လူသတ်ခြင်း
Vol. 1 Ch. 19
လူမိုက်အဖွဲ့က သူတို့နားသို့ အလျင်အမြန်ပင်ရောက်ရှိလာ၏။ အဖွဲ့ခေါင်းဆောင်ဖြစ်သူမှာ အသက်နှစ်ဆယ့်သုံး နှစ်ဆယ့်လေးနှစ်အရွယ် လူရွယ်တစ်ဦးဖြစ်ပြီး မိုက်ကန်းကန်းပုံစံရှိသည်။ သူ၏ခါးတွင် သေနတ်တစ်လက်ကို ပေါ်ပေါ်ထင်ထင်ပင်ထိုးထားသည်။ သူ၏ညာလက်ထဲတွင် သံချောင်းတစ်ချောင်းကိုကိုင်ကာ ဘယ်လယ်ဖြင့်ပုတ်ခတ်ရင်း လေသံမာမာဖြင့် "မင်းကသတ္တိကောင်းသားပဲ...ငါတို့ကိုမြင်တာတောင်မပြေးဘူး...ငါကခဏလောက်တော့လိုက်ရဦးမယ်ထင်နေတာ"
"ဘော့စ်...ဘာလို့အပိုတွေပြောနေတာလဲ...ဟေ့ကောင်မင်းရဲ့ဓားနဲ့ပိုက်ဆံအိပ်ကိုထားခဲ့ပြီးအမြန်လစ်...ဒီကောင်မလေးကတော့ငါတို့နဲ့နေခဲ့ရမယ်...ဒီလောက်လှတဲ့ကောင်မလေးကအရသာအရမ်းရှိမှာသေချာတယ်...ငါတို့ဒီနေ့တော့ကောင်းကောင်းပျော်လို့ရပြီ" ဘေးမှလူမိုက်တစ်ဦးက ကျိုးယလီ၏ နူးညံ့လှသောအသားအရေကိုကြည့်ကာ သွားရည်တမျှားမျှားဖြင့်ဆိုသည်။
ကျိုးယလီ၏မျက်နှာမှာ သွေးမရှိတော့သကဲ့သို့ဖြစ်သွားပြီး လော်ယွမ်ကို ကြောက်လန့်တကြားမေးလိုက်သည်။ "ကျွန်မရဲကိုဖုန်းဆက်လိုက်ရမလား"
"ရဲဟုတ်လား...လာနောက်နေတာလား...အခုက.ကမာ္ဘပျက်နေပြီကွ...ဒီချိန်မှာဘယ်ရဲမှဂရုမစိုက်နိုင်တော့ဘူး...မယုံရင်လဲခေါ်ကြည့်လိုက်လေ" လူမိုက်အချို့သည် ဟားတိုက်ရယ်မောလိုက်ကြသည်။
"ရဲတွေဒါမျိုးကိုဂရုမစိုက်တော့ဘူးဟုတ်လား" လော်ယွမ်က ဒေသခံစကားကို ကောင်းစွာနားမလည်သော်လည်း အဓိပ္ပာယ်အများစုကို ခန့်မှန်းနိုင်သဖြင့် သံသယဖြင့်မေးလိုက်သည်။
"ဒီကောင်ဟာသတွေလာပြောနေတာပဲ...အခုလူတွေနေ့တိုင်းသေနေတာ…ရဲကဘယ်လိုလုပ်လိုက်တာဝန်ယူနိုင်မှာလဲ…ငါတို့ဒီနေ့မင်းကိုသတ်လိုက်ရင်တောင်…ဘယ်သူမှဂရုစိုက်မှာမဟုတ်ဘူး…မင်းကထွက်မပြေးပဲသူရဲကောင်းလုပ်ချင်ရင်လည်းလုပ်ပေါ့ကွာ" ခေါင်းဆောင်ဖြစ်သူလူမိုက်က ရိုင်းစိုင်းစွာရယ်မောလိုက်သော်လည်း စိတ်ထဲတွင် တစ်ခုခုမှားနေသည်ကို မသိမသာခံစားလိုက်ရသည်။ သို့သော် ခါးတွင်ချိတ်ထားသောသေနတ်ကို သတိရလိုက်သောအခါ သူက ပြန်တည်ငြိမ်သွားသည်။
ဤလူမိုက်အုပ်စု၏ အကြောက်အလန့်မရှိသည့်ပုံကို ကြည့်ချင်းအားဖြင့် အခြေအနေမှာ သူတို့ပြောသလိုဟုတ်မှန်ဖို့ များနေ၏။
"ဒါဆိုငါမင်းတို့ကိုသတ်လိုက်လည်း…ဘာမှမဖြစ်ဘူးပေါ့" လော်ယွမ်က တည်ငြိမ်စွာဆိုလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ကိုယ်မှ ခပ်ဖျော့ဖျော့အရှိန်အဝါတစ်မျိုး ပျံ့လွင့်ထွက်လာသည်။
လူမိုက်အချို့၏စိတ်ထဲတွင် အကြောင်းမဲ့တုန်လှုပ်သွားပြီး နောက်သို့ခြေတစ်လှမ်းဆုတ်သွားကြသည်။
ခေါင်းဆောင်ဖြစ်သူလူမိုက်မှာမူ အတန်ငယ်သတ္တိရှိသူဖြစ်ရာ ခါးမှသေနတ်ကို လက်လှမ်းလိုက်သည်။
လော်ယွမ်က တစ်ဖက်လူ၏ခါးမှသေနတ်ကို အစောကတည်းက သတိပြုမိထားပြီးဖြစ်ရာ ထိုလူအား သေနတ်ကိုင်ခွင့်လုံးဝမပေးချေ။ သူကခြေထောက်ဖြင့်မြေကြီးကိုစောင့်လိုက်ပြီး လေးညှို့မှလွတ်ထွက်သွားသောမြားတစ်စင်းကဲ့သို့ လူမိုက်ခေါင်းဆောင်ထံ ပြေးဝင်သွား၏။ ၁၀ပေခန့်အကွာအဝေးကို မျက်စိတစ်မှိတ်အတွင်း ကျော်ဖြတ်သွားပြီး နောက်တစ်ခဏတွင် ဓားရှည်သည် ဓားအိမ်မှထွက်လာကာ လျှပ်စီးတစ်ချက်ကဲ့သို့လင်းလက်သွားပြီး တစ်ဖက်လူ၏သေနတ်ကိုင်ထားသော ညာလက်ကို ပိုင်းဖြတ်သွားလေသည်။
ညာဘက်လက် မြေပေါ်သို့ကျသွားသည့်အခါမှ လူမိုက်ခေါင်းဆောင်က စူးစူးရွားရွားအော်ဟစ်လိုက်သည်။
ထိုသည်ကိုမြင်လျှင်ကျန်လူမိုက်များမှာ အလွန်ထိတ်လန့်သွားကြ၏။ အဖြစ်အပျက်မှာ အလွန်လျင်မြန်လွန်းသဖြင့် သူတို့က တုံ့ပြန်ရန်ပင်အချိန်မရဘဲ ယခု ဘာဆက်လုပ်ရမည်ကိုပင် မသိတော့ချေ။
လော်ယွမ်က သေနတ်နှင့်အတူ ပြတ်ကျသွားသောလက်ပြတ်ကို ဘေးသို့ကန်ထုတ်လိုက်၏။ သေနတ်မရှိလျှင် ဤလူမိုက်များကို အရေးစိုက်စရာမလိုပေ။
"အဲ့ကောင်ကိုသတ်…အမြန်သတ်ကြစမ်း" လူမိုက်ခေါင်းဆောင်က ပြတ်နေသောလက်ကိုဖိကိုင်ကာ သွေးရူးသွေးတန်း အော်ဟစ်လိုက်သည်။ လော်ယွမ်ကိုကြည့်သော သူ၏အကြည့်တွင် အမုန်းတရားများဖြင့် ပြည့်နှက်နေ၏။
လူမိုက်အချို့က ချီတုံချတုံဖြစ်သွားကြသည်။ ထိုလူများမှာ မူလကတည်းက အားနည်းသူကိုအနိုင်ကျင့်ပြီး အားကြီးသူကိုကြောက်ရွံ့လေ့ရှိသူများဖြစ်သဖြင့် ယခု သူတို့ထက်ပို၍ကြမ်းတမ်းရက်စက်သူနှင့်တွေ့သောအခါ စိတ်ထဲတွင် ကြောက်စိတ်သာကြီးစိုးနေတော့၏။
မုန်းတီးစိတ်များဖြင့်ပြည့်နေသော လူမိုက်ခေါင်းဆောင်၏မျက်လုံးများကိုကြည့်ရင်း လော်ယွမ်က သူ့ကိုသတ်သင့်မသတ်သင့် ချီတုံချတုံဖြစ်သွားသည်။
ခေတ်သစ်လူ့အဖွဲ့အစည်း၏သာမန်လူများတွင် ကြာရှည်စွာအမြစ်တွယ်နေသော ကိုယ်ကျင့်တရားနှင့် ရဲများ၏သာမန်ပြည်သူများအပေါ် ခြမ်းခြောက်နိုင်စွမ်းက သူ့ကို လူသတ်မှုကျူးလွန်ရန် တုံ့ဆိုင်းနေစေသည်။ သို့သော် ထိုလူမိုက်ခေါင်းဆောင်ကိုမသတ်ပါက ပို၍အန္တရာယ်များပေမည်။ သူကတော့ ချက်ချင်းပြန်သွားမည့်သူဖြစ်သဖြင့် ဂရုစိုက်စရာမလိုပေ။ သို့သော် ကျိုးယလီ၏ အိမ်က ဤအနီးအနားတွင်ရှိနေသဖြင့် ထိုသို့သောလူမိုက်မျိုးကို ဒီတိုင်းထားခဲ့လျှင် တစ်နေ့သတင်းစုံစမ်းမိပြီး ကျိုးယလီကို အန္တရာယ်ပေးနိုင်သည်။
"အမယလီ…မျက်စိမှိတ်ထား" လော်ယွမ်က ရုတ်တရက်ဆိုသည်။
လူမိုက်ခေါင်းဆောင်မှာ တစ်စုံတစ်ခုကိုသတိပြုမိသွားဟန်ဖြင့် နောက်သို့အဆက်မပြတ်ဆုတ်ကာ ထိတ်လန့်တကြားအော်ဟစ်လေသည်။ "မင်းတို့ကောင်တွေ…သတ်ကြလေ…သူ့ကိုမြန်မြန်သတ်ကြစမ်း…သူကမင်းတို့ကိုလွှတ်ပေးမယ်ထင်နေလား"
"ပါးစပ်ပိတ်ထား" လော်ယွမ်က ဟိန်းဟောက်လိုက်ပြီး ရှေ့သို့ခြေလှမ်းအနည်းငယ် အလျင်အမြန်လှမ်းလိုက်၏။ ပြီးနောက် ဓားရှည်ကိုတစ်ချက်ဝှေ့ယမ်းပြီး လူမိုက်၏လည်ပင်းကို လျင်မြန်စွာ ပိုင်းဖြတ်လိုက်သည်။
လူမိုက်ခေါင်းဆောင်မှာ မျက်လုံးများပြူးကျယ်လာပြီး လည်ပင်းကိုဖိကိုင်ကာ အစ်အစ်မြည်သံများထွက်ပေါ်နေသည်။ သွေးပူဖောင်းများက သွေးများနှင့်ရောနှောကာ ပြတ်ရှသွားသောနေရာမှ အဆက်မပြတ်ထွက်ကျလာ၏။ သူက တစ်စုံတစ်ခုကိုပြောလိုဟန်တူသော်လည်း မည်သို့မျှပြော၍မရတော့ဘဲ နောက်ဆုံးတွင် သူ၏ကိုယ်သည် မြေပေါ်သို့ ဖြည်းညင်းစွာ ပျော့ခွေကျသွားတော့သည်။
ထိုလူမိုက်လဲကျသွားသည်ကိုကြည့်ရင်း လော်ယွမ်၏စိတ်ထဲတွင် တင်းခံထားသည့် အရာတစ်ခု ပွင့်ထွက်သွားသလို ခံစားလိုက်ရသည်။ ယခုသူက ကျန်သောလူမိုက်များကိုကြည့်လိုက်သောအခါ သတ်ဖြတ်ချင်စိတ်များက လေးဘက်လေးလံသို့ ပြန့်နှံ့သွားလေသည်။
တစ်ယောက်ပဲဖြစ်ဖြစ် အများပဲဖြစ်ဖြစ် လူသတ်ခြင်းပင်ဖြစ်ရာ အကုန်လုံးကိုရှင်းလိုက်လျှင် ဘာအန္တရာယ်၊ ဘာသဲလွန်စမှ မကျန်တော့ပဲ ပို၍ကောင်းပေမည်။ ဤလူမိုက်များက မကောင်းမှုများစွာကို လုပ်ခဲ့သူများဖြစ်ကြောင်းလည်း ထင်ရှားလေရာ သတ်လိုက်လျှင်လည်း သူနောင်တရမိမည်မဟုတ်ပေ။ ဤသည်မှာ မကောင်းသူပယ် ကောင်းသူကယ်ခြင်းသာ ဖြစ်သည်ဟူစိတ်ထဲမှတွေးတောရင်း လူသတ်မိသည့်တွက် ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသည်ဟု ထင်နေသည့်ခံစားချက်ကို ချေဖျက်လိုက်သည်။
စိတ်ထဲတွင် ဆုံးဖြတ်ချက်ချပြီးသည်နှင့် သူက အလျင်အမြန်လှုပ်ရှားလိုက်၏။
လူမိုက်အချို့က အခြေအနေမကောင်းကြောင်းခံစားမိသဖြင့် ချက်ချင်းလှည့်၍ပြေးကြသော်လည်း နောက်ကျသွားပြီဖြစ်သည်။
လော်ယွမ်၏ကိုယ်သည် ချက်ချင်းပင် ရှေ့သို့တိုးဝင်သွားပြီး ဓားတစ်ချက်ဖြင့် ရှေ့ဆုံးမှလူမိုက်တစ်ဦး၏ဦးခေါင်းကို ခုတ်ပိုင်းလိုက်သည်။ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် နောက်ထပ်လူမိုက်တစ်ဦးကို မှီသွားကာ ဓားထိပ်ဖြင့် ပင့်ထိုးလိုက်ရာ နောက်ကျောမှတစ်ဆင့် ဦးခေါင်းကိုတိုက်ရိုက်ဖောက်ထွက်သွားသည်။ သူ၏လှုပ်ရှားမှုများသည် ပေါ့ပါးသွက်လတ်သော်လည်း သတ်ဖြတ်လိုသောစိတ်ဓာတ်တို့ဖြင့် ပြည့်နှက်နေ၏။
ပိုင်းဖြတ်ခြင်း၊ နောက်ပြန်ခုတ်ပိုင်းခြင်း၊ ပင့်ထိုးခြင်း၊ ဘေးတိုက်ပိုင်းဖြတ်ခြင်း…
လူမိုက်တစ်ဦးပြီးတစ်ဦး အဆက်မပြတ်အမီလိုက်ခံရပြီးနောက် မြေပေါ်သို့လှဲသိပ်ခြင်းခံလိုက်ရသည်။
သူ၏၁၂မှတ်ရှိသော လျင်မြန်မှုနှင့်အတူ၊ လူမိုက်များကလည်း ထိတ်လန့်တကြားဖြင့် စုပြုံပြေးသောကြောင့် မည်သူတစ်ဦးတစ်ယောက်မျှမလွတ်မြောက်ဘဲ နောက်ဆုံးလူမိုက်၏ကျောကို ထိုးဖောက်လိုက်သည့်အချိန်တွင် ဆယ်စက္ကန့်ကျော်ခန့်သာ ကြာမြင့်ခဲ့၏။ သူက ဓားကို အသာအယာခါလိုက်ပြီး သွေးစက်များကိုဖယ်ရှားကာ ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။
သူလူမိုက်များကိုသတ်နေချိန်တွင် အလွန်စိတ်လှုပ်ရှားနေသော်လည်း အရာအားလုံးပြီးဆုံးသွားသောအခါတွင်မူ ထိတ်လန့်ခြင်းနှင့် နောင်တရခြင်းတို့ကို ခံစားလိုက်ရပြီး ရဲများစစ်ဆေးတွေ့ရှိမည်ကို အလွန်စိုးရိမ်သွား၏။
လော်ယွမ်က ကျိုးယလီဘက်သို့ လှည့်ကြည့်လိုက်ရာ ကျိုးယလီမှာ မြေပေါ်တွင် ထိုင်လျက်ကြောင်ငေးနေပြီး မျက်လုံးများတွင်မူ အဆုံးအဆမရှိသောထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။
သူက သူမထံသို့ အလျင်အမြန်ပြေးသွားသည်။ "နင်ဘာဖြစ်တာလဲ…နင့်ကိုမျက်စိမှိတ်ထားလို့ပြောထားတယ်မဟုတ်ဘူးလား"
"လူသတ်တယ်... ရှင် လူသတ်တယ်" ကျိုးယလီက လေသံတိုးတိုးဖြင့် အဆက်မပြတ်ရေရွတ်နေ၏။
"ဘာမှမဖြစ်ဘူး…သာမန်လူမိုက်လေးတွေပဲကို…အမြန်သွားရအောင်…တစ်ယောက်ယောက်မြင်သွားရင်မကောင်းဘူး"
လော်ယွမ်က ထိုသို့ပြောပြီးနောက် မိမိ၏စိတ်အခြေအနေက တစ်ခုခုမှားနေသည်ကို သတိပြုမိလိုက်၏။ သူ၏ထိတ်လန့်မှုမှာ လူသတ်မိခြင်းကြောင့်မဟုတ်ဘဲ လူသတ်မိ၍ဖြစ်ပေါ်လာမည့်အကျိုးဆက်ကို စိုးရိမ်ခြင်းကြောင့်ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ လူမိုက်အချို့၏သေဆုံးမှုကိုမူ လုံးဝဂရုမစိုက်မိ၊ သန္ဓေပြောင်းကြွက်ကိုသတ်ရသကဲ့သို့ပင် ခံစားရသည်။
မိမိ၏စိတ် မည်သည့်အချိန်က ဤသို့ဖြစ်သွားခဲ့သနည်း။ ယခင်က မိမိသည် ရန်ပင်မဖြစ်ရဲသူဖြစ်ကြောင်း သတိရမိသည်။ ယခုမူ လူသတ်ခြင်းကိုပင် စိတ်ထဲတွင်မထားတော့ချေ။
"ဟုတ်... ဟုတ်တယ်…အမြန်သွားရမယ်" ကျိုးယလီက ချက်ချင်းသတိပြန်ဝင်လာသည်။
သူမက ထရပ်ရန်ကြံရွယ်လိုက်သော်လည်း တစ်ကိုယ်လုံးပျော့ခွေနေသည်ကို ခံစားလိုက်ရသည်။ "အ… ကျွန်မခြေထောက်တွေထောက်မရတော့ဘူး…ကျွန်မကိုထူပေးပါလား"
လော်ယွမ်က အမှတ်တမဲ့ သူမ၏ပေါင်ကိုကြည့်မိလိုက်၏။ သူမ၏ထိုင်နေသောအနေအထားမှာ အနည်းငယ်ပုံမကျဖြစ်နေပြီး သူမ၏စကတ်မှာ တစ်ဝက်ခန့်လှန်တက်နေသဖြင့် ဖြူဆွတ်၍ လပြည့်ဝန်းကဲ့သို့ဝိုင်းစက်သော တင်ပါးတစ်ခြမ်းက ပေါ်ထွက်နေသည်။
လူသတ်ခြင်းကို ပူပူနွေးနွေးကြုံတွေ့ထားရသော လော်ယွမ်မှာ ယခုအချိန်အတွင် အလွန်စိတ်လှုပ်ရှားနေပြီး သတ္တိအလွန်ကောင်းနေချိန်လည်းဖြစ်သည်။ ထိုသို့သောဆွဲဆောင်မှုရှိသည့်မြင်ကွင်းကြောင့် သူက စိတ်လှုပ်ရှားသွားပြီး လက်ဖြင့်သွားကိုင်မိလိုက်သည်။
"ရှင် ဘာလုပ်တာလဲ" ကျိုးယလီမှာ တင်ပါးကိုအကိုင်ခံလိုက်ရသဖြင့် လန့်ဖျပ်သွားလေသည်။
လော်ယွမ်က ကျိုးယလီကို ဆွဲထူလိုက်သည်။
"လူယုတ်မာ…ရှင့်စိတ်ထဲမှာအဲ့တာတွေပဲပြည့်နေတာလား" ကျိုးယလီက မတ်တပ်ရပ်လိုက်ပြီး လော်ယွမ်၏လက်ကိုပုတ်ထုတ်ကာ ဒေါသတကြီးဆို၏။
"နင်ကအတွင်းခံမှဝတ်မထားတာ…ဘယ်ယောက်ျားပဲဖြစ်ဖြစ်ခုလိုမျိုးမြင်မိရင်ဖြစ်မှာပဲ" လော်ယွမ်က အပြစ်ကင်းသောမျက်နှာဖြင့် ရှင်းပြသည်။
မိန်မတွေကတစ်ကယ်ထူးဆန်းတာပဲ…မနေ့ကကျအရမ်းစိတ်ပါနေပြီး ခုကျထိခွင့်တောင်မပေးတော့ဘူး… လော်ယွမ်က စိတ်ထဲတွင်တွေးလိုက်သည်။
ကျိုးယလီ၏မျက်နှာမှာ ရဲပတောင်းထသွားသည် "အဲ့လိုဆိုရင်တောင်…ရှင်ကျွန်မကိုထိချင်တိုင်းထိလို့မရဘူး…ရှင်ကကျွန်မရည်းစားလည်းမဟုတ်ပဲနဲ့"
လော်ယွမ်က စကားဆက်မပြောပဲ နှုတ်ဆိတ်နေလိုက်သည်။
ကျိုးယလီသည် ပို၍ဒေါသထွက်လာပြီး သူ့ကိုအားဖြင့်တစ်ချက်ကန်ကာ ရှေ့သို့ဒုန်းစိုင်းလျှောက်သွား၏။ "ကျွန်မသွားတော့မယ်…ရှင် ပြန်တော့"
သို့သော် မြေပေါ်တွင် သွေးသံသရဲရဲဖြင့်ပြန့်ကျဲနေသော အလောင်းများကိုမြင်သောအခါ သူမ၏ခြေလှမ်းမှာ တဖြည်းဖြည်းနှေးကွေးသွားတော့သည်။
"ဒီကနေအဝေးကြီးလျှောက်ရဦးမှာ…လမ်းမှာလည်းအန္တရာယ်တွေ့နိုင်သေးတယ်…နင်တစ်ယောက်ထဲငါဘယ်လိုလုပ်စိတ်ချမှာလဲ"
"ရှင်ကျွန်မကိုစိတ်ပူစရာမလိုဘူး" ခဏစဉ်းစားပြီးနောက် သူမက ပို၍ပြတ်သားသောလေသံဖြင့် ဆက်ပြောသည်။ "ရှင်ကျွန်မအိမ်ကိုလိုက်လာလဲ…ကျွန်မရှင့်ကိုနှင်ထုတ်မှာပဲ"
"အဲ့လောက်ရက်စက်စရာလိုလို့လား…ဘယ်လိုပဲဖြစ်ဖြစ်ငါကနင့်ကိုစေတနာနဲ့လိုက်ပို့တာလေ" လော်ယွမ်က အားမတန်မာန်လျှော့ဖြင့် သက်ပြင်းတစ်ချက်ချပြီး ဒေါသထွက်ဟန်ပြုကာ "ငါ့ကိုအဲ့လောက်မခေါ်ချင်မှန်းသိရင်…အစထဲကလိုက်မပို့ဘူး"
ထိုသို့ပြောပြီးနောက် သူကနောက်လှည့်မကြည့်ဘဲ လာလမ်းအတိုင်းပြန်လျှောက်သွားလေသည်။
ကျိုးယလီသည် နောက်သို့လှည့်ကြည့်လိုက်ရာ သူတကယ်ထွက်သွားသည်ကိုမြင်လျင် စိတ်ထဲ၌ ရုတ်တရက် ဟာကနဲဖြစ်သွား၏။ သူမက ခဏစောင့်ကြည့်နေသော်လည်း လော်ယွမ်မှာ တဖြည်းဖြည်းဝေးသွားကာ အမှန်ပင်ထွက်သွားသည့်ပုံရလေသည်။ ဒီရက်ပိုင်းအတွင်းအဖြစ်အပျက်များကြောင့် သူမချုပ်တည်းထားသော ကြောက်စိတ်၊ ဝမ်းနည်းစိတ်များမှာ နောက်ဆုံးတွင် မထိန်းထားနိုင်တော့ပဲ ရေကာတာကျိုးသကဲ့သို့ မြေပြင်ပေါ်တွင်ထိုင်ချကာ ရှိုက်ကြီးတငင်ငိုကြွေးတော့သည်။
ခဏအကြာတွင် လော်ယွမ်၏အသံက အနီးနားမှ ထွက်ပေါ်လာသည်။ "ဒီအရွယ်ကြီးရောက်နေပြီကို...ခလေးလိုငိုတုံးလား"
ကျိုးယလီက လော်ယွမ်၏အသံကိုကြားသောအခါ စိတ်ထဲတွင် ပို၍ဝမ်းနည်းလာပြီး ငိုရှိုက်သံဖြင့် "ရှင်နဲ့မဆိုင်ပါဘူး...ရှင်ဘာလို့ထွက်မသွားတာလဲ...ဘာလို့ပြန်လာတာလဲ"
"ငါကနောက်တာပါ...တစ်ကယ်တော့အနောက်မှာဟိုလူဆိုးခေါင်းဆောင်ရဲ့...သေနတ်ကျခဲ့တာသတိရလို့ပြန်သွားကောက်တာ" လော်ယွမ်က ရှင်းပြသည်။ စနစ်၏မစ်ရှင်အတွက်မဟုတ်လျင်တောင် သူကကျိုးယလီကို တစ်ယောက်ထဲအိမ်ပြန်ခိုင်းလောက်အောင်ထိ မရက်စက်နိုင်ပေ။
ကျိုးယလီက ထိုစကားကိုကြားသောအခါ ငိုနေသည်ကိုပင်မေ့သွားပြီး အလျင်အမြန်ထရပ်ကာ စိုးရိမ်တကြီးဆိုသည်။ "ရှင်ရူးနေလား...သေနတ်ကိုဘာလုပ်မလို့လဲ...မြန်မြန်လွှင့်ပစ်လိုက်...ရဲတွေ့သွားရင်အဖမ်းခံနေရမယ်"
လော်ယွမ်၏စိတ်ထဲတွင် အနည်းငယ်နွေးထွေးသွားသည်။ "ဒီသေနတ်ကနင့်အတွက်ပါ...နောင်ကျရင်အသုံးဝင်လိမ့်မယ်...ရဲသိမှာပူမနေနဲ့...ခုလိုချိန်မှာသူတို့လည်းဒီလိုကိစ္စလေးကိုဂရုစိုက်နိုင်မှာမဟုတ်ဘူး...အခုလူမိုက်တွေမှာတောင်သေနတ်ရှိနေတာ...ငါ့အထင်သေနတ်လက်ဝယ်ရှိနေတဲ့သူတွေမနည်းလောက်ဘူး...နင်သေချာသိမ်းထားရင်ဘာပြဿနာမှမရှိလောက်ဘူး"
ကျိုးယလီက အလန့်တကြား ငြင်းဆန်သည်။ "ကျွန်မကသေနတ်ကိုဘာလုပ်ရမှာလဲ...ဒီလောက်အန္တရာယ်များတာ...အမေတို့တွေ့သွားရင်လည်းအရမ်းလန့်သွားလိမ့်မယ်"
"အခုတောင်အခြေအနေကဒီလောက်မငြိမ်မသက်ဖြစ်နေတာလေ...နောက်ဆိုပိုဆိုးလာဖို့ပဲရှိတယ်...ဘယ်လိုအခြေအနေဖြစ်သွားမလဲတောင်...ဘယ်သူမှမပြောနိုင်ဘူး...လက်ထဲမှာသေနတ်တစ်လက်ရှိထားတော့...စောစောကလိုလူမိုက်တွေနဲ့ကြုံရင်...ခြောက်လှန့်လို့ရတာပေါ့"လော်ယွမ်က တိုက်တွန်းလိုက်သည်။
ကျိုးယလီက အနည်းငယ်စိတ်ယိုင်သွားလေသည်။ သူမက လမ်းတစ်လျှောက်ကြုံတွေ့ခဲ့ရသော အန္တရာယ်နှင့်ကြောက်ရွံ့မှုများကိုပြန်တွေးမိရာ သေနတ်အပေါ်တွင် ငြင်းဆန်လိုစိတ်သိပ်မရှိတော့ပေ။ "ဒါပေမယ့်ကျွန်မမှ...မပစ်တတ်တာ"
"ငါရဲတစ်ယောက်ဆီကသင်ထားဖူးတယ်...ခဏနေရင်နင့်ကိုမောင်းဘယ်လိုဆွဲပြီး...ဘယ်လိုပစ်လဲဆိုတာသင်ပေးမယ်" လော်ယွမ်က ပြုံးရွှင်စွာဆို၏။
ကျိုးယလီက လော်ယွမ်၏အပြုံးမျက်နာကိုမြင်သောအခါ ဒေါသပြန်ထွက်လာလေသည်။ "ခုလိုလုပ်ရုံနဲ့ရှင့်ကိုခွင့်လွှတ်မယ်မထင်နဲ့...မနေ့ညကသွေးပူတုံးမို့သာဖြစ်သွားတာ...ရှင်လက်ဆော့ခြေဆော့ထပ်လုပ်ရင်...ကျွန်မ...ကျွန်မ..." သူမက ရုတ်တရက် မည်သို့ခြိမ်းခြောက်ရမည်ကို မစဉ်းစားတတ်တော့ချေ။
လူသေအလောင်းများ၏ သွေးနံ့ဆွဲဆောင်မှုကြောင့် သန္ဓေပြောင်းသတ္တဝါးကြီးငယ်တို့ လမ်းဘေးမြက်ပင်တွေကြားမှ အလျှိုလျှိုပေါ်ထွက်လာကြသည်။ ကောင်းကင်တွင်လည်း အရိပ်မည်းတစ်ခုနှစ်ခုက အဆက်မပြတ်ဝဲပျံနေဟန်ရှိပြီး နောင်တွင် ပို၍ပို၍များပြားလာပေလိမ့်မည်။ သို့သော် ဤသို့ဖြစ်ခြင်းသည်လည်း ကောင်းသည်ပင်။ သန္ဓေပြောင်းသတ္တဝါများကြောင့် အလောင်းများပျက်စီးသွားလျင် သူ့အကြောင်းပေါ်နိုင်ချေ အလွန်နည်းသွားပေမည်။
သူက ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်ကာ အလျင်အမြန်သဘောတူလိုက်သည် "အင်းပါ...အင်းပါ...ဒီနေရာကမလုံခြုံဘူး...ငါတို့အမြန်သွားရအောင်"
ထိုသို့ဆိုပြီးနောက် ကျိုးယလီသဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ သူမ၏လက်ကိုတစ်ခါတည်းဆွဲကိုင်ကာ အဝေးသို့ပြေးထွက်သွားလေတော့သည်။