← Chapters

ကောက်တန်မြို့

Vol. 1 Ch. 2

ကောက်တန်မြို့

Vol. 1 Ch. 2

ကောက်တန်မြို့သည် တုံဟူမြို့ကြီး၏ ုမြို့နယ်တစ်ခုဖြစ်ပြီး သွားလာရေးလွယ်ကူကာ စီးပွားရေးဖွံ့ဖြိုးသော သီးခြားလွတ်လပ်သည့် မြို့ငယ်လေးတစ်မြို့ ဖြစ်သည်။

သို့သော်လည်း ဤမြို့၏ သစ်တောသယံဇာတမှာမူ အားနည်းလှ၏။အထက်မှချပေးသော အခွန်ဘဏ္ဍာငွေနှင့် အခြားဝင်ငွေတို့မှာ အကန့်အသတ်ရှိသောကြောင့် သစ်

တောဦးစီးဌာနသည် မီတာအနည်းငယ်အကွာတွင်ရှိသော ခန့်ငြားထည်ဝါသည့် ရဲစခန်းနှင့် ယှဉ်လိုက်ပါက အလွန်ခြောက်ကပ်နေသည်ဟုထင်ရ၏။လော်ယွမ်ကသစ်

တောဦးစီးဌာန၏ ဧည့်ကြိုခန်းမကျယ်ထဲသို့ လျှောက်လာခဲ့သည်။ဧည့်ကြိုကောင်တာတွင် ဝန်ထမ်းအနည်းငယ်မျှသာရှိပြီး ထိုသူများတွင် တစ်ချို့က ဖဲကစားနေကြပြီး

တစ်ချို့က စကားစမြည်ပြောဆိုနေကြ၏။သူက ဒုတိယထပ်သို့ တန်းတန်းမတ်မတ် တက်သွားလိုက်သည်။

သို့သော်လည်းဌာနချုပ်မှာ ဌာနတွင် ရှိမနေသဖြင့် လော်ယွမ်က ဒုဌာနချုပ်၏ ရုံးခန်းတံခါးကိုသာ ခေါက်လိုက်ရတော့သည်။

“ဝင်ခဲ့ပါ။”

သူက တံခါးဖွင့်ပြီး ရုံးခန်းထဲသို့ ဝင်လိုက်သည်။ အတွင်း၌ ကိုယ်လုံးကိုယ်ပေါက် တုတ်ခိုင်သော သက်လတ်ပိုင်းအရွယ် လူကြီးတစ်ဦးရှိနေ၏။ သူ့မျက်လုံးအောက်တွင်

မျက်ကွင်းညိုကာ အနည်းငယ်ဖောင်းအစ်နေသယောင် ထင်ရသည်။ ထိုသူသည် လော်ယွမ်အား တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက်

“ဘာကိစ္စရှိလို့လဲ။” ဟု မေးကာ သူ၏စားပွဲပေါ်ရှိ စာရွက်စာတမ်းကိုသာ ပြန်လည်အာရုံစိုက်ဖတ်ရှုနေလေသည်။

လော်ယွမ်က အခုလိုမျိုး အလေးမထားခံရသည်ကို မနှစ်မြို့သော်လည်း အားတင်းပြုံးလိုက်ပြီး

“မင်္ဂလာပါ၊ ကျွန်တော်က ချန်ဝေ့ချန်းရဲ့ ယောက်ဖပါ။ သူမနေ့က မြို့တော်ကောင်စီက ကြီးကြပ်ရေးမှူးဟီနဲ့ကောက်တန်မြို့ကိုစစ်ဆေးရေးလာတာအခုထိပြန်မရောက်သေး

လို့...ကျွန်တော့်အမကလွှတ်ပြီးမေးခိုင်းလိုက်လို့...သူတို့ဘယ်သွားလဲဆိုတာသိလို့ရမလား” ဟု မေးလိုက်သည်။

ထိုသက်လတ်ပိုင်းလူကြီးက နောက်ဆုံးတွင် ခေါင်းမော့လာပြီး ထိတ်လန့်သွားသည်။''ကြီးကြပ်ရေးမှုးဟီနဲ့ချန်ဝေ့ချန်းတို့ပြန်မလာသေးဘူးဟုတ်လား...နေဦးငါဆက်သွယ်

ကြည့်လိုက်ဦးမယ်''

သူက မတ်တပ်ထရပ်လိုက်ပြီး ဖုန်းကိုထုတ်ကာ တစ်ကောပြီးတစ်ကော ဆက်လေသည်။တစ်ဖြည်းဖြည်း သူ့နှဖူးတွင် ချွေးများပျံလာသည်။မိနစ်အနည်းငယ်အကြာမှာတော့

သူက ထိုင်ခုံပေါ်သို့ဝုန်းကနဲ ပြန်ထိုင်ချလိုက်သည်။

“သူတို့မနေ့ကဘယ်ကိုသွားကြတာလဲ” လော်ယွမ်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“မနေ့က ကြီးကြပ်ရေးမှူးဟီ၊ မြို့တော်ဝန်ရှ၊ အရာရှိချုပ်ဝမ် နဲ့ ချန်ဝေ့ချန်းတို့ နေ့လယ်စာစားပြီးတော့ တောင်ပေါ်ကို စစ်ဆေးရေးတက်သွားကြတာ။ သူတို့ မနေ့ကတည်းက ပြန်

ရောက်ရမှာ...မင်းချန်ဝေ့ချန်းကိုဖုန်းဆက်ကြည့်သေးလား...သူတစ်ခြားနေရာကိုသွားနေတာရော ဖြစ်နေမလား” ဟု သူက စိုးရိမ်ပူပန်စွာဖြင့် မေးသည်။

လော်ယွမ် ထိတ်လန့်သွားမိသည်။သူ့စိတ်ထဲတွင်မကောင်းသည့်နိမိတ်တစ်ခုကိုခံစားမိလိုက်၏။သူက လျင်မြန်စွာပင် “ကျွန်တော့်အစ်မသူ့ကို အကြိမ်ကြိမ် ဖုန်းခေါ်ပြီးပြီ...ကျွန်

တော်လဲဒီမနက်က သစ်တောဦးစီးဌာနကိုသွားမေးပြီးပြီ...သူ့အထက်အရာရှိပြောတာတော့ကျွန်တော့်ယောက်ဖနဲ့သူ့အထက်လူကြီးတို့ပြန်မလာကြသေးဘူးတဲ့...အဲ့တော့သူ

တို့အခုတောင်ပေါ်မှာရှိနေတုံးဖြစ်နိုင်တယ်...အခုအရေးကြီးဆုံးကရဲကိုအကြောင်းကြားပြီးအကူအညီတောင်းဖို့ပဲ''

"ဟုတ်တယ်ဟုတ်တယ်"ဒုဌာနချုပ်ကခေါင်းတစ်ဆက်ဆက်ငြိတ်သည်။ထိုသူများတစ်ခုခုဖြစ်သွားပါက ပြည်နယ်အစိုးရအဖွဲ့ဝေဖန်ခံရနိုင်ရုံတင်မဟုတ်ပဲ သူကိုယ်တိုင်ပါ ဒုဌာန

ချုပ်ရာထူးမှ ထုတ်ပယ်ခံရနိုင်သည်။သူက ချက်ခြင်းမတ်တပ်ထရပ်လိုက်ပြီး ဖုန်းခေါ်လိုက်သည်။

''ဟယ်လို''

"ရဲချုပ်ရှီလား...ကျွန်တော်သစ်တောဦးစီးဌာနက ချောင်မင်ဟွပါ..ဟုတ်..ဟုတ်..ကျွန်တော်ခဏနေရင်လာခဲ့မယ်နော်...ဖုန်းထဲကနေရှင်းပြရတာနည်းနည်းခက်တယ်...ကျွန်တော်အ

ခုထွက်လာပြီ"

သူကဖုန်းချလိုက်ပြီး"လာ...ငါနဲ့ရဲစခန်းကို အတူလိုက်ခဲ့"ဟုဆိုလေသည်။လော်ယွမ်နှင့်ဒုဌာနချုပ်တို့ရဲစခန်းကိုအလျှင်အမြန်ထွက်လာခဲ့လိုက်ကြသည်။ဆယ်မိနစ်ခန့်အကြာတွင်

ဒုဌာနချုပ်ချောင်မင်ဟွက လော်ယွမ်နဲ့အတူ ရဲချုပ်ရှိရာသို့ ဝင်ရောက်သွားပြီး အဖြစ်အပျက်ကို နောက်တစ်ကြိမ် ထပ်မံရှင်းပြလေသည်။ရဲချုပ်ရှီကအလွန်ထိတ်လန့်သွားပြီးလျှင်

မတ်တပ်ထရပ်ကာ "မင်းတို့ဒါကိုဘာလို့ချက်ချင်းမသိရတာလဲ...အခု၂၄နာရီတောင်ကြာသွားပြီ"ဟု စွပ်စွဲပြောဆိုလိုက်သည်။

ဒုဌာနချုပ်ချောင်မင်ဟွ၏ညှိုးငယ်သောမျက်နှာကို မြင်တော့ သူက လက်ကိုဝေ့ယမ်းလိုက်ပြီး "ငါပီအေကျောက်ကိုခေါ်လိုက်မယ်"

သူဖုန်းကိုယူပြီး ရုံးခန်းထဲမှ ထွက်သွားသည်။သူပြန်ဝင်လာသောအခါ သူမျက်နှာမှာ အလွန်ပင်တည်ကြည်တင်းမာနေလေသည်။

"မင်းတို့နှစ်ယောက်လုံးအိမ်ပြန်စောင့်နေကြ...ငါ့လူတွေကိုတောင်ပေါ်လွှတ်လိုက်မယ်...မပူနဲ့ငါသူတို့ကိုရှာတွေ့စေရမယ်လို့အာမခံတယ်"

"သိပြီ..ကျွန်တော်တို့ရဲချုပ်ရှီကိုယုံပါတယ်"ဒုဌာနချုပ်ချောင်မင်ဟွက လေးလေးစားစားခေါင်းညိတ်လိုက်ပြီး ပြန်ဖို့ပြင်လိုက်သည်။

ဒီကိစ္စကသူနှင့်မဆိုင်မှန်းလော်ယွမ်နားလည်သော်လည်း မစ်ရှင်ပြီးမြောက်ဖို့အတွက်သူတောင်ပေါ်သို့သွားရန်လိုအပ်သည်။သူက လျင်မြန်စွာပင်

"ရဲချုပ်ရှီ ကျွန်တော်လဲတောင်ပေါ်ကိုသွားချင်တယ်"

''တောင်ပေါ်မှာအရမ်းအန္တရာယ်များတယ်...ငါတို့မင်းကိုကာကွယ်ဖို့လူအင်အားမရှိဘူး...ဒီမှာစိတ်ရှည်ရှည်နဲ့စောင့်နေ...ဟုတ်ပြီလား''

ရဲချုပ်ရှီမျက်မှောင်ကြုတ်ပြီးသူ့တောင်းဆိုချက်ကို ငြင်းပယ်လိုက်သည်။

"အန္တရာယ်များမှန်းကျွန်တော်သိတယ်...ဒါပေမယ့်သူကကျွန်တော့်ယောက်ဖလေ...ကျွန်တော်ဘယ်လိုလုပ်ဒီမှာထိုင်စောင့်နေနိုင်မှာလဲ...ကျွန်တော်တိုက်ခိုက်ရေးပညာနည်းနည်းပါးပါးသင်

ဖူးတယ်...ရဲချုပ်တို့ကိုဝန်ထုပ်ဝန်ပိုးမဖြစ်စေရဘူးလို့အာမခံတယ်"လော်ယွမ်က အလွန်စိုးရိမ်ပူပမ်ဟန်ပြကာ ပြောဆိုလိုက်၏။

ရဲချုပ်ရှီက လော်ယွမ်ကို အကဲခတ်လိုက်သည်။ဒီလူငယ်က အရပ်မြင့်မားပြီး ခန္ဓာကိုယ်ကျစ်လစ်သည်။သူ လေ့ကျင့်ခန်းလုပ်ထားသည်မှာထင်ရှားပြီး တောင်ပေါ်တွင်အကူအညီဖြစ်နိုင်

ချေရှိသည်။

"ဟုတ်ပြီ..ဒါပေမဲ့မင်းအမိန့်တွေကိုတော့လိုက်နာရလိမ့်မယ်"

"ကျွန်တော်လိုက်နာမယ်လို့ကတိပေးပါတယ်"လော်ယွမ်ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

ရဲချုပ်ရှဲက သူ့ဖုန်းကို တစ်ဖန်ပြန်ခေါ်ဆိုလိုက်ပြီး "ရဲမှုးချန်...ရဲသားသုံးယောက်ခေါ်ပြီး...ငါ့ရုံးခန်းအမြန်လာခဲ့"

သူဖုန်းချပြီး မကြာမီပင် ပိန်သွယ်၍ နေလောင်းထားသော သက်လက်ပိုင်းအရွယ်လူတစ်ဦး ရုံးခန်းထဲသို့ဝင်လာကာ

"ရဲချုပ်ကျွန်တော့်ကိုခေါ်တယ်ဆိုလို့"

"အေး...မင်းအလုပ်တွေခဏရပ်ထားလိုက်...အခုပိုအရေးကြီးတဲ့ကိစ္စပေါ်လာပြီ...မြို့ရဲ့အရေးကြီးပုဂ္ဂိုလ်တစ်ချို့နဲ့မြို့တော်ဝန်ရှတို့တောင်ပေါ်တက်သွားရင်း ပျောက်သွားတယ်

မင်းအဖွဲ့ခေါ်ပြီးသူတို့ကိုချက်ချင်းသွားရှာ"ထိုလူ၏မျက်နှာအမူအရာက ချက်ချင်းတည်ကြည်တင်းမာသွားပြီး"ကျွန်တော်ခုချက်ချင်းသွားလိုက်ပါ့မယ်...တစ်ခြားကိစ္စရှိသေးလား

ရဲချုပ်"

"အေး...ဒါကလော်ယွမ်တဲ့...ပျောက်နေတဲ့သူတွေထဲကတစ်ယောက်ရဲ့မိသားစုဝင်ပဲ...သူတောင်ပေါ်သွားချင်နေတယ်...သူ့ပါခေါ်သွားလိုက်"

ထိုလူကလော်ယွမ်ကိုတစ်ချက် အကဲခတ်လိုက်ပြီး "သိပြီ...ကျွန်တော်အခုပဲသွားပါ့မယ်"ဟုပြန်ဖြေလိုက်သည်။

ထို့နောက်သူကအေးစက်စက်လေသံနှင့်"ငါ့နောက်လိုက်ခဲ့"ဟုဆို၏။

သူတို့နှစ်ဦးရုံးခန်းမှထွက်ခဲ့ကြသည်။စင်္ကြလမ်းတွင်ရဲသုံးယောက်စောင့်ဆိုင်းနေပြီး ယောက်ျားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ကာ ၃ယောက်လုံးမှာအသက်သုံးဆယ်အောက် လူငယ်များ

ဖြစ်ကြသည်။လော်ယွမ်၏မျက်လုံးအစုံကမူ ထိုအမျိုးသမီးထံသို့မရောက်ဘဲမနေနိုင်ပေ။သူမကလက်တိုရဲဝတ်စုံကိုဝတ်ထားပြီး သူမ၏ခါးမှာသေးသွယ်ကာ ရင်သားတို့မှာမို့မောက်တင်းရင်း

လျက်ရှိသည်။သူမ၏ရဲစကတ်တိုအောက်တွင်ဝတ်ဆင်ထားသော အသားရောင်ခြေအိမ်ရှည်တို့က သူမ၏သွယ်လျသော ခြေတံတို့ကိုပိုမိုပေါ်လွင်စေသည်။သူမက မှည့်ရွှမ်းနေသောမက်

မွန်သီးသလုံးပမာ အလွန်ဆွဲဆောင်မှုရှိလှသည်။

"အွန်လိုင်းမှာနာမည်ကြီးနေတဲ့ဝတ်စုံဆွဲလန်းစိတ်ဆိုတာဒါမျိုးကိုပြောတာဖြစ်မယ်"လော်ယွမ်ကစိတ်ထဲမှာတွေးရင်း သူ့အကြည့်ကို ယောက်ျားနှစ်ဦးထံသို့ရွှေ့လိုက်သည်။တစ်ဦးမှာ အသက်သုံး

ဆယ်ဝန်းကျင်ခန့်၊အရပ်ရှည်ပြီး မျက်နှာအပြည့် ဝက်ခြံများထွက်နေကာ ဆံပင်ကို စစ်သားပုံစံ တိုတိုညှပ်ထားသည်။သူ့ရဲဝတ်စုံကြောင့်သာမဟုတ်လျင် သူ့ကိုအလစ်သမားတစ်ဦးအဖြစ်ကောင်း

စွာပင်သတ်မှတ်နိုင်ပေလိမ့်မည်။အခြားတစ်ဦးမှာမူ အပြစ်ကင်းစင်ခြင်း၏ပြယုဒ်ဟုထင်ရ၏။သူက လူသစ်တစ်ယောက်ဖြစ်ဟန်တူသည်။

"ရဲမှုးချန်ဒီနေ့ဘာကိစ္စရှိလို့လဲ...ဘာလို့အရမ်းအလောတကြီးဖြစ်နေတာလဲ"ဆံပင်တိုတိုညှပ်ထားသည့်တစ်ယောက်က ရဲမှုးအား မလေးမစားဟန်ဖြင့် မေးလိုက်သည်။

"အင်း...အဲ့တာနောက်မှပြောမယ်...အားလုံးလက်ရှည်ဝတ်စုံတွေလဲဝတ်ပြီးလက်နတ်တွေအသင့်ပြင်...ငါတို့တောင်ပေါ်ကိုသွားရမှာ..ဝမ်ဖေး..လော်ယွမ်အတွက်ပါဝတ်စုံယူပေးလိုက်...သူလဲငါ

တို့နဲ့အတူလိုက်မှာ"သူကဆံပင်အတိုညှပ်ထားသူအားကြည့်ရင်း လူသစ်ကိုအမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့ရဲမှုး"ဝမ်ဖေးက ချက်ချင်းပြန်ဖြေပြီးလော်ယွမ်ဘက်သို့လှည့်ကာ"ကျွန်တော့်နောက်လိုက်ခဲ့...အကိုကကျွန်တော်နဲ့ဆိုဒ်အတူလောက်ရှိမှာဆိုတော့...ကျွန်တော့်ဝတ်စုံယူဝတ်လို့အဆင်

ပြေတယ်မလား"

"ပြေတာပေါ့...ကျေးဇူးပါ"လော်ယွမ်ကပြုံးပြီးတစ်ဆက်ထဲ "တပ်ကြပ်ဝမ်ဒီနှစ်မှအစိုးရဝန်ထမ်းစာမေးပွဲအောင်လာတာမလား"ဟုမေးလိုက်သည်။

ဝမ်ဖေးကရယ်မောလျက်"ဘယ်အောင်မှာလဲ...ကျွန်တော်ကရဲတက္ကသိုလ်ကနေဘွဲ့ရလာတာ...ဒီကိုကာကွယ်ရေးအဖွဲ့သားအဖြစ်အဆက်သွယ်နဲ့ဝင်လာတာလေ...ဒါပေမဲ့ကောင်းကောင်းလုပ်

ပြနိုင်ရင်တော့...အမြဲထမ်းဝန်ထမ်းအဖြစ်ပြောင်းလို့ရတယ်...ဘာပဲဖြစ်ဖြစ်အဝတ်လဲလိုက်ကြရအောင်"ဟုဆိုသည်။

"ဒါလဲမဆိုးပါဘူး...အနည်းဆုံးတော့ခံစားခွင့်တွေ ကောင်းမှာပေါ့"

"နေစားစရိတ်ကတော့လုံလောက်ပါတယ်"ထိုလူသစ်ကပြန်ဖြေသော်လည်း သူ့လေသံထဲတွင် ခိုင်မာသောစိတ်ပိုင်းဖြတ်မှုအရိပ်အယောင်တို့ရောယှက်နေသည်။သူကရဲဝတ်စုံနှစ်စုံနှင့်ဖိနပ်နှစ်စုံ

ကိုဗီဒိုထဲမှထုတ်ယူပြီး လော်ယွမ်အား တစ်စုံကမ်းပေးလိုက်၏။ရာသီဥတုမှာ အခုတစ်လော ပူအိုက်စိုစွတ်နေပြီး လက်ရှည်ဝတ်စုံမှာ အသုံးမပြုပဲထားသည်မှာ ထင်ရှားကာ မှိုနံ့သိုးသိုးထွက်နေ

သော်လည်း ခြုံပြီးကြည့်လျှင်သန့်ရှင်းနေသေးသည်။

လော်ယွမ်အဝတ်အစားလဲပြီးသောအခါ ဆံပင်အတိုနှင့်လူဝင်လာပြီး လော်ယွမ်၏ခေါင်းကို ပုတ်လိုက်ကာ"ရဲတစ်ယောက်နဲ့တော့တူသားပဲ...မင်းဘယ်ကလာတာလဲချာတိတ်...ဘာလို့ငါတို့နဲ့

တောင်ပေါ်ကိုလိုက်ချင်တာလဲ"

လော်ယွမ်က အနည်းငယ်မကျေမနပ်ဖြစ်သွားပြီး သူ့ခေါင်းကိုဘေးသို့ရွှေ့လိုက်ရင်း ပြုံးလျက် "ကျွန်တော့်ယောက်ဖ...တောင်ပေါ်မှာ..ပျောက်သွားလို့လေ...ကျွန်တော်ပါတောင်ပေါ်လိုက်ပြီးသူ့

ကိုလိုက်ရှာမလို့...ကျွန်တော့်နာမည်ကလော်ယွမ်ပါ...ခင်ဗျားကရော"

"ငါ့ကိုကျောက်ချင်းလို့ခေါ်"

ကျောက်ချင်းကသူထိုလူငယ်ကို စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်မိမှန်းသိသဖြင့် သွားဖြဲရယ်လိုက်ကာ"စိတ်ထဲမထားနဲ့...ဒါကအကျင့်ဟောင်းတစ်ခုလိုဖြစ်နေတာ...ဒါနဲ့မင်းယောက်ဖက

ဘယ်သူလဲ"

"သူကသစ်တောဦးစီးဌာနမှာလုပ်တာ"လော်ယွမ်မရေမရာပြန်ဖြေပြီး ကျောက်ချင်းကို လစ်လျူရှုကာ ဝမ်ဖေးအား "ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့သေနတ်တစ်လက်လောက်ပေးလို့ရမလား...တောင်

ပေါ်မှာအရမ်းအန္တရာယ်များတယ်လို့ကြားတယ်"ဟုလှည့်မေးလိုက်သည်။

ဝမ်းဖေးကခေါင်ခါလျက် "ခင်ဗျားကိုသေနတ်တစ်လက်အလွယ်တစ်ကူပေးလို့မရဘူး...အဲ့တာကစည်းကမ်းနဲ့မညီဘူးဗျ..ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

လော်ယွမ်က လျင်မြန်စွာပင် "'ဒါဆိုဓားတို့ဘာတို့ရော...ငါ့ကိုဘာလက်နတ်မှမပေးပဲတောင်ပေါ်တော့မခေါ်သွားဘူးမလား"ဒါကအဆင့်(F+-)မစ်ရှင်ဖြစ်သည့်အတွက် ဘာလက်နတ်မှမပါလျှင်သူ့

အတွက်အလွန်အန္တရာယ်များမှာ သေချာသည်။

"အင်း...ကျွန်တော်ရဲမှုးကိုမေးကြည့်လိုက်မယ်"ဝေဖုံးကအဝတ်လဲခန်းမှထွက်သွားလေသည်။

ခဏအကြာတွင် သူပြန်ဝင်လာပြီး "သေနတ်တော့မရဘူး...ဓားတော့ရတယ်...ကျွန်တော်တို့သိမ်းထားတဲ့ဟာတွေအများကြီးရှိတယ်...ကျွန်တော်သိုလှောင်ခန်းဆီခေါ်သွားပေးမယ်"

သူတို့နှစ်ဦးစင်္ကြလမ်းအဆုံးတွင်ရှိသောသိုလှောင်ခန်းဆီထွက်ခဲ့ကြသည်။ဝမ်ဖေးက သေတ္တအကြီးကြီးတစ်လုံးကိုဖွင့်လိုက်သည်။အထဲတွင် လက်နတ်မျိုးစုံရှိနေသည်-ဓားရှည်များ၊ ဖရဲသီးခွဲဓား၊

ဓားမြောင်များ၊ သစ်သီးလှီးဓားများ၊ ဓားမများ၊ သားသတ်ဓားများ...အစုံအလင်ပင်။မသိလျင် အိမ်သုံးလက်နတ်များ စုစည်းထားသကဲ့သို့ထင်ရသည်။

"ကြိုက်တာတစ်ခုရွေးလိုက်"ဝမ်ဖေးကရက်ရောစွာဖြင့်ဆို၏။

ဤနားတစ်ဝိုက်တွင် မြွေနှင်တစ်ခြား တိရိစာ္ဆန်များ သောင်းကျန်းနေသည့်အပြင် တောင်ပေါ်တွင်လည်း နွယ်ပင်များ သစ်ကိုင်းများရှိနေသောကြောင့် ဓားမြှောင်လိုဓားတိုများသည် လက်တွေ့တွင်

အသုံးဝင်မည်မဟုတ်ပေ။ဖရဲသီးခွဲဓားလိုဓားပါးမျိုးမှာလဲ ခဏအတွင်း ကောက်ကွေးပျက်စီးနိုင်သည်။အတန်ငယ်စဉ်းစားပြီးနောက် လော်ယွမ်က ခုတ်ထစ်လှီးဖြတ်ရန်သုံးသော ဓားမတစ်ချောင်း

ကိုရွေးလိုက်သည်။

လော်ယွမ်က ဓားကိုကိုင်ကြည့်ပြီး လေထဲတွင်အကြိမ်အနည်းငယ် ဝှေ့ယမ်းကြည့်ရာ အတော်ပင်ကျေနပ်သွားမိ၏။တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲမှာ ဖော်ထုတ်ဟု တိတ်တဆိတ်ရေရွတ်လိုက်

လျင် သူ့ခေါင်းထဲတွင် စာတန်းများပေါ်လာလေသည်။

အမည် - ချွန်ထက်သောဓားမ

အမျိုးအစား - သတ္ထုစပ်

ရှားပါးမှု - အဖြူရောင်

အလေးချိန် - ၂.၅ကီလိုဂရမ်

ချွန်ထက်မှု - ၁၀-၁၅

အသုံးပြုရန်လိုအပ်ချက် - ခွန်အား ၉မှတ်

မှတ်ချက် - ဤသည်မှာ ခေတ်မီစိုက်ပျိုးရေးလက်နတ်တစ်ခုဖြစ်ပြီး မြေယာရှင်းလင်းခြင်း၊ ထင်းခုတ်ခြင်းတို့အတွက် သင့်သော်သည်။သတ်ဖြတ်နိုင်စွမ်းလဲရှိသည်။အရည်အသွေးမှာသာမန်ဖြစ်

သော်လည်း ဓားမှာကြံခိုင်မှုရှိပြီးခုတ်ထစ်ခြင်းနှင့်ဖြတ်တောက်ခြင်းတို့အတွက်အကောင်းဆုံးဖြစ်သည်။

"မဆိုးဘူး...အိမ်ကဓားမထက်တောင်ထက်သေးတယ်"လော်ယွမ်ကစိတ်ထဲကတွေးလိုက်ပြီးနောက်"'ဒီဟာယူမယ်"ဟုဆိုလိုက်သည်။

''ဒါဆိုသွားရအောင်....ရဲမှုးချန်ကျွန်တော်တို့ကိုစောင့်နေတယ်''ဝမ်ဖေးကတိုက်တွန်း

လိုက်သည်။

သူတို့နှစ်ဦးအဆောက်အအုံအဝင်အဝသို့ရောက်သော် အားလုံးကရဲကားထဲတွင့် အသင့်စောင့်နေကြပြီးဖြစ်သည်။လော်ယွမ်က ခြေလှမ်းကိုခပ်သွက်သွက်လျှောက်ပြီး ကားထဲသို့အမြန်ဝင်လိုက်၏။

ထို့နောက်ကားကစတင်ထွက်ခွာကာ မြို့ပြင်သို့ဦးတည်မောင်းနှင်သွားတော့သည်။

သူတို့လမ်းမကြီးအတိုင်းမောင်းနှင်းလာပြီး ခဏအကြာတွင် လမ်းသွယ်လေးတစ်ခုထဲသို့ချိုးကွေ့ဝင်လိုက်၏။လမ်း၏ဘေးတစ်ဘက်တစ်ချက်တွင် အဆုံးမရှိသော စိန်းလန်းသည့် လယ်ကွင်းများက

ဘောင်ခတ်ထားသကဲ့သို့ရှိနေ၏။

"အဲ့ဒါ စိုက်ခင်းမြေတွေမဟုတ်လား" လော်ယွမ်က မရေမရာ မေးလိုက်သည်။

စိုက်ခင်းမြေပေါ်တွင် ပေါင်းပင်များက နေရာအနှံ့ဖုံးလွှမ်းနေ၏။ထိုပေါင်းပင်များမှာ အံသြစရာကောင်းလောက်အောင်ပင် တစ်မီတာနီးပါးမျှမြင့်မားရှည်လျားနေကြပြီး မြေပြင်ကိုလုံးဝဖုံးကွယ်ထား

လေသည်။လေပြေတစ်ချက်ဝေ့တိုက်လိုက်တိုင်း စိမ်းစိုသောအပင်တွေက ပင်လယ်ရေပြင်တစ်ခုအလား လှိုင်းထနေတော့၏။

"ဟုတ်လောက်တယ်"ယဉ်မောင်းဘေးတွင်ထိုင်နေသည့် ရဲမေကလဲ အံ့သြနေဟန်တူသည်''လွန်ခဲ့၁၀ရက်လောက် ကျွန်မဒီနားလာတုံးက မျက်ပင်တွေအဲ့လောက်စိမ်းစိုမနေပါဘူး...ဒါတစ်ကယ်မယုံ

နိုင်စရာပဲ...ဒီတိုင်းဆိုပေါင်းပင်တွေသိပ်မကြာခင် လမ်းပေါ်ရောက်လာနိုင်တယ်"

"ဒီလိုနေရာမှာတောင်ပေါင်းပင်တွေအဲ့လောက်ကြီးထွားနေတာ...တောထဲမှာဆိုပိုဆိုးမှာပဲ...ရဲမှုချန်ခင်ဗျားဘယ်လိုလုပ်ဒီလိုတာဝန်မျိုးကိုလက်ခံလိုက်တာလဲ...ငါတို့အကုန်လုံးကိစ္စတုံးသွားနိုင်တယ်

နော်"ကျောက်ချင်းကနောက်ပြောင်ပြောဆိုလိုက်သည်။

"ဟုတ်တယ်...အခုတောင်ပေါ်မှာအရမ်းအန္တရာယ်များတယ်လို့ကျွန်မကြားတယ်"ကားခေါင်းခန်းမှရဲမေကထပ်မံပြောဆိုလိုက်သည်။

"မင်းတို့သတ္တိရှိရင်ရဲချုပ်ကိုသွားပြောပါလား...ငါ့ကိုလာပြောနေလို့ငါဘာမှလုပ်ပေးလို့မရဘူးကွ"ရဲမှုးချန်ကစိတ်မသက်မသာအမူအရာဖြင့်ပြန်ပြောသည်။

သူသည်လည်း မကြာသေးမီက ရုတ်တရက်တိုးပွားလာသော လူပျောက်မှုကိစ္စများကြောင့် စိတ်အနှောက်အယှက်ဖြစ်နေခဲ့သည်။ပျောက်ဆုံးသူများမှာ ယခုဆိုလျှင် ငါးဦးထိရှိနေပြီး အများစုမှာ

ကျူးတောင်ကုန်းအနီးရှိရွာမှဖြစ်ကြသည်။သူကကျုးတောင်ကုန်း၏အန္တရာယ်ကို အခြားသူများထက် ပိုသိရှိသူဖြစ်၏။သို့သော်လည်း သူက ရဲချုပ်၏အမိန့်ကိုနာခံယုံမှတစ်ပါး အခြားမတတ်

နိုင်ခဲ့ပေ။

"တောင်ပေါ်မှာ အဲ့လောက်ကြီးအန္တရာယ်မများလောက်ပါဘူး...ဟုတ်မလား...ကျွန်တော်တို့အားလုံးမှာလက်နတ်တွေလဲအပြည့်အစုံပါတာပဲကို...ဟိုတောဝက်အကြီးမျိုးနဲ့တွေ့ရင်တောင်ကျွန်တော်တို့အေးဆေး

ကိုင်တွယ်နိုင်ပါတယ်"လော်ယွမ်က စကားလမ်းကြောင်းလွှဲရန်ကြိုးစားလိုက်သည်။

အကယ်၍သူတို့အန္တရာယ်အကြောင်းကိုဆက်လက်ဆွေးနွေးနေလျှင် ရဲအရာရှိများ လမ်းတစ်ဝက်တင် စခန်းသို့ပြန်လှည့်သွားနိုင်သည်။ထိုအခါကျမှ ရဲအရာရှိများက ပျောက်ဆုံးနေသူတစ်ဦး၏

ဆွေမျိုးတစ်ယောက် သူတို့နှင့်လိုက်ပါလာသည်ကို သတိပြုမိလိုက်ကြသည်။

"ဟုတ်ပြီအဲ့အကြောင်းဆက်မပြောကြနဲ့တော့...ငါတို့ကရဲတွေပဲ...အခက်အခဲကြုံတိုင်းလွယ်လွယ်နဲ့လက်လျှော့နေရင်း...လူရယ်စရာဖြစ်ကုန်လိမ့်မယ်...ငါတို့တောင်ပေါ်ကိုသွားမယ်...အန္တရာယ်

အရမ်းများမှပြန်ဆင်းကြမယ်...အနည်းဆုံးတော့ငါတို့ကြိုးစားခဲ့တယ်လို့ပြောလို့ရတာပေါ့...ဘယ်လိုသဘောရလဲလော်ယွမ်"ရဲမှုးချန်ကဆိုသည်။

"ဟုတ်ကဲ့...ကျွန်တော့်နေရာမှာယောက်ဖဆိုလဲ...အဲ့လိုပဲလုပ်မှာပါ..."လော်ယွမ်ကခပ်တိုးတိုးပြန်ဖြေလိုက်၏။ဤသည်မှာလက်ရှိတွင်တစ်ခုထဲသောရွေးချယ်စရာဖြစ်သည်။အန္တရာယ်အရမ်းများပါက

သူမစ်ရှင်ကိုလက်လျှော့လိုက်ယုံသာရှိတော့၏။ ထိုသို့လုပ်ခြင်းကသူ့အတွေ့အကြုံမှတ်ရမည့်အခွင့်အရေးကိုလက်လွှတ်လိုက်ရမည်ဖြစ်သော်လည်း သူ့အသက်ဆုံးရှုံးရမှာထက်စာရင်တော့အများ

ကြီးသာလွန်သေးသည်။

နာရီဝက်ခန့်အကြာတွင် သူတို့လူခြေတိတ်ဆိတ်နေသောကျေးရွာတစ်ရွာသို့မောင်းဝင်ခဲ့ကြပြီး ကားကိုရပ်နားလိုက်သည်။ လော်ယွမ်ကရဲကားပေါ်မှဆင်းပြီး ရှေ့ကိုလှမ်းမျှော်ကြည့်လိုက်၏။ သူတို့သွား

မည့်တောင်ကုန်းမှာ အစိမ်းရင့်ရောင် လွှမ်းခြုံထားသကဲ့သို့ရှိနေပြီး ၎င်း၏အမြင့်မှာ ပေ၇၀၀ခန့်သာရှိသော်လည်း ထိုမြင်ကွင်းက လော်ယွမ်အား စိတ်သောကရောက်စေရန်လုံလောက်လျက်ရှိနေသည်။

"၁၁နာရီထိုးတော့မယ်...အရင်ဆုံးနေ့လည်စာစားရအောင်...ပြီးရင်၁နာရီအတွင်းငါတို့တောင်ပေါ်တက်ကြတာပေါ့"

ရဲမှုးချန်ကသူ့အကြည့်ကိုတောင်ကုန်းဆီကနေလွှဲလိုက်ပြီးနာရီကိုကြည့်ကာ လမ်းဘေးဈေးဆိုင်တစ်ခုဆီသို့ဦးတည်လျှောက်သွားလေတော့သည်။

အပိုင်း (၃) အဆိပ်ပြင်းသောခြင်

ရွာစားသောက်ဆိုင်၏ သန့်ရှင်းမှုအခြေအနေမှာ အနည်းငယ်ညံ့ဖျင်းလှသော်ငြားလည်း အရသာမှာမူ တမူထူးခြားလှပြီး ကျွေးမွေးသမျှမှာ တောကောင်သားများသာ ဖြစ်လေ၏။ အရည်သောက်

ချက်ထားသော တောယုန်သားဟင်း၊ မျှစ်နှင့်မြွေသား၊ ကြက်သားမျှင်နှင့်မှိုခြောက်ဟင်း၊ ဖားသားနီချက် စသည်တို့ပင်တည်း။၎င်းတို့အားလုံးမှာ ရွာသူရွာသားများ အမဲလိုက်ရာမှ ပုံမှန်ရရှိသော

အရာများဖြစ်လေသည်။ သာမန်အချိန်တွင် တွေ့မြင်ရန်ခဲယဉ်းသော တောကောင်သားမှာ ယခုအခါ နေရာတိုင်းတွင် ရှိနေဘိသကဲ့သို့ပင်။

ဟင်းလျာများမှာအရသားထူးခြားသော်လည်း သူတို့အနည်းငယ်စကားစမြည်ပြောပြီးနောက် အားလုံးငြိမ်သက်သွားကြသည်။ ဆယ့်ငါးမိနစ်ခန့်အကြာတွင် ရဲမှုးချန်က သူ၏ထမင်းပန်း

ကန်နှင့် ဇွန်းတို့ကို ချလိုက်ပြီး စီးကရက်တစ်လိပ်ကို မီးညှိကာ တစ်ယောက်တည်း ဖွာရှိုက်နေလေတော့သည်။လော်ယွမ်သည်လည်း ရဲမှုးချန်၏ မီးခြစ်ကိုငှား၍ စီးကရက်တစ်လိပ်ကို

မီးညှိလိုက်၏။ သူသည် ပုံမှန်အားဖြင့် ဆေးလိပ်သောက်လေ့မရှိသော်ငြားလည်း အလုပ်ဖိစီးမှုနှင့်ကြုံရသည့်အခါ သို့မဟုတ် ပြဿနာနှင့်ကြုံသည့်အခါမျိုးတွင် တစ်လိပ်တစ်လေ

သောက်လေ့ရှိသည်။

စီးကရက်တစ်လိပ်ကုန်သွားသောအခါ ရဲမှုးချန်က မတ်တပ်ထရပ်လိုက်ပြီးလျှင် "သွားကြစို့!" ဟု ဆိုလိုက်လေသည်။

အားလုံး ထရပ်လိုက်ကြပြီး တောင်ခြေရှိရာသို့ ဦးတည်ထွက်ခွာလာခဲ့ကြ၏။

လော်ယွမ်က နောက်ဆုံးမှာ ချန်နေခဲ့ပြီး သူ၏တောခုတ်ဓားရှည်ကိုကိုင်ကာ လေထဲသို့ ရံဖန်ရံခါ ခုတ်ပိုင်းလွှဲယမ်းနေလေသည်။

ကျောက်ချင်းသည် နောက်သို့တစ်ချက်လှည့်ကြည့်ကာ ပြုံး၍ဆို၏ "မင်းကတော်တော်တက်ကြွနေတာပဲ...တောင်ပေါ်မှာမြက်ပင်တွေအများကြီးပဲ...အဲ့ကျရင်မင်းခုတ်လို့တောင်ကုန်မှာ

မဟုတ်ဘူး"

လော်ယွမ်သည် ထိုစကားကို စိတ်ထဲမထားချေ "ကျွန်တော်ကလေ့ကျင့်ခန်းပုံမှန်လုပ်နေတာဆိုတော့အားသန်တယ်...တောက်တက်လမ်းရှင်းတဲ့အခါကျရင်ကျွန်တော့်တာဝန်သာထား...

ခင်ဗျားတို့ကကျွန်တော့်ကိုကာကွယ်ပေးထားရင်ရပြီ"

လော်ယွမ်ကတစ်ကယ်တော့ အားပြည့်နေခြင်းကြောင့်မဟုတ်သလို တက်ကြွနေခြင်းကြောင့်လည်းမဟုတ်ပေ။သူကအချိန်ရခိုက်ဓားနှင့်ပါတ်သတ်သော ပညာရပ်တစ်ခုခုလေ့ကျင့်ချင်ရုံသာ။

ယခုမစ်ရှင်က အန္တရာယ်အလွန်များမည်မှာ ထင်ရှားလှသည်။သူ၏လက်ဗလာတိုက်ခိုက်ရေးပညာမှာ ဓားပညာနှင့်ယှဉ်ပါက အလွန်အားနည်းလှ၏။သို့သော် ပညာရပ်အသစ်တစ်ခုရရှိဖို့အ

လွန်ခက်ခဲသည်။သင့်ထံ၌ဓားတစ်လက်ရှိပြီး ဖြစ်ကတတ်ဆန်းလွှဲယမ်းနေရုံဖြင့် ပညာရပ်အသစ်တစ်ခု ရရှိနိုင်မည်မဟုတ်ပေ။အနည်းဆုံးတော့ အခြေခံလှုပ်ရှားမှုများကို ပိုင်နိုင်ဖို့လိုအပ်ပြီး

၎င်းကို အကြိမ်ကြိမ်လေ့ကျင့်နိုင်မှသာ ရရှိနိုင်ပေမည်။ဥပမာအားဖြင့် လော်ယွမ်၏ယာဉ်မောင်းပညာဖြစ်သည်။သူကထိုပညာကို ယာဉ်မောင်းလိုင်စင်ဖြေဆိုစဉ်ကရရှိခဲ့ခြင်းဖြစ်ပြီး မပြောပလောက်

သည့် အမှတ် ၁ မှတ်သာရရှိခဲ့သည်။ဤသည်ကိုကြည့်လျှင် ပညာရပ်အသစ်ပေါ်ထွက်လာဖို့ မည်မျှခက်ခဲမှန်း သိနိုင်သည်။

"ရတယ်လေ...ကြည့်ရတာငါတို့မင်းကိုပဲအားကိုးရမယ့်ပုံပဲ" ကျောက်ချင်းက ပါးစပ်ကိုဖြဲကာ ရယ်မောရင်းဆို၏။

ရဲမေလေးကဆက်ကြည့်မနေနိုင်တော့ပဲဆိုလိုက်သည်"ကျောက်ချန်း ရှင်သူ့ကိုအနိုင်မကျင့်နဲ့လေ"ပြီးနောက်သူမက လော်ယွမ်ဘက်လှည့်ပြီးတစ်ဆက်တည်းပြော၏။

"လော်ယွမ်ဘာမှမပူနဲ့...ကျွန်မတို့အလှည့်ကျတာဝန်ယူကြတာပေါ့"

"ရတယ်ဘာမှမဖြစ်ဘူး...ကျွန်တော့်ကိုမပူပါနဲ့"လော်ယွမ်ကရယ်မောရင်းဆိုလိုက်သည်။

"ဟွမ်ကျားဟွေနင်ကငါ့ကိုဘာလို့အပြစ်တင်နေတာလဲ...လမ်းရှင်းဖို့သူ့ဟာသူပြောတာလေ"ပြီးနောက်ကျောက်ချင်းကရေရွတ်လိုက်သည်''အင်းပေါ့လေ...ရုပ်ချောတဲ့ကောင်းလေးတွေကတော့

အလေးပေးခံရတာပေါ့ကွာ"

ဟွမ်ကျားဟွေဟုခေါ်သော ရဲမေလေးမှာ ဒေါသထွက်ကာ သူ့ကိုမျက်စောင်းတစ်ချက်ထိုးလိုက်ပြီး စကားဆက်မပြောတော့ချေ။

"အကိုချင်း၊အမဟွေ...အဖွဲ့ထဲမှာကျွန်တော်တို့ကအငယ်ဆုံးဆိုတော့...ကျွန်တော်နဲ့လော်ယွမ်လမ်းရှင်းဖို့တစ်လှည့်စီတာဝန်ယူလိုက်မယ်"ဝမ်ဖေးက အလျင်အမြန်ပြောလိုက်၏။

သူက အခုချိန်ထိ အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ခြင်းမခံရသေးရာ သူ၏အရည်အချင်းကိုသက်သေပြရန် ဤသည်က အခွင့်ကောင်းတစ်ခုဖြစ်လေသည်။

"ဟုတ်ပြီလမ်းရှင်းဖို့ကိစ္စဝမ်ဖေးနဲ့လော်ယွမ်တို့တာဝန်ထားလိုက်...ကျန်တဲ့သူတွေကပတ်ဝန်းကျင်ကိုသတိနဲ့စောင့်ကြည့်ပြီးအန္တရာယ်ကင်းအောင်ဂရုစိုက်ကြ"ရဲမှုးချန်ကနောက်ဆုံး

တွင်အတည်ပြုစကားဆိုလိုက်သည်။

သူတို့အဖွဲ့သည်ရွာကိုဖြတ်ကျော်ခဲ့ပြီးနောက် မလှမ်းမကမ်းတွင် ကွန်ကရစ်လမ်းမှာ ပြန်တောက်သွားပြီး ၎င်းအစား ၇ပေခန့်ကျယ်သော မြေနီလမ်းတစ်ခုက ဆီးကြိုနေသေသည်။လမ်းပေါ်တွင်ပေါင်းပင်

မြက်ပင်များ ထူထပ်စွာပေါက်ရောက်နေပြီး လမ်းတစ်ခုလုံးကို လွှမ်းခြုံထားလုနီးပါးဖြစ်နေ၏။အကယ်၍ ရွာသားများသာ ဤလမ်းပေါ်၌ မကြာခဏ သွားလာခြင်းမရှိပါက ဤလမ်းသည် ဘေးပတ်ဝန်းကျင်မှ

လယ်တောများနှင့် ပေါင်းစပ်သွားပြီး လမ်းပင်ရှာတွေ့တော့မည် မဟုတ်ပေ။သူတို့မြက်ခင်းပြင်ပေါ်နင်းချလိုက်သည့်အခါ ခြေထောက်အောက်မှ အထိအတွေ့မှာ ပျော့အိအိဖြစ်နေပြီး သွားလာရသည်မှာမူ

မခက်ခဲလှချေ။

သို့သော်ရံဖန်ရံခါ မြက်တောထဲမှ တရှပ်ရှပ် ဟူသောအသံများထွက်ပေါ်လာတတ်ရာ သူတို့ကို မကြာခဏထိတ်လန့်တုန်လှုပ်စေ၏။ဖြတ်ပြေးသွားသောအရာမှာ ကြွက်လော၊ မြွေလော၊ သို့မဟုတ်

အခြားသတ္တဝါဆန်းတစ်ကောင်ကောင်လော မည်သူမျှ မသိနိုင်ကြပေ။

"ဖြောင်း!"

နောက်မှလိုက်လာသော ကျောက်ခင်းက ရုတ်တရက် သူ့ပါးကိုသူ ရိုက်ချလိုက်ပြီး လက်ဝါးဖြန့်လိုက်ရာ သွေးကွက်နှင့်အတူ ကံဆိုးသောခြင်တစ်ကောင်မှာ ပြားကပ်နေလေပြီ။

"သေစမ်း...နည်းတဲ့ခြင်ကြီးမဟုတ်ဘူးဟ"ကျောက်ချင်းကသူ့ပါးကိုပွတ်ရင်း ပါးစပ်မှလည်း ကျိန်ဆဲနေလေသည်။သူက အလွန်အမင်းယားယံသောခံစားမှုကိုခံစားနေရသည်။

"ငါတို့ကတောတောင်ထဲရောက်နေတာ...ဒီကခြင်တွေကပိုအဆိပ်ပြင်းတယ်...အားလုံးသတိထားကြနော်"ရဲမှုးချန်က သတိပေးစကားဆို၏။

ရုတ်တရက်လော်ယွမ်၏ရှေ့ ပေအနည်းငယ်အကွာမှ ပြင်းထန်သော လှုပ်ရှားမှုတစ်ခုဖြစ်ပေါ်သွားသည်။မြက်ပင်များမှာထိုအမျိုးအမည်မသိအရာခုန်ထွက်လာမှုကြောင့် ယိမ်းထိုးလှုပ်ရှားသွားပြီး ထိုအရာက

အဝေးသို့မြားတစ်စင်းကဲ့သို့လျင်မြန်စွာပြေးထွက်သွားလေသည်။ထိုအရာဖြတ်သွားသော မြက်တောတစ်လျှောက်တွင် အစိမ်းရောင်အရိပ်တစ်ခု ဖြစ်ပေါ်ကျန်ရစ်ခဲ့ပြီး အချိန်အတော်ကြာသည့်တိုင် ပျောက်

ကွယ်မသွားပေ။မြက်ပင်များသစ်ရွက်များ၏ ဖုံးကာထားမှုကြောင့် ထိုသတ္တဝါမှာ အဘယ်အရာဖြစ်သည်ကို ရှင်းလင်းစွာ မမြင်နိုင်ချေ။အဖြစ်အပျက်မှာရုတ်တရက်ဆန်လှသောကြောင့် ဟွမ်ကျားဟွေက စိတ်

မထိန်းနိုင်ပဲ အော်ဟစ်မိလိုက်ပြီး သူမ၏မို့မောက်သော ရင်အုံကိုဖိကာ ထိတ်လန့်နေသေးသောလေသံဖြင့် "လန့်လိုက်တာ...အဲ့တာဘာကြီးလဲ"ဟုဆို၏။

"လယ်ကြွက်ဖြစ်မယ်ထင်တယ်"ဝမ်ဖေးက မရေမရာဟန်ဖြင့်ဆိုသည်။သူကလော်ယွမ်နောက်မှလိုက်လာသူဖြစ်ရာ စောစောကသူပါ လန့်ဖြန့်သွားသော်လည်း အော်ဟစ်ခြင်းတော့မပြုခဲ့ပေ။

"လယ်ကြွက်ဟုတ်လား...အဲ့လောက်ကြီးတဲ့လယ်ကြွက်ဘယ်မှာရှိလို့လဲ...အဲ့တာမြွေပါပဲဖြစ်ရမယ်...တစ်ကယ်လန့်သွားတာပဲ" ဟွမ်ကျားဟွေက ထိတ်လန့်မပြေသေးသော လေသံဖြင့်ဆို၏

လော်ယွမ်က ရှေ့ဆုံးမှလျှောက်နေသူဖြစ်သော်လည်း မသဲမကွဲပုံရိပ်တစ်ခုကိုသာ မြင်လိုက်ရပြီး မည်သည့်သတ္တဝါဖြစ်သည်ကို အတိအကျမသိချေ။သို့သော် မြွေပါတော့လုံးဝမဖြစ်နိုင်။အဘယ်

ကြောင့်ဆိုသော် မြွေပါသည် အစိမ်းရောင်မဖြစ်နိုင်သောကြောင့်ပင်။သူက အခြားသူများပိုကြောက်လန့်မသွားစေဖို့အတွက် နှုတ်ဆိတ်နေလိုက်သည်။

သူအသက်ပြင်းပြင်းရှုပြီးဓားရိုးကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ ရှေ့မှမြက်ပင်များကို ဆက်လက်ခုတ်ပိုင်းရှင်းလင်းနေရင်း ဓားကိုကိုင်ဆွဲအသုံးပြုသည့် ခံစားမှုကို သေချာခံစားနေလိုက်သည်။

စောစောက ပြေးထွက်သွားသော ထူးတန်းသည့်သတ္တဝါကြောင့် သူ့စိတ်ထဲတွင် နောက်ကြောမလုံသလိုဖြစ်နေမိသည်။

"လပိုင်းနဲ့အပင်တွေအဲ့လောက်ထူးထူးဆန်းဆန်းကြီးထွားနေရင်...တိရိစာ္ဆန်တွေဆိုဘယ်လိုနေမလဲမသိဘူး...အပင်ဆိုတာဂေဟစနစ်ရဲ့အခြေခံသက်ရှိပဲ...သူတို့သာဆင့်ကဲပြောင်းလဲကုန်ရင်ဂေဟစနစ်ကြီး

တစ်ခုလုံးပါအကြီးအကျယ်ပြောင်းလဲသွားလိမ့်မယ်...အပြောင်းအလဲတွေကအခုချိန်မှာသိပ်မသိသာသေးပေမယ့်...တစ်ချို့သတ္တဝါတွေပြောင်းလဲနေပြီဆိုတာသေချာတယ်"

သူသည် ရုတ်တရက် ဖျက်သိမ်းခံလိုက်ရသော မစ်ရှင်စတ်ခုကို သတိရသွားပြီး ကျောချမ်းမိသွားလေသည်။ယခင်ကချီမေပည်ပကုန်သွယ်ရေးကုမ္ပဏီ ၆လအတွင်းဒေဝါလီခံရနိုင်သည့်ဟု ခန့်မှန်းခဲ့စဉ်က အဲ့

ကိစ္စကို နက်နက်နဲနဲမစဉ်းစားမိခဲ့ပေ။ကုမ္ပဏီတစ်ခုဒေဝါလီခံရခြင်းမှာ အကြောင်းအရင်းများစွာရှိနိုင်ပြီး ငွေကြေးလည်ပတ်မှုမလုံလောက်ခြင်း၊ ဘဏ္ဍာရေးပြဿနာများ သို့မဟုတ်အာဏာပိုင်အချို့နှင့်ပြဿနာ

ဖြစ်ခြင်းတို့ကြောင့် ဖြစ်နိုင်လေသည်။သို့သော်ယခုကြုံတွေ့ခဲ့ရသမျှကို ဆက်စပ်စဉ်းစားကြည့်လိုက်သောအခါ အလွန်ထိတ်လန့်ဖို့ကောင်းသည့် အဖြေတစ်ခုကိုရရှိလိုက်သည်။ထိုအရာကား"ကုန်သွယ်ရေးရပ်

ဆိုင်းမှု"ပင်။

"ကုန်မြေမှာတောင်ခုလိုပြောင်းလဲမှုတွေဖြစ်နေတာဆိုတော့ ပင်လယ်ပြင်မှာလဲအပြောင်းအလဲတွေဖြစ်နေမှာသေချာတယ်...ပင်လယ်ရေကြောင်းသယ်ယူပို့ဆောင်ရေးမှာသာ ပြဿနာဖြစ်ရင် ကုမ္ပဏီတွေတော်

တော်ထိခိုက်ကုန်မှာပဲ"ဤလောကကြီးတစ်ခုလုံး အကြီးအကျယ်ပြောင်းလဲမှုတစ်မျိုးမျိုးနှင့် ရင်ဆိုင်နေရပုံပေါ်သည်။လော်ယွမ်ကမြို့ထဲတွင်သာအနေများလေ့ရှိပြီး ထိုပြောင်းလဲမှုများကို သတင်းတွေမှာမြင်တွေ့ခဲ့

ရသော်လည်း ယခုလောက်ထိ ဆိုးရွားမည်ဟု မထင်ထား၍ စိတ်ဝင်စားခဲ့ခြင်းမရှိချေ။သူသာ ယခုလို ကျေးလက်ဒေသကို ရောက်မလာခဲ့ပါက မသိနားမလည်သောသူ တစ်ယောက်အဖြစ်သာဆက်ရှိနေမည်ဖြစ်

သည်။

"ဒါကြောင့်ဆန်ဈေးတွေအရမ်းတက်ပြီး...ဘဏ်အတိုးနှုန်းတွေလဲအရမ်းများသွားတာကိုး...ဒီမစ်ရှင်ပြီးရင်တော့ငါလဲကြိုတင်ပြင်ဆင်မှဖြစ်မယ်"လော်ယွမ်က စိတ်ထဲမှ တိတ်တဆိတ်တွေးနေမိသည်။

မကြာမီပင် သူတို့အဖွဲ့တောင်ခြေသို့ရောက်ရှိခဲ့ကြပြီး သူတို့ရှေ့တွေ့ဆူးပင်များ၊မြက်ပင်များနှင့် ဖုံးလွှမ်းနေသော မထင်မရှားတောက်တက်လမ်းလေးတစ်ခုကို မြင်လိုက်ကြရသည်။

ကျောက်ချင်းကမျက်နာကို မရပ်မနားကုန်ခြစ်နေပြီး သူ့မျက်နာတွင် ခလေးလက်သီးဆုပ်အရွယ်အဖုကြီးကိုတွေ့သောအခါ လော်ယွမ်ကအံ့သြစွာမေးလိုက်သည်

"အကိုချင်းမျက်နာဘာဖြစ်တာလဲ"

"အဲ့တာခြင်ကိုက်သွားတာ...ယားလိုက်တာအသေပဲ"ကျောက်ချင်းက ခါးမှသေနတ်ကို တစ်ချက်စစ်ဆေးလိုက်ပြီး မျက်နာကိုအနည်းငယ်ထပ်ကုတ်လိုက်ကာ စိတ်မရှည်သောလေသံဖြင့်ဆို၏။

"ဘုရားဘုရား...ဒီကခြင်တွေကဘယ်လိုလုပ်အဲ့လောက်အဆိပ်ပြင်းနေတာလဲ...ဒီလိုမှန်းသိရင်ဒီနေ့ခွင့်ယူလိုက်ပါတယ်...ကျွန်မသာအဲ့လိုအကိုက်ခံရရင်...အိမ်ထဲကအိမ်ပြင်တောင်ထွက်ရဲမှာ

မဟုတ်တော့ဘူး"ဟွမ်ကျားဟွေလည်းလာကြည့်ပြီး အံ့သြတကြီးဆိုသည်။

ဝမ်ဖေးကရယ်ချင်စိတ်ကိုထိန်းရင်း"အကိုချန်ရဲ့အရေပြားကဓာတ်မတည့်လို့ဖြစ်မှာ...ကျွန်တော့်အတန်းဖော်တစ်ယောက်လဲ...ခြင်ကိုက်ခံရပြီးအဲ့လိုအဖုအကြီးကြီးထွက်သွားဖူးတယ်"ဟုဆို၏

"တိတ်စမ်း...မင်းအရေပြားပဲဓာတ်မတည့်မှာ...မင်းတို့ထဲကဘယ်သူ့မှာ ပရုတ်ဆီတို့ယားနာလိမ်းဆေးတို့ပါလဲ"ကျောက်ချင်းက စိတ်မကြည်မသာမျက်နာဖြင့် ကျိန်ဆဲလိုက်သည်။

လော်ယွမ်လည်းအစပိုင်းတွင် အရေပြားဓာတ်မတည့်ခြင်းဟု ထင်မှတ်မိသော်လည်း သူ့စကားကိုကြားပြီးနောက်တွင် ထိုသို့မဟုတ်မှန်းသိလိုက်ရပြီး စိတ်ထဲတွင် လေးလံသွားမိသည်။

"ကြည့်ရတာတိရိစာ္ဆန်တွေလည်းသန္ဓေပြောင်းနေတဲ့ပုံပဲ...မဟုတ်ရင်ခြင်တစ်ကောင်ကဘယ်လိုလုပ်အဲ့လောက်အဆိပ်ပြင်းနိုင်မှာလဲ"

"တံတွေးနဲ့ပဲသုတ်လိုက်...အလွယ်ရတာအဲ့တာပဲရှိတယ်"ရဲမှုးချန်က ကျောက်ချင်း၏ ပုံပျက်ပန်းပျက် မျက်နှာကိုကြည့်ပြီး စိတ်ထဲတွင် အနည်းငယ်ကျေနပ်မိသည်။

ကျောက်ချင်းမှာစခန်းတွင်အမြဲတမ်းခေါင်းမာပြီး အမိန့်မနာခံတတ်ကာ လူတိုင်းကိုအပြစ်တင်ရတာ သဘောကျသူတစ်ဦးဖြစ်သည်။ရဲမှုးချန်က သူ့ကိုဆုံးမချင်သည်မှာကြာပြီဖြစ်သည်။

"ခဏနေရင်ကောင်းသွားမှာပါ...ဟုတ်ပြီငါတို့တောင်ပေါ်တက်ရအောင်...လော်ယွမ်မင်းရှေ့ကလမ်းရှင်း"

လော်ယွမ်က သူ့အတွေးတွေကို ပြန်လည်စုစည်းလိုက်ပြီး မြက်ခုတ်ဓားရှည်ကိုကိုင်ကာ တောင်တက်လမ်းဆီသို့ သတိကြီးစွာဖြင့် တက်လှမ်းသွားလေတော့သတည်း။

All Chapters