကို မွေးထားခြင်းသည် အစာအများအပြားကို ဖြုန်းတီးရာရောက်သည်။ ယခုကဲ့သို့သော အချိန်အခါတွင် ၎င်းက အလွန်ပင် ကြီးလေးသော ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်ပြီး၊ သတ်လိုက်ပါက အသားအများအပြားကိုလည်း ရရှိနိုင်ပေသည်။

ဤအချက်နှစ်ချက်ကို ချိန်ထိုးကြည့်လျှင် ခွေးကိုသတ်ခြင်းက ပို၍ အကျိုးရှိပေလိမ့်မည်။

လော်ယွမ်က စိတ်ထဲမှ တွေးတောလျက် ခွေးသားဟင်းပန်းကန်ကို "အမျိုးအမည်ခွဲခြားအစွမ်း" ဖြင့် စစ်ဆေးကြည့်လိုက်သည်။ ခေါင်းထဲတွင် သတင်းအချက်အလက်များ ပေါ်ထွက်လာသောအခါ သူ၏ မျက်နှာသည် အနည်းငယ် ပြောင်းလဲသွား၏။

အမည် - ဆားနယ်ထားသော သန္ဓေပြောင်းခွေးအသား

ပါဝင်ပစ္စည်း - သန္ဓေပြောင်းခွေးအသား၊ ဆား

ရှားပါးမှုအဆင့် - အဖြူရောင်

အလေးချိန် - ၃၀၀ ဂရမ်

အစွမ်းအာနိသင် - ပင်ပန်းနွမ်းနယ်မှုကို လျင်မြန်စွာ ပြန်လည်သက်သာစေခြင်း၊ ခန္ဓာကိုယ်၏ ခုခံအားကို မြှင့်တင်ပေးခြင်း

သုံးသပ်ချက် - ဤသည်မှာ သန္ဓေပြောင်းခွေးအသားကို ရိုးရှင်းစွာ ချက်ပြုတ်ထားသော အစားအစာဖြစ်ပြီး၊ အထဲတွင် တက်ကြွစွမ်းအင် အနည်းငယ် ပါဝင်နေသည်။

သူ၏ စိတ်ထဲတွင် အနည်းငယ် အံ့ဩသွား၏။ သန္ဓေပြောင်းသတ္တဝါအသားဖြင့် ပြုလုပ်ထားသော အစားအစာတွင် ဤသို့သော အစွမ်းအာနိသင်များ ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ဤအာနိသင်မှာ ဖြည်းဖြည်းချင်းသာ သက်ရောက်မှုရှိသဖြင့် သာမန်အားဖြင့် သတိပြုမိနိုင်မည်မဟုတ်။ သူ "အမျိုးအမည်ခွဲခြားအစွမ်း" ကို အသုံးပြုခဲ့၍သာ တော်တော့သည်။ သို့မဟုတ်လျှင် ထိုသို့သောလျှို့ဝှက်ချက်ကို သူ မည်သည့်အချိန်မှ ရှာဖွေတွေ့ရှိမည်ကို မသိနိုင်ပေ။

ဤသန္ဓေပြောင်းခွေးသည် အဖြူရောင်အဆင့် ရှိပြီး သန္ဓေပြောင်းသတ္တဝါများ၏ အနိမ့်ဆုံးအဆင့်သာ ဖြစ်သည်။ ယခင်က ကြုံတွေ့ခဲ့ရသော အပြာနုရောင်အဆင့်ရှိ မြွေကြီး၏ အသားနှင့်သွေးတွင် မည်သို့သော အစွမ်းအာနိသင်များ ရှိမည်ကိုမူ မသိနိုင်ပေ။ သို့သော် သူကနောင်တအများကြီးမရမိပေ။ အကြောင်းမှာ ထိုမြွေကြီးသည် လူအချို့ကို မျိုချခဲ့ပြီး ဖြစ်သောကြောင့် သူ့ကို စားခိုင်းလျှင်တောင် စားနိုင်မည်မဟုတ်ပေ။ နောင်အခါတွင် သတိထားရုံသာ ရှိတော့သည်။

စကားအနည်းငယ်ပြောဆိုပြီးနောက်တွင်မူ ထမင်းစားပွဲဝိုင်းက တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

လင်မယားနှစ်ယောက်က အချင်းချင်း မျက်ရိပ်ပြလျက် အသံတိတ် စကားပြောနေကြသည်။ လော်ယွမ်က ထိုအဖြစ်ကို မမြင်ချင်ယောင်ဆောင်ပြီး ခေါင်းငုံ့၍သာ ထမင်းစားနေလိုက်၏။ ညစာစားပွဲက လျင်မြန်စွာ ပြီးဆုံးသွားပြီး ကောင်းကင်သည်လည်း တဖြည်းဖြည်း မှောင်မိုက်လာခဲ့သည်။

အိမ်ရှင်အမျိုးသမီးက ထိုင်ရာမှထလိုက်ပြီး မချိတင်ကဲ ပြုံးကာ ဆိုသည်။ "အပေါ်ထပ်မှာအခန်းလွတ်မရှိတော့ဘူး…ရှင်တို့အောက်ထပ်မှာပဲအိပ်ကြမလား…ကျွန်မအခုအခန်းကိုသွားရှင်းလိုက်မယ်…သိပ်မကြာစေရဘူး"

"ရပါတယ်" လော်ယွမ်က ခေါင်းညိတ်လိုက်သည်။ ထိုလင်မယားသည် သတိကြီးလွန်းနေမှန်း သိသဖြင့် သူ အတင်းအကျပ် မတောင်းဆိုတော့ပေ။

အိမ်ရှင်အမျိုးသမီး၏ မျက်နှာမှာ ပြေလျော့သွားပြီး သူမ၏ အပြုံးသည်လည်း အနည်းငယ် ပို၍ သဘာဝဆန်လာသည်။ "ချီယွမ်... အိမ်တွင်းစီးဖိနပ်၂ရံနဲ့ဖယောင်းတိုင်တစ်တိုင်ယူခဲ့ပါဦး…ဒါနဲ့ရှင်တို့ရေချိုးချင်ရင်အောက်ထပ်ကရေချိုးခန်းမှာပဲချိုးလို့ရတယ်" အချို့အပြုအမူများကိုကြည့်ပါက ဤအိမ်တွင် မိန်းမဖြစ်သူက ဦးဆောင်ပြီး ယောက်ျားဖြစ်သူမှာမူ စကားနည်းသော အနေအေးသည့်လူစားမျိုးဖြစ်ကြောင်း သိမြင်နိုင်သည်။

ထိုအခိုက်တွင် ကျိုးယလီက လော်ယွမ်၏ အင်္ကျီကို ရုတ်တရက် ဆွဲလိုက်သည်။

လော်ယွမ်သည် အစပိုင်းတွင် အနည်းငယ် အံ့ဩသွားသော်လည်း မကြာမီ အကြောင်းရင်းကို သဘောပေါက်သွားပြီး ဆိုလိုက်သည်။ "အိပ်ယာခင်းအပိုတစ်ခုပေးလို့ရမလား…ကျွန်တော်တို့ကစုံတွဲတွေမဟုတ်တော့…တစ်အိပ်ယာထဲအတူအိပ်ဖို့မသင့်သော်ဘူး"

အိမ်ရှင်အမျိုးသမီးက အခက်တွေ့ဟန်ပြကာ ဆိုသည်။ "ကျွန်မတို့အိမ်မှာ အိပ်ရာနှစ်လုံးပဲရှိတာ…ဒါမှမဟုတ်ဖျာတစ်ချပ်ခင်းလိုက်မယ်ဆိုရင်ရော…အပေါ်ကဂွမ်းကပ်အပါးထပ်ခင်းလိုက်မယ်"

"ဒါဆိုအဆင်ပြေတယ်" လော်ယွမ်က ခေါင်းညိတ်လိုက်၏။ ဤနည်းလမ်းမှတစ်ပါး အခြားမရှိတော့ပေ။

ခဏအကြာတွင် လင်မယားနှစ်ယောက်သည် ဘေးဘက်ရှိ အခန်းငယ်တစ်ခုကို ရှင်းလင်းပေးပြီးနောက် အပေါ်ထပ်သို့ အလျင်အမြန် တက်သွားကြလေသည်။

လော်ယွမ်က အခန်းထဲသို့ ဝင်လိုက်ပြီး ဖယောင်းတိုင်ကို ကျိုးယလီထံ ကမ်းပေးကာ "နင်အရင်ရေသွားချိုးလိုက်…ပြီးမှငါချိုးမယ်"

အိမ်အပြင်ဘက်တွင် မည်းမှောင်နေပြီး မရင်းနီးသော ပတ်ဝန်းကျင်ကြောင့် ကျိုးယလီသည် ဖယောင်းတိုင်ကို ကိုင်လျက် အနည်းငယ် ကြောက်လန့်နေသည်။ "ဒါမှမဟုတ်... ရှင် အရင်ချိုးမလား"

"ဘာမှကြောက်စရာမရှိဘူး" လော်ယွမ်က သူမ၏ စိတ်ကို တစ်ချက်ကြည့်ရုံဖြင့် သိမြင်ကာ ပြုံးလျက်ဆိုသည်။ "ဒါမှမဟုတ်ငါပါနင်နဲ့အတူ…လိုက်ချိုးပေးရမလား"

ကျိုးယလီက သူ့ကို မျက်စောင်းထိုးလိုက်ပြီး အတန်ကြာ တုံ့ဆိုင်းနေပြီးမှ အံကိုတင်းတင်းကြိတ်ကာ ကြောက်ကြောက်လန့်လန့်ဖြင့် အိပ်ခန်းထဲမှ ထွက်သွားလေသည်။

သူမသည် ရေချိုးခန်းထဲသို့ ဝင်လိုက်သည်နှင့် ချက်ချင်း တံခါးကို ပိတ်လိုက်၏။ ပြီးနောက်တဒိန်းဒိန်း ခုန်နေသော ရင်ဘက်ကိုဖိထားလိုက်သည်။ သူမက မူလကတည်းက သတ္တိနည်းသူဖြစ်ပြီး သရဲကားတစ်ကားကြည့်မိရုံမျှဖြင့် ရက်အတော်ကြာကြောက်လန့်နေတတ်သူဖြစ်သည်။ တစ်ခါတစ်ရံ ညသန်းခေါင်တွင် ဆီးသွားချင်လွန်း၍ မခံနိုင်သည့်တိုင် ရေချိုးခန်းသို့ မသွားရဲပေ။ ယနေ့ကဲ့သို့သော အတွေ့အကြုံမျိုးနှင့် နှိုင်းယှဉ်လျှင် ပြောစရာပင်မရှိတော့။

ယခင်က လော်ယွမ် အနားတွင် ရှိနေစဉ် သူမ ဘာမျှမခံစားရသော်လည်း ယခု တစ်ယောက်တည်း ရှိနေသောအခါတွင်မူ မိနစ်တိုင်းသည် ပြင်းပြသော ဝေဒနာကို ခံစားနေရသကဲ့သို့ ဖြစ်နေပြီး အပြင်မှ သားရဲမိစာ္ဆတစ်ကောင်ကောင် ဝင်လာမည်ကို စိုးရိမ်နေမိသည်။

သူမသည် တွေးလေ ကြောက်လေ ဖြစ်လာပြီး ဤနေရာတွင် တစ်မိနစ်ပင် မနေချင်တော့ပေ။

သူမက အဝတ်အစားများကို ချွတ်လိုက်ပြီး ရေပန်းအောက်တွင် ရပ်ကာ အမြန်ဆုံး ဆေးကြောလိုက်သည်။

အဝတ်အစားများ ပြန်ဝတ်သောအခါ သူမသည် အနည်းငယ် တုံ့ဆိုင်းသွား၏။ သူမ၏ အဝတ်အစားများမှာ ခရီးဆောင်အိတ်နှင့်အတူ အားလုံး ပစ်ထားခဲ့ရသဖြင့် လဲလှယ်စရာ အဝတ်အစား မရှိတော့ပေ။ တီရှပ်နှင့် စကတ်မှာ အနံ့အသက် မရှိသော်လည်း အတွင်းခံဘောင်းဘီမှာမူ အနည်းငယ်ညစ်ပေနေပြီး အလယ်တွင် အညိုရောင်ပင်စွန်းနေပေပြီ။

သူမ၏ မျက်နှာသည် ပူရှိန်းသွား၏။ နေ့လည်ကအန္တရာယ်နှင့် ကြုံတွေ့နေရစဉ် အကြိမ်များစွာ ဆီးအလွန်သွားချင်ခဲ့သည်ကို သူမ ပြန်လည်သတိရမိသည်။

အကယ်၍ ဒီအတိုင်းဝတ်မည်ဆိုလျှင် အလွန် ရွံရှာဖွယ်ကောင်းလှသည်။ ခတ္တမျှတုံ့စိုင်းပြီးနောက် သူမချွတ်ထားလိုက်ရန်ဆုံးဖြတ်လိုက်သည်။ သတိထားပြီးနေလျင် မည်သူမျှသိနိုင်မည်မဟုတ်ပေ။

သူမက အဝတ်အစားများကို ပြန်ဝတ်လိုက်ပြီးနောက် တင်ပါးတွင် လေတိုး၍ အေးစိမ့်စိမ့်ဖြစ်နေသဖြင့် အလွန်ပင် မသက်မသာ ခံစားရလေသည်။ သူမက ရေချိုးခန်းတံခါးကို ဖွင့်ကာ အိပ်ခန်းဆီသို့ အပြေးအလွှား ပြန်လာခဲ့သည်။ အခန်းထဲတွင် လော်ယွမ်သည် အဝတ်စုတ်တစ်ခုကို ကိုင်လျက် သူ၏ ကျန်းမာတောက် ကို အာရုံစူးစိုက်စွာ သုတ်သင်နေသည်ကို မြင်လိုက်ရသောအခါ သူမ၏ စိတ်ထဲမှ ကြောက်ရွံ့မှုတို့သည် ချက်ချင်းပင် လွင့်ပြယ်ပျောက်ကွယ်သွားလေတော့သည်။

"မြန်သားပဲ…ဒါဆိုငါသွားချိုးလိုက်ဦးမယ်" လော်ယွမ်က ဓားရှည်ကို ညင်သာစွာ ချထားလိုက်ပြီး ဓားအိမ်ထဲသို့ ပြန်ထည့်ကာ ထိုင်ရာမှ ထလိုက်သည်။

"အင်း…ရှင်မြန်မြန်ချိုးပြီးမြန်မြန်ပြန်လာနော်" ကျိုးယလီ၏ အသံတွင် တောင်းပန်တိုးလျှိုးသော လေသံများ ပါဝင်နေသည်။ သူမက ဤနေရာတွင် တစ်စက္ကန့်မျှပင် တစ်ယောက်တည်း မနေလိုပေ။

လော်ယွမ်လည်း ခေါင်းခါရမ်းရင်း ဆိုလိုက်သည်။ "အင်းပါ…ငါအမြန်ပြန်လာခဲ့ပါ့မယ်…ပြီးတော့အဲ့လောက်ကြောက်စရာမလိုပါဘူး…ဘယ်သူပဲလာလာတံခါးကိုအရင်ဖြတ်လာရမှာလေ…ငါအသံတစ်ခုခုကြားတာနဲ့ချက်ချင်းလာခဲ့မယ်ဟုတ်ပြီလား"

"ဒါပေမဲ့ကျွန်မကြောက်တယ်…" ကျိုးယလီက ကုတင်စောင်းတွင် ထိုင်ချလိုက်ပြီး သနားစရာမျက်နှာလေးဖြင့် ဆိုလိုက်သည်။ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် သူမ၏ စကတ်ကို အလျင်အမြန် ဖုံးဖိလိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။

"ဘာမှလျှောက်တွေးမနေနဲ့…ကြောက်စိတ်ဆိုတာအဲ့လိုတွေးလေပိုဆိုးလေပဲ…တစ်ခြားပျော်စရာတွေးရင်တွေး…ဒါမှမဟုတ်ဂိမ်းဖြစ်ဖြစ်ဆော့နေလိုက်…ငါရေသွားချိုးတော့မယ်" လော်ယွမ်က ထိုသို့ပြောပြီးနောက် ထကာ ရေချိုးခန်းသို့ သွားလေသည်။ သူ ပြန်ရောက်လာသောအခါ အခန်းတံခါးကို ကျိုးယလီက ပိတ်ထားပြီး အတွင်းမှပင် ဂျက်ချထားသည်ကို တွေ့ရသဖြင့် ခေါင်းခါရမ်းပြီး တံခါးကို ခေါက်လိုက်ရသည်။

"ဘယ်သူလဲ" အတွင်းမှ ကျိုးယလီ၏ ကြောက်လန့်တကြား တုန်ယင်နေသော အသံ ထွက်ပေါ်လာသည်။

"ငါပါ…တံခါးဖွင့်ဦး" လော်ယွမ်က မတတ်နိုင်စွာဖြင့် ဆိုလိုက်သည်။

ကျိုးယလီသည် တံခါးကို ဖွင့်ပေးပြီးနောက် အလျင်အမြန် နောက်သို့လှည့်ကာ ခြေလှမ်းအနည်းငယ် လျှောက်သွားပြီး ကုတင်ပေါ်သို့ ခုန်တက်ကာ စောင်ခြုံလိုက်လေသည်။

လော်ယွမ်က တံခါးပိတ်ပြီးနောက် ထိုမြင်ကွင်းကို မြင်သောအခါ စိတ်ထဲတွင် အနည်းငယ် ဆွံ့အသွား၏။ သူမအဘယ်အရာကို ဤမျှ ကြောက်နေရသည်ကို သူ အမှန်ပင် နားမလည်နိုင်တော့ပေ။ "အဲ့လောက်တောင်လား…နင်အဲ့လိုအိပ်တာမပူဘူးလား"

"မပူပါဘူး" ကျိုးယလီက စောင်အောက်မှ ထစ်ထစ်ငေါ့ငေါ့ အသံဖြင့် ဖြေသည်။

"နင်အဆင်ပြေရင်ပြီးရော…ဒါဆိုငါဖယောင်းတိုင်မှုတ်လိုက်တော့မယ်" လော်ယွမ်က အပေါ်အင်္ကျီကို ချွတ်ရင်း ဆိုလိုက်သည်။

"မမှုတ်နဲ့" ကျိုးယလီသည် အနည်းငယ် စိုးရိမ်သွားပြီး စောင်ကိုလှန်ကာ ခေါင်းပြူထွက်လာသည်။

"နည်းနည်းလေးပဲကျန်တော့တာ…ကြာကြာခံမှာမဟုတ်ဘူး…ခဏနေနင်အပေါ့သွားချင်ရင်…ဖယောင်းတိုင်ထွန်းစရာမရှိဖြစ်လိမ့်မယ်" လော်ယွမ်က ဖယောင်းတိုင်ကို ကြည့်လိုက်ရာ လက်မအရွယ် အတိုလေးသာ ကျန်တော့သဖြင့် မကြာမီ ကုန်ဆုံးသွားတော့မည်ဟု သိလိုက်သည်။

"ဒါဆိုလည်းမှုတ်လိုက်တော့…ရှင့်ဖုန်းအားမကုန်သေးဘူးမလား" ကျိုးယလီက ဆိုသည်။

"ဘာလုပ်မလို့လဲ…တစ်ဝက်လောက်ကျန်သေးတယ်…ငါ့ဟာမျက်စောင်းလာမထိုးနဲ့နော်…ကျူကျားရွာရဲ့အခြေအနေကိုကြည့်ရင်…နင့်အိမ်မှာလဲမီးရှိမှာမဟုတ်ဘူး…ငါကဖုန်းသုံးစရာတွေရှိသေးတယ်" လော်ယွမ်က သူမ၏အကြံအစီကို စဉ်းစားမိ၍ ကြိုတင်ငြင်းဆိုလိုက်သည်။

ပြီးနောက် သူကဖယောင်းတိုင်ကို မှုတ်လိုက်ရာ အခန်းသည် ချက်ချင်းပင် အမှောင်တိကျသွားလေသည်။

အခန်းတွင်း၌ တိတ်ဆိတ်ငြိမ်သက်နေသော်လည်း အပြင်ဘက်တွင်မူ ဖားအော်သံ၊ ပိုးကောင်မြည်သံများနှင့် အမျိုးအမည်မသိ ကြောက်မက်ဖွယ် အော်သံများဖြင့် ဆူညံနေလေသည်။ ဤအခန်းငယ်လေးသည် ကမာ္ဘနှစ်ခုကို ပိုင်းခြားထားသည့်အလား၊ ကမာ္ဘလောကကြီးက မိမိတို့ကို မေ့လျော့သွားသည့်အလား အထီးကျန်ဆန်သော ခံစားချက်ကို ဖြစ်ပေါ်စေလေတော့သည်။

All Chapters