ဝံပုလွေကိုဖိတ်ခေါ်မိခြင်း
Vol. 1 Ch. 18
အခန်းတွင်း၌ တိတ်ဆိတ်ငြိမ်သက်နေသော်လည်း အပြင်ဘက်တွင်မူ ဖားအော်သံ၊ ပိုးကောင်မြည်သံများနှင့် အမျိုးအမည်မသိ ကြောက်မက်ဖွယ် အော်သံများဖြင့် ဆူညံနေလေသည်။ ဤအခန်းငယ်လေးသည် ကမာ္ဘနှစ်ခုကို ပိုင်းခြားထားသည့်အလား၊ ကမာ္ဘလောကကြီးက မိမိတို့ကို မေ့လျော့သွားသည့်အလား အထီးကျန်ဆန်သော ခံစားချက်ကို ဖြစ်ပေါ်စေလေသည်။
"ရှင်အိပ်သွားပြီလား" မိနစ်အနည်းငယ်ကြာပြီးနောက် ကျိုးယလီသည် ရုတ်တရက် တုန်ယင်သောလေသံဖြင့် တီးတိုးမေးလိုက်သည်။
"အိပ်ပျော်တော့မလို့...ဘာဖြစ်ပြန်ပြီလဲ" လော်ယွမ်က မချိပြုံးပြုံးလျက် ဖြေလိုက်သည်။ သူက ယနေ့တစ်နေ့လုံး အလွန်ပင်ပန်းနေခဲ့သည်။ တိုက်ပွဲတိုင်းတွင် သူ၏ စိတ်အာရုံကို အစွမ်းကုန် စူးစိုက်ထားခဲ့ရပြီး အနည်းငယ်မျှပင် ပေါ့လျော့၍ မရခဲ့ပေ။ ယခု အိပ်ရာပေါ် လှဲချလိုက်သည်နှင့် အိပ်ချင်စိတ်တို့သည် တမဟုတ်ချင်း ဖြစ်ပေါ်လာတော့သည်။
"ကျွန်မအိပ်မပျော်လို့" လော်ယွမ်၏ အသံကို ကြားလိုက်ရသောအခါ ကျိုးယလီက စိတ်အနည်းငယ် သက်သာရာရသွားသည်။
"ဒါပေမဲ့ငါကအိပ်ပျော်တော့မှာ...ဟုတ်ပြီဘာမှထပ်မပြောနဲ့တော့...ပြောစရာရှိရင်မနက်ကျမှပြော" လော်ယွမ်က စိတ်မရှည်သော လေသံဖြင့် ဆိုလိုက်သည်။
မိနစ်အနည်းငယ် ကြာပြီးနောက်...
"ရှောင်ယွမ်... ရှောင်ယွမ်" ကျိုးယလီသည် တစ်ဖန် ခေါ်လိုက်ပြန်သည်။
"ဘာလဲ" လော်ယွမ်က ခြောက်ကပ်သော အသံဖြင့် ပြန်ထူးလိုက်သည်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်...
"ဟို...ဟိုလေ...ရှင်ဒီဘက်မှာ...လာအိပ်ပါလား" ကျိုးယလီက ငိုသံပါဖြင့် ဆိုလိုက်၏။ ယခု သူမ မျက်လုံးမှိတ်လိုက်သည်နှင့် သွေးပင်လယ်ကြီးနှင့် သေဆုံးသွားသော လူပေါင်းများစွာ၏ ကြောက်မက်ဖွယ် မြင်ကွင်းတို့က မျက်စိထဲတွင် ပြန်လည်ပေါ်ထွက်လာနေသည်။ မျက်လုံးကို မမှိတ်ထားလျှင်လည်း တွေးလေ ကြောက်လေ ဖြစ်နေသဖြင့် သူမ၏ စိတ်သည် လုံးဝ ရူးသွပ်သွားတော့မည့်အလား ဖြစ်နေသည်။
လော်ယွမ်က မျက်လုံးကို ချက်ချင်းဖွင့်လိုက်ပြီး ဟန်ဆောင်ပန်ဆောင် ဆိုလိုက်သည်။ "ဒါက...သိပ်မကောင်းဘူးထင်တယ်နော်"
"ကုတင်က...အကျယ်ကြီးပဲကို...၂ယောက်အိပ်လို့ရပါတယ်...ဒါပေမဲ့...ဒါပေမဲ့...ရှင်ကျွန်မကိုမထိရဘူးနော်" ကျိုးယလီသည် သူမ၏ ဆွဲဆောင်မှုရှိသော နှုတ်ခမ်းလေးကို ကိုက်လျက် ဆိုလိုက်ပြီး မျက်နှာမှာလည်း နီမြန်းသွားလေသည်။
"ပြီးရော...ဒါဆိုလည်းလာခဲ့မယ်"
လော်ယွမ်က သူ၏ လက်ကိုင်ဖုန်းကို ထုတ်ပြီး ဓာတ်မီးအဖြစ် ဖွင့်လိုက်သည်။ ကျိုးယလီမှာ စောင်ကို ခေါင်းမြီးခြုံလျက် ကုတင်ထောင့်တွင် ကျုံ့ကျုံ့လေး ကွေးနေ၏။
သူက စောင်ကိုလှန်ကာ အတွင်းသို့ တိုးဝင်လိုက်သည်နှင့် စွဲမက်စေသော ကိုယ်သင်းနံ့က သူ၏ နှာခေါင်းဝသို့ တိုးဝင်လာသည်။ သူကစိတ်လှုပ်ရှားသွားပြီး အာခေါင်များလည်း ချောက်ကပ်လာလေသည်။
သူသည် သာမန်ယောက်ျားတစ်ယောက်ဖြစ်ပြီး စိတ်နိုးကြွလွယ်ကူသည့်အရွယ်လည်းဖြစ်လေသည်။ ဤသို့လှပကျော့ရှင်းသော မိန်းကလေးတစ်ဦး အနားတွင် လဲလျောင်းနေသည်ကို စိတ်မလှုပ်ရှားပါက ယောက်ျားဟုပင် ခေါ်ထိုက်မည် မဟုတ်ပေ။ အချို့သောသူတို့က ရမ္မက်အတွက် သတ္တိရှိကြသော်လည်း အချို့ကမရှိကြပေ။ သူမူလက သူတော်ကောင်းဟန်ဆောင်ရန် ကြိုးစားခဲ့သော်လည်း ကိုယ့်ကိုယ်ကိုယ်အထင်ကြီးမိနေကြောင်း ထင်ရှားလေသည်။ သူ၏ စိတ်ထဲတွင် ပိုးကောင်လေးတစ်ကောင်က တရွရွ လှုပ်ရှားသွားလာနေသကဲ့သို့ မခံမရပ်နိုင်အောင် ဖြစ်နေတော့သည်။
အတန်ကြာ တုံ့ဆိုင်းနေပြီးနောက် သူက သတ္တိမွေးပြီး စောင်အတွင်းဘက်သို့ လက်ဖြင့် စမ်းလိုက်ရာ မကြာမီပင် သူ၏ လက်က ချောမွေအိစက့်သော အရာတစ်ခုကို ထိမိသွား၏။ ထိုအရာမှာ သူမ၏ ပေါင်တံပင် ဖြစ်သည်။
ကျိုးယလီ၏ တစ်ကိုယ်လုံးသည် တုန်ခနဲ ဖြစ်သွားပြီး သူ၏လက်ကို တင်းတင်းဆုပ်ကိုင်ကာ လှုပ်ရှား၍မရစေရန် တားဆီးလိုက်သည်။
"ရှောင်ယွမ်...လက်ကိုမလှုပ်နဲ့" သူမသည် တုန်ယင်နေပြီး အသက်ရှူသံတို့က အနည်းငယ် မြန်ဆန်လာသည်။
"ငါတမင်ထိတာမဟုတ်ပါဘူး" လော်ယွမ်က မျက်စိဖွင့်ပြီး လိမ်လိုက်သည်။
မိနစ်ဝက်ခန့် ကြာပြီးနောက်...
"ရှောင်ယွမ်...ရှင်ကျွန်မကိုမထိဘူးလို့ကတိပေးထားတယ်လေ" ကျိုးယလီက အားမရှိသော အသံဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။ သူ၏ လက်ကို မလှုပ်ရှားရန် ဖိထားသော်လည်း လုံးဝ တားဆီးနိုင်ခြင်းတော့မရှိပေ။
"အမယလီ...နင်ကအရမ်းလှလွန်းတော့...ငါစိတ်မထိန်းနိုင်ဖြစ်သွားတာပါ" လော်ယွမ်က ခပ်တိုးတိုးပြန်ပြောလိုက်သည်။
သူမ၏ ကိုယ်မှာ ပို၍ပို၍ ပူလောင်လာကာ မီးလောင်ခံရသည့်အလားပင် ဖြစ်နေ၏။ သူမက လေပူတစ်ချို့ကို မှုတ်ထုတ်လိုက်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။ "ဒါဆိုလည်း...ရှင့်လက်ကိုငြိမ်ငြိမ်ထားလို့မရဘူးလား"
လော်ယွမ်က မကြားဟန်ဆောင်ကာ ဆက်လက် စမ်းသပ်နေလေသည်။
"ရှောင်ယွမ်... ရှင် ဘယ်လိုလုပ် ဒီလိုလုပ်ရက်ရတာလဲ" ကျိုးယလီ၏ စိတ်ထဲတွင် အလွန်ပင် ရှက်ရွံ့သွားပြီး သူမ၏ မျက်နှာသည် ပြုတ်ထားသော ကဏန်းကဲ့သို့ နီရဲသွား၏။ သူမက ရှိုက်သံတစ်ခု ပြုလိုက်ပြီး လက်နှစ်ဖက်ဖြင့် မျက်နှာကို အုပ်ထားလိုက်သည်။ နောက်ဆုံးတွင်တော့ ကျိုးယလီသည် အမှောင်ထဲတွင် မသိမသာ သက်ပြင်းတစ်ချက်ချလိုက်တော့သည်။ သူမတွင် တားဆီးရန် အင်အား မရှိတော့ပေ။
ထို့နောက်တွင် ကျိုးယလီသည် အခြားအရာများကို တွေးတောရန် အင်အားမရှိတော့ချေ။ ပြင်းထန်သော ပင်ပန်းနွမ်းနယ်မှုကြောင့် သူမက မကြာမီပင် နှစ်ခြိုက်စွာ အိပ်မောကျသွားလေတော့သည်။
နောက်တစ်နေ့ နံနက်စောစောတွင် ကျိုးယလီ အိပ်ပျော်နေရာမှ နိုးထလာခဲ့သည်။
သူမက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မသိစိတ်ဖြင့် သူမ၏ ပေါင်ကြားကို စမ်းကြည့်လိုက်ပြီး မျက်နှာတွင်လည်း နီရဲတွတ်သွားလေသည်။
သူမ၏အောက်ဘက်တွင် ခြောက်သွေ့နေပြီး အနည်းငယ် စိုစွတ်နေသကဲ့သို့ ခံစားရသည်။
"ငါ တကယ်ပဲ ရူးသွားပြီထင်တယ်...ဘယ်လိုလုပ်ဒီလိုအရာမျိုးကို...လုပ်မိသွားရတာလဲ" သူမသည် ညက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို ပြန်လည်စဉ်းစားမိသောအခါ ရှက်ရွံ့၍ သေချင်စိတ်ပင်ပေါက်သွား၏။
သူမက နီရဲနေသော မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ထားပြီး အတန်ကြာမှ အဝတ်အစားများကို ကောက်ယူကာ ဖြည်းညင်းစွာ ဝတ်ဆင်လိုက်သည်။
"ငါကိုယ်ဝန်ရှိသွားမလားမသိဘူး...အခုကဓမ္မတာလာပြီးလို့စိတ်ချရတယ်ဆိုပေမယ့်...အဲ့တာကရာနှုန်းပြည့်စိတ်ချရတာမျိုးမဟုတ်ဘူး" သူမ၏ စိတ်ထဲတွင် အတွေးပေါင်းစုံဖြင့် ရှုပ်ထွေးနေလေသည်။
ပြီးနောက် သူမက အိပ်ခန်းတံခါးကို ဖွင့်ပြီး ဧည့်ခန်းထဲသို့ ဝင်လာခဲ့သည်။ အိမ်ရှင်လင်မယားမှာ မီးဖိုချောင်ထဲတွင် ကြောက်လန့်တကြား ပုန်းအောင်းနေကြပြီး ပြတင်းပေါက်မှတစ်ဆင့် ခြံဝင်းထဲသို့ ကြည့်နေကြလေသည်။ သူမက စပ်စုစိတ်ဖြင့် ခြံဝင်းထဲသို့ ကြည့်လိုက်ရာ လော်ယွမ် သိုင်းလေ့ကျင့်နေသည်ကို တွေ့လိုက်ရ၏။
လော်ယွမ်၏ ဓားသိုင်းပညာမှာ လက်တွေ့တိုက်ခိုက်မှုကို အဓိကထားပြီး ကျွမ်းကျင်မှုအမှတ် တစ်မှတ်တိုးတိုင်း တိုက်ခိုက်နိုင်စွမ်း တစ်ဆတိုးလာသည့် လက်တွေ့ကျသော သတ်ဖြတ်ရေးဓားပညာ ဖြစ်သည်။ သူ၏ လေ့ကျင့်မှုတွင် မလိုအပ်သော အလှပြကွက်များ လုံးဝမပါဝင်ဘဲ ဓားတစ်ချက်ချင်းစီတိုင်းတွင် သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။ ဓားသွားက လေကို ခုတ်ခွဲဝှေ့ယမ်းလိုက်တိုင်း စူးရှသော လေခွင်းသံများ ထွက်ပေါ်လာတတ်သည်။
တစ်ချက်ကြည့်ရုံမျှဖြင့် ရှေးခေတ်ကာလ စစ်မြေပြင်တွင် အသက်လုတိုက်ခိုက်နေသော ကြောက်မက်ဖွယ်မြင်ကွင်းကို ခံစားမိနိုင်သည်။ ဤသည်မှာ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုသက်သက်မျှသာ မဟုတ်ဘဲ၊ လူကို ကြောက်ရွံ့တုန်လှုပ်စေပြီး နောက်ဆုတ်သွားစေနိုင်သော အရှိန်အဝါတစ်မျိုး ပါဝင်နေသောကြောင့် ဖြစ်သည်။
ကျိုးယလီသည် အဝေးမှ ကြည့်နေရုံမျှဖြင့်ပင် အရေပြားပေါ်တွင် ကြက်သီးမွေးညင်းများ ထသွားသည်ကို ခံစားလိုက်ရသည်။
သူမက လော်ယွမ်တိုက်ခိုက်သည်ကို အကြိမ်များစွာ မြင်တွေ့ခဲ့ဖူးသော်လည်း တိုက်ပွဲတိုင်းက လျင်မြန်စွာ စတင်ပြီး လျင်မြန်စွာ ပြီးဆုံးသွားလေ့ရှိသည်။ ထို့အပြင် ထိုအချိန်များတွင် သူမ၏ စိတ်က ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသဖြင့် အခြားအရာများကို စိတ်ဝင်စားနိုင်ခြင်း မရှိခဲ့ပေ။ သူ၏ ဓားပညာနှင့် ပတ်သက်၍ သူမသေချာသိထားခြင်းမရှိပဲ အလွန်တော်သည်ဟူ၍သာ ခံစားခဲ့ရသည်။ သို့သော် မည်သည့်အဆင့်အထိ တော်သည်ကိုမူ လုံးဝမသိရှိခဲ့ပေ။ ယခုမှသာ မျက်မြင်ကိုယ်တွေ့ ခံစားသိရှိခွင့်ရတော့၏။
မိနစ်အနည်းငယ် ကြာပြီးနောက်တွင် လော်ယွမ်က နံနက်ခင်းလေ့ကျင့်မှုကို အဆုံးသတ်လိုက်ပြီး ကျိုးယလီဘက်သို့ ကြည့်ကာ မေးလိုက်သည်။ "နိုးပြီလား"
ကျိုးယလီက မျက်လုံးကိုချက်ချင်းလွှဲလိုက်သည်။ သူနှင့် မျက်နှာချင်းဆိုင်ရန် မဝံ့မရဲ ဖြစ်နေ၏။ "အင်း။"
"မနေ့ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား" လော်ယွမ်သည် စကားစ စရာမရှိသဖြင့် မေးလိုက်သည်။
ကျိုးယလီက သူ့ကို မျက်စောင်းထိုးလိုက်ပြီး ဘာမျှပြန်မပြောပေ။
လော်ယွမ်သည်လည်း အနည်းငယ် အနေရခက်သွားပြီး ရှက်ရယ်ရယ်လိုက်ကာ စကားလမ်းကြောင်းပြောင်းလိုက်သည်။ "နင်မျက်နာသစ်လိုက်ဦး...အိမ်ရှင်လင်မယားကငါတို့အတွက်မနက်စာပြင်ပေးထားတယ်...ဒီနေ့ရာသီဥတုအခြေအနေကြည့်ရတာသိပ်မကောင်းဘူး...မိုးရွာရင်ရွာနိုင်တယ်...စားပြီးတာနဲ့ငါတို့တန်းသွားကြမယ်"
ကျိုးယလီက "အင်း" ဟု ဖြေလိုက်ပြီးနောက် ရေချိုးခန်းဘက်သို့ လှည့်ထွက်သွားလေသည်။
သူတို့နှစ်ဦး မနက်စာစားပြီးနောက် အိမ်ရှင်လင်မယားက သူတို့ကို ကပ်ရောဂါ တစ်ခုနှင်ထုတ်သည့်အလား အိမ်တံခါးဝအထိ လိုက်ပို့ကြသည်။
မနေ့က ကောင်းကင်သည် ကြည်လင်နေခဲ့သော်လည်း ယနေ့တွင်မူ မိုးအုံ့နေ၏။ နံနက် ကိုးနာရီနီးပါး ရှိနေပြီဖြစ်သော်လည်း ကောင်းကင်မှာ မီးခိုးရောင်တိမ်များဖြင့်ပြည့်နေပြီး စိတ်ကို လေးလံဖိစီးစေကာ မိုးကြီးသည်းထန်စွာ ရွာသွန်းတော့မည့်အလား ဖြစ်နေသည်။
"နင့်အိမ်ကဒီကနေဆိုဘယ်လောက်ဝေးသေးလဲ" လော်ယွမ်က ကောင်းကင်ကို ကြည့်ပြီး အနည်းငယ် စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။
"ကားစီးရင်မိနစ်၂၀လောက်ကြာတယ်လို့ပဲသိတယ်...ကားပေါ်ကဆင်းပြီးရင်၁၀မိနစ်လောက်လမ်းဆက်လျှောက်ရမယ်" ကျိုးယလီက ခေတ္တမျှ စဉ်းစားပြီးမှ ဖြေလိုက်သည်။ ယခုခေတ်တွင် လူတိုင်းက ကားဖြင့်သာ သွားလာကြပြီး ရှေးခေတ်များကဲ့သို့ ခြေကျင်လျှောက်ခြင်းမျိုး မရှိတော့ပေ။
"အခြေအနေကိုကြည့်တာပေါ့...ကားစောင့်လို့ရမလားမသိဘူး...မဟုတ်ရင်ငါတို့လမ်းပဲလျှောက်ရတော့မှာ" လော်ယွမ်က ခေတ္တမျှ စဉ်းစားပြီးနောက် ဆိုလိုက်သည်။
သူတို့နှစ်ဦး လမ်းထောင့်ရှိ ဘတ်စ်ကားမှတ်တိုင်သို့ ရောက်သောအခါ စိတ်ပျက်လက်ပျက်ဖြစ်သွားကြ၏။ လမ်းမကြီးမှာ ရှင်းလင်းနေပြီး ကားတစ်စီးမျှပင် မရှိပေ။
"ကားလာတော့မှာမဟုတ်ဘူးထင်တယ်...မနေ့ကဖြစ်သွားတဲ့ကိစ္စကကြီးတော့...ဒီလမ်းကိုပိတ်ထားလောက်ပြီ" လော်ယွမ်က ခေတ္တမျှ လှည့်ပတ်ကြည့်ရှုပြီးနောက် သက်ပြင်းချကာ ဆိုလိုက်သည်။ "ငါတို့လမ်းပဲလျှောက်ရတော့မယ်"
သူတို့နှစ်ဦးသည် ရှေ့ဆင့်နောက်ဆင့်ဖြင့် လျှောက်လာခဲ့ကြ၏။ မနေ့က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကြောင့် သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ အနည်းငယ် အေးစက်သွားသယောင် ဖြစ်နေသော်လည်း အမှန်တကယ်တွင်မူ သူတို့နှစ်ဦးစလုံးက မိမိတို့၏ စိတ်ကို ထိန်းချုပ်ပြီး ပုံမှန်အတိုင်းဖြစ်အောင် ကြိုးစားနေကြခြင်းသာ ဖြစ်သည်။
ကျိုးယလီသည် သူမ၏ ရှေ့မှ လော်ယွမ်၏ကျောပြင်ကို ကြည့်ရင်း စိတ်ထဲတွင် အတွေးများ ရှုပ်ထွေးနေသည်။ သူမနှင့် စေ့စပ်ထားသူ သေဆုံးသည်မှာ ရက်အနည်းငယ်မျှသာ ရှိသေးသော်လည်း သူမက အခြားယောက်ျားတစ်ယောက်နှင့် အတူအိပ်မိလိုက်၏။ ထို့အပြင် ကာမဘီလူးမတစ်ယောက်ကဲ့သို့ ပင်ပြုမူမိခဲ့သေးသည်။ ချန်ဝေ့ချန်းနှင့်ပင် သူမ ဤသို့ ရူးသွပ်ခဲ့ဖူးခြင်း မရှိချေ။ ဤအဖြစ်သည် သူမအား သစ္စာဖောက်ခဲ့သကဲ့သို့သော အပြစ်ရှိသည့် ခံစားချက်ကို ဖြစ်ပေါ်စေသည်။
"ရှင်တုံဟူမြို့ကိုဘယ်တော့လောက်ပြန်မှာလဲ" ကျိုးယလီက ရုတ်တရက် မေးလိုက်သည်။
လော်ယွမ်က ခတ္တမျှရပ်တန့်လိုက်ပြီး "မင်းကိုပို့ပြီးတာနဲ့ငါတန်းပြန်မယ်...တုံဟူမြို့ကအခြေအနေအရမ်းဆိုးနေပြီ...အိမ်မှာရိက္ခာတွေလှောင်ထားတော့...လူမရှိရင်စိတ်မချရဘူး"
ကျိုးယလီသည် စိတ်ထဲတွင် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သလို၊ ထိုအရာကသူမ ကြားခြင်သည့်အဖြေဖြစ်သော်လည်း၊ တစ်ကယ်တမ်းကြားရသောအခါ စိတ်ထဲတွင် အနည်းငယ် မသက်မသာ ခံစားလိုက်ရသည်။ သူမက ခေါင်းငုံ့ကာ လမ်းကိုသာ အမြန်လျှောက်နေရင်း ဒေါသတကြီးဖြင့် လမ်းဘေးမှ ကျောက်ခဲငယ်များကို ကန်ကျောက်နေမိသည်။
ထိုစဉ်လမ်းမကြီးအနီးရှိ စက်ရုံတစ်ခုအတွင်းမှ ရုတ်တရက် လူခုနစ်ယောက်၊ ရှစ်ယောက်ခန့် ထွက်ပေါ်လာကြသည်။ သူတို့၏ လက်ထဲတွင် သံတုတ်များ၊ ဓားမြှောင်များ၊ ဓားမများကဲ့သို့သော လက်နက်များကို ကိုင်ဆောင်ထားကြ၏။ လမ်းမအတိုင်းလျှောက်လာသော လော်ယွမ်နှင့် ကျိုးယလီတို့ကို မြင်လိုက်ရသောအခါ ထိုအဖွဲ့မှာ အနည်းငယ် အံ့ဩသွားဟန်ဖြင့် ခေတ္တမျှ ကြောင်ငေးနေကြသည်။ သူတို့ထဲမှ ဆံပင်အဝါရောင်ဆိုးထားသော လူငယ်တစ်ယောက်က စကားအနည်းငယ် ပြောလိုက်ရာ ကျန်သူများက ဟားတိုက်ရယ်မောကြပြီး သူတို့ဆီကို အလျင်အမြန် လျှောက်လာကြတော့သည်။
လော်ယွမ်က ထိုအဖွဲ့ကို ကြည့်ရင်း အနည်းငယ် မျက်မှောင်ကျုံ့လိုက်ပြီး ကျိုးယလီအား ဆိုလိုက်သည်။ "နင်နည်းနည်းနောက်ဆုတ်နေ...သူတို့ကလူကောင်းတွေမဟုတ်ဘူး"
ကျိုးယလီသည် ထိုအခါမှ သတိဝင်လာပြီး မော့ကြည့်လိုက်ရာ လန့်ဖျပ်သွားပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။ "ရှင်ဖြစ်ပါ့မလား"
"မပူနဲ့အေးဆေး" လော်ယွမ်က တည်ငြိမ်စွာ ဆိုလိုက်သည်။ ဤလူများ၏ ခြေလှမ်းများမှာ စနစ်မကျသဖြင့် သူတို့ထဲတွင် ပညာရှင်တစ်ယောက်မှ မပါဝင်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။ သူတို့ကရန်ဖြစ်ထိုးကြိတ်ခြင်း၊ အနိုင်ကျင့်ခြင်းတို့နှင့် အသားကျနေသည့် လူရမ်းကားများသာ ဖြစ်ပုံရပြီး ထိုအပြုအမူများက သာမန်လူများပေါ်တွင် အလုပ်ဖြစ်နိုင်သော်လည်း သူ့ကိုတော့ ယှဉ်လို့မရသည်မှာ ထင်ရှားလေသည်။
လော်ယွမ်၏ ပေါ့ပေါ့ပါးပါးအမူအရာကို မြင်သောအခါ ကျိုးယလီမှာ အနည်းငယ်စိတ်သက်သာရာရသွားလေတော့သည်။